တိမ်ညို မိုးစက်ကို တော်တော်နှင့် ဘာမှမပြောပဲ ထိုနေရာ၌ပင် ရပ်လျက်ကြက်သေသေ၍ ကြည့်နေလေမိသည်။ မိုးစက်ခဗျာ မျက်ရည်များဝဲနေသည့် မျက်လုံးအဝိုင်းသားများဖြင့် တိမ်ညို့ကို သူမဟုတ်ပါဘူးဆိုသည့် အကြည့်ဖြင့် ကြည့်ရင်း ကြောက်လန့်နေမိသည်။
"ကဲ ဒါဘာလဲ မောင်၊ ရှင်းပါဦး"
"မဟုတ်ဘူး ကို၊ မောင် မဟုတ်ဘူး"
"ဘာ...မဟုတ်ဘူးလဲ၊ မင်းမခေါ်လို့ ဒီဖာခေါင်းက ဒီအိမ်ကို လာစရာအကြောင်းမရှိဘူး...ဟိတ်ကောင်၊ သူကိုယ်တိုင်ကကို မင်းခေါ်လို့လာရပါတယ်လို့ သူ့ပါးစပ်က တပ်အပ်ပြောနေတာကို မင်းကငြင်းချင်နေသေးတာလား၊ ဘာလဲပြော မင်းချစ်သူဖြစ်တဲ့ငါက ဒီလိုသာယာမှုတွေ ပေးမနေလို့လား...ဟုတ်လား"
ထိုသို့ တိမ်ညို ဒေါသတကြီးဖြင့် မိုးစက်ကိုပါ တစ်ခါမှမပြောဘူးသည့် စကားလုံးခပ်ကြမ်းကြမ်းများဖြင့် အော်ပြောလိုက်သည်။
မိုးစက်ခဗျာတော့ တိမ်ညိုသူ့ကိုအထင်လွဲနေပြီကို ရှင်းပြချင်နေတာကတကြောင်း...၊ ဘယ်ကနေဘယ်လိုစရှင်းရမယ်မှန်းမသိတာကတကြောင်းဖြင့် ချက်ချင်းဆိုသလို ဘာမှပြန်မပြောနိုင်ပဲ မျက်ရည်များစီးကျလျက် ခေါင်းတခါခါဖြင့်သာ အပြစ်မရှိပင်မဲ့ စိတ်ထဲမှာပင်တော်ပါတော့ကိုရယ်ဟုတောင်းပန်နေသည့် အကြည့်တို့ဖြင့်...
"ပြောလေ ပြော၊ မင်းမဟုတ်ဘူးလို့ ပြောစမ်းပါ မိုးစက်လင်းရာ၊ ငါဒီမှာ နှလုံးတွေပေါက်ထွက်တော့မယ်ကွ" ထိုသို့ပြောရင်း မိုးစက်အနားကိုသွားပြီး မိုးစက်ပုခုံးကိုတင်းကြပ်စွာဆုပ်ကိုင်ရင်း လှုပ်ယမ်းလျက်
"မင်း မဟုတ်ဘူးလို့ ပြောစမ်း ပြောဆို ပြောလို့....." ဤသို့ဒေါသတကြီးဖြင့်အော်ပြောရင်း ထိုနေရာရှိကြမ်းပြင်ပေါ်တွင်သာ အရုပ်ကြိုးပျက်သဖွယ် ဒူးထောက်လိုက်သည်။ ပါးပေါ်တွင်လဲ မျက်ရည်များကစီးကျလျက်။
မိုးစက် ငိုနေရာမှ လက်သီးကိုကြပ်ကြပ်ပါအောင်ဆုပ်ကာ အားမွေးလိုက်ပြီး
"ကို.....ကို မောင်ရှင်းပြတာ နားထောင်ပါဦး..မောင်မဟုတ်ဘူးလို့ပြောနေတယ်လေ...၊ အဲ့ဒီလူကလဲ ဘယ်ကနေဘယ်လိုရောက်ခဲ့မှန်း မောင်ဘယ်လိုလုပ်သိမှာလဲ၊ ကိုပြန်လာပြီးထင်ပြီး တံခါးအမြန်ဖွင့်လိုက်တော့ အဲ့ဒီလူက မောင့်ကိုအတင်းအဓမ္မပြုကျင့်ဖို့လုပ်တာလေ..."
