Zawgyi code
ဒါမဲ့အားတင်းရမှာပဲ
"ကလေး ..ကိုယ့်ကို.."
သူပြန်ဝဋ်လည်ခဲ့ပြီ..
တကယ်တမ်းကြုံရတော့
"ဒုတိယ?"
မိုးရေထဲမှာပြုံးပြတဲ့မင်းကိုကြည့်ရုံနဲ့တင်အေးချမ်းတဲ့မင်းကိုစတွေ့ကတည်းကစွဲလမ်းခဲ့တာ"
"ဟင်အင့်...မဖြစ်နိုင်တာ..."
"ဒီကိုသိပြီးရောက်လာတယ်ဆိုတော့ကျနော့်အခြေအနေသိပြီးပြီထင်တယ်အဲ့အတွက်ဝမ်းနည်းစရာမလိုပါဝူးကိုယ့်ထိုက်နဲ့ကိုယ်ဘဲပေါ့နေပေးစရာလည်းမလိုပါဝူးကျနော်အဆင်ပြေပါတယ်...အကိုလည်းအားနာလို့အဲ့စကားတွေပြောပြီးနှစ်သိမ့်စရာမလိုပါဝူးပြီးတော့..အကိုလည်းကျနော့်အနားမှာနေရင်အလကားအချိန်ကုန်ပါတယ်ပြန်ပါတော့ကိုယ့်ရဲ့လက်ကျန်ဘဝကိုအကျိုးရှိရှိပျော်ပျော်ရွှင်ရွှင်ဖြတ်ကျော်နိုင်ပါစေဗျာ...ပြီးတော့ကျနော့်ကိုသနားစရာလည်းမလိုဝူး..ခွင့်လွှတ်ထားပြီးသားမို့ပြန်လိုက်ပါတော့ကြီးကြီး"
"ဟုတ်သခင်လေး"
ခက်ပါသည်
မမြင်ချင်လို့တဲ့လား
မင်းခွဲစိတ်မယ်ဆိုကိုယ်ဒီလောက်ကသည်းခံနိုင်ပါတယ်
သို့ပေမယ့်တံခါးတဘက်ရဲ့အခန်းထဲမှဘာသံမြှပန်မထွက်လာ....
ထိုနောက်နေဝင်ပြီးညဘက်သို့တဖြည်းဖြည်းကူးပြောင်းလာပြီကောင်းကင်ကြီးမှအလင်းရောင်များလည်းပျောက်ကွယ်စပြုလာခဲ့သည်ညမှတဆင့်ညသန်းခေါင်သို့လည်းရောက်ရှိလာသလိုအထဲမှကောင်လေးသည်လည်းငိုရလွန်း၍ပင်ပန်းပြီးအိပ်ပျော်သွားခဲ့သည်အပြင်ကကောင်လေးမှာတော့အေးလွန်း၍မအိပ်နိုင်သလိုအခွင့်အရေးမရမည်ကိုလည်းစိုးရိမ်နေ၍မအိပ်ပျော်ခဲ့သို့သော်ဆေးရုံကဆင်းသည်မှာလည်းသိပ်မကြာသေးချမ်းသည်မှာလည်းခိုက်ခိုက်တုန်အောင်ချမ်းပေသည်
#sungdayune
###################################
Unicode
တည်ငြိမ်တဲ့သူ့ကိုကြည့်ပြီးအံ့သြမိတယ်ဒါကျနော့်ကလေးမှမဟုတ်တာ.......
ဒါမဲ့အားတင်းရမှာပဲ
"ကလေး ..ကိုယ့်ကို.."
ရိပေါ်စကားပြောလို့မပြီးသေးခင်ပဲထိုသူကဖြတ်ပြောလိုက်ပြန်သည်
"ခွင့်လွှတ်ပါတယ်အဲ့တာပြောဖို့မလားအခုအဖြေလည်းရပြီဆိုတော့ပြန်ပါတော့လိုက်မပို့တော့ဝူး
နောက်ထပ်လည်းထပ်မဆုံစရာအကြောင်းလည်းမရှိတော့ဝူးမို့ပြန်လိုက်ပါတော့"
တကယ်ကိုတည်တည်ငြိမ်ငြိမ်နဲ့ပြောနေတဲ့သူ့ကြောင့်စိုးရိမ်လာသည်ဟန်ဆောင်တာမဟုတ်ဘဲတကယ်စိတ်ကုန်သွားပြီလား...
ဟင်အင့်ဟန်ဆောင်နေတာပဲဖြစ်မှာပါ.ဒီထိတောင်လာခဲ့ပြီမှဒါတွေကိုခံရမှာကြိုတွေးထားသင့်ပြီးသားပဲ ရပါတယ် အဓိကကကလေးခွဲစိတ်အောင်ပြောရမှာပဲ
"မပြန်ဝူးကလေးကိုယ့်ကိုအခွင့်အရေးလေးထပ်ပေးပါ"
"ဘာလို ...ဘာတဲ့....အခွင့်အရေး."
