ဗိုလ်ချုပ်ကြီးက ပန်းပွင့်နီလေ...

By Kay_Wine

2.8M 440K 19.8K

Title - The general loves to collect little red flowers Author: 困成熊猫 Total Chapters: 111 Chapters Genre - Com... More

Description
ျပန္လည္ရွင္သန္ျခင္း {ပြန်လည်ရှင်သန်ခြင်း}
ပထမအႀကိမ္ေတြ႕ဆုံျခင္း{ပထမအကြိမ်တွေ့ဆုံခြင်း}
မူမမွန္ေသာက်န္းမာေရးစစ္ေဆးခ်က္ {မူမမှန်သောကျန်းမာရေးစစ်ဆေးချက်}
လက္ထပ္ပြဲမွတ္ပုံတင္ျခင္း {လက်ထပ်ပွဲမှတ်ပုံတင်ခြင်း}
Liquor Cinnabar
အယူသီးေသာေရွာင္လဲ့ေလး {အယူသီးသောရှောင်လဲ့လေး}
ကမာၻသို႔အျပန္ {ကမ္ဘာသို့အပြန်}
Toothless Rattle
‌ေျခာက္သိန္းခြဲ {‌ခြောက်သိန်းခွဲ}
ေသဆုံးသူေတြကိုဆင့္ေခၚ{သေဆုံးသူတွေကိုဆင့်ခေါ်}
လူေတြကို ၿဖိဳႏိုင္ဖို႔ခက္လိုက္တာ{လူတွေကို ဖြိုနိုင်ဖို့ခက်လိုက်တာ}
အေႂကြး{အကြွေး}
Luxury Villa
အပိုင်း - ၁၄
အပိုင်း - ၁၅
အပိုင်း - ၁၆
အပိုင်း - ၁၇
အပိုင်း - ၁၈
အပိုင်း - ၁၉
အပိုင်း - ၂၀
အပိုင်း - ၂၁
အပိုင်း - ၂၂
အပိုင်း - ၂၃
အပိုင်း - ၂၄.၁
အပိုင်း - ၂၄.၂
အပိုင်း - ၂၅
အပိုင်း - ၂၆
အပိုင်း - ၂၇
အပိုင်း - ၂၈
အပိုင်း - ၂၉
အပိုင်း - ၃၀
အပိုင်း - ၃၁
အပိုင်း - ၃၂
အပိုင်း - ၃၃
အပိုင်း -၃၄
အပိုင်း - ၃၅
အပိုင်း - ၃၆
အပိုင်း - ၃၇
အပိုင်း - ၃၈.၁
အပိုင်း - ၃၈.၂
အပိုင်း - ၃၉
အပိုင်း - ၄၀
အပိုင်း - ၄၁
အပိုင်း - ၄၂
အပိုင်း - ၄၃
အပိုင်း - ၄၄
အပိုင်း - ၄၅
အပိုင်း - ၄၆
အပိုင်း - ၄၇
အပိုင်း - ၄၈.၁
အပိုင်း - ၄၈.၂
အပိုင်း - ၄၉
အပိုင်း - ၅၀
အပိုင်း - ၅၁.၁
Gift
အပိုင်း - ၅၁.၂
အပိုင်း - ၅၂
အပိုင်း - ၅၃
အပိုင်း - ၅၄
အပိုင်း - ၅၅
အပိုင်း - ၅၆
အပိုင်း - ၅၇
အပိုင်း - ၅၈
အပိုင်း - ၅၉
အပိုင်း - ၆၀
အပိုင်း - ၆၁
အပိုင်း - ၆၂
အပိုင်း - ၆၃
အပိုင်း - ၆၄
အပိုင်း - ၆၅
အပိုင်း - ၆၆
အပိုင်း - ၆၇
အပိုင်း - ၆၈
အပိုင်း - ၆၉
အပိုင်း - ၇၀
အပိုင်း - ၇၁
အပိုင်း - ၇၂
အပိုင်း - ၇၃
အပိုင်း - ၇၄
အပိုင်း - ၇၅
အပိုင်း - ၇၆
အပိုင်း - ၇၇
အပိုင်း - ၇၈
အပိုင်း - ၇၉
အပိုင်း - ၈၀
အပိုင်း - ၈၁
အပိုင်း - ၈၂
အပိုင်း - ၈၃
အပိုင်း - ၈၄
အပိုင်း - ၈၅
အပိုင်း - ၈၆
အပိုင်း - ၈၇
အပိုင်း - ၈၈
အပိုင်း - ၈၉
အပိုင်း - ၉၀
အပိုင်း - ၉၁
Welcome from စာမျှားချိတ်
အပိုင်း - ၉၂
အပိုင်း - ၉၃
အပိုင်း - ၉၄
အပိုင်း - ၉၅
အပိုင်း - ၉၆
အပိုင်း - ၉၇
အပိုင်း - ၉၈
အပိုင်း - ၁၀၀
အပိုင်း - ၁၀၁
အပိုင်း - ၁၀၂
အပိုင်း - ၁၀၃
အပိုင်း - ၁၀၄
အပိုင်း - ၁၀၅.၁
အပိုင်း - ၁၀၅.၂ [ End ]
Extra - 1
Extra - 2
Extra - 3
Extra - 4
Extra - 5
Extra - 6 [ Final ]
Please read >.<

အပိုင်း - ၉၉

13.5K 2.8K 110
By Kay_Wine

{Zawgyi}

•ကြၽန္ေတာ္က လူသားမဟုတ္ဘူး•

လဲ့ေဖးရွန္က ဧကရာဇ္ကို ဒီလိုအျပဳအမူမ်ိဳးနဲ႔ တိုက္ခိုက္ရဲလိမ့္မယ္လို႔ ဘယ္သူမွထင္မထားၾကဘူး။ ေတာ္ဝင္အေစာင့္ေတြနဲ႔ Flying Wolf တပ္သားေတြအဝိုင္းခံထားရတာေတာင္မွ လဲ့ေဖးရွန္က မထင္မွတ္ထားတဲ့ပုံမ်ိဳးနဲ႔ သူ႔ကိုယ္သူလြတ္ေအာင္႐ုန္းထြက္ႏိုင္ဖို႔ နည္းလမ္းရွာခဲ့တယ္။

ဧကရာဇ္ရဲ႕လည္ပင္းမွာ ပတ္ေနတဲ့ဝိုင္ယာႀကိဳးကို ရႈေယာင္ျမင္ေတာ့ ကမူးရႈးထိုးမလုပ္မိေအာင္ သူ႔ကိုယ္သူအတင္းထိန္းထားရတယ္။ အဲ့အတြက္ အံႀကိတ္ၿပီးေတာ့သာ ေမးႏိုင္တယ္ "လဲ့ေဖးရွန္ ခင္ဗ်ားလြတ္ႏိုင္ေသးတယ္လို႔ ထင္ေနတာလား?"

"တစ္ႀကိမ္ေလာက္မႀကိဳးစားၾကည့္ဘဲ ဘယ္လိုလုပ္သိႏိုင္မွာလဲ? ၿပီးေတာ့ ငါလြတ္ေအာင္မလုပ္ႏိုင္ခဲ့ဘူးဆိုရင္ေတာင္ ျဖစ္လာမယ့္ေနာက္ဆက္တြဲအေျခအေနက အခုလက္ပိုေကာင္းလာႏိုင္စရာမရွိဘူးေလ"

ဒါက သူ႔ရဲ႕အိမ္ေထာင္ေရးေဖာက္ျပန္မႈတစ္ခုတည္းေၾကာင့္သာဆိုရင္ အႀကီးေလးဆုံးျပစ္မႈက တပ္ထဲက ထြက္ရတာေလာက္သာျဖစ္ႏိုင္တယ္။ ဒါေပမယ့္အခုေတာ့ သူနဲ႔ ဝမ္ခ်န္းဇီရဲ႕ဆက္ဆံေရးကေတာင္ ေပၚကုန္ၿပီျဖစ္တဲ့အတြက္ သူ႔အတြက္ တစ္လမ္းပဲရွိေတာ့တယ္။

လဲ့ေဖးရွန္ ဧကရာဇ္ကိုမၾကည့္ဘဲ ရႈေယာင္အေပၚသာ စိုက္ၾကည့္ေနတယ္။ သူ႔ရဲ႕စတီးဝိုင္ယာက လူတစ္ေယာက္ရဲ႕ေခါင္းကို တခဏခ်င္းမွာတင္ ျပတ္သြားေအာင္ျဖတ္ပစ္ႏိုင္တာျဖစ္လို႔ ဧကရာဇ္က မဆင္မျခင္နဲ႔ လႈပ္ရွားရဲမွာမဟုတ္ဘူးလို႔ ယုံၾကည္ထားတယ္။

ဧကရာဇ္ကလည္း တကယ့္ကိုတည္ၿငိမ္ေနၿပီး ေၾကာက္လန႔္ေနပုံမျပဘူး။ ဒီတိုင္း_ တစ္ေယာက္ၿပီးတစ္ေယာက္ သစၥာေဖာက္ျခင္းခံရတဲ့အတြက္ပဲ သူ႔ရဲ႕စိတ္အေျခအေနက ဆိုး႐ြားလာတာျဖစ္တယ္။

ေခါင္းကိုအသာေမာ့ၿပီး သူ႔ႏွလုံးသားတြင္းမွာ ေတာက္ေလာင္ေနတဲ့ ေဒါသကိုခ်ဳပ္တည္းကာ ေျပာလိုက္တယ္ "လဲ့ေဖးရွန္ ခင္ဗ်ားဒီေနရာမွာ ရပ္လိုက္လို႔ရတယ္၊ က်ဳပ္ခင္ဗ်ားကို အျပစ္ေပးတာမွာ အသက္ခ်မ္းသာေပးႏိုင္ေသးတယ္... ဒါေပမယ့္ ဒီလိုနည္းလမ္းကိုပဲ ဇြတ္တ႐ြတ္လုပ္ေနမယ္ဆိုရင္ေတာ့ က်ဳပ္ကို အျပစ္မတင္နဲ႔ေတာ့!"

