သူမှလွဲ၍" Except Him " (BL-OC...

By KhinThida0

1.2M 90.1K 2.5K

ကိုယ့်အမှားတွေကြောင့် သက်ငယ်လေး နာကျင်ခဲ့ရသမျှ အခုအချိန်မှစပြီး ပစ္စုပ္ပန်မှာရော အနာဂတ်မှာပါ ပျော်ရွှင်တဲ့မိသ... More

Ep. 1
Ep.2
ep.3
ep.4
Ep.5
Ep.6
Ep.7
Ep.8
Ep.9
Ep.10
Ep.11
Ep.12
Ep.13
Ep.14
Ep.15
Ep.16
Ep.17
Ep.18
Ep.19
Ep.20
Ep.21
Ep.22
Ep.23.1
Ep23.2
Ep.24
Ep.25
Ep.26
Ep.27
Ep.28
Ep.29-1
Ep.29-2
Ep.30
Ep.31
Ep.32
Ep.33
Ep.34
Ep.35
Ep.36
Ep.37
Ep.38
Ep.39
Ep.40
Ep.41
Ep.43
Ep.44(Final)
Marriage Life. 1
Marriage Life. 2
Marriage Life. 3(Zawgyi )
Marriage Life.3(Unicode)
Marriage Life.4
Marriage Life. 5
Marriage Life.6
Marriage Life.7
Marriage Life.8
သီတင်းကျွတ်Extra
Final Extra
GAလေးပါ
Extra
Extra for Chuu

Ep.42

15.6K 1.2K 59
By KhinThida0

Unicode

Ep.42

"မဖြစ်နိုင်တာ။ဒယ်ဒီက လာနောက်နေတာလား "

ဂျေးမီမှာ မယုံနိုင်စွာဖြင့် ဒယ်ဒီကို အော်လိုက်မိသည်။

ရှင်မင်းသက်သည်လည်း မယုံနိုင်ဖြစ်နေတုန်းပင်။
ဆေးရုံကုတင်ပေါ်  မှီထိုင်နေသည့် သက်ကြီးပိုင်းလူကြီးက သူ့အဖေဖြစ်ပြီး သူ သိပ်အမြင်မကြည်ခဲ့သည့် အစ်မကြီးဂျေးမီက သူ့အမွှာတဲ့လေ။မဖြစ်နိုင်တာတွေ မဟုတ်ပါလား။

"နင်ရော ယုံလား ဒါက အဖြစ်မှန်ဆိုတာ"

စိတ်ကူးကမ္ဘာထဲရောက်နေသည့် ရှင်မင်းသက်သည် အစ်မကြီးဂျေးမီ၏ စကားကြောင့် သတိဝင်လာကာ  ခေါင်းခါပြလိုက်သည်။

"ဟူး...ဒါက ယုံဖို့ခက်တယ်ဆိုပေမဲ့ အဖြစ်မှန်ပဲ။"

ဝီလဆင်သည် မြန်မာပြည်တွင် စီးပွားရေး သွားရောက်လုပ်ကိုင်ရင်းနှင့် ခလေးတွေရဲ့ အမေကို တွေ့ခဲ့တာဖြစ်သည်။ထိုအချိန်တွင် သူ(မ)သည် သူ၏ စကားပြန်ဖြစ်သည်။

အချိန်တွေကြာလာသည်နှင့် ဝီလဆင်သည် သူ(မ)ကို တဖြည်းဖြည်း ချစ်မိလာတော့သည်။အချိန်ကြာမှ ချစ်မိသည်ထက် မြင်မြင်ချင်း ချစ်မိခဲ့တာလို့ ပြောရင် ပိုမှန်မည်ထင်။

သူ(မ)တွင် ချစ်ရသူရှိမှန်း သိသော်လည်း သူ(မ)ကို ချစ်ရေးဆိုခဲ့သည်။ရလဒ်သည် တွေးထင်ထားခဲ့သည့်အတိုင်း သူ(မ)က ငြင်းဆိုခဲ့သည်။အငြင်းခံရသည်အထိ အဆင်ပြေခဲ့သော်ငြား သူ(မ)သည် သူ့ကို ရှောင်ဖို့အတွက်နှင့် အလုပ်ပါထွက်သွားခဲ့သည်။ထို့ကြောင့် ဝီလဆင်သည် သူမကို အတင်းအကြပ်ခိုးပြေးခဲ့သည်။

ထိုသို့နှင့် အတူနေကြတာ နှစ်နှစ်လောက် ကြာသည့်အခါ ဝီလဆင်၏ အတင်းအကြပ်လုပ်ဆောင်မှုကြောင့် သူ(မ)တွင် ကိုယ်ဝန်ရှိလာတော့သည်။

သူမတွင် ကိုယ်ဝန်ရှိကြောင်း သိလိုက်ရချိန်တွင် ဝီလဆင်ဆိုသည့်သူသည် ကမ္ဘာပေါ်တွင် အပျော်ဆုံးလူသားဟုပင် တွေးထင်ခဲ့သည်။ထို့အတူ သူ(မ)လည်း သူ့နည်းတူ ပျော်ရွှင်နေလိမ့်မည်ဟု ယုံကြည်ခဲ့သည်။သူ(မ)နှင့် အတူနေလာကြသည့်တစ်လျောက်လုံး သူ(မ)သည်  ဝီလဆင်ကို မချစ်သော်ငြား အိမ်ရှင်မကောင်းတစ်ယောက် ပီသခဲ့သည်လေ။

ခလေးမွေးလာသည့်အခါ ခလေးသည် တစ်ယောက်တည်းမဟုတ်ဘဲ ယောကျာ်းလေးတစ်ယောက်နှင့် မိန်းခလေးတစ်ယောက် မွေးဖွားခဲ့သည်။ခလေးနှစ်ယောက်လုံးသည် အမြွှာဖြစ်သော်ငြား မွေးကတည်းက ဆံပင်အရောင်လည်း မတူကြသလို ရုပ်ရည်လည်း မတူကြပေ။

သူ(မ)နှင့်အတူ သက်ဆုံးတိုင် ပေါင်းဖက်ဖြစ်ကြမည်ဟု စိတ်ကူးယဉ်ခဲ့သော်လည်း ခလေးတွေ ၆လသားအရွယ်ရောက်သည်နှင့် ကွာရှင်းခဲ့ကြသည်။
ကွာရှင်းခဲ့ကြသည်မှာလည်း သူ(မ)ကို မချစ်တော့တာမဟုတ်ဘဲ မပျော်မရွင်ဖြစ်နေသည့် သူ(မ)ကြောင့် လက်လွှတ်လိုက်ခြင်းဖြစ်သည်။
ကိုယ့်အနား မနေချင်သူကို ဆွဲထားရသည်မှာ အရမ်းပင်ပန်းနာကျင်ရသည်လေ။ညညတွေမှာ သူ(မ)သည် ရည်စားဟောင်း၏ ဓာတ်ပုံကိုကြည့်ကာ ကြိတ်ငိုနေတတ်သည်။ထို့အပြင် အဓိက အရေးကြီးဆုံးအချက်မှာ သူ(မ)သည် သူ့ကြောင့် မပျော်မရွှင်ဖြစ်နေသည်။ထိုအချင်းအရာက သူ့ကို ပို၍ နာကျင်စေသည်။ထို့ကြောင့် ဆွဲမထားချင်တော့။

သူ(မ)က မာန အရမ်းကြီးသည်။ကွာရှင်းကြသည့်အခါ သူမအတွက် ငွေအချို့နှင့် အမွေအချို့ လွှဲပေးခဲ့သော်လည်း သူ(မ)က လက်မခံခဲ့ပေ။

ခလေးနှစ်ယောက်လုံးကို သူနှင့်အတူ ခေါ်သွားမည်ဟု ပြင်ဆင်ထားခဲ့သော်ငြား သူ(မ)က သားယောကျာ်းလေးကို ခေါ်ထားလိုက်သည်ကြောင့် သူသည် သူ(မ)နှင့်တူသည့် သမီးမိန်းခလေးကိုသာ ခေါ်လာခဲ့ရသည်။

အမေရိကကို ပြန်သည့်နေ့မှာတောင် သူ(မ)နှင့် သူ(မ)ငယ်ချစ်ဟောင်းက သူ့ကို အိမ်အရှေ့ထိ လိုက်ပို့ပေးခဲ့သေးသည်။ထို့ကြောင့် သူ(မ)ချစ်ရသူနှင့် သူ(မ)က ပျော်ပျော်ရွှင်ရွှင် ရှိနေခဲ့လိမ့်မည်ဟု တွေးထင်ခဲ့သည်။ထိုသို့ ထင်ခဲ့သောကြောင့် သူ(မ)တို့ သားအမိနှစ်ယောက်အကြောင်းကို ဆက်ပြီး မစုံစမ်းတော့ပေ။မေ့နိုင်ရန် အလို့ငှါပေါ့။

