အတိတ်မေ့နေသောကျောင်းလူဆိုးလေး...

Por Cora0411

402K 38.9K 1.2K

This is just Translation. ✨All credits to original author and english translator. Start date-12.1.2021 End da... Más

//Description//
//Chapter 2//
//Chapter 3//
//Chapter 4//
//Chapter 5//
//Chapter 6//
//Chapter 7//
//Chapter 8.1//
//Chapter 8.2//
//Chapter 9.1//
//Chapter 9.2//
//Chapter 10.1//
//Chapter 10.2//
//Chapter 11.1//
//Chapter 11.2//
//Chapter 12.1//
//Chapter 12.2//
//Chapter 13.1//
//Chapter 13.2//
//Chapter 14//
//Chapter 15//
//Chapter 16//
//Chapter 17//
//Chapter 18//
//Chapter 19//
//Chapter 20//
//Chapter 21.1//
//Chapter 21.2//
//Chapter 22//
//Chapter 23//
//Chapter 24//

//Chapter 1//

17.9K 2K 94
Por Cora0411

Unicode

ဆောင်းဦး၏မိုး ရွာသွန်းပြီးနောက် လေထုဟာ အေးမြစိုစွတ်နေလျက်။

မနေ့ညက ချင်ယင်း၏တာဝန်ချိန်ဖြစ်ပြီး ဒီနေ့ကသူမရဲ့နားရက်ဖြစ်သည်။ မနက်ခင်းသူမအိမ်ကိုပြန်ရောက်တဲ့အချိန် ကလေးနှစ်ယောက်က ကျောင်းသွားနှင့်ကြလေပြီ။ ဒါ့အပြင် သူတို့ နေ့လည်စာကိုလည်း ကျောင်းမှာပဲစားကြသည်။ သို့ဖြစ်ရာ သူမ ဒီညအတွက် ဝက်သုံးထပ်သားဝယ်လာခဲ့ပြီး ကလေးတွေအတွက် ညစာကောင်းကောင်းလေးဖြစ်အောင် ချက်ပြုတ်လိုက်၏။

ကျန်းဖျင်ကျင်းသည်လည်း အိမ်ကိုစောစောပြန်ရောက်လာသည်။ သူ့လက်ကိုဆေးကြောပြီး စားပွဲမှာထိုင်လိုက်ရင်း သူ့သားငယ်၏စာသင်ကြားမှုအခြေအနေကို မေးမြန်းလိုက်သည်။ ရုတ်တရက် သူတိုးညင်းပြီးအားဖျော့တဲ့ အသံတစ်ခုကိုကြားလိုက်ရသည်။

သူ့သားငယ်နဲ့ယှဉ်လျှင် သူ့သားကြီးကို သူသိပ်သဘောမကျပေ။ သူ့သားကြီးက အဆင့်ကောင်းပြီး စာရိတ္တလည်းကောင်းပေမဲ့ အားနည်းတဲ့အကျင့်စရိုက်ရှိသည်။ ခြင်တစ်ကောင် တီးတိုးဆိုနေသကဲ့သို့ ထိုကလေးပြောတာအား သူကြားလိုက်ရသည့်အချိန်တိုင်း သူ့မှာရိုက်ချင်စိတ်ကို ထိန်းထားရ၏။

ညစာစားပွဲမှ လေထုက အတန်ငယ်ပြောင်းလဲသွားသည်။ ကျန်းဖျင်ကျင်း အေးစက်စက်မျက်နှာထားနှင့် ပြောလိုက်သည်
“ထပ်ပြောစမ်း ငါမကြားရဘူး ”

ချင်ယင်းလည်း မျက်မှောင်ကြုတ်လိုက်သည်။

ကျန်းယိုရှို့က ထမင်းကိုတူနဲ့ဖွနေသည့် သူ့အစ်ကိုကို ကြည့်လိုက်သည်။ ကျန်းယွမ်ပိုင်လည်း သူတို့ကိုကြည့်ကာ မသက်မသာဖြစ်လာပြီး ကြောက်ရွံ့စွာဖြင့် ပြောလိုက်သည်။
“ ကျွန်…ကျွန်တော်ကျောင်းပြောင်းချင်တယ် ”

“ တစ်ယောက်ယောက်သားကို အနိုင်ကျင့်ပြန်ပြီလား ?…” ချင်ယင်းမေးလိုက်၏
“ ဘာဖြစ်တာလဲ? မား သား*လောင်ရှီးနဲ့ စကားသွားပြောလိုက်မယ် ”

[*老师 - Teacher ]

ကျန်းယွမ်ပိုင် လျင်မြန်စွာပင် ငြင်းဆန်လိုက်သည်။
“ မဟုတ်ပါဘူး ..ဘယ်သူမှ ကျွန်တော့်ကို အနိုင်မကျင့်ပါဘူး ”

ကျွန်တော်ကသာ….တစ်စုံတစ်ယောက်ကို ထိခိုက်ဒဏ်ရာရစေပြီး သွေးထွက်လွန်အောင် လုပ်လိုက်မိတာ

အရေးကြီးဆုံးအချက်ကတော့ အဲ့လူက မယုံနိုင်လောက်အောင် ကြောက်ဖို့ကောင်းတာပင်။ လူတွေကသူ့ကို *‘ နတ်ဆိုး’  လို့ခေါ်ကြသည်။ သံသဃရှိစရာမလိုပဲ အဲ့နတ်ဆိုးကြီးဆေးရုံကဆင်းလာတာနဲ့ သေချာပေါက်သူ့ကို သေအောင်ရိုက်ပစ်လိမ့်မည်။ အနာဂတ်မှာ ငရဲနဲ့တူတဲ့နေ့ရက်မျိုးကို သူတွေ့ကြုံရတော့မယ်ဆိုတာ သူမှန်းဆနိုင်နေလေပြီ။

[Cora : ‘ 惹不起 ’ - အပြစ်ပြုလို့မရဘူး၊ ရန်မစရဲဘူး၊ ကိုင်တွယ်ရန်ခက်ခဲသော၊ သည်းမခံနိုင်သောလို့ ဆိုလိုတာပါ။ နာမည်ပြောင်ကျ အဲ့ဒါတွေကိုရေးလို့အဆင်မပြေလို့ နတ်ဆိုးလို့ပဲ သုံးလိုက်ပါတယ်]

သို့ရာတွင် သူက ကလေးတစ်ယောက်အနေဖြင့် ဒီလိုတစ်ခါမှ ပြဿနာမတက်ခဲ့ဖူးပေ။ သူ သူတို့အား ဒီအကြောင်းတွေ အကုန်မပြောပြရဲခဲ့။ သူ့မိဘတွေက မနက်ဖြန် ကျောင်းမှာသူ့အခြေအနေကို လောင်ရှီးကိုသွားမေးဖို့အတွက် ဆွေးနွေးနေကြတာကို မြင်လိုက်ရတော့ သူ့တစ်ကိုယ်လုံး ကြက်သီးထလာ၏။

‘နတ်ဆိုး’က ကျောင်းပြင်မှာ ဒဏ်ရာရနေခဲ့သည်။ ကျန်းယွမ်ပိုင်က လူနာတင်ယာဉ်ခေါ်ပေးပြီးတော့ လူနာတင်ယာဉ်က သူ့ကိုသယ်ဆောင်သွားတဲ့အချိန်ထိ ဘေးမှာပုန်း၍စောင့်နေခဲ့ပြီးနောက် အိမ်ကိုပြန်ပြေးလာခဲ့သည်။ တကယ်လို့ သူ့မိဘတွေက မနက်ဖြန်ကျောင်းကိုသွားဖို့ ဆုံးဖြတ်လိုက်ပြီး ဒီအကြောင်းမေးလိုက်မယ်ဆိုရင် လူတိုင်းကဒီအကြောင်းကို သိရှိသွားတာမျိုး ဖြစ်လာနိုင်ပေသည်။

အချိန်ကျလာတဲ့အချိန် သူက ‘နတ်ဆိုး’ကို ဒဏ်ရာရစေခဲ့မှန်း လူတိုင်းသိရှိသွားကြလိမ့်မည်။ သူတောင်ဘာမှလုပ်ရှားစရာမလိုဘဲ သူ့သူငယ်ချင်းအုပ်စုက ကျန်းယွမ်ပိုင်ကို အရင်ဆုံးရိုက်နှက်ကြပေလိမ့်မည်။

ကျန်းယွမ်ပိုင်၏နှလုံးသားက မြန်ဆန်စွာ ခုန်ပေါက်လာပြီး သူ့မိဘနှစ်ပါးကြား ခေါက်တုံ့ခေါက်ပြန်ကြည့်လိုက်သည်။ သူ့မိဘတွေ ကျောင်းကိုသွားမယ်ပြောနေတဲ့အချိန် သူတို့တစ်ယောက်ကမှ ဆန္ဒမရှိကြပေ။ သူတို့နှစ်ယောက်လုံးက စတင်ပြီး အချင်းချင်းတာဝန်လွှဲချနေတော့သည်။ ကျန်းယွမ်ပိုင်က အရမ်းအားနည်းတဲ့အတွက် ကျန်းဖျင်ကျင်းနှင့် ချင်ယင်းက အနိုင်ကျင့်ခံရသည့်ကိစ္စကို သူတို့ကလေးအား ကူညီဖြေရှင်းပေးရခြင်းသည် သူတို့အားမျက်နှာပျက်စေတယ်လို့ ယုံကြည်ကြလေသည်။ သူတို့က ကျန်းယွမ်ပိုင်အနိုင်ကျင့်ခံရတာထက် ကျန်းယွမ်ပိုင်က အခြားလူကိုအနိုင်ကျင့်ပြီး သူတို့အားငိုအောင်လုပ်လိုက်ခြင်းကို ပိုအလိုရှိကြလေသည်။ သူတို့က သူ့အတွက် ဆေးဖိုးဝါးခကုန်ကျစရိတ်ကိုတောင် ပေးချေပေးလိမ့်မည်ဖြစ်သည်။

သူကျောင်းမပြောင်းနိုင်တော့မှန်း ကျန်းပိုင်ယွမ်ပြောနိုင်လေသည်။ သူဒီအကြောင်းကို ထပ်မဆွေးနွေးတော့ရဲတော့ဘဲ မြန်မြန်ဆန်ဆန်ပင် ပြောလိုက်သည်။

“ ကျွန်တော် မပြောင်းတော့ပါဘူး  ကျွန်တော်ကဒီတိုင်း…လောင်ရှီးတွေစာသင်တာသိပ်မကောင်းဘူးလို့ ထင်မိလို့ပါ။ ဒါပါပဲ ဒါအကုန်ပဲ”

ကျန်းယွမ်ပိုင်က ရှန်းယီ အထက်တန်းကျောင်းမှာ တက်ရောက်နေတာဖြစ်သည်။ သူအခြားအကြောင်းတွေ မပြောရဲပေမဲ့ အနည်းဆုံးတော့ ဒီမြို့တော်မှာ သင်ကြားသင်ယူပတ်ဝန်းကျင်အရဖြစ်စေ လောင်ရှီးတွေရဲ့အရည်အချင်းအရဖြစ်စေ ဒါက ထိပ်တန်းစာရင်းဝင်ကျောင်းဖြစ်လေသည်။

အခြားသုံးယောက်က ထူးထူးဆန်းဆန်းတိတ်ဆိတ်သွားစဉ် သူထမင်းအနည်းငယ်ထပ်စားပြီး အခန်းကိုမြန်မြန်ပဲ ပြန်သွားလိုက်သည်။

