ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွ...

By melieee2

1.2M 131K 16.3K

Type : Web Novel Title :SAYE (Run Freely) Author : WuZhe Chapter - 145+ 5 extras Status -on going Main Lead... More

Saye's Synopsis
Part 1 (unicode)
Part1( Zawgyi)
Part 2 (unicode)
Part 2 ( Zawgyi)
Part 3 (unicode)
Part3 (zawgyi)
Part 4(unicode)
Part 4 (zawgyi)
Part5 (unicode)
Part 5(zawgyi)
Part 6(unicode)
Part 6 (Zawgyi)
Part 7(unicode)
Part 7(Zawgyi)
Part 8(unicode)
Part 8 (Zawgyi)
Part 9(unicode)
Part 9(zawgyi)
Part 10 (unicode)
Part 10 (Zawgyi)
Part 11(unicode)
Part 11 (zawgyi)
Part 12(unicode)
Part 12(zawgyi)
Part 13(unicode)
Part 13(Zawgyi)
Part 14(unicode)
Part 14(zawgyi)
Part15(unicode)
Part15(zawgyi)
Part 16(unicode)
Part 16(Zawgyi)
Part 17(unicode)
Part 17(Zawgyi)
Part 18(unicode)
Part 18(zawgyi)
Part 19(unicode)
Part 19(zawgyi)
Part 20(unicode)
Part 20( zawgyi)
Part 21(unicode)
Part 21(zawgyi)
Part 22(unicode)
Part 22(zawgyi)
Part 23(unicode)
Part 23(zawgyi)
Part 24(unicode)
Part 24(zawgyi)
Part 25(unicode)
Part 25(zawgyi)
Part 26(unicode)
Part 27(unicode)
Part 27(zawgyi)
Part 28(unicode)
Part 28(zawgyi)
Part 29(unicode)
Part 29(zawgyi)
Part 30(unicode)
Part 30(zawgyi)
Part 31(unicode)
Part 31(zawgyi)
Part 32(unicode)
Part 32(zawgyi)
Part 33(unicode)
Part 26(zawgyi)
Part 33(zawgyi)
Part 34(unicode)
Part 34(zawgyi)
Part 35(unicode)
Part 35(zawgyi)
Part 36(unicode)
Part 36(zawgyi)
Part 37(unicode)
Part 37(zawgyi)
Part 38(unicode)
Part 38(zawgyi)
Part 39(Unicode)
Part 39(zawgyi)
Part40(unicode)
Part40(zawgyi)
Part41(unicode)
Part41(zawgyi)
Part 42(unicode)
Part42(zawgyi)
Part 43(unicode)
Part 43(zawgyi)
Part 44(Unicode)
Part 44(zawgyi)
Part 45(unicode)
Part 45(zawgyi)
Part 46(Unicode)
Part 46(zawgyi)
Part 47(unicode)
Part 47(zawgyi)
Part 48(unicode)
Part 48(zawgyi)
Part 49(unicode)
Part 49(zawgyi)
Part 50(unicode)
Part 50(zawgyi)
Part 51(unicode)
Part 51(zawgyi)
Part 52(unicode)
Part52(zawgyi)
Part 53(unicode)
Part 53(zawgyi)
Part 54(unicode)
Part 54(zawgyi)
Part 55(unicode)
Part 55(zawgyi)
Part 56(unicode)
Part 56(zawgyi)
Part 57(unicode)
Part 57(zawgyi)
Part 58(unicode)
Part 58(zawgyi)
Part 59(unicode)
Part59(zawgyi)
Part 60(unicode)
Part 60(zawgyi)
Part 61(unicode)
Part61(zawgyi)
Part 62(unicode)
Part 63(unicode)
Part 63(zawgyi)
Part 64(unicode)
Part 64 (zawgyi)
Part 65(unicode)
Part 65(zawgyi)
Part 66(unicode)
Part 66(zawgyi)
Part 67(unicode)
Part 67(zawgyi)
Part68(unicode)
Part 68(zawgyi)
Part 69(unicode)
Part 69(zawgyi)
Part 70(unicode)
Part 70(Zawgyi)

Part 62(zawgyi)

3.7K 374 125
By melieee2

Chapter 62;

မေလ၁ရက်နေ့ ကျောင်းပိတ်ရက်များသည်
အလွန် တိုတောင်းလွန်းသည်။ စစ်စစ်တွင်မူ ကျောင်းပိတ်ရက်သည် ပုံမှန်ရ က်သတ္တပတ် ကျောင်းပိတ်ရက်ထက် တစ်ရက် ကလေးမျှ
ပိုတာဖြစ်၏။ကျောင်းပြန်တက်ရမည့်အချိန်
ကျလာလျှင်ကျောင်းပိတ်ရက်သည်ကျောင်း
သားကျောင်းသူများအတွက် ကျောင်းပိတ်
ရက်တစ်ရက်ပိုရတယ်လို့မခံစားမိကြ​ပေ။

ထို့ပြင်လောင်ရွှီကစားပွဲရှေ့မှာရပ်ပြီးမကြာမီ
ဖြေဆိုရမည့် အတန်းတင်စာမေးပွဲ အကြောင်း
ကျောင်းသား ကျောင်းသူများရဲ့နားစည်ထဲသို့
ဝင်အောင်ရိုက်သွင်းနေလျှက်ရှိသည်။ အတန်း
တင်စာမေးပွဲဖြေဆိုပြီးလျှင်၊သူတို့ တက္ကသိုလ်
ဝင်ခွင့်စာမေးပွဲကြီးကိုရင်ဆိုင်ဖို့အချိန်တစ်နှစ်
သာကျန်တော့မည်ဖြစ်ကြောင်းထပ်ကာတလဲ
လဲ သတိပေးနေ၏။

ကျန်ချန်သည်စားပွဲပေါ်တင်ထားသည့် မှတ်စု
စာအုပ်ပေါ်တွင်မေးစေ့တင်ထားပြီးတစ်ကိုယ်
လုံးကိုစားပွဲပေါ်မှာမှောက်ထား၏။သူကမျက်
လုံးတစ်ဝက်သာဖွင့်ထားပြီး လောင်ရွှီ၏ စိတ်
အားထက်သန်စွာ​ဖြင့် သတိပေးနေသည့်ဆုံးမ
စကားများနှင့်သူ့ ဘေးပတ်ပတ်လည် အတန်း
ဖော်များရဲ့တွတ်ထိုးသံများကိုနားထောင်နေခဲ့
သည်။

ကျန်ချန်ရဲ့အထင်တစ်တန်းလုံးက လောင်ရွှီရဲ့ သတိပေးစကားများဖြစ်သည့် အတန်းတင်စာ
မေးပွဲနှင့်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအ​ကြောင်း
မဟုတ်ပဲ၊ထိုအစီအစဉ်နှစ်ခုအလယ်ရှိနွေရာသီကျောင်းပိတ်ရက်အကြောင်းကိုသာ စိတ်ဝင်
စားကြသည်။

အထက်တန်းစီနီယာကျောင်းသားကျောင်းသူများစာသင်နှစ်ကိုစောစောတက်ရောက်ရမည့် အချက်အားဖယ်လိုက်လျှင်၊နွေရာသီကျောင်းပိတ်ရက်
တစ်ဝက်ဆိုသည့်အချိန်ကယခုသူတို့ဖြတ်သန်းခဲ့
သည့်ပိတ်ရက်သုံးရက်ထက်တော့ ပျော်စရာကောင်းနေဆဲ ဖြစ်သည်။ သူ့ဘေးမှာ ထိုင်နေသည့် အတန်းဖော်များဆိုလျှင် သူတို့ရဲ့​အလည်အပတ်အစီအစဉ်များကြိုတင်ဆွေးနွေးနေကြပြီဖြစ်သည်။

တစ်ချိန်လုံးခေါင်းငုံ့၍ဖုန်းသုံးနေသည့် ကုဖေး
ကို ကျန်ချန်ခေါင်းစောင်းပြီးမေးလိုက်တယ် ။
"နွေရာသီကျောင်းပိတ်ရက်မှာဘာလုပ်လေ့
ရှိလဲ ?။"

"အချိန်ပိုင်းအလုပ်လုပ်တယ် ။စတိုးဆိုင်ထိုင်
တယ်။ လီယန် နဲ့ တခြားသူတွေရဲ့ အရည်မရ
စကားတွေကိုနားထောင်တယ်။ တစ်ခါတလေ
အပြင်ထွက်ပြီး သောက်တယ်။"
ကုဖေးကဆက်ပြောသည်။
"ပြီးရင် ကုမြောင်နဲ့အချိန်ဖြုန်းတယ်။နွေရာ
သီ ကျောင်းပိတ်ရက်ဆို သူ(မ)ကို ပြန်လည်
ထူထောင်ရေးလေ့ကျင့်ခန်းတွေ စနစ်တကျ
လုပ်ပေးဖို့ အချိန်ပိုရတယ်။"