သို့သော် နှလုံးရောဂါကြောင့် ခွဲစိတ်ကုသမှုလုပ်ရမည်ဟု သိလိုက်ရသည့်အခါ ခွဲစိတ်မှုမလုပ်ခင် သားငယ်ကို တွေ့ချင်လာသည်။ခွဲစိတ်နေတုန်းမှာ မှားယွင်းမှုတစ်ခုခု မဖြစ်နိုင်ဘူးဟု မည်သူမျှ အာမ မခံနိုင်ဘူး မဟုတ်ပါလား။ထို့ကြောင့် သူ(မ)တို့သားအမိနှစ်ယောက်အကြောင်းကို စုံစမ်းခဲ့သည်။

သို့သော် သူ(မ)က လူ့လောကထဲ မရှိတော့ကြောင်းကို သိလိုက်ရပြီး သားငယ်အကြောင်းကိုတော့ စုံစမ်းလို့မရခဲ့ပေ။ထိုအချိန်မှာပင် သူ့ သမီးက ဘာကြောင့် မခွဲစိတ်သေးတာလဲဆိုပြီး သောင်းကျန်းလာတာကြောင့် သူ(မ)လေးကို မြန်မာနိုင်ငံသို့လွှတ်ကာ ဘာအကြောင်းမှ မရှင်းပြခဲ့ဘဲ ဓာတ်ပုံတစ်ပုံပြကာ ရှာပုံတော်ဖွင့်ခိုင်းလိုက်ခြင်းဖြစ်သည်။

"အကြောင်းစုံကဒါပါပဲ။သားတို့ သမီးတို့ စိတ်ထဲမှာ လက်မခံနိုင်သေးဘူးဆိုတာ ဒယ်ဒီ သိပေမဲ့ ဒါက အမှန်တရားပါပဲ "

ဝီလဆင်သည် ခလေးနှစ်ယောက်ကိုကြည့်ရင်း ကျေနပ်စွာပြုံးလိုက်သည်။

"ကျွန်တော်တို့ DNA စစ်ကြည့်သင့်တယ်လို့ မထင်ဘူးလား။ကျွန်တော်တို့က အခုမှ တွေ့ကြတာလေ။ခင်ဗျား လူမှားမှာ မကြောက်ဘူးလား။ကျွန်တော်က ခင်ဗျားရှာနေတဲ့ ခလေးမဟုတ်ဘဲ လူမှားနေမှာ မကြောက်ဘူးလား..."

ယခုအချိန်မှာတော့ လူကြီးတစ်ယောက်ကို ခင်ဗျားလို့တပ်ပြီး မခေါ်သင့်မှန်းကို ရှင်မင်းသက်မသိတော့။သူသိတာက သူ အရမ်းကို စိတ်လှုပ်ရှားနေသည်။

"လူမမှားပါဘူး။သားက သားတို့အမေနဲ့ သိပ်ကိုတူတာလေ။မတူတာဆိုလို့ မျက်ဝန်းအပြာနဲ့ ရွှေအိုရောင်ဆံနွယ်လေးတွေပဲရှိတာ"

ထိုစဉ်

"အဲ့တာဆို အဲ့တာဆိုရင် သမီးက...သမီးကို အမေက သမီးကို မလိုချင်ခဲ့ဘူးလား...."

တုန်ရီနေသည့်အသံဖြင့် ဂျေးမီက မေးခွန်းထုတ်လာသည်။

သမီးဖြစ်သူ၏အမေးကြောင့် ဝီလဆင် ပြုံးလိုက်သည်။

"ဘယ်ဟုတ်ပါ့မလဲ။ဒယ်ဒီက သမီးကို အတင်းခေါ်လာတာလေ။သမီးတို့ရဲ့ မေမေက ဘယ်တစ်ယောက်ကိုမှ ဒယ်ဒီ့ဆီ ပေးချင်ခဲ့တာမဟုတ်ဘူး။ဒယ်ဒီကသာ သမီးတို့ အမေလိုမျိုး အနက်ရောင်မျက်လုံးလေးတွေရော အနက်ရောင်ဆံနွယ်လေးတွေရှိတဲ့ သမီးလေးကို အတင်းခေါ်ခဲ့တာ..."

"အဲ့တာကြောင့်လား။အဲတာကြောင့် ဆံပင်ဆေးဆိုးတုန်းက အရမ်းစိတ်ဆိုးခဲ့တာလား"

ဂျေးမီသည် မေးခွန်းထုတ်နေသလား၊ကိုယ့်ကိုယ်ကိုယ် ပြောနေသလားပင် မကွဲပြားစွာ ပြောလာသည်။

"ဒယ်ဒီက သားတို့သမီးတို့ကို တောင်းပန်ပါတယ်။ဒယ်ဒီကြောင့်......"

"မေမေက ကျွန်တော်သိတတ်စအရွယ်ကတည်းက တစ်ယောက်ထဲပဲ။ကျွန်တော့်ကို လောကကြီးထဲမှာ တစ်ယောက်ထဲ ထားသွားခဲ့တဲ့အချိန်ထိ အမြဲတစ်ယောက်ထဲပဲလို့"

လူကြီးတစ်ယောက် စကားပြောနေလျှင် စကားဖြတ်မပြောသင့်ကြောင်းကို ရှင်မင်းသက်သိသော်လည်း  ဖြတ်ပြောလိုက်မိသည်။ထို့နောက် ရှင်မင်းသက်သည် သူ့အဖေဆိုသူ၏ မျက်နှာကို တည့်တည့်ကြည့် စိုက်ကြည့်လိုက်သည်။

"ဘာလို့လဲ။ဘာလို့မရှာခဲ့တာလဲ။
အမေနဲ့ကျွန်တော် ဘယ်လောက်တောင် ခက်ခဲခဲ့လဲဆိုတာ သိရဲ့လား။ဘာလို့ တစ်ခေါက်လေးတောင် မရှာခဲ့ဘဲ ဘယ်လိုစိတ်နဲ့ နေနိုင်တာလဲ။ကျွန်တော့်အမေကို ချစ်တယ်ဆိုတာရော ဟုတ်ရဲ့လား။ကျွန်တော်တို့ကို မေ့နေခဲ့တာ မဟုတ်ဘူးလား။တကယ်ဘဲ....."

"ဒယ်ဒီ.. ဒယ်ဒီ သတိထားအုံးလေ။
တော်တော့ ဆက်မပြောနဲ့တော့။နင်တို့ပဲ ခက်ခဲခဲ့တာမဟုတ်ဘူး...."

ရှင်မင်းသက်သည် ယခုအချိန်ထိ ခံစားချက်ကို မထိန်းချုပ်နိုင်သေးသောကြောင့် အစ်မကြီးဂျေးမီ၏ စကားကို ဂရုမစိုက်ဘဲ ဆက်ပြောလေသည်။

"ခင်ဗျားကြီးသိရဲ့လား။အမေမရှိတော့တဲ့ တစ်ကောင်ကြွက်ဘဝဖြစ်ခဲ့တဲ့ ကျွန်တော်ကလေ ကျွန်တော့်မှာ အဖေရှိသေးတယ်၊အစ်မရှိသေးတယ်ဆိုတဲ့ စာရွက်တစ်ရွက်ကြောင့်နဲ့ တစ်ခါမှမသိ၊မရောက်ဖူးတဲ့ အမေရိကဆိုတဲ့ နိုင်ငံကြီးကိုရောက်ခဲ့တာ။ဒါပေမဲ့ ခင်ဗျားတို့ကို ရှာမတွေ့တဲ့အပြင် တစ်ခြားလူတစ်ယောက်ရဲ့စော်ကားတာကိုပါ ခံခဲ့ရသေးတာ။အဲ့တာကိုရော သိရဲ့လား။သိရဲ့လားလို့။
ခင်ဗျားက ဘာမှမသိဘဲနဲ့.... ဘာလို့...ဘာလို့"

ရှင်မင်းသက်သည် သူ့ကိုယ်သူ မထိန်းချုပ်နိုင်သေးတာကြောင့် အမူအရာတွေ ပြောင်းလဲလာသည့် ဦးဝီလဆင်ကို သတိမထားမိပေ။

"တောင်းပန်ပါတယ် တော်ပါတော့
ဒီမှည ဒယ်ဒီကိုလည်း ကြည့်ပါအုံးဟာ"

ငိုသံကြီးနှင့် အော်ဟစ်လာသည့် ဂျေးမီကြောင့်သာ
ရှင်မင်းသက် သတိဝင်လာတော့သည်။ထို့နောက် သူ့အဖေဆိုသူကို ကြည့်လိုက်တော့အခါ အသက်ရှုကြပ်နေသည့်ပုံဖြင့် ရင်ဘတ်ကိုဖိကာ မျက်နှာပြင်တစ်ခုလုံးသည်လည်း နီရဲနေလေသည်။

ရှင်မင်းသက် ဘာဆက်လုပ်ရမှန်းတောင် မသိတော့။ယခုလို အခြေအနေမျိုးကို မကြုံဖူးတာကြောင့် ခုဏတုန်းက ဝမ်းသာဒေါသ ထွက်နေခဲ့ပေမဲ့၊ယခုအချိန်မှာတော့ တုန်လှုပ်လာတော့သည်။သူဘာဆက်လုပ်ရမည်နည်း... ။

