《Zawgyi》
အပိုင္း - ၁၉၉
[အၾကင္နာမဲ့တဲ့ဟာေလး - ၁]
ေန႔ရက္ေတြဟာ ေခ်ာေခ်ာေမြ႕ေမြ႕နဲ႔ပဲ ကုန္ဆံုးသြား၏။ အားလပ္ရက္ေတြ ကုန္ဆံုးသြားတာနဲ႔ ခ်င္းစုယြဲ႕နဲ႔ ခ်န္းစီႏ်န္မွာ သူတို႔ရဲ႕ အလုပ္မ်ားလွတဲ့ ပံုမွန္ဘဝထဲ ျပန္ေရာက္သြားၾကသည္။ ကုမၸဏီက စီမံကိန္းအသစ္တစ္ခုကို စတင္ေနသျဖင့္ ခ်န္းစီႏ်န္ဟာ ႏိုဝင္ဘာလအေစာပိုင္း၌ စီးပြားေရးကိစၥခရီးတစ္ခုကိုသြားဖို႔ စီစဥ္ရသည္။
ခ်န္းစီႏ်န္နဲ႔ခ်င္းစုယြဲ႕တို႔က အိပ္ရာထက္တြင္ လဲေလ်ာင္းေနခ်ိန္၌ သူက ထိုခရီးအေၾကာင္းကို ေျပာလာသည္။ ထိုအခ်ိန္၌ သူမက ေတာ္ေတာ္ေလး အိပ္ငိုက္ေနသျဖင့္ ေမးခြန္းတစ္ခြန္းသာ ျပန္ေမးလာသည္။
"ဘယ္ေတာ့ျပန္ေရာက္မွာလဲ?"
"မေသခ်ာဘူး ... လဝက္ေတာ့ အနည္းဆံုးၾကာလိမ့္မယ္ ... အမ်ားဆံုး တစ္လေလာက္ပါပဲ"
"အင္း"
ခ်င္းစုယြဲ႕ရဲ႕မ်က္ေတာင္ေတြက အသာအယာ လႈပ္ခတ္ၿပီးသြားတာနဲ႔ ေစ့မွိတ္သြားေတာ့၏။ ခဏအၾကာမွာ အိပ္ေပ်ာ္သြားသည္။
သူမေရာ လိုက္ခ်င္လားဟု ေမးမလို႔လုပ္ေနတဲ့ ခ်န္းစီႏ်န္မွာေတာ့ ခ်င္းစုယြဲ႕ရဲ႕ အိပ္ေပ်ာ္ေနတဲ့မ်က္ႏွာေလးအား အလိုလိုက္စြာျဖင့္ တသသၾကည့္မိသည္။ သူမအား ပိုနီးကပ္ေအာင္ တိုးဖက္လိုက္ေလရင္း ေလသံတိုးတိုးျဖင့္ ဆူလိုက္ေသး၏။
"အၾကင္နာမဲ့တဲ့ဟာေလး!"
ထို႔ေနာက္မွာေတာ့ သူပါ မ်က္လံုးမွိတ္လိုက္ၿပီး အိပ္လိုက္ေတာ့ေလသည္။
******
ေနာက္တစ္ေန႔မနက္ ခ်င္းစုယြဲ႕ ႏိုးလာတဲ့အခါမွာေတာ့ ေတာ္ေတာ္ေလး ျပန္စဥ္းစားလိုက္ရသည္။
"မေန႔က ကၽြန္မကို တစ္ခုခုေျပာခဲ့ေသးတာလား?"
ခ်န္းစီႏ်န္က သူမအား ၾကည့္ရင္းမွ ဆတ္ခနဲ မ်က္ခံုးပင့္ေလ၏။
"ခ်န္းကေတာ္ခင္ဗ် ... ခင္ဗ်ားရဲ႕ခင္ပြန္းက စီးပြားေရးခရီးတစ္ခု သြားစရာရွိပါတယ္ ... ဘယ္လိုသေဘာရပါသလဲ?"
"ဘယ္ေတာ့သြားမွာလဲ?"