"အေး အဲ့တာဆို မင်းကကော ဘာလို့ပြန်မခုခံလဲ မင်းကိုယ်တိုင်ကစိတ်ပါနေလို့ အိမ်ထဲထိခေါ်သွင်းတာမလား"
ထိုသို့ပြောတာကို မိုးစက်ကြားလိုက်သည်နှင့်
"ဘယ်လိုပြောလိုက်တာလဲ ကို...၊ ခုကိုပြောလိုက်တဲ့ပုံစံက မောင့်ကိုနာကျင်စေတယ်ဆိုတာ ကိုသိရဲ့လား၊ မောင်ကဘာလို့ အဲ့လိုလုပ်ရမှာလဲ ဘာလို့အဲ့လိုလုပ်ရမှာလဲလို့......"မိုးစက် ဒေါသပါထွက်လာပြီး အားရှိသမျှဖြင့် သူရှင်းပြနေပါသော်လည်း မဖြစ်နိုင်တာတွေကိုပြောနေသည့် တိမ်ညို့ကိုပင် အော်ပြောလိုက်လေတော့သည်။ မျက်ရည်များက အဆက်မပြတ်စီးကျနေဆဲ။
"မောင် အကုန်လုံးကို အမှန်တိုင်းရှင်းပြနေတာပဲ မဟုတ်လား ကိုရယ်၊ ဘာလို့နားမလည်နိုင်ရတာလဲ....မောင်တကယ်စိတ်ဓာတ်ကျတယ် ကို မောင့်ဘက်ကိုလဲ ဖြည့်တွေးပေးပါဦး"
တိမ်ညိုကတော့ ခေါင်းငိုက်စိုက်လျက် ဘာမှပြန်မပြောတော့ချေ။
"ကို မောင်ပြောနေတယ်မလား၊ ပြန်ဖြေဦးလေ ကို...မောင်သူ့ကိုပြန်မခုခံနိုင်တာမဟုတ်ဘူး ကို၊ မောင်နေမကောင်းဘူးလေကိုရယ် ကိုသိရဲ့သားနဲ့၊ မောင်ကဘယ်လိုလုပ်အခုချိန်မှာ ပြန်ခုခံလို့ရမှာလဲ၊ မောင်အားမရှိဘူးလေ ကိုရယ်... ဒီကိစ္စကဘာမှမဟုတ်ဘူးလေကို...ရှင်းရှင်းလေးမြင်ကြည့်တာနဲ့ ကိုမောင့်ကိုနားလည်နိုင်ရမယ်လေ ၊ သေချာပြန်တွေးပေးပါ ကို...၊ ကိုပြောတော့ မောင်တို့နှစ်ယောက်ခြားမှာ တစ်ဦးပေါ်တစ်ဦး နားလည်မှုထားရမယ်ဆို၊ ခုဖြေရှင်းလို့ရနေတဲ့ ဒီကိစ္စလေးကိုတောင် ကိုကမောင့်ကို နားမလည်ပေးနိုင်တာ မောင်တကယ်စိတ်ဓာတ်ကျတယ်ကို၊ ကို ပြောနေတယ်မလား မောင့်ကိုကြည့်ပါဦး"
ထိုသို့ပြောရင်း မိုးစက် တိမ်ညိုမျက်နှာလေးကို ဆွဲယူလျက်
"မောင် အမှန်တိုင်းပြောနေတယ်လေကို...မောင် နေမကောင်းဘူးလေ...တကယ်ပြန်ခုခံနိုင်မဲ့ အားကိုမရှိဘူးလေ ကိုရယ်၊ ခုရပ်လိုက်ပါတော့ ပုံမှန်အတိုင်းလေးပြန်နေပေးပါနော် ကိုနော်"
တိမ်ညို ပါးမို့မို့ကလေးပေါ်တွင် မျက်ရည်များအဆက်မပြတ်စီးဆင်းနေဆဲ၊ သူမဟုတ်ကြောင်းကိုလဲ ထပ်တလဲလဲရှင်းပြတောင်းပန်နေပြီး မောပန်းနွမ်းနယ်နေသည့် မိုးစက်ကိုမြင်သောအခါမှ တိမ်ညိုစိတ်လျော့လိုက်တော့သည်။ သူမှားသွားခဲ့သည်၊ မိုးစက်ကို ချစ်လွန်းအားကြီး၍ ဖြေရှင်းချက်တွေကို လက်မခံနိုင်ပဲဖြစ်ခဲ့မိသည်။
ဒီလိုနှင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ခဏအကြာတိတ်ဆိတ်သွားပြီးနောက်...
