{Zawgyi}
•ရွန္းရွန္း ငါမင္းရဲ႕ႏႈတ္ခမ္းေလးကို စားခ်င္တယ္•
လင္ရွန္းက စကားေျပာေနရရင္း နံရံကို ေထာက္ထားဆဲဆိုေပမယ့္ အခုေတာ့ အဆင္ေျပေျပျပန္ျဖစ္သြားတဲ့လက္ကို ေအာက္ျပန္ခ်လိုက္တယ္။
သူဒီ့ထက္ပိုၿပီး စဥ္းစားႏိုင္စြမ္းမရွိေတာ့ဘဲ စုတ်န္းတ်န္းရဲ႕ပုခုံးကို ပုတ္လိုက္တယ္ "နင္နားမလည္တာ တစ္ခုခုရွိတယ္ဆိုရင္၊ ငါ့ကိုသာ လာေမးလိုက္"
စုတ်န္းတ်န္းက မ်က္ေတာင္ေလးပုတ္ခတ္ပုတ္ခတ္လုပ္ရင္း "...ေကာင္း.. ေကာင္းသားပဲ"
သူမေရွ႕မွာ ရပ္ေနတဲ့ေကာင္ေလးက ေခ်ာေမာၿပီး အရမ္းလည္းငယ္႐ြယ္ပုံေပၚကာ တူညီတဲ့ေက်ာင္းဝတ္စုံကို ဝတ္ထားတာေၾကာင့္သာ မဟုတ္ဘူးဆိုရင္ သူမပါးစပ္ကေန "ေက်းဇူးတင္ပါတယ္ ဆရာ"လို႔ေတာင္ ေျပာထြက္မိသြားေတာ့မွာျဖစ္တယ္။
လင္ရွန္းက ေျပာၿပီးတာနဲ႔ တည္တည္ၿငိမ္ၿငိမ္ပဲ ျပန္လွည့္လာလိုက္တယ္။
သူ႔ေရွ႕မွာရပ္ေနတာက မြန္းၾကပ္ေလာက္ေအာင္ လွတဲ့မ်က္ႏွာပိုင္ရွင္ ေက်ာင္းရဲ႕ဟီး႐ိုးႀကီး ေမာ့က်ဴးခ်န္။
ၿပီးျပည့္စုံလွတဲ့မ်က္ႏွာအခ်ိဳးအစားကလည္း နတ္ဘုရားလက္နဲ႔ ေသခ်ာဂ႐ုတစိုက္ ထြင္းထုထားတဲ့အတိုင္းပဲ။
အညိဳေရာင္မ်က္လုံးေတြက နက္ရႈိင္းကာ မ်က္ေတာင္ကလည္း စုတ်န္းတ်န္းထက္ေတာင္ ရွည္ေသးတယ္။
ႏွာတံကလည္း ေျဖာင့္စင္းေနၿပီး မ်က္ႏွာေကာက္ေၾကာင္းေတြကလည္း သာမန္အေရွ႕တိုင္းသားေတြထက္ေတာင္ ပိုထင္ရွားတယ္။
သူ႔ရဲ႕ရွည္သြယ္သြယ္အရပ္နဲ႔ေပါင္းလိုက္တဲ့အခါ သူ႔ကိုေက်ာင္းရဲ႕အသည္းေက်ာ္ေလးလို႔ ေခၚၾကတာက ခ်ဲ႕ကားတယ္လို႔ေတာင္ ေျပာလို႔မရေတာ့ဘူး။
တကယ့္ကမာၻမွာရွိတဲ့ လင္ရွန္းရဲ႕အစ္ကိုႀကီးကလည္း တစ္ခ်ိန္က ေက်ာင္းတြင္းမွာနာမည္ႀကီးခဲ့သူတစ္ေယာက္ျဖစ္တယ္။
ဒါေပမယ့္ ေမာ့က်ဴးခ်န္နဲ႔ ယွဥ္လိုက္တဲ့အခါ သူ႔အသြင္အျပင္က နည္းနည္းေလးေတာ့ အဆင့္နိမ့္သြားတယ္။
"အတန္းေဖာ္သူငယ္ခ်င္း" သူေခါင္းကို အသာေမာ့ကာ တစ္ဖက္လူရဲ႕ေအးစက္ေနတဲ့ အၾကည့္ေတြကို လုံး၀လ်စ္လ်ဴရႈထားလိုက္တယ္ "မင္းကိုယ္မင္း တင္းတင္းက်ပ္က်ပ္နဲ႔ စာကိုႀကိဳးႀကိးစားစားသင္ယူၿပီး ေန႔တိုင္းေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနထိုင္မွ လူ႔အသိုင္းအဝိုင္းမွာ ေအာင္ျမင္တဲ့သူတစ္ေယာက္အျဖစ္ အရည္အခ်င္းျပည့္မွီမွာေပါ့"
သူ ေမာ့က်ဴးခ်န္ကိုေတာင္ ေခါင္းေလးအသာၿငိတ္ျပလိုက္ေသးတယ္ "ႀကိဳးစားေနာ္"
ေမာ့က်ဴးခ်န္ "..."
ေျပာၿပီးတာနဲ႔ လင္ရွန္းက လက္ေလးႏွစ္ဖက္ေနာက္ပစ္ကာ အခန္းရဲ႕ေနာက္တံခါးဆီ ေအးေအးလူလူထြက္သြားေတာ့တယ္။
အခုခ်ိန္ သူ႔မွာလိုေနတာက မ်က္မွန္တစ္စုံလို႔ခံစားမိတယ္။
အနက္ေရာင္ကိုင္းေလးနဲ႔ဆိုပိုေကာင္းမယ္။ မဟားတရားကို ေလးနက္ၾကင္နာတတ္တဲ့ပုံနဲ႔ေလ!
