"မိုးစက်ပုံပြင်" (Part 6)

293 17 2
                                    

လေပြေလေညှင်းလေးများက ဖြည်းညှင်းစွာ ပြန့်ဖြူး၍တိုက်ခတ်နေလေသည်၊ မြက်ခင်းပြင်လေးများမှာလည်းစိမ်းစိုနေပြီး...လေယူရာသိမ်းသည့်အလိုက်ပင် ယိမ်းနွဲ့စွာလှုပ်ရှားနေကြသည်။ ထိုအချိန်၌ တောင်ကုန်းကလေးပေါ်မှ သစ်ပင်ကြီးအောက်သို့ မိုးစက်တစ်ယောက်ပျော်ရွှင်စွာပြေးတက်ခဲ့သည်...အနောက်မှနေ၍လည်း သူ၏ချစ်ရသူတိမ်ညိုမှ တောင်ကုန်းလေးပေါ်သို့ ပြေးတက်၍ပင် သူ့ထံသို့လာခဲ့သည်။

အလွန်သာယာသည့်နေ့လေးဖြစ်ပြီး နှစ်ဦးသား တောင်ကုန်းပေါ်မှ သစ်ပင်ကြီးအောက်တွင် ခေတ္တခဏထိုင်၍  မိုးစက်... တိမ်ညို့ရင်ခွင်ကလေးကို အမှီပြုပြီး နှစ်ဦးသားအမောဖြေနေကြသည်။ တိမ်ညို မိုးစက်ကိုရင်ခွင်ထဲထား၍ ဖက်ထားရင်း ပန်းရနံ့လေးများဖြင့် သင်းပျံ့နေသည့် လေပြည်လေညှင်းလေးများကလည်း တိုက်ခတ်ဆဲ...။

ထိုစဥ် မိုးစက်ခဏတာအိမ်မောကျသွားသည်၊ မိုးစက် ပြန်နိုးထလာတော့မြက်ခင်းပြင်ပေါ်တွင် ခွေလျက်ရှိနေလေသည်၊ သူ၏အနားမှာတိမ်ညိုမရှိတော့...ရုတ်တရက်ကောက်ထလိုက်ပြီး ပတ်ဝန်းကျင်ကို သူစူးစမ်းလေ့လာကြည့်သည်...တိမ်ညို၏အရိပ်အယောင်ပင်မတွေ့ရ။

ထိုစဥ် မိုးကောင်ကင်းကြီးပေါ်မှ နေမင်းကြီးမှာလည်း ပို၍ပင်အရှိန်ပြင်းပြ၍ ပူအိုက်လာသည်၊ မိုးစက် ကောင်းကင်ပေါ်သို့ စူးရှနေသည့်နေ၏အလင်းရောင်ကိုပင်အံတု၍ မော့ကြည့်လိုက်သည်။ ထိုသို့ကြည့်နေစဥ် တစ်ခဏအတွင်းမှာပင် ထိုနေမင်းကြီးမှာ ရုတ်တရက်မျက်လုံးထဲမှ ပျောက်ကွယ်သွားပြီး လင်းထိန်နေသည့်ကောင်းကင်ကြီးတစ်ခွင်လုံး မိုးသားအလိပ်လိပ်များတက်လာပြီး အမှောင်အတိဖြစ်သွားသည်။ မိုးစက်အံ့သြထိန့်လန့်သွားပြီး တောင်ကုန်းလေးပေါ်မှ ပြေးဆင်းရန်ကြံနေစဥ် ချက်ချင်းပင် တောင်ကုန်းအောက်မှ မြက်ခင်းပြင်ကြီးတစ်ခုလုံးက ကြီးမားသည့်အင်း ရေပြင်ကြီးဖြစ်သွားပြီး ရေများက သူရှိသည့်နေရာထိပင်တဖြည်းဖြည်း တက်လာသည်။ မိုးစက် ကြောက်လန့်သွားသည်။ သူရေလည်းမကူးတတ်ပါ... ထို့နောက် ရုတ်တရက် တိမ်ညို၏နာမည်ကိုပင် အားရှိသမျှ လှမ်းအော်ခေါ်ရတော့သည်။

"မိုးစက်ပုံပြင်"Where stories live. Discover now