အခန်းတံခါးကပိတ်သွားပေမဲ့ ကျန်းယွမ်ပိုင်၏နှလုံးသားကတော့ လျင်လျင်မြန်မြန်နှင့် စည်းချက်ကျကျခုန်နေတုန်းပင်။ သူက ပြဿနာဖြစ်ရမှာကို ကြောက်သည်။ အနိုင်ကျင့်တတ်တဲ့ လူဆိုးတွေနဲ့တွေ့တဲ့အခါတိုင်းလည်း သူတတ်နိုင်သမျှ ပုန်းပြီးနေလေ့ရှိသည်။စနောက်ခြင်းကိုလည်း သူတတ်နိုင်သမျှ သည်းခံလေ့ရှိသည်။ သို့သော် သူဒီနေ့တော့ဘာတွေဖြစ်သွားမှန်း သူမသိလိုက်ပေ။ ရှီပုဖန်က စကိတ်စီးရင်းနဲ့သူ့ကို *“ကျန်းရှာမောင့်” လို့စနောက်ပြီးခေါ်သွားတဲ့အချိန်မှာ သူရုတ်တရက် မကောင်းတဲ့အတွေးတစ်ခုဝင်လာသည်။ ရှီပုဖန် လမ်းပေါ်မှ လျှောဆင်းသွားတဲ့အချိန် သူတွန်းချလိုက်မိသည်။

[*“真傻帽” - ကျန်းရှာမောင့်၊ fool၊ stupid၊ idiot လို့ဆိုလိုပါတယ်။]

ဒီနေ့ သူအဲ့လိုလုပ်ဖို့ ဘယ်အရာက သတ္တိတွေပေးလိုက်မှန်း သူခုထိမသိသေးပင်။

ဒါက ဖော်ပြလို့မရနိုင်သည့် တိုက်တွန်းစေ့ဆော်မှုလေးတစ်ခုပါပဲ။

သူပဟေဠိဖြစ်နေရင်း အတော်ကြာထိုင်နေမိသည်။ သူ့စိတ်ထဲမှာ ရှီပုဖန် လမ်းမပေါ်ကနေ တစ်လိမ့်လိမ့်ကျသွားပြီး လတ်ဆတ်ပြီးအနီရောင်တောက်ပနေသောသွေးတွေ အိုင်ထွန်းလာသည့် မြင်ကွင်းကိုပဲ ပြသနေသည်။ ကျန်းယိုရှို့ရောက်လာပြီး သူ့အခန်းတံခါးကိုလာခေါက်တဲ့အခါမှသာ ထိုအရာက ရပ်တန့်သွားသည်။
“ မားက ရေချိုးပြီး အိပ်တော့တဲ့ ”

“ ငါသိပြီ ” ကျန်းယွမ်ပိုင် ခပ်မြန်မြန်ဖြေလိုက်သည်။ အပြင်မှာလှုပ်ရှားမှုမရှိတော့မှ သူတံခါးကို ဖွင့်ပြီး ခပ်သွက်သွက်လေးရေချိုးဖို့ အမြန်ပြေးသွားလိုက်သည်။

သူအပြင်ကို ထွက်လိုက်တဲ့အခိုက်မှာ သူ့ညီလေး၏စစ်ဆေးစူးစမ်းနေသော အကြည့်နှင့် ဆုံတွေ့သွားရသည်။ သူ့နှလုံးသားက တစ်ဖန် လျင်မြန်စွာ ခုန်ပေါက်လာပြန်သည်။
“ ဘာကိစ္စရှိလို့လဲ?”

“ ကိုကြီး ပြဿနာတစ်ခုခုရှာထားတာလား?”

ကျန်းယိုရှို့နှင့် သူ့အကျင့်စရိုက်က မတူညီတဲ့ အစွန်းနှစ်ဖက်မှာရှိနေသလိုမျိုးပင်။ သူ( ကျန်းယို့ရှို့)က ပြဿနာမရှာဖူးပေမဲ့ သူကကြောက်တတ်တာတော့မဟုတ်လေဘူး။ ထပ်ပေါင်းပြောရရင် သူဟာ ငယ်ငယ်လေးကတည်းက အေးဆေးပြီး တည်တည်ငြိမ်ငြိမ်ရှိသည်။ သူ့အဖေကတော့ ကျန်းယိုရှို့ဟာ အနာဂတ်မှာ ကြီးကျယ်ခမ်းနားတဲ့အရာတွေကို လုပ်ဆောင်နိုင်မည့်သူမျိုးလို့ မကြာခဏပြောလေ့ရှိသည်။ အများအားဖြင့် သူအဲ့လိုပြောတဲ့အချိန်တိုင်းမှာလည်း ကျန်းယွမ်ပိုင်အား တစ်ချက်ကြည့်ပြီးနောက် မကျေမချမ်းနှင့် သက်ပြင်းချလေ့ရှိသည်။

ကျန်းယွမ်ပိုင် ဤသည်ကိုကြားတော့ ချက်ချင်းပင်မတ်မတ်ရပ်လိုက်၏
“ပေါက်တတ်ကရတွေ၊ ငါမလုပ်ပါဘူး ”

ကျန်းယိုရှို့က သူ့ထက်သုံးနှစ်ငယ်သည်။ အဲ့ကလေးရဲ့အရပ်က အခုချိန်မှာသူ့လောက်မရှည်တဲ့အတွက် သူအဲ့ကလေးကို မကြောက်ပေ။
“ မင်းကကလေးပဲရှိသေးတဲ့အချိန် လူကြီးတွေလုပ်တဲ့အရာကို လိုက်အပြစ်ရှာမနေနဲ့။ ပြန်သွားပြီး အိပ်တော့ ”

ကျန်းယိုရှို့က သူ့မျက်ခုံးကိုပင့်လိုက်ပြီး သူအခန်းထဲသို့ပြန်သွားတာအား စောင့်ကြည့်နေသည်။

ကျန်းယွမ်ပိုင် အိပ်ရာပေါ်မှာ လဲလျောင်းလိုက်ပြီး ဟိုလိမ့်သည်လိမ့် လိမ့်နေလိုက်သည်။ သူ့နှလုံးသားက ညှဉ်းဆဲခံနေသလိုပင်။ နောက်ဆုံးတော့ သူခဏလောက်အိပ်ပျော်သွားပေမဲ့ ကြောက်လန့်စရာအဖြစ်အပျက်က သူ့စိတ်ထဲ ရုတ်တရက်ပြန်ပေါ်လာသည်။ သူတုန်ယင်ပြီးတော့ အိပ်ရာနိုးလာ၏။

ရှီပုဖန်ရဲ့မတော်တဆမှု အကြောင်းအရင်းခံက သူမှန်း မည်သူမှမမြင်လိုက်ပေမဲ့လည်း သူကတော့သိနေတယ်လေ! သူလောင်ရှီးကိုဖုန်းခေါ်ပြီးတော့ အဲ့အကြောင်းမတိုင်လောက်ပါဘူးနော်? အဲ့ဒါဆို လောင်ရှီးက သူ့မိဘတွေကို ဖုန်းခေါ်ပေလိမ့်မည်။ အဲ့ဒီကနေ သူ့မိဘတွေက မနက်ဖြန်ကျောင်းကို အခေါ်ခံရမှာ မဟုတ်လောက်ပါဘူးနော်?

ကျန်းယွမ်ပိုင်၏ခန္ဓာကိုယ်က ချွေးစေးတွေနဲ့ ပြည့်နှက်လာသည်။

သူဖုန်းကိုယူ၍ အချိန်ကိုကြည့်လိုက်သည်။ ညလယ်ခေါင်တောင် ရောက်နေပြီပင်။အများအားဖြင့် ဒီအချိန်ထိ ရှီပုဖန်မနိုးသေးစရာအကြောင်းမရှိပေ။ မဟုတ်မှသူ……

ကျန်းယွမ်ပိုင်ဒီထက်ပိုပြီး အိပ်မပျော်တော့ပေ။ သူ့အခန်းထဲ
မှာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေရင်း သူ့စိတ်ကမတော်တဆမှုဆီမှာပင်။ လေက ခန်းဆီးကိုတိုက်ခတ်သွားတဲ့အခါမှာ ရှီပုဖန်ရဲ့ဝိညာဉ်ကသူ့ကိုလာရှာနေသလို ခံစားလိုက်ရသည်။

သူမီးအိမ်ကို ဖွင့်လိုက်ပြီး စောင်အောက်တွင် လေးကန်စွာအသက်ရှူနေမိသည်။ ၎င်းနောက် သူကုတင်ပေါ်မှဆင်းလိုက်ပြီး သူ့ဝက်ရုပ်စုဘူးကို ရှာဖွေလိုက်၏။

သူက အသုံးအဖြုန်းကြီးတဲ့သူတစ်ယောက် မဟုတ်လေဘူး။ သူ့မိဘတွေ ပေးတဲ့မုန့်ဖိုးနဲ့ ပစ္စည်းတွေဝယ်ဖို့ ပေးတဲ့ပိုက်ဆံတွေမှ ပိုသည်များကို စုထားတတ်သည်။ အိပ်ရာပေါ်မှာ သူ့ပိုက်ဆံတွေကို ရေတွက်ကြည့်လိုက်တော့ နှစ်ထောင်ခန့်ရလေသည်။

ကျန်းယွမ်ပိုင် ဆေးရုံသို့သွားကာ ရှီပုဖန်ဆီ သွားလည်ဖို့ဆုံးဖြတ်လိုက်သည်။ တကယ်လို့ သူအသက်ရှင်နေသေးတယ်ဆိုရင် သူ ရှီပုဖန်ကို တောင်းပန်ပြီး ဆေးဖိုးဝါးခကုန်ကျစရိတ်ကိုလည်း ပေးလိုက်မည်။ သူ့ကိုသေလောက်အောင် မရိုက်ဖို့ မျှော်လင့်ရတာပဲ။

သူ ခန်းဆီးကိုဆွဲလိုက်ပြီး အပြင်ဘက်မှ ပိန်းပိတ်အောင်မှောင်နေသည်ကို ကြည့်လိုက်၏။ သူ့စိတ်က ရှီပုဖန်ဆီမှာပဲရောက်နေပြီး ဒီညထပ်ပြီးအိပ်ပျော်ဖို့ အလားအလာမရှိလေတော့ဘူး။
ဘာလို့ အခုထိ သူ့မိဘတွေဆီကို ဖုန်းခေါ်မှုတစ်ခုလေးတောင်မှ မရောက်လာသေးရတာလဲ? ရှီပုဖန် အခုထိ သတိမရသေးဘူးလား? သူသေတော့မသေနိုင်လောက်ပါဘူးနော်