လဲ့ေဖးရွန္က အညံ့ခံဖို႔ကို ေတြးေတာင္မေတြးဘူး။ သူ႔လက္ေကာက္ဝတ္ကို အသာေလးဆို႐ုံေလာက္သာ ခ်ိန္ညႇိလိုက္တာနဲ႔ ဧကရာဇ္ရဲ႕လည္ပင္းမွာ ႐ုတ္တရက္ဆိုသလို ေသြးစက္ေတြစီးက်လာတယ္။

"က်ဳပ္အသက္က က်ဳပ္ဆီမွာ ေနာက္ဆုံးရွိတဲ့အရာပဲ၊ က်ဳပ္လုပ္ခ်င္တိုင္း လုပ္လို႔ရတယ္.. အခုကေတာ့ ရႈေယာင္ မင္းအရင္ ဆုတ္လိုက္! မင္းလူေတြကို ဝမ္သယ့္ခ်င္းနဲ႔ တ်န္းယုကို ငါ့ဆီပို႔ခိုင္းလိုက္... မွတ္ထားေနာ္... တျခား႐ူးေၾကာင္ေၾကာင္ေတြ လုပ္ဖို႔မႀကိဳးစားနဲ႔"

ရႈေယာင္ တြန႔္ဆုတ္ေနတယ္။ ထိုအခ်ိန္မွာပဲ ဧကရာဇ္ခြန္တက ဝိုင္ယာႀကိဳးမွ်င္ေလးရဲ႕ တင္းမာမႈကို ခံစားေနရၿပီျဖစ္တာေၾကာင့္ ေျပာလိုက္တယ္ "ဆက္လုပ္လိုက္ ဗိုလ္ခ်ဳပ္ႀကီးရႈ"

ဒါကိုၾကားေတာ့ ရႈေယာင္က လဲ့ေဖးရွန္ကို မႈန္မႈိင္းစြာၾကည့္ၿပီး ေနာက္ျပန္လွည့္ကာ ယာဥ္ပ်ံေပၚက ဆင္းလာလိုက္တယ္။ သူေအာ္ကာ "မင္းတို႔ ဝမ္သယ့္ခ်င္းနဲ႔ လဲ့တ်န္းယုကို ေခၚလာခဲ့!"

သူ႔အမိန႔္ကို Flying Wolf တပ္သားေတြက ခ်က္ခ်င္းပဲလိုက္နာၾကတယ္။

ဒီအခ်ိန္မွာ ဧကရာဇ္ရဲ႕သီးသန႔္ကိုယ္ရံေတာ္ေတြလည္း ေရာက္လာၾကတယ္။ ဧကရာဇ္ရဲ႕ဆက္သြယ္ေရးစက္ကေနတဆင့္ ဧကရာဇ္က လဲ့ေဖးရွန္ဆီမွာ ဓားစားခံအျဖစ္အဖမ္းခံထားရတယ္ဆိုတဲ့ သတင္းရခဲ့ၾကတယ္။

ကနဦးတုန္းက ရႈေယာင္က တိုက္ခိုက္မႈထဲမွာ မပါဝင္ဘဲ ဧကရာဇ္ရဲ႕ေဘးမွာသာ ဆက္ေနေနလိမ့္မယ္လို႔ အခိုင္အမာယုံၾကည္ခဲ့တယ္။ 'အဲ့တာကို ဘယ္လိုလုပ္ၿပီး ဒီလိုမ်ိဳးျဖစ္ကုန္ရတာလဲ?'

သို႔ေပမယ့္ ထိုလူက သူ႔ရဲ႕တပ္သားေတြကို အမိန႔္ေပးတာကို ၾကားလိုက္ရၿပီးေနာက္ ဖုံးကြယ္ထားတဲ့ကိုယ္ေရးကိုယ္တာအရ မေက်မနပ္ျဖစ္ခဲ့ရတဲ့ ခံစားခ်က္အခ်ိဳ႕နဲ႔အတူ သူတို႔အေတြးေတြက လဲ့ေဖးရွန္နဲ႔ ရႈေယာင္တို႔ဆက္ဆံေရးက အေဖနဲ႔ သားမက္လိုမ်ိဳးျဖစ္ေနတာပဲေလဆိုၿပီး ျဖစ္လာၾကတယ္။ သူတို႔ရဲ႕ထင္ျမင္ယူဆခ်က္ေတြကလည္း သံသယအခ်ိဳ႕ျဖစ္လာတယ္။

"ဗိုလ္ခ်ဳပ္ႀကီးရႈက ဘာေၾကာင့္ ဧကရာဇ္ကို ယာဥ္ပ်ံထဲမွာ တစ္ေယာက္တည္းထားခဲ့ႏိုင္ရတာလဲ?" ဧကရာဇ္ရဲ႕သီးသန႔္ကိုယ္ရံေတာ္ေခါင္းေဆာင္က ဖိအားေပးေျပာၾကားလာတယ္။

"က်ဳပ္ကို တျခားတစ္မ်ိဳးလုပ္ဖို႔ အႀကံလာျပဳေနတာလား? က်ဳပ္ကို ျပန္တိုက္ေစခ်င္ေနတာလား? ဒါမွမဟုတ္ ခင္ဗ်ားက လဲ့ေဖးရွန္ ဧကရာဇ္ကိုသတ္ပစ္လိုက္တာမ်ိဳး ျဖစ္ေစခ်င္ေနတာလား?"

ဧကရာဇ္ရဲ႕သီးသန႔္ကိုယ္ရံေတာ္ေတြအားလုံးက ဧကရာဇ္ကိုယ္တိုင္ ေ႐ြးျခယ္ျခင္းခံထားရသူေတြျဖစ္တယ္။ သူတို႔ရဲ႕အဆင့္ေတြက တပ္ထဲက စီနီယာေတြနဲ႔ယွဥ္ရင္ အေတာ္ေလးျမင့္တယ္လို႔မဆိုသာေပမယ့္ သူတို႔ဆီမွာ အထူးလုပ္ပိုင္ခြင့္ေတြအမ်ားႀကီးရွိတယ္။ ပုံမွန္ဆို ထိုစီနီယာအရာရွိေတြကေတာင္ သူတို႔ကို ယဥ္ယဥ္ေက်းေက်းဆက္ဆံရတယ္။ သို႔ေပမယ့္ ရႈေယာင္ကေတာ့ ခြၽင္းခ်က္တစ္ခုျဖစ္ေန‌ၿပီး ဒီလိုမ်ိဳးအေျခခံသေဘာတရားေတြကို သည္းခံၿပီးမေနခဲ့ဘူး။

မၾကာခင္ခက္ တစ္စုံတစ္ေယာက္က ဝမ္သယ့္ခ်င္းနဲ႔ လဲ့တ်န္းယုကို ေခၚလာတယ္။ လဲ့တ်န္းယုက ဝမ္သယ့္ခ်င္းရဲ႕လက္ေမာင္းကို ေနာက္ဆုံးေသာေမွ်ာ္လင့္ခ်က္ေကာက္႐ိုးမွ်င္ေလးတစ္ခုလိုမ်ိဳး တင္းတင္းက်ပ္က်ပ္ဆုပ္ကိုင္ထားတယ္။ သူတို႔ႏွစ္ေယာက္လုံးကို လဲ့ေဖးရွန္ေဘးနားကို ခ်က္ခ်င္းပို႔ေပးလိုက္တယ္။

လဲ့တ်န္းယုက လဲ့ေဖးရွန္ကိုျမင္လိုက္တယ္ဆိုတာနဲ႔ က်ယ္က်ယ္ေလာင္ေလာင္ငိုေႂကြးေတာ့တယ္ "Wu wu wu အေဖ!"

ဆူညံသံေၾကာင့္ လဲ့ေဖးရွန္ စိတ္အေႏွာင့္အယွက္ျဖစ္သြားၿပီး ေအာ္ထည့္လိုက္တယ္ "ပါးစပ္ပိတ္ထား! ငိုမေနနဲ႔ေတာ့!"

အေငါက္ခံလိုက္ရတဲ့အတြက္ လဲ့တ်န္းယု အရမ္းေၾကာက္လန႔္သြားၿပီး သူ႔မ်က္ရည္ေတြက်ေနရာက တရႈံ႕ရႈံ႕သာျဖစ္ေနေတာ့တယ္။

ထိုအခ်ိန္မွာ လဲ့ေဖးရွန္က ေအးစက္စြာၿပဳံးၿပီး ေျပာလိုက္တယ္ "ရႈေယာင္၊ ငါ့ရဲ႕ေျမးေလးေတြကို ငါ့ဆီပို႔ေပးဖို႔ မင္းကိုပဲ ဒုကၡေပးရေတာ့တယ္၊ ငါ သူတို႔ကို ၾကည့္လို႔မ၀ေသးဘူး"

ရႈေယာင္မ်က္လုံးေတြ အနည္းငယ္ေမွးက်ဥ္းသြားၿပီး "ခင္ဗ်ား ဘာေျပာလိုက္တယ္?"

"ငါ့ေျမးေတြကို ငါ့ဆီပို႔ေပး" လဲ့ေဖးရွန္ ထပ္ေျပာလိုက္တယ္ "ေနာက္ၿပီးေတာ့ မင္းလည္းမင္းလူေတြကို ဂ႐ုစိုက္ေနသင့္တယ္၊ မေတာ္လို႔ထိခိုက္မိတာမ်ိဳးျဖစ္သြားတယ္ဆိုရင္ ငါ့ကိုဂ႐ုမစိုက္လို႔ဆိုၿပီး အျပစ္မတင္နဲ႔"

ခဏေလာက္တိတ္ဆိတ္သြားၿပီးေနာက္ ႐ုတ္တရက္ရႈေယာင္ထၿပဳံးကာ ျပန္ေျဖလိုက္တယ္ "ေကာင္းၿပီေလ၊ ခင္ဗ်ားဒီမွာေစာင့္ေန" အဲ့ေနာက္ သူေနာက္ျပန္လွည့္လာၿပီး ယာဥ္ပ်ံထဲက ထြက္လာခဲ့တယ္။

ယန္က်ဲ႕ မႊန္ထူသြားၿပီး ေခါင္းလွည့္ကာ လဲ့ေယာင္နဲ႔ ဧကရီတို႔ အနားယူေနတဲ့ေနရာဆီကို ေနာက္ကေနလိုက္ခဲ့လိုက္တယ္။ "အစ္ကိုရႈ ဘာေၾကာင့္မို႔လို႔_"

'လဲ့ေဖးရွန္က ကေလးေတြကို ဓားစားခံအေနနဲ႔လုပ္ခ်င္ေနတာ အသိသာႀကီးကို၊ အစ္ကိုက တက္ယႀကီးပို႔ခ်င္တာလား?!'

လဲ့ေယာင္လည္း သတင္းၾကားၿပီးေနာက္မွာ ထိတ္လန႔္သြားတယ္ "ခင္ဗ်ား ဘာေျပာတယ္? ကေလးေတြကို လဲ့ေဖးရွန္ဆီပို႔လိုက္မယ္?"