သူမက နည္းနည္းစဥ္းစားၾကည့္ၿပီး ေမး၏။
"ဒီေန႔လယ္"
"အင္း"
"ဒါပဲလား"
သူက ခ်င္းစုယြဲ႕ရဲ႕ တံု႔ျပန္မႈအား ဒီထက္ပိုေမၽွာ္လင့္ထားခဲ့တာပင္။ မ်က္ဝန္းေတြက ေမွးက်ဥ္းသြားကာ ခႏၶာကိုယ္တစ္ဝိုက္၌ အႏၱရာယ္ရွိသည့္ အရွိန္အဝါေတြ ျဖာထြက္လာ၏။ ခ်င္းစုယြဲ႕က ျပံဳးေနရင္းမွ သူ႔ထံေလၽွာက္သြားကာ ေပါင္ေပၚထိုင္္လိုက္သည္။ မွီတြယ္လိုက္ရင္းမွ သူ႔ႏႈတ္ခမ္းေပၚ အနမ္းတစ္ပြင့္ေပးေလသည္။
"အင္း ... ေကာင္းေကာင္းသြားေနာ္ ... သိပ္ၾကာခင္ ျပန္လာခဲ့"
ခ်န္းစီႏ်န္က ေခါင္းကို ျဖည္းျဖည္းခ်င္းေမာ့လာကာ သူမခါးသြယ္သြယ္အားကေန ဆြဲယူလိုက္ရင္း ႏႈတ္ခမ္းဖ်ားေတြကို သိမ္းပိုက္၏။ ကိုက္၍တစ္ဖံု စုပ္နမ္း၍တစ္သြယ္ျဖင့္ အနည္းငယ္ စိတ္ေက်နပ္သြားသည္အထိ သံုးေဆာင္လိုက္ၿပီးမွ သူမကိုလႊတ္ေပးေလသည္။ စိတ္ဆိုးရမယ့္အစား သူမက ျပံဳးေနသည္။
သူတို႔လက္ထပ္ၿပီးထဲက ဒီေလာက္အၾကာႀကီး တစ္ခါမွ မခြဲၾကရဖူးေပ။ ခ်န္းစီႏ်န္က စိတ္မၾကည္မသာျဖစ္ေနေပမယ့္ ေန႔လယ္ေရာက္ေတာ့ ေရြးစရာမရွိပဲ ေလယာဥ္ေပၚတက္ရသည္။ မည္သို႔ပင္ျဖစ္ေစ သူက ေလယာဥ္ေပၚမတက္မွီနဲ႔ ေလယာဥ္ေပၚကဆင္းဆင္းခ်င္းတို႔မွာ သူမကို ဖုန္းေခၚေပလိမ့္မည္။
"အင္း လူလိမၼာေလးပဲ"
ခ်င္းစုယြဲ႕က ရယ္ဟဟဆိုသည္။ ခ်န္းစီႏ်န္ရဲ႕အမူအယာက ဘာလုပ္ရမွန္းေတာင္ မသိေတာ့ပဲ ေခါင္းကိုခါယမ္းကာ အနည္းငယ္ ျပံဳးမိသြားသည္။
အေဖာ္လိုက္လာေပးရတဲ့ လက္ေထာက္ဝမ္မွာ တစ္ေန႔လံုး မုန္တိုင္းထဲက်ေရာက္ေနၿပီးမွ ယခုအခါ သူ႔ေဘာ့စ္ရဲ႕အမူအယာ အနည္းငယ္ တိုးတက္လာတာကိုေတြ႕မွ ႀကိတ္ေပ်ာ္သြားသည္။ ထင္ထားတဲ့အတိုင္း ေဘာ့စ္ရဲ႕အမ်ိဳးသမီးကေတာ့ ေဘာ့စ္ကို စိတ္ၿငိမ္ေအာင္လုပ္ေပးတဲ့ ေနရာမွာ အေတာ္ဆံုး.. အေကာင္းဆံုး..