"....အိုး။"
ကျန်ချန် တိတ်ဆိတ်သွား၏။အသံနားထောင်
ကြည့်ရုံနှင့်ငြီးငွေ့ဖွယ်ကောင်းသည် နွေရာသီကျောင်းပိတ်ရက်နှင့်တူသည်။

ကုဖေးက ခပ်ဖွဖွပြောလာ၏။
" မင်း ငါနဲ့ အတူအချိန်ပိုင်းအလုပ်လုပ်ချင်လား?။တင်းကျူးရှင်း ဆီမှာအလုပ်ရှိတယ်။ သူ(မ)ဆိုင်အတွက်လည်းဟုတ်တယ်။သူ(မ) သူငယ်ချင်း
တွေလည်း ဖြစ်နိုင်တယ်။ "

တစ်နေ့ကျလျှင်သူ့နွေရာသီကျောင်းပိတ်ရက် အစီအစဉ်ထဲမှာ "အချိန်ပိုင်း အလုပ်" ဆိုသည့် ဝေါဟာရစကား ပေါ်လာလိမ့်မယ်လို့ ကျန်ချန် ဘယ်တုန်းကမျှမတွေးခဲ့ပေ။ဒါပေမယ့် နေ့စဉ် ကုန်ကျစရိတ်၊ အခန်းငှားခ ၊ ရေဖိုး ၊ ဖုန်း bill ၊
လာမည့် စာသင်နှစ်အတွက် ကျူရှင်စရိတ်နှင့်
သူ့ရဲ့ဘာမှန်းမသိသေးသည့်အနာဂတ်အတွက် ကုန်ကျစရိတ်များအားလုံးထည့်တွက်လျှင် သူ့
ပိုင်ဆိုင်မှုဖြစ်တဲ့bank cardသည်သူ့ကို အပြည့်
အဝအာမခံပေးစွမ်းနိုင်ရှိမှာမဟုတ်ပေ။

ထိုခဏတွင်နွေရာသီပိတ်ရက်မှာသူ စိတ်ပြေ
လက်ပျောက်အပန်းဖြေမည်ဟုစိတ်ကူးယဉ်ခဲ့
သမျှဘယ်လောက်ထိရူးမှန်းကျန်ချန်နားလည်
လာသည်။သူလေးလေးနက်နက်တွေးတောပြီး
ပြောလိုက်၏။
"မင်းလည်း အဲ့ဒီမှာရှိနေမှာလား ?။"

"အင်း ။ငါမသွားတဲ့နေရာဆိုရင် မင်းကို
အခုလိုမေးပါ့မလား။"

ကျန်ချန်​မေးလိုက်တယ်။
"မင်းကခါတိုင်းလည်း models တွေနဲ့ အဝတ်
အစားတွေကိုရိုက်နေကြလား ?။"

"အမြဲတမ်းတော့မဟုတ်ဘူး။ ငါ တခြားအလုပ်
တွေလည်းလက်ခံတယ်။ စီးပွားဖြစ် ထုတ်ကုန် ပစ္စည်းဘာညာရောပဲ။ လူ models တွေမပါတဲ့
အခါမျိုးဆို ဓာတ်ပုံရိုက်ရပိုလွယ်တယ်။"
ကုဖေးက ပြုံးသည်။
"ပြီးတော့ ငါ အချိန်အားရင်လည်း အားသလို တစ်သီးပုဂ္ဂလအသက်မွေးဝမ်းကြောင်း
လျှောက်လွှာအတွက်ဓာတ်ပုံရိုက်တယ်။
ဒါပေမယ့်,ဒီနှစ် လျှောက်လွှာတင်ဖို့အခွင့်အရေး လွတ်သွားတာ။"

"ချီး,မင်းရဲ့ အနုပညာက အရမ်း အထင်ကြီး
စရာကောင်းတာကိုဘာလို့လဲ ?မင်း အရင်က
ဘယ်နေရာမှာလျှောက်ခဲ့တာမလို့လဲ?။"

"မဂ္ဂဇင်းတိုက်တို့ , ဓာတ်ပုံပိုင်းတို့ , ပြီးတော့ ခရီးသွားလုပ်ငန်းတွေမှာ။ "
ကုဖေးက လက်ထဲမှာ ကိုင်ထားသည့် ဖုန်းကို
ချလိုက်၏။
"အဲ့အလုပ်တွေကပိုက်ဆံသိပ်မရဘူး။ဒါပေ
မယ့်,တခြားအလုပ်အကြောင်း ဆွေးနွေးတာ
ထက်ဒီအလုပ်ကငါ့ကိုတွန်းအားဖြစ်စေတယ်။"

ကုဖေးက  စာလေ့လာမှုအပိုင်းတွင် အာရုံစိုက်
မှုလုံးဝမရှိ​ပေ။သူသည် သူ့အနာဂတ်ပညာရေး အကြောင်းကိုဘယ်တုန်းကမျှမစဉ်းစားထားခဲ့ကြောင်းသိသာ၏။သို့သော် သူစိတ်ဝင်ဝင်စား
သည့်တစ်ခြားသောနယ်ပယ်တွင် အပြည့်အဝ
အာရုံစူးစိုက်နေချိန်မျိုးဆိုလျှင်အလွန်, အလွန်အထင်ကြီးလေးစားစရာကောင်းသည်။

အနာဂတ်တွင်,ကုဖေးကအဆင့်ရလဒ်များရဲ့ ထောက်ခံအားပေးမှုကိုသာမက ၊လက်ခံပံ့ပိုး
ပေးမည့်ကျောင်းတစ်ကျောင်းလည်းမလိုအပ်
ချေ။

သို့သော် အခြားတစ်ဖက်တွင်,ကျန်ချန်က သူ့
ကိုယ်သူ တိုင်းတာဖို့ရန်အတွက် အဆင့်ရလဒ်
များကိုအသုံးပြုခဲ့ရသည်။သူ ကူကယ်ရာမဲ့စွာ
ကုဖေးရဲ့အေးဆေးတည်ငြိမ်မှုကြောင့်မလွယ်
ကူသလိုမျိုးခံစားလာရ၏။

ဖန်းက်ျကပြန်ရောက်သွားသည်နှင့်တလောက အလည်အပတ်ခရီးစဉ်တွင်ရိုက်ကူးခဲ့ကြသည့် ဓာတ်ပုံအားလုံးပို့ပေးလာသည်။သူကပုံများကို
ဖိုင်လုပ်ပြီး ကျန်ချန်ဆီ သီးသန့် ပို့ပေးလာ၏။

"ငါ နားလည်တယ်တာသိတယ်မလား?။"
ကျန်ချန် ဓာတ်ပုံများကို တစ်ပုံချင်း ဆွဲကြည့်
ရင်းဆက်ပြောလိုက်သည်။
"ဖန်းကျိက memes လုပ်တဲ့နေရာမှာ တကယ်
ကျွမ်းတယ်။"

"အင်း။"
ကုဖေးကသူ့အနားသို့တိုးလာပြီးသူနှင့်အတူ
ဓာတ်ပုံတွေကိုကြည့်လာ၏။
"သူ့အရည်အချင်းက မင်းရဲ့မျက်နှာကိုတော့
မယှဉ်နိုင်ဘူး။"

"ငါ မင်းကို ပြန်ပြီး မြှောက်ပင့်ပေးဖို့
လိုသေးလား?။"

ကုဖေးကပြန်ဖြေသည်။
"မလိုဘူး။ ငါကြည့်ကောင်းတာ ငါသိတယ်။ "

"ချီး!"
ကျန်ချန် သူ့ကို မျက်စိစွေကြည့်လိုက်၏။
"မင်းကစိတ်ကြီးဝင်တတ်တဲ့သူဆိုတာ မင်းရဲ့ fangirlsတွေလည်းသိလား ?။"

"နိုး,ငါက ကောင်းကောင်းဖုံးထားနိုင်တယ်။"
ကုဖေးကရယ်လာသည်။
"ဒါပေမယ့်, မင်းကမှ တကယ် စိတ်ကြီးဝင်
နေတဲ့သူဆိုတာတော့ ငါသိတယ်။ "