"မောင် ကိုတောင်းပန်ပါတယ်၊ ကိုအရမ်းလောသွားတယ်၊ မောင့်ရဲ့ဖြေရှင်းချက်ကို ကိုအရင်နားမထောင်မိခဲ့တဲ့အတွက် ကိုတောင်းပန်ပါတယ်မောင်"
မိုးစက် ချက်ချင်းဘာမှပြန်မပြောနိုင်၊ သူ့အဖျားကလဲမပျောက်သေး၊ စိုးရိမ်တကြီးနှင့် ငိုထားရသည့်အရှိန်ကြောင့် ပင်ပန်းနေသည်။ ထို့နောက် ခုံပေါ်မှနေ၍ တိမ်ညို့ကိုယ်ပေါ်သို့ ဆင်းလိုက်ရင်း ပုခုံးကလေးပေါ်ကိုမှီ၍ တိမ်ညို့ခန္ဓာကိုယ်ကိုတင်းတင်းကြပ်ကြပ်ဖက်ထားလိုက်တော့သည်။
ခဏအကြာ
"ကို နောက်ဒီလိုမလုပ်ပါနဲ့နော်...မောင့်ကိုသူစိမ်းလူတစ်ယောက်လို စကားလုံးကြမ်းကြမ်းတွေ မပြောပါနဲ့နော်၊ မောင့်ရင်တွေကွဲမတတ်ပဲကိုရယ်"
"အွန်း အရမ်းချစ်တယ်၊ အဲ့အတွက်လဲ ကိုတောင်းပန်ပါတယ် မောင်"
ထိုကိစ္စကို ဆက်မပြောကြတော့ပဲ ထိုနေရာမှာပင် တစ်ယောက်ကိုတစ်ယောက်တင်းကြပ်စွာ ဖက်ထားလိုက်ကြသည်။ တိမ်ညိုလဲ ဖြစ်ပျက်ခဲ့သမျှကို အစကနေစပြန်စီ၍ တွေးနေမိလေသည်။
------
"ဟဲ့ ဝေယံ နင် ငါခိုင်းတာကို လုပ်ရမယ်...မဟုတ်ဘူး လုပ်ကိုလုပ်ရမယ်"
"နင့်စိတ်ဓာတ်ကအရမ်းကောက်ကျစ်တာပဲလား၊ ငါမလုပ်ပေးနိုင်ဘူးဆိုရင်ကော"
"ရတယ်လေ ငါက နင့်ရဲ့လိင်ကိစ္စပျော်ပါးထားတဲ့ ဗီဒီယိုကို ငါကနင့်မိဘဆွေမျိုးတွေနဲ့ နင့်သူငယ်ချင်းတွေကြားမှာ ဖွလိုက်ရုံပဲပေါ့၊ ပြီးတော့ အွန်လိုင်းပေါ်မှာကောလေ၊ ဟင်း...နင့်အရှက်ပဲအကွဲခံမလား၊ ငါခိုင်းတာပဲ လုပ်မလား ကြိုက်တာရွေးပေါ့ အိုကေလား"
နှင်းပွင့် သူမ၏မကောင်းသည့် အကြံအစည်ထဲသို့ ဝေယံကိုမရရအောင် ဆွဲသွင်းနိုင်ခဲ့သည်။ ယမန်နေ့က တိမ်ညိုတို့...နန္ဒတို့နှင့် လမ်းခွဲပြီး ဝေယံတစ်ယောက်ထဲ အိမ်ပြန်လာသည့်အချိန်မှာ နှင်းပွင့်၏ကျော့ကွင်းထဲသို့ ရောက်ခဲ့ရခြင်းဖြစ်သည်။ ထိုနေ့က နန္ဒလက်ချက်နှင့် ခပ်အေးအေးနေတတ်သည့် ဝေယံပါ သောက်ရပြီး မူးနေခြင်းဖြစ်သည်။ အနည်းငယ်သာမူးနေပင်မဲ့ နန္ဒနှင့်လဲ ပြန်ရမည့်လမ်းမတူပဲ ခွဲပြန်ခဲ့ရသည်က