ကျန်းယွမ်ပိုင် အပြစ်မကင်းခံစားရကာ ဂနာမငြိမ်ဖြစ်ပြီး ကြောက်လန့်နေမိသည်။ သူပြန်အိပ်ပျော်သွားမိပြီး အိပ်မက်ဆိုးတွေ ထပ်မက်လေသည်။ တစ်ခဏမှာတော့ ရှီပုဖန်က “ ငါ့အသက်ပြန်ပေး”လို့ပြောနေတာကို မက်ပြီး နောက်ပိုင်းမှာတော့ ရှီပုဖန်က သူ့မျက်နှာအား ရက်ရက်စက်စက်ပြင်းပြင်းထန်ထန်ထိုးနေတာကို မက်လေသည်။ အရင်က ရှီပုဖန် တစ်စုံတစ်ယောက်ကို ရိုက်နှက်ထိုးကြိတ်နေတာအား သူမြင်ဖူးသည်။ သူ့လှုပ်ရှားမှုတွေနှင့်အတူ သူက ကြမ်းကြုတ်ပြီးတော့ ရက်စက်သည်။ သူ့ကြည့်ရတာ အကြင်နာတရားကင်းမဲ့ကာ ကြောက်မက်ဖွယ်ကောင်းပြီး နတ်ဆိုးတစ်ကောင်မွေးဖွားလာသကဲ့သို့ပင်။

သူအဲ့မြင်ကွင်းကိုမြင်ခဲ့တဲ့အချိန် ညအနည်းငယ်လောက် တစ်ဆက်တည်း အိပ်မက်ဆိုးတွေမက်ခြင်းဖြင့် အဆုံးသတ်သွားခဲ့သည်။

ထိုအတွက်ကြောင့် သူ ရှီပုဖန်အား တစ်ခါမှ စိတ်အနှောင့်အယှက်မပေးရဲပေ။

သူရိန်နေမင်းက တဖြည်းဖြည်းမြင့်တက်လာလျက်။ နှိုးစက်မမြည်သေးပေမဲ့ ကျန်းယွမ်ပိုင် အိပ်ရာမှ ထထိုင်လိုက်သည်။ သူတစ်ညလုံးသိပ်မအိပ်ဖြစ်ပေမဲ့ လုံးဝပင်ပန်းမနေခဲ့ပေ။

ရှီပုဖန် အသက်ရှင်လား မရှင်ဘူးလားဆိုတာကို သက်သေပြဖို့အတွက် သူဆေးရုံကို သွားမှဖြစ်ပေမည်။

သူထတဲ့အသံက ချင်ယင်းကိုပါ နှိုးလိုက်မိသလိုဖြစ်သွားသည်။ သူမတံခါးကိုဆွဲဖွင့်လိုက်ရင်း မျက်လုံးကိုပွတ်လိုက်၏
“ချုံးမင်? ဒီနေ့ စနေနေ့မဟုတ်ဘူးလား? ဘာလို့အစောကြီးထတာလဲ? ”

ကျန်းယွမ်ပိုင်၏မူလနာမည်က *ကျန်းချုံးမင်ဖြစ်သည်။ အလယ်တန်းတုန်းက ထိုနာမည်ရှိခဲ့တာဖြစ်ပြီး ယင်းနာမည်ကြောင့် လူတွေက သူ့အား “ကျန်းရှာမောင့်”ဆိုသည့် နာမည်ပြောင်ပေးခဲ့ကြသည်။ ကျန်းယွမ်ပိုင် အကြိမ်ပေါင်းများစွာ ငိုခဲ့ပြီး သူ့မိဘတွေကို သူ့နာမည်အားပြောင်းပေးဖို့ သူအတတ်နိုင်ဆုံး နားချပြီးကြိုးစားခဲ့ရသည်။

နောက်ဆုံး၌ နာမည်ပြောင်းတာကို အထက်တန်းပထမနှစ်မတိုင်ခင် သူတို့ ပြုလုပ်ပေးခဲ့ကြသည်။ သို့ပေမဲ့ သူ့ကျောင်းအသစ်မှာ အလယ်တန်းကျောင်းတုန်းကသူငယ်ချင်းတွေလည်း ရှိနေလေသည်။ ကျန်းယွမ်ပိုင်ဟာ အဆင့်ကောင်းတွေရတဲ့အတွက် ၎င်းက သူ့ကျော်ကြားမှုအား မြှင့်တင်ပေးလာသည်။ ထို့ကြောင့် သူ့နာမည်အကြောင်း သတင်းတွေကလည်း ပျံ့နှံ့ကုန်တော့သည်။

[*聪明 - ချုံးမင်၊ ဉာဏ်ကောင်းတယ်၊ စာတော်တယ်၊ ထက်မြက်တယ်အစရှိသဖြင့်ပေါ့]

ရှီပုဖန်ဟာလည်း သူ့ကိုအဲ့နာမည်ကြောင့် စနောက်ခဲ့သည်။

ကျန်းယွမ်ပိုင်က ထိုနာမည်ကိုမနှစ်သက်လေဘူး။ သူရေတွေအား ငုံလှုပ်ကာ ပါးစပ်ထဲမှ ထွေးထုတ်လိုက်ပြီး ချင်ယင်းအား အမှန်ပြင်ပေးလိုက်သည်
“ ကျွန်တော့်ကို အဲ့လိုမခေါ်နဲ့ ”

ချင်ယင်းပြောလိုက်သည်
“ မင်းနာမည်က ချုံးမင်ဖြစ်လို့ မင်းအခုတော်ပြီး ဉာဏ်ကောင်းနေတာလေ ”

ကျန်းယွမ်ပိုင် ဆက်လက်တိတ်ဆိတ်နေဆဲ။ သူ သူမကို ဆန့်ကျင်ကြောင်းပြသဖို့အတွက် သွားတိုက်တံကို ခွက်ထဲတမင်သက်သက် အသံကျယ်အောင် ပစ်ထည့်လိုက်သည်။ ချင်ယင်းသူမဆံပင်ကို ကုတ်လိုက်ပြီး ပြန်ပြင်ပြောလိုက်သည်။
“ ယွမ်ယွမ်ဆိုရင်ရောဘယ်လိုလဲ? ”

ကျန်းယွမ်ပိုင် ဆန္ဒမရှိစွာ ပြန်ဖြေလိုက်၏
“ ကျွန်တော် ဒီနေ့ သူငယ်ချင်းတွေနဲ့အတူ အပြင်ထွက်ပြီး လျှောက်လည်ဖို့စီစဉ်ထားလို့ ”

“ မင်းမှာ သူငယ်ချင်းတွေ ရှိတယ်ပေါ့?”

ကျန်းယွမ်ပိုင် မျက်မှောင်ကြုတ်ကာ သူ့မျက်နှာအား စတင်ဆေးကြောလိုက်သည်။ သူညင်သာစွာပြောလိုက်သည်
“ သေချာတာပေါ့ ”

သူ့ကျောပိုးအိတ်ကို သယ်ချင်ယောင်ဆောင်လိုက်ပြီး လျှပ်စစ်စက်ဘီးလေးကို အိမ်ထဲမှ တွန်းထုတ်လိုက်သည်။ ဓာတ်လှေကားထဲမှ ထွက်လာပြီးနောက် ဖုန်ကာmaskအား တပ်လိုက်ပြီး ဆေးရုံသို့တန်းတန်းမတ်မတ်နင်းသွားလိုက်သည်။

ဆောင်းဦးကုန်ခါနီးဖြစ်တာမို့ မကြာသေးခင်က မနက်ခင်းဟာ အေးစိမ့်လာခဲ့သည်။ ကျန်းယွမ်ပိုင်က ဂျတ်ကတ်ပါးတစ်ထည်ကိုဝတ်ထားပြီး ဇစ်ကိုအဆုံးထိဆွဲထားလိုက်သည်။

သူ၏အနည်းငယ်ကောက်နေတဲ့ဆံပင်ဟာ လေတိုက်တာကြောင့် အနောက်ဘက်ကို လန်နေသည်။ သူရောက်သွားတဲ့အချိန် တံခါးနားမှာ စက်ဘီးကို ရပ်လိုက်ပြီး သူ၏ရှုပ်ပွနေတဲ့ဆံပင်ကို သပ်လိုက်သည်။ သူကောင်တာသို့လျှောက်သွားလိုက်ပြီး မေးလိုက်၏
“ ဟယ်လို ရှီပုဖန်က ဘယ်အခန်းမှာလဲမသိဘူးခင်ဗျ? သူကမနေ့တုန်းက ရှန်းယီအထက်တန်းကျောင်းရဲ့တောင်ဘက်ဂိတ်ကနေ အသယ်ခံလိုက်ရတဲ့ တစ်ယောက်လေ”

သူ့မှာ အရုပ်လေးနဲ့တူတဲ့ မျက်နှာပေါက်ရှိပြီး သူဆံပင်ဟာလည်းသူ့အဖေထံမှ အမွေရထားတာကြောင့် သဘာဝအတိုင်း အနည်းငယ်ကောက်ကွေးလေသည်။ သူ့ကြည့်ရတာ ယဉ်ကျေးပြီး ရှက်တတ်ပုံပေါ်သည်။ အရှေ့ကောင်တာမှာ ထိုင်နေတဲ့သူက သူ့အားရင်းနှီးဖော်ရွေတဲ့အပြုံးလေးပြုံးပြလိုက်သည်။ သူမအခန်းကို ရှာတွေ့ပြီးနောက် သူ့အတွက် အခန်းကိုတောင် သေချာလမ်းညွှန်ပေးလိုက်သေးသည်။

ကျန်းယွမ်ပိုင် သူမကိုကျေးဇူးတင်လိုက်ပြီး သူမညွှန်ပြရာအတိုင်း သွားလိုက်၏။

သူက ဆေးရုံကို တစ်ခါမှမရောက်ဖူးတာမို့ ဒီနေရာမှာ နေ့ရောညပါ တန်းစီပြီးစောင့်နေကြတဲ့လူနာတွေ အများကြီးရှိမှန်းမသိလေဘူး။ ဒီနေရာက အမြဲတမ်းလူတွေနဲ့ ပြည့်နှက်နေတာပင်။

ကျန်းယွမ်ပိုင် အတွင်းဘက်သို့ လူအုပ်ကြီးနောက်လိုက်ကာဝင်သွားလိုက်ပြီး ညွှန်ပြလိုက်တဲ့ အထပ်ကိုသွားလိုက်သည်။ သူ့နှလုံးအိမ်က ပိုပြီးမြန်မြန်ခုန်လာလေသည်။

ရှီပုဖန် အသက်ရှင်နေမှန်းတော့ သူအတည်ပြုပြီးသွားလေပြီ။ တစ်ချိန်တည်းမှာပဲ သူစိတ်သက်သက်ရာ ရသွားသလို တစ်ကိုယ်လုံးနာကျင်လာသလိုခံစားလိုက်ရသည်။ ရှီပုဖန် သူ့ကို နံရံဘက်ကို ဆွဲကပ်ပြီး ဆေးရုံထဲမှာပဲ သူ့အားရိုက်မရိုက်ကိုစဉ်းစားရင်း ပိတ်ထားတဲ့ တံခါးဆီသို့ တွန့်ဆုတ်စွာ ချဉ်းကပ်လိုက်သည်။ တံခါး၏ မှန်ပြတင်းမှ ဖြတ်ပြီး ကြည့်ရန် သူ၏ခြေချောင်းထိပ်လေးတွေကို ထောက်လိုက်သည်။

သူ ရှီပုဖန်ရဲ့…..ရှည်လျားတဲ့ခြေတံတွေကို မြင်လိုက်ရသည်။ အဲ့ဒါက ရှီပုဖန်ပဲ ဖြစ်လိမ့်မည်။ သူက လူနာဝတ်စုံကို ဝတ်ထားပြီး သူ့ခြေထောက်တွေကို ကုတင်ခြေရင်းက စားပွဲခုံလေးအပေါ်သို့ တင်ထားသည်။ သူ့လိုကျောင်းလူဆိုးကလွဲလို့ အခြားဘယ်သူကမှ သူတို့ခြေထောက်တွေကို စားပွဲခုံတွေဆီမတင်ရဲဘူးဆိုတာ ကျန်းယွမ်ပိုင်ယုံကြည်လေသည်။ အထက်စီးဆန်လိုက်တဲ့လူ။

သို့ပေတည်း သူနိုးနေပြီဆိုရင်လည်း သူ့မိဘတွေကို လှမ်းပြောပေးဖို့ လောင်ရှီးကို ဘာလို့မခေါ်ရတာလဲ ?