"သွားစမ်း!။"
အတန်ချိန်မကုန်ခင်တွင် သူအရင်ရက်ကဖြေ
ပြီးသွားသည့်အဖြေလွှာများအားလုံးကို ယူပြီး
လောင်ရွှီရုံးခန်းသို့ကျန်ချန်သွားခဲ့သည်။

လောင်ရွှီရဲ့စိတ်ကျေနပ်နေသည့်မျက်နှာနှင့်
အဖြေစာရွက်ကိုလှန်လှောကြည့်​နေ၏။
"မင်းအတွက် အမှတ်ခြစ်ပေးမယ့် ဆရာ၊
ဆရာမတွေရှာလိုက်မယ်။မင်းရဲ့အရှိန်ကို
မလျော့ပစ်လိုက်နဲ့။ အတန်းတင် စာမေးပွဲ
အတွက် မကြာခဏ ဓာတ်ဆီလောင်းပေး
နေရမယ်။"

"ဟုတ်ကဲ့။ "
ကျန်ချန် ခေါင်းညိတ်လိုက်တယ်။

ကုဖေးရဲ့ဒဏ်ရာရသည့်ခြေထောက်ကအရင်
ထက်ပိုကောင်းလာသည်။သူကမတ်တပ်ရပ်ဖို့အတွက်အကူအညီအနည်းငယ်သာ လိုအပ်ပြီး ဖြေးဖြေးချင်းလမ်းလျှောက်လို့ရပြီဖြစ်သည်။

သူခြေတစ်ပေါင်ကျိုးခုန်ဆွခုန်ဆွသွားသည့်
အခါတွင်လည်းသူ့လက်မောင်းကိုတွဲပြီးထိန်း
ပေးဖို့ရန် တခြားလူမလိုအပ်တော့ပေ။ ဆရာ
ဝန်ကုဖေးရဲ့အကြံအစည်အရဆိုလျှင်
နောက်တစ်ပတ်နေရင် ကျပ်စည်း စည်းထား
တာဖြည်လို့ရပြီဖြစ်သည်။

သူတို့ကျောင်းဂိတ်သို့ အတူထွက်လာသည့်
အခါ၊ဒီရက်သတ္တပတ်လုံးမမြင်ရသေးသည့်
ကုမြောင်ကို ကျန်ချန်တွေ့လိုက်ရသည်။

ထို့ပြင် ကုမြောင်ရဲ့ နောက်ကျောပေါ်တွင်
ချိတ်ဆွဲထားတဲ့အရုပ်လေးတစ်ရုပ်...

"ဒါက ..."
ကျန်ချန် ခဏရှုပ်ထွေးသွား၏။ထို့နောက် သူ
ကုမြောင်ဆီ လျှောက်သွားလိုက်ပြီး ထိုအရုပ်
အားအနီးကပ်မြင်ရသည်အထိ ခန္ဓာကိုယ် ကို
ညွှတ်လိုက်သည်။ အရုပ်သည် သိပ်မကြီးပေ။
သို့သော်, ၎င်းက လွယ်အိတ်တစ်အိတ်အရွယ်
နေရာယူထား၏။ထို့အပြင် အရုပ်ရဲ့လည်ပင်း
တွင်ကြိုးတစ်ကြိုးနှင့်ချည်ထား၏။
ထိုကြိုးချည်ထားသည့် အရုပ်ကို ကုမြောင်ရဲ့ နောက်ကျောအိပ်ကပ်မှာရှိနေသည့် ကြယ်သီး
လုံးတွင်ချိတ်ဆွဲထားတာဖြစ်၏။

သူမြင်နေသည့် မြင်ကွင်းကစကားလုံးနှင့်
အဓိပ္ပါယ် ဖော်ပြဖို့ရန် ခက်ခဲလွန်းသည်။

"သူ(မ)ကိုယ်တိုင် ဒီလိုလုပ်ပေးဖို့ တောင်းဆို
ထားတာ ။"
ကုဖေးက ပြောလာသည်။
"ငါ သူ(မ)ကို ကြိုးချည်နည်းလေး သင်ပေးဖို့
နှစ်ရက်အချိန်ယူရတယ်။"

"သူ(မ)ကို ကြိုးချည်နည်း သင်ပေးဖို့ နှစ်ရက်
အချိန်ယူရတယ် ?"
ကုမြောင်ကအပေါင်းအနုတ်ကိုမနည်း ရုန်းကန်
နေရတာကျန်ချန်သိထားသည်။ထို့​ကြောင့်
ကုမြောင်က စိတ်တွက်သင်္ချာမှာသာအားနည်း
ပြီး သူမရဲ့လက်ကကောင်းကောင်းအလုပ်လုပ်
နိုင်စွမ်းရှိတာတွေ့လိုက်ရသည်။ထို့အပြင် သူမက စကိတ်ပေါ်မှာဆိုလည်း အရမ်း အထင်ကြီးစရာကောင်းသည်။

"အင်း။"
ကုဖေးက ကုမြောင်ကို လှမ်းကြည့်​နေ၏။
"တစ်ခါတလေကျရင် အရမ်းပင်ပန်းဖို့ကောင်း
တယ်လို့ ငါတွေးမိတယ်။ ငါ သူ(မ)ကိုသင်ပေးဖို့ ဘယ်လောက်ကြိုးစား, ကြိုးစား သူ(မ)က အလေးအနက်မထားဘူး။"

ကျန်ချန်နှုတ်ဆိတ်နေလိုက်၏။ထိုအစားစက်
ဘီးရပ်ထားသည့်နေရာဆီ ကုဖေးနှင့်အတူတူ လျှောက်သွားပြီးစက်ဘီးကိုထုတ်လိုက်တယ်။
သူစက်ဘီးပေါ်တက်ခွပြီး စက်ဘီးစနင်းလိုက်
တာနှင့်ကုမြောင်ကချက်ချင်းစကိတ်ပေါ်တက်
ကာသူတို့နောက်သို့အမှီလိုက်လာ၏။

ကုမြောင်ရဲ့အပြတ်မိမိုက်နေသည့် လှုပ်ရှားမှုများ,မျက်နှာအမူအယာများကမသေမျိုးလော
ကတစ်ခုလုံးကို အထင်သေးနေသယောင် ။

ထိုရှုပ်ပွပြီးမညီမညာဖြစ်နေသည့် ဆံပင်
စတိုင်ကိုသာဖယ်ထားလိုက်လျှင်

ခြေထောက်တစ်ဖက်တည်းသုံးကာဖြည်း
ဖြည်းချင်းစက်ဘီးနင်းနေသည့်ကုဖေးကို
ကျန်ချန်လှည့်ကြည့်လိုက်၏။
"သူ(မ)ကို ဆံပင်ညှပ်ပေးဖို့ပိုက်ဆံကိုလီယန်
ကိုမပေးဘူးမလား?။မင်းငါ့ဆီကကလိမ်ကျ
ပြီး ယူသွားတဲ့ ယွမ်ငါးဆယ်ကို မင်းလက်ထဲ
မှာ ဘယ်အချိန်ထိ ကိုင်ထားမလို့လဲ ?။"

"ငါ သူ့ကို အခုပဲ ခေါ်လိုက်မယ်။"
ကုဖေးက အိပ်ကပ်ထဲမှ ဖုန်းကို ထုတ်လိုက်သည်။
"မင်းလည်း ဆိုင်မှာစားမှာမလား ?။ငါ့ကို ခဏလောက်အဖော်လုပ်ပေး။"

ကျန်ချန်ခေါင်းညိတ်လိုက်တယ်။
"အင်း။အင်း။"

မေလ၁ရက်နေ့ပိတ်ရက်နောက်ပိုင်းသူတို့နှစ်
ယောက်အတူရှိချိန်များများမရှိပေ။ ကျောင်း
ပြန်ဖွင့်သည့်အခါ ၊ကုဖေးရဲ့အမေက တစ်ခုခု
စိတ်သောကရောက်နေသကဲ့သို့ဆိုင်ထဲမှာတစ်
နေ့လုံးငေးငေးငိုင်ငိုင်နှင့်လာထိုင်တတ်သည်။
ထို့ကြောင့်ကုဖေးနှင့်ကုမြောင်က သူတို့ရဲ့မွေး
အမေကို မျက်စိဒေါက်ထောက် လိုက်ကြည့်နေ
ကြသည်။

ကျန်ချန် မေးလိုက်တယ်။
"မင်းအမေ အဆင်ပြေလား ?။"

"ငရဲပဲ သိလိမ့်မယ်။ "
ကုဖေးက လီယန်ဆီသို့ မက်ဆေ့ခ်ျ တစ်စောင်
လှမ်းပို့လိုက်၏။
"တခြားယောက်ျားတစ်ယောက်ယောက်နဲ့
တွဲနေတာနေမှာ ။ ငါလည်း မသိဘူး။"

