သူသတိပြန်ဝင်လာသည်နှင့် ဘေးပတ်ဝန်ကျင်က အမှောင်ထုကြီးသာ ၊ ညှီဆို့ဆို့ အနံ့အသက်တွေကလဲ နှာခေါင်းထဲစူးကာ
ဝင်လာသည်မို့ ကြောက်စိတ်ကပိုတိုးလာပါသည်။မမြင်မစမ်းနဲ့ဘဲ ဘေးနံရံရှိမည်နေရာကို တရွေ့ရွေ့ သွားကာ
ထုရိုက်ရင်း အကူအညီတောင်းမိသည်။~~ ကယ်ကြပါအုန်း!! ဒီမှာလူရှိတယ်
ကျတော်ကို ကယ်ကြပါအုန်းး
း ဒီမှာ လူရှိတယ်လို~~~
မာကျောနေတဲ့ နံရံ့တွေကိုထုရိုက်နေလို လက်တွေပေါက်ကုန်တာသိပေမယ့် လွှတ်လိုလွှတ်ညားသူကြံမိသည်။
"တောင်းပန်ပါတယ် ~~ ကျတော်လွှတ်ပေးပါ တောင်းပန်ပါတယ် ဒီမှာ အရမ်းမှောင်နေပြီး ကြောက်ဖို့ကောင်းနေတာမို့ ~~ "
မဂ်လာခန်းမလေးရောက်ခါနီးမှ သူမျက်နှာကိုအဝတ်တခုနဲ့အုပ်ခြင်းခံရပြီး သတိလစ်သွားခဲ့သူကို ထိုလူက ဒီကြောက်စရာကောင်းသည်နေရာသို့ ခေါ်လာခဲ့သည်အထိ သူပနြ် သတိရှိလာပါသည်။
"ဒီမှာ!! ကယ်ကြပါအုန်း!! အဟင့်
ကျတော် တောင်းပန် ပါတယ်
ဒီကနေ ထုပ်ပေးပါ အဟင့်ထိုမှောင်မိုက်နေသည့်နေရာက
အအေးဓာတ်က ပိုကဲလာသည်မို့ သူကိုယ်လေးကိုကွေးကာ
ကြုံနိုင်သမျှ ကြုံထားမိပေမယ့် အနွေးဓာတ်ကမလုံလောက်ခဲ့ပါ။ထိုအချိန် သူအရှေ့တွင်လှုပ်ရှားနေသည်အရာတခုရှိမှန်းသိရတော့ အသက်ရူသံတွေပိုမြန်လာကာ အနောက်သို့ဆုပ်မိပေမယ့် ထိုအရာက သူနားပိုတိုးလာခဲ့သညါ။
"အမေ့~~ !!!"
ထိုအချိန်မှ သူသိလိုက်ရသည်က မြေကြွက်ကြီးတကောင်သညါ သူနှင့်အတူ ထိုနေရာတွင် ရှိနေမှန်းသိလိုက်ရတာမို့
ကြောက်စိတ်တွေက ထိန်းမရအောင်တိုးလာမိတော့သညါ။"အ့!! အမေ ကယ်ကြပါအုန်း ကယ်ကြပါအုန်း!!
အားးးးးး"မျက်တောင်တွေကိုပုတ်ခတ်ပုတ်ခတ်လုပ်ရင်း
သူမျက်ဝန်းအစုံဟာ ပွင့်လာခဲ့ပေမယ့် မျက်လုံးတွေပိတ်နေမိသော အခြေအနေနဲ့ ကွာဟမူဘာမှမရှိပါ။
YOU ARE READING
C A G E☑️Complete
Fanfiction"လုပ်ချင်တာလုပ်ပြီး တောင်းပန်တယ်ဆိုတဲ့စကားတခွန်းနဲ့ ကျေနပ်ရမှာတဲ့လား?"