ရှောင်ကျန့်"ဟက်"ခနဲ လှောင်ပြောင်သဖွယ်ရယ်လိုက်သည်
"ကျနော်ပေးခဲ့ပြီးပါပြီတော်တော်လေးကိုပေးခဲ့တယ်ထင်တယ်နော်....အခုတော့အရမ်းနောက်ကျနေပြီဆိုတာ မပြောရင်တောင်သိသင့်တယ်လို့ထင်တယ်"
အခုတော့အေးစက်တဲ့အကြည့်တွေရင့်သီးတဲ့စကားလုံးတွေကကလေးရဲ့နှုတ်ခမ်းဖျားကနေထွက်လာတယ်...
သူပြန်ဝဋ်လည်ခဲ့ပြီ..
ဘယ်လောက်ပဲပြင်ဆင်ခဲ့ပါတယ်ပြောပြော..
တကယ်တမ်းကြုံရတော့
တော်တော်ကိုနာကျင်တာပဲ
"ကိုယ်နောက်ကျနေမှန်းလည်းသိတယ်ပြီးတော့ကိုယ်အခုမှပြောတယ်ဆိုပြီးကလေးရယ်မှာပေါ့ဒါမဲ့ကိုယ်ကလေးကိုအရမ်းချစ်တယ်အရင်ကတည်းက ...ခုထိ"
"ဘယ်လိုချစ်တယ်တဲ့လား?..တော်ပါတော့ရပြီပြန်ပါတော့....အဲ့ချစ်တာတွေလည်းမလိုချင်တော့သလိုကြောက်လည်းကြောက်တယ်ပြီးတော့ကွာရှင်းထားတဲ့ကျနော်ကအကိုနဲ့မဆိုင်တော့လို့ကျနော်နဲ့မပတ်သက်ပါနဲ့တော့ပြန်ပါ..."
"ကလေးကိုယ်တောင်းပန်ပါတယ်...အရာအားလုံးအတွက်တောင်းပန်ပါတယ်ကိုယ့်ရဲ့တဖက်သက်အမြင်တွေကြောင့်.."
"တောင်းပန်တယ်ဆိုတဲ့စကားကိုပြောမဲ့အစားအစကတည်းကနာကျင်မှုတွေမပေးခဲ့ပါနဲ့လား...
အခုတော့အရာအားလုံးကအကျုံးမှမဝင်တော့ပဲ"
ပြောစရာစကားများပျောက်ရှကာ..စကားလုံးများလည်းနှုတ်ခမ်းဖျားမှမထွက်တော့ဘဲရိပေါ်တစ်ယောက်ငြိမ်သက်နေမိသည်...
နောက်မှရှောင်ကျန့်နောက်ကိုကြည့်လိုက်တော့
မြင်လိုက်ရတဲ့ပန်းချီကားချပ်..
ဒါသူတို့ဆုံခဲ့တဲ့နေရာပဲ..
မတူတာဆိုလို့သူတို့မပါတာတစ်ခုပဲ
အဲ့ဆိုသူ့ကိုကလေးစိတ်မကုန်သေးဝူးပေါ့....
ရပါပြီဒီလောက်နဲ့တင်ကိုယ်ရှေ့ဆက်ဖို့အတွက်လုံလောက်ပြီ
ကလေးနာကျင်ခဲ့ရတာတွေသိပါတယ်..ကိုယ်ကိုအရာအားလုံးအတွက်ပြန်ပေးဆပ်ဖို့ဘဲဖြစ်ဖြစ်ကလေးဘေးမှာနေခွင့်ပေးပါ
"ကိုယ်ပြောပြီးပြီလေလက်မှတ်မထိုးနိုင်ဝူးလို့ကလေးကိုလည်းလက်လွှတ်ဘယ်နည်းနဲ့မှမခံနိုင်ဝူးဒုတိယအကြိမ်ကိုယ့်ကိုပြန်အခွင့်အရေးပေးပါ"
"ဒုတိယ?"
"အမှန်တော့ကိုယ်မင်းကိုအထက်တန်းကတည်းကချစ်ခဲ့တာပါ
မိုးရေထဲမှာပြုံးပြတဲ့မင်းကိုကြည့်ရုံနဲ့တင်ေအးချမ်းတဲ့မင်းကိုစတွေ့ကတည်းကစဲွလမ်းခဲ့တာ"
"ဟင်အင့်...မဖြစ်နိုင်တာ..."
"ကိုယ့်ကအခွင့်အရေးနဲ့မတန်မှန်းလည်းသိပေမယ့်ကိုယ့်ကိုကလေးအနားမှာတော့နေခွင့်ပြုပေးပါ ..."