ကျန်ချန် သက်ပြင်းချလိုက်သည်။
"ဒါပေမယ့်,သူ(မ) ဘာလို့ အခုလိုလုပ်ရတာလဲ ?။"

"ငါ သူ(မ)ကို အထူးပြုဆရာဝန်ဆရာနဲ့သွားပြ
ကြည့်ဖို့ ပြောတုန်းက သူ(မ)က ငါ့ကို ပြူးပြူး
ပြဲပြဲကြည့်လာတာ။"
ကုဖေးက ဆက်ပြောသည်။
"ငါထပ်ပြီး စိတ်အနှောင့်အယှက်မဖြစ်ချင်
ဘူး။ ဒါပေမယ့် သူ(မ)က သူတို့ကို အိမ်ခေါ်
လာရဲရင် ခေါ်ကြည့်၊ ငါ့မျက်လုံးထဲမှာ တွေ့
သမျှလူတိုင်းကို ဆော်ပလော်တီးပေးလိုက်မယ်။"

"ပြီးခဲ့တဲ့ တစ်ခေါက်တုန်းကလိုမျိုးလား?။"

ကုဖေးက ပုံမှန်မဟုတ်သည့် အပြုံးမျိုး ပြုံး
နေသည်။
"အင်း။ "

"သူတို့ကိုမမြင်မကန်းနဲ့ဇွတ်မရိုက်သင့်ဘူး။
နောက်တစ်ကြိမ်ကျ လူကောင်း ဖြစ်နေရင်
ဘယ်လိုလုပ်မလဲ?။ "
လူတစ်ယောက်လုံး သစ်ပင်ကိုယ်ထည်ဆီ
လွဲယမ်းပြီး ပစ်ပေါက်ခံရသည့်မြင်ကွင်းကို
ကျန်ချန်ပြန်မြင်ယောင်လာ၏။သူ့နှာတံရိုး
ဆီကနေ နံရိုးထိ သူ့တစ်ကိုယ်လုံးမသိမသာ
နာကျင်လာသလိုမျိုးခံစားလိုက်ရသည်။

"သူ(မ)ရဲ့ စကားချိုချို ပြောတိုင်းအယုံလွယ်
တာ ,သူ(မ)ကိုယ်သူ(မ)ဆယ်ကျော်သက်နှလုံး
သားလေးလို့စိတ်ကူးယဉ်နေသရွေ့၊သူ(မ)က
ဒီလိုမျိုးနေရာက​လူကောင်းတစ်ယောက်ကို ရှာ
လာနိုင်ရင် ငါ လမ်းပေါ်မှာဝတ်လစ်စားလစ်နဲ့
တောင် လျှောက်ပြလိုက်မယ်။"

ကျန်ချန် သူ့ကိုကြည့်ပြီး ခဏရယ်လိုက်ပြီး
နောက် သက်ပြင်းထပ်ချမိသည်။

ဆံပင်ညှပ်ဆရာလီလို့ပြောလို့ရသည့်စားဖိုမှူးလီ
သည်ချက်စရာပြုတ်စရာ အိတ်ကြီးတစ်အိတ်နှင့်
ဆိုင်ထဲသို့ဝင်လာသည်။ ဒါပေမယ့်,  သူကဆိုင်ထဲ
သို့ ဝင်လာလာချင်းမှာ ကုမြောင်
နှင့်သူမရဲ့နောက်ကျောပေါ်ကအရုပ်တစ်ရုပ်ကို
မြင်လိုက်သည့်အခါ ကြောင်အမ်းသွား၏။
"ငါတို့ ဆိုင်ထဲမှာ သည်းထိတ်ရင်ဖို ဇာတ်လမ်းတွဲရိုက်မလို့လား ?။"

ထိုအခါ ငွေရှင်းကောင်တာအနောက်မှာထိုင်ပြီး စာရင်းစစ်နေသည့် ကုဖေးကမေး၏။
"ဘာ သည်းထိတ်ရင်ဖို ဇာတ်လမ်းတွဲလဲ ?။"

"ညီမလေးနှင့် သူ(မ)ကျောပေါ်က အရုပ်။"
ကျန်ချန်နှင့် လီယန်က တစ်ပြိုင်နက်တည်း
ပြောလိုက်၏။

"အားမြောင်။"
ကုဖေးက ကုမြောင်နာမည်ကိုလှမ်းခေါ်လိုက်
၏။
"ကိုကို လီယန်ကို အပြင်ကန်ထုတ်ပစ်လိုက်။"

ကုမြောင်ကစကိတ်ပေါ်တက်ကာ လီယန့်ခြေ
ထောက်နားထိလှိမ့်သွားသည်။ထိုအခါလီယန်
ကတံခါးပေါက်ထိနောက်ပြန်ဆုတ်ရင်း ကုဖေး
ကိုလက်ညိုးငေါက်ငေါက်ထိုး၍ အော်ဟစ်လာ
သည်။
"အခုရက်ပိုင်း ငါ မင်း အကြောင်းကို ဘယ်
လောက်တောင်ဖွချင်နေလဲဆိုတာသိရဲ့လား?"

ကုဖေးကပြန်ဖြေသည်။
"ငါလည်း ငါတို့ရဲ့သူငယ်ချင်းဆက်ဆံရေးကို ငမ်းငမ်းတက်တက်မက် နေလို့ လား?။"

"နည်းနည်းတုန်လှုပ်နေသင့်တာပေါ့။ မင်းက
ငါနဲ့ကစားရတာပင်ပန်းသွားတော့ ငါ့ကို အခု
လိုမျိုး မောင်းထုတ်တာလား!။ "

"ဆက်အော်နေ!"
ကုဖေးက လမ်းဘက်ကို လက်ညှိုးထိုးပြလိုက်
သည်။
"နည်းနည်းကျယ်ကျယ်အော်။မင်းအသံကို လူ
ဆယ်ယောက်အထက်ကြားရင် , ငါ မင်းကို ငါ့
အရိုးတွေ ချိုးခွင့်ပေးမယ်။"

လီယန်ကတံခါးပေါက်နားထိ နောက်ဆုတ်နေ
ရင်း လူပြောင်းကာအော်ဟစ်လာသည်။
"ကုအားမြောင်...., ဒီနှစ်အတွင်းတည်ဆောက်
ခဲ့တဲ့ ငါတို့ကြားကသံယောဇဉ်ကဘယ်ရောက်
သွားတာလဲ?။"

"လီယန်,"
ကျန်ချန် ခဏတုံ့ဆိုင်းနေပြီးမှ ကောင်တာ
ဆီ လျှောက်သွားလိုက်၏။
"သိနေတာလား။? "

"မသိဘူး။ ငါသူ့ကိုမပြောရသေးဘူး။"
ကုဖေးက သူ့ကိုမော့ကြည့်လာသည်။
"ဒါပေမယ့်,အကဲခတ်ကြည့်ရသလောက်သူသတိ
ထားမိတယ်ထင်တယ်။ငါတို့ကဒီအကြောင်းတွေ
ပြောလေ့ပြောထ မရှိဘူး။
မင်းက သူတို့ကို ပြောပြစေချင်လို့လား?။"

"မဟုတ်ဘူး။ဒီအတိုင်းလည်းအဆင်ပြေတယ်"
ကျန်ချန် ခေါင်းယမ်းလိုက်တယ်။
"တမင်လိုက်ပြောတာ ကြောင်လွန်းတယ်။"

ကုဖေး၊လီယန်နှင့် တခြားသူများသည် အချိန်
တိုင်းအတူအချိန်ဖြုန်းနေကြတာ မဟုတ်သော်
လည်း၊သူမြင်တွေ့နေရသလောက်တော့သူတို့
ကြားကခိုင်မြဲလှသည့်သံယောဇဉ်ကြိုးတွေက
ရက်နည်းနည်းနှင့်ဖြစ်တည်လာတာမျိုး မဟုတ်
ချေ။ကျန်ချန်သည် ကုဖေးအား တမင်လိုက်ပြော
နေတာ မလုပ်ခိုင်းသည့် အကြောင်းအရင်းလည်း
၎င်းကြောင့်ဖြစ်သည်။ထိုသူငယ်
ချင်းတစ်သိုက်ရဲ့ စည်းလုံးမှု အင်အားကိုဖျက်စီး
ဖို့ စဉ်းစားမိသည့် ဘယ်သူမဆို နာလန်မထူအောင်ဖြစ်သွားလိမ့်မည်။

