SUPPORT SYSTEM FOR LIFE [SUNG...
By ji__aan
34.1K 4.2K 251
since we're kids Start : sep 21 2020 End : nov 20 2020 More
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15 ( I )
Chapter 15 (II)
Chapter 16
Chapter 17 ( Final )
New Year Special Extra ✧*。
2K 186 34
By ji__aan
Unicode
" ကင်မ်ဆောနူနဲ့ သူ့ဂျပန်‌လေး မပြန်ခင် ခရီးစုထွက်ရအောင် "
ကျောင်းကန်တင်းမှာ ‌ငါးယောက်စုထိုင်မိရင်း
ဂျောင်ဝန်းက စကားစလာသည် ။
ဟုတ်သားပဲ တစ်လပိုင်းလယ်‌ဆိုရင် ဆောနူကဂျပန်ပြန်တော့မှာလေ ။
နောက်တစ်နှစ်လောက်နေမှ
ကိုရီးယားကိုအပြီးပြန်လာမှာဆိုတော့ မှတ်မှတ်ရရတစ်ခု ‌သေချာချန်ထားသင့်တာပေါ့။
အကုန်လုံးကခေါင်းတငြိမ့်ငြိမ့်နဲ့သဘောတူနေကြသလို ဘေးကဂျယ်ယွန်းကလည်း သဘောတူနေတာအပြင် မျက်လုံးဝိုင်းလေးတွေနဲ့လာကြည့်နေတာကြောင့် ဒီလူက မနေနိုင် ။
" နောက်အပါတ် New Year နဲ့တိုက်ပြီးသွားကြရအောင် ဂျယ်ဂျူ ကမ်းခြေ သုံးညအိပ်ဆို ဘယ်လိုလည်း ! Oversea ကတော့ ပိုက်ဆံကုန်တယ် "
ဂျုံဆွန်းက အကြံပေးတာကဟုတ်ပါပြီ ။
သူဌေးပါးစပ်က ပိုက်ဆံကုန်တယ်ဆိုတာကတော့ထွက်စရာလားလေ ಥ‿ಥ
" Cool ! "
ဟီးဆွန်းဟျောင်းက ချက်ချင်းပဲ တုံ့ပြန်စကားဆိုတော့ ဂျုံဆွန်းတစ်ကောင်ဟာလည်းကျေနပ်လို့
ဆောနူရယ် သူ့ကောင်လေးရယ် ၊
ဆောင်းဟွန်းတို့သုံးယောက် ၊
ဂျယ်ယွန်းနဲ့ ဟီးဆွန်း တို့တွေ အချိန်တောင်သိပ်မယူလိုက်ရပဲ ရင်းနှီးနေကြပြီဖြစ်တာကြောင့် ခရီးတူတူထွက်လည်းနေရခက်စရာမရှိလောက်လို့တွေးမိတာနဲ့ ခေါင်းငြိမ့်လိုက်မိပါသည် ။
New Year နေ့က သေချာလကုန်ရက်ဆိုတော့
ဂျယ်ယွန်းနဲ့သူနဲ့တွဲတာ လေးလပြည့်တဲ့ရက် ! ။
ညနေဘက် ကျောင်းဆင်းလို့
ဆောင်းဟွန်းတစ်ယောက် အိမ်ပြန်ရောက်တာနဲ့
ခေါင်းကုတ်ပြီး ငုတ်တုတ်ထိုင်စဉ်းစားသည့်အလုပ်စလုပ်ရလေပြီ ။
တစ်ခုခု လက်ဆောင်ပေးချင်ပေမဲ့ ပစ္စည်းပစ္စယလက်ဆောင်ထက် အမှတ်တရတစ်ခုပေးချင်တာ။
" သီချင်းဆိုပြတာ ? "
" ဂီတာတီးပြီးဆိုမှပေါ့ ဒီတိုင်းဆို ဘယ်ကောင်းမလည်း ။ ဟျောင်း ဂီတာလည်းမတီးတတ်ဘူးမလား "
ဘယ်အချိန်ကတည်းကရောက်နေလည်းမသိတဲ့
Ni-ki လေးက ကုတင်ခြေရင်းမှာ ဖုန်းနဲ့အလုပ်ရှုပ်နေရင်း လှမ်းပြောလာသည် ။
အဲ့လိုပါပဲ အိမ်ကိုတံခါးမရှိဓားမရှိဝင်ထွက်နေကြတာ ။
" ဘယ်တုန်းကရောက်နေတာလည်း ဆောနူရော ?"