ကြည့်ရတာ ဒီနေရာမှာ ရှီပုဖန်တစ်ယောက်တည်းသာ ရှိပုံပင်။

ကျန်းယွမ်ပိုင် စိတ်ထဲမှာ လွန်ဆွဲနေလေရင်း တံခါးကိုမဖွင့်ရဲခဲ့ပေ။ အခန်းတံခါးရှေ့မှာ တစ်ခဏကြာမတ်တပ်ရပ်ပြီးနောက်တွင် အရပ်ရှည်တဲ့အမျိုးသားဆရာဝန်တစ်ယောက်က လျှောက်လာပြီး သူ့အားပြုံးပြလာသည်
“ ဟေ့ ကလေးလေး၊ မင်းဒီကို မင်းသူငယ်ချင်းဆီ လာလည်တာလား ?”

ကျန်းယွမ်ပိုင် နံရံဘက်မြန်မြန်ပြန်ကပ်လိုက်ပြီး တွန့်ဆုတ်စွာ ခေါင်းညိတ်လိုက်လေသည်။

“ ငါသူ့မိဘတွေကို ကျောင်းကနေတစ်ဆင့် ဆက်သွယ်ထားပြီးပြီ။ ဒါပေမဲ့ သူတို့ အခုထိ မရောက်လာသေးဘူး။ ကောင်းပြီ၊ မင်းသတင်းရတာမြန်သားပဲ ”

ဆရာဝန်က စကားပြောလိုက်ရင်း အခန်းတံခါးကို ဆွဲဖွင့်လိုက်ကာ ကုတင်ပေါ်မှာ လဲလျောင်း၍ လက်ကိုရင်ဘတ်မှာ ပိုက်ထားပြီး မျက်နှာကြတ်အားကြည့်နေတဲ့ လူငယ်လေးကို ပြောလိုက်သည်။
“ ဒီမှာ ကလေးလေးတစ်ယောက်ရောက်နေတယ်။ သူက မင်းသူငယ်ချင်းဖြစ်လောက်တယ်။ မင်းသူ့ကို မှတ်မိလား မမှတ်မိဘူးလား ကြည့်လိုက်ပါအုံး”

ကျန်းယွမ်ပိုင်ဟာ တံခါးဝမှာပဲ ရပ်နေပြီး အထဲသို့ မဝင်ရဲပေ။ ဆရာဝန်က သူ့အား လက်ရမ်းပြလိုက်ပြီး
“ အထဲကို ဝင်ခဲ့လေ၊ တံခါးကို ပြန်ပိတ်ခဲ့အုံး ”

ကျန်းယွမ်ပိုင်ဟာ ရှီပုဖန်ရဲ့အမြင်ထဲသို့ခြေလှမ်းကို  ဖြည်းဖြည်းချင်း တုံ့ဆိုင်းစွာဖြင့် ရွှေ့ပြီး ဂရုတစိုက်လျှောက်လှမ်းလာလေသည်။

ရှီပုဖန်၏ ထူးမခြားနားအကြည့်က သူ့မျက်နှာထက် ကျရောက်လာပြီး မသိစိတ်အလျောက် သူ့လက်အားမြှောက်ကာ ‘လာဘ်ခေါ်ကြောင်’လေးတစ်ကောင်ကဲ့သို့နှုတ်ဆက်လိုက်လေသည်။
“ နိ…”

“ မင်းကဘယ်သူလဲ? ”

ကျန်းယွမ်ပိုင် ရှုပ်ထွေးသွားလေသည်။

ဆရာဝန်က သက်ပြင်းချလိုက်၏
“ ကြည့်ရတာ သူဘယ်သူ့ကိုမှ မမှတ်မိဘူးထင်တယ်”

ကျန်းယွမ်ပိုင်က ဆရာဝန်ကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။

ဆရာဝန်၏ရှင်းပြချက်ကို ကြားပြီးတဲ့နောက် သူ၏မယုံကြည်နိုင်သောမျက်ဝန်းတွေဟာ ပြူးကျယ်လာသည်။ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေတဲ့ သူ့လက်တွေကို ကျောပိုးအိတ်နောက်မှာ ဖွက်ကာထိန်းချုပ်ထားလိုက်သည်။
“ ဒီတော့ ဒေါက်တာပြောချင်တာက …သူက သူ့မှတ်ဉာဏ်တွေကို ဆုံးရှုံးသွားတာလား? ”

ဆရာဝန်က ခေါင်းညိတ်ပြလိုက်ပြီး ရှီပုဖန်ကို မေးခွန်းအနည်းငယ်ထပ်မေးလိုက်သည်။ သူပြန်ထွက်မသွားခင်မှာ ကျန်းယွမ်ပိုင်အားပြောလိုက်သည်။
“ ဒီနေ့ကစနေနေ့ဆိုတော့ မင်းတို့မှာ အတန်းရှိမှာမဟုတ်ဘူး ။ အခုခဏလောက်တော့ သူနဲ့နေပေးလိုက်အုံး။ ငါမင်းတို့ရဲ့လောင်ရှီးတွေကို အသိပေးထားပြီးပြီ  သူတို့ခဏနေရောက်လာလိမ့်မယ် ”

ကျန်းယွမ်ပိုင်က သူ့နှုတ်ခမ်းထောင့်လေး တွန့်ကွေးတက်လာတာကို မထိန်းချုပ်ထားနိုင်ခဲ့။ သူခိုင်မာစွာခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်၏
“ ဟုတ်ကဲ့ပါ၊ ဒေါက်တာ ကျေးဇူးပါပဲ ”

လျင်မြန်စွာပင် အခန်းထဲ၌ လူနှစ်ယောက်သာလျှင် ကျန်ခဲ့တော့သည်။

ကျန်းယွမ်ပိုင်က သူ၏ကျောပိုးအိတ်သိုင်းကြိုးကို ဆုပ်ကိုင်ထားရင်း ရှီပုဖန် အေးဆေးစွာမေးလိုက်တာအား ကြားလိုက်ရသည်။
“ မင်းကဘယ်သူလဲ? ”

“ ငါက….” ကျန်းယွမ်ပိုင်၏စိတ်ဟာ မြန်ဆန်စွာပဲပြောင်းလဲသွားပြီး ပြောလိုက်သည်။
“ ကြည့်လေ၊ ငါကမင်းဆီကို လာလည်တဲ့ပထမဆုံးတစ်ယောက်ဆိုတော့ ငါကမင်းရဲ့ သူငယ်ချင်းကောင်းတစ်ယောက်ဆိုတာ သိသာနေတာပဲကို”

ရှီပုဖန်က ခေါင်းမော့လိုက်ပြီး တစ်ဖက်လူ၏မျက်လုံးထဲမှ ခက်ခက်ခဲခဲ ဖုံးကွယ်နေရသောပီတဖြစ်မှုတွေကို တစ်ချက်ကြည့်လိုက်သည်။ သူမျက်ခုံးပင့်၍ ပြောလိုက်သည်။
“ အိုး? ”

သူငယ်ချင်းကောင်းတစ်ယောက်က ငါမှတ်ဉာဏ်ဆုံးရှုံးသွားတာကို ပျော်နိုင်တယ်ပေါ့ ?

**

စာရေးသူမှာ ပြောစရာရှိတယ် :

ရှီကော : ဒီကိစ္စက လိမ်ညာထားသလိုပဲ

ယွမ်ယွမ် : ပျော်ရွှင်စွာလှုပ်ယမ်းနေသော teletubbies.GIF

ဒီဝတ္ထုရဲ့လက်ရှိစဉ်းစားထားမှုအရ shouက အလွန်အမင်း သူရဲဘောကြောင်ပြီး မဝံ့မရဲရှက်တတ်ကြောက်တတ်ပါလိမ့်မယ်၊ ပြီးတော့ ငါ့ရေးသားမှုတွေမှာ Shouရဲ့အကျင့်စရိုက်တွေအရ သူချစ်မိသွားတဲ့အချိန် သူလဲနည်းနည်းလှည့်စားကျီစယ်လိမ့်မယ်။ အခြားအရာတွေကိုတော့ မစဉ်းစားရသေးဘူး။

ယွမ်ယွမ်ပို့တဲ့GIFက ဒီလိုမျိုးလေးပါ

[Cora: နာမည်မှန်တဲ့ MCနဲ့MLကလွဲလို့ ကျန်တဲ့နာမည်တွေ C subနဲ့တိုက်ပြီး အတတ်နိုင်ဆုံး အမှန်ပြန်ပြင်ထားပါတယ်။ အဲ့ဒါကြောင့် တချို့နေရာတွေ မပြင်လိုက်မိဘဲ ကျန်ခဲ့လို့ ရှေ့နောက်နာမည်လွဲနေတာမျိုးရှိရင် တစ်ချက်ပြောပေးကြပါနော်🤎]

🍬▪️🍬▪️🍬▪️🍬▪️🍬▪️🍬

Zawgyi

ေဆာင္းဦး၏မိုး ႐ြာသြန္းၿပီးေနာက္ ေလထုဟာ ေအးျမစိုစြတ္ေနလ်က္။

မေန႕ညက ခ်င္ယင္း၏တာဝန္ခ်ိန္ျဖစ္ၿပီး ဒီေန႕ကသူမရဲ႕နားရက္ျဖစ္သည္။ မနက္ခင္းသူမအိမ္ကိုျပန္ေရာက္တဲ့အခ်ိန္ ကေလးႏွစ္ေယာက္က ေက်ာင္းသြားႏွင့္ၾကေလၿပီ။ ဒါ့အျပင္ သူတို႔ ေန႕လည္စာကိုလည္း ေက်ာင္းမွာပဲစားၾကသည္။ သို႔ျဖစ္ရာ သူမ ဒီညအတြက္ ဝက္သုံးထပ္သားဝယ္လာခဲ့ၿပီး ကေလးေတြအတြက္ ညစာေကာင္းေကာင္းေလးျဖစ္ေအာင္ ခ်က္ျပဳတ္လိုက္၏။

က်န္းဖ်င္က်င္းသည္လည္း အိမ္ကိုေစာေစာျပန္ေရာက္လာသည္။ သူ႕လက္ကိုေဆးေၾကာၿပီး စားပြဲမွာထိုင္လိုက္ရင္း သူ႕သားငယ္၏စာသင္ၾကားမႈအေျခအေနကို ေမးျမန္းလိုက္သည္။ ႐ုတ္တရက္ သူတိုးညင္းၿပီးအားေဖ်ာ့တဲ့ အသံတစ္ခုကိုၾကားလိုက္ရသည္။