အပြင်တွင် ကုမြောင်နှင့် တစ်ပွဲတစ်လမ်း နွှဲ
ပြီးသွားသည့်အခါလီယန်ကချက်စရာပြုတ်
စရာအိတ်ကြီးနှင့်အတူဆိုင်ထဲသို့ပြန်ဝင်လာသည်။
"ငါတို့လေးယောက်တည်းပဲဆိုတော့ငါ မြန်မြန်လေးကျက်တဲ့ဟာပဲချက်လိုက်မယ်။ "

ကုဖေးကခေါင်းညိတ်လိုက်၏။
"သဘောပဲ။ "

လီယန့်ပုံစံကချက်ပြုတ်တတ်သည့် သူတစ်
ယောက်နှင့်လုံးဝမတူ​ပေ။ ဒါပေမယ့်,  သူက
ကုဖေးဆိုင်မှာအခေါက်တိုင်းချက်ပြုတ်လေ့
ရှိသည်။လီယန့်လက်ရာကမထူးမခြားနားဆိုသော်လည်း၊လီယန်သာဆိုင်မှာရှိလျှင် အစား
အသောက်တွေကိုချက်ပြုတ်ရသည့်သူက
သူတစ်ယောက်တည်းဖြစ်သည်။

ဒါပေမယ့်, သူ့ရဲ့အချက်အပြုတ်စွမ်းပကားက အတော်လျှင်သည်။ နောက်ဆုံး တစ်ကြိမ်တုန်း
ကသူဖတ်ဖို့ဆိုပြီးဖန်းကျိကသူ့အတွက်ပို့လိုက်
သည့်ပုံနှိပ်စာအုပ်များထဲမှတစ်အုပ်ကိုကျန်ချန်ဆွဲထုတ်လိုက်သည်။သူ စာမျက်နှာအနည်း
ငယ်လှန်လောဖတ်ပြီးချိန်တွင် သူ့ရှေ့က စားပွဲ
ခုံပေါ်မှာဟင်းပန်းကန်များ အသင့်ရောက်နေခဲ့ပြီဖြစ်သည်။

"မြန်မြန် စားရအောင်။"
လီယန်က စားပွဲဝိုင်းမှာ ထိုင်လိုက်၏။
"ထမင်းစားပြီးပြီရင် ငါ ကုမြောင်ဆံပင်ကို
ညှပ်ပေးခဲ့မယ်။ ငါ့မှာ ညကျလုပ်စရာတွေ
ရှိသေးတယ်။ "

"ဘာလုပ်စရာ ရှိလို့လဲ ?။"
ကုဖေးလည်း ထမင်းစားပွဲဝိုင်းမှာ ဝင်ထိုင်
လာသည်။

"ပျော်စရာလေးတွေပေါ့။"

ကုဖေးကမေးနေ၏။
"မင်း တစ်ချိန်လုံး အိမ်တစ်ခေါက်မှ မပြန်သေး
တာလား ?။ "

လီယန့် မျက်နှာက မှုန်ကုပ်ကုပ်သွားသည်။
"ဘာအတွက် အိမ်ပြန်ရမှာလဲ ?။"

ကျန်ချန်က ထမင်းပန်းကန်လုံး တစ်လုံးကို
ယူပြီးတိတ်ဆိတ်စွာညစားစားနေခဲ့သည်။
လီယန်အိမ်မပြန်ချင်သည့်အကြောင်းအား
ကုဖေးသူ့ကိုပြောဖူးသည်။သူ့ဘေးတွင်သူ့
ကိုထိုကဲ့သို့ ဆရာလုပ်မည့်သူတစ်ယောက်
မျှမရှိသည့်အချက်ကို တစ်ခါတစ်ရံသဘော
ကျလာသည်။

ကိစ္စမရှိ​ပေ။ အနည်းဆုံးတော့ ဒီလိုမျိုးကိစ္စ
ကြောင့် သူက သူ့မိသားစုနှင့် အကြီးအကျယ် အငြင်းပွားရမည့်ကိစ္စမျိုးမရှိလာတော့ဘူး။

သူလီပေါင်ကော်အကြောင်းတွေးမိသည့်အချိန်
စိတ်ဘဝင်မကျသလိုခံစားနေရဆဲပင်။

လီပေါင်ကောသည်သူ့ကိုမဆက်သွယ်တာ အချိန်တော်တော်ကြာပြီဖြစ်သည်။ထို့ကြောင့်သူစိုးရိမ်ရမည်လား?  စိတ်သက်သာရာရမည်လားမသိတော့​ပေ။ အနာဂတ်တွင် သူ့အတွက် စောင့်ကြိုနေမည့်အပြောင်းအလဲတစ်ချို့အား သူကိုယ်တိုင်လည်း
သိချင်မိသည်။

ဆံပင်ညှပ်ပေးသည့် ဖြစ်စဉ်တစ်လျှောက်လုံး
ကုမြောင်ကအရမ်းလိမ္မာသည်။သူမက လည်
ပင်းတွင်အဝတ်တစ်ခုပတ်ထားပြီးကောင်တာ
ပေါ်တွင်မလှုပ်မယှက်လေးထိုင်ကာလီယန်က
သူမရဲ့ဆံပင်ညှပ်ပေးတာအား စိတ်ရှည်လက်
ရှည်ခွင့်ပြုပေးထားသည်။

ကျန်ချန်သည်ထိုင်ခုံကိုကျောမှီပြီးစာအုပ်ဖတ်
နေရာကနေ ကုမြောင်ကို တစ်ချက်လှမ်းကြည့်လိုက်၏။
"ဆံပင်ရှည်လာရင် ပိုကြည့်ကောင်းမယ့် ဆံပင်
ပုံစံမျိုး  သူ(မ)ကိုမညှပ်ပေးတာလဲ ?။သူ(မ)က ကလေးပဲ ရှိသေးတယ်။"

"ငါလည်း မင်းလိုမျိုးတွေးခဲ့ဖူးတယ်။ "
လီယန်က သက်ပြင်းချသည်။
"ဒါပေမယ့်,ညှပ်ပေးလို့မဖြစ်ဘူး။ဆံပင်တွေ
ပြန်ရှည်လာရင် သူ(မ)ကအဲ့ဆံပင်တွေကိုဝါး
စားလိမ့်မယ်။ဆံပင်အရှည်ကိုလျှော်ဖို့အချိန်
အကြာကြီးယူရတဲ့အခါ သူ(မ)ရူးသွပ်သွား
မယ့် ကိစ္စကိုပြောနေစရာမလိုတော့ဘူး။"

ကုဖေးကဝင်​ပြောသည်။
"ဒါဆိုရင် နောင်ကျရင် သူ(မ)ကို ဆံပင်တုပဲ
တပ်ခိုင်းလိုက်ရအောင်။ "

ထိုအခါ လီယန်ကပြန်ဖြေ၏။
"သူ(မ)က ဆံပင်တုကိုတကျွတ်ကျွတ်မြည်
အောင်ဝါးစားမှာမကြောက်ဘူးလား?။"

"ဘယ်သူသိမှာလဲ?နောက်ကျ ပြသာနာသစ်တွေကြောင့်သူ(မ)ကတိုးတက်လာနိုင်တယ်။
ပြီးတော့ဆံပင်ဝါးစားတာလည်းပျောက်သွား
လိမ့်မယ်။"
ကုဖေးက လက်မောင်းနှစ်ဖက်ကိုမြှောက်ကာ
အကြာဆန့်လိုက်သည်။ထို့နောက်ခြေထောက် တစ်ဖက်ဆန့်ထုတ်ပြီးကုမြောင်ရဲ့ခြေထောက်
ကို အသာလှမ်းကန်လိုက်၏။
"ဟုတ်တယ်မလား?။"

ကုမြောင် ဗလာဖြစ်နေသည့် အမူအယာနှင့်
သူ့ကိုလှည့်ကြည့်လာသည်။

ကုဖေးက သူမခြေထောက် ဖွဖွထပ်ကန်
လိုက်သည်။
"မင်းမှာ မင်းအစ်ကိုကြီးကို အခုထိမပြောပြ
သေးတဲ့ ပြသာနာရှိသေးလား ?။"

ကုမြောင်က မျက်နှာသေနှင့်သာ သူ့ကို
ကြည့်လာ၏။

"မြန်မြန် အသက်ကြီးလာတော့။"
ကုဖေးကဒူးဆစ်ပေါ်မှာတံတောင်ဆစ်ကို
တင်ကာ မေးတင်လိုက်ပြီးသူမကိုကြည့်​နေ၏။
"ငါ့ကို စိတ်ပူရအောင် မလုပ်နဲ့။
ဟုတ်ပြီလား ?။"