ဝေယံ့အတွက် ကံဆိုးခြင်းတစ်ခုဖြစ်မှန်းမသိဖြစ်ခဲ့ရခြင်းဖြစ်သည်။ သူ Bar မှ ထွက်ခဲ့စဥ်အခါက နှင်းပွင့်တစ်ယောက် သူမခိုင်းထားသည့်လူများနှင့် ဝေယံကို မရရအောင် ဖမ်းချုပ်ခဲ့ပြီး၊ သူမ အပိုင်ကြံထားသည့် အခန်းနေရာသို့ ခေါ်ဆောင်လာခဲ့သည်။ ထို့နောက် ရီဝေဝေဖြစ်နေသည့် ဝေယံ့ကို
အရက်တစ်ခွက်ပါထပ်တိုက်ပြီး ကာမစိတ်ထစေသည့်ဆေးကိုခပ်လိုက်ခြင်းဖြစ်သည်။ ထိုစဥ် နှင်းပွင့် သူမအဆင်သင့်ခေါ်ထားသည့် လိင်လုပ်သားများအား ဝေယံ့ခန္ဓာကိုယ်ကို ကြိုက်သလိုအသုံးချခိုင်းစေသည်။ ဝေယံမှာ အရက်အရှိန်နှင့်ကော ဆေးခပ်ခံရသည့်အရှိန်တို့ဖြင့်ပါ ထိုလူများထံ၌ မသိကျေးကျွန်ပြုမိနေလေတော့သည်။ နှင်းပွင့်အစကတည်းက ဒီလိုနည်းဖြင့်ဝေယံ့ကိုဓားစာခံလုပ်ပြီး တိမ်ညိုနှင့်မိုးစက်ကို ကွဲအောင် လုပ်မည့်အစီအစဥ်ကရှိပြီးသားဖြစ်၍ ဗီဒီယိုပါရိုက်ထားလေသည်။
နောက်တစ်နေ့ မနက်မှ ဝေယံကို ဖြစ်ပျက်ခဲ့သမျှများကို မျက်နှာပြောင်တိုက်၍ပင် ပြောပြပြီး သူမရိုက်ကူးထားသည့် ဗီဒီယိုကိုပါ ပြလိုက်သည်။ ဝေယံထိုအကြောင်းအရာများကို သိသွားပြီးနောက် သူ့အတွက်ကတော့ ကိုယ့်ဘာသာသတ်သေချင်သွားလောက်အောင်ပင် ဖြစ်နေလေတော့၏။ ဒီဗီဒီယိုသာ ဖြန့်ခံရခဲ့ရင် နှင်းပွင့်လုပ်တာ ဖြစ်ကြောင်းကိုလဲ သူ့ဘက်မှ တခြားသူများကို ပြန်ပြော၍မရ၊ သက်သေအခိုင်အလုံမရှိ၍ နောက်ဆုံး ကိုယ့်အရှက်ကိုပြန်ခွဲသလိုဖြစ်ရပေမည်။ နှင်းပွင့်ခိုင်းတာကိုလဲ သူလက်မခံ၍မရ၊ ယခုလဲ နှင်းပွင့်မှ အကြပ်ကိုင်နေလေပြီ...။
ထိုသို့ အချိန်အတန်ကြာစဥ်းစားပြီးနောက်
"ငါ နင်ခိုင်းတာလုပ်မယ်"
ဝေယံသူ့အရှက်နှင့်ဂုဏ်သိက္ခာကိုတော့ အပျက်စီးမခံနိုင်ပေ။ နဂိုကတည်းကလဲ ခပ်အေးအေးလူတစ်ယောက်ဖြစ်သလို သူ့ဘက်ကလဲ အသိုင်းအဝိုင်းနှင့်နေသူဆိုတော့ နှင်းပွင့်ခိုင်းမည့်အရာကို လက်မခံချင်ပဲ လက်ခံလိုက်ရတော့သည်။
"နင်က ကိုင်တွယ်ရတာ လွယ်သားပဲ...ထားပါတော့ ငါခိုင်းမှာကလဲ တခြားကြီးကြီးမားမားတော့မဟုတ်ပါဘူး..."