သူ႕သားငယ္နဲ႕ယွဥ္လွ်င္ သူ႕သားႀကီးကို သူသိပ္သေဘာမက်ေပ။ သူ႕သားႀကီးက အဆင့္ေကာင္းၿပီး စာရိတၱလည္းေကာင္းေပမဲ့ အားနည္းတဲ့အက်င့္စရိုက္ရွိသည္။ ျခင္တစ္ေကာင္ တီးတိုးဆိုေနသကဲ့သို႔ ထိုကေလးေျပာတာအား သူၾကားလိုက္ရသည့္အခ်ိန္တိုင္း သူ႕မွာရိုက္ခ်င္စိတ္ကို ထိန္းထားရ၏။

ညစာစားပြဲမွ ေလထုက အတန္ငယ္ေျပာင္းလဲသြားသည္။ က်န္းဖ်င္က်င္း ေအးစက္စက္မ်က္ႏွာထားႏွင့္ ေျပာလိုက္သည္
“ထပ္ေျပာစမ္း ငါမၾကားရဘူး ”

ခ်င္ယင္းလည္း မ်က္ေမွာင္ၾကဳတ္လိုက္သည္။

က်န္းယိုရွို႔က ထမင္းကိုတူနဲ႕ဖြေနသည့္ သူ႕အစ္ကိုကို ၾကည့္လိုက္သည္။ က်န္းယြမ္ပိုင္လည္း သူတို႔ကိုၾကည့္ကာ မသက္မသာျဖစ္လာၿပီး ေၾကာက္႐ြံ႕စြာျဖင့္ ေျပာလိုက္သည္။
“ ကြၽန္…ကြၽန္ေတာ္ေက်ာင္းေျပာင္းခ်င္တယ္ ”

“ တစ္ေယာက္ေယာက္သားကို အနိုင္က်င့္ျပန္ၿပီလား ?…” ခ်င္ယင္းေမးလိုက္၏
“ ဘာျဖစ္တာလဲ? မား သား*ေလာင္ရွီးနဲ႕ စကားသြားေျပာလိုက္မယ္ ”

[*老师 - Teacher ]

က်န္းယြမ္ပိုင္ လ်င္ျမန္စြာပင္ ျငင္းဆန္လိုက္သည္။
“ မဟုတ္ပါဘူး ..ဘယ္သူမွ ကြၽန္ေတာ့္ကို အနိုင္မက်င့္ပါဘူး ”

ကြၽန္ေတာ္ကသာ….တစ္စုံတစ္ေယာက္ကို ထိခိုက္ဒဏ္ရာရေစၿပီး ေသြးထြက္လြန္ေအာင္ လုပ္လိုက္မိတာ

အေရးႀကီးဆုံးအခ်က္ကေတာ့ အဲ့လူက မယုံနိုင္ေလာက္ေအာင္ ေၾကာက္ဖို႔ေကာင္းတာပင္။ လူေတြကသူ႕ကို *‘ နတ္ဆိုး’  လို႔ေခၚၾကသည္။ သံသဃရွိစရာမလိုပဲ အဲ့နတ္ဆိုးႀကီးေဆး႐ုံကဆင္းလာတာနဲ႕ ေသခ်ာေပါက္သူ႕ကို ေသေအာင္ရိုက္ပစ္လိမ့္မည္။ အနာဂတ္မွာ ငရဲနဲ႕တူတဲ့ေန႕ရက္မ်ိဳးကို သူေတြ႕ႀကဳံရေတာ့မယ္ဆိုတာ သူမွန္းဆနိုင္ေနေလၿပီ။

[Cora : ‘ 惹不起 ’ - အျပစ္ျပဳလို႔မရဘူး၊ ရန္မစရဲဘူး၊ ကိုင္တြယ္ရန္ခက္ခဲေသာ၊ သည္းမခံနိုင္ေသာလို႔ ဆိုလိုတာပါ။ နာမည္ေျပာင္က် အဲ့ဒါေတြကိုေရးလို႔အဆင္မေျပလို႔ နတ္ဆိုးလို႔ပဲ သုံးလိုက္ပါတယ္]

သို႔ရာတြင္ သူက ကေလးတစ္ေယာက္အေနျဖင့္ ဒီလိုတစ္ခါမွ ျပႆနာမတက္ခဲ့ဖူးေပ။ သူ သူတို႔အား ဒီအေၾကာင္းေတြ အကုန္မေျပာျပရဲခဲ့။ သူ႕မိဘေတြက မနက္ျဖန္ ေက်ာင္းမွာသူ႕အေျခအေနကို ေလာင္ရွီးကိုသြားေမးဖို႔အတြက္ ေဆြးေႏြးေနၾကတာကို ျမင္လိုက္ရေတာ့ သူ႕တစ္ကိုယ္လုံး ၾကက္သီးထလာ၏။

‘နတ္ဆိုး’က ေက်ာင္းျပင္မွာ ဒဏ္ရာရေနခဲ့သည္။ က်န္းယြမ္ပိုင္က လူနာတင္ယာဥ္ေခၚေပးၿပီးေတာ့ လူနာတင္ယာဥ္က သူ႕ကိုသယ္ေဆာင္သြားတဲ့အခ်ိန္ထိ ေဘးမွာပုန္း၍ေစာင့္ေနခဲ့ၿပီးေနာက္ အိမ္ကိုျပန္ေျပးလာခဲ့သည္။ တကယ္လို႔ သူ႕မိဘေတြက မနက္ျဖန္ေက်ာင္းကိုသြားဖို႔ ဆုံးျဖတ္လိုက္ၿပီး ဒီအေၾကာင္းေမးလိုက္မယ္ဆိုရင္ လူတိုင္းကဒီအေၾကာင္းကို သိရွိသြားတာမ်ိဳး ျဖစ္လာနိုင္ေပသည္။

အခ်ိန္က်လာတဲ့အခ်ိန္ သူက ‘နတ္ဆိုး’ကို ဒဏ္ရာရေစခဲ့မွန္း လူတိုင္းသိရွိသြားၾကလိမ့္မည္။ သူေတာင္ဘာမွလုပ္ရွားစရာမလိုဘဲ သူ႕သူငယ္ခ်င္းအုပ္စုက က်န္းယြမ္ပိုင္ကို အရင္ဆုံးရိုက္ႏွက္ၾကေပလိမ့္မည္။

က်န္းယြမ္ပိုင္၏ႏွလုံးသားက ျမန္ဆန္စြာ ခုန္ေပါက္လာၿပီး သူ႕မိဘႏွစ္ပါးၾကား ေခါက္တုံ႕ေခါက္ျပန္ၾကည့္လိုက္သည္။ သူ႕မိဘေတြ ေက်ာင္းကိုသြားမယ္ေျပာေနတဲ့အခ်ိန္ သူတို႔တစ္ေယာက္ကမွ ဆႏၵမရွိၾကေပ။ သူတို႔ႏွစ္ေယာက္လုံးက စတင္ၿပီး အခ်င္းခ်င္းတာဝန္လႊဲခ်ေနေတာ့သည္။ က်န္းယြမ္ပိုင္က အရမ္းအားနည္းတဲ့အတြက္ က်န္းဖ်င္က်င္းႏွင့္ ခ်င္ယင္းက အနိုင္က်င့္ခံရသည့္ကိစၥကို သူတို႔ကေလးအား ကူညီေျဖရွင္းေပးရျခင္းသည္ သူတို႔အားမ်က္ႏွာပ်က္ေစတယ္လို႔ ယုံၾကည္ၾကေလသည္။ သူတို႔က က်န္းယြမ္ပိုင္အနိုင္က်င့္ခံရတာထက္ က်န္းယြမ္ပိုင္က အျခားလူကိုအနိုင္က်င့္ၿပီး သူတို႔အားငိုေအာင္လုပ္လိုက္ျခင္းကို ပိုအလိုရွိၾကေလသည္။ သူတို႔က သူ႕အတြက္ ေဆးဖိုးဝါးခကုန္က်စရိတ္ကိုေတာင္ ေပးေခ်ေပးလိမ့္မည္ျဖစ္သည္။

သူေက်ာင္းမေျပာင္းနိုင္ေတာ့မွန္း က်န္းပိုင္ယြမ္ေျပာနိုင္ေလသည္။ သူဒီအေၾကာင္းကို ထပ္မေဆြးေႏြးေတာ့ရဲေတာ့ဘဲ ျမန္ျမန္ဆန္ဆန္ပင္ ေျပာလိုက္သည္။

“ ကြၽန္ေတာ္ မေျပာင္းေတာ့ပါဘူး  ကြၽန္ေတာ္ကဒီတိုင္း…ေလာင္ရွီးေတြစာသင္တာသိပ္မေကာင္းဘူးလို႔ ထင္မိလို႔ပါ။ ဒါပါပဲ ဒါအကုန္ပဲ”

က်န္းယြမ္ပိုင္က ရွန္းယီ အထက္တန္းေက်ာင္းမွာ တက္ေရာက္ေနတာျဖစ္သည္။ သူအျခားအေၾကာင္းေတြ မေျပာရဲေပမဲ့ အနည္းဆုံးေတာ့ ဒီၿမိဳ႕ေတာ္မွာ သင္ၾကားသင္ယူပတ္ဝန္းက်င္အရျဖစ္ေစ ေလာင္ရွီးေတြရဲ႕အရည္အခ်င္းအရျဖစ္ေစ ဒါက ထိပ္တန္းစာရင္းဝင္ေက်ာင္းျဖစ္ေလသည္။

အျခားသုံးေယာက္က ထူးထူးဆန္းဆန္းတိတ္ဆိတ္သြားစဥ္ သူထမင္းအနည္းငယ္ထပ္စားၿပီး အခန္းကိုျမန္ျမန္ပဲ ျပန္သြားလိုက္သည္။

အခန္းတံခါးကပိတ္သြားေပမဲ့ က်န္းယြမ္ပိုင္၏ႏွလုံးသားကေတာ့ လ်င္လ်င္ျမန္ျမန္ႏွင့္ စည္းခ်က္က်က်ခဳန္ေနတုန္းပင္။ သူက ျပႆနာျဖစ္ရမွာကို ေၾကာက္သည္။ အနိုင္က်င့္တတ္တဲ့ လူဆိုးေတြနဲ႕ေတြ႕တဲ့အခါတိုင္းလည္း သူတတ္နိုင္သမွ် ပုန္းၿပီးေနေလ့ရွိသည္။စေနာက္ျခင္းကိုလည္း သူတတ္နိုင္သမွ် သည္းခံေလ့ရွိသည္။ သို႔ေသာ္ သူဒီေန႕ေတာ့ဘာေတြျဖစ္သြားမွန္း သူမသိလိုက္ေပ။ ရွီပုဖန္က စကိတ္စီးရင္းနဲ႕သူ႕ကို *“က်န္းရွာေမာင့္” လို႔စေနာက္ၿပီးေခၚသြားတဲ့အခ်ိန္မွာ သူ႐ုတ္တရက္ မေကာင္းတဲ့အေတြးတစ္ခုဝင္လာသည္။ ရွီပုဖန္ လမ္းေပၚမွ ေလွ်ာဆင္းသြားတဲ့အခ်ိန္ သူတြန္းခ်လိဳက္မိသည္။

[*“真傻帽” - က်န္းရွာေမာင့္၊ fool၊ stupid၊ idiot လို႔ဆိုလိုပါတယ္။]