လီယန်သည် ကုမြောင်ကို နားရွက်အောက်နား
ထိရှည့်သည့်ချစ်စရာကောင်းသည့်ဆံပင်ဂုတ်
ဝဲလေးညှပ်ပေးလိုက်သည်။ထို ဆံပင်ဂုတ်ဝဲက
ကုမြောင်ရဲ့အမြဲတစေ အမူအယာ ကင်းမဲ့နေ
သည့်မျက်နှာကိုချစ်စရာကောင်းစေ၏။

ကုမြောင်ကိုသန့်ရှင်းရေးလုပ်ပေးပြီးသွား
သည့်အခါ လီယန်က ကုဖေးကိုတစ်ချက်
လှမ်းကြည့်လာသည်။
"မင်း ဆံပင်ရော?။"

"ဟမ်?။"
ကုဖေးရဲ့ မျက်လုံးအကြည့်တွေက ကျန်ချန်
ဆီသို့ ရွေ့သွားသည်။
"နိုး,ဒီနေ့ မညှပ်ဘူး။ ရာသီဥတုပိုနွေးလာတဲ့
အခါကျမှ ငါ တစ်ခေါင်းလုံးရှေ့ဗ် ထိုးလိုက်မယ်။"

"ရှေ့ဗ်ထိုးမယ် ?။"
လီယန်ကခဏမျှတန့်သွားပြီးမှတဟားဟား
ရယ်မောလာသည်။
"ငါ သိပြီ, သိပြီ။"

ထိုအချိန်  ကျန်ချန်သည် ပြောင်လက်နေသော
ကတုံးကေမှာကုဖေးရဲ့ကြည့်ကောင်းမှုကိုအား
ဖြည့်ပေးလိုက်သလိုဖြစ်သွားမလားဆိုသည့် အကြောင်းကို သတိလက်လွတ် တွေးတောနေခဲ့
တာဖြစ်သည်။ သို့သော် လီယန်က ရုတ်တရက်
သူ့ကို လှည့်ကြည့်လာ၏။
"မင်းလည်း ဆံပင် ညှပ်ချင်သေးလား ?"

"အိုး....မညှပ်သေးဘူး။"
ကျန်ချန် အလိုအလျောက် အနောက်သို့ ဆုတ်
လိုက်သည်။
"ငါ..."

"အင်း,သဘောပေါက်ပြီ။ "
လီယန်က ထပ်ပြီး ရယ်လာပြန်သည်။
"မင်းလည်းမင်းရဲ့ခေါင်းကိုကတုံးဖြစ်အောင်
ရှေ့ဗ်ထိုးဖို့ စောင့်နေတာလား?။"

ကျန်ချန် အသည်းအသန်ငြင်းဆန်လိုက်၏။
"မဟုတ်ဘူး။"

"ငါသွားပြီ။"
လီယန်က ပစ္စည်းများကိုဘူးထဲသို့သိမ်းဆည်း
လိုက်သည်။ထို့နောက်ဘူးကိုငွေရှင်းကောင်
တာအောက်သို့ထည့်လိုက်၏။
"ငါ မင်းကိုမပြောဘူးလို့ လျှိုဖန်းကိုကတိပေး
ထားတဲ့ ကိစ္စရှိတယ်။ ဒါပေမယ့် , နောက်တစ်
စက္ကန့်အတွင်းမှာ ငါမင်းကိုအဲ့အကြောင်းပြော
သင့်တယ်လို့ ထင်တယ်။ "

"ဟမ်?။"
ကုဖေးက သူ့ကို ကြည့်လိုက်သည်။

"အဲ့ငကြွားက ဆေးရုံ ပေါ်ရောက်နေတယ်။
သူပြောတာက...."

"ဘာလဲ?။"
ကုဖေး ချက်ချင်း မတ်တပ်ထရပ်လိုက်၏။
"သူ ဒဏ်ရာရတာလား?။"

"မဟုတ်ဘူး။"
လီယန်ကလည်ချောင်းရှင်းလိုက်သည်။
"အာ,အဲ့ဒါက လိပ်ခေါင်းထွက်တာ။မနက်ဖြန်
ခွဲစိတ်ရမှာ။မနေ့က သူ့ကို ဆေးရုံ လိုက်ပို့ပေး
တဲ့သူကငါလေ။ဒါပေမယ့်, သူက ငါ့ကို ဘယ်
သူ့မှ မပြောခိုင်းဘူး။ဘယ်သူ့ကိုမှလာမလည်
ခိုင်းဘူး။ဒါပေမယ့်, ငါ ပြောချင်တာကို မင်း
သိတယ်မလား...."

"ငါတို့  သွားကိုသွားသင့်တာ။"
ကုဖေးက ထိုင်ခုံမှာ ပြန်ထိုင်လိုက်၏။
"ဒီလိုမျိုး ပျော်စရာကောင်းတဲ့ အချိန်ကို
ဘယ်သူမှ လွတ်သွားလို့မဖြစ်ဘူး။"

"ဟုတ်တယ်။"
လီယန်ကလည်း ခေါင်းညိတ်လာသည်။
"လောယွီနဲ့တခြားသူတွေကို မင်းပဲ အသိပေး
လိုက်မယ်မလား ?မနက်ဖြန်ကျ အဲ့ကောင်ဆီ
သွားလည်ရအောင် ။ငါသစ်သီးခြင်းတစ်ခြင်း မှာထားလိုက်မယ်။"

"ကောင်းပြီ။"
ကုဖေးက သဘောကျစွာ ရယ်လိုက်သည်။

လီယန် ထွက်သွားပြီးသည့်နောက်တွင်
ကုဖေးအား ကျန်ချန် ကြည့်လိုက်၏။
"မင်းတို့က လူမဆန်တဲ့ကောင်တွေပဲ။ "

"အမ်...ဟမ့်"
ကုဖေးက ရယ်ပြန်သည်။
"အဲ့ကောင်တွေက အရမ်းပျင်းနေတာ။ သူတို့
ကဗရုတ်ကျရတာကိုကြိုက်တယ်။မင်းလည်း မနက်ဖြန်အတူလိုက်ချင်လား?။လျှိဖန်းရဲ့ဖင်
ပြောင်ခရီးစဉ်ကိုအတူသွားကြည့်ရအောင်။"

"လိပ်ခေါင်းခွဲစိတ်မှုက တစ်ချိန်လုံးဖင်ပြောင်
နဲ့နေရတဲ့အထိလိုအပ်မယ်လို့ မထင်ဘူး။"
ကျန်ချန် ထိုအကြောင်းကို တွေးပြီး ရယ်
လိုက်၏။
"ဒါပေမယ့်,ငါ မင်းဖင်ကို ကြည့်... "

စကားတစ်ကြောင်းအဆုံးမသတ်ခင်မှာ  သူရဲ့
ပါးစပ်ကိုမြန်မြန်ပိတ်လိုက်သည်။ကုမြောင်က
အနားမှာရှိနေပြီး သူမရဲ့ အင်အား,အားလုံးကို
တိုနှံ့နှံ့ဆံပင်ကေအသစ်ကို ဆောင့်ဆွဲနေသည့်
အပေါ်မှာအပြည့်အဝအားရုံစူးစိုက်နေ၏။

"အားမြောင်,"
ကုဖေးက သူမလက်ကို ဖမ်းဆွဲလိုက်၏။
" မင်းရဲ့ ဆံပင်ကေအသစ်က အရမ်း, အရမ်း
ကြည့်ကောင်းတယ်။"

ကုမြောင်ကမတုံ့ပြန်ပေ။သူ လက်လွှတ်လိုက်
သည့်အခါသူမကသူမဆံပင်အားဆက်ဆောင့်
ဆွဲနေသည်။ကုဖေးက သက်ပြင်းချပြီး လက်တစ်ဖက်ကိုဆန့်ထုတ်ပြီးသူမရဲ့လက်တစ်ဖက်
ကိုအုပ်မိုးကိုင်ပြီးမှ သူမကို တစ်ယောက်တည်း
လွှတ်ထားပေးလိုက်၏။

ကျန်ချန် အနည်းငယ်စိုးရိမ်သွားသည်။
"သူ(မ)က ဆံပင်ထပ်မဆောင့်ဆွဲလောက်
တော့ဘူးမလား ?။"

" သူ(မ)ရဲ့လက်ကို ငါ ချုပ်ထားလိုက်တော့ , သူ(မ)ကဆံပင်ကိုကြမ်းကြမ်းဆောင့်ဆွဲလို့
မရတော့ဘူး။ခဏနေရင် သူမဘာသာသူမ အဆင်ပြေသွားလိမ့်မယ်။ "

