Chapter 60;
ကျန်ချန်သည် ကားထဲတွင် ထိုကိစ္စ တွေးတော
နေဖို့အချိန်များများမရလိုက်ပေ။ လူပေါကြော့
ဖန်းကျိသည်အသံတဆာဆာနှင့်စကားများနေ
ပြီးသူပြန်မဖြေမချင်းထိုစကားဝိုင်းသည် မရပ်
တာကြောင့် သူ့အတိတ်နေ့ရက်များ အကြောင်း
ပြန်တွေးသည့်ကိစ္စကိုကျန်ချန် ကောင်းကောင်း
မဆောင်ရွက်နိုင်ပေ။ ဖန်းကျိရဲ့မေးခွန်းများကို
သူခဏခဏတုံ့ပြန်ပြီးနောက်သူ့အတွေးရထား
လည်းပျောက်ဆုံးသွားသည်။
အိုး,ကောင်းပြီ။ အခုကစပြီး ကောင်းကောင်း
နေကြမယ်။
ကျန်ချန်ကကုဖေးရဲနောက်စေ့အားစိုက်ကြည့် လိုက်၏။သူတို့ကလူအုပ်နှင့်လျှောက်လည်ေန
သော်လည်း နေ့တိုင်းမဟုတ်ပေ။ သူသာ ဆက်
ပြီးအတွေးလွန်နေရင် သူ့စိတ်အခြေအနေအားသက်ရောက်မှုရှိလာနိုင်သည်။ သူ့ရဲ့ ကိုယ်ပိုင်စိတ်အခြေအနေသည်အကြောင်း တစ်ခုခုရဲ့
အကျိုးသက်ရောက်မှုကိုခံနေသော်ငြားလည်း
ကုဖေးကအရမ်းအကင်းပါးသူဖြစ်တာကြောင့်
သူ့စိတ်ခံစားချက်ကိုပိုချုပ်တည်းထားသင့်၏။
တက္ကစီသည် ပန်းခြံရဲ့အပြင်မှာရပ်သွားလျှင်၊
ကျန်ချန်သည်ကားခရှင်းဖို့အိပ်ကပ်ထဲမှပိုက်ဆံ
အိတ်ကိုထုတ်လိုက်၏။သို့သော်ဖန်းကျိ
ကလက်တစ်ဖက်နှင့်သူ့ကိုတားဆီးလာ၏။
"ငါ ဒီမြို့မလာခင်တည်းကငါ့အမေဆီကနေ
ပိုက်ဆံအထပ်လိုက်တောင်းခဲ့တယ်။ကုန်ကျ
စရိတ်တွေကို မင်းထုတ်ပေးစရာမလိုဘူး။"
ကျန်ချန်က ဖန်းကျိ ဆုပ်ကိုင်ထားသည့် သူ့လက်ကောက်ဝတ်ကိုပြန်ဆွဲထုတ်ဖို့
ကြိုးစားလိုက်၏။
"ငါက မင်းအဘိုး ...."
သို့သော် ဖန်းကျိ သူ့လက်ကိုတားဆီးထား၏။
"ငါ သိတယ်အဘိုး။ကျေးဇူးပြုပြီး ငါကို သား
သမီး ဝတ္တရားဖြည့်ဆည်းခွင့်လေးပေးပါ။"
သူတို့နှစ်ယောက်ရုန်းရင်းဆန်ခတ်ဖြစ်နေတာ
ဆယ်စက္ကန့်ထက်ကျော်သည့်အခါ၊ ကုဖေးက
ငွေတချို့ကိုထုတ်ပြီး ကားဆရာအားပေးချေ
လိုက်ပြီး ကားပေါ်မှဆင်းသွားခဲ့သည်။
"ငလူးတဲ့မှ! "
ဖန်းကျိက စူးခနဲအော်ပြီးလီရိချင်းကို
ကားပေါ်မှ အမြန်ဆင်းခိုင်း၏။
"ကုဖေးကို ပိုက်ဆံရှင်းခိုင်းလို့ ဘယ်လိုလုပ်
ကောင်းမှာလဲ။"
ကုဖေးက ကားအပြင်မှလှမ်းပြောသည်။
"ကားဆရာကို နည်းနည်းအားနာ ။ သူက
နောက်ခရီးသည် ထပ်ဆွဲရအုံးမှာ။"
ဖန်းကျိကကားပေါ်မှ သွက်လက်စွာ ဆင်းသွား
ပြီးကုဖေးရဲ့အိပ်ကပ်ထဲသို့ ပိုက်ဆံအတင်းထိုး
ထည့်ပေးပြီးနောက်လှည့်ကာလေအလျင်ကဲ့သို့ ဒုတိယတက္ကဆီပြေးသွား၏။
"ရောက်ြပီ။ကားပေါ်က ဆင်းတော့။"
ကျန်ချန် ကုဖေးကိုမေးလိုက်တယ်။
" မင်း ဘာလို့ ပိုက်ဆံရှင်းလိုက်တာလဲ?။"
"မင်းတို့နှစ်ယောက်ကတွန်းလားဆွဲလားနဲ့
အလုပ်ရှုပ်နေလို့။ငါအခုလိုငွေမိုးမရွာသွန်း
ရင်မင်းတို့အဲ့အတိုင်းဆက်သွားမလို့လား။"
ကုဖေးက သူ့ကိုလှည့်ကြည့်လာ၏။
"အရမ်းကောင်းတဲ့သူငယ်ချင်း ဆက်ဆံရေး
ဆိုပေမယ့် မဆင်မခြင်. ..."
"ပါးစပ်ပိတ်။"
ကျန်ချန် ရယ်လိုက်၏။ ထို့နောက်လက်မှတ်ရောင်းချနေသည့်ပြတင်းပေါက်ခုံကိုလှမ်း
ကြည့်လိုက်သည်။
"ပန်းခြံဝင်ခွင့်လက်မှတ်ကဘယ်လောက်လဲ
သွားကြည့်လိုက်အုံးမယ်။ "
"ငါ့မှာ ဖြတ်သန်းသွားလာခွင့်ကဒ်ရှိတယ်။ "
ကုဖေးက အိပ်ကပ်ထဲမှကဒ်တစ်ကဒ်ကို ဆွဲထုတ်လာ၏။
"ငါ မင်းတို့ကို အထဲ ခေါ်သွားပေးမယ်။"
ကျန်ချန်မေးလိုက်တယ်။
"ဖြစ်ပါ့မလား ?ငါတို့မှာဘာကဒ်မှ မရှိဘူး။"
"ငါ့မှာအသိရှိတယ်။"
ကုဖေးက ပြုံးလာသည်။
"ပြီးတော့အခုလိုသေးငယ်တဲ့မြို့မှာ စည်းမျဥ်း
စည်းကမ်းမတင်းကျပ်ဘူး။သူတို့ရဲ့မှတ်ပုံတင်
ကဒ်တွေယူပြီးငါ့အနောက်ကငြိမ်ငြိမ်လိုက်ခဲ့ဖို့
ပြောလိုက်။"
ကားပေါ်မှလူအားလုံးဆင်းလာပြီးနောက်တွင်
ကုဖေးကရှေ့မှဦးဆောင်ပြီး သူ့တို့ကိုတစ်ခြား ဝင်ပေါက်ဆီသို့ခေါ်သွား၏။ ကုဖေးက အရှေ့
ကဦးဆောင်သွားနေတာမဟုတ်လျှင်၊ထိုနေရာ
ရှိနေသည့်လမ်းကြောင်းကို သူတို့သတိထားမိ
မှာမဟုတ်ဘဲ၊လမ်းအဆုံးမှာရှိနေသည့်ဂိတ်ကို
လည်း မြင်မှာမဟုတ်ပေ။
ကုဖေးက လမ်းလျှောက်ရင်းတစ်စုံတစ်
ယောက်ဆီသို့ဖုန်းလှမ်းဆက်နေ၏။
"ငါတို့ရောက်ပြီ ။မင်း ရောက်နေပြီလား?။"
ထိုအချိန် အနောက်မှလိုက်လာသည့် လီစုန်း
က မေးလာသည်။
"သူ့ခြေထောက်ကကောင်းသွားပြီလား?ငါ
မှတ်မိသလောက် မနေ့ကသူ့ခြေထောက်က
မြေကြီးနဲ့သိပ်မထိဘူးမလား?။"
"သူ့ခြေထောက်က ကောင်းတယ်။ "
ဖန်းကျိက ဝင်ပြောလာသည်။
"အရင်စာသင်နှစ်တုန်းက ငါလည်းလည်သိုင်း ပတ်တီးကြိုးတပ်ထားတာမှတ်မိလား?။ အင်း
အဲ့ဒီလိုပဲ ။ငါ ပတ်တီးကြိုးဖယ်တာမဖယ်တာငါ့စိတ်အခြေအနေပေါ်မှာ မူတည်တယ်။"
လီစုန်းက တိုးတိုး ရေရွတ်သည်။
"သြော်...မင်းက အတော်အံ့သြစရာ
ကောင်းတာပဲ။"
လီစုန်းရဲ့စကားကြောင့်လူတိုင်းကရယ်ကြ၏။
ကျန်ချန် သက်ပြင်းချလိုက်တယ်။
"ငါတို့ဟိုရောက်တဲ့အခါကျ မင်းတို့ရယ်ချင်