ကိုယ့်ဆံပင်ကိုဆွဲရင်း နံရံ၏ ထောင့်တစ်နေရာမှာ ကျုံ့ကျုံ့လေး ဝင်ထိုင်ကာ ပြေးလွှားနေသည့် ဆရာဝန်တွေ၊ နပ်စ်တွေကို နီရဲနေသည့် မျက်လုံးဖြင့် ကြည့်နေလိုက်သည်။သူတတ်နိုင်တာ ဘာမှမရှိပေ။တကယ်ကို သူတတ်နိုင်တာ မရှိဘူး မဟုတ်ပါလား။

ထိုနေ့အတွင်းမှာပင် ဆရာဝန်က ခွဲစိတ်ကုသမှုကိုချက်ချင်းလုပ်ခိုင်းခဲ့တာကြောင့် ချက်ချင်း ခွဲစိတ်ကုသမှုကိုလုပ်ခဲ့ရသည်။

မြန်မာပြည်တွင် ကျန်နေခဲ့သည့် ခလေးငယ်နှင့် ကိုကောင်းကို သူ ဒီကိုရောက်ပြီးဖြစ်ကြောင်းနှင့်၊
ဘာမှ စိတ်စရာမလိုကြောင်းပြောကာ အဆက်အသွယ်ဖြတ်လိုက်သည်။
သည်သူစိမ်းနယ်မြေထဲတွင် သူတို့လေးတွေကိုသာ ဆက်ပြီး ဆက်သွယ်နေပါက ကိုယ့်စိတ်ကိုယ် မထိန်းချုပ်နိုင်တော့ဘဲ ချက်ချင်း ပြေးပြန်မိမည်ကို စိုးရသည်။

ခွဲစိတ်မှုက အောင်မြင်ခဲ့ပါသည်။

ခလေးငယ်နှင့် ကိုကောင်းကို သတိရစိတ်တွေဝင်မလာအောင် အဖေ့ကိုသာ တတ်စွမ်းသလောက် ပြုစုခဲ့သည်။တစ်ခါတလေ ခလေးငယ်နှင့် ကိုကောင်းပုံကို မတော်တဆ ကြည့်မိပါက စိတ်ဖောက်ပြီး ပစ္စည်းကောက်သိမ်းကာ ပြေးပြန်ရန် အကြိမ်ကြိမ် ကြိုးစားဖူးသည်။ထိုအချိန်တွေတိုင်း သူ့အစ်မ... အင်း သူ့အစ်မလို့ ဆိုရမှာပေါ့။သူ့အစ်မက သူ့ကိုဖြောင်းဖြကာ စိတ်ငြိမ်အောင် လုပ်ပေးတတ်သည်။

ထိုမျှလောက်ထိ ထိုသားအဖနှစ်ယောက်ကို ရူးသွပ်စွာ လွမ်းမိပါသည်။လွမ်းလွန်းလို့  အဆက်အသွယ်တွေတောင် မလုပ်ရဲတော့သည်အထိ ဖြစ်နေရသည်။ထိုသားအဖ၏ အသံလေးတွေကို ကြားလိုက်ရပါက အိမ်ပြန်ချင်စိတ်ကြောင့် သူ မရူးသွားဘူးလို့ မပြောနိုင်ပေ။အနည်းဆုံးတော့ သူ မရူးချင်သေးပေ။သူ့၏ အသည်းအသက် နှစ်ယောက်လုံးဆီကို အကောင်းပကတိအတိုင်းသာ ပြန်ချင်ပါသည်။

တစ်နှစ်လောက်အကြာမှာတော့ အဖေက နလန်ပြန်ထူနိုင်ခဲ့သည်။ထိုအချိန်တွင် ပြည်တော်ပြန်ရန် လုပ်ခဲ့သော်လည်း အစ်မက အတင်း ဆွဲတားထားတာကြောင့် သူ ပြန်မလာနိုင်ခဲ့။

အစ်မဖြစ်သူနှင့် ကောင်းသောတွေ့ဆုံမှုမဟုတ်သော်လည်း သူ(မ)သည် အကြီးပီပီ ဆယ့်ငါးမိနစ်လောက်ကြီးသည့် အကြီးဖြစ်ပေမဲ့ပေါ့။ရှင်မင်းသက်ကို အလွန်ဂရုစိုက်သည်။သူ ငယ်ငယ်ရွယ်ရွယ်နှင့် ခလေးအဖေဖြစ်ရတာ သူ(မ)ကြောင့်ဟုလည်း ရံဖန်ရံခါ ကိုယ့်ကိုယ်ကိုယ်  အပြစ်တင်နေတတ်သေးသည်။

တစ်နှစ်ခွဲလောက်အကြာမှာတော့ အဖေက ကျန်းမာရေး လုံးဝကောင်းလာပြီဖြစ်သောကြောင့်  ပြန်ဖို့လုပ်တော့သည်။မည်သူတားတား ရှင်မင်းသက် ဂရုမစိုက်တော့။ရှင်မင်းသက်အနေနှင့် အဖေဖြစ်သူကို ဟိုးအရင်ကတည်းက ရှာပြီး တွေ့ချင်နေခဲ့သော်လည်း ယခုအချိန်မှာတော့ တွေ့ခွင့်လည်း ရခဲ့သလို ကျေးဇူးဆပ်ခွင့်လည်း ရခဲ့ပြီးဖြစ်တာကြောင့် သူ့အိမ်ဖြစ်သည့် ကိုကောင်းနှင့် ခလေးငယ်ရှိရာ အရပ်ဆီကိုသာ ပြန်လိုသည်။သို့သော်လည်း ကံကြမ္မာက ရှင်မင်းသက်ကို မျက်နှာသာမပေးခဲ့ပြန်ပေ။

ထိုနေ့မနက်တွင် သူနှင့် ကိုကောင်းအကြောင်းကို အစ်မဖြစ်သူကို ပြောပြနေတုန်းမှာ အဖေကပါ ကြားသွားပြီး အဖေ့အနေနှင့် သားဖြစ်သူက တခြားယောကျာ်းတစ်ယောက်နှင့် မေတ္တာသက်ဝင်နေတာကို
လက်မခံနိုင်ဘူးဟု ပြောလာကာ သူ့ကို ပြည်တော်မပြန်ရန် ဖိအားပေးလာတော့သည်။

ရှင်မင်းသက်အနေနှင့် သူ့မှာ သမီးမိန်းခလေးနှင့် အမျိုးသားရှိသည်ကို သူ့အဖေသိသည်ဟုသာ တွေးထင်ထားခဲ့သည်။အစ်မဖြစ်သူကို ကြည့်လိုက်တော့လည်း သူ့ကိုတောင်းပန်သလို ကြည့်လာကာ အသံတိုးတိုးလေးဖြင့်

"Sorry ငါမပြောခဲ့မိဘူး။အဲ့တုန်းက အဖေ့ကျန်းမာရေးကြောင့် ပြောဖို့ ငါတွန့်ဆုတ်နေခဲ့တာ။နောက်ပိုင်းကျတော့လည်း ပြောဖို့ကိုမေ့နေခဲ့တာ။တကယ်ကိုတောင်းပန်ပါတယ် "တဲ့လေ။
ရှင်မင်းသက် ဘာကိုမှ ပြန်မပြောနိုင်တော့ပေ။

သူ့အဖေ ခွဲစိတ်မှု စလုပ်ကတည်းကနေ အခုလို ကျန်းမာရေးကောင်းလာသည်အထိ မနားမနေ ပြုစုစောင့်ရှောက်ခဲ့တာကြောင့်လည်း ပါသလို၊ အိမ်လွမ်းမှုကြောင့်လည်း ရှင်မင်းသက်မှာ ဘုန်းဘုန်းလဲတော့သည်။

ထိုနေ့မှစ၍ နေမကောင်းဖြစ်လိုက်၊ ပြန်သက်သာသွားလိုက်၊ ပြန်ပြီး နေမကောင်းလိုက်နှင့် ရှင်မင်းသက်သည် အရိုးပေါ်အရေတင် ဖြစ်လာတော့သည်။အရင်လို ကျန်းမာသွက်လက်သည့် လူငယ်လေးမဟုတ်တော့ဘဲ ကျန်းမာရေးခြူခြာလွန်းသည့် လူတစ်ယောက်အဖြစ် ပြောင်းလဲလာတော့သည်။