အဲ့လိုသာဆို သူက စီနီယာအထက္တန္းက စာသင္ခန္းFမွာ အေကာင္းဆုံးအတန္းပိုင္ဆရာလို႔ေတာင္ေျပာလို႔ရတယ္။
ေမာ့က်ဴးခ်န္နဲ႔ စုတ်န္းတ်န္းတို႔ကို သိသိသာသာအ႐ူးလုပ္ႏိုင္ခဲ့ၿပီ။
သူတို႔ႏွစ္ေယာက္က ထိုေနရာမွာပဲရပ္ေနၿပီး စာသင္ခန္းေနာက္တံခါးဆီသြားေနတဲ့ လင္ရွန္းကိုၾကည့္ေနမိၾကတယ္။
ေနာက္ထပ္တစ္လွမ္းသာဆိုရင္ ေကာ္ရီတာပဲရွိေတာ့တယ္။
ပိုၿပီးေတာက္ပေနတဲ့ေလာကႀကီး!
လင္ရွန္းအႀကီးအက်ယ္ ေဘးက်ပ္နံက်ပ္ျဖစ္ခဲ့ရတာကလည္း ထိခိုက္ျခင္းမရွိဘဲ မၾကာခင္ေက်ာ္လႊားႏိုင္ေတာ့မယ္။
__ အတန္းအျပင္ဘက္က လြတ္လပ္ျခင္းရဲ႕ခ်ိဳၿမိန္မႈေလထုကိုေတာင္ ရႈမိေနသလို ခံစားရတယ္!
"ရပ္လိုက္!"
႐ုတ္တရက္ဆိုသလို လင္ရွန္းရဲ႕လက္က အားျပင္းျပင္းနဲ႔အဆြဲခံလိုက္ရတယ္။
ေမာ့က်ဴးခ်န္ရဲ႕ ရွည္သြယ္ၿပီးအားမာန္အျပည့္နဲ႔ လက္က သူ႔ရဲ႕လက္ေကာက္ဝတ္ကို တင္းက်ပ္စြာ ဆုတ္ကိုင္ထားတယ္။
အဲ့ေနာက္မွာ လင္ရွန္းရဲ႕ေနာက္ေက်ာဘက္က နာက်င္သြားတယ္။
ေမာ့က်ဴးခ်န္က သူ႔ကိုစာသင္ခန္းရဲ႕အေနာက္ဘက္ကနံရံဆီ အသံက်ယ္ႀကီးနဲ႔ ဖိကပ္ပစ္လိုက္တာျဖစ္တယ္။
စံခ်ိန္မွီ kabedon!
ဒါေပမယ့္လည္း လင္ရွန္းက ဇာတ္လိုက္မမွမဟုတ္တဲ့ဟာကို...
"ဘာေတြ လာဟန္ေဆာင္ျပေနတာလဲ?!" ေမာ့က်ဴးခ်န္ ေအးစက္စြာၿပဳံးလိုက္တယ္။
ဓားတစ္ေခ်ာင္းလို ခြၽန္ထက္ေနတဲ့မ်က္လုံးေတြနဲ႔ လင္ရွန္းကို ၾကည့္ေနတယ္ "တစ္ခန္းလုံးကို ေအာက္ဆုံးကေန စေရၾကည့္မယ္ဆို မင္းကထိပ္ဆုံးပဲ... မဟုတ္ေသးဘူး! မင္းက ဒီတစ္ႏွစ္လုံးမွာ အဖ်င္းဆုံးေက်ာင္းသားျဖစ္ေနတာေတာင္မွ ငါတို႔ကို စာႀကိဳးစားဖို႔လာေျပာေနေသးတယ္... မင္းကငါ့ကိုေတာင္ အ႐ူးလုပ္သြားႏိုင္ေတာ့မလို႔!"
အတန္းFမွာ စုတ်န္းတ်န္းကို တစ္စုံတစ္ေယာက္က အႏိုင္က်င့္ဖို႔ႀကိဳးစားေနတယ္လို႔ သူ႔ကိုလာေျပာသြားၾကတယ္။
တစ္စုံတစ္ေယာက္ရဲ႕ဖင္ကို ကန္ေပးဖို႔ သူဒီေရာက္လာခဲ့တာ!
စာသင္ႏွစ္ရဲ႕ အဖ်င္းဆုံးလူက_?!
အေဖ့ကို လာလွိမ့္ခ်င္ေနတာလား?!