‌" ဟျောင်းရဲ့ရေချိုးခန်းထဲမှာ ။
အပြင်ထွက်တာ skin care လိမ်းဖို့မေ့လာလို့တဲ့
အဲ့တာဝင်လိမ်းနေတာ "
" ဒါနဲ့ Ni-ki ya ဟျောင်းလေ ‌ဂီတာတီးပြီးသီချင်းဆိုပြရင်တော့ အဆင်ပြေလောက်တယ်ပေါ့ "
" အင်း ! အသံကမဆိုးပါဘူး "
‌ကုတင်ပေါ်မှာထိုင်နေတဲ့ ကိုယ့်ကို ခေါင်းမော့ကြည့်ပြီး ရယ်ပြရင်းပြောလာသည် ။
" တော်လိုက်တာ Ni-ki က "
" ကင်မ်ဆောနူရွေးတဲ့သူပဲလေ အဲ့လောက်တော့တော်မှာပေါ့ ။ "
ရေချိုးခန်းထဲကနေ လက်နဲ့မျက်နှာကို အသာပုတ်နေရင်းထွက်လာတဲ့ ကင်မ်ဆောနူတစ်ယောက်ဟာ တကယ်လည်း သူ့တစ်ဝက်လောက်မှမတော်ရင် ကြိုက်မယ့်သဘောမရှိ ။
" ဪ အေး တစ်ယောက်တည်းရှိလိုက်တာနဲ့
ငါ့ကိုတုပ်ပြီ "
ပြောလိုက်တော့ အဲ့အတွဲက ရယ်ကြသည် ။
" ဒါနဲ့ ‌ဟွန်းနီ မင်း ဂီတာလည်းမတီးတတ်ပဲနဲ့ "
" သင်လိုက်ရင်ရတာပဲ ။ ဆိုပြမယ့်တစ်ပုဒ်ပဲအရင်သင်လိုက်မယ်လေ "
" ကျွန်တော်သင်ပေးရမလား
ဆောင်းဟွန်းဟျောင်း "
" တီးတတ်တာလား "
တီးတတ်လားဆိုတော့ ခေါင်းငြိမ့်ပြသည် ။
အဲ့အသေးလေး တကယ်တော်တာပဲ ။
အဲ့လိုနဲ့ အငယ်ဆုံးလေးဆီကနေ ဂီတာတီးသင်ဖို့အကြောင်းဖန်လာပါတော့သည် ။
~||~
တစ်ပါတ်ကြာပြီးနောက်
ဂျယ်ဂျူသွားရမည့်နေ့ ~
ကားဂိတ်ကိုမသွားခင် စာရွက်ကြီးတစ်ကိုင်ကိုင်နဲ့
အိမ်ရှေ့အိမ်နောက်ပတ်လျှောက်နေတဲ့
ပတ်ဆောင်းဟွန်းကို အိမ်က ဖေဖေရယ် မေမေရယ် ညီမတော်ရယ်ပင် မျက်စိစပါးမွှေးစူးနေကြလောက်ပြီ ။
" English အသံထွက်လည်းမကောင်းပဲနဲ့ ဘာလို့ သီချင်းကိုအသည်းအသန်ကျက်နေတာလည်း "
ကျောကိုတစ်ချက် ဖြန်းကနဲအရိုက်ခံလိုက်ရတာကြောင့် လက်ဝါးပိုင်ရှင် အငယ်မကို မျက်မှောင်ကြုံ့ပြီးတစ်ချက်ရှိုးလိုက်သည် ။
" ဘိုသံမကောင်းရင်နေ ငါ့အသံကောင်းရင်ရပြီ "
အိမ်ကညီမကိုပိတ်ဟောက်ပြီးနောက် အထုပ်တွေဆွဲကာ ကားဂိတ်သို့ ချီတက်ခဲ့ပါတော့သည် ။
ကားဂိတ်ရောက်တာနဲ့ ကင်မ်ဆောနူကိုအရင်လှမ်းတွေ့ရသည် ။
" Ya ! မင်းသီချင်းရပြီလား ဂီတာရော ? "
" ပါတယ် ။ သီချင်းက ရပါပြီ "
" နည်းနည်းဆိုပြကြည့် "
" ~~~~~"
" အသံကကောင်းတယ် ။
အသံထွက်က မပီဘူး ဟေ့ကောင်ရေ "
" ငါ့ကိုဘာလို့ အသံထွက်မပီဘူးပဲပြောနေကြတာလည်းလို့ !!"