အမြဲ တောက်ပနေတတ်သည့် မျက်ဝန်းပြာတို့သည်လည်း အရင်လို တောက်ပမနေတော့ဘဲ မှောင်မှိုင်းကာ မျက်အိတ်တွေလည်း အမြဲတစေ မဲနက်နေတော့သည်။ညဘက်တွေလည်း အိပ်မပျော်တော့သလို အမြဲတမ်းလည်း အားငယ်စိတ်တွေ ဝင်လာလာ ခဏခဏ မျက်ရည်ကျနေတတ်သည်။
သည်နိုင်ငံကို စရောက်လာကတည်းက ထိုသားအဖလေးတွေကို လွမ်းလွန်းလို့ တစ်ခါတလေမှာ မျက်ရည်ကျတတ်ပေမဲ့ ယခုမှာတော့ အမြဲတမ်းလိုလို မျက်ရည်ကျနေရသည်။အရင်လို စိတ်ဓာတ်ကြံ့ခိုင်သည့် ရှင်မင်းသက် မဟုတ်တော့ပေ။

ထိုနှင့် နောက်ဆုံးမှာတော့ အဖေသဘောတူတူ၊ မတူတူ ဂရုစိုက်မနေတော့ဘဲ ပြောချင်ရာပြောကာ ပြည်တော်ကိုသာ ပြန်လာခဲ့တော့သည်။

တကယ်တော့ သူ့အဖေက ယောကျာ်းချင်း ချစ်ကြိုက်တာကို ကန့်ကွက်တာမဟုတ်ဘဲ သားဖြစ်သူကို အနိုင်ကျင့်စော်ကားခဲ့သည့်လူ၏ လက်ထဲ သူ့သားကို မထည့်ပေးချင်တာဖြစ်သည်။သားဖြစ်သူဆီမှာ သမီးတစ်ယောက်ရှိပြီး အမျိုးသားတစ်ယောက်နှင့် အတူတူနေကြောင်းကိုလည်း ကျန်းမာရေးကောင်းလာကတည်းက စုံစမ်း၍ သိရှိထားပြီးသားဖြစ်သည်။သို့သော် သည်အကြောင်းအရာတွေကို ရှင်မင်းသက်တစ်ယောက် သိမသွားခဲ့ပေ။

.................

"သားငယ်ရယ် "

"သက်ငယ်ရာ ကိုယ်တို့ကို အရမ်းလွမ်းနေရင်လည်း ပြောရောပေါ့။ကိုယ်တို့က အလည်လာခဲ့မှာပေါ့။အခုလို ကိုယ့်ကိုယ်ကို ထိန်းချုပ်နေဖို့မှမလိုတဲ့ဟာ...."

ကိုကောင်းထံမှ မချိတင်ကဲ ရေရွတ်သံကိုကြားကြောင့် ရှင်မင်းသက်မှာ "တောင်းပန်ပါတယ် "ဟုသာ ပြောနိုင်တော့သည်။

ကိုကောင်းတို့ကို ပြောပြခဲ့သည့် အကြောင်းအရာများတွင် သူ့အဖေက သူတို့ကို သဘောမတူဘူးဆိုသည့်အကြောင်းတော့ မပါခဲ့ပေ။သူ ဘယ်လိုစိတ်နှင့် ပြောထွက်နိုင်ပါ့မလဲလေ။

"ဒီနေ့ အိမ်မပြန်ကြနဲ့တော့။သုံးယောက်လုံး ဒီမှာပဲ ညအိပ်ရမယ်။ပြီးတော့ မေ့သားငယ်က အရမ်းပိန်နေတော့ မေ့သားငယ်ကြိုက်တာတွေကို ချက်ကျွေးရမယ်။အဲ့ဒါမှ အသားတွေ မြန်မြန် ပြန်ပြည့်လာမှာ....."

ရှင်မင်းသက်သည် 'ဘာပဲဖြစ်ဖြစ် စားနိုင်ပါတယ်'ဟုပြောလိုက်သော်လည်း မေကတော့ဖြင့် ဈေးခြင်းကိုဆွဲကာ ထွက်သွားပြီးဖြစ်သည်။

ထိုနေ့မှာတော့ မေချက်ကျွေးသည့် ဟင်းတွေဖြင့် ညစာကို အပြည့်အမောက်စားကာ မေ့အိမ်၌သာ ညအိပ်ခဲ့ကြသည်။ထို့အပြင် ရှင်မင်းသက် တစ်လျောက်လုံး တွေးကြောက်နေခဲ့သလို မည်သူကမှ သူ အဆက်သွယ်ဖြတ်ထားခဲ့သည်ကို အပြစ်ပြောလာခြင်းမရှိပေ။တကယ်တော့ သူ့အခြေအနေကိုမြင်ပြီး ပြောမထွက်တော့ခြင်းသာ ဖြစ်သည်။

ခလေးငယ်ကတော့ ရှင်မင်းသက် ဘယ်သွားသွား ကြက်ပေါက်လေးတွေလို တကောက်ကောက်လိုက်ကာ စကားတစ်လုံးမှ မပြောဘဲ ရှင်မင်းသက်ကိုသာ တချိန်လုံး ဖက်ထားလေသည်။အမေရိကမှာ ရှိနေစဉ်က အကြောင်းတွေကို ပြောပြတော့လည်း သေချာ နားဆိုက်ထောင်နေခဲ့သေးသည်။နားလည်ရဲ့လားတော့ ရှင်မင်းသက်လည်း မပြောတတ်ပေ။
သူ့ခလေးနှင့် ဝေးနေတာ နှစ်နှစ်ကျော်တောင် ရှိခဲ့ပြီး မဟုတ်ပါလား။ထို့ကြောင့် ခလေးငယ်၏ အမူအရာကို သူမဖတ်တတ်တော့ပေ။

ယနေ့ညမှာတော့ သူ့ အသည်းအသက် ခလေးငယ်က သူ့ရင်ခွင်ထဲဝင်ကာ သူ့ကို တင်းကြပ်စွာ ဖက်တွယ်ထားသလို ကိုကောင်းသည်လည်း သူတို့သားအဖကို ပြန်လည်ဖက်တွယ်ထားသည်ကြောင့် ရှင်မင်းသက်သည် ကောင်းမွန်စွာ အိပ်ပျော်ခဲ့သလို အိပ်မက်တွေလည်း လှပခဲ့သည်။ထိုသားအဖနှစ်ယောက်၏ ဖက်တွယ်ထားမှုကြောင့် ရှင်မင်းသက်မှာ အသက်ရှုကြပ်ခဲ့ရပေမဲ့ ထိုအနွေးဓာတ်တွေကြောင့်သာ ကောင်းမွန်စွာ အိပ်ပျော်ခဲ့လေသည်။

...................

AN. .တကယ်တော့ သားသမီးကိုလွမ်းလွန်းလို့အဆက်အသွယ်ဖြတ်တာကို တခြားမိဘတွေက လုပ်ကြလားမသိပေမဲ့ ကိုယ့်အမေကတော့ ကိုယ့်ကို အဆက်သွယ်ဖြတ်ခဲ့ပါတယ်။လုံးကို အဆက်သွယ်ဖြတ်ခဲ့ပါတယ်။ကိုယ့်ကို မွေးပြီးကတည်းက ထိုင်းကိုသွားခဲ့တာ ကိုယ်လေးနှစ်အရွယ်လောက်မှ မြန်မာနိုင်ငံကို ပြန်လာခဲ့တာ။ဖုန်းလေးတောင် မဆက်သွယ်ခဲ့ဘူး။