လင္ရွန္း တံေတြးကို ခက္ခက္ခဲခဲၿမိဳခ်လိုက္ရတယ္။
ေက်ာင္းတြင္းအခ်စ္၀တၳဳထဲမွာ စာလုံးေရသုံးေထာင္ေလာက္သာပါတဲ့ အေထာက္အပံ့လူသားေလးအဖို႔ နာမည္ေလးတစ္ခုေတာင္ ရဖို႔မထိုက္တန္ခဲ့ဘူး။
စာေရးသူက သူ႔အတြက္ ဒီလိုအခ်က္အလက္ေတြမလုပ္ေပးထားဘူး။
ေမာ့က်ဴးခ်န္ကို အ႐ူးအမူးျဖစ္ေနတဲ့ ေၾကာက္စရာေကာင္းတဲ့အမ်ိဳးသမီးတစ္ေယာက္က သူ႔ကိုလာဘ္ထိုးၿပီး ဇာတ္လိုက္နဲ႔ ဇာတ္လိုက္မတို႔ရဲ႕ ဆက္ဆံေရးပ်က္ျပားေစဖို႔အတြက္ စုတ်န္းတ်န္းကို နမ္းရမယ္ဆိုၿပီး တိုက္တြန္းတာေၾကာင့္ဆိုတာေလးပဲ သိတယ္။
အဲ့တာကလြဲရင္ သူက ရွင္းဆန္းအထက္တန္းေက်ာင္း Fအတန္းက စီနီယာေက်ာင္းသားတစ္ေယာက္ဆိုတာလည္း လင္ရွန္းသိေသးတယ္။
သူ႔မိသားစုက အေျခအေနေကာင္းၿပီး မိဘႏွစ္ေယာက္လုံး အသက္ရွိေသးတယ္။
အစ္ကိုႀကီးတစ္ေယာက္နဲ႔ ညီငယ္ေလးတစ္ေယာက္လည္းရွိတယ္။
အဲ့တာက သူသိသမွ်ပဲ။
'အေျမႇာက္စာမိမယ့္ေကာင္ မင္းအတြက္ ဘယ္လိုအခ်က္အလက္ေတြ လိုတာလဲ?!'
လင္ရွန္း ေမာ့က်ဴးခ်န္ကို ေမာ့ၾကည့္လိုက္တယ္။
သူက မပုပါဘူး။
အရပ္က 175cmရွိတယ္ဆိုေပမယ့္ 185cmရွိတဲ့ ေက်ာင္းရဲ႕အသည္းေက်ာ္ေလးေရွ႕ေမွာက္မွာေတာ့ နည္းနည္းေလးဂြမ္းေနတယ္။
ေမာ့က်ဴးခ်န္နဲ႔ ေအးစက္မာေတာင့္ေနတဲ့နံရံႀကီးၾကားမွာ လုံး၀ကို အပိတ္ခံထားရတာ။
တစ္ဖက္လူရဲ႕မ်က္ႏွာေပၚမွာ ရန္လိုမႈေတြ ေနာက္တစ္ႀကိမ္ထပ္ေပၚလာျပန္တယ္။
သူရဲ႕အားေနတဲ့လက္တစ္ဖက္ကို ေနာက္တစ္ႀကိမ္လက္သီးထပ္ဆုပ္လိုက္မိတယ္။
ေခ်ာက္ကမ္းပါးစြန္းေရာက္ေနသလိုျဖစ္ေနၿပီး ေမာ့က်ဴးခ်န္ ပါးစပ္မဟႏိုင္ေသးခင္မွာပဲ ေမးခြန္းအျမန္ေမးလိုက္တယ္ "တိုးခ်ဲ႕ပမာဏက နည္းေနခ်ိန္မွာ ထုထည္ a ရွိတဲ့ကုဗတုံးရဲ႕ တိုးခ်ဲ႕ေျမႇာက္ေဖာ္ကိန္းက ဘာလဲ?"
လင္ရွန္း ဆက္ေျပာလိုက္တယ္ "အခြင့္အေရးေလးခုရွိတယ္ : A. a , B. a/3 , C. aÙ3 , D. 3a ဆယ္စကၠန႔္အတြင္း အေျဖကိုေ႐ြးေပး"
"10, 9, 8..."
"3, 2, 1! အခ်ိန္ျပည့္ၿပီ! ေ႐ြးပါေတာ့!"
"ဟမ္?" ေမာ့က်ဴးခ်န္ရဲ႕စူးနင့္ေနတဲ့မ်က္လုံးေတြထဲမွာ သံသယအရိပ္အေယာင္တစ္ခု ျဖတ္ခနဲေပၚသြားၿပီးေနာက္ မေရမရာနဲ႔ ေျဖလာတယ္ "C..."
"နင္ေရာဘာလဲ?" လင္ရွန္းက စုတ်န္းတ်န္းကို လွမ္းေမးလိုက္ေသးတယ္ "နင္ဘာေ႐ြးထားလဲ?"
စုတ်န္းတ်န္း လုံး၀ကိုေၾကာင္အေနတယ္။
ေတာက္ပၿပီးလွပတဲ့ မ်က္ႏွာေသးေသးေလးက ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိျဖစ္ေနတယ္။
လင္ရွန္းရဲ႕မ်က္လုံးေတြထဲကို ေၾကာက္လန႔္တၾကားၾကည့္ေနၿပီး အတန္းထဲမွာ ဆရာကေမးခြန္းေျဖဖို႔အတြက္ အေခၚခံရမွာကို ေၾကာက္႐ြံ႕ေနခဲ့ရတဲ့ အခ်ိန္ကိုေတာင္ ျပန္ေရာက္သြားသလိုပဲ။
စုတ်န္းတ်န္း တိုးေဖ်ာ့ေဖ်ာ့ေလးေျပာလာတယ္ "...C?"
"အတန္းေဖာ္တို႔!" လင္ရွန္း အသည္းကြဲၿပီေလ။ "အရွည္သုံးခု အတိုတစ္ခုဆို အတိုကိုေ႐ြးမယ္၊ အတိုသုံးခု အရွည္တစ္ခုဆို အရွည္ကိုေ႐ြးမယ္၊ အလ်ားတူေနတယ္ဆိုရင္ ငါ Cကို ေ႐ြးလိုက္မယ္... အဲ့လိုနည္းနဲ႔ ေ႐ြးလိုက္ၾကတာလား?!"
ေမာ့က်ဴးခ်န္ "..."