ရယ်လို့ရတယ် ။ ဒါပေမယ့် စကားမများနဲ့။ "
လူတိုင်းကချက်ချင်းပါးစပ်ပိတ်သွား၏။
သို့သော်လည်းသူတို့ကရယ်ချင်စိတ်ကို ခဏမျှထိန်းချုပ်နိုင်ပြီး ခွက်ထိုးခွက်လန် ရယ်လာခဲ့သည်။
ကုဖေးကအနောက်သို့ပြန်လှည့်လာပြီးထိုလူစု
ကိုအရင်လှမ်းကြည့်ပြီးမှကျန်ချန်ကိုကြည့်လာသည်။ကျန်ချန်လည်း သူ့ဘေးနားကို လျှောက်
သွားလိုက်၏။
"ဒီနေ့တစ်မနက်လုံး သူတို့အရမ်းအူမြူးနေ
တယ်လို့မခံစားရဘူးလား?။"
"မင်းလည်း အဲ့လိုပဲ ခွက်ထိုးခွက်လန် ရယ်နေကြမဟုတ်လို့လား?။"
"အဓိပ္ပါယ်မရှိတာ။"
ကျန်ချန် ထိုစကားကိုပြောပြီးလွန်ခဲ့သည့်လအနည်းငယ်က သူ ကုဖေးနှင့် အတူရှိခဲ့သည့်
အချိန်တိုင်း အူတက်အောင်ရယ်ခဲ့တာ သတိ
ပြန်ရသွားသည်။ သူတို့သည် ခဏတိုင်းနီးပါး
တစ်ယောက်မျက်နှာကိုတစ်ယောက်ကြည့်ပြီး
ရယ်ခဲ့တာဖြစ်သည်။ထိုအကြောင်းတွေးကြည့်
လျှင် သူ့ကိုယ်သူစိတ်မနှံ့သူလိုမျိုး ကျန်ချန် ခံစားလိုက်ရသည်။ ထို့ကြောင့် သူ သက်ပြင်းချလိုက်၏။
"အဲ့ဒါက ငါက မင်းနဲ့အတူရှိတဲ့ အချိန်တိုင်း
ပျော်စရာကောင်းတယ်ခံစားရလို့လေ။ မင်းကိုယ်တိုင် လည်း အတူတူပဲမလား?။"
ကုဖေးက လေသံအေးအေးနှင့် ပြောသည်။
"နောက်ဆုံးတော့လည်း ငါတို့ က ငယ်သေး
တာပဲလေ။"
ဘေးပေါက်ဂိတ်ကအလွန်သေးပြီး ထင်ထင်
ရှားရှားမရှိပေ။ဂိတ်ပေါက်တွင်လက်မှတ်စစ်
တဲ့သူ နှစ်ယောက်တည်းသာရှိပြီး အမျိုးသား
တစ်ယောက်နှင့်အမျိုးသမီးတစ်ယောက်ဖြစ်
သည်။
ကုဖေးက ထိုအမျိုးသားဘေးနားသို့ လျှောက်
သွားပြီးလက်ထဲမှာကိုင်ထားသည့်ကဒ်အားထို
လူလက်ထဲသို့ ထည့်ပေး၏။ ထိုအမျိုးသားက
ကုဖေးရဲ့နောက်သို့ ကျော်ကြည့်ပြီး ခေါင်းများ
ကိုရေတွက်၏။ ထို့နောက် သူက တစ်ယောက်
ချင်းရဲ့မှတ်ပုံတင်ကဒ်များကိုစစ်ဆေးပြီးမှ သူ
တို့ကို အထဲသို့ဝင်ခွင့်ပြုသည်။
သူတို့ပန်းခြံထဲသို့ဝင်လာပြီးနောက်တွင် ကျန်ချန် တွေးတွေးဆဆနှင့် ကုဖေးကို လှမ်းကြည့်လိုက်၏။
"အဲ့တစ်ယောက်ကိုကြည့်ရတာ နည်းနည်းလေး ရင်းနှီးနေတယ်မလား?။"
ကုဖေးက ပြုံးသည်။
"သူက လျှိုဖန်းရဲ့အစ်ကို။"
"ဟမ်!။"
ကျန်ချန် အံ့အားသင့်သွား၏။
"သူ့ပုံစံ လျှိုဖန်းထက်ပိုပြီး တည်ကြည်လေးနက်တယ်။"
"နောက် နှစ်နည်းနည်းကြာရင် လျှိုဖန်းလည်း
သူ့လိုမျိုးတည်ကြည်လေးနက်သွားလိမ့်မယ်။"
ကုဖေးက ဆက်ပြောသည်။
"လူတိုင်းကမွေးကတည်းကဒီအတိုင်းပဲလေ။
မှန်ကန်တဲ့ ဘဝလမ်းကြောင်းပေါ် ပြန်မလှည့်
ခင်ခဏမိုက်မဲချင်းတိုင်းမိုက်မဲ့လိမ့်မယ်။
ဒါပေမယ့်,အချိန်တန်ရင်အတည်တကျအခြေ
ချပြီးကိုယ့်ဘဝကိုယ်ဆက်လျှောက်သွားရမှာ။ သမီးရည်းစားထားမယ်၊လက်ထပ်မယ် ၊ ကလေး
မွေးမယ် ။ ပြီးရင် ကျန်ရှိနေတဲ့ဘဝနေ့ရက်တွေကို အေးအေးဆေးဆေးဖြတ်သန်းချင်တဲ့ သူတွေပဲ။"
"မင်း ပြောချင်တာက ?"
ကျန်ချန် ကုဖေးကိုကြည့်လိုက်တယ်။ကုဖေး
က အေးအေးဆေးဆေးစကားပြောနေတာဆိုသော်လည်း၊ သူ နားထောင်ကြည့်လာလေလေ စိတ်ပျက်အားငယ်နေသည့် အငွေ့အသက်ကို
ခံစားလာရလေလေဖြစ်သည်။
" အဲ့ဒါတွေအားလုံးက အပေါ်ယံ သက်သက်
လို့ပဲ ထင်ရတယ်မဟုတ်လား။ "
ကုဖေးကစကားပြောရင်း ပြုံးလာသည်။
"သူတို့ရဲ့ အတွင်းစိတ်မှာလည်း စိတ်ကူးစိတ်
သန်းတွေရှိကောင်းရှိနေနိုင်ပေမယ့် ၊မသိတာ
လည်းဖြစ်နိုင်တယ်။ဒါပေမယ့်စိတ်ကူးမယဉ်
တဲ့သူဘယ်သူရှိလဲ?။ဝမ်ရွှီလိုမျိုးလူတောင်မှ
တစ်နေ့ကျ မြို့ပြကို ပြောင်းရွေ့ပြီး ပေါင်မုန့်
ဆိုင်တစ်ဆိုင်ဖွင့်ချင်တာ။"
မင်းကရော ?
ဒါဆို မင်းကရောလို့..?
ကျန်ချန် ထိုမေးခွန်းကို သိပ်မေးချင်သည်။
မင်းရဲ့ပတ်ဝန်းကျင်ကလူတွေအတိုင်း၊ မင်းလည်းမှန်ကန်တဲ့ဘဝလမ်းကြောင်းလျှောက်လှမ်းသွားပြီး မင်းရဲ့လက်ကျန်ဘဝနေ့ရက်တွေကိုကုန်ဆုံးသွားမှာလား? ??
သို့သော်, သူ ထိုမေးခွန်းကို မမေးခဲ့ပေ။
ကုဖေးမေးခဲ့သည့် မေးခွန်းကို သူ နောက်ထပ်
တစ်ကြိမ်ပြန်ပြီး သတိရလာသည်။
တစ္ဆေခြောက်တဲ့အိမ်ကြီးကိုပန်းခြံအစွန်းဖျား
ပိုင်းမှာဆောက်ထားကြတာဖြစ်သည်။ ကနဦး
တွင် ထိုအိမ်ကြီးသည် ပန်းခြံ၏အစိတ်အပိုင်း
တစ်ခုမဟုတ်ချေ။လွန်ခဲ့သည့်နှစ်အနည်းငယ်
ကပန်းခြံကိုတိုးချဲ့ဖို့ရန်အတွက် အနီးပတ်ဝန်း
ကျင်မှလယ်ယာမြေများဝယ်ယူခဲ့ကြပြီးထပ်မံ
တိုးချဲ့ဆောက်လုပ်ထားတာဖြစ်၏။မြေနေရာတော်တော်များများယူပြီး ဆောက်ထားသည့်
တစ္ဆေခြောက်တဲ့အိမ်ကြီးမှာ အပြင်ပန်းကြည့်
လျှင် စက်ရုံအဟောင်းအပျက်နှင့် တူသည်။
"ဤနေရာကို စွန့်ပစ်ထားသည့်ရုပ်အလောင်း
များမြှုပ်နှံရန်အတွက်မြေစာအဖြစ်အသုံးပြု
ခဲ့သည်....."
ဖန်းကျိသည် တစ္ဆေခြောက်တဲ့ အိမ်ကြီးရဲ့ မိတ်ဆက်စာတန်းကိုကြည့်ပြီးရေရွတ်လာ၏။
"ယခုနေရာနှင့်စပ်လျဥ်း၍ ပိုင်ရှင်မဲ့
ရုပ်အလောင်း..."
