အပိုင္း ၁၀၀
~~~~~~~~~~
သူမ၏တီးခတ္ေဖ်ာ္ေျဖမႈပီးဆံုးသြားသည္ႏွင့္ မ်က္ႏွာတြင္အံ့ၾသမႈအျပည့္ႏွင့္ လ်ိဳ႕စစ္သည္ ေျပာလာသည္။ "မင္းက တေယာအႀကီးကို ေကာင္းေကာင္းမတီးတတ္ပါဘူးဆိုပီးေျပာေနေသးတယ္ ဒါတကယ့္ကိုေလွ်ာ့ေပါ့ပီးေျပာေနတာပဲ အမ်ားႀကီးေလ့က်င့္ေနၾကမဟုတ္တဲ့လူသစ္အေနနဲ႔ ဒါက တကယ့္ကိုအရည္အခ်င္းေတာ္ေတာ္ေလးရွိတယ္လို႔ ေျပာလို႔ရေနပီ"
လင္းရႈဝမ္သည္လည္းပဲ ယန္ရႈယြီအား ေထာက္ခံသည့္အေနႏွင့္ၾကည့္လိုက္သည္။ ယန္ရႈယြီအား သူမ၏လုပ္ေဖာ္ကိုင္ဖက္ကို ၫႊန္းေပးသည့္သူတစ္ေယာက္အေနႏွင့္ ယြမ္ေပါင္၏အေမသည္ တကယ့္ကိုအရည္အခ်င္းရွိသည့္သူတစ္ေယာက္မွန္း သိလိုက္ရတာေၾကာင့္ သူမဖက္က ပိုပီးစိတ္သက္သာရာရသြားသလို အလိုလိုခံစားမိသြားသည္။
ကၽြမ္းက်င္သူေတြဆီကေနပီး အခုလိုေကာင္းမြန္သည့္ေထာက္ခံစကားေတြကိုၾကားရသည့္အခါမွာေတာ့ ယန္ရႈယြီသည္ သူမကိုသူမဂုဏ္ယူမိသြားသည္။ ဒါေပမယ့္လည္း သူမသည္ ေထာင္လႊားျခင္းမရွိပဲ ႏွိမ္ခ်ပီးသာေနေနသည္။ သူမသည္ တစ္ျခားအရာေတြအမ်ားႀကီးႏွင့္ အလုပ္ရႈပ္ေနတာေၾကာင့္ က်ိဳးခ်င္းဟယ္မ်က္လံုးထဲက ျမင့္တက္လာသည့္စိတ္ဝင္စားမႈအရိပ္အေယာင္ကို သတိမထားမိလိုက္ေပ။
လ်ိဳ႕စစ္ႏွင့္လင္းရႈဝမ္တို႔ဖက္ကေနပီး ယန္ရႈယြီ၏အရည္အခ်င္းကို ႏႈတ္ကေနဖြင့္ဟပီးေထာက္ခံေနေပမယ့္ ယန္ရႈယြီကေနပီး သူတို႔ဆီမွာ အလုပ္လာလုပ္လို႔ရ မရဆိုတာကို ေသေသခ်ာခ်ာတိတိက်က်ေတာ့ မေျပာေသးေပ။ အခုေတာ့ ရန္က်ီဖန္ၾကားဝင္ရမည့္အခ်ိန္ေရာက္ပီေလ။ သူသည္ ျပံဳးကာေမးလိုက္သည္။ "ဆရာလ်ိဳ႕ ယန္ယန္ရဲ႕အရည္အခ်င္းက ဆရာ့ေက်ာင္းမွာ နည္းျပတစ္ေယာက္အေနနဲ႔ ဝင္လုပ္ဖို႔ လံုေလာက္ပီလို႔ ထင္ပါသလား?"
လ်ိဳ႕စစ္ေတာင္မွ ျပန္မေျဖရေသးခင္ တစ္ခ်ိန္လံုးအသံတိတ္ပီးထိုင္ေနသည့္ က်ိဳးခ်င္းဟယ္က ႐ုတ္တရပ္ၾကားျဖတ္ေျပာလိုက္သည္။ "မင္းက ဂီတသင္တန္းေက်ာင္းမွာ အလုပ္ဝင္လုပ္ခ်င္ေနတာလား?"