ဒီေန႕ သူအဲ့လိုလုပ္ဖို႔ ဘယ္အရာက သတၱိေတြေပးလိုက္မွန္း သူခုထိမသိေသးပင္။

ဒါက ေဖာ္ျပလို႔မရနိုင္သည့္ တိုက္တြန္းေစ့ေဆာ္မႈေလးတစ္ခုပါပဲ။

သူပေဟဠိျဖစ္ေနရင္း အေတာ္ၾကာထိုင္ေနမိသည္။ သူ႕စိတ္ထဲမွာ ရွီပုဖန္ လမ္းမေပၚကေန တစ္လိမ့္လိမ့္က်သြားၿပီး လတ္ဆတ္ၿပီးအနီေရာင္ေတာက္ပေနေသာေသြးေတြ အိုင္ထြန္းလာသည့္ ျမင္ကြင္းကိုပဲ ျပသေနသည္။ က်န္းယိုရွို႔ေရာက္လာၿပီး သူ႕အခန္းတံခါးကိုလာေခါက္တဲ့အခါမွသာ ထိုအရာက ရပ္တန႔္သြားသည္။
“ မားက ေရခ်ိဳးၿပီး အိပ္ေတာ့တဲ့ ”

“ ငါသိၿပီ ” က်န္းယြမ္ပိုင္ ခပ္ျမန္ျမန္ေျဖလိုက္သည္။ အျပင္မွာလႈပ္ရွားမႈမရွိေတာ့မွ သူတံခါးကို ဖြင့္ၿပီး ခပ္သြက္သြက္ေလးေရခ်ိဳးဖို႔ အျမန္ေျပးသြားလိုက္သည္။

သူအျပင္ကို ထြက္လိုက္တဲ့အခိုက္မွာ သူ႕ညီေလး၏စစ္ေဆးစူးစမ္းေနေသာ အၾကည့္ႏွင့္ ဆုံေတြ႕သြားရသည္။ သူ႕ႏွလုံးသားက တစ္ဖန္ လ်င္ျမန္စြာ ခုန္ေပါက္လာျပန္သည္။
“ ဘာကိစၥရွိလို႔လဲ?”

“ ကိုႀကီး ျပႆနာတစ္ခုခုရွာထားတာလား?”

က်န္းယိုရွို႔ႏွင့္ သူ႕အက်င့္စရိုက္က မတူညီတဲ့ အစြန္းႏွစ္ဖက္မွာရွိေနသလိုမ်ိဳးပင္။ သူ( က်န္းယို႔ရွို႔)က ျပႆနာမရွာဖူးေပမဲ့ သူကေၾကာက္တတ္တာေတာ့မဟုတ္ေလဘူး။ ထပ္ေပါင္းေျပာရရင္ သူဟာ ငယ္ငယ္ေလးကတည္းက ေအးေဆးၿပီး တည္တည္ၿငိမ္ၿငိမ္ရွိသည္။ သူ႕အေဖကေတာ့ က်န္းယိုရွို႔ဟာ အနာဂတ္မွာ ႀကီးက်ယ္ခမ္းနားတဲ့အရာေတြကို လုပ္ေဆာင္နိုင္မည့္သူမ်ိဳးလို႔ မၾကာခဏေျပာေလ့ရွိသည္။ အမ်ားအားျဖင့္ သူအဲ့လိုေျပာတဲ့အခ်ိန္တိုင္းမွာလည္း က်န္းယြမ္ပိုင္အား တစ္ခ်က္ၾကည့္ၿပီးေနာက္ မေက်မခ်မ္းႏွင့္ သက္ျပင္းခ်ေလ့ရွိသည္။

က်န္းယြမ္ပိုင္ ဤသည္ကိုၾကားေတာ့ ခ်က္ခ်င္းပင္မတ္မတ္ရပ္လိုက္၏
“ေပါက္တတ္ကရေတြ၊ ငါမလုပ္ပါဘူး ”

က်န္းယိုရွို႔က သူ႕ထက္သုံးႏွစ္ငယ္သည္။ အဲ့ကေလးရဲ႕အရပ္က အခုခ်ိန္မွာသူ႕ေလာက္မရွည္တဲ့အတြက္ သူအဲ့ကေလးကို မေၾကာက္ေပ။
“ မင္းကကေလးပဲရွိေသးတဲ့အခ်ိန္ လူႀကီးေတြလုပ္တဲ့အရာကို လိုက္အျပစ္ရွာမေနနဲ႕။ ျပန္သြားၿပီး အိပ္ေတာ့ ”

က်န္းယိုရွို႔က သူ႕မ်က္ခုံးကိုပင့္လိုက္ၿပီး သူအခန္းထဲသို႔ျပန္သြားတာအား ေစာင့္ၾကည့္ေနသည္။

က်န္းယြမ္ပိုင္ အိပ္ရာေပၚမွာ လဲေလ်ာင္းလိုက္ၿပီး ဟိုလိမ့္သည္လိမ့္ လိမ့္ေနလိုက္သည္။ သူ႕ႏွလုံးသားက ညွဥ္းဆဲခံေနသလိုပင္။ ေနာက္ဆုံးေတာ့ သူခဏေလာက္အိပ္ေပ်ာ္သြားေပမဲ့ ေၾကာက္လန႔္စရာအျဖစ္အပ်က္က သူ႕စိတ္ထဲ ႐ုတ္တရက္ျပန္ေပၚလာသည္။ သူတုန္ယင္ၿပီးေတာ့ အိပ္ရာနိုးလာ၏။

ရွီပုဖန္ရဲ႕မေတာ္တဆမႈ အေၾကာင္းအရင္းခံက သူမွန္း မည္သူမွမျမင္လိုက္ေပမဲ့လည္း သူကေတာ့သိေနတယ္ေလ! သူေလာင္ရွီးကိုဖုန္းေခၚၿပီးေတာ့ အဲ့အေၾကာင္းမတိုင္ေလာက္ပါဘူးေနာ္? အဲ့ဒါဆို ေလာင္ရွီးက သူ႕မိဘေတြကို ဖုန္းေခၚေပလိမ့္မည္။ အဲ့ဒီကေန သူ႕မိဘေတြက မနက္ျဖန္ေက်ာင္းကို အေခၚခံရမွာ မဟုတ္ေလာက္ပါဘူးေနာ္?

က်န္းယြမ္ပိုင္၏ခႏၶာကိုယ္က ေခြၽးေစးေတြနဲ႕ ျပည့္ႏွက္လာသည္။

သူဖုန္းကိုယူ၍ အခ်ိန္ကိုၾကည့္လိုက္သည္။ ညလယ္ေခါင္ေတာင္ ေရာက္ေနၿပီပင္။အမ်ားအားျဖင့္ ဒီအခ်ိန္ထိ ရွီပုဖန္မနိုးေသးစရာအေၾကာင္းမရွိေပ။ မဟုတ္မွသူ……

က်န္းယြမ္ပိုင္ဒီထက္ပိုၿပီး အိပ္မေပ်ာ္ေတာ့ေပ။ သူ႕အခန္းထဲ
မွာ ေခါက္တုံ႕ေခါက္ျပန္ေလွ်ာက္ေနရင္း သူ႕စိတ္ကမေတာ္တဆမႈဆီမွာပင္။ ေလက ခန္းဆီးကိုတိုက္ခတ္သြားတဲ့အခါမွာ ရွီပုဖန္ရဲ႕ဝိညာဥ္ကသူ႕ကိုလာရွာေနသလို ခံစားလိုက္ရသည္။

သူမီးအိမ္ကို ဖြင့္လိုက္ၿပီး ေစာင္ေအာက္တြင္ ေလးကန္စြာအသက္ရႉေနမိသည္။ ၎ေနာက္ သူကုတင္ေပၚမွဆင္းလိုက္ၿပီး သူ႕ဝက္႐ုပ္စုဘူးကို ရွာေဖြလိုက္၏။

သူက အသုံးအျဖဳန္းႀကီးတဲ့သူတစ္ေယာက္ မဟုတ္ေလဘူး။ သူ႕မိဘေတြ ေပးတဲ့မုန႔္ဖိုးနဲ႕ ပစၥည္းေတြဝယ္ဖို႔ ေပးတဲ့ပိုက္ဆံေတြမွ ပိုသည္မ်ားကို စုထားတတ္သည္။ အိပ္ရာေပၚမွာ သူ႕ပိုက္ဆံေတြကို ေရတြက္ၾကည့္လိုက္ေတာ့ ႏွစ္ေထာင္ခန႔္ရေလသည္။

က်န္းယြမ္ပိုင္ ေဆး႐ုံသို႔သြားကာ ရွီပုဖန္ဆီ သြားလည္ဖို႔ဆုံးျဖတ္လိုက္သည္။ တကယ္လို႔ သူအသက္ရွင္ေနေသးတယ္ဆိုရင္ သူ ရွီပုဖန္ကို ေတာင္းပန္ၿပီး ေဆးဖိုးဝါးခကုန္က်စရိတ္ကိုလည္း ေပးလိုက္မည္။ သူ႕ကိုေသေလာက္ေအာင္ မရိုက္ဖို႔ ေမွ်ာ္လင့္ရတာပဲ။

သူ ခန္းဆီးကိုဆြဲလိုက္ၿပီး အျပင္ဘက္မွ ပိန္းပိတ္ေအာင္ေမွာင္ေနသည္ကို ၾကည့္လိုက္၏။ သူ႕စိတ္က ရွီပုဖန္ဆီမွာပဲေရာက္ေနၿပီး ဒီညထပ္ၿပီးအိပ္ေပ်ာ္ဖို႔ အလားအလာမရွိေလေတာ့ဘူး။

ဘာလို႔ အခုထိ သူ႕မိဘေတြဆီကို ဖုန္းေခၚမႈတစ္ခုေလးေတာင္မွ မေရာက္လာေသးရတာလဲ? ရွီပုဖန္ အခုထိ သတိမရေသးဘူးလား? သူေသေတာ့မေသနိုင္ေလာက္ပါဘူးေနာ္

က်န္းယြမ္ပိုင္ အျပစ္မကင္းခံစားရကာ ဂနာမၿငိမ္ျဖစ္ၿပီး ေၾကာက္လန႔္ေနမိသည္။ သူျပန္အိပ္ေပ်ာ္သြားမိၿပီး အိပ္မက္ဆိုးေတြ ထပ္မက္ေလသည္။ တစ္ခဏမွာေတာ့ ရွီပုဖန္က “ ငါ့အသက္ျပန္ေပး”လို႔ေျပာေနတာကို မက္ၿပီး ေနာက္ပိုင္းမွာေတာ့ ရွီပုဖန္က သူ႕မ်က္ႏွာအား ရက္ရက္စက္စက္ျပင္းျပင္းထန္ထန္ထိုးေနတာကို မက္ေလသည္။ အရင္က ရွီပုဖန္ တစ္စုံတစ္ေယာက္ကို ရိုက္ႏွက္ထိုးႀကိတ္ေနတာအား သူျမင္ဖူးသည္။ သူ႕လႈပ္ရွားမႈေတြႏွင့္အတူ သူက ၾကမ္းၾကဳတ္ၿပီးေတာ့ ရက္စက္သည္။ သူ႕ၾကည့္ရတာ အၾကင္နာတရားကင္းမဲ့ကာ ေၾကာက္မက္ဖြယ္ေကာင္းၿပီး နတ္ဆိုးတစ္ေကာင္ေမြးဖြားလာသကဲ့သို႔ပင္။

သူအဲ့ျမင္ကြင္းကိုျမင္ခဲ့တဲ့အခ်ိန္ ညအနည္းငယ္ေလာက္ တစ္ဆက္တည္း အိပ္မက္ဆိုးေတြမက္ျခင္းျဖင့္ အဆုံးသတ္သြားခဲ့သည္။