လီရိချင်းက ကြားဖြတ်ပြော၏။
"အားယား!...နင့်အသံကကြောက်စရာကြီး။"
သို့သော် ဖန်းကျိကစာကို ဆက်ဖတ်၏။
"စက်ရုံတည်ဆောက်ပြီးသည့် နောက်ပိုင်း
တွင် ထူးဆန်းကိစ္စရပ်များမကြာခဏပေါ်
ပေါက်လာခဲ့သည်။စက်ရုံတွင်ညဆိုင်းဆင်း
ရသည့်အလုပ်သမားများသည် လူမရှိသည့်
စက်ရုံအခန်းတွေဆီမှ ပျံ့လွင့်လာသည့် သီချင်းညည်းသံများကို ကြားခဲ့ကြသည်။...."
"ချီးပဲ!"
ကျန်ချန် ဆဲရေးလိုက်၏။
"သူတို့ပြောထားတာက တကယ့်အစစ်
အတိုင်းပဲ။ "
"တကယ့်အစစ်မဟုတ်ဘူးလို့ ဘယ်သူ
ပြောလဲ?။"
ကုဖေးက ပြောသည်။
"ဒီမြို့မှာအသုံးမပြုပဲစွန့်ပစ်ထားတဲ့မြေ
လွတ်မြေရိုင်း၊ ရုပ်အလောင်းတွေအများ
ကြီးပဲရှိတယ်။ကျောင်းအများစုကိုလည်း
သချိုင်းမြေပေါ်မှာ ဆောက်ထားတာ။"
ကျန်ချန် သူ့ကိုစိုက်ကြည့်လိုက်၏။
"သွားစမ်း။"
"မင်းသိတယ်မဟုတ်ဘူးလား။အထက်တန်း
ကျောင်း အနောက်ဘက်မှာ ဆောက်ထားတဲ့
နည်းပညာကောလိပ်..."
ကုဖေး စကားပြောနေရင်း ရပ်တန့်သွားပြီး
သူ့ကို လှမ်းကြည့်လာသည်။
"မင်း မကြောက်တတ်ဘူးမလား?။"
ကျန်ချန် တိတ်ဆိတ်နေလိုက်၏။
ကုဖေးက ခဏလောက် တိတ်ဆိတ်သွားပြီး
မှ တဟားဟား ရယ်မောလာသည်။
" မင်း ဒီလိုမျိုးအရာတွေကို ကြောက်တတ်
လိမ့်မယ်လို့ ငါ လုံးဝမထင်ထားဘူး။"
"ငါက ပိုးဟပ်ကိုပဲ ကြောက်တာ ၊ မင်းက
အဲ့ဒါကိုရယ်စရာလို့ထင်နေတာလား?။"
"ဟင့်အင်း။ "
ကုဖေးသည်ခန္ဓာကိုယ်ကို ဖြောင့်ဖြောင့်မတ်
မတ်ရပ်ပြီး လည်ချောင်း ရှင်းလိုက်၏။
"မဟုတ်ဘူး ။ ရိုးရိုးသားသား ပြောရရင် ,
ငါလည်းပိုးဟပ်နည်းနည်းကြောက်တယ်။
ပြီးတော့ ပင့်ကူ......."
သရဲကား၊သည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲများ
ကမ္ဘာပျက်ကိန်းရုပ်ရှင်ဇာတ်လမ်းနှင့်သဘာဝ
လွန်သိပ္ပံရုပ်ရှင်ကားများကြည့်ရတာ ကျန်ချန် တကယ်သဘောကျသည်။ ဒါပေမယ့်,သူ သရဲ
ကားကြည့်ရတာကြိုက်နှစ်သက်သည့် အဓိက အကြောင်းအရင်းသည်ထိုသရဲကားများကသူ့
ကို ကြောက်လန့်စေတာကြောင့်ပင်။
တကယ်တော့သူသရဲကြောက်သည်။ထိုကဲ့သို့
အရာများအမှန်တကယ် မရှိကြောင်းခိုင်ခိုင်မာ
မာယုံကြည်နေသည့်တိုင်အောင် ၊ သေလောက်
အောင်ကြောက်လန့်နေဆဲဖြစ်သည်။
သူ ငယ်ငယ်က ဆိုလျှင်ကျောင်းကနေ အိမ်သို့ ပြန်လာတိုင်း၊ ကော်ရစ်တာလမ်းမကြီးကိုဖြတ်လျှောက်ရလေ့ရှိသည်။ကော်ရစ်တာလမ်းအား
ဖြတ်လျှောက်တိုင်း ၊သူ့ မျက်လုံးတွေက ကော်
ရစ်တာလမ်းအဆုံးတွင်ရှိသည့်ထောင့်ချိုးလှေ
ကားခွင်ကို တစ်သမတ်တည်း စိုက်ကြည့်ခဲ့တာဖြစ်၏ ။သူ ထိုကော်ရစ်တာထောင့်နားလေးကို ရောက်သွားသည့်အချိန်တိုင်း သရဲရှိနေမှာကို သေမလောက်ကြောက်ခဲ့တာဖြစ်သည်။
ထိုအချိန်သူ့အနောက်မှာရပ်နေသည့်ဖန်းကျိရဲ့
အသံက ကျယ်ကျယ်လောင်လောင် ထွက်လာ
ခဲ့သည်။
"ငါ့ကို လွှတ်မြောက်ခွင့် ပေးပါ။"
ကလေးဘဝကကြုံတွေ့ခံစားခဲ့ရသည့်ကြက်
သီးမွှေးညှင်းထ စရာကောင်းလှတဲ့ မှတ်ဉာဏ်
ကြားမှာ အပြည့်အဝ နစ်မြုပ်နေဆဲသာရှိသည့်
ကျန်ချန်သည်ထိုအသံဆာဆာကြောင့်လန့်ဖြန့်
ပြီးခန္ဓာကိုယ်ပေါ်ရှိမွှေးညှင်းပေါက်များအားလုံး
ပင် ထိုးထိုးထောင်ထောင်ဖြစ်သွားခဲ့
၏။ သူ အထိန်းအကွပ်မဲ့စွာပင်အလန့်တကြား
အော်လိုက်မိသည်။
"အား!...ဖာ့ခ်။"
"ဘာဖြစ်လို့လဲ!ဘာဖြစ်လို့လဲ?။ "
ဖန်းကျိလည်း သူ့အော်သံကြောင့်တုန်သွား
ပြီး အတန်ကြာမှစကားဆက်ပြောသည်။
"ငါတို့ တစ္ဆေခြောက်တဲ့အိမ်ကြီးကိုသွားရင် လက်မှတ်ဖိုးရှင်းပေးမယ်လို့အရင်တည်းက ပြောထားတာေလ။ပြီးတော့ဒီနေရာကို
အသွားချင်ဆုံးသူကလည်း ငါပဲ။"
"အိုး.."
ကျန်ချန်သည် သူ့ကို ခဏစိုက်ကြည့်ပြီးမှ
လက်ဝှေ့ယမ်းလိုက်၏။
"ဒါဆို သွားတော့။ လက်မှတ် သွားဝယ်။"
ကုဖေးကတခစ်ခစ်ရယ်မောလာပြီး လေသံ
အေးအေးနှင့်ပြောလာသည်။
" အထဲမှာအရမ်းမှောင်တယ်။"
"အရူးချီးပန်းစကားတွေပြောပြီ။တစ္ဆေခြောက်တဲ့အိမ်ဆိုနေမှသူတို့က ဗို့ဒ်အား ၂၀၀ ဝဒ် ရှိတဲ့ မီးသီးချောင်းတွေထွန်းထားပါ့မလား?။"
" ဘာပြောနေလို့လဲ?။"
ကုဖေးက ကျစ်သပ်၏။
"တကယ်လို့ မင်းကြောက်တတ်ရင် ငါ့ကို ဖက်
ထားလို့ရတယ်။ဘယ်သူမှတွေ့မှာမဟုတ်ဘူး။ "
"အိုး..."
ကျန်ချန် မျက်လုံးစွေကြည့်လိုက်သည်။
" ငါ မင်းကိုဖက်ထားစရာမလိုဘူး။ဖက်ထားဖို့
လိုအပ်နေတဲ့သူက မစ္စတာကု ပဲဖြစ်လိမ့်မယ်။
မင်းကိုယ်မင်းသိပ်အတွေး လွန်မနေနဲ့။"
"မင်း ငါ့ကိုမဖက်ချင်လည်း..."
