Sex At 7/11 (completed)

By helios___

87.5K 3K 500

(Unicode+Zawgyi) Smut everywhere!!! Big Warning❗️ Many mature contents are contain in this FanFiction OffJum... More

Part-1πŸ’š
Part-2πŸ’š
Part-3πŸ’š
Part-4πŸ’š
Part-5πŸ’š
Part-6πŸ’š
Part-7πŸ’š
Part-8πŸ’š
Part-9πŸ’š
Part-11πŸ’š
Part-12πŸ’š
Part-13πŸ’š
Part-14πŸ’š
Part-15πŸ’š
Part-16πŸ’š
Part-17πŸ’š
Part-18πŸ’š
Part-19πŸ’š
Final πŸ’š
Real Baby V/S Fake Baby
PUNISHMENT
Perfect Future

Part-10πŸ’š

2.3K 123 11
By helios___

Unicode

နိုးလာတဲ့အချိန်မျက်လုံးမဖွင့်သေးဘဲဘေးကိုစမ်းမိတဲ့တော့အေးစက်စက်ဖြစ်နေတဲ့မွေ့ယာကသာကြိုဆိုနေလေတယ်
အားယူကာကြည့်မိတော့ထိုကလေးကရှိမနေတော့ဘူး
အောက်ပိုင်းကိုစောင်သာပတ်ပြီးရေချိုးခန်းဆီကိုသွားကြည့်လိုက်တယ် ရှိမနေဘူး
ဖရိုဖရဲဖြစ်နေတဲ့ဗီရို ပြန့်ကျဲနေတဲ့အဝတ်အစားတွေကိုမြင်တော့
စိတ်တိုရမယ့်အစားသဘောကျစွာရယ်မိတယ်
စိတ်ရှိသလိုလုပ်သွားတာလေးကတောင်ချစ်ဖို့ကောင်းနေပါလား
ပိုက်ဆံအိတ်ထားတဲ့နေရာရွေ့နေတာကြောင့်ပိုက်ဆံယူကောင်းယူသွားနိုင်တာသိပေမယ့်လို့ထွေထွေထူးထူးစိတ်ပူနေတာမျိုးတော့မဖြစ်မိ ထိုကလေးကိုဆိုအရာအားလုံးပေးပြီးသားမို့
ဧည့်ခန်းဆီထွက်လာတော့လည်းမတွေ့တာကြောင့်
စိတ်ပူမိတာကတော့ဘယ်အချိန်တည်းကများထပြန်သွားလဲဆိုတာပဲ
အိပ်ရေးရောဝရဲ့လား ညကများသွားတာကြောင့်နာများနာနေမလားဆိုတဲ့စိုးရိမ်စိတ်တွေသာတရိပ်ရိပ်တက်လာဆဲ

"ခုမှ 6:30 ကျော်ကျော်လေးပဲရှိသေးတာ သူ့တိုက်ခန်းကိုပြန်သွားတာဖြစ်ဖို့ပဲမျှော်လင့်ပါတယ်"

သက်ပြင်းခပ်ဖွဖွချရင်းရေချိုးဖို့သာပြင်လိုက်တယ်
သူစားဖို့မနက်စာလည်းသွားပို့ချင်သလိုဆိုင်ဖွင့်တာလည်းနောက်မကျချင်တာကြောင့်အတတ်နိုင်ဆုံးမြန်အောင်ကြိုးစားနေလိုက်တယ်
ရေချိုးပြီးခေါင်းစိုနေတာကိုပင်မသုတ်နိုင်ဘဲမီးဖိုချောင်ထဲပြေးဝင်ကာရေခဲသေတ္တာဆွဲဖွင့်ရင်းဘာများအဆင်ပြေမလဲရှာပြီး ဆန်ပြုတ်ကောင်းကောင်းလုပ်ဖို့စီစဥ်ရတော့တယ်