မယုံကြည်တဲ့မျက်ဝန်းတွေနဲ့ကယောင်ကယမ်းဖြစ်နေတဲ့ကလေးက တဖြည်းဖြည်းပြန်တည်ငြိမ်လာကာ
"ဒီကိုသိပြီးရောက်လာတယ်ဆိုတော့ကျနော့်အြေခအနေသိပြီးပြီထင်တယ်အဲ့အတွက်ဝမ်းနည်းစရာမလိုပါဝူးကိုယ့်ထိုက်နဲ့ကိုယ်ဘဲပေါ့နေပေးစရာလည်းမလိုပါဝူးကျနော်အဆင်ပြေပါတယ်...အကိုလည်းအားနာလို့အဲ့စကားတွေပြောပြီးနှစ်သိမ့်စရာမလိုပါဝူးပြီးတော့..အကိုလည်းကျနော့်အနားမှာနေရင်အလကားအချိန်ကုန်ပါတယ်ပြန်ပါတော့ကိုယ့်ရဲ့လက်ကျန်ဘဝကိုအကျိုးရှိရှိပျော်ပျေ်ာရွှင်ရွှင်ဖြတ်ကျော်နိုင်ပါစေဗျာ...ပြီးတော့ကျနော့်ကိုသနားစရာလည်းမလိုဝူး..ခွင့်လွှတ်ထားပြီးသားမို့ပြန်လိုက်ပါတော့ကြီးကြီး"
"ဟုတ်သခင်လေး"
"ဒီကအကိုကိုပြန်လိုက်ပို့လိုက်ပါအုန်း...အဟွတ် .."
ချောင်းဆိုးရင်းအားလည်းမရှိ၍ဘေးနားကခုံကိုကိုင်ကာမှီလိုက်ရင်း
ဒီရောဂါကိုလည်းတစ်ခါတစ်ခါမုန်းပါသည်
ဘာလို့ဒီအချိန်မျိုးမှမအောင့်နိုင်ဘဲနှင့်သူ့ရှေ့မှာမှအားနည်းပြသလိုဖြစ်အောင်လုပ်တာလဲ
ခက်ပါသည်
နှုတ်ခမ်းဖျားမှသွေးများနှင့်နီရဲနေသောသူ့နှုတ်ခများကိုမြင်လိုက်ရသည်က
အရာအားလုံးထက်ပိုနာကျင်ရသည်
ချက်ချင်းရိပေါ်ရှောင်ကျန့်နားရောက်ကာသူ့ကိုထူပေးဖိုလက်လှမ်းလိုက်တော့
ထပ်ပြီးအေးစက်တဲ့မျက်ဝန်းများကြောင့်လက်များလေထဲ၌သာရပ်တန့်သွားခဲ့သည်
"ကြီးကြီးကျနော်နားချင်နေပြီကျနော့်ကိုအခန်းထဲကူတွဲပေးပါအုန်း"
ဆိုပြီးကြီးကြီးကလာတွဲပေးရင်းအခန်းထဲဝင်သွားသည်
"တံခါးပိတ်လိုက်ပါမမြင်ချင်လို့"
မမြင်ချင်လို့တဲ့လား
ဒီတစ်ခါလည်းတကိုယ်ကောင်းဆန်ပါရစေ
မင်းမမြင်ချင်တဲ့ကိုယ်ကမင်းနားမှာပဲနေမယ်
မုန်းတယ်ပြောလည်းခံရမှာပေါ့
မင်းခဲွစိတ်မယ်ဆိုကိုယ်ဒီလောက်ကသည်းခံနိုင်ပါတယ်
ခဏကြာတော့ကြီးကြီးကပြန်ထွက်လာပြန်တော့လည်းထပ်ပြီးသူကစကားဆိုပြန်သည်
"တံခါးကိုပါလော့ချခဲ့ပါ"
"ဟုတ် လိုတာဖုန်းနဲ့ဆက်ပြောလိုက်ပါသခင်လေး"
"သခင်လေးဝမ်ပြန်ပါတော့"
"မပြန်ဝူးကျနော်ကလေးကိုထပ်ပြီးလက်လွှတ်မခံနိုင်တော့လို့ပါကျေးဇူးပြု၍ကြီးကြီးကျနော့်ကိုမနှင်ထုတ်ပါနဲ့ကျနော်အဆင်ပြေပါတယ်"
ကြီးကြီးလဲပြောမနေတော့ပဲသက်ပြင်းချကာပြန်လာလိုက်သည်
ရိပေါ်ကတော့တံခါးကိုမှီပြီး
"ကလေးရယ်ကိုတောင်းပန်ပါတယ်ကိုယ့်ကိုခွင့်လွှတ်ပါနော်....ကိုယ်မင်းကိုအဆုံးအရှုံးမခံနိုင်ဝူးကလေးရယ်ကလေးကိုကိုယ်အရမ်းလွမ်းနေခဲ့တာ......ပြီးတော့ကိုယ့်ကိုခွင့်မလွှတ်သ၍ကိုယ်ဒီနေရာကနေတရွေ့မှမရွေ့ဝူး....မင်းစိတ်နာနေမှာသိပေမယ့်ကိုယ့်ကိုမနှင်ထုတ်ပါနဲ့ မင်းနားမှာနေခွင့်လေးဘဲဖြစ်ဖြစ်ပေးရင်တောင်ကျေနပ်ပါတယ်"
သို့ပေမယ့်တံခါးတဘက်ရဲ့အခန်းထဲမှဘာသံမှပြန်မထွက်လာ....