" ဘာကအသံထွက်မပီတာလည်း "
စိတ်ကတိုတိုနဲ့ ခြေဆောင့်ပြီးပြောနေတုန်း
နောက်ကနေထွက်လာတဲ့အသံကြောင့် လူက
ရွှေအသည်းတော်ကငယ်ငယ်နဲ့ ရင်ဘတ်ကိုအမြန်ဖိထားလိုက်ရပါသည် ။
မောင့်မူပိုင်ရှင်လေးဟာဖြင့် လူကိုအလန့်တကြားဖြစ်အောင်လုပ်လိုက်ရမှ ။
" လန့်လိုက်တာ အချစ်ရဲ့ "
မိုးပြာရောင်ရှပ်နဲ့ ဘောင်းဘီဒူးတိုအမဲဝတ်ထားတာကြောင့် beach vibes က ဂျယ်ယွန်းဆီမှာအပြည့် ။
မပြည့်လည်း ကိုယ့်မျက်လုံးထဲမှာပြည့်ရင်
ပြီးရောပေါ့နော်
" ဘာမဟုတ်တာပြောနေလို့ အဲ့လောက်လန့်နေတာလည်း "
" ဟမ် ... ဘာမှမဟုတ်ပါဘူး "
ဂျယ်ယွန်းက မျက်မှောင်ကြုံ့ကြည့်ကာ
တစ်ဖက်ပြန်လှည့်သွားပြီး အထုပ်အပိုးတွေနဲ့ရောက်လာတဲ့ ဂျုံးဆောင်းရယ် ဂျောင်ဝန်းတို့အတွဲရယ်ကို လှမ်းနှုတ်ဆက်နေသည် ။
ဆောနူရဲ့ အသေးလေးကတော့ ကားပေါ်တက်နှင့်ပြီးအိပ်ပင်ပျော်နေလေပြီ ။
ပတ်ဆောင်းဟွန်းရေ ဒီနေ့တော့ အထူးနေ့မို့ ပေါက်ကရတွေမလုပ်လိုက်ပါနဲ့ လို့ ကိုယ့်ကိုယ်ကိုသတိပေးရင်းသာ ကားပေါ်တက်လာခဲ့တော့သည် ။
~||~
" ဆောင်းဟွန်း မင်းဘာဖြစ်နေတာလည်း ဂနာကိုမငြိမ်ဘူး မနက်ကတည်းက "
ဟိုတယ်အခန်းထဲမှာအထုတ်တွေချနေရင်း
မျက်လုံးကြီးပြူးထုတ်လိုက် သက်ပြင်းချလိုက်
ရေလည်းမချိုးပဲ ရေချိုးခန်းထဲ ခဏတိုင်းဝင်သွားလိုက် လုပ်နေတဲ့
ဆောင်းဟွန်းကိုလှမ်းမေးမိသည် ။
လေးလပြည့်တဲ့နေ့ကိုပါမေ့ရလောက်အောင် ဘာတွေဂနာမငြိမ်နေလည်း သိချင်ပါသေးသည်။
" ဘာမှမဖြစ်ပါဘူး wae ? "
ရေချိုးခန်းထဲကနေထွက်လာတာ ဆံပင်တွေစိုနေပုံအရတော့ ဒီတစ်ခါတကယ်ရေချိုးလာတာဖြစ်မည် ။
" မဖြစ်ရင် ပြီးတာပဲ ငါ ဟီးဆွန်းဟျောင်းဆီခဏသွားအုံးမယ် "
ဟီးဆွန်းဟျောင်းတို့အတွဲကတစ်ခန်း