ေသခ်ာေပါက္ကို သူရည္ၫႊန္းသည့္ 'မင္း' ဆိုတာက ယန္ရႈယြီကို ေျပာတာျဖစ္သည္။
ေဘာ့စ္စိုက္ၾကည့္ခံလိုက္ရသည့္ ယန္ရႈယြီသည္ ၾကက္သီးထသြားပီး သူမေမွ်ာ္လင့္ေစာင့္စားေနမႈေလးကေတာ့ ေပ်ာက္ကြယ္ခါနီးပင္။ သူမဖက္ကေနပီး ဖာေထးေျပာဆိုဖို႔ ဘာမွမလုပ္ႏိုင္ေသးခင္မွာပဲ ရန္က်ီဖန္သည္ ၾကားထဲက ဝင္ေျပာလိုက္ေတာ့သည္။ "ဒါက ဒီလိုပါ ဆရာလ်ိဳ႕နဲ႔ဆရာမလင္းတို႔က ဂီတေက်ာင္းတစ္ေက်ာင္းကို စီမံကြပ္ကဲေနတာ သူတို႔က ယြမ္ေပါင္ကို အရမ္းသေဘာက်လို႔ တပည့္အျဖစ္လက္ခံခ်င္တယ္ တကယ္လို႔ ယန္ယန္ကလည္းပဲ အဲ့မွာ အလုပ္ဝင္လိုက္ႏိုင္ရင္ အေကာင္းဆံုးျဖစ္မယ္လို႔ ကၽြန္ေတာ္တိုပ ထင္တယ္ေလ ယြမ္ေပါင္က ငယ္ေသးတယ္ သူ႔နားမွာ မိဘပါအတူရွိေနရင္ အေကာင္းဆံုးပဲေပါ့ ..."
က်ိဳးခ်င္းဟယ္သည္ ဆိုင္ကို အႀကိမ္ေရေတာ္ေတာ္မ်ားမ်ားလာခဲ့ပီး မ်ားေသာအားျဖင့္ ပိတ္ရက္ေတြမွာလာေလ့ရွိသည္။ ရန္က်ီဖန္သည္လည္းပဲ ဆိုင္မွာရွိေနတာေၾကာင့္ သူသည္ ဆိုင္ကဝန္ထမ္းေတြၾကားက အတင္းသတင္းေတြကို အနည္းငယ္ေတာ့ၾကားထားသည္ေလ။
ရန္က်ီဖန္သည္ အရပ္ရွည္ပီးေခ်ာေမာသည့္သူေဌးတစ္ေယာက္ျဖစ္ပီး အမ်ားရဲ႕မ်က္လံုးထဲမွာ ေအာင္ျမင္သည့္သူတစ္ေယာက္ျဖစ္သည္ဆိုေပမယ့္ သူ႔ေနရာက ဘယ္မွာမွန္းေကာင္းေကာင္းသိသည္။ သူ႔မိသားစုက ေတာ္ေတာ္ေလးခ်မ္းသာတယ္ဆိုေပမယ့္ ႀကိႀကိတက္ခ်မ္းသာသည့္အဆင့္မ်ိဳးထဲေတာ့ မပါေပ။ အရမ္းကိုခ်မ္းသာသည့္အသိုင္းအဝိုင္းကလူေတြႏွင့္ အတူအလုပ္တြဲလုပ္ႏိုင္ဖို႔ဆိုတာကေတာ့ ေျပာမေနပါႏွင့္ေတာ့။ ဒါေၾကာင့္ က်ိဳးခ်င္းဟယ္အေပၚသူ႔ဖက္က ဆက္ဆံသည့္အျပဳအမူသည္ ဆိုင္ကတစ္ျခားဝန္ထမ္းေတြ၏အျပဳအမူႏွင့္ေတာ့ နည္းနည္းကြာသည္။ က်ိဳးခ်င္းဟယ္လို နတ္ဘုရားလိုအဆင့္ရာထူးလိုလူမ်ိဳးက အေဝးကေနေတာင္မွ ေလးစားအားက်ရသည္ေလ။ သူ႔ဖက္ကေနပီး ဒီလိုလူမ်ိဳးႏွင့္ ဆက္ႏြယ္ရမည့္ရည္ရြယ္ခ်က္မ်ိဳးလည္း မရွိေပ။