တခြားသူတွေမသိသည်မှာအထဲကကောင်လေးသည်လည်းအပြင်ကကောင်လေးပြန်သွားပြီလားသိချင်စိတ်နှင့်ကုတင်ပေါ်မှထကာတံခါးနားတွင်နားထောင်နေပြီးအပြင်ကအသံများကြားပြီးနောက်တံခါးကိုမှီပြီးကြိတ်မှိတ်ငိုနေပြန်သည်ကိုပင်.........
ကျနော့်ကိုလွှမ်းမိုးနိုင်လွန်းတဲ့ကိုကို့ကြောင့်ကျနော်အမြဲနာကျင်နေရတာကို ကိုကိုသိနိုင်မလား.....ပြီးတော့ကျနော့်ကိုလည်းအနားပေးပါအုန်း.....ကျနော်အရမ်းပင်ပန်းနေပြီ.....နာကျင်ရလွန်းလို့ပင်ပန်းလှပြီ....
ထိုနောက်နေဝင်ပြီးညဘက်သို့တဖြည်းဖြည်းကူးပြောင်းလာပြီကောင်းကင်ကြီးမှအလင်းေရာင်များလည်းပျောက်ကွယ်စပြုလာခဲ့သည်ညမှတဆင့်ညသန်းခေါင်သို့လည်းရောက်ရှိလာသလိုအထဲမှကောင်လေးသည်လည်းငိုရလွန်း၍ပင်ပန်းပြီးအိပ်ပျော်သွားခဲ့သည်အပြင်ကကောင်လေးမှာတော့အေးလွန်း၍မအိပ်နိုင်သလိုအခွင့်အရေးမရမည်ကိုလည်းစိုးရိမ်နေ၍မအိပ်ပျော်ခဲ့သို့သော်ဆေးရုံကဆင်းသည်မှာလည်းသိပ်မကြာသေးချမ်းသည်မှာလည်းခိုက်ခိုက်တုန်အောင်ချမ်းပေသည်
ကိုယ်ခံရတာတွေကကလေးခံခဲ့ရတာနဲ့စာရင်မဖြစ်စလောက်ပါကိုယ်ခံနိုင်ပါတယ်ကလေးခွင့်လွှတ်တဲ့ထိဒီနေရာကမရွေ့ဝူးကလေး......
ထိုညသည်ကားအလွန်အေးသောဆောင်းညတညဖြစ်ပေသည်ဆောင်းလေကြမ်းများကလည်းတိုက်ခတ်နေသည်မှာအသံများပင်ကြားရသည်အထိပြင်းထန်လှသည်ကောင်းကင်တခုလုံးသည်လည်းလမိုက်ညဖြစ်၍လားမသိမှောင်မဲပြီးကြယ်လည်းမမြင်ပေ.နှင်းများကလည်း သစ္စာရှိစွာမရပ်မနားပဲမြေပေါ်သို့သက်ဆင်းလျက်....
တောင်းပန်တယ်ဆိုပြီးလွယ်လွယ်ပြောထွက်ပေမဲ့ ပေးခဲ့ပြီးသား နာကျင်မှုတွေကခဲဖျက်နဲ့ဖျက်လိုက်သလိုပျောက်သွားတာမှမဟုတ်ပဲ
#sungdayune
###################################
လွမ်းလွမ်းမလွမ်းလွမ်းတို့လာပြီ👀
ဖတ်ပေးသူများလည်းကျေးဇူးတင်ပါတယ်
အသစ်ကလေးတွေလည်းကြိုက်မယ်မျှော်လင့်ပါတယ်
အရေးအသားညံ့ပြီးမကောင်းတဲ့ဒီficကလေးကိုအားပေးကြလို့ကျေးဇူးပါရှင်👀❤️
ခါတိုင်းလိုပဲvote70ကျော်လာခဲ့ပါမယ် ဘိုင်းဘိုင်း