ဆောနူတို့အတွဲကတစ်ခန်း သူတို့အတွဲတစ်ခန်း
ဂျုံဆွန်းကတစ်ခန်း နဲ့ လေးခန်းတွဲငှားထားရသည် ။ ဘန်ဂလိုငှားမလို့ပေမယ့် အလွတ်မရှိတော့တာကြောင့် တစ်ခန်းစီငှားလိုက်ရတာက
ပိုက်ဆံနည်းနည်းပိုကုန်တာပါပဲ ။
ပတ်ဆောင်းဟွန်းက တကယ်ပဲမေ့နေတာတော့မဟုတ်ပါဘူးနော် ။ စိတ်မကြည်တော့တာနဲ့
ဟီးဆွန်းဟျောင်းကိုအကြောင်းပြကာ ကမ်းခြေဘက်ထွက်လာခဲ့သည် ။
လမ်းလျှောက်ပြီး အခန်းကိုပြန်လာတော့
ဆောင်းဟွန်းတစ်ယောက် ကုတင်အောက်ကို တစ်ခုခု ထည့်လိုက်တာ ဖြတ်ကနဲ မြင်လိုက်ပါရဲ့
အဲ့ကောင် တကယ်ပဲ ဘာမဟုတ်တာတွေလုပ်နေပါလိမ့်
ညနေစောင်းတဲ့အချိန် အကုန်စုပြီး လာခေါ်တာနဲ့ ရေကစားဖို့ထွက်လာမိသည် ။
ပင်လယ်ရေနဲ့ဝေးနေတာကြာပြီဖြစ်တာကြောင့်
‌အတော်ပျော်ပါသည် ။ နည်းနည်းစိတ်မကြည်ဖြစ်နေတာတောင် အကုန်ယူသွားပေးသလို ။
အတွဲတွေက အသီးသီးကြည်နူးနေတဲ့အချိန်
ကိုယ်ကတော့ ဆောင်းဟွန်းကိုသိသိသာသာရှောင်နေမိသည် ။
စိတ်ကောက်တာလား ? အဲ့လိုတော့မခေါ်ချင်ပါဘူး ဒါပေမဲ့ ဟုတ်တယ် စိတ်ကောက်နေတာ
ဂျုံဆွန်းက ဘာဖြစ်နေလည်း ရန်ဖြစ်ထားတာလား ဘာညာ လာမေးတော့ကျတော့ ဘာမှမဖြစ်ပါဘူး အဆင်ပြေပါတယ်ပဲ ပြောမိပြန်ရော
" ဂျယ်ယွန်းဟျောင်း ညဘက် မီးပုံပွဲလုပ်ကြမယ်နော် လာမယ်မလား "
Ni-ki လေးက ညဘက် မီးပုံပွဲဆိုလားပဲ လာခေါ်တော့ အသာခေါင်းငြိမ့်လိုက်သည် ။
ရှင်းမ်ဂျယ်ယွန်း ဂျယ်ဂျူရောက်တုန်းလေးပျော်စမ်းပါ !! ပေါက်ကရတွေတွေးမနေစမ်းနဲ့
ဆောင်းဟွန်းက အဲ့လိုမကောင်းတဲ့သူမဟုတ်ပါဘူး ။
ညဘက် မှောင်မဲနေတဲ့အချိန် သဲပြင်ပေါ်မှာ မီးပုံကြီးကတစ်ဟုန်းဟုန်း
ဆောင်းဟွန်းဘေးမှာမထိုင်ပဲ နေနေတာတောင် ဟိုက ဘာမှမပြော ။
တကယ်ပဲ ဘယ်လိုကောင်လည်းဟ !