ကုဖေးက ကျန်ချန်ရဲ့အနောက်ကို ကျော်
ကြည့်လာ၏။
"တစ်ယောက်ယောက်ကလာဖက်မှာေနာ်။"
ကျန်ချန်သည်အနောက်ကိုလှည့်ကြည့်လိုက်
သည့်အခါရွှီမင်းကိုမြင်လိုက်ရသည်။သူမက
လီရိချင်းရဲ့ဘေးမှာရပ်နေပြီးလက်မောင်းကို
ပွတ်သပ်ရင်းတဆွေ့ဆွေ့ခုန်နေ၏။သူ ချက်
ချင်းခေါင်းကိုချာခနဲ ပြန်လှည့်လိုက်ပြီး ကုဖေး
ကို စိုက်ကြည့်လိုက်၏။
"ငါ မင်းကို ပြောထားလိုက်မယ်။ မင်းကိုယ်မင်း ကောင်းကောင်းဂရုစိုက်နေသင့်တယ်။"
"အင်း။"
ကုဖေး က ပြုံးရွှင်စွာခေါင်းညိတ်လာသည်။
ယနေ့သည် မေလ ၁ရက်နေ့၊ အလုပ်သမားနေ့
ဖြစ်တာကြောင့်တစ္ဆေခြောက်တဲ့အိမ်အပြင်မှာ
လူအများအပြားတန်းစီရပ်စောင့်နေ၏။ သူတို့
အပြင်မှာရပ်ပြီး စောင့်နေချိန် တစ္ဆေခြောက်တဲ့
အိမ်ကြိီးအတွင်းမှာရှိတဲ့လူများရဲ့ကြောက်လန့်
တကြားအော်ဟစ်သံများကိုကြားနေရသည်။
"အဲ့လောက်ကြောက်စရာကောင်းတာလား?။"
ဖန်းကျိက အနောက်သို့ လှည့်လာပြီး
ကျန်ချန်ကို မေးလာ၏။
"သူတို့ငယ်သံပါအောင်အော်နေတာကို
နားထောင်ကြည့်ဦး။ "
"ငါမသိဘူး။ငါတို့အထဲဝင်သွားတဲ့အခါကျရင်
မိန်းကလေးနှစ်ယောက်ကဘယ်လောက်အော်
မလဲဆိုတာ ဘယ်သူသိမှာလဲ?။"
"ငါအစက တစ်ယောက်တည်းဖြတ်ကျော်
မလို့ပဲ။"
ဖန်းကျိက ကျစ်သပ်လိုက်၏။
"ဒါပေမယ့် သူတို့က တစ်ယောက်တည်း
လုပ်ဖို့ ခွင့်ပြုမှာမဟုတ်ဘူး။"
ကျန်ချန် တစ်ခုခု ပြောဖို့ရွယ်လိုက်သော်လည်း
လူတစ်စုသည် ငယ်သံပါအောင် အော်ဟစ်ရင်း အဆောက်အဦးအပြင်သို့ပြေးထွက်လာ၏။ထို
လူစုတွင်ကောင်လေးများအပြင် ကောင်မလေး
များလည်းရှိနေပြီး၊ ကောင်မလေးများ ဆိုလျှင်
ပါးပြင်မှာမျက်ရည်တသွင်သွင်စီးကျ၍ ဆံပင်
များဖရိုဖရဲရှုပ်ပွလျှက်ရှိသည်။
ကောင်မလေးများထဲကတစ်ယောက်သည်
မျက်ရည်သုတ်ပြီး ပြောလာ၏။
"ငါ ဒီနေရာကို ထပ်မလာတော့ဘူး။"
"အား.."
ရွှီမင်းက ကြောက်ကြောက်လန့်လန့်နှင့် နောက်
သို့ဆုတ်သွားသည်။
"သူတို့က ငါတို့ လက်မှတ်သွားဝယ်နေတုန်းက
အထဲဝင်သွားတာမလား။အဆောက်အဦးတစ်ခုလုံးပတ်သွားဖို့မိနစ်လေးဆယ်လောက်အထဲမှာ
နေရမှာမဟုတ်ဘူးလား?။သူတို့ကအဆုံးထိ
မသွားရဲလို့ထွက်ပြေးလာမလား?။ အဲ့လောက်
ကြောက်ဖို့ကောင်းတာလား?။"
ကျန်ချန်ပြောလိုက်၏။
"သူတို့လမ်းပျောက်သွားလို့နေမှာ။"
ရွှီမင်းကအနည်းငယ်ကြောက်နေ၏။
"ငါတို့ လက်တွဲမဖြုတ်ပဲသွားသင့်တယ်။
လီရိချင်း , နင် ငါ့ကိုတွဲထားနော်။"
"အင်း။"
လီရိချင်းက လေးလေးနက်နက် ခေါင်းညိတ်
ပြသည်။
"ငါတို့ကအလယ်မှာလျှောက်မယ်။ကောင်လေး
တွေကငါတို့ အရှေ့ နဲ့ အနောက်မှာနေပေးလိမ့်
မယ်။"
သူတို့သည်နေရာအနေအထားအားဆက်လက်ဆွေးနွေးချင်သေးသော်လည်း သူတို့ဝင်ရမည့်အလှည့်ရောက်လာပြီဖြစ်သည်။ထို့ကြောင့် သူ
တို့ရဲ့ဆွေးနွေးခန်းကအများသဘောတူဆန္ဒထိ
မရောက်လိုက်ပေ။
"ဘာမှမဖြစ်ဘူး။"
ဖန်းကျိက လက်ဝှေ့ယမ်းလိုက်၏။
"သွားရအောင်။"
သူသည်အရှေ့မှဦးဆောင်လျှောက်သွားသည့်
အခါ နောက်လူများကစိတ်သေချာမပြင်ဆင်ရ
သေးသော်လည်း ကြောက်စိတ်ကိုအနောက်မှာ
ချန်ခဲ့ပြီး တံခါးကျဥ်းကျဥ်းလေးတိုးဝှေ့ပြီး ဝင်
သွားကြသည်။
သူတို့သည်အနောက်မှလိုက်လာရင်းတံခါးကို
ဖြတ်လာပြီးချိန်တွင် ကျန်ချန် တိုးတိုး ရေရွတ်လိုက်၏။
"ချီးပဲ,ငါ ဘာလို့ ဒီနေရာကနည်းနည်းကြောက်
စရာကောင်းတယ်လို့ ခံစားနေရတာလဲ?။"
အပြင်တွင်ကောင်းကင်သည်ပြာလွင်ပြီးကြည်
လင်တောက်ပနေသော်လည်း၊သူတို့တွေ တံခါး
ကိုဖြတ်လာပြီးပြီးချင်း နေရောင်လုံးဝ ပျောက်
သွားခဲ့သည်။သူတို့ရှေ့တွင်မည်းမှောင်၍ကျဥ်းမြောင်းသည့်လျှောက်လမ်းသွယ်လေးရှိေနပြီး
ဘေးတစ်ဖက်တစ်ချက်မှာပြတင်းပေါက်တစ်
ပေါက်တစ်လေမျှပင်မရှိချေ။
ကျန်ချန်သည် နေရာမှာတင်အေးခဲသွားပြီး
လက်တစ်ဖက်မှာအလိုလိုအနောက်မှလူဆီ
ရောက်သွား၏။
"ကုဖေး။"
ကုဖေးက သူ့လက်ကိုအသာပုတ်ပေး၏။
"ငါ ရှိတယ်။ "
ကျန်ချန်ရဲ့စိတ်ကငြိမ်သက်သွားသည်။ကုဖေး
ရဲ့တည်ရှိမှုသေချာအောင်အနောက်သို့ နောက်
တစ်ကြိမ်လှည့်ကြည့်လိုက်၏။
" ငါ့နောက်ကပဲကပ်ပြီးလိုက်ခဲ့နော်။"
ကုဖေးရဲ့နှုတ်ခမ်းထောင့်အနားစွန်းနှစ်ဖက်က
အပေါ်သို့ပင့်တက်သွား၏။
"အင်း။"
ဘာလို့ချစ်စရာကောင်းအောင် ပြုံးနေတာလဲ!