Gun ရဲ့ထူးဆန်းတဲ့အတွေးအခေါ်ကြောင့်
အထက်ကနေပြီးဟင်းချက်တော်အောင်ကြိုးစားရမယ်လေ
အရင်ကဟင်းချက်သင်ဖူးတာပဲတော်သေးတယ်ပြောရမလား
နောက်ဆိုအဲ့ဒီပေါက်စကိုတစ်သက်လုံးပြုစုရတော့မှာ
မနက်ဆိုသူ့ရဲ့အိမ်ရှင်မလိုချက်ပြုတ်ပေးရင်း
ညဆိုသူ့ရဲ့အိမ်ရှင်ထီးလိုပြုစုပေးရင်းပေါ့

*အတွေးတွေနဲ့တောင်အသည်းယားစရာအတိပါလား*

အားလုံးပြီးတဲ့အချိန်မှာခုနှစ်နာရီကိုဆယ်မိနစ်စွန်းနေပြီ
Condo အောက်ကိုဆင်းလာပြီး ဆိုင်ကယ်ထုတ်တော့ ဘာဖြစ်မှန်းမသိဆိုင်ကယ်ကစက်နှိုးလို့မရတော့စိတ်ပျက်စွာရေရွတ်မိသေးတယ်

"ကျစ် အဲ့ဒီကားကိုမသုံးချင်ပါဘူးဆိုကွာ"

တစ်ကယ်ဆိုပကာသနတွေမပါဘဲနေချင်ခဲ့ပေမယ့်မိဘတွေကလိုအပ်ရင်သုံးဖို့ဆိုပြီးအတင်းပေးထားတဲ့ကားကိုမသုံးမဖြစ်သုံးရတော့မယ် မဟုတ်ရင်ထိုကလေးကိုစိတ်ပူလို့သေသွားနိုင်သည်မဟုတ်လား
အဲ့ဒါကြောင့် Condo ပေါ်တစ်ခါပြန်တက်ကာ ကားသော့ယူရင်းမြန်မြန်သွားဖို့ပြင်ရတော့တယ်

Gun ရဲ့တိုက်ခန်းရှေ့ကအဖြတ် အံ့သြသွားတာတစ်ခုက ဆိုင်ကိုလှမ်းကြည့်မိတော့ဖွင့်ထားပြီးတာပဲ
ဒါဆို Gun လုပ်ပေးထားတာများလား
ဟုတ်တာပဲ သူ့ကိုဆိုင်သော့အပိုပေးထားခဲ့တာပဲ
ကားကိုဆိုင်ရှေ့လမ်းဘေးမှာသေချာကပ်ရပ်ပြီးဆိုင်ထဲဝင်တော့
Gun ကကောင်တာပေါ်ကိုခြေထောက်နှစ်ချောင်းတင်ထားကာ အိပ်ငိုက်နေတာလား အိပ်ပျော်နေတာလား
သေချာတာကတော့သူအိပ်နေတာပါပဲ

"ကလေးရေ ဘာလို့အစောကြီးပြန်သွားတာလဲ
ဦးနဲ့အတူပြန်လို့လည်းရတာပဲမဟုတ်လား"

တော်တော်ကြာတဲ့အထိဘာတုန့်ပြန်မှုမှထွက်မလာတာကြောင့်
ချီခေါ်ပြီးစတိုခန်းထဲက Sofa ပေါ်ရွှေ့ပေးမယ်လို့ စဥ်းစားရင်း လက်ကိုသူ့လည်ပင်းနဲ့ပေါင်ပေါ်တင်လိုက်တော့

"အိပ်နေတာမမြင်ဘူးလား ခင်ဗျားကိုပြောထားမယ်နော် ကလေး ကလေးနဲ့မခေါ်နဲ့ ကျွန်တော်ကလေးမဟုတ်တော့ဘူး"

မြင်လား ဒီကောင်လေးကကြားရဲ့သားနဲ့တမင်ပြန်မပြောပုံက

"အင်းသိတာပေါ့ အရွယ်ရောက်ပြီးသားမှန်း"