ထိုင်နေရင်းမှာပဲ ဟီးဆွန်းဟျောင်းက ခုနကအခန်းမှာရှိနေတုန်း ဂျောင်ဝန်းကို လေးလပြည့်တာ ဘယ်လို surprise တိုက်လိုက်တယ် ဘာညာတွေပါပြောနေကြတော့ ဒီလူကငိုချင်လာသလို
" ဆောင်းဟွန်းဟျောင်း !"
ဘေးမှာထိုင်နေတဲ့ နီကီက ဆောင်းဟွန်းကိုလှမ်းခေါ်တော့ ကိုယ်ကလည်းတစ်ချက်လှည့်ကြည့်မိသွားပြန်သည် ။
ဘယ်ကတည်းက ယူလာမှန်းမသိလိုက်သော
ဂီတာကြီးကို ဂျုံဆွန်းဆီကနေ လှမ်းယူတော့
Wait ! သူဂီတာမတီးတတ်ဘူးလေ ။
(A/n: James Arthur - Say You Won't Let Go
နားထောင်ရင်းဖတ်ဖို့အကြံပေးချင်ပါတယ် )
" ဂျယ်ယွန်း တောင်းပန်ပါတယ် ။ ဒီနေ့ ငါ့ကိုအများကြီးစိတ်ကောက်နေတယ်မလား "
မီးရောင်ကြောင့် ဝင်းနေတဲ့အကြည့်လှလှတွေနဲ့ ကိုယ့်ကို တည့်တည်းကြည့်လာပြီး ပြောသည် ။
* အင်း ! စိတ်ကောက်တာပေါ့ *
အဲ့လိုတော့ ပါးစပ်ကပြောမထွက်ပေ ။
ဒီတိုင်းငုတ်တုတ်ထိုင်နေပြီး သူ့ကိုပဲတောင့်တောင့်ကြီးကြည့်နေမိသည် ။
လက်ချောင်းသွယ်သွယ်တွေက ဂီတာကြိုးတစ်ချောင်းချင်းစီပေါ်မှာ စတင်လှုပ်ရှားတာနဲ့ အာရုံလိုက်စိုက်မိသည် ။
သတိထားမိတဲ့အခုချိန်ကျမှ plasta တွေကပ်ထားတာပဲ ။ ရှေ့တစ်ပါတ်လုံး ကျူရှင်ရှိလို့ညနေဘက် မဒိတ်အားဘူးဆိုတာ ဂီတာတီးသင်နေတာပေါ့ ?