ရႈေယာင္ ေခါင္းၿငိတ္ျပကာ "ကိုယ္ မင္းကို ကတိေပးပါတယ္၊ ကိုယ္သူတို႔ကို ကာကြယ္ေပး_"

"မရဘူး!" လဲ့ေယာင္ ေအာ္ဟစ္ပစ္လိုက္တယ္။

လဲ့ေယာင္ ရႈေယာင္ကို စိုက္ၾကည့္ကာ ေအာ္ေတာ့တယ္ "ကေလးေတြက အရမ္းငယ္ေသးလို႔ သူတို႔ဘာသာသူတို႔ေတာင္ မကာကြယ္ႏိုင္ၾကေသးဘူး၊ ကြၽန္ေတာ္က ဘယ္လိုလုပ္ၿပီး ဓားစားခံအေနနဲ႔ ပို႔ႏိုင္မွာလဲ?! လဲ့ေဖးရွန္က အသက္ရွင္ရတာ ပင္ပန္းေနၿပီလား? သူဘယ္လိုေတာင္ အတင့္ရဲလို႔!"

ဒါက လဲ့ေယာင္အေနနဲ႔ ရႈေယာင္ကို ဒီလိုမ်ိဳးျပင္းထန္တဲ့ေလသံနဲ႔ ပထမဆုံးအႀကိမ္ေျပာဖူးတာျဖစ္တယ္။ အခန္းထဲမွာရွိေနတဲ့ လူေတြလည္း ထိတ္လန႔္သြားၿပီး ယန္က်ဲ႕ဆို ပိုၿပီးေတာ့ေတာင္ ေၾကာက္လန႔္သြားတယ္။

ရႈေယာင္က လဲ့ေယာင္ပုခုံးကို တည္ၿငိမ္စြာကိုင္ထားၿပီး သူ႔ကိုေပြ႕ဖက္လိုက္တယ္။ သူ႔ရဲ႕ဘယ္ဘက္လက္နဲ႔ လဲ့ေယာင္လက္ကို ညင္သာစြာလွမ္းကိုင္ၿပီး အခ်င္းခ်င္းသြယ္ယွက္ထားလိုက္တယ္။ လက္ဖဝါးကို ျပန္ခြာလိုက္ခ်ိန္မွာ 'တံဆိပ္'တစ္ခုေပၚလာၿပီး ဧကရီျမင္ျမင္ မျမင္ျမင္ နည္းနည္းေလးေတာင္ ဂ႐ုမစိုက္ဘဲ အဲ့တာကို အေႏြးေသတၱာနဲ႔ ဖိကပ္လိုက္တယ္။

မွင္တစ္စက္မွ မသုံးခဲ့မွန္းသိသာေပမယ့္ သြယ္ယွက္ခဲ့တဲ့လက္ကေန အေႏြးေသတၱာေပၚမွာ ေ႐ႊေရာင္ေဖ်ာ့ေဖ်ာ့အကၡရာေလးတစ္ခုကို ေအာင္ေအာင္ျမင္ျမင္ခ်န္ရစ္ႏိုင္ခဲ့တယ္။

ဒီအကၡရာနဲ႔ဆို သူတို႔ရဲ႕ကေလးေတြ ေဘးကင္းႏိုင္မယ္ဆိုတာ လဲ့ေယာင္ရဲ႕မသိစိတ္ထဲက နားလည္ေနေပမယ့္လည္း သူအရမ္းစိတ္ဆိုးတယ္!!!

ဒီဘ၀မတိုင္ခင္တည္းက ဒီေလာက္အထိ ဘယ္တုန္းကမွ စိတ္မဆိုးခဲ့ဖူးဘူး။ သူ႔ေခါင္းတခုလုံးကို နာက်င္မႈဝါးၿမိဳသြားၿပီး တစ္စုံတစ္ခုက သူ႔ရဲ႕ေျခလက္ေလးေခ်ာင္းလုံးဆီ ျဖာထြက္သြားေအာင္ လုပ္ေနသလိုမ်ိဳးခံစားရတယ္။ သူ႔ခႏၶာကိုယ္ေပၚက ခံစားမႈအာ႐ုံက ေပါက္ကြဲေတာ့မလိုမ်ိဳး ထူးဆန္းေနေပမယ့္ ဒီလိုမ်ိဳးက အရင္ကလည္းျဖစ္ဖူးလိုမ်ိဳးျဖစ္ေနတယ္။ အဲ့တာကို သူမထိန္းခ်ဳပ္ႏိုင္ေတာ့ဘူး။

ထို႔ေနာက္ သူအပါအဝင္ ဘယ္သူမွထင္မထားတဲ့ တစ္စုံတစ္ခုကို လုပ္ခ်လိုက္တယ္...

အေႏြးေသတၱာကို ဖက္ထားၿပီး ေအာ္လိုက္တယ္ "မရဘူး၊ ဘယ္ေတာ့မွ! ငါ့ကေလးေတြကို ထပ္ၿပီးျပန္ေပးဆြဲဖို႔လုပ္ရဲတဲ့လူမွန္သမွ် ငါသတ္ပစ္မွာ! ခင္ဗ်ား ကြၽန္ေတာ့္ကို ဓားစားခံလုပ္လို႔ရတယ္ ဒါေပမယ့္ ကေလးေတြကိုေတာ့ လႊတ္ေပး၊ သူတို႔ကို ထိဖို႔ ေတြးေတာင္မေတြးလိုက္နဲ႔!"

ထို႔ေနာက္ ကေလးေတြကို စတင္သယ္လိုက္ေတာ့တယ္။ သူ႔မ်က္လုံးေတြက သူ႔ရဲ႕သားေပါက္ေလးေတြကို ေစာင့္ၾကပ္ေနတဲ့ ဝံပုေလြမေတြလိုမ်ိဳး ေၾကာက္စရာေကာင္းေနတယ္။

ဧကရီအပါအဝင္လူတိုင္းက လဲ့ေယာင္ရဲ႕ေျပာင္းလဲမႈေၾကာင့္ အံ့ဩတႀကီးျဖစ္ကုန္ၾကတယ္။ လဲ့ေယာင္ရဲ႕ေအာ္သံေတြၾကားမွာ 'ထပ္ၿပီးျပန္ေပးဆြဲရဲ'တယ္ဆိုတဲ့စကားလုံးကို ရႈေယာင္တစ္ေယာက္တည္းသာ သတိျပဳမိတယ္။

သူတို႔ကေလးေတြကို အရင္တုန္းက တစ္စုံတစ္ေယာက္က ထိခိုက္ေအာင္ ႀကိဳးစားဖူးတာလား? ဒါမွမဟုတ္ လဲ့ေယာင္က 'အဲ့လူ'ကို ေျပာခ်င္တာလား?

သို႔ေပမယ့္ ရႈေယာင္က တိက်တဲ့အေျဖကိုမေတြးႏိုင္ေသးခင္မွာ လဲ့ေယာင္က ႐ုတ္တရက္ တံခါးနားမွာရပ္လိုက္တယ္။

"ကြၽန္ေတာ္တို႔ေတြ ခင္ဗ်ားကို ထြက္သြားခြင့္မျပဳႏိုင္ပါဘူး" ဧကရာဇ္ရဲ႕သီးသန႔္ကိုယ္ရံေတာ္ေခါင္းေဆာင္က လဲ့ေယာင္ကို တားလိုက္တယ္။

"မဒမ္ရႈ ခင္ဗ်ားကေလးေတြကို ခင္ဗ်ားစိတ္ပူတယ္ဆိုတာ ကြၽန္ေတာ္တို႔နားလည္ပါတယ္၊ ဒါေပမယ့္ လက္ရွိမွာ ဧကရာဇ္က ခင္ဗ်ားအေဖရဲ႕လက္ထဲမွာပဲရွိေနေသးတယ္... ခင္ဗ်ားရဲ႕ကေလးေတြကို ကြၽန္ေတာ္တို႔ဆီ နာနာခံခံနဲ႔ လႊဲေပးလိုက္သင့္ပါတယ္ ဒါမွမဟုတ္ ခင္ဗ်ားကလည္း ပုန္ကန္ခ်င္တာလား?"

"ခင္ဗ်ားဘာေျပာတယ္?" ဘယ္စကားက လဲ့ေယာင္ကို လႈံ႕ေဆာ္လိုက္မွန္း တစ္ေယာက္မွမသိဘူး။ မ်က္လုံးေတြက စတင္ရဲလာၿပီး သူ႔မ်က္ႏွာခ်င္းဆိုင္က လူကိုစိုက္ၾကည့္လိုက္တယ္ "ခင္ဗ်ား သတၱိရွိရင္ အဲ့စကားေတြကို ျပန္ေျပာလိုက္စမ္း!"

"ကေလးေတြကို ထားခဲ့!"

"ခင္ဗ်ား ေသခ်င္ေနတာပဲ!" လဲ့ေယာင္က ကိုယ္ရံေတာ္ကို ခက္ထန္စြာစိုက္ၾကည့္ရင္း ေျပာလိုက္တယ္။

႐ုတ္တရက္ သာမန္မဟုတ္ဘဲ ျပင္းထန္တဲ့ေလတစ္ခုက ပတ္ပတ္လည္မွာ တိုက္ခတ္လာတယ္။ ေနက ေကာင္းကင္ရဲ႕အျမင့္ဆုံးေနရာမွာ ရွိေနတယ္ဆိုတာကို ရွင္းရွင္းလင္းလင္းျမင္ႏိုင္တယ္ဆိုေပမယ့္ ဒီေကာင္းကင္ႀကီးက လ်င္ျမန္စြာမည္းေမွာင္သထက္ မည္းလာတယ္။

ထူးဆန္းတဲ့ေျပာင္းလဲမႈေၾကာင့္ လက္ရွိလူတိုင္း မင္သက္ေနၾကတယ္။ ကေလးေတြ ေရာက္လာဖို႔ေစာင့္ေနတဲ့လဲ့ေဖးရွန္ေတာင္မွ ယာဥ္ပ်ံျပတင္းေပါက္မွတဆင့္ အျပင္ဘက္က ေခ်ာက္ျခားစရာအျဖစ္အပ်က္ကို သတိျပဳမိသြားတယ္။

"ဘာျဖစ္တာလဲ?" လဲ့ေဖးရွန္ ဝမ္သယ့္ခ်င္းကို ေမးလိုက္တယ္။

"က်ဳပ္လည္း မသိဘူး" ဝမ္သယ့္ခ်င္းလည္း နည္းနည္းေတာ့ထူးဆန္းတယ္လို႔ ေတြးမိတယ္။ ေကာင္းကင္ဆိုတာ ညအခ်ိန္မွပဲ မည္းေမွာင္သင့္တာကို အခုမွ ေန႔အခ်ိန္ပဲရွိေနေသးတာ အသိသာႀကီး။

ေကာင္းကင္ေပၚမွာ တိမ္တစ္စေတာင္မရွိဘူး။ ဒီလိုေမွာင္မည္းလာရတာ တိမ္မည္းေတြလာစုေနလို႔ျဖစ္တာေၾကာင့္မဟုတ္မွန္း သက္ေသျပေနေပမယ့္ ေနေရာင္ျခည္က ႐ုတ္တရက္ႀကီးေပ်ာက္သြားတာမ်ိဳးက...

