မော့မကြည့်မိပါ။
မဟုတ်ဘူး ~~
"ဟိုဆော့!! ငါလဲလိုက်မယ်!!"
မင်းက~~"
ဆော့ ဂျင်~~ ရယ် "
ခဲ့ပါသည်။
မဲ့တဲ့တဲ့အပြုံးတို့ဖြစ်တည်လာရင်း ကောင်လေးကို
ထိုနေရာမှ ဆွဲထုတ်သည်။
"ဂျောင် ဟို ဆော့ ~~
အခုအချိန်လောက်ဆို
×××××
ဘုရားကျောင်းလေးအတွင်း ခေါင်းငိုက်ဆိုက်ချကာ ထိုင်နေတဲ့
သူဘေး တစုံတယောက် လာရပ်နေသည်ကို သိပေမယ့်
မော့မကြည့်မိပါ။
~မဟုတ်ဘူး~~ သူက ဘယ်တော့မှ အလိုလုပ်မယ့်သူ
မဟုတ်ဘူး ~~
ရင်ဘတ်ပေါ်ရှိ ပန်းကပ်လေးကို လွှတ်ပြစ်လိုက်ရင်း နင့်သည်းစွာ သူငိုကြွေးမိသည်။ပြီးမှ သူသတိဝင်လာသည်။
"ငါ ဒီလို ထိုင်နေရမှာမဟုတ်ဘူး!! ငါရှာရမယ်
ငါသူကိုရှာမယ်!!ရှာရမယ်လို့ "
တယောက်ထဲစကားပြောကာ အရူးတပိုင်းလို ဖြစ်နေတဲ့သူ
ထိုင်နေရာက ထရပ်တော့ သူလက်ကိုစောင့်ဆွဲခံလိုက်ရသည်။
"ယွန်းဂီ~~ ငါလက်ကိုလွှတ်!!! "
"ဘယ်မှာသွားရှာအုန်းမို့လဲ!!"
"မိဘမဲ့ကျောင်း အာကို သွားကြည့်ရမယ် ယွန်းဂီ
သူအာ့မှာရှိနေနိုင်တယ်!!!"
"ငါဖုန်းမေးပြီးပြီ သူမရှိဘူး!!"
"မင်းမျက်လုံးနဲ့ အတည်ပြုခဲ့တာမှ မဟုတါတာ
အာ့တာကြောင့် ငါသွားပြီး အတည်ပြုရမယ် ယွန်းဂီ
ဒါကြောင့် ငါလက်ကိုလွှတ်!!"
မလွှတ်ပေးသေးတဲ့ လက်ကို ဆွဲဖယ်ရင်း ဘုရားကျောင်းလေးအပြင်ဘက်သူထွက်လာတုန်း အနောက်ကထပ်ကြားလိုက်ရတဲ့ စကားသံကြောင့် သူခြေလှမ်းတွေရပ်သွားတော့သည်။
"ငါတို့ဘာပြောခဲ့လဲ ဟိုဆော့
အဆင့်အတန်းမရှိတဲ့လူကို
ရွေးချယ်ရင် ဒီလို အရှက်တကွဲဖြစ်ရတဲ့လုပ်ရပ်တွေ ဖြစ်လိမ့်မယ်လို!!
အခုကြည့် လက်တောင်မထက်ရသေးဘူး
လက်ထက်ပွဲမှာတင် အရှက်တကွဲဖြစ်အောင် မင်ဂ်လာပွဲကို
အာ့မိဘမဲ့ကောင်ကရောက်မလာဘူး!!!"
"ဒေါ်လေး သူကိုအလိုပြောပိုင်ခွင့်မရှိဘူး!!!"
"အော်ဟော် ၊ အခုလိုလုပ်ခံရတာတောင်
မင်းကသူဘက်ပါနေတုန်းလား ဂျောင်ဟိုဆော့!!!"
"သူက ကျတော်ချစ်ရတဲ့သူ ဒေါ်လေးအခုလိုပြောပိုင်ခွင့် မရှိဘူး !! ပြီးတော့ သူ က ကျတော် ကိုအလိုလုပ်မယ့်သူမဟုတ်ဘူး!! လုံးဝ လုံးဝ ကျတော်ကိုထားခဲ့မှာမဟုတ်ဘူး!!
သူမှာ ကျတော် ကလွဲပြီး ဘယ်သူမှ မရှိတာကို ကျတော်အသိဆုံး!!
ဒေါ်လေးဖြစ်သူကို တခွန်းမကျန်ပြန်ပြောရင်း အပြေးတဖြင့်
ကားရပ်ထားရာနေရာသို့သွားသည်။
"ဟိုဆော့!! ငါလဲလိုက်မယ်!!"
"မင်းဒီမှာနေခဲ့ ယွန်းဂီ
ဂျင်လေးက ဒီကိုမဆို ပြန်လာနိုင်တာမို့
မင်းက ဒီမှာစောင့်ပြီးနေခဲ့ပေး !!