"ဘာ"

ခပ်ညစ်ညစ်ပြောကာ ရယ်လိုက်တော့
Gun ကအလိုမကျသလိုကြည့်တယ်
ဒီနေ့ Gun ဘာဖြစ်နေပါလိမ့် ခါတိုင်းနေ့တွေလိုမဟုတ်ဘူး
စိတ်ထဲထင်လို့နေမှာပါလို့သာတွေးပေမယ့်လည်း
ထူးဆန်းတဲ့ခံစားချက်ကြီးရနေပြန်တယ်

"ဘာမှမဟုတ်ဘူး အိပ်ချင်ပြန်အိပ်လိုက်လေ "

"အလုပ်ကဘယ်အချိန်လဲ"

"ဘယ်အချိန်လုပ်ချင်လဲ"

ဝတ်ထားတဲ့အင်္ကျီပွပွနဲ့ဘောင်းဘီပွပွကိုသတိထားမိတော့သူမသိအောင်ကျိတ်ရယ်ရသေးတယ်
သိအောင်ရယ်ရင်ရန်တွေ့ခံရဦးမှာလေ
အတော်လေးကြီးနေပြီးဖရိုဖရဲဖြစ်နေပုံလေးကတစ်ကယ်ကိုအသည်းယားစရာကောင်းလွန်းနေတယ်
အိပ်ရာထတည်းကမဖြီးရသေးတဲ့ဆံပင်ခပ်ရှုပ်ရှုပ်တွေကလည်း မြင်ပါများတော့ Gun နဲ့တစ်ကယ်ကိုလိုက်ဖက်နေတယ်လို့ ထင်ရလောက်အောင်ကိုပဲ
နဂိုကအသားသိပ်မဖြူဘူးလို့ထင်ခဲ့ပေမယ့်ခုနောက်ပိုင်းမှသတိထားမိလာတာ Gun ကအသားအတော်ဖြူတယ်
ရောင်ဖောင်းနေသေးတဲ့နှုတ်ခမ်းဖူးဖူးလေးတွေက အနည်းငယ်စိုနေသယောင်ရှိတာကြောင့် ဆွဲနမ်းလိုက်ချင်စိတ်ကိုမနည်းထိန်းနေရတာခက်ခဲလွန်းတယ်

ဒီကလေးနဲ့မှဘာဖြစ်မှန်းကိုတစ်ကယ်မသိတော့တာပါ
ဘယ်မိန်းကလေးယောက်ျားလေးကိုမှစိတ်မဝင်စားဘဲနေခဲ့တဲ့ဆယ်နှစ်ကျော်ကာလအတွင်းမှာတွေးခဲ့တာ ဒီတစ်သက်တော့အိမ်ထောင်မပြုဖြစ်လောက်တော့ဘူးလို့
ဒါပေမယ့်အဲ့ဒီအတွေးတွေအကုန်လုံးကို Gun ကပဲ ဖျက်ဆီးပစ်လိုက်နိုင်တယ်
အရမ်းချစ်လွန်းလို့စိတ်ရှိတိုင်းမလုပ်ရက်ဘဲဆက်ဆံရင်တောင်အတတ်နိုင်ဆုံးထိန်းခဲ့တယ်
သဘာဝမဟုတ်တာကြောင့်ယောက်ျားလေးတစ်ယောက်အတွက်နာကျင်မှုကတော်ရုံတော့မဟုတ်နိုင်ဘူးလေ
သူကြမ်းချင်တယ်ဆိုရင်တောင်မသိမသာထိန်းခဲ့တယ်
အဲ့လောက်ထိချစ်ပြီး အရမ်းတန်ဖိုးထားခဲ့တယ်
ဒါတွေကိုဒီကောင်လေးသိရင်ကောင်းမှာ

"Gun"

"ဘာလဲ"