စုတ်န္းတ်န္း "..."
"ဒီေလာက္အ႐ိုးစြဲၿပီး အေလးအနက္ထားသင့္တဲ့ သိပၸံလို ႐ူပေဗဒကိုမွ ဒီလိုမ်ိဳး မထီမဲ့ျမင္လုပ္ရက္တယ္?"
"တကယ္ဆို တိုးခ်ဲ႕ေျမႇာက္ေဖာ္ကိန္းကို ပုံေသနည္းနဲ႔ ေျမႇာက္ေဖာ္ကိန္းယူနစ္ေတြအရ မွန္မွန္ကန္ကန္နည္းလမ္းသုံးၿပီး တြက္သင့္တာ၊ အပူခ်ိန္တိုးလာရင္၊ ထုထည္လည္းတိုးလာၿပီး အလ်ားနဲ႔ထုထည္ရဲ႕ၾကားက ဆက္သြယ္ခ်က္အရ ကုဗတုံးအတြက္ ထုထည္က ကုဗတုံးရဲ႕ေဘးနားက အလ်ားနဲ႔ညီမွ်တယ္ အဲ့တာေၾကာင့္..."
လင္ရွန္း သက္ျပင္းတစ္ခ်က္ရႈိက္ၿပီး ဆက္ေျပာလိုက္တယ္ "အေျဖမွန္က Dပဲ!"
ေမာ့က်ဴးခ်န္ "..."
စုတ်န္းတ်န္း "..."
ဘာေၾကာင့္ စကားလုံးတိုင္းကိုေတာ့သိၿပီး အဲ့တာေတြကို နားလည္ပုံမရသလိုမ်ိဳးပုံစံျဖစ္ေနရတာလဲ?!
လင္ရွန္း ေဒါသတႀကီးနဲ႔ မ်က္ေမွာင္ၾကဳတ္လိုက္တယ္။ "ဒီေလာက္႐ိုးရွင္းတဲ့ေမးခြန္းေလးကိုေတာင္ ဘယ္လိုျပန္ေျဖရမွန္းမသိၾကတဲ့ဟာကို ရည္းစားကထားခ်င္ေသးတယ္လား?"
သူ ေမာ့က်ဴးခ်န္ရဲ႕မ်က္လုံးေတြထဲကို စိုက္ၾကည့္ၿပီး စကားလုံးတစ္လုံးခ်င္းစီ ပစ္သြင္းလိုက္တယ္ "အတန္းေဖာ္ မင္းကိုစာလုပ္ဖို႔ တိုက္တြန္းလိုက္ခ်င္တယ္!"
လင္ရွန္း ထိုသို႔ေျပာၿပီးတာနဲ႔ လက္ကိုဆန႔္ထုတ္ကာ မိန္းေမာေနဆဲ ေမာ့က်ဴးခ်န္ကိုလွမ္းဆြဲလိုက္တယ္။
သူ႔လက္ေကာက္ဝတ္ကို ကိုင္ထားတဲ့လက္ကို ဖယ္ထုတ္ပစ္လိုက္တယ္။
အဲ့ေနာက္ ထိုသူရဲ႕က်ယ္ျပန႔္တဲ့အလန္းစားရင္ဘတ္ႀကီးနဲ႔ နံရံၾကားကေန သူ႔ကိုယ္သူေရွာင္ထြက္လိုက္ေတာ့တယ္။
ျမန္ျမန္ေလးလြတ္ေအာင္လုပ္ရမယ္ေလ။
တည္ၿငိမ္ၿပီး ေပါ့ပါးတဲ့အဟုန္နဲ႔ စာသင္ခန္းရဲ႕ေနာက္တံခါးဆီကို ေနာက္တစ္ႀကိမ္ဦးတည္လိုက္ျပန္တယ္။
ဒီတစ္ႀကိမ္ေတာ့ ေအာင္ေအာင္ျမင္ျမင္ပဲ။ လင္ရွန္း စာသင္ခန္းထဲကေန ေခ်ာေခ်ာေမြ႕ေမြ႕ထြက္ႏိုင္သြားခ်ိန္အထိ ေမာ့က်ဴးခ်န္ တစ္ခ်က္မွမလႈပ္ရွားမိဘူး။
ေကာ္ရီတာမွာ ရပ္ၿပီး မတတ္သာစြာ အသံတိတ္သက္ျပင္းခ်မိတယ္။
ေမာ့က်ဴးခ်န္ရဲ႕အားျပင္းျပင္းနဲ႔ဆုပ္ကိုင္ျခင္းခံလိုက္ရတဲ့ သူ႔ရဲ႕ညာဘက္လက္ေကာက္ဝတ္ေလးကို အသာခါလိုက္တယ္။
နည္းနည္းေတာင္နီေနၿပီ!
တစ္ဖက္လူရဲ႕လက္ေတြက အရမ္းအားသန္တယ္ၿပီးေတာ့ အထိုးခံလိုက္ရရင္လည္း အရမ္းနာသြားမွာ!
ေနာက္ၿပီးေတာ့...
လင္ရွန္း ေခါင္းလွည့္ကာ တိတ္ဆိတ္ေနတဲ့အတန္းကို ျပန္ၾကည့္မိတယ္။
နံရံမွာ အကပ္ခံလိုက္ရတုန္းက မေန႔ညတုန္းက သူမက္ခဲ့တဲ့ ကိုး႐ိုးကားယားအိမ္မက္ကို မေနႏိုင္မထိုင္ႏိုင္ျပန္ေတြးမိသြားတယ္။
ၾကင္နာတတ္တဲ့ ေဘးအိမ္က အိမ္နီးခ်င္းအစ္ကိုႀကီးေပါ့...