နောက်ပြီး နောက်တစ်ပိုင်းဆို ပြီးပါပြီးလို့ သတင်းကောင်းပါးလိုက်ပါတယ်

~~~~~~~~~~~~~~

Zawgyi

Ep.42

"မျဖစ္ႏိုင္တာ။ဒယ္ဒီက လာေနာက္ေနတာလား "

ေဂ်းမီမွာ မယုံႏိုင္စြာျဖင့္ ဒယ္ဒီကို ေအာ္လိုက္မိသည္။

႐ွင္မင္းသက္သည္လည္း မယုံႏိုင္ျဖစ္ေနတုန္းပင္။
ေဆး႐ုံကုတင္ေပၚ  မွီထိုင္ေနသည့္ သက္ႀကီးပိုင္းလူႀကီးက သူ႕အေဖျဖစ္ၿပီး သူ သိပ္အျမင္မၾကည္ခဲ့သည့္ အစ္မႀကီးေဂ်းမီက သူ႕အမႊာတဲ့ေလ။မျဖစ္ႏိုင္တာေတြ မဟုတ္ပါလား။

"နင္ေရာ ယုံလား ဒါက အျဖစ္မွန္ဆိုတာ"

စိတ္ကူးကမ႓ာထဲေရာက္ေနသည့္ ႐ွင္မင္းသက္သည္ အစ္မႀကီးေဂ်းမီ၏ စကားေၾကာင့္ သတိဝင္လာကာ  ေခါင္းခါျပလိုက္သည္။

"ဟူး...ဒါက ယုံဖို႔ခက္တယ္ဆိုေပမဲ့ အျဖစ္မွန္ပဲ။"

ဝီလဆင္သည္ ျမန္မာျပည္တြင္ စီးပြားေရး သြားေရာက္လုပ္ကိုင္ရင္းႏွင့္ ခေလးေတြရဲ႕ အေမကို ေတြ႕ခဲ့တာျဖစ္သည္။ထိုအခ်ိန္တြင္ သူ(မ)သည္ သူ၏ စကားျပန္ျဖစ္သည္။

အခ်ိန္ေတြၾကာလာသည္ႏွင့္ ဝီလဆင္သည္ သူ(မ)ကို တျဖည္းျဖည္း ခ်စ္မိလာေတာ့သည္။အခ်ိန္ၾကာမွ ခ်စ္မိသည္ထက္ ျမင္ျမင္ခ်င္း ခ်စ္မိခဲ့တာလို႔ ေျပာရင္ ပိုမွန္မည္ထင္။

သူ(မ)တြင္ ခ်စ္ရသူ႐ွိမွန္း သိေသာ္လည္း သူ(မ)ကို ခ်စ္ေရးဆိုခဲ့သည္။ရလဒ္သည္ ေတြးထင္ထားခဲ့သည့္အတိုင္း သူ(မ)က ျငင္းဆိုခဲ့သည္။အျငင္းခံရသည္အထိ အဆင္ေျပခဲ့ေသာ္ျငား သူ(မ)သည္ သူ႕ကို ေ႐ွာင္ဖို႔အတြက္ႏွင့္ အလုပ္ပါထြက္သြားခဲ့သည္။ထို႔ေၾကာင့္ ဝီလဆင္သည္ သူမကို အတင္းအၾကပ္ခိုးေျပးခဲ့သည္။

ထိုသို႔ႏွင့္ အတူေနၾကတာ ႏွစ္ႏွစ္ေလာက္ ၾကာသည့္အခါ ဝီလဆင္၏ အတင္းအၾကပ္လုပ္ေဆာင္မႈေၾကာင့္ သူ(မ)တြင္ ကိုယ္ဝန္႐ွိလာေတာ့သည္။

သူမတြင္ ကိုယ္ဝန္႐ွိေၾကာင္း သိလိုက္ရခ်ိန္တြင္ ဝီလဆင္ဆိုသည့္သူသည္ ကမ႓ာေပၚတြင္ အေပ်ာ္ဆုံးလူသားဟုပင္ ေတြးထင္ခဲ့သည္။ထို႔အတူ သူ(မ)လည္း သူ႕နည္းတူ ေပ်ာ္႐ႊင္ေနလိမ့္မည္ဟု ယုံၾကည္ခဲ့သည္။သူ(မ)ႏွင့္ အတူေနလာၾကသည့္တစ္ေလ်ာက္လုံး သူ(မ)သည္  ဝီလဆင္ကို မခ်စ္ေသာ္ျငား အိမ္႐ွင္မေကာင္းတစ္ေယာက္ ပီသခဲ့သည္ေလ။

ခေလးေမြးလာသည့္အခါ ခေလးသည္ တစ္ေယာက္တည္းမဟုတ္ဘဲ ေယာက်ာ္းေလးတစ္ေယာက္ႏွင့္ မိန္းခေလးတစ္ေယာက္ ေမြးဖြားခဲ့သည္။ခေလးႏွစ္ေယာက္လုံးသည္ အႁမႊာျဖစ္ေသာ္ျငား ေမြးကတည္းက ဆံပင္အေရာင္လည္း မတူၾကသလို ႐ုပ္ရည္လည္း မတူၾကေပ။

သူ(မ)ႏွင့္အတူ သက္ဆုံးတိုင္ ေပါင္းဖက္ျဖစ္ၾကမည္ဟု စိတ္ကူးယဥ္ခဲ့ေသာ္လည္း ခေလးေတြ ၆လသားအ႐ြယ္ေရာက္သည္ႏွင့္ ကြာ႐ွင္းခဲ့ၾကသည္။
ကြာ႐ွင္းခဲ့ၾကသည္မွာလည္း သူ(မ)ကို မခ်စ္ေတာ့တာမဟုတ္ဘဲ မေပ်ာ္မ႐ြင္ျဖစ္ေနသည့္ သူ(မ)ေၾကာင့္ လက္လႊတ္လိုက္ျခင္းျဖစ္သည္။
ကိုယ့္အနား မေနခ်င္သူကို ဆြဲထားရသည္မွာ အရမ္းပင္ပန္းနာက်င္ရသည္ေလ။ညညေတြမွာ သူ(မ)သည္ ရည္စားေဟာင္း၏ ဓာတ္ပုံကိုၾကည့္ကာ ႀကိတ္ငိုေနတတ္သည္။ထို႔အျပင္ အဓိက အေရးႀကီးဆုံးအခ်က္မွာ သူ(မ)သည္ သူ႕ေၾကာင့္ မေပ်ာ္မ႐ႊင္ျဖစ္ေနသည္။ထိုအခ်င္းအရာက သူ႕ကို ပို၍ နာက်င္ေစသည္။ထို႔ေၾကာင့္ ဆြဲမထားခ်င္ေတာ့။

သူ(မ)က မာန အရမ္းႀကီးသည္။ကြာ႐ွင္းၾကသည့္အခါ သူမအတြက္ ေငြအခ်ိဳ႕ႏွင့္ အေမြအခ်ိဳ႕ လႊဲေပးခဲ့ေသာ္လည္း သူ(မ)က လက္မခံခဲ့ေပ။

ခေလးႏွစ္ေယာက္လုံးကို သူႏွင့္အတူ ေခၚသြားမည္ဟု ျပင္ဆင္ထားခဲ့ေသာ္ျငား သူ(မ)က သားေယာက်ာ္းေလးကို ေခၚထားလိုက္သည္ေၾကာင့္ သူသည္ သူ(မ)ႏွင့္တူသည့္ သမီးမိန္းခေလးကိုသာ ေခၚလာခဲ့ရသည္။

အေမရိကကို ျပန္သည့္ေန႔မွာေတာင္ သူ(မ)ႏွင့္ သူ(မ)ငယ္ခ်စ္ေဟာင္းက သူ႕ကို အိမ္အေ႐ွ႕ထိ လိုက္ပို႔ေပးခဲ့ေသးသည္။ထို႔ေၾကာင့္ သူ(မ)ခ်စ္ရသူႏွင့္ သူ(မ)က ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ႐ွိေနခဲ့လိမ့္မည္ဟု ေတြးထင္ခဲ့သည္။ထိုသို႔ ထင္ခဲ့ေသာေၾကာင့္ သူ(မ)တို႔ သားအမိႏွစ္ေယာက္အေၾကာင္းကို ဆက္ၿပီး မစုံစမ္းေတာ့ေပ။ေမ့ႏိုင္ရန္ အလို႔ငွါေပါ့။

သို႔ေသာ္ ႏွလုံးေရာဂါေၾကာင့္ ခြဲစိတ္ကုသမႈလုပ္ရမည္ဟု သိလိုက္ရသည့္အခါ ခြဲစိတ္မႈမလုပ္ခင္ သားငယ္ကို ေတြ႕ခ်င္လာသည္။ခြဲစိတ္ေနတုန္းမွာ မွားယြင္းမႈတစ္ခုခု မျဖစ္ႏိုင္ဘူးဟု မည္သူမွ် အာမ မခံႏိုင္ဘူး မဟုတ္ပါလား။ထို႔ေၾကာင့္ သူ(မ)တို႔သားအမိႏွစ္ေယာက္အေၾကာင္းကို စုံစမ္းခဲ့သည္။