ခ်န္းစီႏ်န္ရဲ႕ ၾကာေညာင္းလွေသာ အလုပ္ကိစၥခရီးဟ ခ်င္းစုယြဲ႕အတြက္ေတာ့ လက္ထပ္ၿပီးကတည္းက ေပ်ာက္ဆံုးသြားခဲ့ေသာ လြတ္လပ္ကာ အပူအပင္ကင္းေသာ ဘဝကို ျပန္လည္ေပးစြမ္းလာ၏။ သူမက ခ်န္းအိမ္ေတာ္ကိုတစ္လွည့္၊ ခ်င္းအိမ္ေတာ္ကိုတစ္လွည့္ သြားေရာက္ေပးကာ က်န္တဲ့ေန႔ေတြမွာေတာ့ က်ံဳခ်င္းကိုေခၚကာ ႏွစ္ေယာက္သား အျပင္ထြက္ၾကသည္။
သူမတို႔ သူငယ္ခ်င္းႏွစ္ေယာက္က အလုပ္ဆင္းတာနဲ႔ ညစာတူတူစားၾကသည္။ ထို႔ေနာက္ က်ံဳခ်င္းႀကိဳက္တဲ့ သရုပ္ေဆာင္မင္းသားပါသည့္ စံုေထာက္ရုပ္ရွင္အား သြားၾကည့္ၾကသည္။ အဆိုပါ သရုပ္ေဆာင္ဟာ ခႏၶာကိုယ္ေသးငယ္ေဖ်ာ့ေတာ့ၿပီး ေခ်ာေမာတဲ့မ်က္ႏွာပံုရွိ၏။ တစ္နည္းဆိုရေသာ္ လွပသည့္ေကာင္ေလးတစ္ဦးပင္။
ရုပ္ရွင္ၿပီးသြားေတာ့ က်ံဳခ်င္းက ထိုသရုပ္ေဆာင္ရဲ႕ရုပ္ရည္နဲ႔ အိုက္တင္စေကးတို႔ကို တဖြဖြခ်ီးက်ဴးေန၏။
"ဘယ္လိုျဖစ္ၿပီး ငါက် အဲ့တာေတြ မျမင္ႏိုင္ခဲ့ပါလိမ့္ေနာ္?"
ခ်င္းစုယြဲ႕က မစာနာစြာ ေမးေလသည္။ က်ံဳခ်င္းက သံုးစကၠန္႔ေတာင္မဆိုင္းပဲ ျငင္းခုန္ေလ၏။ ခ်င္းစုယြဲ႕ကလည္း ဂရုမစိုက္ေပ။ နင္က သူငယ္ခ်င္းခန္းျဖတ္ခ်င္မွေတာ့ လာေလ ရတယ္...
သူမက အမွိုက္ပံုးကိုရွာေနရင္းမွ မလွမ္းမကမ္းမွ သူမတို႔ရွိရာသို႔ မ်က္ေမွာင္ကုပ္ၾကည့္ေနသည့္ ကၽြမ္က်ဴးအား ေတြ႕လိုက္ရသည္။
လၽွင္ျမန္သြက္လက္စြာျဖင့္ သူမအၾကည့္က ကၽြမ္က်ဴးကိုေက်ာ္ကာ သူ႔ေဘးမွာရပ္ေနသည့္ မလံု႔တလံု ဝတ္ဆင္ထားသည့္ အမ်ိဳးသမီးထံ ေရာက္သြားသည္။
ခ်င္းစုယြဲ႕အၾကည့္က နည္းနည္းေတာ့ မၾကည္မသာျဖစ္သြားသည္။ ဒါေပမယ့္ သူမရဲ႕မေက်နပ္မႈကိုေတာင္ ထုတ္မျပရေသးခင္မွာ ထိုအမ်ိဳးသမီးရဲ႕ မထီတရီအၾကည့္ကိုခံလိုက္ရကာ ကၽြမ္က်ဴးနားကို တိုးကပ္သြားသည္မွာ ခ်င္းစုယြဲ႕အား မ်က္ေမွာင္တြန္႔သြားေစေလ၏။ ထိုအမ်ိဳးသားေလးရဲ႕ အကူအညီေတာင္းတဲ့အၾကည့္အား လ်စ္လ်ဴရႈလိုက္ေတာ့သည္။
"ဟြန္႔!"
"ဘာေတြ မေက်မနပ္ျဖစ္ေနရတာလဲ?"