အဲ့လိုပဲ လင္ရွန္းရဲ႕လက္ေကာက္ဝတ္ကိုကိုင္ၿပီး သူ႔ကိုနံရံဘက္တြန္းခဲ့တယ္။
ၿပီးေတာ့ သူ႔ကိုငုံ႔ၾကည့္ၿပီး သူေျပာလာတာက...
႐ုတ္တရက္လင္ရွန္းမ်က္ႏွာႀကီးေတာင္ နည္းနည္းပူတက္လာတယ္။
ေခြးေသြးေက်ာင္းတြင္းအခ်စ္ဇာတ္လမ္းကို ဖတ္ၿပီးေနာက္ ဒီလိုျမင္ကြင္းမ်ိဳးကို အိမ္မက္မက္သြားတယ္ဆိုတာ သူသိတယ္။
ဒါေပမယ့္ သူကဘာလို႔အဲ့လိုႀကီးမက္ရတာလဲ?
ေလွကားေပၚကဆင္းေနရင္း လင္ရွန္း မေနႏိုင္စြာ ေတြးေနမိေတာ့တယ္။
_______________________________________
{Unicode}
•ရှန်းရှန်း ငါမင်းရဲ့နှုတ်ခမ်းလေးကို စားချင်တယ်•
လင်ရှန်းက စကားပြောနေရရင်း နံရံကို ထောက်ထားဆဲဆိုပေမယ့် အခုတော့ အဆင်ပြေပြေပြန်ဖြစ်သွားတဲ့လက်ကို အောက်ပြန်ချလိုက်တယ်။
သူဒီ့ထက်ပိုပြီး စဉ်းစားနိုင်စွမ်းမရှိတော့ဘဲ စုတျန်းတျန်းရဲ့ပုခုံးကို ပုတ်လိုက်တယ် "နင်နားမလည်တာ တစ်ခုခုရှိတယ်ဆိုရင်၊ ငါ့ကိုသာ လာမေးလိုက်"
စုတျန်းတျန်းက မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ရင်း "...ကောင်း.. ကောင်းသားပဲ"
သူမရှေ့မှာ ရပ်နေတဲ့ကောင်လေးက ချောမောပြီး အရမ်းလည်းငယ်ရွယ်ပုံပေါ်ကာ တူညီတဲ့ကျောင်းဝတ်စုံကို ဝတ်ထားတာကြောင့်သာ မဟုတ်ဘူးဆိုရင် သူမပါးစပ်ကနေ "ကျေးဇူးတင်ပါတယ် ဆရာ"လို့တောင် ပြောထွက်မိသွားတော့မှာဖြစ်တယ်။
လင်ရှန်းက ပြောပြီးတာနဲ့ တည်တည်ငြိမ်ငြိမ်ပဲ ပြန်လှည့်လာလိုက်တယ်။
သူ့ရှေ့မှာရပ်နေတာက မွန်းကြပ်လောက်အောင် လှတဲ့မျက်နှာပိုင်ရှင် ကျောင်းရဲ့ဟီးရိုးကြီး မော့ကျူးချန်။
ပြီးပြည့်စုံလှတဲ့မျက်နှာအချိုးအစားကလည်း နတ်ဘုရားလက်နဲ့ သေချာဂရုတစိုက် ထွင်းထုထားတဲ့အတိုင်းပဲ။
အညိုရောင်မျက်လုံးတွေက နက်ရှိုင်းကာ မျက်တောင်ကလည်း စုတျန်းတျန်းထက်တောင် ရှည်သေးတယ်။
နှာတံကလည်း ဖြောင့်စင်းနေပြီး မျက်နှာကောက်ကြောင်းတွေကလည်း သာမန်အရှေ့တိုင်းသားတွေထက်တောင် ပိုထင်ရှားတယ်။
သူ့ရဲ့ရှည်သွယ်သွယ်အရပ်နဲ့ပေါင်းလိုက်တဲ့အခါ သူ့ကိုကျောင်းရဲ့အသည်းကျော်လေးလို့ ခေါ်ကြတာက ချဲ့ကားတယ်လို့တောင် ပြောလို့မရတော့ဘူး။
တကယ့်ကမ္ဘာမှာရှိတဲ့ လင်ရှန်းရဲ့အစ်ကိုကြီးကလည်း တစ်ချိန်က ကျောင်းတွင်းမှာနာမည်ကြီးခဲ့သူတစ်ယောက်ဖြစ်တယ်။
ဒါပေမယ့် မော့ကျူးချန်နဲ့ ယှဉ်လိုက်တဲ့အခါ သူ့အသွင်အပြင်က နည်းနည်းလေးတော့ အဆင့်နိမ့်သွားတယ်။
"အတန်းဖော်သူငယ်ချင်း" သူခေါင်းကို အသာမော့ကာ တစ်ဖက်လူရဲ့အေးစက်နေတဲ့ အကြည့်တွေကို လုံး၀လျစ်လျူရှုထားလိုက်တယ် "မင်းကိုယ်မင်း တင်းတင်းကျပ်ကျပ်နဲ့ စာကိုကြိုးကြိးစားစားသင်ယူပြီး နေ့တိုင်းပျော်ပျော်ရွှင်ရွှင်နေထိုင်မှ လူ့အသိုင်းအဝိုင်းမှာ အောင်မြင်တဲ့သူတစ်ယောက်အဖြစ် အရည်အချင်းပြည့်မှီမှာပေါ့"
သူ မော့ကျူးချန်ကိုတောင် ခေါင်းလေးအသာငြိတ်ပြလိုက်သေးတယ် "ကြိုးစားနော်"
မော့ကျူးချန် "..."