ကျန်ချန်သည်စိတ်ပျက်လက်ပျက်တွေးလိုက်
၏။ဤအခြေအနေအောက်တွင်ကုဖေးအပြုံး
ဆိုလျှင်ပင် သူ့မှာ မသင့်လျော်တဲ့အတွေးများပေါ်ပေါက်လာနိုင်မှာ မဟုတ်ပေ။
ဖန်းကျိနှင့်တခြားလူများကအရှေ့မှ ဦးဆောင်
သွားနေပြီးသူတို့ခေါင်းများကဟိုကြည့်ဒီကြည့်
နှင့်ချာချာလည်နေ၏။ထို့ပြင်လျှောက်လမ်းက
တစ္ဆေခြောက်တဲ့ အိမ်ရဲ့တစိတ်အပိုင်း မဟုတ်
သေးပေ၊သို့သော်ထိုလျှောက်လမ်းကျဥ်းကျဥ်း
လေးကသွေးပျက်ခြောက်ခြားစရာကောင်းတဲ့ အငွေ့အသက်များပေးစွမ်းလျှက်ရှိသည်။
ရေဓာတ်ဝသည့်နံရံများသည်အက်ကွဲကြောင်း
များဟနေပြီးချွဲကျိကျိရေညှိပင်များပေါက်နေ
လျှက်ရှိသည်။ထိုရေညှိတွေက အတုအယောင်
လို့ကျန်ချန်သံသဃဖြစ်မိသော်လည်းသွားမထိ
ကြည့်ရဲပေ။
အဖွဲ့ရှိလူတိုင်းကတစ်ယောက်နှင့်တစ်ယောက် ပူးကပ်ပြီးဘယ်သူမှမခွာရဲပေ။
ထို့ကြောင့်, သူတို့အုပ်စုက လျှောက်လမ်းအလယ်စုပြုံနေ၏။ သူတို့က တစ္ဆေခြောက်တဲ့အိမ်ကြီးရဲ့အဓိကဝင်ပေါက်ဖြစ်သည့်အနက်ရောင်တံခါးချပ်ကြီးဆီဖြည်းဖြည်းချင်းချဥ်းကပ်သွားခဲ့လျှင်အုတ်
နံရံပေါ်တွင် သွေးနှင့်ရေးထားသည့်လက်ရေးများ ကျန်ချန် မြင်လိုက်ရသည်။
လီရိချင်းကစကားပြောလာ၏။
"အိုးမိုင်ဂေါ့ , ကြည့်ဦး။ "
ရွှီမင်းရဲ့အသံကတုန်ယင်နေ၏။
"ငါ့ကိုမကြည့်ခိုင်းနဲ့ ။ငါ့ကိုမကြည့်ခိုင်းနဲ့ ။ငါ
ဘာမှ မကြည့်ရဲဘူး။"
ကျန်ချန်ရဲ့လက်ကနောက်တစ်ကြိမ်အနောက်
သို့ရောက်သွားပြီး ကုဖေးရဲ့ဂျက်ကတ် အင်္ကျီ
ကိုထိမိသည့်အခါ တင်းတင်းဆုပ်လိုက်သည်။
ကုဖေးကသက်ပြင်းချပြီးသူ့လက်ကိုဆုပ်ကိုင်လာ၏။ထို့နောက် သူက သူ့ကိုယ်ပေါ်ကိုမှီလာ
ပြီးတိုးတိုးကပ်ပြောလာသည်။
"အမှန်တော့, မင်းမှာ သတ္တိနည်းနည်းပဲရှိတာ။ အနောက်ကိုလှည့်ကြည့်ရမှာကြောက်လို့အဲ့ဒီ
အစား တစ်ခုခုကိုလှမ်းဆွဲလိုက်တာမလား?။"
ကျန်ချန် အံတင်းတင်းကြိတ်ပြီး အနောက်ကို
လှည်ကြည့်လိုက်၏။
"ပါးစပ်ပိတ်ထား!။"
ပထမဆုံးအခန်းထဲသို့ ဝင်လာပြီးနောက်တွင်
သူတို့အားလုံးတိတ်ဆိတ်သွားသည်။ သူတို့ရဲ့မျက်လုံးများကအမှောင်နှင့်အသားမကျသေး
ပေ။သူတို့ဘေးပတ်ပတ်လည်တွင်တိတ်ဆိတ်
မှောင်မည်းပြီးအသံတစ်သံမျှမကြားရပေ။
ဟူဖုန်းကမေးလာသည်။
"ငါတို့ အားလုံး ရှိတယ်မလား ?။"
ဖန်းကျိကပြန်ဖြေ၏။
"ရှိတယ်။ "
ဟူဖုန်းက ဆက်ပြောလာ၏။
"နံပါတ်စဥ်ရေကြမလား?။"
"ငကြောက်။"
ဖန်းကျိက မကျေမနပ်ရေရွတ်သော်လည်း
နံပါတ်စဥ်စအော်လိုက်သည်။
"တစ်။"
"နှစ်။"
ဟူဖုန်းအလှည့် ပြီးသွားသည့်အခါ လီစုန်းက
ပါးစပ်ဟလာ၏။
"သုံး။"
ရွှီမင်းနှင့် လီရိချင်းက အတူပြော၏။
"လေး။ ", " ငါး။ "
ထို့နောက်ကုဖေးကကြားဖြတ်ပြောလာ၏။
"ခြောက်,ခုနှစ်။"
ကျန်ချန် မကျေမနပ်ပြောလိုက်တယ်။
"အာ, ခုနှစ်က ငါ့ရဲ့အနောက်မှာေလ။"
သူ့စကားကြောင့် အားလုံးစတင်ရယ်မောလာ
ကြသည်။ သို့သော် သူတို့ရယ်မောသံအလယ်
တွင်အမျိုးသမီးတစ်ဦးရဲ့အသံက ထပ်ထွက်
လာခဲ့သည်။
"ရှစ်!"
အနည်းငယ်အေးစက်သည့်ထိုအသံကြောင့်
လူတိုင်းကချက်ချင်းငြိမ်သက်သွားသည်။
"သောက်ကျိုးနည်း! "
သူတို့ထဲတွင် ရယ်သံအကျယ်ဆုံးဖြစ်သည့်
ဖန်းကျိက အလန့်တကြား အော်ဟစ်လာ၏။
"အဲ့ဒီနေရာက ဘယ်သူလဲ?။"
ရွှီမင်းနှင့်လီရိချင်းကကြောက်လန့်တကြားနှင့် "အား...." ဟု နင်းကန်းအော်ဟစ်သည်။
ကျန်ချန်သည်အသံတစ်သံမှမထွက်ပေ။ သို့
သော် သူကကြောက်အားလန့်အားနှင့်ကုဖေး
ရဲ့လက်ကိုအသေဆုပ်ကိုင်လိုက်သည်။
ငလူးတဲ့မှ !!!
တစ္ဆေခြောက်တဲ့အိမ်ကြီးထဲမှာသရဲအဖြစ်သရုပ်ဆောင်နေတဲ့သူတွေရှိတယ် !!
အမှိုက်လိုမြို့လေးက တစ္ဆေခြောက်တဲ့
အိမ်ကြီးမှာလေ !!
ပြီးတော့သရုပ်ဆောင်တဲ့သူတွေကဘာကိစ္စ
အလုပ်ထဲမှာသောက်ရမ်းစိတ်နှစ်ပြီး သရုပ်
ဆောင်နေတာလဲ!!
သူတို့ရဲ့အော်သံကအပြင်ဘက်မှာ သူတို့ကြား
ခဲ့ရသည့်အသက်ထက်ပင်ကျယ်လောင်နေ၏။ အပြင်မှာရပ်စောင့်နေသည့်လူများကသူတို့ကို
သရဲဆွဲသွားပြီလို့ထင်နိုင်သွားသည်။
"အဲ့နားမှာ မီးချောင်း ရှိတယ်။"
ဖန်းကျိက အော်ပြောလာသည်။
"အဲ့နားမှာမီးချောင်း ရှိတယ်။ငါ အနောက်ကို
လှည့်ကြည့်တုံးက နံရံပေါ်မှာ မီးခလုတ်ရှိတာ
မြင်လိုက်တယ်။"
"ဖတ်ခနဲ "မြည်သံနှင့်အတူ အခန်းတစ်ခန်းလုံးအလင်းရောင်ပြည့်သွား၏။သို့သော်မီးချောင်း
သည်မှိတ်တုတ်မှိတ်တုတ်ဖြစ်ပြီးသွေးရူးသွေး
တန်းသဖွယ်တဖျက်ဖျက်လှုပ်လျှက်ရှိသည်။
လောလောဆယ်တွင်ကျန်ချန်ကြောက်စိတ်နှင့်
ထိတ်လန့်မှုအားတစ်ပြိုင်နက်တည်းခံစားနေရ
သည်။ပထမအချက်ကမှိတ်တုတ်မှိတ်တုတ်မီး
အလင်းရောင်အောက်သူတို့ရပ်နေသည့်အခန်း
အတွင်းရှိနံရံပတ်ပတ်လည်တွင်သွေးနှင့် ရေး
ထားသည့်
*ငါ့ ကို ကယ်ပါ * *သူမ..သူမက ဒီနေရာမှာ
ရှိတယ် * *အထဲကို မသွားနဲ့* ဆိုသည့်သွေးသံရဲ
ရဲလက်ရေးများကိုကျန်ချန် မြင်နေရသည်။
ဒုတိယတချက်ကကုဖေးရဲ့လက်နှင့်တင်းကြပ်စွာယှက်ထားသည့်သူ့လက်ကို အချိန်မှီလွှတ်ဖို့အခွင့်အရေးမရလိုက်တာကြောင့် ဖြစ်သည်။
လက်ရှိအခြေအနေအောက်တွင်ဘယ်သူမှ
ထိုကဲ့သို့ ကိစ္စလေးကို အသေးစိတ်လိုက်ပြီး
စိတ်ထဲထားမှာမဟုတ်ပေ။ မိန်းကလေးနှစ်
ယောက်လည်း တစ်ယောက်ရဲ့လက်မောင်း
တစ်ယောက် ဖက်ထားပြီး ၊ဟူဖုန်းကဖန်းကျိ
ရဲ့လက်မောင်းကို အတင်းဆုပ်ထားသည်။
ယခုအချိန်တွင် သူနှင့် ကုဖေးတို့တစ်ယောက်