သို႔ေသာ္ သူ(မ)က လူ႕ေလာကထဲ မ႐ွိေတာ့ေၾကာင္းကို သိလိုက္ရၿပီး သားငယ္အေၾကာင္းကိုေတာ့ စုံစမ္းလို႔မရခဲ့ေပ။ထိုအခ်ိန္မွာပင္ သူ႕ သမီးက ဘာေၾကာင့္ မခြဲစိတ္ေသးတာလဲဆိုၿပီး ေသာင္းက်န္းလာတာေၾကာင့္ သူ(မ)ေလးကို ျမန္မာႏိုင္ငံသို႔လႊတ္ကာ ဘာအေၾကာင္းမွ မ႐ွင္းျပခဲ့ဘဲ ဓာတ္ပုံတစ္ပုံျပကာ ႐ွာပုံေတာ္ဖြင့္ခိုင္းလိုက္ျခင္းျဖစ္သည္။

"အေၾကာင္းစုံကဒါပါပဲ။သားတို႔ သမီးတို႔ စိတ္ထဲမွာ လက္မခံႏိုင္ေသးဘူးဆိုတာ ဒယ္ဒီ သိေပမဲ့ ဒါက အမွန္တရားပါပဲ "

ဝီလဆင္သည္ ခေလးႏွစ္ေယာက္ကိုၾကည့္ရင္း ေက်နပ္စြာျပဳံးလိုက္သည္။

"ကြၽန္ေတာ္တို႔ DNA စစ္ၾကည့္သင့္တယ္လို႔ မထင္ဘူးလား။ကြၽန္ေတာ္တို႔က အခုမွ ေတြ႕ၾကတာေလ။ခင္ဗ်ား လူမွားမွာ မေၾကာက္ဘူးလား။ကြၽန္ေတာ္က ခင္ဗ်ား႐ွာေနတဲ့ ခေလးမဟုတ္ဘဲ လူမွားေနမွာ မေၾကာက္ဘူးလား..."

ယခုအခ်ိန္မွာေတာ့ လူႀကီးတစ္ေယာက္ကို ခင္ဗ်ားလို႔တပ္ၿပီး မေခၚသင့္မွန္းကို ႐ွင္မင္းသက္မသိေတာ့။သူသိတာက သူ အရမ္းကို စိတ္လႈပ္႐ွားေနသည္။

"လူမမွားပါဘူး။သားက သားတို႔အေမနဲ႔ သိပ္ကိုတူတာေလ။မတူတာဆိုလို႔ မ်က္ဝန္းအျပာနဲ႔ ေ႐ႊအိုေရာင္ဆံႏြယ္ေလးေတြပဲ႐ွိတာ"

ထိုစဥ္

"အဲ့တာဆို အဲ့တာဆိုရင္ သမီးက...သမီးကို အေမက သမီးကို မလိုခ်င္ခဲ့ဘူးလား...."

တုန္ရီေနသည့္အသံျဖင့္ ေဂ်းမီက ေမးခြန္းထုတ္လာသည္။

သမီးျဖစ္သူ၏အေမးေၾကာင့္ ဝီလဆင္ ျပဳံးလိုက္သည္။

"ဘယ္ဟုတ္ပါ့မလဲ။ဒယ္ဒီက သမီးကို အတင္းေခၚလာတာေလ။သမီးတို႔ရဲ႕ ေမေမက ဘယ္တစ္ေယာက္ကိုမွ ဒယ္ဒီ့ဆီ ေပးခ်င္ခဲ့တာမဟုတ္ဘူး။ဒယ္ဒီကသာ သမီးတို႔ အေမလိုမ်ိဳး အနက္ေရာင္မ်က္လုံးေလးေတြေရာ အနက္ေရာင္ဆံႏြယ္ေလးေတြ႐ွိတဲ့ သမီးေလးကို အတင္းေခၚခဲ့တာ..."

"အဲ့တာေၾကာင့္လား။အဲတာေၾကာင့္ ဆံပင္ေဆးဆိုးတုန္းက အရမ္းစိတ္ဆိုးခဲ့တာလား"

ေဂ်းမီသည္ ေမးခြန္းထုတ္ေနသလား၊ကိုယ့္ကိုယ္ကိုယ္ ေျပာေနသလားပင္ မကြဲျပားစြာ ေျပာလာသည္။

"ဒယ္ဒီက သားတို႔သမီးတို႔ကို ေတာင္းပန္ပါတယ္။ဒယ္ဒီေၾကာင့္......"

"ေမေမက ကြၽန္ေတာ္သိတတ္စအ႐ြယ္ကတည္းက တစ္ေယာက္ထဲပဲ။ကြၽန္ေတာ့္ကို ေလာကႀကီးထဲမွာ တစ္ေယာက္ထဲ ထားသြားခဲ့တဲ့အခ်ိန္ထိ အၿမဲတစ္ေယာက္ထဲပဲလို႔"

လူႀကီးတစ္ေယာက္ စကားေျပာေနလွ်င္ စကားျဖတ္မေျပာသင့္ေၾကာင္းကို ႐ွင္မင္းသက္သိေသာ္လည္း  ျဖတ္ေျပာလိုက္မိသည္။ထို႔ေနာက္ ႐ွင္မင္းသက္သည္ သူ႕အေဖဆိုသူ၏ မ်က္ႏွာကို တည့္တည့္ၾကည့္ စိုက္ၾကည့္လိုက္သည္။

"ဘာလို႔လဲ။ဘာလို႔မ႐ွာခဲ့တာလဲ။
အေမနဲ႔ကြၽန္ေတာ္ ဘယ္ေလာက္ေတာင္ ခက္ခဲခဲ့လဲဆိုတာ သိရဲ႕လား။ဘာလို႔ တစ္ေခါက္ေလးေတာင္ မ႐ွာခဲ့ဘဲ ဘယ္လိုစိတ္နဲ႔ ေနႏိုင္တာလဲ။ကြၽန္ေတာ့္အေမကို ခ်စ္တယ္ဆိုတာေရာ ဟုတ္ရဲ႕လား။ကြၽန္ေတာ္တို႔ကို ေမ့ေနခဲ့တာ မဟုတ္ဘူးလား။တကယ္ဘဲ....."

"ဒယ္ဒီ.. ဒယ္ဒီ သတိထားအုံးေလ။
ေတာ္ေတာ့ ဆက္မေျပာနဲ႔ေတာ့။နင္တို႔ပဲ ခက္ခဲခဲ့တာမဟုတ္ဘူး...."

႐ွင္မင္းသက္သည္ ယခုအခ်ိန္ထိ ခံစားခ်က္ကို မထိန္းခ်ဳပ္ႏိုင္ေသးေသာေၾကာင့္ အစ္မႀကီးေဂ်းမီ၏ စကားကို ဂ႐ုမစိုက္ဘဲ ဆက္ေျပာေလသည္။

"ခင္ဗ်ားႀကီးသိရဲ႕လား။အေမမ႐ွိေတာ့တဲ့ တစ္ေကာင္ႂကြက္ဘဝျဖစ္ခဲ့တဲ့ ကြၽန္ေတာ္ကေလ ကြၽန္ေတာ့္မွာ အေဖ႐ွိေသးတယ္၊အစ္မ႐ွိေသးတယ္ဆိုတဲ့ စာ႐ြက္တစ္႐ြက္ေၾကာင့္နဲ႔ တစ္ခါမွမသိ၊မေရာက္ဖူးတဲ့ အေမရိကဆိုတဲ့ ႏိုင္ငံႀကီးကိုေရာက္ခဲ့တာ။ဒါေပမဲ့ ခင္ဗ်ားတို႔ကို ႐ွာမေတြ႕တဲ့အျပင္ တစ္ျခားလူတစ္ေယာက္ရဲ႕ေစာ္ကားတာကိုပါ ခံခဲ့ရေသးတာ။အဲ့တာကိုေရာ သိရဲ႕လား။သိရဲ႕လားလို႔။
ခင္ဗ်ားက ဘာမွမသိဘဲနဲ႔.... ဘာလို႔...ဘာလို႔"

႐ွင္မင္းသက္သည္ သူ႕ကိုယ္သူ မထိန္းခ်ဳပ္ႏိုင္ေသးတာေၾကာင့္ အမူအရာေတြ ေျပာင္းလဲလာသည့္ ဦးဝီလဆင္ကို သတိမထားမိေပ။

"ေတာင္းပန္ပါတယ္ ေတာ္ပါေတာ့
ဒီမွည ဒယ္ဒီကိုလည္း ၾကည့္ပါအုံးဟာ"

ငိုသံႀကီးႏွင့္ ေအာ္ဟစ္လာသည့္ ေဂ်းမီေၾကာင့္သာ
႐ွင္မင္းသက္ သတိဝင္လာေတာ့သည္။ထို႔ေနာက္ သူ႕အေဖဆိုသူကို ၾကည့္လိုက္ေတာ့အခါ အသက္႐ႈၾကပ္ေနသည့္ပုံျဖင့္ ရင္ဘတ္ကိုဖိကာ မ်က္ႏွာျပင္တစ္ခုလုံးသည္လည္း နီရဲေနေလသည္။

႐ွင္မင္းသက္ ဘာဆက္လုပ္ရမွန္းေတာင္ မသိေတာ့။ယခုလို အေျခအေနမ်ိဳးကို မၾကဳံဖူးတာေၾကာင့္ ခုဏတုန္းက ဝမ္းသာေဒါသ ထြက္ေနခဲ့ေပမဲ့၊ယခုအခ်ိန္မွာေတာ့ တုန္လႈပ္လာေတာ့သည္။သူဘာဆက္လုပ္ရမည္နည္း... ။

ကိုယ့္ဆံပင္ကိုဆြဲရင္း နံရံ၏ ေထာင့္တစ္ေနရာမွာ က်ံဳ႕က်ံဳ႕ေလး ဝင္ထိုင္ကာ ေျပးလႊားေနသည့္ ဆရာဝန္ေတြ၊ နပ္စ္ေတြကို နီရဲေနသည့္ မ်က္လုံးျဖင့္ ၾကည့္ေနလိုက္သည္။သူတတ္ႏိုင္တာ ဘာမွမ႐ွိေပ။တကယ္ကို သူတတ္ႏိုင္တာ မ႐ွိဘူး မဟုတ္ပါလား။