ဂျင်လေးက ဆိုလ်းကလမ်းတွေကိုမသိတာမို့ မင်းက
မင်းက~~"
တုန်ရီနေတဲ့လက်တြွေဖင့် ကားတံခါးကို ဖွင့်ရန်ပြင်တော့
ယွန်းဂီက သူလက်ကိုဆုပ်ကိုင်လာသည်။
"မင်းဒီလောက်အတုန်တုန်အရီရီဖြစ်နေတာ ဘယ်လုပ်ပြီး
ကားမောင်းဖို့လဲ ဟိုဆော့!! ငါကားမောင်းပေးမယ် နော် "
"ဟိုဆော့ ရှီ!!!ဒါလေး ကျတော်ရှာတွေ့လာလို"
သူတို့ရှိရာသို့ပြေးလာတဲ့ အလုပ်သမားတယောက်
ပြလာတဲ့ ဆွဲကြိုးလေးကို တွေ့တော့ ဟိုဆော့ မျက်ရည်တွေပိုကျလာမိသည်။
ဒီဆွဲကြိုး လေးက သူဝယ်ခဲ့ကာ သူကိုယ်တိုင်ဆော့ဂျင်ကိုဆွဲ ပေးခဲ့တာမို့ ဆော့ဂျင်ကိုပိုသတိရလာမိသည်။
"ဂျင်လေး ၊ ဒီကိုရောက်လာခဲ့သေးတယ် ၊ ဒီကိုရောင်လာခဲ့သေးတယ်လို ဒါကြောင့် ဒီဆွဲကြိုးလေးကျခဲ့ရတာ
ဆော့ ဂျင်~~ ရယ် "
အရုပ်ကြိုးပျက်ဖြစ်ကာ ငိုကြွေးနေတဲ့ ဟိုဆော့ကို
ယွန်းဂီတယောက် အတက်နိုင်ဆုံးနှစ်သိမ့်ပေးရင်း
ရှာတွေ့သွားမှာပါ ၊ ဆိုသော စကားကို ထပ်တလဲလဲပြောမိ
ခဲ့ပါသည်။
တိမ်မြုတ်သွားသောနေရောင်တွေနဲ့အတူ ညဦးယံရဲ့ အမှောင်တွေဟာ
ထွက်ပေါ်လာတော့သည်။ အဝေးအပြေးကားလမ်းမကြီးတွင်ဖြစ်တာမို့ ဖြတ်သန်းသွားသည့်ားကားတွေဆီက မီးရောင်တွေမှ အပ
တခြား အလင်းရောင် အလျင်းမရှိ။
နက်ပြာရောင် ကားတစီးသည် အရှိန်အပြည့်နဲ့ မောင်းနှင်လာရာက ဟိုင်းဝေးလမ်းမကြီးရဲ့ ဘေး တဖက် ကို ဆင်းချသွားကာ အလေ့ကျပေါက်နေသော အပင်တွေကို နွယ်ပင်တွေ
အုပ်လွှမ်းနေသော အပင်များစွာရှိသည့် နေရာ အရောက် ကားကိုရပ်တန့်လိုက်သည်။ ထိုနေရာတွင်
ဘုံးပါသည့် ပစ္စည်းတင်ကားတဖွယ် ကားတစီးကရပ်လျက်ရှိနေသည့်က
လမ်းမထက်ရှိသူများအနေနဲ့လုံးဝမြင်နိုင်မည်မဟုတ် ပေ။
တမင် မမြင်နိုင်အောင် ထိုကဲ့သို့ ရပ်ထားခြင်းလဲ ဖြစ်နိုင်သည်။
နက်ပြာရောင်ကားပေါ်မှ အနက်ရောင် hoodieကို ခေါင်းစွပ်ပါ ထပ်ဝတ်ထားသူတဦးဆင်းလာခဲ့သလို
ပါးစပ်တွင် ကိုက်ခဲထားသည့် စီးကရက်ကို မြေကြီးပေါ် ပြစ်ချကာ ဖိနပ်ဖြင့်ဖိချေသည်။
ပတ်ဝန်းကျင်အခြေအနေကို အကဲတချက်ခတ်အပြီး
ကားနောက်ဖုံးရှိရာသို့ လျှောက်လာသည်။
ကားနောက်ဖုံးကိုထိုသူဖွင့်လိုက်ချိန်
အဖြူရောင် သတိုးသား ဝတ်စုံလေးကို ဝတ်ထားသော
ကောင်လေးတဦးရှိနေခဲ့သည်။
ထိုကောင်လေးကိုကြည့်ပြီး ထိုလူသားမျက်နှာတွင်
မဲ့တဲ့တဲ့အပြုံးတိူ့ဖြစ်တည်လာရင်း ကောင်လေးကို
ထိုနေရာမှ ဆွဲထုတ်သည်။
~~အင်မ်း~~ အင်းးးးးး အင်းးး~~
ထိုအချိန်မှ သတိရလာဟန်ရှိသော ကောင်လေးသည်
ရုန်းကန်လာကာ ထွက်ပြေးဖို့ ကြိုးပမ်းလာပေမယ့်
ဇက်ပိုးနေရာကို တချက်အရိုက်ခံလိုက်ရတာမို့
ပျော့ခွေကျသွားကာ ထိုလူ ခေါ်ဆောင်ရာသို့
အရုပ်လေးတရုပ်လိုပါသွားတော့သည်။
နက်ပြာရောင်ကားကို ထိုနေရာတွင်ရပ်ခဲ့ပြီး ကုန်တင်ကားသဖွယ်ကားကို ပြောင်းလဲမောင်းနင်လိုက်သော ထိုလူသားသည်
သတိမေ့နေသော ကောင်လေးကိုလဲ ကားနောက်ခန်းထဲ ထည့်ကာ ခေါ်ဆောင်လာခဲ့သည်။
"ဂျောင် ဟို ဆော့ ~~
အခုအချိန်လောက်ဆို
ခင်ဗျား သွေးပျက်နေလောက်ရောပေါ့ ဟားး ဟားး ဟား "
မှောင်မိုက်နေသော တောလမ်းအတွင်းမှ
ကျယ်လောင်စွာထွက်ပေါ်လာသော ရယ်သံသည်
နတ်ဆိုးတကောင်၏ ရယ်မောသံအလားထင်မှတ်ရသည်။
×××××
1
1/1/2021