"အေဖ အေဖ ဘာေတြေစာင့္ေနေသးတာလဲ? ကြၽန္ေတာ္တို႔ သြားလိုက္လို႔မရဘူးလား?" လဲ့တ်န္းယု သတိေပးလိုက္တယ္။

"လဲ့ေဖးရွန္" ထိုအခ်ိန္မွာ လဲ့ေဖးရွန္ရဲ႕ဆက္သြယ္ေရးစက္ဆီက ရႈေယာင္အသံထြက္ေပၚလာတယ္ "ဒါခင္ဗ်ားရဲ႕ ေနာက္ဆုံးအခြင့္အေရးပဲ၊ ဧကရာဇ္ကို လႊတ္ေပးလိုက္... က်ဳပ္ ခင္ဗ်ားတို႔ကို ထြက္သြားခြင့္ေပးမယ္၊ မဟုတ္ရင္ ဘာေတြျဖစ္လာလိမ့္မယ္ဆိုတာ ခင္ဗ်ားသိမွာေတာင္မဟုတ္_"

Crack!

Boom!

လွ်ပ္စီးတစ္ခုက လဲ့ေဖးရွန္တို႔သုံးေယာက္နဲ႔ ဧကရာဇ္တို႔ရွိေနတဲ့ ယာဥ္ပ်ံေဘးနားက ေျမျပင္ကိုလာ႐ိုက္ခတ္တယ္။

ရႈေယာင္ ေျပာလိုက္တယ္ "ေတြ႕လား? က်ဳပ္ရဲ႕ဘိုးေဘးေတြက ေဒါသထြက္ေနၿပီ၊ က်ဳပ္ သုံးအထိေရတုန္းမွာ ခင္ဗ်ား ဧကရာဇ္ကို လႊတ္ေပးသင့္တယ္ေနာ္၊ တစ္ ႏွစ္ ... အာ ခင္ဗ်ားက အရမ္းေခါင္းမာတာပဲ!"

စစခ်င္းမွာ သူတို႔ဆီခ်ဥ္းကပ္လာတဲ့ ဘာအႏၲရာယ္ကိုမွ မျမင္ႏိုင္ခဲ့ဘူး။ သို႔ေပမယ့္ ရႈေယာင္ေျပာၿပီးခ်ိန္မွာ ေကာင္းကင္ႀကီးက လုံး၀ေမွာင္မိုက္သြားၿပီ။ လဲ့ေဖးရွန္၊ ဝမ္သယ့္ခ်င္းနဲ႔ လဲ့တ်န္းယုတို႔က နိမိတ္မေကာင္းတဲ့ရယ္သံတခုနဲ႔ ဆြဲဆြဲငင္ငင္ငိုရႈိက္သံၾကားက ေရာေထြးေနတဲ့အသံတစ္ခုနဲ႔အတူ ထူးဆန္းတဲ့တီးတိုးေျပာသံေတြကို စတင္ၾကားလာရတယ္။ ေသခ်ာေပါက္ သူတို႔ေတြ ဘာကိုမွမျမင္ႏိုင္ေပမယ့္ မျမင္ႏိုင္တဲ့ျဖစ္တည္မႈအစုအေဝးႀကီးက သူတို႔ကို ပတ္ပတ္လည္ဝန္းရံၿပီး လွည့္ပတ္ကာ တီးတိုး႐ြတ္ေနၾကသလိုပဲ။

႐ုတ္တရက္ သူ႔လည္ပင္းေပၚကို တစ္စုံတစ္ခုက တြယ္တက္လာတာကို လဲ့ေဖးရွန္ခံစားလိုက္ရတယ္! သူ႔လည္ပင္းကိုတင္မကဘူး သူ႔ရဲ႕လက္ေကာက္ဝတ္ေတြနဲ႔ ေျခက်င္းဝတ္ေတြမွာလည္း ဒီလိုခံစားခ်က္မ်ိဳးျဖစ္ေပၚလာတယ္။ သူၾကက္ေသေသေနၿပီး လုံး၀ကိုမလႈပ္ႏိုင္ဘူး။ သူ႔လည္ေခ်ာင္းထဲကေန ျဖစ္ညႇစ္ထုတ္ေနရတဲ့လည္ေခ်ာင္းသံေၾကာင့္သာ အသက္ရွင္ေနေသးေၾကာင္း သိရတာျဖစ္တယ္!

ရက္ေပါင္းမ်ားစြာ အက်ဥ္းခ်ခံရၿပီးေနာက္မွာ လဲ့တ်န္းယုရဲ႕ႏွလုံးသားထဲ အရိပ္မည္းႀကီးတစ္ခုျဖစ္ေပၚလာတယ္။ အေမွာင္ထုကို ျမင္လိုက္ရၿပီဆိုတာနဲ႔ မေျဖသိမ့္ႏိုင္ေလာက္ေအာင္ စိုးထိတ္လာတယ္။ ဒီတစ္ေခါက္ အေမွာင္ထုႀကီးလႊမ္းၿခဳံလာၿပီး ထူးဆန္းတဲ့လႈပ္ရွားသံေတြကို ၾကားလိုက္ရတဲ့အခါ သူ႔သတၱိေတြ ၿပိဳကြဲကုန္ေတာ့တယ္။

"အေဖ အေဖ? ဝမ္သယ့္ခ်င္း!" တစ္စုံတစ္ေယာက္က သူ႔ပုခုံးကို လာဆုပ္ကိုင္တာ လဲ့တ်န္းယုခံစားမိလိုက္တယ္။ စိတ္သက္သာရာရမႈတစ္စြန္းတစ္စနဲ႔ ထိုလက္ကို အျမန္ဆုတ္ကိုင္လိုက္တယ္ _ သို႔ေသာ္... သူထင္ျမင္ထားတာနဲ႔ ျခားနားစြာ သူထိမိသြားတာက အ႐ိုးေတြသာရွိတဲ့ ပိန္လွီေနတဲ့လက္တစ္ဖက္ျဖစ္တယ္။

ထိုလက္က လုံး၀စိုထိုင္းခြၽဲပစ္ေနၿပီး ေအးစက္ေနတယ္။ လတ္လတ္ဆတ္ဆတ္အေရခြံအႏႊာခံလိုက္ရသလိုမ်ိဳး ေသြးေတြေတာင္ တစ္စက္စက္က်ေနေသးတယ္။

"Aaaaahhhhhh!!!" လဲ့တ်န္းယု ခ်က္ခ်င္းေအာ္ဟစ္ကာ သတိလစ္သြားေတာ့တယ္။

"ဗိုလ္ခ်ဳပ္ႀကီးရႈ?" ဧကရာဇ္ခြန္တေလသံက တည္ၿငိမ္ေနေပမယ့္ ဒီလိုအေျခေနမ်ိဳးမွာ ပိတ္မိေနတုန္း ဘယ္ေလာက္တည္ၿငိမ္လိုက္သလဲဆိုတာေတာ့ ေျပာဖို႔ခက္တယ္။

"ေစာင့္ခိုင္းခဲ့ရတဲ့အတြက္ ေတာင္းပန္ပါတယ္" ရႈေယာင္အသံက ေမွာင္ရိပ္က်ေနတဲ့ယာဥ္ပ်ံအတြင္းမွာ ထြက္ေပၚလာတယ္။

အရာအားလုံးက ေမွာင္ေနဆဲဆိုေပမယ့္ သူ႔လည္ပင္းေပၚက ဝိုင္ယာႀကိဳးက ႐ုတ္တရက္ေျပေလ်ာ့သြားတာကို ဧကရာဇ္ခြန္တခံစားမိတယ္။ အခ်ိန္ခဏေလာက္ ေတာင့္ေတာင့္ႀကီးေနခဲ့ရတဲ့ သူ႔ခႏၶာကိုယ္ကို လႈပ္ရွားလိုက္ေပမယ့္ ဒီလိုေဝခြဲမရတဲ့အေျခအေနအေပၚ ဘာတစ္ခြန္းမွ ထုတ္မေျပာႏိုင္ခဲ့ဘူး။

စကၠန႔္ပိုင္းေလာက္ အိမ္မက္မက္သြားတာလားလို႔ေတာင္ သံသယျဖစ္မိတယ္။

ေနာက္ဆုံးေတာ့ ယာဥ္ပ်ံထဲမွာ မီးေတြျပန္လင္းလာတယ္။ ရႈေယာင္က သူ႔လက္ေတြကို သုတ္ေနၿပီး သူ(ဧကရာဇ္)နဲ႔မ်က္ႏွာခ်င္းဆိုင္ ရပ္ေနကာ သူ႔ေဘးနားမွာေတာ့ လဲ့ေဖးရွန္၊ လဲ့တ်န္းယုနဲ႔... အေရခြံခြာခံထားရလို႔ ေသြးေတြ႐ႊဲနစ္ေနတဲ့ ဝမ္သယ့္ခ်င္းတို႔ရွိေနတယ္။

ရႈေယာင္က သူ႔လက္ေပၚက ေနာက္ဆုံးက်န္တဲ့ေသြးစြန္းကို လက္သုတ္ပဝါနဲ႔ တည္ၿငိမ္စြာသုတ္လိုက္တယ္။

"ကြၽန္ေတာ္ သူတို႔သုံးေယာက္နဲ႔ ေနာက္မွရွင္းလိုက္ပါမယ္၊ ဧကရာဇ္ကလည္း ဧကရီကို သြားေတြ႕လိုက္တာပိုေကာင္းမယ္... ကြၽန္ေတာ္ လဲ့ေယာင္နဲ႔ ကေလးေတြကို သြားရွာရအုံးမယ္" [ T/N : ဧကရာဇ္ကို သူပဲၫႊန္ၾကားေနလိုက္ ]

"ခဏေလး" ဧကရာဇ္ခြန္တ သူ႔ကိုတားလိုက္တယ္။

ရႈေယာင္ျပန္လွည့္လာတယ္။

ဧကရာဇ္က သူ႔ဆီေလွ်ာက္လာၿပီး ေမးခြန္းထုတ္တယ္ "ဗိုလ္ခ်ဳပ္ႀကီးရႈ ခင္ဗ်ားက ဘယ္သူလဲ?"

ရႈေယာင္ၿပဳံးၿပီး ျပန္ေျဖတာက "ကြၽန္ေတာ္က လူသားမဟုတ္ဘူး"

ဧကရာဇ္ခြန္တ မ်က္ေမွာင္ၾကဳတ္သြားတယ္ "ရယ္စရာမေကာင္းဘူး"

ရႈေယာင္က "ကြၽန္ေတာ္ အတည္ေျပာေနတာပါ၊ ေနာက္ေနတာမဟုတ္ဘူး၊ ကြၽန္ေတာ့္ဇနီးနဲ႔ ကြၽန္ေတာ္တို႔က လူသားမဟုတ္ဘူး ၿပီးေတာ့ ကြၽန္ေတာ္တို႔ကေလးသုံးေယာက္ေရာပဲ"

ဧကရာဇ္ခြန္တ "..."