အိပ်ချင်မပြေသေးတာကြောင့်ထင်တယ် Gun က သူ့မျက်လုံးနှစ်ဖက်ကိုအကြမ်းပတမ်းပွတ်သတ်ရင်းမပြောင်းလဲတဲ့လေသံနဲ့ထူးလာတယ်

"ဦးက Gun အတွက်ဘာလဲ"

"ခင်ဗျားတစ်ကယ်ပဲဘာဖြစ်ချင်နေသေးလို့လဲ
ကျွန်တော်ပြောပြီးသွားပြီနော် ခင်ဗျားကကျွန်တော့်အတွက် Sex ကိစ္စထက်ဘာမှမပိုဘူး ပြီးတော့ပြောထားဦးမယ် ကျွန်တော်စိတ်မလာတော့တဲ့အချိန်ကျရင် ခင်ဗျားနဲ့ကိစ္စကိုရပ်လိုက်မှာ ကျွန်တော်ကစောက်ရမ်းထန်တာလေ
အဲ့တော့အသစ်သစ်တွေပဲလိုအပ်နေတာ"

Gun ကတစ်ကယ်ကိုတော်လွန်းပါတယ်
ရင်ဘက်ကိုစုတ်ပြတ်သွားဖို့သေချာတဲ့စကာလုံးတွေကိုသေချာရွေးတတ်တာပဲ

"အင်းပါ ခုတော့ပြန်နားလိုက်ဦးလေ
မုန့်ဖိုးကလောက်ရဲ့လား ထပ်လိုရင်လည်းပြောလို့ရတယ်နော်
ပြီးတော့ဒီမှာမနက်စာလုပ်လာပေးတယ်
ပူနေတုန်းလေးမြန်မြန်စားလိုက်နော်"

ချက်ချင်းညှိုးကျသွားတဲ့မျက်နှာ
တိုးဖျော့နေတဲ့လေသံတွေနဲ့ ရန်မလိုတဲ့စကားလုံးတွေ
အရာအားလုံးခွင့်လွှတ်နိုင်တယ်ဆိုတဲ့ပုံစံ
အဲ့ဒီအရာတွေက Gun ကိုစိတ်ကျေနပ်မှုမပေးတာတော့အမှန်
တစ်ကယ်ဆိုတအားခံစားတာကိုလိုချင်တာလေ
သူ့ပိုက်ဆံကိုယူမှန်းသိရင်မခံနိုင်ဖြစ်ရမယ်လေ
ဘာလို့ယူတာလဲအတင်းမေးရမယ့်အစား လောက်ရဲ့လားဆိုတဲ့စကားက ဘာလဲ
သူ့အဝတ်အစားတွေဖွချင်သလိုဖွပစ်ခဲ့တာကိုတောင်တစ်ခွန်းမှမဟဘူးလေ သူ့ကိုစိတ်ဖြေတဲ့နေရာလို့သတ်မှတ်နေတာတောင် မေတ္တာပြည့်ဝတဲ့ပုံစံနဲ့ဘာမှမဖြစ်သလိုပြောနေပြန်တယ်လေ
ပြီးတော့မနက်စာတောင်လုပ်လာပေးလိုက်သေးတယ်

ဦးဂျွန်ပေါကိုခံစားရအောင်ဘယ်လိုနည်းနဲ့လုပ်ရမလဲ
ဒီ့ထက်ပိုပြီးခံစားလိုက်စမ်းပါ ခင်ဗျားခံစားရတာကိုသေလောက်အောင်မြင်ချင်တဲ့ကောင်မို့လို့

"hakk.......မခံစားရသေးရင်ခံစားရအောင်လုပ်ပေးမယ်"

"ဘာပြောလိုက်တာလဲ"

"ဘာမှမဟုတ်ဘူး ပြန်တော့မယ်လို့ပြောတာ"

"အင်း ကောင်းကောင်းနားလိုက်ကလေး sorry ကောင်းကောင်းအနားယူလိုက်နော် Gun နာနေသေးလား"

"ကျွန်တော်လည်းယောက်ျားပါ အဲ့လောက်ဖွဲ့နွဲ့ပြမနေနဲ့"

"ဟုတ်ပါပြီ ဦးရဲ့ယောက်ျားပေါက်စလေးရယ်"

"ခင်ဗျားဘာ......."