ထိုေန႔အတြင္းမွာပင္ ဆရာဝန္က ခြဲစိတ္ကုသမႈကိုခ်က္ခ်င္းလုပ္ခိုင္းခဲ့တာေၾကာင့္ ခ်က္ခ်င္း ခြဲစိတ္ကုသမႈကိုလုပ္ခဲ့ရသည္။

ျမန္မာျပည္တြင္ က်န္ေနခဲ့သည့္ ခေလးငယ္ႏွင့္ ကိုေကာင္းကို သူ ဒီကိုေရာက္ၿပီးျဖစ္ေၾကာင္းႏွင့္၊
ဘာမွ စိတ္စရာမလိုေၾကာင္းေျပာကာ အဆက္အသြယ္ျဖတ္လိုက္သည္။
သည္သူစိမ္းနယ္ေျမထဲတြင္ သူတို႔ေလးေတြကိုသာ ဆက္ၿပီး ဆက္သြယ္ေနပါက ကိုယ့္စိတ္ကိုယ္ မထိန္းခ်ဳပ္ႏိုင္ေတာ့ဘဲ ခ်က္ခ်င္း ေျပးျပန္မိမည္ကို စိုးရသည္။

ခြဲစိတ္မႈက ေအာင္ျမင္ခဲ့ပါသည္။

ခေလးငယ္ႏွင့္ ကိုေကာင္းကို သတိရစိတ္ေတြဝင္မလာေအာင္ အေဖ့ကိုသာ တတ္စြမ္းသေလာက္ ျပဳစုခဲ့သည္။တစ္ခါတေလ ခေလးငယ္ႏွင့္ ကိုေကာင္းပုံကို မေတာ္တဆ ၾကည့္မိပါက စိတ္ေဖာက္ၿပီး ပစၥည္းေကာက္သိမ္းကာ ေျပးျပန္ရန္ အႀကိမ္ႀကိမ္ ႀကိဳးစားဖူးသည္။ထိုအခ်ိန္ေတြတိုင္း သူ႕အစ္မ... အင္း သူ႕အစ္မလို႔ ဆိုရမွာေပါ့။သူ႕အစ္မက သူ႕ကိုေျဖာင္းျဖကာ စိတ္ၿငိမ္ေအာင္ လုပ္ေပးတတ္သည္။

ထိုမွ်ေလာက္ထိ ထိုသားအဖႏွစ္ေယာက္ကို ႐ူးသြပ္စြာ လြမ္းမိပါသည္။လြမ္းလြန္းလို႔  အဆက္အသြယ္ေတြေတာင္ မလုပ္ရဲေတာ့သည္အထိ ျဖစ္ေနရသည္။ထိုသားအဖ၏ အသံေလးေတြကို ၾကားလိုက္ရပါက အိမ္ျပန္ခ်င္စိတ္ေၾကာင့္ သူ မ႐ူးသြားဘူးလို႔ မေျပာႏိုင္ေပ။အနည္းဆုံးေတာ့ သူ မ႐ူးခ်င္ေသးေပ။သူ႕၏ အသည္းအသက္ ႏွစ္ေယာက္လုံးဆီကို အေကာင္းပကတိအတိုင္းသာ ျပန္ခ်င္ပါသည္။

တစ္ႏွစ္ေလာက္အၾကာမွာေတာ့ အေဖက နလန္ျပန္ထူႏိုင္ခဲ့သည္။ထိုအခ်ိန္တြင္ ျပည္ေတာ္ျပန္ရန္ လုပ္ခဲ့ေသာ္လည္း အစ္မက အတင္း ဆြဲတားထားတာေၾကာင့္ သူ ျပန္မလာႏိုင္ခဲ့။

အစ္မျဖစ္သူႏွင့္ ေကာင္းေသာေတြ႕ဆုံမႈမဟုတ္ေသာ္လည္း သူ(မ)သည္ အႀကီးပီပီ ဆယ့္ငါးမိနစ္ေလာက္ႀကီးသည့္ အႀကီးျဖစ္ေပမဲ့ေပါ့။႐ွင္မင္းသက္ကို အလြန္ဂ႐ုစိုက္သည္။သူ ငယ္ငယ္႐ြယ္႐ြယ္ႏွင့္ ခေလးအေဖျဖစ္ရတာ သူ(မ)ေၾကာင့္ဟုလည္း ရံဖန္ရံခါ ကိုယ့္ကိုယ္ကိုယ္  အျပစ္တင္ေနတတ္ေသးသည္။

တစ္ႏွစ္ခြဲေလာက္အၾကာမွာေတာ့ အေဖက က်န္းမာေရး လုံးဝေကာင္းလာၿပီျဖစ္ေသာေၾကာင့္  ျပန္ဖို႔လုပ္ေတာ့သည္။မည္သူတားတား ႐ွင္မင္းသက္ ဂ႐ုမစိုက္ေတာ့။႐ွင္မင္းသက္အေနႏွင့္ အေဖျဖစ္သူကို ဟိုးအရင္ကတည္းက ႐ွာၿပီး ေတြ႕ခ်င္ေနခဲ့ေသာ္လည္း ယခုအခ်ိန္မွာေတာ့ ေတြ႕ခြင့္လည္း ရခဲ့သလို ေက်းဇူးဆပ္ခြင့္လည္း ရခဲ့ၿပီးျဖစ္တာေၾကာင့္ သူ႕အိမ္ျဖစ္သည့္ ကိုေကာင္းႏွင့္ ခေလးငယ္႐ွိရာ အရပ္ဆီကိုသာ ျပန္လိုသည္။သို႔ေသာ္လည္း ကံၾကမၼာက ႐ွင္မင္းသက္ကို မ်က္ႏွာသာမေပးခဲ့ျပန္ေပ။

ထိုေန႔မနက္တြင္ သူႏွင့္ ကိုေကာင္းအေၾကာင္းကို အစ္မျဖစ္သူကို ေျပာျပေနတုန္းမွာ အေဖကပါ ၾကားသြားၿပီး အေဖ့အေနႏွင့္ သားျဖစ္သူက တျခားေယာက်ာ္းတစ္ေယာက္ႏွင့္ ေမတၱာသက္ဝင္ေနတာကို
လက္မခံႏိုင္ဘူးဟု ေျပာလာကာ သူ႕ကို ျပည္ေတာ္မျပန္ရန္ ဖိအားေပးလာေတာ့သည္။

႐ွင္မင္းသက္အေနႏွင့္ သူ႕မွာ သမီးမိန္းခေလးႏွင့္ အမ်ိဳးသား႐ွိသည္ကို သူ႕အေဖသိသည္ဟုသာ ေတြးထင္ထားခဲ့သည္။အစ္မျဖစ္သူကို ၾကည့္လိုက္ေတာ့လည္း သူ႕ကိုေတာင္းပန္သလို ၾကည့္လာကာ အသံတိုးတိုးေလးျဖင့္

"Sorry ငါမေျပာခဲ့မိဘူး။အဲ့တုန္းက အေဖ့က်န္းမာေရးေၾကာင့္ ေျပာဖို႔ ငါတြန္႔ဆုတ္ေနခဲ့တာ။ေနာက္ပိုင္းက်ေတာ့လည္း ေျပာဖို႔ကိုေမ့ေနခဲ့တာ။တကယ္ကိုေတာင္းပန္ပါတယ္ "တဲ့ေလ။
႐ွင္မင္းသက္ ဘာကိုမွ ျပန္မေျပာႏိုင္ေတာ့ေပ။

သူ႕အေဖ ခြဲစိတ္မႈ စလုပ္ကတည္းကေန အခုလို က်န္းမာေရးေကာင္းလာသည္အထိ မနားမေန ျပဳစုေစာင့္ေ႐ွာက္ခဲ့တာေၾကာင့္လည္း ပါသလို၊ အိမ္လြမ္းမႈေၾကာင့္လည္း ႐ွင္မင္းသက္မွာ ဘုန္းဘုန္းလဲေတာ့သည္။

ထိုေန႔မွစ၍ ေနမေကာင္းျဖစ္လိုက္၊ ျပန္သက္သာသြားလိုက္၊ ျပန္ၿပီး ေနမေကာင္းလိုက္ႏွင့္ ႐ွင္မင္းသက္သည္ အ႐ိုးေပၚအေရတင္ ျဖစ္လာေတာ့သည္။အရင္လို က်န္းမာသြက္လက္သည့္ လူငယ္ေလးမဟုတ္ေတာ့ဘဲ က်န္းမာေရးျခဴျခာလြန္းသည့္ လူတစ္ေယာက္အျဖစ္ ေျပာင္းလဲလာေတာ့သည္။

အၿမဲ ေတာက္ပေနတတ္သည့္ မ်က္ဝန္းျပာတို႔သည္လည္း အရင္လို ေတာက္ပမေနေတာ့ဘဲ ေမွာင္မိႈင္းကာ မ်က္အိတ္ေတြလည္း အၿမဲတေစ မဲနက္ေနေတာ့သည္။ညဘက္ေတြလည္း အိပ္မေပ်ာ္ေတာ့သလို အၿမဲတမ္းလည္း အားငယ္စိတ္ေတြ ဝင္လာလာ ခဏခဏ မ်က္ရည္က်ေနတတ္သည္။