ကိုတစ်ယောက်ဖက်ထားလျှင်တောင် ထူးဆန်း
တယ်လို့ထင်မှာမဟုတ်ပေ။ ဒါပေမဲ့ သူ ကုဖေး
လက်ကိုလွှတ်လိုက်စဥ် ဘေးခန်းရှိအသေပိတ်
ထားသည့်တံခါးပေါက်က ရုတ်တရက် ပွင့်လာ
သည်။ ဘယ်သူမှ သတိမထားမိသေးခင်မှာပင်
ထိုဘေးအခန်းရှိ တံခါးပေါက်ကနေ အရိပ်တစ်
ရိပ်ကစောက်ထိုးပြုတ်ကျလာပြီးတံခါးဘောင်
မှာ တန်းလန်းဖြစ်နေ၏။
"အိုး!....ဖာခ့်။"
အခန်းနှင့်မျက်နှာချင်းဆိုင်ဖြစ်သည့်ကုဖေးက
အဖြစ်အပျက်တစ်ခုလုံးကို မျက်မြင်ကိုယ်တွေ့
ကြုံလိုက်ရသည့်အခါ ချက်ချင်း ကျန်ချန်အား လက်မောင်းနှစ်ဖက်ကြား ဆွဲသွင်းပြီး ဘေးသို့
ခုန်ပျံကျော်လွှားလိုက်သည်။
ကျန်ချန် ရဲ့စိတ်အခြေအနေက အစတည်းက
သွေးလေခြောက်ခြားနေပြီးသားဖြစ်သည်။ထို့
ကြောင့်သူဘာဖြစ်ပျက်နေတာလဲဆိုတာကိုပင်
မကြည့်ရဲတော့ပဲကြောက်ကြောက်လန့်လန့်နှင့် အော်ဟစ်ပြီး သူ့လက်မောင်းတွေနှင့် ကုဖေးကို
ဖက်တွယ်လိုက်သည်။
သူတို့ကြောက်အားလန့်အားနှင့်အသည်းခိုက်
မတတ်အော်လိုက်ကြပြီး ၊ ဘေးမှာရှိနေသည့်
သူနှင့် တစ်ယောက်ကိုတစ်ယောက် ဖက်တွယ်
ထားလိုက်ကြသည်။
ဆယ်စက္ကန့်လောက်မျက်စိစုံမှိတ်ပြီးအော်ဟစ်ပြီးနောက်တွင် သူတို့စိတ်ကငြိမ်သက်လာ၏။
"သောက်ကျိုးနည်း!! "
ဖန်းကျိကနံရံမှာလက်တစ်ဖက်ကိုထောက်ပြီး တံခါးဘောင်မှာတွဲလောင်းကျနေတဲ့အရုပ်ကို
စိုက်ကြည့်၏။
"အဲ့ဒါက အတုကြီး။ "
"ချီးတဲ့မှ။အဲ့ဒီမှာဇောက်ထိုးကျနေတာကိုလူ
အစစ်လို့ ထင်နေတာလား ?။"
ကျန်ချန်အသက်ပြင်းပြင်းရှုသွင်းလိုက်၏။
"ငါတို့အရင်ဆုံး စိတ်ငြိမ်ငြိမ်ထားသင့်လို့ထင်
တယ်။ငါတို့ပထမထပ်ကိုဝင်လာတာ နှစ်မိနစ်
တောင်မပြည့်သေးဘူး။ အသံပြဲနဲ့အော်ပြီးပြီ။
ငါတို့မတိုင်ခင်ကမှဝင်သွားတဲ့အဖွဲ့တောင်အဲ့
လောက်သနားစရာကောင်းအောင်မအော်ဘူး။ သောက်ရမ်း ရှက်ဖို့ကောင်းတယ်။"
မီးချောင်းက မှိတ်တုတ်မှိတ်တုတ်လင်းနေ၏။ သို့သော်အခြေအနေကအစောကလောက်သိပ်ကြောက်စရာမကောင်းတော့ပေ။
ဖန်းကျိကတွဲလောင်းကျနေသည့်အရုပ်ကြီးကို
တွန်းလိုက်သော်လည်း အရုပ်က တုတ်တုတ်မျှ
မလှုပ်ပေ။သူကခေါင်းဆန့်ကာထိုအခန်းအတွင်း
ရှိ အခြေအနေကိုစစ်ဆေးနေ၏။
"ဒီမှာ မီးရောင်ရှိတယ်။ ဒီလမ်းအတိုင်း
ဆက်သွားကြမလား?။"
ကျန်တဲ့သူများသည်တုံ့နှေးတုံ့နှေး နှင့် ထိုတံခါး
ဆီသို့ လျှောက်သွားကြသည်။
"ပြီးတော့ မင်း, ငါ မင်းကို နည်းနည်းသတ္တိ
ရှိမယ်လို့ ထင်နေတာ။"
ကုဖေးရဲ့အသေတင်းကျပ်စွာ ဖက်တွယ်ထား
မှုကြောင့်နာကျင်နေသည့်လက်မောင်းကိုပွတ်
ရင်း ကျန်ချန် သူ့ကိုစိုက်ကြည့်လိုက်၏။
"ငါသာ အရပ်ပုနေရင်, မင်းက ငါ့ခေါင်းပေါ်
ထိတက်လာနိုင်တယ်။"
"ဟေး!."
ကုဖေးကတံခါးဘောင်မှာတွဲလောင်းကျနေတဲ့
လူအရုပ်ကြီးကိုနောက်တစ်ခါထပ်ကြည့်လိုက်
ပြီး၊ခဏ တွေးတောနေပြီးမှ တဟားဟား ရယ်
လာသည်။
"ငါ မကြောက်တတ်ဘူးလို့ မပြောခဲ့ဘူးနော် ။
အဲ့အရုပ်ကငါ့ကိုသက်တမ်းတစ်ဝက်လောက်
အသက်တိုသွားစေနိုင်တယ်။"
ပထမအချီဝရုန်းသုန်းကားနှင့်ရုန်းရင်းဆန်ခတ်
ဖြစ်ပြီးနောက်ပိုင်းတွင်လူတိုင်းသည်သွေးပျက်ခြောက်ခြားစရာကောင်းသည့်ပတ်ဝန်းကျင်နှင့် ရင်းနှီးလာသည်။ထိုအရာက အောင်မြင်မှု ပင်။
သူတို့နောက်အခန်းတစ်ခန်းအတွင်းသို့ ရောက်
လာသည့်အချိန်တွင်ငိုညည်းသံသဲ့သဲ့ကို ကြား
လိုက်ရသည်။ သူတို့အားလုံး အသံတစ်သံပင်
မထွက်ရဲတော့ပေ။
"အသံမထွက်နဲ့နော်။"
ဖန်းကျိက အခန်းထောင့်ချိုးနားလေးကို လက်ညှိုးထိုးပြလာ၏။
"ငါတို့အထဲလျှောက်လာတာကို အဲ့အရာက သတိထားမိလောက်တယ်။ "
သူတို့ရောက်နေသည့် အခန်းက အတော်လေး ကျယ်ဝန်းပြီး ၊ စက်ယန္တရားတွေ တပ်ဆင်ထား
သည့် အခန်းအငယ်စားလေးတစ်ခန်း နှင့် သွား
တူနေ၏။ အခန်းအလယ်ခေါင်တည့်တည့်တွင် ကြီးမားသည့်ပရိုဂျက်တာလို လျှပ်စစ်နှင့် လုပ်
ထားသည့်ဇယားကွက်နှစ်ကွက် ကိုထောင်ထား
ပြီး ဇယားကွက် မျက်နှာပြင်ပေါ်တွင် သွေးတွေ
လွှမ်းလျှက်ရှိသည်။ထို့အပြင်ကြမ်းခင်းတလျှောက်တွင်လည်း သွေးစွန်းထင်နေသည့် အဝတ်အစအနများ ပြန့်ကျဲနေ၏။
"သူတို့က တကယ့်အစစ်နဲ့တူအောင် လုပ်
ထားတာ။"
ဖန်းကျိကအနီးကပ်ကြည့်ဖို့ရန် ခန္ဓာကိုယ်ကို
ကိုင်းညွှတ်လိုက်သည့်အချိန်တွင် ၊ကြမ်းခင်း
ပေါ်မှာပြန့်ကျဲနေသည့် အဝတ်အစအနထဲမှ
တစ်ခုကရုတ်ချည်းလှုပ်ရှားလာပြီး လက်
တစ်ဖက်ထွက်လာခဲ့သည်။
"အား!!!!!"
ဘယ်သူမှရှေ့သို့မတိုးသွားတာကြောင့်ဖန်းကျိ
လိုမျိုး သည်းထိတ်ရင်ဖိုမြင်ကွင်း မတွေ့လိုက်
ရပေ၊ဖန်းကျိရဲ့အလန့်တကြားအော်သံကြောင့် အားလုံးတစ်ညီတညွတ်တည်းပင် အနောက်သို့
ဆုတ်သွားသည်။သို့သော်ဖန်းကျိကကြောက်
အားလန့်အားနှင့်တုန်ယင်ေနပြီး ကြမ်းပြင်ပေါ်သို့
ဖင်ထိုင်လျှက်ကျသွားကာသွေးရူးသွေးတန်း အော်ဟစ်လာသည်။
"ဖာ့ခ်....ဖာ့ခ်.. တကယ်...အစစ်နဲ့ တူတယ်။"
ကျန်ချန် မထိန်းနိုင်ပဲ ရယ်လိုက်၏။
ဖန်းကျိက သက်ပြင်းချလိုက်သည်။
"နောက်ထပ်သွားရမယ့် တံခါးပေါက်က
ဘယ်ဟာလဲ ?။"
"တံခါးကတစ်ခုတည်းရှိတာမဟုတ်ဘူးလား?။"
သူတို့ရှေ့မှာရှိနေသည့် တံခါးနှစ်ချပ်ကို
ကုဖေးက လှမ်းကြည့်နေ၏။
"ညာဘက်က တံခါးပေါက်က အရေးပေါ်
ထွက်ပေါက်ထင်တယ်။အဲ့တစ်ခုကနေသွား
ရင် အပြင်ပြန်ရောက်သွားလိမ့်မယ်။"
"အိုး။."