ရႈေယာင္က ဒီလိုမ်ိဳး ေပါက္ကြဲထြက္ႏိုင္ေလာက္တဲ့အမွန္တရားေတြကို ထမင္းစားေရေသာက္တဲ့အေၾကာင္းေျပာေနသလိုမ်ိဳး လုံး၀အေရးမႀကီးသလိုႀကီးေျပာခ်လိုက္ကာ လဲ့ေယာင္ကိုရွာဖို႔ ထြက္သြားေတာ့တယ္။

ဧကရာဇ္ရဲ႕ကိုယ္ရံေတာ္ေခါင္းေဆာင္ကို ကမ္းကုန္ေအာင္ေျခာက္လွန႔္ၿပီးတဲ့ေနာက္ လဲ့ေယာင္က ကေလးေတြကို အိမ္ျပန္ေခၚထုတ္သြားတယ္။

သူ႔အိမ္ျပန္တဲ့လမ္းမွာ တစ္စုံတစ္ရာကို နက္နက္နဲနဲေတြးေနပုံေပၚတယ္။

လဲ့ေယာင္ဧည့္ခန္းထဲက ဆိုဖာေပၚထိုင္ေနရင္း သူ႔တစ္ကိုယ္လုံးကထြက္ေပၚေနတဲ့ အရိပ္အေယာင္ေတြက အရင္တုန္းကလိုမဟုတ္ဘဲ ကြဲျပားေနေတာ့တယ္။ ပုံမွန္ဆို အေကာင္းျမင္တတ္ၿပီး တက္တက္ႂကြႂကြရွိတတ္ေပမယ့္ လက္ရွိသူ႔ပုံစံက အနားကပ္ႏိုင္ဖို႔ေတာင္ အနည္းငယ္ခက္ခဲေနပုံေပၚတယ္။

အေႏြးေသတၱာကလည္း သူ႔ရင္ခြင္ထဲမွာပဲရွိေသးတယ္။ ထိုေပၚမွာ သူ႔လက္ေတြကို တင္ထားေပမယ့္ သူ႔အသိစိတ္ကေတာ့ ကပ္မေနဘူး။

ကေလးေတြက အထဲမွာ မသက္မသာလႈပ္ရွားေနတယ္။ အႀကီးဆုံးေလးက ဆီးသြားလိုက္ၿပီျဖစ္လို႔ ေသးခံလဲေပးဖို႔ အသံကဆက္တိုက္ထြက္ေပၚေနတယ္။

သို႔ေပမယ့္ အခ်က္ေပးသံအၾကာႀကီးျမည္ၿပီးေတာ့မွ လဲ့ေယာင္အသိျပန္ဝင္ကာ သူ႔ကေလးကိုစိုက္ၾကည့္လိုက္တယ္။ ထို႔ေနာက္ တိတ္ဆိတ္စြာ သူ႔ရဲ႕အႀကီးဆုံးသားေလးကို ေသးခံလဲေပးလိုက္တယ္။

အေႏြးေသတၱာကို နီးကပ္စြာထပ္ၾကည့္ေနၿပီး အျပင္ဘက္က ေကာင္းကင္ႀကီးတစ္ခုလုံးကလည္း ပုံမွန္အတိုင္းျပန္ျဖစ္လာတယ္။

အရာအားလုံးက ပုံမွန္ျပန္ျဖစ္လာၿပီ_ ဘာတစ္ခုမွမျဖစ္ခဲ့သလိုမ်ိဳး_ ဒါေပမယ့္ ထိုအခ်ိန္မွပဲ သူ႐ုတ္တရက္မွတ္မိသြားတယ္...

"ဘယ္တုန္းက ဒီကိုေရာက္ေနတာလဲ?" တံခါးပြင့္သံၾကားၿပီးေနာက္ လဲ့ေယာင္က ခုေလးတင္ဝင္လာတဲ့လူကို ဒီလိုထူးဆန္းတဲ့ေမးခြန္းတစ္ခု ေမးလိုက္တယ္။


_______________________________________


{Unicode}

•ကျွန်တော်က လူသားမဟုတ်ဘူး•

လဲ့ဖေးရှန်က ဧကရာဇ်ကို ဒီလိုအပြုအမူမျိုးနဲ့ တိုက်ခိုက်ရဲလိမ့်မယ်လို့ ဘယ်သူမှထင်မထားကြဘူး။ တော်ဝင်အစောင့်တွေနဲ့ Flying Wolf တပ်သားတွေအဝိုင်းခံထားရတာတောင်မှ လဲ့ဖေးရှန်က မထင်မှတ်ထားတဲ့ပုံမျိုးနဲ့ သူ့ကိုယ်သူလွတ်အောင်ရုန်းထွက်နိုင်ဖို့ နည်းလမ်းရှာခဲ့တယ်။

ဧကရာဇ်ရဲ့လည်ပင်းမှာ ပတ်နေတဲ့ဝိုင်ယာကြိုးကို ရှုယောင်မြင်တော့ ကမူးရှုးထိုးမလုပ်မိအောင် သူ့ကိုယ်သူအတင်းထိန်းထားရတယ်။ အဲ့အတွက် အံကြိတ်ပြီးတော့သာ မေးနိုင်တယ် "လဲ့ဖေးရှန် ခင်ဗျားလွတ်နိုင်သေးတယ်လို့ ထင်နေတာလား?"

"တစ်ကြိမ်လောက်မကြိုးစားကြည့်ဘဲ ဘယ်လိုလုပ်သိနိုင်မှာလဲ? ပြီးတော့ ငါလွတ်အောင်မလုပ်နိုင်ခဲ့ဘူးဆိုရင်တောင် ဖြစ်လာမယ့်နောက်ဆက်တွဲအခြေအနေက အခုလက်ပိုကောင်းလာနိုင်စရာမရှိဘူးလေ"

ဒါက သူ့ရဲ့အိမ်ထောင်ရေးဖောက်ပြန်မှုတစ်ခုတည်းကြောင့်သာဆိုရင် အကြီးလေးဆုံးပြစ်မှုက တပ်ထဲက ထွက်ရတာလောက်သာဖြစ်နိုင်တယ်။ ဒါပေမယ့်အခုတော့ သူနဲ့ ဝမ်ချန်းဇီရဲ့ဆက်ဆံရေးကတောင် ပေါ်ကုန်ပြီဖြစ်တဲ့အတွက် သူ့အတွက် တစ်လမ်းပဲရှိတော့တယ်။

လဲ့ဖေးရှန် ဧကရာဇ်ကိုမကြည့်ဘဲ ရှုယောင်အပေါ်သာ စိုက်ကြည့်နေတယ်။ သူ့ရဲ့စတီးဝိုင်ယာက လူတစ်ယောက်ရဲ့ခေါင်းကို တခဏချင်းမှာတင် ပြတ်သွားအောင်ဖြတ်ပစ်နိုင်တာဖြစ်လို့ ဧကရာဇ်က မဆင်မခြင်နဲ့ လှုပ်ရှားရဲမှာမဟုတ်ဘူးလို့ ယုံကြည်ထားတယ်။

ဧကရာဇ်ကလည်း တကယ့်ကိုတည်ငြိမ်နေပြီး ကြောက်လန့်နေပုံမပြဘူး။ ဒီတိုင်း_ တစ်ယောက်ပြီးတစ်ယောက် သစ္စာဖောက်ခြင်းခံရတဲ့အတွက်ပဲ သူ့ရဲ့စိတ်အခြေအနေက ဆိုးရွားလာတာဖြစ်တယ်။

ခေါင်းကိုအသာမော့ပြီး သူ့နှလုံးသားတွင်းမှာ တောက်လောင်နေတဲ့ ဒေါသကိုချုပ်တည်းကာ ပြောလိုက်တယ် "လဲ့ဖေးရှန် ခင်ဗျားဒီနေရာမှာ ရပ်လိုက်လို့ရတယ်၊ ကျုပ်ခင်ဗျားကို အပြစ်ပေးတာမှာ အသက်ချမ်းသာပေးနိုင်သေးတယ်... ဒါပေမယ့် ဒီလိုနည်းလမ်းကိုပဲ ဇွတ်တရွတ်လုပ်နေမယ်ဆိုရင်တော့ ကျုပ်ကို အပြစ်မတင်နဲ့တော့!"

လဲ့ဖေးရှန်က အညံ့ခံဖို့ကို တွေးတောင်မတွေးဘူး။ သူ့လက်ကောက်ဝတ်ကို အသာလေးဆိုရုံလောက်သာ ချိန်ညှိလိုက်တာနဲ့ ဧကရာဇ်ရဲ့လည်ပင်းမှာ ရုတ်တရက်ဆိုသလို သွေးစက်တွေစီးကျလာတယ်။

"ကျုပ်အသက်က ကျုပ်ဆီမှာ နောက်ဆုံးရှိတဲ့အရာပဲ၊ ကျုပ်လုပ်ချင်တိုင်း လုပ်လို့ရတယ်.. အခုကတော့ ရှုယောင် မင်းအရင် ဆုတ်လိုက်! မင်းလူတွေကို ဝမ်သယ့်ချင်းနဲ့ တျန်းယုကို ငါ့ဆီပို့ခိုင်းလိုက်... မှတ်ထားနော်... တခြားရူးကြောင်ကြောင်တွေ လုပ်ဖို့မကြိုးစားနဲ့"

ရှုယောင် တွန့်ဆုတ်နေတယ်။ ထိုအချိန်မှာပဲ ဧကရာဇ်ခွန်တက ဝိုင်ယာကြိုးမျှင်လေးရဲ့ တင်းမာမှုကို ခံစားနေရပြီဖြစ်တာကြောင့် ပြောလိုက်တယ် "ဆက်လုပ်လိုက် ဗိုလ်ချုပ်ကြီးရှု"

ဒါကိုကြားတော့ ရှုယောင်က လဲ့ဖေးရှန်ကို မှုန်မှိုင်းစွာကြည့်ပြီး နောက်ပြန်လှည့်ကာ ယာဉ်ပျံပေါ်က ဆင်းလာလိုက်တယ်။ သူအော်ကာ "မင်းတို့ ဝမ်သယ့်ချင်းနဲ့ လဲ့တျန်းယုကို ခေါ်လာခဲ့!"