ပြောပြီးတာနဲ့ လင်ရှန်းက လက်လေးနှစ်ဖက်နောက်ပစ်ကာ အခန်းရဲ့နောက်တံခါးဆီ အေးအေးလူလူထွက်သွားတော့တယ်။
အခုချိန် သူ့မှာလိုနေတာက မျက်မှန်တစ်စုံလို့ခံစားမိတယ်။
အနက်ရောင်ကိုင်းလေးနဲ့ဆိုပိုကောင်းမယ်။ မဟားတရားကို လေးနက်ကြင်နာတတ်တဲ့ပုံနဲ့လေ!
အဲ့လိုသာဆို သူက စီနီယာအထက်တန်းက စာသင်ခန်းFမှာ အကောင်းဆုံးအတန်းပိုင်ဆရာလို့တောင်ပြောလို့ရတယ်။
မော့ကျူးချန်နဲ့ စုတျန်းတျန်းတို့ကို သိသိသာသာအရူးလုပ်နိုင်ခဲ့ပြီ။
သူတို့နှစ်ယောက်က ထိုနေရာမှာပဲရပ်နေပြီး စာသင်ခန်းနောက်တံခါးဆီသွားနေတဲ့ လင်ရှန်းကိုကြည့်နေမိကြတယ်။
နောက်ထပ်တစ်လှမ်းသာဆိုရင် ကော်ရီတာပဲရှိတော့တယ်။
ပိုပြီးတောက်ပနေတဲ့လောကကြီး!
လင်ရှန်းအကြီးအကျယ် ဘေးကျပ်နံကျပ်ဖြစ်ခဲ့ရတာကလည်း ထိခိုက်ခြင်းမရှိဘဲ မကြာခင်ကျော်လွှားနိုင်တော့မယ်။
__ အတန်းအပြင်ဘက်က လွတ်လပ်ခြင်းရဲ့ချိုမြိန်မှုလေထုကိုတောင် ရှုမိနေသလို ခံစားရတယ်!
"ရပ်လိုက်!"
ရုတ်တရက်ဆိုသလို လင်ရှန်းရဲ့လက်က အားပြင်းပြင်းနဲ့အဆွဲခံလိုက်ရတယ်။
မော့ကျူးချန်ရဲ့ ရှည်သွယ်ပြီးအားမာန်အပြည့်နဲ့ လက်က သူ့ရဲ့လက်ကောက်ဝတ်ကို တင်းကျပ်စွာ ဆုတ်ကိုင်ထားတယ်။
အဲ့နောက်မှာ လင်ရှန်းရဲ့နောက်ကျောဘက်က နာကျင်သွားတယ်။
မော့ကျူးချန်က သူ့ကိုစာသင်ခန်းရဲ့အနောက်ဘက်ကနံရံဆီ အသံကျယ်ကြီးနဲ့ ဖိကပ်ပစ်လိုက်တာဖြစ်တယ်။
စံချိန်မှီ kabedon!
ဒါပေမယ့်လည်း လင်ရှန်းက ဇာတ်လိုက်မမှမဟုတ်တဲ့ဟာကို...
"ဘာတွေ လာဟန်ဆောင်ပြနေတာလဲ?!" မော့ကျူးချန် အေးစက်စွာပြုံးလိုက်တယ်။
ဓားတစ်ချောင်းလို ချွန်ထက်နေတဲ့မျက်လုံးတွေနဲ့ လင်ရှန်းကို ကြည့်နေတယ် "တစ်ခန်းလုံးကို အောက်ဆုံးကနေ စရေကြည့်မယ်ဆို မင်းကထိပ်ဆုံးပဲ... မဟုတ်သေးဘူး! မင်းက ဒီတစ်နှစ်လုံးမှာ အဖျင်းဆုံးကျောင်းသားဖြစ်နေတာတောင်မှ ငါတို့ကို စာကြိုးစားဖို့လာပြောနေသေးတယ်... မင်းကငါ့ကိုတောင် အရူးလုပ်သွားနိုင်တော့မလို့!"
အတန်းFမှာ စုတျန်းတျန်းကို တစ်စုံတစ်ယောက်က အနိုင်ကျင့်ဖို့ကြိုးစားနေတယ်လို့ သူ့ကိုလာပြောသွားကြတယ်။
တစ်စုံတစ်ယောက်ရဲ့ဖင်ကို ကန်ပေးဖို့ သူဒီရောက်လာခဲ့တာ!
စာသင်နှစ်ရဲ့ အဖျင်းဆုံးလူက_?!
အဖေ့ကို လာလှိမ့်ချင်နေတာလား?!