ဖန်းကျိသည်ကုဖေးအတိုင်းလိုက်ကြည့်လိုက်
လျှင်ညာဘက်တံခါးအောက်ခြေတွင် အလင်း
အနည်းငယ်မြင်နေရပြီး ၊တံခါးဘောင်တွင်
'အထွက်' ဆိုပြီး ရေးထား၏။
"ဒါဆိုဘယ်ဘက်ကိုဆက်သွားရအောင်။ "
လီရိချင်းကသူ့နောက်မှလိုက်သွားရင်းလက်
ကလည်းဖန်းကျိရဲ့အင်္ကျီ အနားကိုလုံးချေပြီးတင်းတင်းဆုပ်ကိုင် ထားသည်။
ထိုအခါ ဖန်းကျိက သူမကို လှည့်ကြည့်၏။
" နင်ကြောက်တာကြောက်လို့ရတယ် ။ငါ့ကို
အတင်း မဆွဲထားနဲ့။ ငါ့ ဘောင်းဘီကိုလည်း
ဆွဲချွတ်မိသွားအုံးမယ်။"
"အိုး။"
လီရိချင်းက တစ်စက္ကန့်မျှ ကြောင်အမ်းနေပြီး
မှ တခစ်ခစ်ရယ်မောလာသည်။
သူတို့အခန်းအပြင်သို့ရောက်သည့်အခါနောက်
ထပ်လျှောက်လမ်းကိုတွေ့ရသည်။ညာဘက်၌
အုတ်နံရံရှိပြီး၊ဘယ်ဘက်၌ အခန်းများအတန်း
လိုက်ရှိသည်။သူတို့ကအရှေ့သို့ ဆက်သွားလို့
မရတော့ပေ။ထိုအခန်းထဲမှ တစ်ခန်းကို ဝင်ပြီး
မှ အရှေ့သို့ ဆက်သွားနိုင်မှာဖြစ်သည်။
ကျန်ချန်သည် သူ့ရဲ့အလွန်အမင်း ကြွတ်ဆပ်
ေနတဲ့အာရုံကြောများတဖြည်းဖြည်းစတင်ငြိမ်
သက်လာကြောင်းခံစားရ၏။သည်းထိတ်ရင်ဖို
ရုပ်ရှင်ဇာတ်လမ်းတွဲတွင်အန္တရာယ် အများဆုံး
နေရာဖြစ်သည့်လူအုပ်ရဲ့အနောက်ဆုံးမှသူနှင့်
ကုဖေးကအတူလျှောက်နေသည်။ ကုဖေးအား
သူ ခိုးကြည့်လိုက်၏။
ထိုသူကသူ့ဘေးနားကနေအချိန်မရွေးပျောက်
ကွယ်သွားလိမ့်လို့ လုံးဝမခံစားမိပေ။
သူကြည့်နေတာမြင်သည့်အခါ ကုဖေးက
မေးလာ၏။
"ငါတို့နောက်မှာ တစ်ခုခုရှိနေတယ်လို့ ထင်လို့လား ?။"
ထိုအခါ အရှေ့ဆုံးမှလျှောက်နေသည့်
ဖန်းကျိကလှမ်းပြော၏။
"ချီးပဲ, ငါ့ကို မခြောက်နဲ့။"
"မင်းအနောက်မှာ လူခြောက်ယောက်
တောင်ရှိနေတာ။ "
ကျန်ချန် ပြောလိုက်တယ်။
"မင်းက ဘာကြောက်စရာ ရှိလို့လဲ ?။"
ဖန်းကျိက ပြန်ပြော၏။
"ဘယ်သူကသိနိုင်မှာလဲ ?။ မင်းလည်း သည်း
ထိတ်ရင်ဖိုဇာတ်လမ်းတွဲအများကြီး ကြည့်ဖူး
တာပဲ။အဲ့ထဲမှာအရှေ့ဆုံးက လူတစ်ယောက်
တည်းလျှောက်နေရင်းကနေအနောက်ကို ပြန်
လှည့်ကြည့်ရင်သူ့အနောက်မှာတစ်ယောက်မှ
မရှိတော့ပဲသူတစ်ယောက်တည်းပဲကျန်ခဲ့တာ
မဟုတ်ဘူးလား ?။"
"ဒါပေမယ့်, ဒီတစ္ဆေခြောက်တဲ့အိမ်က
လူတွေ ဆောက်ထားတာလေ။"
ဟူဖုန်းက သူ့ကို သတိပေးသည်။
" သရဲအဖြစ်သရုပ်ဆောင်နေတဲ့သူတွေရှိ
ရင်တောင်တစ်ယောက်ယောက်ကိုအတင်း
ဆွဲခေါ်သွားလို့မရဘူး။"
လီစုန်းကလည်းဝင်ပြော၏။
"ကျန်ချန်ရဲ့တိုက်ရည်ခိုက်ရည်နဲ့ တွေ့ရင်
သူတို့ သရဲအတုကနေအစစ်ဘဝကိုပြောင်း
သွားလိမ့်မယ်။"
အလွန့်အလွန် စိတ်လှုပ်ရှားပြီး ကြောက်လန့်နေ
သည့်အချိန်တွင် ၊လူတစ်ယောက်ရဲ့ ရယ်ချင်
စိတ်ကခလုတ်လေးတစ်ခုဖွင့်လိုက်သလိုလွယ်
ကူသည်။ စကားလေးတစ်ခွန်းလောက်အစပျိုးပေးလိုက်ယုံနှင့်ပင်လူအုပ်ကတဟားဟားရယ်ကြသည်။သူတို့က ပတ်ဝန်းကျင်ကို ကြောက်ကြောက်လန့်လန့်နှင့်ဝေ့ပြီးကြည့်နေသော်လည်း တစ်ချိန်တည်းမှာအူတက်အောင် ရယ်မောတာမရပ်တန့်နိုင်ပေ။
ကျန်ချန် သက်ပြင်းချပြီး ရေရွတ်လိုက်၏။
"အာ,အူကြောင်ကြားတွေပဲ။"
လူအုပ်ကတဟီးဟီးတဟားဟားရယ်ေနသော်
လည်းသူလိုက်ပြီးမရယ်မိပေ။အတိတ်မှာတုန်း
ကသူလည်းအရူးတွေလိုရယ်ခဲ့တာကိုသတိပြန်
ရသွားသည်။ သူတို့နှစ်ယောက်တစ်ဖက်တည်းဖြစ်ကြောင်းသက်သေပြဖို့ရန်ဘယ်အကြောင်း
အရာမဆို သူက အရူးသဖွယ်ဖန်းကျိနှင့် အတူရယ်မောခဲ့ကြသည်။
ကုဖေးနှင့်အတူရှိနေသည့် အချိန်သာလျှင် သူ
ထိုကဲ့သို့ရယ်ဖြစ်တော့သည်။ သူ နောက်လှည့်
ကာ ကုဖေးကို ကြည့်လိုက်၏။
ကုဖေးက သူ့ညာဘက်အနောက်နားမှာရပ်နေ
သည်။သူတို့ဝင်လာသည့်အခန်းအတွင်းမီးအ
လင်းရောင်ကအလင်းနှင့်အမှောင်ကြားကြက်
သွေးရောင်ကဲ့သို့အရောင်မှိန်မှိန်လင်းနေသည်
ပတ်ဝန်းကျင်သည် သွေးပျက်ဖွယ်ကောင်းပေ
မယ့်၊ကုဖေးကသူ့ကိုသွားစွယ်လေးပေါ်အောင်လှစ်ခနဲပြုံးပြလာတာတွေ့လိုက်ရသည်။
သူကဘယ်ရှုထောင့်ကကြည့်ကြည့်အမြဲတမ်း
ကိုကြည့်ကောင်းနေကြောင်း ကျန်ချန် တွေးမိ
သည်။
သောက်ရမ်း ရုပ်ဖြောင့်လွန်းတယ်..
သူ့အနောက်မှာရှိသည့်တံခါးပေါက်မှ တရွေ့
ရွေ့လာနေသည့်သွေးတစ်စက်စက်စီးကျနေ
သည့်သရဲထက်ပင် ပိုကြည့်ကောင်းလွန်း...
အိုး.....ဖာ့ခ်...