သူ့အမိန့်ကို Flying Wolf တပ်သားတွေက ချက်ချင်းပဲလိုက်နာကြတယ်။

ဒီအချိန်မှာ ဧကရာဇ်ရဲ့သီးသန့်ကိုယ်ရံတော်တွေလည်း ရောက်လာကြတယ်။ ဧကရာဇ်ရဲ့ဆက်သွယ်ရေးစက်ကနေတဆင့် ဧကရာဇ်က လဲ့ဖေးရှန်ဆီမှာ ဓားစားခံအဖြစ်အဖမ်းခံထားရတယ်ဆိုတဲ့ သတင်းရခဲ့ကြတယ်။

ကနဦးတုန်းက ရှုယောင်က တိုက်ခိုက်မှုထဲမှာ မပါဝင်ဘဲ ဧကရာဇ်ရဲ့ဘေးမှာသာ ဆက်နေနေလိမ့်မယ်လို့ အခိုင်အမာယုံကြည်ခဲ့တယ်။ 'အဲ့တာကို ဘယ်လိုလုပ်ပြီး ဒီလိုမျိုးဖြစ်ကုန်ရတာလဲ?'

သို့ပေမယ့် ထိုလူက သူ့ရဲ့တပ်သားတွေကို အမိန့်ပေးတာကို ကြားလိုက်ရပြီးနောက် ဖုံးကွယ်ထားတဲ့ကိုယ်ရေးကိုယ်တာအရ မကျေမနပ်ဖြစ်ခဲ့ရတဲ့ ခံစားချက်အချို့နဲ့အတူ သူတို့အတွေးတွေက လဲ့ဖေးရှန်နဲ့ ရှုယောင်တို့ဆက်ဆံရေးက အဖေနဲ့ သားမက်လိုမျိုးဖြစ်နေတာပဲလေဆိုပြီး ဖြစ်လာကြတယ်။ သူတို့ရဲ့ထင်မြင်ယူဆချက်တွေကလည်း သံသယအချို့ဖြစ်လာတယ်။

"ဗိုလ်ချုပ်ကြီးရှုက ဘာကြောင့် ဧကရာဇ်ကို ယာဉ်ပျံထဲမှာ တစ်ယောက်တည်းထားခဲ့နိုင်ရတာလဲ?" ဧကရာဇ်ရဲ့သီးသန့်ကိုယ်ရံတော်ခေါင်းဆောင်က ဖိအားပေးပြောကြားလာတယ်။

"ကျုပ်ကို တခြားတစ်မျိုးလုပ်ဖို့ အကြံလာပြုနေတာလား? ကျုပ်ကို ပြန်တိုက်စေချင်နေတာလား? ဒါမှမဟုတ် ခင်ဗျားက လဲ့ဖေးရှန် ဧကရာဇ်ကိုသတ်ပစ်လိုက်တာမျိုး ဖြစ်စေချင်နေတာလား?"

ဧကရာဇ်ရဲ့သီးသန့်ကိုယ်ရံတော်တွေအားလုံးက ဧကရာဇ်ကိုယ်တိုင် ရွေးခြယ်ခြင်းခံထားရသူတွေဖြစ်တယ်။ သူတို့ရဲ့အဆင့်တွေက တပ်ထဲက စီနီယာတွေနဲ့ယှဉ်ရင် အတော်လေးမြင့်တယ်လို့မဆိုသာပေမယ့် သူတို့ဆီမှာ အထူးလုပ်ပိုင်ခွင့်တွေအများကြီးရှိတယ်။ ပုံမှန်ဆို ထိုစီနီယာအရာရှိတွေကတောင် သူတို့ကို ယဉ်ယဉ်ကျေးကျေးဆက်ဆံရတယ်။ သို့ပေမယ့် ရှုယောင်ကတော့ ချွင်းချက်တစ်ခုဖြစ်နေ‌ပြီး ဒီလိုမျိုးအခြေခံသဘောတရားတွေကို သည်းခံပြီးမနေခဲ့ဘူး။

မကြာခင်ခက် တစ်စုံတစ်ယောက်က ဝမ်သယ့်ချင်းနဲ့ လဲ့တျန်းယုကို ခေါ်လာတယ်။ လဲ့တျန်းယုက ဝမ်သယ့်ချင်းရဲ့လက်မောင်းကို နောက်ဆုံးသောမျှော်လင့်ချက်ကောက်ရိုးမျှင်လေးတစ်ခုလိုမျိုး တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားတယ်။ သူတို့နှစ်ယောက်လုံးကို လဲ့ဖေးရှန်ဘေးနားကို ချက်ချင်းပို့ပေးလိုက်တယ်။

လဲ့တျန်းယုက လဲ့ဖေးရှန်ကိုမြင်လိုက်တယ်ဆိုတာနဲ့ ကျယ်ကျယ်လောင်လောင်ငိုကြွေးတော့တယ် "Wu wu wu အဖေ!"

ဆူညံသံကြောင့် လဲ့ဖေးရှန် စိတ်အနှောင့်အယှက်ဖြစ်သွားပြီး အော်ထည့်လိုက်တယ် "ပါးစပ်ပိတ်ထား! ငိုမနေနဲ့တော့!"

အငေါက်ခံလိုက်ရတဲ့အတွက် လဲ့တျန်းယု အရမ်းကြောက်လန့်သွားပြီး သူ့မျက်ရည်တွေကျနေရာက တရှုံ့ရှုံ့သာဖြစ်နေတော့တယ်။

ထိုအချိန်မှာ လဲ့ဖေးရှန်က အေးစက်စွာပြုံးပြီး ပြောလိုက်တယ် "ရှုယောင်၊ ငါ့ရဲ့မြေးလေးတွေကို ငါ့ဆီပို့ပေးဖို့ မင်းကိုပဲ ဒုက္ခပေးရတော့တယ်၊ ငါ သူတို့ကို ကြည့်လို့မ၀သေးဘူး"

ရှုယောင်မျက်လုံးတွေ အနည်းငယ်မှေးကျဉ်းသွားပြီး "ခင်ဗျား ဘာပြောလိုက်တယ်?"

"ငါ့မြေးတွေကို ငါ့ဆီပို့ပေး" လဲ့ဖေးရှန် ထပ်ပြောလိုက်တယ် "နောက်ပြီးတော့ မင်းလည်းမင်းလူတွေကို ဂရုစိုက်နေသင့်တယ်၊ မတော်လို့ထိခိုက်မိတာမျိုးဖြစ်သွားတယ်ဆိုရင် ငါ့ကိုဂရုမစိုက်လို့ဆိုပြီး အပြစ်မတင်နဲ့"

ခဏလောက်တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက်ရှုယောင်ထပြုံးကာ ပြန်ဖြေလိုက်တယ် "ကောင်းပြီလေ၊ ခင်ဗျားဒီမှာစောင့်နေ" အဲ့နောက် သူနောက်ပြန်လှည့်လာပြီး ယာဉ်ပျံထဲက ထွက်လာခဲ့တယ်။

ယန်ကျဲ့ မွှန်ထူသွားပြီး ခေါင်းလှည့်ကာ လဲ့ယောင်နဲ့ ဧကရီတို့ အနားယူနေတဲ့နေရာဆီကို နောက်ကနေလိုက်ခဲ့လိုက်တယ်။ "အစ်ကိုရှု ဘာကြောင့်မို့လို့_"

'လဲ့ဖေးရှန်က ကလေးတွေကို ဓားစားခံအနေနဲ့လုပ်ချင်နေတာ အသိသာကြီးကို၊ အစ်ကိုက တက်ယကြီးပို့ချင်တာလား?!'

လဲ့ယောင်လည်း သတင်းကြားပြီးနောက်မှာ ထိတ်လန့်သွားတယ် "ခင်ဗျား ဘာပြောတယ်? ကလေးတွေကို လဲ့ဖေးရှန်ဆီပို့လိုက်မယ်?"

ရှုယောင် ခေါင်းငြိတ်ပြကာ "ကိုယ် မင်းကို ကတိပေးပါတယ်၊ ကိုယ်သူတို့ကို ကာကွယ်ပေး_"

"မရဘူး!" လဲ့ယောင် အော်ဟစ်ပစ်လိုက်တယ်။

လဲ့ယောင် ရှုယောင်ကို စိုက်ကြည့်ကာ အော်တော့တယ် "ကလေးတွေက အရမ်းငယ်သေးလို့ သူတို့ဘာသာသူတို့တောင် မကာကွယ်နိုင်ကြသေးဘူး၊ ကျွန်တော်က ဘယ်လိုလုပ်ပြီး ဓားစားခံအနေနဲ့ ပို့နိုင်မှာလဲ?! လဲ့ဖေးရှန်က အသက်ရှင်ရတာ ပင်ပန်းနေပြီလား? သူဘယ်လိုတောင် အတင့်ရဲလို့!"

ဒါက လဲ့ယောင်အနေနဲ့ ရှုယောင်ကို ဒီလိုမျိုးပြင်းထန်တဲ့လေသံနဲ့ ပထမဆုံးအကြိမ်ပြောဖူးတာဖြစ်တယ်။ အခန်းထဲမှာရှိနေတဲ့ လူတွေလည်း ထိတ်လန့်သွားပြီး ယန်ကျဲ့ဆို ပိုပြီးတော့တောင် ကြောက်လန့်သွားတယ်။

ရှုယောင်က လဲ့ယောင်ပုခုံးကို တည်ငြိမ်စွာကိုင်ထားပြီး သူ့ကိုပွေ့ဖက်လိုက်တယ်။ သူ့ရဲ့ဘယ်ဘက်လက်နဲ့ လဲ့ယောင်လက်ကို ညင်သာစွာလှမ်းကိုင်ပြီး အချင်းချင်းသွယ်ယှက်ထားလိုက်တယ်။ လက်ဖဝါးကို ပြန်ခွာလိုက်ချိန်မှာ 'တံဆိပ်'တစ်ခုပေါ်လာပြီး ဧကရီမြင်မြင် မမြင်မြင် နည်းနည်းလေးတောင် ဂရုမစိုက်ဘဲ အဲ့တာကို အနွေးသေတ္တာနဲ့ ဖိကပ်လိုက်တယ်။

မှင်တစ်စက်မှ မသုံးခဲ့မှန်းသိသာပေမယ့် သွယ်ယှက်ခဲ့တဲ့လက်ကနေ အနွေးသေတ္တာပေါ်မှာ ရွှေရောင်ဖျော့ဖျော့အက္ခရာလေးတစ်ခုကို အောင်အောင်မြင်မြင်ချန်ရစ်နိုင်ခဲ့တယ်။

ဒီအက္ခရာနဲ့ဆို သူတို့ရဲ့ကလေးတွေ ဘေးကင်းနိုင်မယ်ဆိုတာ လဲ့ယောင်ရဲ့မသိစိတ်ထဲက နားလည်နေပေမယ့်လည်း သူအရမ်းစိတ်ဆိုးတယ်!!!