က်ံဳခ်င္းကေတာ့ နားမလည္စြာ ေမးလာသည္။
"ဘာမွမဟုတ္ပါဘူး"
ခ်င္းစုယြဲ႕က သူမသူငယ္ခ်င္းကို ဆြဲေခၚတဲ့အခ်ိန္မွာပဲ သူငယ္ခ်င္းမက ကၽြမ္က်ဴးဘက္သို႔ ၾကည့္ေနေလၿပီ။
ခ်င္းစုယြဲ႕က သူမလက္ကို ဆြဲလိုက္သည္။
"သြားစို႔"
"အင္း"
က်ံဳခ်င္းရဲ႕သေဘာတူမႈက သူ႔ကိုယ္သူ ေလွာင္လိုက္တာကတစ္ဝက္.. အထင္ေသးတဲ့အျပံဳးက တစ္ဝက္ႏွင့္ျဖစ္သည္။
ရုပ္ရွင္ရံုထဲကထြက္လာေတာ့ ခ်င္းစုယြဲ႕ဟာ ညဘက္ေကာင္းကင္ႀကီးကို ေမာ့ၾကည့္သည္။ က်ယ္ေျပာလွတဲ့ ေကာင္းကင္ႀကီးဟာ သူတို႔ရဲ႕အထက္မွာရွိတဲ့ အေဆာက္အဦအျမင့္ေၾကာင့္ ေလးဘက္ေလးတန္ ေဘာင္ခတ္ထားသည္ႏွင့္ ဆင္တူသည္။ ၾကယ္ေတြနဲ႔ ေငြေသာ္တာလမင္းႀကီးကို မျမင္ရေပ။
က်ံဳခ်င္းက ႏႈတ္ဆိတ္ေနသျဖင့္ ခ်င္းစုယြဲ႕က လႊတ္ခနဲေျပာမိသြားသည္။
"နင္စိတ္ေျပသြားေအာင္လို႔ ငါတို႔ေတြ အထဲဝင္ၿပီး အဲ့ဟာေတြကို သြားရိုက္ၾကမလား? ကၽြမ္က်ဴးကိုေရာ အဲသည္မိန္းမကိုေရာေလ... တစ္ခုခုျဖစ္ရင္ ခ်န္းစီႏ်န္ကို ရွင္းခိုင္းလို္က္မယ္ဟာ"
"ဖြီး"
က်ံဳခ်င္းက ရယ္လာ၏။
"အခု နင့္ၾကည့္ရတာ တကယ္ႀကီး အာဏာကိုအလြဲသံုးစားလုပ္မယ့္သူနဲ႔ တူေနတယ္"
"ငါ့ရဲ႕အခ်စ္ဆံုးသူငယ္ခ်င္းအတြက္ မလုပ္ေပးရဘူးလား?"
က်ံဳခ်င္းက သက္ျပင္းခ်လိုက္ရင္းမွ ျငင္းေလသည္။
"ထားလိုက္ပါဟာ! ငါနဲ႔မွမဆိုင္တာ"
ခ်င္းစုယြဲ႕ကေတာ့ မယံု။
"တကယ္လား"
"အဟက္ .. ဘာမွမခံစားရပါဘူး"
ဒါဟာ ေကာင္ေလးကိုလား ထိုမိန္းမကို ရည္ညႊန္းတာလားဆိုတာေတာ့ ခ်င္းစုယြဲ႕က မေျပာတတ္ေပ။
အေတာ္ၾကာမွ သူမကေျပာလိုက္သည္။
"အဲ့လိုအရႈပ္ေကာင္ကို ေမ့လိုက္သင့္တယ္"
*******
ကဲ book1 ၿပီးသြားၿပီေပါ့ေနာ္။ ဒီဝတၳဳက စုစုေပါင္း ၃၀၂ပိုင္းရွိပါတယ္။ အပိုင္း၂၀၀ book2 ကို အိုင့္wall ထဲမွာ လာဖတ္ေပးပါရွင္။ ဒီေနရာထိေရာက္ေအာင္ ဖတ္ရႈေပးခဲ့ၾကလို႔ ပိစိက ေက်းဇူးအမ်ားႀကီး တင္ပါတယ္။🙆🙇♀️🤎
31.12.2020
**********
《Unicode》
အပိုင်း - ၁၉၉
[အကြင်နာမဲ့တဲ့ဟာလေး - ၁]
နေ့ရက်တွေဟာ ချောချောမွေ့မွေ့နဲ့ပဲ ကုန်ဆုံးသွား၏။ အားလပ်ရက်တွေ ကုန်ဆုံးသွားတာနဲ့ ချင်းစုယွဲ့နဲ့ ချန်းစီနျန်မှာ သူတို့ရဲ့ အလုပ်များလှတဲ့ ပုံမှန်ဘဝထဲ ပြန်ရောက်သွားကြသည်။ ကုမ္ပဏီက စီမံကိန်းအသစ်တစ်ခုကို စတင်နေသဖြင့် ချန်းစီနျန်ဟာ နိုဝင်ဘာလအစောပိုင်း၌ စီးပွားရေးကိစ္စခရီးတစ်ခုကိုသွားဖို့ စီစဉ်ရသည်။
ချန်းစီနျန်နဲ့ချင်းစုယွဲ့တို့က အိပ်ရာထက်တွင် လဲလျောင်းနေချိန်၌ သူက ထိုခရီးအကြောင်းကို ပြောလာသည်။ ထိုအချိန်၌ သူမက တော်တော်လေး အိပ်ငိုက်နေသဖြင့် မေးခွန်းတစ်ခွန်းသာ ပြန်မေးလာသည်။
"ဘယ်တော့ပြန်ရောက်မှာလဲ?"