လင်ရှန်း တံတွေးကို ခက်ခက်ခဲခဲမြိုချလိုက်ရတယ်။
ကျောင်းတွင်းအချစ်၀တ္ထုထဲမှာ စာလုံးရေသုံးထောင်လောက်သာပါတဲ့ အထောက်အပံ့လူသားလေးအဖို့ နာမည်လေးတစ်ခုတောင် ရဖို့မထိုက်တန်ခဲ့ဘူး။
စာရေးသူက သူ့အတွက် ဒီလိုအချက်အလက်တွေမလုပ်ပေးထားဘူး။
မော့ကျူးချန်ကို အရူးအမူးဖြစ်နေတဲ့ ကြောက်စရာကောင်းတဲ့အမျိုးသမီးတစ်ယောက်က သူ့ကိုလာဘ်ထိုးပြီး ဇာတ်လိုက်နဲ့ ဇာတ်လိုက်မတို့ရဲ့ ဆက်ဆံရေးပျက်ပြားစေဖို့အတွက် စုတျန်းတျန်းကို နမ်းရမယ်ဆိုပြီး တိုက်တွန်းတာကြောင့်ဆိုတာလေးပဲ သိတယ်။
အဲ့တာကလွဲရင် သူက ရှင်းဆန်းအထက်တန်းကျောင်း Fအတန်းက စီနီယာကျောင်းသားတစ်ယောက်ဆိုတာလည်း လင်ရှန်းသိသေးတယ်။
သူ့မိသားစုက အခြေအနေကောင်းပြီး မိဘနှစ်ယောက်လုံး အသက်ရှိသေးတယ်။
အစ်ကိုကြီးတစ်ယောက်နဲ့ ညီငယ်လေးတစ်ယောက်လည်းရှိတယ်။
အဲ့တာက သူသိသမျှပဲ။
'အမြှောက်စာမိမယ့်ကောင် မင်းအတွက် ဘယ်လိုအချက်အလက်တွေ လိုတာလဲ?!'
လင်ရှန်း မော့ကျူးချန်ကို မော့ကြည့်လိုက်တယ်။
သူက မပုပါဘူး။
အရပ်က 175cmရှိတယ်ဆိုပေမယ့် 185cmရှိတဲ့ ကျောင်းရဲ့အသည်းကျော်လေးရှေ့မှောက်မှာတော့ နည်းနည်းလေးဂွမ်းနေတယ်။
မော့ကျူးချန်နဲ့ အေးစက်မာတောင့်နေတဲ့နံရံကြီးကြားမှာ လုံး၀ကို အပိတ်ခံထားရတာ။
တစ်ဖက်လူရဲ့မျက်နှာပေါ်မှာ ရန်လိုမှုတွေ နောက်တစ်ကြိမ်ထပ်ပေါ်လာပြန်တယ်။
သူရဲ့အားနေတဲ့လက်တစ်ဖက်ကို နောက်တစ်ကြိမ်လက်သီးထပ်ဆုပ်လိုက်မိတယ်။
ချောက်ကမ်းပါးစွန်းရောက်နေသလိုဖြစ်နေပြီး မော့ကျူးချန် ပါးစပ်မဟနိုင်သေးခင်မှာပဲ မေးခွန်းအမြန်မေးလိုက်တယ် "တိုးချဲ့ပမာဏက နည်းနေချိန်မှာ ထုထည် a ရှိတဲ့ကုဗတုံးရဲ့ တိုးချဲ့မြှောက်ဖော်ကိန်းက ဘာလဲ?"
လင်ရှန်း ဆက်ပြောလိုက်တယ် "အခွင့်အရေးလေးခုရှိတယ် : A. a , B. a/3 , C. aÙ3 , D. 3a ဆယ်စက္ကန့်အတွင်း အဖြေကိုရွေးပေး"
"10, 9, 8..."
"3, 2, 1! အချိန်ပြည့်ပြီ! ရွေးပါတော့!"
"ဟမ်?" မော့ကျူးချန်ရဲ့စူးနင့်နေတဲ့မျက်လုံးတွေထဲမှာ သံသယအရိပ်အယောင်တစ်ခု ဖြတ်ခနဲပေါ်သွားပြီးနောက် မရေမရာနဲ့ ဖြေလာတယ် "C..."
"နင်ရောဘာလဲ?" လင်ရှန်းက စုတျန်းတျန်းကို လှမ်းမေးလိုက်သေးတယ် "နင်ဘာရွေးထားလဲ?"
စုတျန်းတျန်း လုံး၀ကိုကြောင်အနေတယ်။
တောက်ပပြီးလှပတဲ့ မျက်နှာသေးသေးလေးက ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေတယ်။
လင်ရှန်းရဲ့မျက်လုံးတွေထဲကို ကြောက်လန့်တကြားကြည့်နေပြီး အတန်းထဲမှာ ဆရာကမေးခွန်းဖြေဖို့အတွက် အခေါ်ခံရမှာကို ကြောက်ရွံ့နေခဲ့ရတဲ့ အချိန်ကိုတောင် ပြန်ရောက်သွားသလိုပဲ။
စုတျန်းတျန်း တိုးဖျော့ဖျော့လေးပြောလာတယ် "...C?"
"အတန်းဖော်တို့!" လင်ရှန်း အသည်းကွဲပြီလေ။ "အရှည်သုံးခု အတိုတစ်ခုဆို အတိုကိုရွေးမယ်၊ အတိုသုံးခု အရှည်တစ်ခုဆို အရှည်ကိုရွေးမယ်၊ အလျားတူနေတယ်ဆိုရင် ငါ Cကို ရွေးလိုက်မယ်... အဲ့လိုနည်းနဲ့ ရွေးလိုက်ကြတာလား?!"
မော့ကျူးချန် "..."
စုတျန်းတျန်း "..."
"ဒီလောက်အရိုးစွဲပြီး အလေးအနက်ထားသင့်တဲ့ သိပ္ပံလို ရူပဗေဒကိုမှ ဒီလိုမျိုး မထီမဲ့မြင်လုပ်ရက်တယ်?"