ရန်တွေ့လာမယ့်စကားတွေကိုရပ်တန့်နိုင်ဖို့ကောင်တာခုံကျော်ကာခန္ဓာကိုယ်ကိုအနည်းငယ်ကုန်းလိုက်ပြီး
နှုတ်ခမ်းသားထူထူတွေကိုဆွဲယူနမ်းပြန်တော့ Gun ကအလိုက်သင့်လေးနေပေးတယ်
ဒါက sex partner အဆင့်လား
Gun ကလိမ်တာတအားညံ့သေးတယ်

အနမ်းတွေအပြီးမှာထထွက်သွားတဲ့ကောင်လေးကိုလှမ်းကြည့်တော့
လမ်းလျှောက်တာနည်းနည်းကွတတဖြစ်နေတယ်
မနာဘူးလို့လိမ်နေတာပဲ ဂရုစိုက်ပေးချင်ပေမယ့် အဆိုးလေးကပေကပ်ကပ်ရယ်လေ

"ပြန်ပြီ"

အနမ်း......ထိကပ်လာတိုင်းမငြင်းဆံနိုင်တဲ့အနမ်းတွေ
Off Jumpol ဆိုတဲ့လူကြီးပိုင်ဆိုင်ထားတဲ့ ခပ်ပါးပါးနှုတ်ခမ်းတွေကအဲ့လောက်ချိုတဲ့အနမ်းတွေပေးစွမ်းနိုင်တာတစ်ကယ်ပဲယုံနိုင်စရာမရှိဘူး
ကြောက်ရတယ် တစ်နေ့နေ့တစ်ချိန်ချိန်ထွက်သွားရမယ်ဆိုရင်
အဲ့ဒီလူကြီးရဲ့နှုတ်ခမ််းတွေကိုလွမ်းနေရမှာလား