"မသေချာဘူး ... လဝက်တော့ အနည်းဆုံးကြာလိမ့်မယ် ... အများဆုံး တစ်လလောက်ပါပဲ"
"အင်း"
ချင်းစုယွဲ့ရဲ့မျက်တောင်တွေက အသာအယာ လှုပ်ခတ်ပြီးသွားတာနဲ့ စေ့မှိတ်သွားတော့၏။ ခဏအကြာမှာ အိပ်ပျော်သွားသည်။
သူမရော လိုက်ချင်လားဟု မေးမလို့လုပ်နေတဲ့ ချန်းစီနျန်မှာတော့ ချင်းစုယွဲ့ရဲ့ အိပ်ပျော်နေတဲ့မျက်နှာလေးအား အလိုလိုက်စွာဖြင့် တသသကြည့်မိသည်။ သူမအား ပိုနီးကပ်အောင် တိုးဖက်လိုက်လေရင်း လေသံတိုးတိုးဖြင့် ဆူလိုက်သေး၏။
"အကြင်နာမဲ့တဲ့ဟာလေး!"
ထို့နောက်မှာတော့ သူပါ မျက်လုံးမှိတ်လိုက်ပြီး အိပ်လိုက်တော့လေသည်။
******
နောက်တစ်နေ့မနက် ချင်းစုယွဲ့ နိုးလာတဲ့အခါမှာတော့ တော်တော်လေး ပြန်စဉ်းစားလိုက်ရသည်။
"မနေ့က ကျွန်မကို တစ်ခုခုပြောခဲ့သေးတာလား?"
ချန်းစီနျန်က သူမအား ကြည့်ရင်းမှ ဆတ်ခနဲ မျက်ခုံးပင့်လေ၏။
"ချန်းကတော်ခင်ဗျ ... ခင်ဗျားရဲ့ခင်ပွန်းက စီးပွားရေးခရီးတစ်ခု သွားစရာရှိပါတယ် ... ဘယ်လိုသဘောရပါသလဲ?"
"ဘယ်တော့သွားမှာလဲ?"
သူမက နည်းနည်းစဉ်းစားကြည့်ပြီး မေး၏။
"ဒီနေ့လယ်"
"အင်း"
"ဒါပဲလား"
သူက ချင်းစုယွဲ့ရဲ့ တုံ့ပြန်မှုအား ဒီထက်ပိုမျှော်လင့်ထားခဲ့တာပင်။ မျက်ဝန်းတွေက မှေးကျဉ်းသွားကာ ခန္ဓာကိုယ်တစ်ဝိုက်၌ အန္တရာယ်ရှိသည့် အရှိန်အဝါတွေ ဖြာထွက်လာ၏။ ချင်းစုယွဲ့က ပြုံးနေရင်းမှ သူ့ထံလျှောက်သွားကာ ပေါင်ပေါ်ထိုင််လိုက်သည်။ မှီတွယ်လိုက်ရင်းမှ သူ့နှုတ်ခမ်းပေါ် အနမ်းတစ်ပွင့်ပေးလေသည်။
"အင်း ... ကောင်းကောင်းသွားနော် ... သိပ်ကြာခင် ပြန်လာခဲ့"
ချန်းစီနျန်က ခေါင်းကို ဖြည်းဖြည်းချင်းမော့လာကာ သူမခါးသွယ်သွယ်အားကနေ ဆွဲယူလိုက်ရင်း နှုတ်ခမ်းဖျားတွေကို သိမ်းပိုက်၏။ ကိုက်၍တစ်ဖုံ စုပ်နမ်း၍တစ်သွယ်ဖြင့် အနည်းငယ် စိတ်ကျေနပ်သွားသည်အထိ သုံးဆောင်လိုက်ပြီးမှ သူမကိုလွှတ်ပေးလေသည်။ စိတ်ဆိုးရမယ့်အစား သူမက ပြုံးနေသည်။