ထိုအတြက္ေၾကာင့္ သူ ရွီပုဖန္အား တစ္ခါမွ စိတ္အေႏွာင့္အယွက္မေပးရဲေပ။

သူရိန္ေနမင္းက တျဖည္းျဖည္းျမင့္တက္လာလ်က္။ ႏွိုးစက္မျမည္ေသးေပမဲ့ က်န္းယြမ္ပိုင္ အိပ္ရာမွ ထထိုင္လိုက္သည္။ သူတစ္ညလုံးသိပ္မအိပ္ျဖစ္ေပမဲ့ လုံးဝပင္ပန္းမေနခဲ့ေပ။

ရွီပုဖန္ အသက္ရွင္လား မရွင္ဘူးလားဆိုတာကို သက္ေသျပဖို႔အတြက္ သူေဆး႐ုံကို သြားမွျဖစ္ေပမည္။

သူထတဲ့အသံက ခ်င္ယင္းကိုပါ ႏွိုးလိုက္မိသလိုျဖစ္သြားသည္။ သူမတံခါးကိုဆြဲဖြင့္လိုက္ရင္း မ်က္လုံးကိုပြတ္လိုက္၏
“ခ်ဳံးမင္? ဒီေန႕ စေနေန႕မဟုတ္ဘူးလား? ဘာလို႔အေစာႀကီးထတာလဲ? ”

က်န္းယြမ္ပိုင္၏မူလနာမည္က *က်န္းခ်ဳံးမင္ျဖစ္သည္။ အလယ္တန္းတုန္းက ထိုနာမည္ရွိခဲ့တာျဖစ္ၿပီး ယင္းနာမည္ေၾကာင့္ လူေတြက သူ႕အား “က်န္းရွာေမာင့္”ဆိုသည့္ နာမည္ေျပာင္ေပးခဲ့ၾကသည္။ က်န္းယြမ္ပိုင္ အႀကိမ္ေပါင္းမ်ားစြာ ငိုခဲ့ၿပီး သူ႕မိဘေတြကို သူ႕နာမည္အားေျပာင္းေပးဖို႔ သူအတတ္နိုင္ဆုံး နားခ်ၿပီးႀကိဳးစားခဲ့ရသည္။

ေနာက္ဆုံး၌ နာမည္ေျပာင္းတာကို အထက္တန္းပထမႏွစ္မတိုင္ခင္ သူတို႔ ျပဳလုပ္ေပးခဲ့ၾကသည္။ သို႔ေပမဲ့ သူ႕ေက်ာင္းအသစ္မွာ အလယ္တန္းေက်ာင္းတုန္းကသူငယ္ခ်င္းေတြလည္း ရွိေနေလသည္။ က်န္းယြမ္ပိုင္ဟာ အဆင့္ေကာင္းေတြရတဲ့အတြက္ ၎က သူ႕ေက်ာ္ၾကားမႈအား ျမႇင့္တင္ေပးလာသည္။ ထို႔ေၾကာင့္ သူ႕နာမည္အေၾကာင္း သတင္းေတြကလည္း ပ်ံ့ႏွံ႕ကုန္ေတာ့သည္။

[*聪明 - ခ်ဳံးမင္၊ ဉာဏ္ေကာင္းတယ္၊ စာေတာ္တယ္၊ ထက္ျမက္တယ္အစရွိသျဖင့္ေပါ့]

ရွီပုဖန္ဟာလည္း သူ႕ကိုအဲ့နာမည္ေၾကာင့္ စေနာက္ခဲ့သည္။

က်န္းယြမ္ပိုင္က ထိုနာမည္ကိုမႏွစ္သက္ေလဘူး။ သူေရေတြအား ငုံလႈပ္ကာ ပါးစပ္ထဲမွ ေထြးထုတ္လိုက္ၿပီး ခ်င္ယင္းအား အမွန္ျပင္ေပးလိုက္သည္
“ ကြၽန္ေတာ့္ကို အဲ့လိုမေခၚနဲ႕ ”

ခ်င္ယင္းေျပာလိုက္သည္
“ မင္းနာမည္က ခ်ဳံးမင္ျဖစ္လို႔ မင္းအခုေတာ္ၿပီး ဉာဏ္ေကာင္းေနတာေလ ”

က်န္းယြမ္ပိုင္ ဆက္လက္တိတ္ဆိတ္ေနဆဲ။ သူ သူမကို ဆန႔္က်င္ေၾကာင္းျပသဖို႔အတြက္ သြားတိုက္တံကို ခြက္ထဲတမင္သက္သက္ အသံက်ယ္ေအာင္ ပစ္ထည့္လိုက္သည္။ ခ်င္ယင္းသူမဆံပင္ကို ကုတ္လိုက္ၿပီး ျပန္ျပင္ေျပာလိုက္သည္။
“ ယြမ္ယြမ္ဆိုရင္ေရာဘယ္လိုလဲ? ”

က်န္းယြမ္ပိုင္ ဆႏၵမရွိစြာ ျပန္ေျဖလိုက္၏
“ ကြၽန္ေတာ္ ဒီေန႕ သူငယ္ခ်င္းေတြနဲ႕အတူ အျပင္ထြက္ၿပီး ေလွ်ာက္လည္ဖို႔စီစဥ္ထားလို႔ ”

“ မင္းမွာ သူငယ္ခ်င္းေတြ ရွိတယ္ေပါ့?”

က်န္းယြမ္ပိုင္ မ်က္ေမွာင္ၾကဳတ္ကာ သူ႕မ်က္ႏွာအား စတင္ေဆးေၾကာလိုက္သည္။ သူညင္သာစြာေျပာလိုက္သည္
“ ေသခ်ာတာေပါ့ ”

သူ႕ေက်ာပိုးအိတ္ကို သယ္ခ်င္ေယာင္ေဆာင္လိုက္ၿပီး လွ်ပ္စစ္စက္ဘီးေလးကို အိမ္ထဲမွ တြန္းထုတ္လိုက္သည္။ ဓာတ္ေလွကားထဲမွ ထြက္လာၿပီးေနာက္ ဖုန္ကာmaskအား တပ္လိုက္ၿပီး ေဆး႐ုံသို႔တန္းတန္းမတ္မတ္နင္းသြားလိုက္သည္။

ေဆာင္းဦးကုန္ခါနီးျဖစ္တာမို႔ မၾကာေသးခင္က မနက္ခင္းဟာ ေအးစိမ့္လာခဲ့သည္။ က်န္းယြမ္ပိုင္က ဂ်တ္ကတ္ပါးတစ္ထည္ကိုဝတ္ထားၿပီး ဇစ္ကိုအဆုံးထိဆြဲထားလိုက္သည္။

သူ၏အနည္းငယ္ေကာက္ေနတဲ့ဆံပင္ဟာ ေလတိုက္တာေၾကာင့္ အေနာက္ဘက္ကို လန္ေနသည္။ သူေရာက္သြားတဲ့အခ်ိန္ တံခါးနားမွာ စက္ဘီးကို ရပ္လိုက္ၿပီး သူ၏ရႈပ္ပြေနတဲ့ဆံပင္ကို သပ္လိုက္သည္။ သူေကာင္တာသို႔ေလွ်ာက္သြားလိုက္ၿပီး ေမးလိုက္၏
“ ဟယ္လို ရွီပုဖန္က ဘယ္အခန္းမွာလဲမသိဘူးခင္ဗ်? သူကမေန႕တုန္းက ရွန္းယီအထက္တန္းေက်ာင္းရဲ႕ေတာင္ဘက္ဂိတ္ကေန အသယ္ခံလိုက္ရတဲ့ တစ္ေယာက္ေလ”

သူ႕မွာ အ႐ုပ္ေလးနဲ႕တူတဲ့ မ်က္ႏွာေပါက္ရွိၿပီး သူဆံပင္ဟာလည္းသူ႕အေဖထံမွ အေမြရထားတာေၾကာင့္ သဘာဝအတိုင္း အနည္းငယ္ေကာက္ေကြးေလသည္။ သူ႕ၾကည့္ရတာ ယဥ္ေက်းၿပီး ရွက္တတ္ပုံေပၚသည္။ အေရွ႕ေကာင္တာမွာ ထိုင္ေနတဲ့သူက သူ႕အားရင္းႏွီးေဖာ္ေ႐ြတဲ့အၿပဳံးေလးၿပဳံးျပလိုက္သည္။ သူမအခန္းကို ရွာေတြ႕ၿပီးေနာက္ သူ႕အတြက္ အခန္းကိုေတာင္ ေသခ်ာလမ္းၫႊန္ေပးလိုက္ေသးသည္။

က်န္းယြမ္ပိုင္ သူမကိုေက်းဇူးတင္လိုက္ၿပီး သူမၫႊန္ျပရာအတိုင္း သြားလိုက္၏။

သူက ေဆး႐ုံကို တစ္ခါမွမေရာက္ဖူးတာမို႔ ဒီေနရာမွာ ေန႕ေရာညပါ တန္းစီၿပီးေစာင့္ေနၾကတဲ့လူနာေတြ အမ်ားႀကီးရွိမွန္းမသိေလဘူး။ ဒီေနရာက အၿမဲတမ္းလူေတြနဲ႕ ျပည့္ႏွက္ေနတာပင္။

က်န္းယြမ္ပိုင္ အတြင္းဘက္သို႔ လူအုပ္ႀကီးေနာက္လိုက္ကာဝင္သြားလိုက္ၿပီး ၫႊန္ျပလိုက္တဲ့ အထပ္ကိုသြားလိုက္သည္။ သူ႕ႏွလုံးအိမ္က ပိုၿပီးျမန္ျမန္ခုန္လာေလသည္။

ရွီပုဖန္ အသက္ရွင္ေနမွန္းေတာ့ သူအတည္ျပဳၿပီးသြားေလၿပီ။ တစ္ခ်ိန္တည္းမွာပဲ သူစိတ္သက္သက္ရာ ရသြားသလို တစ္ကိုယ္လုံးနာက်င္လာသလိုခံစားလိုက္ရသည္။ ရွီပုဖန္ သူ႕ကို နံရံဘက္ကို ဆြဲကပ္ၿပီး ေဆး႐ုံထဲမွာပဲ သူ႕အားရိုက္မရိုက္ကိုစဥ္းစားရင္း ပိတ္ထားတဲ့ တံခါးဆီသို႔ တြန႔္ဆုတ္စြာ ခ်ဥ္းကပ္လိုက္သည္။ တံခါး၏ မွန္ျပတင္းမွ ျဖတ္ၿပီး ၾကည့္ရန္ သူ၏ေျခေခ်ာင္းထိပ္ေလးေတြကို ေထာက္လိုက္သည္။

သူ ရွီပုဖန္ရဲ႕…..ရွည္လ်ားတဲ့ေျခတံေတြကို ျမင္လိုက္ရသည္။ အဲ့ဒါက ရွီပုဖန္ပဲ ျဖစ္လိမ့္မည္။ သူက လူနာဝတ္စုံကို ဝတ္ထားၿပီး သူ႕ေျခေထာက္ေတြကို ကုတင္ေျခရင္းက စားပြဲခုံေလးအေပၚသို႔ တင္ထားသည္။ သူ႕လိုေက်ာင္းလူဆိုးကလြဲလို႔ အျခားဘယ္သူကမွ သူတို႔ေျခေထာက္ေတြကို စားပြဲခုံေတြဆီမတင္ရဲဘူးဆိုတာ က်န္းယြမ္ပိုင္ယုံၾကည္ေလသည္။ အထက္စီးဆန္လိုက္တဲ့လူ။

သို႔ေပတည္း သူနိုးေနၿပီဆိုရင္လည္း သူ႕မိဘေတြကို လွမ္းေျပာေပးဖို႔ ေလာင္ရွီးကို ဘာလို႔မေခၚရတာလဲ ?