I met you in the dark You lit me up
You made me feel as though I was enough
We danced the night away, we drank too much
I held your hair back when
You were throwing up
ဆောင်းဟွန်းရဲ့အသံချိုချိုက
သီချင်းနဲ့အတော်လေးလိုက်ဖက်သလို ဂီတာတီးနေရင်း လူကိုလာလာကြည့်တဲ့အကြည့်တွေကလည်း အရမ်းနွေးထွေးသည် ။
ဒါမျိုးဆို လွယ်လွယ်နဲ့ မျက်ရည်တွေကဝိုင်းတက်လာရောပဲ ။
I knew I loved you then
But you'd never know
'Cause I played it cool when I was scared of letting go
I know I needed you
But I never showed
But I wanna stay with you until we're grey and old
Just say you won't let go
Just say you won't let go
" လေးလကနေ လေးနှစ် နှစ်လေးဆယ်ထက်အများကြီးပိုတဲ့အထိ ငါ့ဘေးမှာပဲရှိပေးပါနော်
ဂျယ်ယွန်း "
ငိုမဲ့မဲ့ဖြစ်နေတဲ့ ဂျယ်ယွန်းမှာလည်း အခုမှပဲ ငိုချနိုင်တော့သည် ။
" လူဆိုးကောင် ပတ်‌ဆောင်းဟွန်း
မင်းလည်းငါ့ဆီကထွက်ပြေးဖို့မကြံနဲ့ "
အသံတွေတုန်နေတဲ့ကြားက ဂျယ်ယွန်းဆီကထွက်လာတဲ့တစ်ခွန်းကြောင့် အကုန်လုံး အော်ရယ်ကြတော့သည် ။ ဆောင်းဟွန်းလည်း ဗိုက်နှိပ်ပြီးရယ်နေသလို ဂျယ်ယွန်းလည်း မျက်ရည်တွေကျနေရင်းပဲ သွားတွေအတန်းလိုက်ပေါ်အောင် ရယ်နေပါသေးသည် ။
နှစ်သစ်ကူးချိန်မှာလည်း Happy New Year လို့မအော်ပဲ
နှစ်သစ်မှာအများကြီးပိုချစ်ပေးပါမယ်လို့ အချင်းချင်းကတိပြုစကားသာ ဆိုခဲ့ကြပါသည် ။
~|SUPPORT SYSTEM FOR LIFE |~
surprise ကွ 🤣💕
Happy New Year guys 🎉
___________________________________________
Zawgyi
" Cool ! "
" သီချင်းဆိုပြတာ ? "
အဲ့တာဝင်လိမ်းနေတာ "
" အင်း ! အသံကမဆိုးပါဘူး "
" တော်လိုက်တာ Ni-ki က "
ငါ့ကိုတုပ်ပြီ "
ဆောင်းဟွန်းဟျောင်း "
" တီးတတ်တာလား "
~||~
တစ်ပါတ်ကြာပြီးနောက်
ဂျယ်ဂျူသွားရမည့်နေ့ ~
" ပါတယ် ။ သီချင်းက ရပါပြီ "
" နည်းနည်းဆိုပြကြည့် "
" ~~~~~"
" အသံကကောင်းတယ် ။
" ဘာကအသံထွက်မပီတာလည်း "
" လန့်လိုက်တာ အချစ်ရဲ့ "
ပြီးရောပေါ့နော်
" ဟမ် ... ဘာမှမဟုတ်ပါဘူး "
~||~
" ဘာမှမဖြစ်ပါဘူး wae ? "
" ဆောင်းဟွန်းဟျောင်း !"
* အင်း ! စိတ်ကောက်တာပေါ့ *
You were throwing up ♪
I knew I loved you then
But you'd never know
I know I needed you
But I never showed
Just say you won't let go
Just say you won't let go ♪
ဂျယ်ယွန်း "
surprise ကွ 🤣💕
Happy New Year guys 🎉
___________________________________________
Continue Reading
You'll Also Like
1K 118 8
ကျွန်တော့် မွေးနေ့တိုင်း လူတစ်ယောက်ဆီက ပန်းလေးတွေ လက်ဆောင်ရခဲ့တယ် . . . ။ အဲ့ပန်းလေးရဲ့နာမည်က " Sweet...
10.3K 1.3K 8
성젴 short story Genre - Crime , action , angst Protagonists preview - Detective + Young Criminal Arranged by Dalgona_Noo Start : May 5, 2022 End :...
7.7K 839 13
အရင်ဘဝမှာတော့ မင်းနဲ့ကိုယ်ဟာ ပေါင်းစည်းဖို့ မဖြစ်နိုင်တဲ့ကိစ္စတစ်ခုကြောင့် ဝေးကွာခဲ့ရပေမယ့် ဒီဘဝမှာတော့ ဘယ်လိုအကြောင်းပဲရှိရှိ ဘယ်လိုကံကြမ္မာတွေပဲ ဖန...
18.2K 954 6
(ON HOLD) " My my, if he keeps that long enough. The Imperial family is going to become the laughing stock. That would be embarassing isn't it? " He...