*ဟင့်အင်း ကျွန်တော်လွမ်းမနေချင်ဘူး*

ကျွန်တော်ကြိုးစားရမှာပေါ့ ကျွန်တော်သူ့ကိုမချစ်ပါဘူး
ဒီတိုင်းဆယ်ကျော်သက်လေးမို့စိတ်ကစားတာ
အချိန်တန်လို့သူ့ထက်ကောင်းတဲ့သူတွေ့ရင်မေ့သွားမှာ
အချိန်ဆွဲထားတာမကောင်းဘူးမဟုတ်လား
အဲ့တော့မြန်မြန်နာကျင်အောင်လုပ်ပြီးမြန်မြန်ထွက်သွားမယ်။

~~~~~~~~~~~7/11~~~~~~~~~~

*Ding~~~~~~~*

ပစ္စည်းအဝင်အထွက်စာရင်းတွေစစ်နေတုန်းဝင်လာတဲ့ Line message ကြောင့်လုပ်လက်စအလုပ်တွေကိုရပ်ကာ ဖုန်းကိုဖွင့်ကြည့်လိုက်တော့ ခေါင်းတောင်ပူချင်သွားတယ်

[ကျွန်တော်နေမကောင်းလို့အလုပ်မလာတော့ဘူး]

အချိန်ပိုင်းဝန်ထမ်းကသူ့သူဌေးကိုခွင့်တောင်းတဲ့ပုံမဟုတ်ဘူးလေ
သူ့လူကြီးကိုဆိုးချင်တိုင်းဆိုးမယ်ဆိုတဲ့ပုံစံနဲ့ပို့တဲ့ message
ဒီအချိန်မှာ Off သိတာက စိတ်ပူဖို့ပဲ
အချိန်ကိုကြည့်တော့ည 7:00 တောင်ကျော်နေပြီ
Gun အတွက်တအားစိတ်ပူလာတာကြောင့် ဆိုင်ကိုအမြန်ဆုံးပိတ်ဖို့သာပြင်လိုက်တော့တယ်
နေမကောင်းဘူးဆိုတာအပြင်ဘာမှပိုမပြောတာကြောင့်
မနေ့ညကကိစ္စကြောင့်များဖျားသွားတာလား
တအားပင်ပန်းသွားလို့လား တစ်ခြားဘာများဖြစ်တာလဲဆိုပြီး ထွေရာလေးပါးစဥ်းစားနေမိတာဆိုင်တောင်ဘယ်လိုပိတ်လိုက်မှန်းမသိဘဲအကုန်ပြီးစီးသွားတယ်

စားဖို့တစ်ခုခုနဲ့လိုအပ်တဲ့ဆေးတွေပါဝယ်ရင်း Gun အခန်းဆီကိုသွားတော့ရှစ်နာရီတောင်ထိုးတော့မယ်
အခန်းတံခါးခေါက်တော့တော်တော်လေးကြာတဲ့အထိပွင့်မလာ
အိပ်များပျော်နေလား သတိလစ်နေတာမျိုးလားဆိုပြီး စိတ်ပူလွန်းလို့သေတော့မယ်
တံခါးကိုအဆက်မပြတ်ခေါက်တော့မှညင်ညင်သာသာပွင့်လာတဲ့တံခါး ပြီးတော့မြင်ရတဲ့မြင်ကွင်း
Gun က Boxer လေးသာဝတ်ထားတယ်
ပြီးတော့ချွေးတွေလည်းထွက်နေသေးတယ်
နေမကောင်းတဲ့လူကဒီလိုနေပါ့မလား စိတ်ထဲဒိန်းခနဲဖြစ်သွားတာကြောင့်သူ့ကိုကျော်ကာအခန်းထဲကိုကြည့်လိုက်တော့

*အိုးးးး ဝတ်လစ်စားလစ်နဲ့မိန်းကလေးတစ်ယောက်*

Gun ကိုဒီတစ်ခါတော့အတော်လေးဒေါသထွက်သွားမိတယ်
သူကမိန်းမတစ်ယောက်နဲ့​ပျော်ပါးနေချိန်မှာ
ဒီလူကြီးကတော့သူနေမကောင်းပါဘူးပြောလို့အရူးလိုစိတ်ပူနေလိုက်ရတာ ဘာများဖြစ်လဲဆိုပြီးလုပ်လက်စအလုပ်ကိုချက်ချင်းပစ်ပြီး ညစာစားပြီးဆေးသောက်ဖို့အမြန်စီစဥ်ကာအပြေးလာခဲ့ရတာ
အခုတော့ဒီမြင်ကွင်းကရင်ဝကိုဆောင့်ကန်လိုက်သလို
ခေါင်းကိုပဲဆယ်ပေါင်တူနဲ့ထုချလိုက်သလိုနာကျင်လွန်းတယ်

"မင်းဒါဘာလုပ်နေတာလဲ Gun"

Gun ကတော့ဘာမှမဖြစ်သလိုပေါ့ပေါ့ပါးပါးပဲ

"ဘာလုပ်နေတယ်ဆိုတာမသိရလောက်အောင်တော့ ခင်ဗျားကဖြူစင်မနေဘူးထင်တယ် စိတ်ရှိရင်တစ်ပွဲတစ်လမ်းလောက်ဝင်ပါလည်းဖြစ်တယ်နော်
ပိုက်ဆံပိုပေးလိုက်ရင် ok ပဲ"

ပြောပြောဆိုဆိုနဲ့ရွှတ်နောက်နောက်လုပ်ကာမျက်စိတစ်ဖက်ကိုတောင်ဆတ်ခနဲမှိတ်ပြလိုက်သေးတယ်

ဒီကောင်လေးကဘယ်လောက်တောင်ဆိုးတာလဲ
သူနဲ့အတူမိန်းမတစ်ယောက်ကိုဆက်ဆံဖို့တောင်ဖိတ်ခေါ်နေသေးတယ် မင်းစကားပြောမှားသွားပြီ Gun

"ငါသည်းခံနိုင်တဲ့အတိုင်းအတာလွန်သွားပြီ Gun"