"အိုး,"
ကျန်ချန် ကုမြောင်ကို ကြည့်ပြီး သက်ပြင်းချ
လိုက်သည်။
"သူ(မ)က ဆံပင်တစ်ခါ ညှပ်ပြီးတိုင်း အခုလို
လုပ်တတ်မှန်းငါမသိခဲ့ဘူး။မဟုတ်ရင် ငါ မင်း
ကိုသူ(မ)ကိုဆံပင်ညှပ်ပေးဖို့နားပူနားဆာလုပ်
မိမှာမဟုတ်ဘူး။"

"ဆံပင်ရှည်လာရင် သူ(မ)က ဝါးစားနေမှာ
မလို့ ဆံပင်က ညှပ်ကိုညှပ်ပေးရမှာ။ "
ကုဖေးကမဆိုစလောက်လေး ပြုံးသည်။
"ပြီးတော့ အမြဲ အခုလိုဖြစ်နေမှာမှမဟုတ်ပဲ။"

လက်ထဲမှာကိုင်ထားသည့် စာအုပ်ကိုကြည့်
နေရင်းကျန်ချန်မှိုင်သွား၏။
"ငါက လီယန့်လောက် သူ(မ)အကြောင်းကို ကောင်းကောင်းမသိဘူး။"

"လီယန်နဲ့ ငါကအတူကြီးပြင်းလာတာ။သူက
ကုမြောင်ကြီးပြင်းလာတာကိုမြင်ခဲ့တယ်။အဲ့
ကြောင့် သူကုမြောင်အကြောင်းကိုသိနေတာ
မဆန်းဘူး။မင်းနောက်ထပ်တစ်မျိုးထပ်တွေး
ကြည့်ရင်၊ သနားစရာကောင်းတဲ့သူကလီယန်
ပဲဖြစ်သင့်တာမလား။ ဒီလောက်နှစ်ချီနေတာ
တောင် အားမြောင်သူ့ကို တုံ့ပြန်တာ အတော်ရှားတယ်။ ဒါပေမယ့်, သူ(မ)က မင်းကိုတော့ခင်
တွယ်တယ်။"

မှန်တာပေါ့..... ,ကျန်ချန် ရယ်လိုက်တယ်။

သူ ရယ်ပြီးသွားသည့်အခါ အနည်းငယ်
စိတ်ဆိုးစရာတစ်ခုရှာတွေ့သွားသည်။
"ဒါပေမယ့် , မင်း လက်ဖက်ရည် သောက်ရ
တာကြိုက်တာကိုလည်း ငါ မသိဘူး။"

"ဟမ်?။"
ကုဖေးကရုတ်တရက်ရှုပ်ထွေးသွား၏။

"လောင်ရွှီတောင် မင်း လက်ဖက်ရည်
ကြိုက်တာကိုသိတယ်။"
ကျန်ချန် ကျစ် သပ်လိုက်သည်။
"မင်းကလက်ဖက်ရည်သောက်ဖို့ လောင်ရွှီကို
ဆိုင်ကို ခေါ်သွားသေးတာဆို ?အားရိုး ,ဘယ်
လောက်တောင်မှ လူမှုရေး သိတဲ့လူငယ်လဲ !"

ကုဖေးကလုံးဝမမှတ်မိဖြစ်နေပြီးမှခဏကြာ
သည့်အခါ တဟားဟား ရယ်မောလာသည်။
"ဟေး..."

"ဘာ ဟေး လဲ? ။ငါဝမ်းနည်းတယ်။ငါကဘာ
မှလည်းမသိဘူး။အခုလည်းကြည့်...မင်းဘာ
ကြိုက်တတ်လဲဆိုတာတောင် ငါမသိဘူး။"

"ငါ မင်းကိုခေါ်သွားခဲ့တဲ့ဆိုင်တွေကလည်း ငါအကြိုက်ဆုံး အစားအသောက်တွေပဲ။ "
ကုဖေးက သူ့အနားထိရွေ့လာပြီး သူ့ဘေးမှာ
ကျပ်ညှပ်ထိုင်ကာ လက်တစ်ဖက်သူ့ပခုံးပေါ်
တင်လာသည်။
"ပြီးတော့ လက်ဖက်ရည်ဆိုင်, အဲ့အကြောင်း
ကိုတကယ်လောင်ရွှီတစ်ယောက်တည်းပဲ သိ
တာ။ငါလည်း အဲ့ဆိုင်ကို သိပ်မသွားဖြစ်ဘူး။
မင်းသွားချင်တယ်ဆိုရင် ငါတို့အခုချက်ချင်း
အဲ့ဆိုင်ကိုသွားမလား။"

"အဲ့လိုမဟုတ်ပါဘူး။"
ကျန်ချန် သူ့ကိုယ်သူ အရမ်းကလေးဆန်သွား
သလိုမျိုးခံစားလိုက်ရသည်။
"ငါက မင်းရှင်သန်လာခဲ့တဲ့ ၁၇နှစ်လုံးလုံးကို
လွတ်သွားလို့ဝမ်းနည်းတဲ့အကြောင်းကိုပြော
ချင်တာ။"

" အဲ့ဒီနှစ်တွေကို မင်းလွတ်သွားတာကမှ
ကောင်းတဲ့အရာပါ။"
ကုဖေးက သူ့ကိုကြည့်လာသည်။
"မင်း သိချင်တာမှန်သမျှ ငါပွင့်ပွင့်လင်းလင်း
ပြောလို့ရတယ်။ ဒါပေမယ့် ငါက အဲ့ဒီနှစ်တွေ
ကို မင်းကိုမမြင်စေချင်ဘူး။ငါတို့ ဆီမှာ အဲ့လို
အခွင့်အရေးမျိုးရောက်လာခဲ့ရင်လည်း ,ငါတို့ သေချာပေါက် အခုလိုအတူရှိနေနိုင်မှာမဟုတ်
ဘူး။တကယ်လို့ မင်းက ဒီလိုမျိုး မြို့စုတ်လေး
မှာဆယ်ခုနှစ်လုံးလုံးကြီးပြင်းလာခဲ့တာဆိုရင် ,
ငါ မင်းကို ဒုတိယအကြည့် ပေးမှာမဟုတ်ဘူး။
အဲ့အချိန်ကျ မင်းဘယ်လောက်ရုပ်ချောနေနေ
ငါ့အတွက်အရေးပါမှာမဟုတ်ဘူး။ "

"သွားစမ်း!"
ကျန်ချန် ပြုံးလိုက်တယ်။

မှန်သည်,တကယ်လို့ သူသာ ဒီလိုနေရာမျိုးမှာ,
သံစက်ရုံမှာ ,ပြီးတော့ လီပေါင်ကောရဲ့ အိမ်မှာ ကြီးပြင်းလာခဲ့လျှင်...

"ပြီးတော့ ငါတုန်းကကျ ဘယ်လောက်ဝမ်း
နည်းခဲ့လဲဆိုတာတောင် မင်းကို ဖော်ပြခဲ့တာ
မဟုတ်ဘူး။"
ကုဖေးက လက်တစ်ဖက်ကိုကုမြောင်ဆီဆန့်
လိုက်ပြီး၊ အိမ်စာရေးနေရင်းစားပွဲခုံနှင့်ထိနေ
သည့်ကုမြောင်ရဲ့နဖူးကိုအနောက်သို့ တွန်း
လိုက်၏။
"မင်းရဲ့အတန်းဖော်ဟောင်းတွေနောက်လည်း
လိုက်ခိုင်းတယ် , အရင်က မင်းတို့အတူလုပ်ခဲ့
တဲ့အကြောင်းတွေပြန်ပြော​နေတာလည်း နား
ထောင်ရတယ်။ တကယ်ဆို ဝမ်းနည်းသင့်တဲ့
သူက ငါဖြစ်သင့်တာ မဟုတ်ဘူးလား ?။"

"Geeez!"
ကျန်ချန် သူ့ကို ကြည့်လိုက်သည်။
"ငါ့အတိတ်ကမရိုးရှင်းတာဘာမှမရှိဘူး။
ကျောင်းတက်တယ်။ အတန်းလစ်တယ်။ပြီးရင်
ထိပ်ဆုံးအဆင့်သုံးနေရာအတွက်တခြားလူ
တွေနဲ့လုတယ်။"

ကုဖေးကမေးလာသည်။
"မင်းမှာ ကောင်မလေး ရှိခဲ့တယ်မလား ?။"

"ကောင်မလေး မဟုတ်ဘူး။"
ကျန်ချန် ခဏစဉ်းစားလိုက်၏။
"အဲ့ဒါက...ငါ ဘယ်လိုရှင်းပြရမလဲမသိဘူး။
အဲ့ဒါ ငါပါတီတစ်ခုကို joinလိုက်သမျိုးပဲ။ငါ့
ဘေးကလူတွေ အားလုံး ကလည်း အဲ့ကိစ္စကို
ဂုဏ်ပြုတယ်။သူ(မ)က ငါ့ကို မနက်စာ ပို့ပေး
တယ်။တစ်ခါတစ်လေကျ ငါတို့တစ်ယောက်
နဲ့ တစ်ယောက်အပြန်အလှန်စာပို့တယ်။သူ(မ) စိတ်ဆိုးရင် ငါ သူ(မ)ကို ပြန်ချော့တယ်။ သူ(မ)
က စိတ်ကောက်ရင် ,ငါက ချော့တယ်။
သူ(မ)က ထပ်စိတ်ကောက် ငါကထပ်ချော့..."