ဒါေပမယ့္လည္း ပတ္သတ္သည္ျဖစ္ေစ မပတ္သတ္သည့္ျဖစ္ေစ ဒီလိုေဘာ့စ္မ်ိဳးႏွင့္ စကားစျမည္ေျပာႏိုင္ရသည့္အခိုက္အတန္႔ရွိတာကပဲ ဂုဏ္ယူစရာျဖစ္ေနပီေလ။ ဒါေၾကာင့္ ရန္က်ီဖန္သည္ ဘာမွမထိန္ခ်န္ထားေတာ့ပဲ က်ိဳးခ်င္းဟယ္ေရွ႕တြင္ အကုန္ေျပာျပလိုက္သည္။ ယန္ရႈယြီမွာေတာ့ တားခ်င္ေတာင္မွ မမွီေတာ့ေပ။
ကံေကာင္းတာက မန္ေနဂ်ာရန္သည္ သူမဖက္ကေလ။ စကားထဲတြင္ ေကာင္းသည့္အခ်က္ေတြကို မ်ားမ်ားေလးထည့္ေျပာပီး သူမအား ကေလးအတြက္ အရာအားလံုးစေတးခံသည့္ အေမေကာင္းတစေယာက္လိုမ်ိဳးျဖစ္ေအာင္ ေျပာေပးသည္ေလ။
ရန္က်ီဖန္က ေျပာခ်င္ရာေတြေျပာေနသေလာက္ ေဘာ့စ္ကေတာ့ တစ္ခုပဲနားလည္လိုက္သည္။ သူသည္ ယန္ရႈယြီအား အျပံဳးမမည္သည့္အျပံဳးျဖင့္ ေမးလိုက္သည္။ "မင္းက အလုပ္ေျပာင္းခ်င္တာလား?"
ယန္ရႈယြီတစ္ေယာက္ မေကာင္းသည့္ခံစားခ်က္ေတြရေနသည္။ သူမသည္ ေတြေဝေနေပမယ့္ ျဖစ္ခ်င္ရာျဖစ္ဆိုကာ ေခါင္းညိမ့္ျပလိုက္ေတာ့ ေဘာ့စ္က ဘာမွမဟုတ္သလိုျဖင့္ စကားဆက္လာသည္။ "ေရွ႕ရက္တုန္းက မင္းကို က်ိဳးေကာ္ပိုေရးရွင္းမွာ အလုပ္ဝင္ဖို႔ ေမးတုန္းက ဒီလိုမဟုတ္ဘူးလားလို႔"
"ဘာ?! ေဘာ့စ္က်ိဳးက မင္းကို က်ိဳးေကာ္ပိုေရးရွင္းမွာ အလုပ္ဝင္ဖို႔ ေမးတယ္?!" ရန္က်ီဖန္သည္ ၾကားလိုက္ရသည့္စကားေၾကာင့္ အံ့ၾသထိတ္လန္႔သြားသည္။ လ်ိဳ႕စစ္သည္လည္းပဲ အခ်ိန္ကိုက္ဝင္ေျပာလာသည္။ "မင္းေျပာတာ အဲ့ဒီက်ိဳးေကာ္ပိုေရးရွင္း လား?"
ယန္ရႈယြီ : ".........."
Welp ... ဒါႀကီးက အေနရခက္လိုက္တာ။
...................
...................
အပိုင်း ၁၀၀
~~~~~~~~~~
သူမ၏တီးခတ်ဖျော်ဖြေမှုပီးဆုံးသွားသည်နှင့် မျက်နှာတွင်အံ့သြမှုအပြည့်နှင့် လျို့စစ်သည် ပြောလာသည်။ "မင်းက တယောအကြီးကို ကောင်းကောင်းမတီးတတ်ပါဘူးဆိုပီးပြောနေသေးတယ် ဒါတကယ့်ကိုလျှော့ပေါ့ပီးပြောနေတာပဲ အများကြီးလေ့ကျင့်နေကြမဟုတ်တဲ့လူသစ်အနေနဲ့ ဒါက တကယ့်ကိုအရည်အချင်းတော်တော်လေးရှိတယ်လို့ ပြောလို့ရနေပီ"
လင်းရှုဝမ်သည်လည်းပဲ ယန်ရှုယွီအား ထောက်ခံသည့်အနေနှင့်ကြည့်လိုက်သည်။ ယန်ရှုယွီအား သူမ၏လုပ်ဖော်ကိုင်ဖက်ကို ညွှန်းပေးသည့်သူတစ်ယောက်အနေနှင့် ယွမ်ပေါင်၏အမေသည် တကယ့်ကိုအရည်အချင်းရှိသည့်သူတစ်ယောက်မှန်း သိလိုက်ရတာကြောင့် သူမဖက်က ပိုပီးစိတ်သက်သာရာရသွားသလို အလိုလိုခံစားမိသွားသည်။