လက်ထဲကိုင်လာတဲ့အထုပ်တွေကိုပစ်ချကာအပေါ်ထပ်ကိုဆွဲချွတ်လိုက်ရင်း သူ့ကိုယ်ပေါ်ကိုလွှားခနဲခြုံပေးလိုက်တော့
ကြီးလွန်းတဲ့အင်္ကျီကသူ့ပေါင်လည်လောက်ထိလုံသွားတယ်
ရုတ်တရက်ဆွဲချီလိုက်တော့ဆွေ့ခနဲပါလာတဲ့ခန္ဓာကိုယ်လေး
ခဏတာအံ့သြသွားတယ်ထင်ရပေမယ့် နောက်တော့ရုန်းကန်နေတယ် ရင်ဘက်ကိုထုတယ် ရိုက်တယ်
အတင်းကိုပြန်ချပေးဖို့ပြောရင်း ဆဲဆိုနေတော့တာ

"fuck ခင်ဗျားဘာလုပ်တာလဲ အခုပြန်ချပေးနော်
သေချင်နေပြီလား Shitt....."

​အော်ဟစ်ရင်းပြောတာမရတော့ရင်ဘက်ကိုဖိကိုက်တော့တာပဲ
အရမ်းအားပါပေမယ့်လည်းဒေါသကြောင့်ထင်တယ်
သိပ်မှုမနေနိုင်ဘူး ဒီကောင်လေးကိုဘာဖြစ်ဖြစ်နားလည်နိုင်ရင်တောင်
တွေ့ကရာလူနဲ့ဆက်ဆံဖို့လောက်ထိ Off Jumpol ဆိုတဲ့လူက သဒ္ဓါတရားထက်သန်မနေဘူး

"ကိုက်လေ ဦးရင်ဘက်ကိုပြတ်သွားအောင်ကိုက်လိုက်
မင်းဆက်ကိုက်လေ ဦးကစိတ်ပါလေပဲ မင်းကစပြီးအမှားလုပ်တာနော် ဒီတစ်ခါတော့ခွင့်လွှတ်မယ်မထင်နဲ့
တစ်ခြားဟာသာနားလည်ပေးမယ် မင်းကိုမိန်းမတွေနဲ့မအိပ်ပါနဲ့လို့ပြောမထားဘူးလား"

ထိုလူကြီးဒေါသထွက်နေပုံကြည့်ရတာအရမ်းကိုကျေနပ်စရာကောင်းလွန်းတာပဲ
နေမကောင်းဘူးပြောတာနဲ့လိုက်လာမယ်ဆိုတာသိလို့တမင်အကွက်ဆင်လိုက်တာ ချက်ချင်းကိုဆင်တဲ့အကွက်ထဲဝင်လာတော့တာ
နီရဲနေတဲ့မျက်နှာကြီးကိုကြည့်ရတာအရသာရှိလွန်းတယ်
ဒီလိုမှန်းသိရင်အစတည်းကလုပ်ခဲ့ပါတယ်

"ကျွန်တော်လည်းယောက်ျားပဲလေ နေချင်သလိုနေမှာပေါ့ ခင်ဗျားစောက်ပူပါလို့လား"

"မရိုင်းနဲ့ Gun မင်းဒီနေ့ဘာဖြစ်နေတာလဲကွာ"

"အခုချက်ချင်းအောက်ချပေးလို့ပြောနေတယ်"

"Sorry ပဲကလေး ဦးဒီနေ့မင်းကိုအလိုလိုက်မှာမဟုတ်ဘူး
အပြစ်ပဲပေးမှာ မင်းကကြမ်းကြမ်းတမ်းတမ်းဆက်ဆံတာကြိုက်တယ်မဟုတ်လား
ကြမ်းပေးမလို့ပါ အဲ့ဒါကြောင့်ငြိမ်ငြိမ်လေးလိုက်ခဲ့
.
.
.
ဦးကမင်းကိုအရမ်းချစ်မိသွားလို့ထင်တယ်
လက်မလွှတ်ချင်တော့ဘူး အဲ့ဒါကြောင့်ပိုကြိုးစားတော့မှာ
နောက်တစ်ခါမိန်းမတွေနဲ့ထပ်မအိပ်ချင်အောင်ပေါ့"

💚💚

Thank you for reading😍
Please left vote and feedback if you like my story.💚

Third_Helios

____________________________

Zawgyi










ဉီးနဲ့အတူပြန်လို့လည်းရတာပဲမဟုတ်လား"





"ဘာ"



"အလုပ်ကဘယ်အချိန်လဲ"

"ဘယ်အချိန်လုပ်ချင်လဲ"

သိအောင်ရယ်ရင်ရန်တွေ့ခံရဉီးမှာလေ


"Gun"

"ဘာလဲ"


"ဉီးက Gun အတွက်ဘာလဲ"

ကျွန်တော်ပြောပြီးသွားပြီနော် ခင်ဗျားကကျွန်တော့်အတွက် Sex ကိစ္စထက်ဘာမှမပိုဘူး ပြီးတော့ပြောထားဉီးမယ် ကျွန်တော်စိတ်မလာတော့တဲ့အချိန်ကျရင် ခင်ဗျားနဲ့ကိစ္စကိုရပ်လိုက်မှာ ကျွန်တော်ကစောက်ရမ်းထန်တာလေ


"အင်းပါ ခုတော့ပြန်နားလိုက်ဉီးလေ


ဉီးဂျွန်ပေါကိုခံစားရအောင်ဘယ်လိုနည်းနဲ့လုပ်ရမလဲ


"ဘာပြောလိုက်တာလဲ"




"ဟုတ်ပါပြီ ဉီးရဲ့ယောက်ျားပေါက်စလေးရယ်"

"ခင်ဗျားဘာ......."



"ပြန်ပြီ"

အဲ့ဒီလူကြီးရဲ့နှုတ်ခမ်းတွေကိုလွမ်းနေရမှာလား