"အား.....Fuck...Fuckk...Fuck"
သူ့ပါးစပ်မှထိုအသံများထွက်ကျလာပြီးနောက်
သူအရူးလိုရယ်နေမည့်အစား ထိုသို့အော်လိုက်
တာပိုကောင်းသေးသည်တွေးမိလိုက်သေး၏။
သူ့အသံကရယ်သံများကိုထိုးဖောက်သွား၏။
သူ့စိတ်ထဲတွင် ထိုအရာကဆံပင်အတုကြီးမှန်း ရှင်းရှင်းလင်းလင်းသိနေသော်လည်း ထိုဆံပင်
အတုသည်သူ့ကိုသေလောက်အောင်ကြောက်
လန့်သွားစေ၏၊သူကြောက်လွန်းသောကြောင့်
သူ့နှလုံးသည်လည်ချောင်းကနေခုန်ထွက်သွား
ပြီး ကုဖေးဆီသို့ ခုန်ဝင်သွားတော့မယ်အတိုင်း
ခံစားလိုက်ရသည်။
ကုဖေးသည်အခန်းထဲသို့ဝင်လာကတည်းက
သူ့ကိုစနောက်နေသော်လည်း ၊သူ့အော်သံကို
ကြားသည့်အခါအနောက်ပြန်လှည့်မကြည့်ပဲ အော်ဟစ်လာသည်။ကျန်ချန်ကကုဖေးလက်
ကိုဆွဲကာအရှေ့သို့လှည့်ပြီးလူအုပ်ထဲသို့ ဒုန်း
စိုင်းပြေးသွားသည်။ ဆယ့်နှစ်ရှစ်လုံးလုံး သူ
စောင့်ထိန်းခဲ့သည့်အရှက်နှင့် သိက္ခာအားလုံး
ရေစုန်မြောသွားသကဲ့သို့ခံစားနေရသည်။
ကံကောင်းသည့်အချက်ကသူတို့ရှေ့မှာရှိနေ
သည့်လူတွေကသူတို့ထက် သိက္ခာမရှိကြပေ။
မိန်းကလေးနှစ်ယောက်သည် ကြမ်းခင်းပေါ်
မှာခွေခေါက်ပြီးလဲေနပြီး၊လီစုန်းနှင့်ဟူဖုန်းက
ညာဘက်ထောင့်သို့တချိုးတည်းပြေးသွားပြီး ၊အော်ဟစ်သံများလည်းဒယ်ဆီဘယ်နှစ်ဆ
ထက်ပင်ပိုကျယ်သည်။
အရှေ့ဆုံးမှာရှိသည့် ဖန်းကျိကအနောက်သို့
ပြန်လှည့်ကြည့်ပြီးနောက်တွင် သူ့မျက်လုံးက အဆမတန် ပြူးကျယ်လာ၏။သို့သော် သူက
အသံတစ်သံတောင်မထွက်နိုင်ပဲ အနောက်သို့
ယိုင်နဲ့စွာဆုတ်သွား၏။ကုဖေးနှင့်ကျန်ချန်ဆီ
မှထွက်ပြေးတာလား ။ဒါမှမဟုတ် ကျန်ချန်တို့အနောက်မှာရှိသည့်ဆံပင်အတုနှင့်သရဲဆီမှထွက်ပြေးနေတာလားမသဲကွဲပေ။
သရဲကအခန်းထဲသို့ဆက်ပြီးဝင်လာလိမ့်မည်
ဖြစ်ကြောင်းထင်ထားသော်လည်း၊၎င်းက အ
နောက်သို့ပြန်လှည့်သွားပြီး ၊ တံခါး ဘောင်နှင့်
ဝင်တိုက်နေ၏။ထို့နောက်သရဲကလက်နှစ်ဖက်
နှင့်ခေါင်းကိုဖိထားပြီးအဝေးသို့ပြေးသွားခဲ့သည်။အဖြစ်အပျက်အားလုံးစက္ကန့်ပိုင်းလေးမျှကြာလိုက်သည်။အခန်းသည်လူငယ်လေးများရဲ့အားကုန်အော်ဟစ်ထားသောကြောင့် မောဟိုက်နေသည့် အသက်ရှုသံနှင့် ဖုံးလွှမ်းသွားသည်။
ကျန်ချန်သည်တစ်ချက်တစ်ချက် အသက်
လုရှုရင်းဟောဟဲလိုက်နေ၏။ချောင်းတဟွတ်
ဟွတ်ဆိုးပြီးနောက်တွင် သက်ပြင်းချလိုက်၏။
"အာ..အဲ့..အဲဲ့ဒါက တကယ်လက်ရာမြောက်
တဲ့ တင်ဆက်မှုပဲ။"
ဖန်းကျိကမေးလာသည်။
"ဒီအိမ်ထဲမှာစောင့်ကြည့်ကင်မရာတွေတပ်
ထားမယ်လို့ထင်လား?။"
"တပ်ထားတယ်။ "
ကုဖေးက တံခါးဘာင်ရဲ့ထိပ်ဆုံး ကိုလက်
ညိုးထိုးပြ သည်။
" ငါတို့အခုလိုကြောက်လန့်ပြီးအလဲလဲအကွဲကဲွဲ
ဖြစ်တာအကြိမ်ရေများလာရင် ၊အစောင့်တွေက အထဲကိုဝင်ပြီးလာခေါ်ပေးတယ်။"
"ခဏလေး။ "
ဖန်းကျိက သူတို့ နှစ်ယောက်ကို လက်ညှိုးထိုး
ပြီး တဟားဟား ရယ်လာ၏။
"မင်းတို့နှစ်ယောက်မျက်လုံးဆက်ပိတ်ထား
သင့်တယ်။ငါ လုံးဝမထင်ထားခဲ့ဘူး။ သတ္တိ
အရှိဆုံးလို့ထင်တဲ့ နှစ်ယောက်က အရမ်း...."
ဖန်းကျိရဲ့အကြည့်ကအခုထိဆုပ်ကိုင်ထားဆဲ
ဖြစ်သည့်သူတို့လက်များဆီရွေ့လာ၏။ သူက
ခဏမျှတန့်သွားသည်။
" မင်းတို့နှစ်ယောက် ငါ့ဆီပြေးလာတုန်းက
ငါဖြင့် အသည်းတစ်ခုလုံးတောင်ပြုတ်ကျ
သွားတော့မလို့။"
ကျန်ချန် ရယ်ရုံသာရယ်လိုက်သည်။
ဖန်းကျိရဲ့အကြည့်က သူ့ကို အမှန်တကယ်
စိတ်သက်သာစေသည်။
သူကိုယ်တိုင်လည်း ခန့်မှန်းထား၏။
ဖန်းကျိကသူ့နာမည်အတိုင်းဉာဏ်ပြေးသည့်
ကောင်လေး ဖြစ်သည်။အဆုံးသတ်တွင် သူတို့
ခင်မင်ရင်းနှီးမှုက ကျောက်ခဲကျောက်စိုင်ထက်
ပင် ခိုင်မာနေပြီးသားဖြစ်သည့်အတွက်
ဖန်းကျိအတွက် အကြည့်တစ်ချက်နှင့် အရာ
အားလုံးပုံဖော်ကြည့်နိုင်သည်။
ကျန်ချန်သည်ဖန်းကျိကိုကြည့်လိုက်၏။သူက
ဖန်းကျိကို ထိုအကြောင်း မပြောပြသေးတာက
ဘယ်နေရာမှစပြောပြရမှန်းမသိတာကြောင့်ဖြစ်သည်။
ထို့နောက် သူကုဖေးကိုခိုးကြည့်လိုက်သည်။
ကုဖေးကသူ့ကိုခေါင်းစောင်းကာကြည့်လာပြီး အကြည့်ချင်းဆုံသည့်အခါ ကုဖေးရဲ့ နှုတ်ခမ်း အနားသတ်ထောင့်စွန်းများကသိသိသာသာပင်
ကွေးသွားခဲ့ပြီး သူ့ကိုပြုံးပြလာသည်။
ကျန်ချန်ရဲ့နှလုံးသားသည် ရုတ်ခြည်းပျော့
ပျောင်းသွားပြီးကုဖေးကိုဖက်ထားချင်လာ၏။
"ဆက်သွားရအောင်။"
ဖန်းကျိက ခေါင်းညိတ်ခေါ်လာသည်။
"ငါ့အနောက်ကကပ်ပြီးလိုက်ခဲ့။ မင်းတို့ ကြောက်တတ်ရင်တစ်ယောက်ရှပ်အင်္ကျီ
ကို တစ်ယောက် ကိုင်ထားလို့ရတယ်။"
ထို့နောက် သူကကျန်ချန်ကိုလှည့်ကြည့်လာပြီး ပြုံးစိစိနှင့်ဆက်ပြောသည်။
" လက်ကိုင်ထားချင်လည်းရတယ်။ တင်းတင်းလေးကိုင်ထား။"
"ချီးပဲ!"
ကျန်ချန် ရယ်လိုက်တယ်။ သူ ဖန်းကျိကို ပါးစပ်
လှုပ်ပြီး "ငကြောင် "လို့ အသံတိတ် ဆဲရေးလိုက်၏။
ဖန်းကျိကအသံတိတ် "မင်းတို့နှစ်ယောက်ကို
ပြောတာ" ဆိုပြီး ပါးစပ်လှုပ်လာသည်။
ကျန်ချန်သည်ကုဖေးရဲ့လက်ကိုဆုပ်ကိုင်ပြီး
ဖျစ်ညစ်လိုက်၏။ကုဖေးကလည်း အားနည်း
နည်းထည့်ပြီးသူ့လက်ကိုပြန်ဖျစ်ညစ်လာ၏။
ကျန်ချန် အားသုံးပြီးသော့ သူ့လက်ကို နောက်
တစ်ကြိမ် ဖျစ်ညှစ်လိုက်သည့်အခါ ကုဖေးက
သူအတိုင်းတုံ့ပြန်လာသည်။
သူတို့တံခါးအပြင်သို့မရောက်ခင်မှာသူ့လက်
ဆစ်များ တဗျစ်ဗျစ် တဖြောက်ဖြောက် မြည်
သံကို ကျန်ချန်ကြားလိုက်ရသည်။ သူ နောက်
လှည့်ကာ ကုဖေးကိုစိုက်ကြည့်လိုက်၏။
ကုဖေးက ချက်ချင်း သူ့လက်ကို လွှတ်ပေး
လာပြီး သူ့လက်ဆစ်များကိုတဗျစ်ဗျစ်တ
တောက်တောက်မြည်အောင်ချိုးနေသည်။
သူ့ပုံစံအားကြည့်ပြီး ကျန်ချန် ရယ်ချင်စိတ်
ကိုအတင်းချုပ်တည်းလိုက်သည်။ထို့နောက် တည်ကြည်လေးနက်သည့်မျက်နှာထားနှင့်
သူ့အဖော်များနောက်သို့လိုက်မှီအောင်လမ်း
ဆက်လျှောက်ခဲ့သည်။ဖန်းကျိကသူရဲ့အဘိုး
သည် ကုဖေးရဲ့ဘေးမှာဘယ်လောက်တောင်
ကလေးဆန်လဲဆိုတာသိခဲ့လျှင်၊
သူသည် သူတို့ရဲ့သူငယ်ချင်းသံယောဇဥ်ကို
ဖြတ်တောက်သွားလောက်ကြောင်း ကျန်ချန်
သံသဃဝင်မိသည်။
.........