ကျွမ်းကျင်သူတွေဆီကနေပီး အခုလိုကောင်းမွန်သည့်ထောက်ခံစကားတွေကိုကြားရသည့်အခါမှာတော့ ယန်ရှုယွီသည် သူမကိုသူမဂုဏ်ယူမိသွားသည်။ ဒါပေမယ့်လည်း သူမသည် ထောင်လွှားခြင်းမရှိပဲ နှိမ်ချပီးသာနေနေသည်။ သူမသည် တစ်ခြားအရာတွေအများကြီးနှင့် အလုပ်ရှုပ်နေတာကြောင့် ကျိုးချင်းဟယ်မျက်လုံးထဲက မြင့်တက်လာသည့်စိတ်ဝင်စားမှုအရိပ်အယောင်ကို သတိမထားမိလိုက်ပေ။
လျို့စစ်နှင့်လင်းရှုဝမ်တို့ဖက်ကနေပီး ယန်ရှုယွီ၏အရည်အချင်းကို နှုတ်ကနေဖွင့်ဟပီးထောက်ခံနေပေမယ့် ယန်ရှုယွီကနေပီး သူတို့ဆီမှာ အလုပ်လာလုပ်လို့ရ မရဆိုတာကို သေသေချာချာတိတိကျကျတော့ မပြောသေးပေ။ အခုတော့ ရန်ကျီဖန်ကြားဝင်ရမည့်အချိန်ရောက်ပီလေ။ သူသည် ပြုံးကာမေးလိုက်သည်။ "ဆရာလျို့ ယန်ယန်ရဲ့အရည်အချင်းက ဆရာ့ကျောင်းမှာ နည်းပြတစ်ယောက်အနေနဲ့ ဝင်လုပ်ဖို့ လုံလောက်ပီလို့ ထင်ပါသလား?"
လျို့စစ်တောင်မှ ပြန်မဖြေရသေးခင် တစ်ချိန်လုံးအသံတိတ်ပီးထိုင်နေသည့် ကျိုးချင်းဟယ်က ရုတ်တရပ်ကြားဖြတ်ပြောလိုက်သည်။ "မင်းက ဂီတသင်တန်းကျောင်းမှာ အလုပ်ဝင်လုပ်ချင်နေတာလား?"
သေချာပေါက်ကို သူရည်ညွှန်းသည့် 'မင်း' ဆိုတာက ယန်ရှုယွီကို ပြောတာဖြစ်သည်။
ဘော့စ်စိုက်ကြည့်ခံလိုက်ရသည့် ယန်ရှုယွီသည် ကြက်သီးထသွားပီး သူမမျှော်လင့်စောင့်စားနေမှုလေးကတော့ ပျောက်ကွယ်ခါနီးပင်။ သူမဖက်ကနေပီး ဖာထေးပြောဆိုဖို့ ဘာမှမလုပ်နိုင်သေးခင်မှာပဲ ရန်ကျီဖန်သည် ကြားထဲက ဝင်ပြောလိုက်တော့သည်။ "ဒါက ဒီလိုပါ ဆရာလျို့နဲ့ဆရာမလင်းတို့က ဂီတကျောင်းတစ်ကျောင်းကို စီမံကွပ်ကဲနေတာ သူတို့က ယွမ်ပေါင်ကို အရမ်းသဘောကျလို့ တပည့်အဖြစ်လက်ခံချင်တယ် တကယ်လို့ ယန်ယန်ကလည်းပဲ အဲ့မှာ အလုပ်ဝင်လိုက်နိုင်ရင် အကောင်းဆုံးဖြစ်မယ်လို့ ကျွန်တော်တိုပ ထင်တယ်လေ ယွမ်ပေါင်က ငယ်သေးတယ် သူ့နားမှာ မိဘပါအတူရှိနေရင် အကောင်းဆုံးပဲပေါ့ ..."