"ဘာလဲ ပြော"
"ဖြည်းဖြည်းပေါ့ အင်း... နင်လုပ်ရမှာက မိုးစက်ကိုနင်ချည်းကပ်ရမယ်၊ မိုးစက်ကိုသိမယ်ထင်ပါတယ်..."
"အင်း သိတယ် အဲ့တာပဲလား ငါလုပ်ပေးရမှာက"
"အေး ဒါမဲ့ခုမဟုတ်သေးဘူး အခြေအနေကြည့်ဦးမယ်၊ အဲ့အခြေအနေကိုလဲ ငါပဲဖန်တီးမှာပါ၊ အဓိကက ဒီကြားထဲ နင်နှုတ်လုံပါစေ၊ မဟုတ်ရင်တော့...နင်ဘာဖြစ်သွားမလဲဆိုတာ နင်သိမှာပါ"
ဝေယံဘာမှပြန်မပြောတော့ပဲ ထထွက်ခဲ့လိုက်တော့သည်။ သူ့အတွေးထဲ၌လဲ အတွေးပေါင်းများစွာဖြင့် စိတ်ကိုလဲမနဲဆွဲဆန့်ထားနေရ၏၊ စိတ်တိုသည်ကနောက်ထား...ယခုတော့ သူ့အတွက် အပြစ်မရှိပဲထောင်ထဲပို့ခံရသလိုပင်ဖြစ်နေသောကြောင့် ပြောစရာစကားပင်မကျန်တော့။ ဒီလိုမိုးစက်ကို ချည်းကပ်ဖို့အတွက်လေးနဲ့ပဲ သူ့လူပျိုရည်နှင့် အရှက်တရားကို ပျက်အောင်ဖျက်ဆီးခဲ့သည့် နှင်းပွင့်ကိုပင် ကျိန်ဆဲနေမိတော့သည်။ ဒါပင်မဲ့ ဒီကိစ္စမှာ အကြောင်းတစ်ခုခုတော့ ရှိလိမ့်မယ်လို့ သူတွေးမိနေ၏...။
ထိုနေ့ညက ဖြစ်ပျက်ခဲ့သည့် ဗီဒီယိုဖိုင်ကို ကြည့်ထားမိ၍ သူ့ကိုယ်သူ ကျောမလုံတော့၊ ဆေးခပ်ခံရခြင်းကြောင့်သာ ဤကိစ္စကဖြစ်ပျက်ခဲ့ပင်မဲ့ အများအမြင်ဆိုလျှင်ပင် သူ့ကိုယ်တိုင်ကစိတ်ပါလက်ပါ အပြုစုခံနေသည့် ပုံစံဖြစ်နေခြင်းကြောင့် ဝေယံ့အတွက်တော့ ထွက်ပေါက်ပိတ်သွားလေတော့သည်။
ဟွန့်.....တွေ့ကြသေးတာပေါ့ မိုးစက်လင်းရယ်၊ ငါ့ဆီက နင်လုသွားတဲ့ ငါ့ချစ်သူတိမ်ညိုကို နင်ပြန်ပေးရမယ်၊ ပြန်မပေးလဲ ငါကရအောင် ပြန်ယူမှာပါ...ဟင်းဟင်း စောင့်ကြည့်လိုက်ပေါ့ ငါ့ကစားပွဲရဲ့ ပထမအစီစဥ်တော့ အောင်မြင်သွားပြီ၊ ပြီးရင် နင်တို့အလှည့်လာတော့မှာပါ...ထိုသို့ စိတ်ထဲ၌ မကောင်းသည့် အကြံအစည်များသာတွေးတောကြံစနေရင်း မနာလိုမုန်းတီသည့်စိတ်များက တိုးပွားနေလေတော့သည်။
----------
6 . Jan. 2021