ဒီဘ၀မတိုင်ခင်တည်းက ဒီလောက်အထိ ဘယ်တုန်းကမှ စိတ်မဆိုးခဲ့ဖူးဘူး။ သူ့ခေါင်းတခုလုံးကို နာကျင်မှုဝါးမြိုသွားပြီး တစ်စုံတစ်ခုက သူ့ရဲ့ခြေလက်လေးချောင်းလုံးဆီ ဖြာထွက်သွားအောင် လုပ်နေသလိုမျိုးခံစားရတယ်။ သူ့ခန္ဓာကိုယ်ပေါ်က ခံစားမှုအာရုံက ပေါက်ကွဲတော့မလိုမျိုး ထူးဆန်းနေပေမယ့် ဒီလိုမျိုးက အရင်ကလည်းဖြစ်ဖူးလိုမျိုးဖြစ်နေတယ်။ အဲ့တာကို သူမထိန်းချုပ်နိုင်တော့ဘူး။

ထို့နောက် သူအပါအဝင် ဘယ်သူမှထင်မထားတဲ့ တစ်စုံတစ်ခုကို လုပ်ချလိုက်တယ်...

အနွေးသေတ္တာကို ဖက်ထားပြီး အော်လိုက်တယ် "မရဘူး၊ ဘယ်တော့မှ! ငါ့ကလေးတွေကို ထပ်ပြီးပြန်ပေးဆွဲဖို့လုပ်ရဲတဲ့လူမှန်သမျှ ငါသတ်ပစ်မှာ! ခင်ဗျား ကျွန်တော့်ကို ဓားစားခံလုပ်လို့ရတယ် ဒါပေမယ့် ကလေးတွေကိုတော့ လွှတ်ပေး၊ သူတို့ကို ထိဖို့ တွေးတောင်မတွေးလိုက်နဲ့!"

ထို့နောက် ကလေးတွေကို စတင်သယ်လိုက်တော့တယ်။ သူ့မျက်လုံးတွေက သူ့ရဲ့သားပေါက်လေးတွေကို စောင့်ကြပ်နေတဲ့ ဝံပုလွေမတွေလိုမျိုး ကြောက်စရာကောင်းနေတယ်။

ဧကရီအပါအဝင်လူတိုင်းက လဲ့ယောင်ရဲ့ပြောင်းလဲမှုကြောင့် အံ့ဩတကြီးဖြစ်ကုန်ကြတယ်။ လဲ့ယောင်ရဲ့အော်သံတွေကြားမှာ 'ထပ်ပြီးပြန်ပေးဆွဲရဲ'တယ်ဆိုတဲ့စကားလုံးကို ရှုယောင်တစ်ယောက်တည်းသာ သတိပြုမိတယ်။

သူတို့ကလေးတွေကို အရင်တုန်းက တစ်စုံတစ်ယောက်က ထိခိုက်အောင် ကြိုးစားဖူးတာလား? ဒါမှမဟုတ် လဲ့ယောင်က 'အဲ့လူ'ကို ပြောချင်တာလား?

သို့ပေမယ့် ရှုယောင်က တိကျတဲ့အဖြေကိုမတွေးနိုင်သေးခင်မှာ လဲ့ယောင်က ရုတ်တရက် တံခါးနားမှာရပ်လိုက်တယ်။

"ကျွန်တော်တို့တွေ ခင်ဗျားကို ထွက်သွားခွင့်မပြုနိုင်ပါဘူး" ဧကရာဇ်ရဲ့သီးသန့်ကိုယ်ရံတော်ခေါင်းဆောင်က လဲ့ယောင်ကို တားလိုက်တယ်။

"မဒမ်ရှု ခင်ဗျားကလေးတွေကို ခင်ဗျားစိတ်ပူတယ်ဆိုတာ ကျွန်တော်တို့နားလည်ပါတယ်၊ ဒါပေမယ့် လက်ရှိမှာ ဧကရာဇ်က ခင်ဗျားအဖေရဲ့လက်ထဲမှာပဲရှိနေသေးတယ်... ခင်ဗျားရဲ့ကလေးတွေကို ကျွန်တော်တို့ဆီ နာနာခံခံနဲ့ လွှဲပေးလိုက်သင့်ပါတယ် ဒါမှမဟုတ် ခင်ဗျားကလည်း ပုန်ကန်ချင်တာလား?"

"ခင်ဗျားဘာပြောတယ်?" ဘယ်စကားက လဲ့ယောင်ကို လှုံ့ဆော်လိုက်မှန်း တစ်ယောက်မှမသိဘူး။ မျက်လုံးတွေက စတင်ရဲလာပြီး သူ့မျက်နှာချင်းဆိုင်က လူကိုစိုက်ကြည့်လိုက်တယ် "ခင်ဗျား သတ္တိရှိရင် အဲ့စကားတွေကို ပြန်ပြောလိုက်စမ်း!"

"ကလေးတွေကို ထားခဲ့!"

"ခင်ဗျား သေချင်နေတာပဲ!" လဲ့ယောင်က ကိုယ်ရံတော်ကို ခက်ထန်စွာစိုက်ကြည့်ရင်း ပြောလိုက်တယ်။

ရုတ်တရက် သာမန်မဟုတ်ဘဲ ပြင်းထန်တဲ့လေတစ်ခုက ပတ်ပတ်လည်မှာ တိုက်ခတ်လာတယ်။ နေက ကောင်းကင်ရဲ့အမြင့်ဆုံးနေရာမှာ ရှိနေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းမြင်နိုင်တယ်ဆိုပေမယ့် ဒီကောင်းကင်ကြီးက လျင်မြန်စွာမည်းမှောင်သထက် မည်းလာတယ်။

ထူးဆန်းတဲ့ပြောင်းလဲမှုကြောင့် လက်ရှိလူတိုင်း မင်သက်နေကြတယ်။ ကလေးတွေ ရောက်လာဖို့စောင့်နေတဲ့လဲ့ဖေးရှန်တောင်မှ ယာဉ်ပျံပြတင်းပေါက်မှတဆင့် အပြင်ဘက်က ချောက်ခြားစရာအဖြစ်အပျက်ကို သတိပြုမိသွားတယ်။

"ဘာဖြစ်တာလဲ?" လဲ့ဖေးရှန် ဝမ်သယ့်ချင်းကို မေးလိုက်တယ်။

"ကျုပ်လည်း မသိဘူး" ဝမ်သယ့်ချင်းလည်း နည်းနည်းတော့ထူးဆန်းတယ်လို့ တွေးမိတယ်။ ကောင်းကင်ဆိုတာ ညအချိန်မှပဲ မည်းမှောင်သင့်တာကို အခုမှ နေ့အချိန်ပဲရှိနေသေးတာ အသိသာကြီး။

ကောင်းကင်ပေါ်မှာ တိမ်တစ်စတောင်မရှိဘူး။ ဒီလိုမှောင်မည်းလာရတာ တိမ်မည်းတွေလာစုနေလို့ဖြစ်တာကြောင့်မဟုတ်မှန်း သက်သေပြနေပေမယ့် နေရောင်ခြည်က ရုတ်တရက်ကြီးပျောက်သွားတာမျိုးက...

"အဖေ အဖေ ဘာတွေစောင့်နေသေးတာလဲ? ကျွန်တော်တို့ သွားလိုက်လို့မရဘူးလား?" လဲ့တျန်းယု သတိပေးလိုက်တယ်။

"လဲ့ဖေးရှန်" ထိုအချိန်မှာ လဲ့ဖေးရှန်ရဲ့ဆက်သွယ်ရေးစက်ဆီက ရှုယောင်အသံထွက်ပေါ်လာတယ် "ဒါခင်ဗျားရဲ့ နောက်ဆုံးအခွင့်အရေးပဲ၊ ဧကရာဇ်ကို လွှတ်ပေးလိုက်... ကျုပ် ခင်ဗျားတို့ကို ထွက်သွားခွင့်ပေးမယ်၊ မဟုတ်ရင် ဘာတွေဖြစ်လာလိမ့်မယ်ဆိုတာ ခင်ဗျားသိမှာတောင်မဟုတ်_"

Crack!

Boom!

လျှပ်စီးတစ်ခုက လဲ့ဖေးရှန်တို့သုံးယောက်နဲ့ ဧကရာဇ်တို့ရှိနေတဲ့ ယာဉ်ပျံဘေးနားက မြေပြင်ကိုလာရိုက်ခတ်တယ်။

ရှုယောင် ပြောလိုက်တယ် "တွေ့လား? ကျုပ်ရဲ့ဘိုးဘေးတွေက ဒေါသထွက်နေပြီ၊ ကျုပ် သုံးအထိရေတုန်းမှာ ခင်ဗျား ဧကရာဇ်ကို လွှတ်ပေးသင့်တယ်နော်၊ တစ် နှစ် ... အာ ခင်ဗျားက အရမ်းခေါင်းမာတာပဲ!"

စစချင်းမှာ သူတို့ဆီချဉ်းကပ်လာတဲ့ ဘာအန္တရာယ်ကိုမှ မမြင်နိုင်ခဲ့ဘူး။ သို့ပေမယ့် ရှုယောင်ပြောပြီးချိန်မှာ ကောင်းကင်ကြီးက လုံး၀မှောင်မိုက်သွားပြီ။ လဲ့ဖေးရှန်၊ ဝမ်သယ့်ချင်းနဲ့ လဲ့တျန်းယုတို့က နိမိတ်မကောင်းတဲ့ရယ်သံတခုနဲ့ ဆွဲဆွဲငင်ငင်ငိုရှိုက်သံကြားက ရောထွေးနေတဲ့အသံတစ်ခုနဲ့အတူ ထူးဆန်းတဲ့တီးတိုးပြောသံတွေကို စတင်ကြားလာရတယ်။ သေချာပေါက် သူတို့တွေ ဘာကိုမှမမြင်နိုင်ပေမယ့် မမြင်နိုင်တဲ့ဖြစ်တည်မှုအစုအဝေးကြီးက သူတို့ကို ပတ်ပတ်လည်ဝန်းရံပြီး လှည့်ပတ်ကာ တီးတိုးရွတ်နေကြသလိုပဲ။

ရုတ်တရက် သူ့လည်ပင်းပေါ်ကို တစ်စုံတစ်ခုက တွယ်တက်လာတာကို လဲ့ဖေးရှန်ခံစားလိုက်ရတယ်! သူ့လည်ပင်းကိုတင်မကဘူး သူ့ရဲ့လက်ကောက်ဝတ်တွေနဲ့ ခြေကျင်းဝတ်တွေမှာလည်း ဒီလိုခံစားချက်မျိုးဖြစ်ပေါ်လာတယ်။ သူကြက်သေသေနေပြီး လုံး၀ကိုမလှုပ်နိုင်ဘူး။ သူ့လည်ချောင်းထဲကနေ ဖြစ်ညှစ်ထုတ်နေရတဲ့လည်ချောင်းသံကြောင့်သာ အသက်ရှင်နေသေးကြောင်း သိရတာဖြစ်တယ်!