ကုဖေးကအနည်းငယ်အံ့အားသင့်သွားသည်။
"အိုး,.မင်းကတခြားလူကိုချော့တတ်တာလား?"

"ငါ့ဒေါသကိုထိန်းထားရုံကလွဲပြီးဘာလုပ်
လို့ရမှာလဲ?သူ(မ)က မိန်းကလေးလေ။"
ကျန်ချန်ရဲ့မျက်နှာကမှုန်ကုပ်ကုပ်သွားသည်။
"ငါကငတုံးကျလို့ , ဘာမှမလုပ်လိုက်ရဘူး။
ငါ့အချိန်အားလုံးက သူ(မ)ကို ပြန်ချော့နေရ
တာနဲ့ ကုန် ,ကုန်သွားတာ။"

ကုဖေးက လှောင်ပြုံးပြုံးလာသည်။
"ဘာမှမလုပ်ခဲ့ကြဘူးလား?"

"အင်း။"
ကျန်ချန် သူ့ကိုလှည့်ကြည့်လိုက်၏။
"လက်တောင် မကိုင်ဖူးဘူး။ "

"အရမ်းကိုမှအင်နိုးစန့်လေးပေါ့။ "
ကုဖေးက ကုမြောင်ကို လှမ်းကြည့်လိုက်ပြီး
ကျန်ချန်ရဲ့ နားရွက်နားကပ်လာကာညင်ညင်
သာသာပြောလာသည်။
"အခု မင်းကအင်နိုးစန့်လေးမဟုတ်တော့ဘူး။"

"Fuck!"
ကျန်ချန်လည်းသူ့နားရွက်နားထိကပ်သွားပြီး
လေသံနှင့်ပြောလိုက်၏။
"ငါကအခုအင်နိုးစန့်မဟုတ်တော့ဘူးဟုတ်
လား? ငါကအမြဲရုပ်ချောတဲ့အင်နိုးစန့်လေး
ဆက်ဖြစ်နေအုံးမှာ!။"

"ကောင်းပြီ,ကောင်းပြီ ။ ငါ့လိုမျိုး
အင်နိုးစန့်လေး။"

"ဟေး,"
ကျန်ချန် သူ့ကို မကြည်သလိုကြည့်လိုက်၏။
"မင်းရဲ့ အရေထူတဲ့မျက်နှာကို နည်းနည်းနောက်ဆုတ်ပေးလို့ရနိုင်မလား? ငါ့ကိုထိမိတော့မယ်။"

ကုဖေးက အသံထွက်ရယ်လာသည်။

"မင်းဘာကိစ္စသောက်ရမ်းရယ်နေတာလဲ? "
ကျန်ချန် သက်ပြင်းချပြီး အသံလျော့လိုက်၏။
"လက်နည်းနည်းသုံးခဲ့တာ ၊ ငါတို့ တကယ်
တစ်ခုခုလုပ်ခဲ့သလို ရယ်မနေနဲ့။ "

"လက်သုံးတာကို တစ်ခုခုလုပ်တယ်လို့ သတ်
မှတ်လို့မရဘူးလား ?။"
ကုဖေး ဆက်ပြောသည်။
"ဒါဆို ငါတို့တစ်ခုခုလုပ်ခဲ့တယ်လို့သတ်မှတ်လို့ရအောင် ဘာလုပ်ရမှာလဲ?။"

ကုဖေးက ဦးနှောက်ကို အလုပ်မပေးရခင်မှာ
ထိုစကားများ ပြောလိုက်ဖြစ်သည်။ထိုစကား
ပြောပြီးနောက် နှစ်ယောက်လုံးကကိုးရိုးကား
ယား အခြေအနေအတွင်းသို့ သက်ဆင်းသွား
သည်။သူတို့ကရှက်စိတ်ကြောင့်မျက်နှာပူချင်သော်လည်း ထိုကဲ့သို့မျက်နှာပူရမှာကိုရှက်နေ
သည်။

သူ့ရဲတုံ့ပြန်မှုကြောင့်ကျန်ချန်သည်မျက်စိရှေ့
တွင် အရှက်မရှိညစ်ညမ်းနေသည့်ပုံရိပ်ပေါင်း
များစွာတွေးမိသွားသည်။ ထိုပုံရိပ်တွေထဲတွင် မြင်သာထင်သာရှိသည့် ကုဖေးရဲ့အရှက်ကင်း
မဲ့နေသည့်ဖင်ပြောင်ပုံလည်းပါဝင်သည်။

သေတ္တာအတွင်းရှိအတွေးများပွင့်အံထွက်ကျ
လာလိမ့်မယ်လို့ ကျန်ချန်မတွက်ထားပေ။

> ငါတို့က ၁၈တောင် မပြည့်သေးဘူး!

>ဥပဒေအရလည်း အရွယ်မရောက်သေးဘူး

>လက်မထပ်ခင်အပြန်အလှန် လိင်ဆက်ဆံမှု
ဖြစ်စဉ်ကိုဘယ်လိုလုပ်စိတ်ကူးနေရတာလဲ..

....သောက်ကျိုးနည်း

သူအတွေးရပ်တန့်သွားချိန်တွင်ကုဖေးကခါး
ကိုင်းပြီးကုမြောင်ရဲ့ နှာတံနှင့်စာရွက်ထိကပ်
နေသည့်စာရေးတဲ့ကိုယ်ဟန်​အား​ပြင်ပေးနေ
တာဖြစ်သည်။ကုဖေးရဲ့နောက်ကျောကို
ကျန်ချန်စိုက်ကြည့်လိုက်၏။

သူစိုက်ကြည့်ခဲ့တာအခိုက်အတန့်မျှဖြစ်သော်
လည်းသူ့စိတ်ထဲတွင်စကားနှင့်ပြောမထွက်နိုင်
အောင် ဆိုးရွားသည့် မြင်ကွင်းများ ပေါက်ဖွား
လာသည်။

ငါရိုး!

သူ့စိတ်ထဲမှတန်ခိုးအစွမ်းနှင့် ကုဖေးရဲ့အင်္ကျီ
ကိုမီးတောက်လောင်အောင်လုပ်ချင်သကဲ့သို့
ကျန်ချန် ခံစားနေရသည်။

ငလူးတဲ့မှ!

ဘုမသိဘမသိနှင့် သူကအများကြီး ညစ်ညမ်း
နေသည့်ဗီဒီယိုများရဲ့ ဝါးမျိုခံရမှုအားလုံးဝနား
မလည်နိုင်တော့ပေ။

ငါရိုး!

အင်တာနက်ကတကယ်မင်းရဲ့စိတ်နှလုံးသားကိုညစ်ညမ်းအောင် လုပ်နိုင်တယ်!!

........

































Continue Reading

You'll Also Like

1.7M 258K 138
This is just a translation work. It doesn't belong to me. My Little Poplar [小白杨] Author - 水千丞 [Shui Qian Cheng] Total Chapters - 115 chapters + 4 Ex...
976K 79.4K 37
"သမီး မမွေးခင်ကတည်းက ထားခဲ့တဲ့ကတိကြောင့်လား...အဖေ...?'' ...... "ငါ့ချစ်သူကလွဲရင် ဘယ်သူ့ကိုမှ မယူဘူး...'' .... "သခင်မလေး...ကျွန်...ကျွန်တော်က ယောက်ျား...
65.5K 3.5K 15
*many couples *many characters ^ Are you ready to read? ^
359K 42K 199
Title : SAYE Author : WU ZHE, YUAN DIAN GEZI MANHUA, ZUOER CONG DONG Gener : Shounen Ai/ Drama/ Psychological/ Romance/ School life/ Slice of Life St...