ၾကည့္ရတာ ဒီေနရာမွာ ရွီပုဖန္တစ္ေယာက္တည္းသာ ရွိပုံပင္။

က်န္းယြမ္ပိုင္ စိတ္ထဲမွာ လြန္ဆြဲေနေလရင္း တံခါးကိုမဖြင့္ရဲခဲ့ေပ။ အခန္းတံခါးေရွ႕မွာ တစ္ခဏၾကာမတ္တပ္ရပ္ၿပီးေနာက္တြင္ အရပ္ရွည္တဲ့အမ်ိဳးသားဆရာဝန္တစ္ေယာက္က ေလွ်ာက္လာၿပီး သူ႕အားၿပဳံးျပလာသည္
“ ေဟ့ ကေလးေလး၊ မင္းဒီကို မင္းသူငယ္ခ်င္းဆီ လာလည္တာလား ?”

က်န္းယြမ္ပိုင္ နံရံဘက္ျမန္ျမန္ျပန္ကပ္လိုက္ၿပီး တြန႔္ဆုတ္စြာ ေခါင္းညိတ္လိုက္ေလသည္။

“ ငါသူ႕မိဘေတြကို ေက်ာင္းကေနတစ္ဆင့္ ဆက္သြယ္ထားၿပီးၿပီ။ ဒါေပမဲ့ သူတို႔ အခုထိ မေရာက္လာေသးဘူး။ ေကာင္းၿပီ၊ မင္းသတင္းရတာျမန္သားပဲ ”

ဆရာဝန္က စကားေျပာလိုက္ရင္း အခန္းတံခါးကို ဆြဲဖြင့္လိုက္ကာ ကုတင္ေပၚမွာ လဲေလ်ာင္း၍ လက္ကိုရင္ဘတ္မွာ ပိုက္ထားၿပီး မ်က္ႏွာၾကတ္အားၾကည့္ေနတဲ့ လူငယ္ေလးကို ေျပာလိုက္သည္။
“ ဒီမွာ ကေလးေလးတစ္ေယာက္ေရာက္ေနတယ္။ သူက မင္းသူငယ္ခ်င္းျဖစ္ေလာက္တယ္။ မင္းသူ႕ကို မွတ္မိလား မမွတ္မိဘူးလား ၾကည့္လိုက္ပါအုံး”

က်န္းယြမ္ပိုင္ဟာ တံခါးဝမွာပဲ ရပ္ေနၿပီး အထဲသို႔ မဝင္ရဲေပ။ ဆရာဝန္က သူ႕အား လက္ရမ္းျပလိုက္ၿပီး
“ အထဲကို ဝင္ခဲ့ေလ၊ တံခါးကို ျပန္ပိတ္ခဲ့အုံး ”

က်န္းယြမ္ပိုင္ဟာ ရွီပုဖန္ရဲ႕အျမင္ထဲသို႔ေျခလွမ္းကို  ျဖည္းျဖည္းခ်င္း တုံ႕ဆိုင္းစြာျဖင့္ ေ႐ႊ႕ၿပီး ဂ႐ုတစိုက္ေလွ်ာက္လွမ္းလာေလသည္။

ရွီပုဖန္၏ ထူးမျခားနားအၾကည့္က သူ႕မ်က္ႏွာထက္ က်ေရာက္လာၿပီး မသိစိတ္အေလ်ာက္ သူ႕လက္အားျမႇောက္ကာ ‘လာဘ္ေခၚေၾကာင္’ေလးတစ္ေကာင္ကဲ့သို႔ႏႈတ္ဆက္လိုက္ေလသည္။
“ နိ…”

“ မင္းကဘယ္သူလဲ? ”

က်န္းယြမ္ပိုင္ ရႈပ္ေထြးသြားေလသည္။

ဆရာဝန္က သက္ျပင္းခ်လိဳက္၏
“ ၾကည့္ရတာ သူဘယ္သူ႕ကိုမွ မမွတ္မိဘူးထင္တယ္”

က်န္းယြမ္ပိုင္က ဆရာဝန္ကို စိတ္ရႈပ္ေထြးစြာျဖင့္ ၾကည့္လိုက္သည္။

ဆရာဝန္၏ရွင္းျပခ်က္ကို ၾကားၿပီးတဲ့ေနာက္ သူ၏မယုံၾကည္နိုင္ေသာမ်က္ဝန္းေတြဟာ ျပဴးက်ယ္လာသည္။ စိတ္လႈပ္ရွားမႈေၾကာင့္ တုန္ယင္ေနတဲ့ သူ႕လက္ေတြကို ေက်ာပိုးအိတ္ေနာက္မွာ ဖြက္ကာထိန္းခ်ဳပ္ထားလိုက္သည္။
“ ဒီေတာ့ ေဒါက္တာေျပာခ်င္တာက …သူက သူ႕မွတ္ဉာဏ္ေတြကို ဆုံးရႈံးသြားတာလား? ”

ဆရာဝန္က ေခါင္းညိတ္ျပလိုက္ၿပီး ရွီပုဖန္ကို ေမးခြန္းအနည္းငယ္ထပ္ေမးလိုက္သည္။ သူျပန္ထြက္မသြားခင္မွာ က်န္းယြမ္ပိုင္အားေျပာလိုက္သည္။
“ ဒီေန႕ကစေနေန႕ဆိုေတာ့ မင္းတို႔မွာ အတန္းရွိမွာမဟုတ္ဘူး ။ အခုခဏေလာက္ေတာ့ သူနဲ႕ေနေပးလိုက္အုံး။ ငါမင္းတို႔ရဲ႕ေလာင္ရွီးေတြကို အသိေပးထားၿပီးၿပီ  သူတို႔ခဏေနေရာက္လာလိမ့္မယ္ ”

က်န္းယြမ္ပိုင္က သူ႕ႏႈတ္ခမ္းေထာင့္ေလး တြန႔္ေကြးတက္လာတာကို မထိန္းခ်ဳပ္ထားနိုင္ခဲ့။ သူခိုင္မာစြာေခါင္းညိတ္ျပလိုက္ၿပီး ေျပာလိုက္၏
“ ဟုတ္ကဲ့ပါ၊ ေဒါက္တာ ေက်းဇူးပါပဲ ”

လ်င္ျမန္စြာပင္ အခန္းထဲ၌ လူႏွစ္ေယာက္သာလွ်င္ က်န္ခဲ့ေတာ့သည္။

က်န္းယြမ္ပိုင္က သူ၏ေက်ာပိုးအိတ္သိုင္းႀကိဳးကို ဆုပ္ကိုင္ထားရင္း ရွီပုဖန္ ေအးေဆးစြာေမးလိုက္တာအား ၾကားလိုက္ရသည္။
“ မင္းကဘယ္သူလဲ? ”

“ ငါက….” က်န္းယြမ္ပိုင္၏စိတ္ဟာ ျမန္ဆန္စြာပဲေျပာင္းလဲသြားၿပီး ေျပာလိုက္သည္။
“ ၾကည့္ေလ၊ ငါကမင္းဆီကို လာလည္တဲ့ပထမဆုံးတစ္ေယာက္ဆိုေတာ့ ငါကမင္းရဲ႕ သူငယ္ခ်င္းေကာင္းတစ္ေယာက္ဆိုတာ သိသာေနတာပဲကို”

ရွီပုဖန္က ေခါင္းေမာ့လိုက္ၿပီး တစ္ဖက္လူ၏မ်က္လုံးထဲမွ ခက္ခက္ခဲခဲ ဖုံးကြယ္ေနရေသာပီတျဖစ္မႈေတြကို တစ္ခ်က္ၾကည့္လိုက္သည္။ သူမ်က္ခုံးပင့္၍ ေျပာလိုက္သည္။
“ အိုး? ”

သူငယ္ခ်င္းေကာင္းတစ္ေယာက္က ငါမွတ္ဉာဏ္ဆုံးရႈံးသြားတာကို ေပ်ာ္နိုင္တယ္ေပါ့ ?

**

စာေရးသူမွာ ေျပာစရာရွိတယ္ :

ရွီေကာ : ဒီကိစၥက လိမ္ညာထားသလိုပဲ
ယြမ္ယြမ္ : ေပ်ာ္႐ႊင္စြာလႈပ္ယမ္းေနေသာ teletubbies.GIF

ဒီဝတၳဳရဲ႕လက္ရွိစဥ္းစားထားမႈအရ shouက အလြန္အမင္း သူရဲေဘာေၾကာင္ၿပီး မဝံ့မရဲရွက္တတ္ေၾကာက္တတ္ပါလိမ့္မယ္၊ ၿပီးေတာ့ ငါ့ေရးသားမႈေတြမွာ Shouရဲ႕အက်င့္စရိုက္ေတြအရ သူခ်စ္မိသြားတဲ့အခ်ိန္ သူလဲနည္းနည္းလွည့္စားက်ီစယ္လိမ့္မယ္။ အျခားအရာေတြကိုေတာ့ မစဥ္းစားရေသးဘူး။

ယြမ္ယြမ္ပို႔တဲ့GIFက ဒီလိုမ်ိဳးေလးပါ

[Cora: နာမည္မွန္တဲ့ MCနဲ႕MLကလြဲလို႔ က်န္တဲ့နာမည္ေတြ C subနဲ႕တိုက္ၿပီး အတတ္နိုင္ဆုံး အမွန္ျပန္ျပင္ထားပါတယ္။ အဲ့ဒါေၾကာင့္ တခ်ိဳ႕ေနရာေတြ မျပင္လိုက္မိဘဲ က်န္ခဲ့လို႔ ေရွ႕ေနာက္နာမည္လြဲေနတာမ်ိဳးရွိရင္ တစ္ခ်က္ေျပာေပးၾကပါေနာ္🤎]

Seguir leyendo

También te gustarán

79.8K 14.2K 51
ကုကျိုး - မင်းမှာ ရောဂါရှိလား? ကုန်းရိထျန်းဟန် - မင်းမှာ ဆေးရှိလား? ကုကျိုး - မင်းမှာ ရောဂါရှိနေတာပဲ! ကုန်းရိထျန်းဟန် - ရောဂါရှိတော့ မင်းကကုနိုင်လို့...
229K 34.8K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
133K 21.4K 44
Novelနှင့်သက်ဆိုင်သည့်အချက်အလက်အားလုံးကို Description တွင် ထည့်ထားပါသည်။ Start Date - 9.12.2022 End date - ~Just Fan translation ~
2.4K 214 25
တစ်ခါမှမချစ်ဖူးတဲ့ထန်ရှောက်ဟာ ကောင်မလေးတစ်ယောက်ကို မြင်မြင်ချင်းချစ်မိသွားပါတယ် ဒါပေမယ့် သူမသိလိုက်တာက အဲ့ကောင်မလေးက မိန်းကလေးအဝတ်အစားဝတ်ထားတဲ့ ကောင်...