"တကယ်ဆို တိုးချဲ့မြှောက်ဖော်ကိန်းကို ပုံသေနည်းနဲ့ မြှောက်ဖော်ကိန်းယူနစ်တွေအရ မှန်မှန်ကန်ကန်နည်းလမ်းသုံးပြီး တွက်သင့်တာ၊ အပူချိန်တိုးလာရင်၊ ထုထည်လည်းတိုးလာပြီး အလျားနဲ့ထုထည်ရဲ့ကြားက ဆက်သွယ်ချက်အရ ကုဗတုံးအတွက် ထုထည်က ကုဗတုံးရဲ့ဘေးနားက အလျားနဲ့ညီမျှတယ် အဲ့တာကြောင့်..."
လင်ရှန်း သက်ပြင်းတစ်ချက်ရှိုက်ပြီး ဆက်ပြောလိုက်တယ် "အဖြေမှန်က Dပဲ!"
မော့ကျူးချန် "..."
စုတျန်းတျန်း "..."
ဘာကြောင့် စကားလုံးတိုင်းကိုတော့သိပြီး အဲ့တာတွေကို နားလည်ပုံမရသလိုမျိုးပုံစံဖြစ်နေရတာလဲ?!
လင်ရှန်း ဒေါသတကြီးနဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ "ဒီလောက်ရိုးရှင်းတဲ့မေးခွန်းလေးကိုတောင် ဘယ်လိုပြန်ဖြေရမှန်းမသိကြတဲ့ဟာကို ရည်းစားကထားချင်သေးတယ်လား?"
သူ မော့ကျူးချန်ရဲ့မျက်လုံးတွေထဲကို စိုက်ကြည့်ပြီး စကားလုံးတစ်လုံးချင်းစီ ပစ်သွင်းလိုက်တယ် "အတန်းဖော် မင်းကိုစာလုပ်ဖို့ တိုက်တွန်းလိုက်ချင်တယ်!"
လင်ရှန်း ထိုသို့ပြောပြီးတာနဲ့ လက်ကိုဆန့်ထုတ်ကာ မိန်းမောနေဆဲ မော့ကျူးချန်ကိုလှမ်းဆွဲလိုက်တယ်။
သူ့လက်ကောက်ဝတ်ကို ကိုင်ထားတဲ့လက်ကို ဖယ်ထုတ်ပစ်လိုက်တယ်။
အဲ့နောက် ထိုသူရဲ့ကျယ်ပြန့်တဲ့အလန်းစားရင်ဘတ်ကြီးနဲ့ နံရံကြားကနေ သူ့ကိုယ်သူရှောင်ထွက်လိုက်တော့တယ်။
မြန်မြန်လေးလွတ်အောင်လုပ်ရမယ်လေ။
တည်ငြိမ်ပြီး ပေါ့ပါးတဲ့အဟုန်နဲ့ စာသင်ခန်းရဲ့နောက်တံခါးဆီကို နောက်တစ်ကြိမ်ဦးတည်လိုက်ပြန်တယ်။
ဒီတစ်ကြိမ်တော့ အောင်အောင်မြင်မြင်ပဲ။ လင်ရှန်း စာသင်ခန်းထဲကနေ ချောချောမွေ့မွေ့ထွက်နိုင်သွားချိန်အထိ မော့ကျူးချန် တစ်ချက်မှမလှုပ်ရှားမိဘူး။
ကော်ရီတာမှာ ရပ်ပြီး မတတ်သာစွာ အသံတိတ်သက်ပြင်းချမိတယ်။
မော့ကျူးချန်ရဲ့အားပြင်းပြင်းနဲ့ဆုပ်ကိုင်ခြင်းခံလိုက်ရတဲ့ သူ့ရဲ့ညာဘက်လက်ကောက်ဝတ်လေးကို အသာခါလိုက်တယ်။
နည်းနည်းတောင်နီနေပြီ!
တစ်ဖက်လူရဲ့လက်တွေက အရမ်းအားသန်တယ်ပြီးတော့ အထိုးခံလိုက်ရရင်လည်း အရမ်းနာသွားမှာ!
နောက်ပြီးတော့...
လင်ရှန်း ခေါင်းလှည့်ကာ တိတ်ဆိတ်နေတဲ့အတန်းကို ပြန်ကြည့်မိတယ်။
နံရံမှာ အကပ်ခံလိုက်ရတုန်းက မနေ့ညတုန်းက သူမက်ခဲ့တဲ့ ကိုးရိုးကားယားအိမ်မက်ကို မနေနိုင်မထိုင်နိုင်ပြန်တွေးမိသွားတယ်။
ကြင်နာတတ်တဲ့ ဘေးအိမ်က အိမ်နီးချင်းအစ်ကိုကြီးပေါ့...
အဲ့လိုပဲ လင်ရှန်းရဲ့လက်ကောက်ဝတ်ကိုကိုင်ပြီး သူ့ကိုနံရံဘက်တွန်းခဲ့တယ်။
ပြီးတော့ သူ့ကိုငုံ့ကြည့်ပြီး သူပြောလာတာက...
ရုတ်တရက်လင်ရှန်းမျက်နှာကြီးတောင် နည်းနည်းပူတက်လာတယ်။
ခွေးသွေးကျောင်းတွင်းအချစ်ဇာတ်လမ်းကို ဖတ်ပြီးနောက် ဒီလိုမြင်ကွင်းမျိုးကို အိမ်မက်မက်သွားတယ်ဆိုတာ သူသိတယ်။
ဒါပေမယ့် သူကဘာလို့အဲ့လိုကြီးမက်ရတာလဲ?
လှေကားပေါ်ကဆင်းနေရင်း လင်ရှန်း မနေနိုင်စွာ တွေးနေမိတော့တယ်။
_____
Thanks 😉