~~~~~~~~~~~7/11~~~~~~~~~~

*Ding~~~~~~~*



Gun အတွက်တအားစိတ်ပူလာတာကြောင့် ဆိုင်ကိုအမြန်ဆုံးပိတျဖို့သာပြင်လိုက်တော့တယ်











သေချင်နေပြီလား Shitt....."


"ကိုက်လေ ဉီးရင်ဘက်ကိုပြတ်သွားအောင်ကိုက်လိုက်
မင်းဆက်ကိုက်လေ ဉီးကစိတ်ပါလေပဲ မင်းကစပြီးအမှားလုပ်တာနော် ဒီတစ်ခါတော့ခွင့်လွှတ်မယ်မထင်နဲ့





"Sorry ပဲကလေး ဉီးဒီနေ့မင်းကိုအလိုလိုက်မှာမဟုတ်ဘူး
.
.
.
ဉီးကမင်းကိုအရမ်းချစ်မိသွားလို့ထင်တယ်

💚💚

Thank you for reading😍

Third_Helios

____________________________

Continue Reading

You'll Also Like

12.9K 523 9
Summary: Jungkook may be developing something more than just a passing interest in the handsome, popular but mysterious man whom he meets in his weig...
847K 35.3K 75
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
4.8K 141 15
He was an experiment in a world of Vampires, Ghosts, Zombies, Werewolves, and Aliens. A freakish girl with the ability to change into aliens, and her...
26.5K 506 23
Sofia Davis is a 17 year old girl filled with life and happiness , due to financial reasons she was engaged to marry Lorenzo Bianchi , a secret membe...