ရက်ပေါင်းများစွာ အကျဉ်းချခံရပြီးနောက်မှာ လဲ့တျန်းယုရဲ့နှလုံးသားထဲ အရိပ်မည်းကြီးတစ်ခုဖြစ်ပေါ်လာတယ်။ အမှောင်ထုကို မြင်လိုက်ရပြီဆိုတာနဲ့ မဖြေသိမ့်နိုင်လောက်အောင် စိုးထိတ်လာတယ်။ ဒီတစ်ခေါက် အမှောင်ထုကြီးလွှမ်းခြုံလာပြီး ထူးဆန်းတဲ့လှုပ်ရှားသံတွေကို ကြားလိုက်ရတဲ့အခါ သူ့သတ္တိတွေ ပြိုကွဲကုန်တော့တယ်။

"အဖေ အဖေ? ဝမ်သယ့်ချင်း!" တစ်စုံတစ်ယောက်က သူ့ပုခုံးကို လာဆုပ်ကိုင်တာ လဲ့တျန်းယုခံစားမိလိုက်တယ်။ စိတ်သက်သာရာရမှုတစ်စွန်းတစ်စနဲ့ ထိုလက်ကို အမြန်ဆုတ်ကိုင်လိုက်တယ် _ သို့သော်... သူထင်မြင်ထားတာနဲ့ ခြားနားစွာ သူထိမိသွားတာက အရိုးတွေသာရှိတဲ့ ပိန်လှီနေတဲ့လက်တစ်ဖက်ဖြစ်တယ်။

ထိုလက်က လုံး၀စိုထိုင်းချွဲပစ်နေပြီး အေးစက်နေတယ်။ လတ်လတ်ဆတ်ဆတ်အရေခွံအနွှာခံလိုက်ရသလိုမျိုး သွေးတွေတောင် တစ်စက်စက်ကျနေသေးတယ်။

"Aaaaahhhhhh!!!" လဲ့တျန်းယု ချက်ချင်းအော်ဟစ်ကာ သတိလစ်သွားတော့တယ်။

"ဗိုလ်ချုပ်ကြီးရှု?" ဧကရာဇ်ခွန်တလေသံက တည်ငြိမ်နေပေမယ့် ဒီလိုအခြေနေမျိုးမှာ ပိတ်မိနေတုန်း ဘယ်လောက်တည်ငြိမ်လိုက်သလဲဆိုတာတော့ ပြောဖို့ခက်တယ်။

"စောင့်ခိုင်းခဲ့ရတဲ့အတွက် တောင်းပန်ပါတယ်" ရှုယောင်အသံက မှောင်ရိပ်ကျနေတဲ့ယာဉ်ပျံအတွင်းမှာ ထွက်ပေါ်လာတယ်။

အရာအားလုံးက မှောင်နေဆဲဆိုပေမယ့် သူ့လည်ပင်းပေါ်က ဝိုင်ယာကြိုးက ရုတ်တရက်ပြေလျော့သွားတာကို ဧကရာဇ်ခွန်တခံစားမိတယ်။ အချိန်ခဏလောက် တောင့်တောင့်ကြီးနေခဲ့ရတဲ့ သူ့ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပေမယ့် ဒီလိုဝေခွဲမရတဲ့အခြေအနေအပေါ် ဘာတစ်ခွန်းမှ ထုတ်မပြောနိုင်ခဲ့ဘူး။

စက္ကန့်ပိုင်းလောက် အိမ်မက်မက်သွားတာလားလို့တောင် သံသယဖြစ်မိတယ်။

နောက်ဆုံးတော့ ယာဉ်ပျံထဲမှာ မီးတွေပြန်လင်းလာတယ်။ ရှုယောင်က သူ့လက်တွေကို သုတ်နေပြီး သူ(ဧကရာဇ်)နဲ့မျက်နှာချင်းဆိုင် ရပ်နေကာ သူ့ဘေးနားမှာတော့ လဲ့ဖေးရှန်၊ လဲ့တျန်းယုနဲ့... အရေခွံခွာခံထားရလို့ သွေးတွေရွှဲနစ်နေတဲ့ ဝမ်သယ့်ချင်းတို့ရှိနေတယ်။

ရှုယောင်က သူ့လက်ပေါ်က နောက်ဆုံးကျန်တဲ့သွေးစွန်းကို လက်သုတ်ပဝါနဲ့ တည်ငြိမ်စွာသုတ်လိုက်တယ်။

"ကျွန်တော် သူတို့သုံးယောက်နဲ့ နောက်မှရှင်းလိုက်ပါမယ်၊ ဧကရာဇ်ကလည်း ဧကရီကို သွားတွေ့လိုက်တာပိုကောင်းမယ်... ကျွန်တော် လဲ့ယောင်နဲ့ ကလေးတွေကို သွားရှာရအုံးမယ်" [ T/N : ဧကရာဇ်ကို သူပဲညွှန်ကြားနေလိုက် ]

"ခဏလေး" ဧကရာဇ်ခွန်တ သူ့ကိုတားလိုက်တယ်။

ရှုယောင်ပြန်လှည့်လာတယ်။

ဧကရာဇ်က သူ့ဆီလျှောက်လာပြီး မေးခွန်းထုတ်တယ် "ဗိုလ်ချုပ်ကြီးရှု ခင်ဗျားက ဘယ်သူလဲ?"

ရှုယောင်ပြုံးပြီး ပြန်ဖြေတာက "ကျွန်တော်က လူသားမဟုတ်ဘူး"

ဧကရာဇ်ခွန်တ မျက်မှောင်ကြုတ်သွားတယ် "ရယ်စရာမကောင်းဘူး"

ရှုယောင်က "ကျွန်တော် အတည်ပြောနေတာပါ၊ နောက်နေတာမဟုတ်ဘူး၊ ကျွန်တော့်ဇနီးနဲ့ ကျွန်တော်တို့က လူသားမဟုတ်ဘူး ပြီးတော့ ကျွန်တော်တို့ကလေးသုံးယောက်ရောပဲ"

ဧကရာဇ်ခွန်တ "..."

ရှုယောင်က ဒီလိုမျိုး ပေါက်ကွဲထွက်နိုင်လောက်တဲ့အမှန်တရားတွေကို ထမင်းစားရေသောက်တဲ့အကြောင်းပြောနေသလိုမျိုး လုံး၀အရေးမကြီးသလိုကြီးပြောချလိုက်ကာ လဲ့ယောင်ကိုရှာဖို့ ထွက်သွားတော့တယ်။

ဧကရာဇ်ရဲ့ကိုယ်ရံတော်ခေါင်းဆောင်ကို ကမ်းကုန်အောင်ခြောက်လှန့်ပြီးတဲ့နောက် လဲ့ယောင်က ကလေးတွေကို အိမ်ပြန်ခေါ်ထုတ်သွားတယ်။

သူ့အိမ်ပြန်တဲ့လမ်းမှာ တစ်စုံတစ်ရာကို နက်နက်နဲနဲတွေးနေပုံပေါ်တယ်။

လဲ့ယောင်ဧည့်ခန်းထဲက ဆိုဖာပေါ်ထိုင်နေရင်း သူ့တစ်ကိုယ်လုံးကထွက်ပေါ်နေတဲ့ အရိပ်အယောင်တွေက အရင်တုန်းကလိုမဟုတ်ဘဲ ကွဲပြားနေတော့တယ်။ ပုံမှန်ဆို အကောင်းမြင်တတ်ပြီး တက်တက်ကြွကြွရှိတတ်ပေမယ့် လက်ရှိသူ့ပုံစံက အနားကပ်နိုင်ဖို့တောင် အနည်းငယ်ခက်ခဲနေပုံပေါ်တယ်။

အနွေးသေတ္တာကလည်း သူ့ရင်ခွင်ထဲမှာပဲရှိသေးတယ်။ ထိုပေါ်မှာ သူ့လက်တွေကို တင်ထားပေမယ့် သူ့အသိစိတ်ကတော့ ကပ်မနေဘူး။

ကလေးတွေက အထဲမှာ မသက်မသာလှုပ်ရှားနေတယ်။ အကြီးဆုံးလေးက ဆီးသွားလိုက်ပြီဖြစ်လို့ သေးခံလဲပေးဖို့ အသံကဆက်တိုက်ထွက်ပေါ်နေတယ်။

သို့ပေမယ့် အချက်ပေးသံအကြာကြီးမြည်ပြီးတော့မှ လဲ့ယောင်အသိပြန်ဝင်ကာ သူ့ကလေးကိုစိုက်ကြည့်လိုက်တယ်။ ထို့နောက် တိတ်ဆိတ်စွာ သူ့ရဲ့အကြီးဆုံးသားလေးကို သေးခံလဲပေးလိုက်တယ်။

အနွေးသေတ္တာကို နီးကပ်စွာထပ်ကြည့်နေပြီး အပြင်ဘက်က ကောင်းကင်ကြီးတစ်ခုလုံးကလည်း ပုံမှန်အတိုင်းပြန်ဖြစ်လာတယ်။

အရာအားလုံးက ပုံမှန်ပြန်ဖြစ်လာပြီ_ ဘာတစ်ခုမှမဖြစ်ခဲ့သလိုမျိုး_ ဒါပေမယ့် ထိုအချိန်မှပဲ သူရုတ်တရက်မှတ်မိသွားတယ်...

"ဘယ်တုန်းက ဒီကိုရောက်နေတာလဲ?" တံခါးပွင့်သံကြားပြီးနောက် လဲ့ယောင်က ခုလေးတင်ဝင်လာတဲ့လူကို ဒီလိုထူးဆန်းတဲ့မေးခွန်းတစ်ခု မေးလိုက်တယ်။

_____

Thanks 😉





Continue Reading

You'll Also Like

1.9M 122K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
1.7M 70.7K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
40.6K 4.6K 91
ချုပ်နှောင်ထားသော စိတ်၀ိဉာဥ်နှင့် မှားယွင်းစွာ သန္ဓေတည်လာသော ကိုယ့်နှလုံးသား
70.9K 3.4K 7
Synopsis: see topic. အခုတေလာ ကြ်န္ေတာ့္ရဲ႕ငယ္သူငယ္ခ်င္းေလးက ကြ်န္ေတာ့္အေပၚမွာ ဒြိဟျဖစ္ေစတဲ့အျပဳအမူေတြလုပ္ေနတယ္။ သူ...ကြ်န္ေတာ့္ကိုgayျဖစ္လာေအာင္လူပ္...