သည္ႏိုင္ငံကို စေရာက္လာကတည္းက ထိုသားအဖေလးေတြကို လြမ္းလြန္းလို႔ တစ္ခါတေလမွာ မ်က္ရည္က်တတ္ေပမဲ့ ယခုမွာေတာ့ အၿမဲတမ္းလိုလို မ်က္ရည္က်ေနရသည္။အရင္လို စိတ္ဓာတ္ၾကံ့ခိုင္သည့္ ႐ွင္မင္းသက္ မဟုတ္ေတာ့ေပ။

ထိုႏွင့္ ေနာက္ဆုံးမွာေတာ့ အေဖသေဘာတူတူ၊ မတူတူ ဂ႐ုစိုက္မေနေတာ့ဘဲ ေျပာခ်င္ရာေျပာကာ ျပည္ေတာ္ကိုသာ ျပန္လာခဲ့ေတာ့သည္။

တကယ္ေတာ့ သူ႕အေဖက ေယာက်ာ္းခ်င္း ခ်စ္ႀကိဳက္တာကို ကန္႔ကြက္တာမဟုတ္ဘဲ သားျဖစ္သူကို အႏိုင္က်င့္ေစာ္ကားခဲ့သည့္လူ၏ လက္ထဲ သူ႕သားကို မထည့္ေပးခ်င္တာျဖစ္သည္။သားျဖစ္သူဆီမွာ သမီးတစ္ေယာက္႐ွိၿပီး အမ်ိဳးသားတစ္ေယာက္ႏွင့္ အတူတူေနေၾကာင္းကိုလည္း က်န္းမာေရးေကာင္းလာကတည္းက စုံစမ္း၍ သိ႐ွိထားၿပီးသားျဖစ္သည္။သို႔ေသာ္ သည္အေၾကာင္းအရာေတြကို ႐ွင္မင္းသက္တစ္ေယာက္ သိမသြားခဲ့ေပ။

.................

"သားငယ္ရယ္ "

"သက္ငယ္ရာ ကိုယ္တို႔ကို အရမ္းလြမ္းေနရင္လည္း ေျပာေရာေပါ့။ကိုယ္တို႔က အလည္လာခဲ့မွာေပါ့။အခုလို ကိုယ့္ကိုယ္ကို ထိန္းခ်ဳပ္ေနဖို႔မွမလိုတဲ့ဟာ...."

ကိုေကာင္းထံမွ မခ်ိတင္ကဲ ေရ႐ြတ္သံကိုၾကားေၾကာင့္ ႐ွင္မင္းသက္မွာ "ေတာင္းပန္ပါတယ္ "ဟုသာ ေျပာႏိုင္ေတာ့သည္။

ကိုေကာင္းတို႔ကို ေျပာျပခဲ့သည့္ အေၾကာင္းအရာမ်ားတြင္ သူ႕အေဖက သူတို႔ကို သေဘာမတူဘူးဆိုသည့္အေၾကာင္းေတာ့ မပါခဲ့ေပ။သူ ဘယ္လိုစိတ္ႏွင့္ ေျပာထြက္ႏိုင္ပါ့မလဲေလ။

"ဒီေန႔ အိမ္မျပန္ၾကနဲ႔ေတာ့။သုံးေယာက္လုံး ဒီမွာပဲ ညအိပ္ရမယ္။ၿပီးေတာ့ ေမ့သားငယ္က အရမ္းပိန္ေနေတာ့ ေမ့သားငယ္ႀကိဳက္တာေတြကို ခ်က္ေကြၽးရမယ္။အဲ့ဒါမွ အသားေတြ ျမန္ျမန္ ျပန္ျပည့္လာမွာ....."

႐ွင္မင္းသက္သည္ 'ဘာပဲျဖစ္ျဖစ္ စားႏိုင္ပါတယ္'ဟုေျပာလိုက္ေသာ္လည္း ေမကေတာ့ျဖင့္ ေဈးျခင္းကိုဆြဲကာ ထြက္သြားၿပီးျဖစ္သည္။

ထိုေန႔မွာေတာ့ ေမခ်က္ေကြၽးသည့္ ဟင္းေတြျဖင့္ ညစာကို အျပည့္အေမာက္စားကာ ေမ့အိမ္၌သာ ညအိပ္ခဲ့ၾကသည္။ထို႔အျပင္ ႐ွင္မင္းသက္ တစ္ေလ်ာက္လုံး ေတြးေၾကာက္ေနခဲ့သလို မည္သူကမွ သူ အဆက္သြယ္ျဖတ္ထားခဲ့သည္ကို အျပစ္ေျပာလာျခင္းမ႐ွိေပ။တကယ္ေတာ့ သူ႕အေျခအေနကိုျမင္ၿပီး ေျပာမထြက္ေတာ့ျခင္းသာ ျဖစ္သည္။

ခေလးငယ္ကေတာ့ ႐ွင္မင္းသက္ ဘယ္သြားသြား ၾကက္ေပါက္ေလးေတြလို တေကာက္ေကာက္လိုက္ကာ စကားတစ္လုံးမွ မေျပာဘဲ ႐ွင္မင္းသက္ကိုသာ တခ်ိန္လုံး ဖက္ထားေလသည္။အေမရိကမွာ ႐ွိေနစဥ္က အေၾကာင္းေတြကို ေျပာျပေတာ့လည္း ေသခ်ာ နားဆိုက္ေထာင္ေနခဲ့ေသးသည္။နားလည္ရဲ႕လားေတာ့ ႐ွင္မင္းသက္လည္း မေျပာတတ္ေပ။
သူ႕ခေလးႏွင့္ ေဝးေနတာ ႏွစ္ႏွစ္ေက်ာ္ေတာင္ ႐ွိခဲ့ၿပီး မဟုတ္ပါလား။ထို႔ေၾကာင့္ ခေလးငယ္၏ အမူအရာကို သူမဖတ္တတ္ေတာ့ေပ။

ယေန႔ညမွာေတာ့ သူ႕ အသည္းအသက္ ခေလးငယ္က သူ႕ရင္ခြင္ထဲဝင္ကာ သူ႕ကို တင္းၾကပ္စြာ ဖက္တြယ္ထားသလို ကိုေကာင္းသည္လည္း သူတို႔သားအဖကို ျပန္လည္ဖက္တြယ္ထားသည္ေၾကာင့္ ႐ွင္မင္းသက္သည္ ေကာင္းမြန္စြာ အိပ္ေပ်ာ္ခဲ့သလို အိပ္မက္ေတြလည္း လွပခဲ့သည္။ထိုသားအဖႏွစ္ေယာက္၏ ဖက္တြယ္ထားမႈေၾကာင့္ ႐ွင္မင္းသက္မွာ အသက္႐ႈၾကပ္ခဲ့ရေပမဲ့ ထိုအေႏြးဓာတ္ေတြေၾကာင့္သာ ေကာင္းမြန္စြာ အိပ္ေပ်ာ္ခဲ့ေလသည္။

...................

AN. .တကယ္ေတာ့ သားသမီးကိုလြမ္းလြန္းလို႔အဆက္အသြယ္ျဖတ္တာကို တျခားမိဘေတြက လုပ္ၾကလားမသိေပမဲ့ ကိုယ့္အေမကေတာ့ ကိုယ့္ကို အဆက္သြယ္ျဖတ္ခဲ့ပါတယ္။လုံးကို အဆက္သြယ္ျဖတ္ခဲ့ပါတယ္။ကိုယ့္ကို ေမြးၿပီးကတည္းက ထိုင္းကိုသြားခဲ့တာ ကိုယ္ေလးႏွစ္အ႐ြယ္ေလာက္မွ ျမန္မာႏိုင္ငံကို ျပန္လာခဲ့တာ။ဖုန္းေလးေတာင္ မဆက္သြယ္ခဲ့ဘူး။

ေနာက္ၿပီး ေနာက္တစ္ပိုင္းဆို ၿပီးပါၿပီးလို႔ သတင္းေကာင္းပါးလိုက္ပါတယ္

Continue Reading

You'll Also Like

95.8K 5.2K 45
နှလုံးသား အနီရောင်မဟုတ်တဲ့ နှလုံးသား အမုန်းတရားတွေနဲ့ နှလုံးသား သူတို့ခေါ်တာက အနက်ရောင်နှလုံးသားတဲ့လေ🖤 Uke strong/ Marriagelife / Mature on/ rebirt...
1.6M 150K 46
နိုင်ဦးစေတန်(နိုင္ဦးေစတန္) ချစ်ခြင်းမေတ္တာရဲ့ ကျယ်ပြန့်ပုံကို လေ့လာလို့ မကုန်နိုင်ဘူး ခ်စ္ျခင္းေမတၱာရဲ႕ က်ယ္ျပန႔္ပုံကို ေလ့လာလို႔ မကုန္နိုင္ဘူး နှောင...
508K 36.3K 55
𝑩𝑳(𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅) မွေးစားသားနဲ့ သားအရင်းကြားက အထင်လွဲပြီး မုန်းတီးမှုတွေကနေ အချစ်ဖြစ်လာနိုင်ပါ့မလား!? ေမြးစားသားနဲ႔ သားအရင္းၾကားက အထင္လြဲၿပီး...