ကျိုးချင်းဟယ်သည် ဆိုင်ကို အကြိမ်ရေတော်တော်များများလာခဲ့ပီး များသောအားဖြင့် ပိတ်ရက်တွေမှာလာလေ့ရှိသည်။ ရန်ကျီဖန်သည်လည်းပဲ ဆိုင်မှာရှိနေတာကြောင့် သူသည် ဆိုင်ကဝန်ထမ်းတွေကြားက အတင်းသတင်းတွေကို အနည်းငယ်တော့ကြားထားသည်လေ။
ရန်ကျီဖန်သည် အရပ်ရှည်ပီးချောမောသည့်သူဌေးတစ်ယောက်ဖြစ်ပီး အများရဲ့မျက်လုံးထဲမှာ အောင်မြင်သည့်သူတစ်ယောက်ဖြစ်သည်ဆိုပေမယ့် သူ့နေရာက ဘယ်မှာမှန်းကောင်းကောင်းသိသည်။ သူ့မိသားစုက တော်တော်လေးချမ်းသာတယ်ဆိုပေမယ့် ကြိကြိတက်ချမ်းသာသည့်အဆင့်မျိုးထဲတော့ မပါပေ။ အရမ်းကိုချမ်းသာသည့်အသိုင်းအဝိုင်းကလူတွေနှင့် အတူအလုပ်တွဲလုပ်နိုင်ဖို့ဆိုတာကတော့ ပြောမနေပါနှင့်တော့။ ဒါကြောင့် ကျိုးချင်းဟယ်အပေါ်သူ့ဖက်က ဆက်ဆံသည့်အပြုအမူသည် ဆိုင်ကတစ်ခြားဝန်ထမ်းတွေ၏အပြုအမူနှင့်တော့ နည်းနည်းကွာသည်။ ကျိုးချင်းဟယ်လို နတ်ဘုရားလိုအဆင့်ရာထူးလိုလူမျိုးက အဝေးကနေတောင်မှ လေးစားအားကျရသည်လေ။ သူ့ဖက်ကနေပီး ဒီလိုလူမျိုးနှင့် ဆက်နွယ်ရမည့်ရည်ရွယ်ချက်မျိုးလည်း မရှိပေ။
ဒါပေမယ့်လည်း ပတ်သတ်သည်ဖြစ်စေ မပတ်သတ်သည့်ဖြစ်စေ ဒီလိုဘော့စ်မျိုးနှင့် စကားစမြည်ပြောနိုင်ရသည့်အခိုက်အတန့်ရှိတာကပဲ ဂုဏ်ယူစရာဖြစ်နေပီလေ။ ဒါကြောင့် ရန်ကျီဖန်သည် ဘာမှမထိန်ချန်ထားတော့ပဲ ကျိုးချင်းဟယ်ရှေ့တွင် အကုန်ပြောပြလိုက်သည်။ ယန်ရှုယွီမှာတော့ တားချင်တောင်မှ မမှီတော့ပေ။
ကံကောင်းတာက မန်နေဂျာရန်သည် သူမဖက်ကလေ။ စကားထဲတွင် ကောင်းသည့်အချက်တွေကို များများလေးထည့်ပြောပီး သူမအား ကလေးအတွက် အရာအားလုံးစတေးခံသည့် အမေကောင်းတစယောက်လိုမျိုးဖြစ်အောင် ပြောပေးသည်လေ။
ရန်ကျီဖန်က ပြောချင်ရာတွေပြောနေသလောက် ဘော့စ်ကတော့ တစ်ခုပဲနားလည်လိုက်သည်။ သူသည် ယန်ရှုယွီအား အပြုံးမမည်သည့်အပြုံးဖြင့် မေးလိုက်သည်။ "မင်းက အလုပ်ပြောင်းချင်တာလား?"
ယန်ရှုယွီတစ်ယောက် မကောင်းသည့်ခံစားချက်တွေရနေသည်။ သူမသည် တွေဝေနေပေမယ့် ဖြစ်ချင်ရာဖြစ်ဆိုကာ ခေါင်းညိမ့်ပြလိုက်တော့ ဘော့စ်က ဘာမှမဟုတ်သလိုဖြင့် စကားဆက်လာသည်။ "ရှေ့ရက်တုန်းက မင်းကို ကျိုးကော်ပိုရေးရှင်းမှာ အလုပ်ဝင်ဖို့ မေးတုန်းက ဒီလိုမဟုတ်ဘူးလားလို့"
"ဘာ?! ဘော့စ်ကျိုးက မင်းကို ကျိုးကော်ပိုရေးရှင်းမှာ အလုပ်ဝင်ဖို့ မေးတယ်?!" ရန်ကျီဖန်သည် ကြားလိုက်ရသည့်စကားကြောင့် အံ့သြထိတ်လန့်သွားသည်။ လျို့စစ်သည်လည်းပဲ အချိန်ကိုက်ဝင်ပြောလာသည်။ "မင်းပြောတာ အဲ့ဒီကျိုးကော်ပိုရေးရှင်း လား?"
ယန်ရှုယွီ : ".........."
Welp ... ဒါကြီးက အနေရခက်လိုက်တာ။
.................