သူတို့လက်ထပ်ပြီးထဲက ဒီလောက်အကြာကြီး တစ်ခါမှ မခွဲကြရဖူးပေ။ ချန်းစီနျန်က စိတ်မကြည်မသာဖြစ်နေပေမယ့် နေ့လယ်ရောက်တော့ ရွေးစရာမရှိပဲ လေယာဉ်ပေါ်တက်ရသည်။ မည်သို့ပင်ဖြစ်စေ သူက လေယာဉ်ပေါ်မတက်မှီနဲ့ လေယာဉ်ပေါ်ကဆင်းဆင်းချင်းတို့မှာ သူမကို ဖုန်းခေါ်ပေလိမ့်မည်။
"အင်း လူလိမ္မာလေးပဲ"
ချင်းစုယွဲ့က ရယ်ဟဟဆိုသည်။ ချန်းစီနျန်ရဲ့အမူအယာက ဘာလုပ်ရမှန်းတောင် မသိတော့ပဲ ခေါင်းကိုခါယမ်းကာ အနည်းငယ် ပြုံးမိသွားသည်။
အဖော်လိုက်လာပေးရတဲ့ လက်ထောက်ဝမ်မှာ တစ်နေ့လုံး မုန်တိုင်းထဲကျရောက်နေပြီးမှ ယခုအခါ သူ့ဘော့စ်ရဲ့အမူအယာ အနည်းငယ် တိုးတက်လာတာကိုတွေ့မှ ကြိတ်ပျော်သွားသည်။ ထင်ထားတဲ့အတိုင်း ဘော့စ်ရဲ့အမျိုးသမီးကတော့ ဘော့စ်ကို စိတ်ငြိမ်အောင်လုပ်ပေးတဲ့ နေရာမှာ အတော်ဆုံး.. အကောင်းဆုံး..
ချန်းစီနျန်ရဲ့ ကြာညောင်းလှသော အလုပ်ကိစ္စခရီးဟ ချင်းစုယွဲ့အတွက်တော့ လက်ထပ်ပြီးကတည်းက ပျောက်ဆုံးသွားခဲ့သော လွတ်လပ်ကာ အပူအပင်ကင်းသော ဘဝကို ပြန်လည်ပေးစွမ်းလာ၏။ သူမက ချန်းအိမ်တော်ကိုတစ်လှည့်၊ ချင်းအိမ်တော်ကိုတစ်လှည့် သွားရောက်ပေးကာ ကျန်တဲ့နေ့တွေမှာတော့ ကျုံချင်းကိုခေါ်ကာ နှစ်ယောက်သား အပြင်ထွက်ကြသည်။
သူမတို့ သူငယ်ချင်းနှစ်ယောက်က အလုပ်ဆင်းတာနဲ့ ညစာတူတူစားကြသည်။ ထို့နောက် ကျုံချင်းကြိုက်တဲ့ သရုပ်ဆောင်မင်းသားပါသည့် စုံထောက်ရုပ်ရှင်အား သွားကြည့်ကြသည်။ အဆိုပါ သရုပ်ဆောင်ဟာ ခန္ဓာကိုယ်သေးငယ်ဖျော့တော့ပြီး ချောမောတဲ့မျက်နှာပုံရှိ၏။ တစ်နည်းဆိုရသော် လှပသည့်ကောင်လေးတစ်ဦးပင်။
ရုပ်ရှင်ပြီးသွားတော့ ကျုံချင်းက ထိုသရုပ်ဆောင်ရဲ့ရုပ်ရည်နဲ့ အိုက်တင်စကေးတို့ကို တဖွဖွချီးကျူးနေ၏။
"ဘယ်လိုဖြစ်ပြီး ငါကျ အဲ့တာတွေ မမြင်နိုင်ခဲ့ပါလိမ့်နော်?"
ချင်းစုယွဲ့က မစာနာစွာ မေးလေသည်။ ကျုံချင်းက သုံးစက္ကန့်တောင်မဆိုင်းပဲ ငြင်းခုန်လေ၏။ ချင်းစုယွဲ့ကလည်း ဂရုမစိုက်ပေ။ နင်က သူငယ်ချင်းခန်းဖြတ်ချင်မှတော့ လာလေ ရတယ်...
သူမက အမှိုက်ပုံးကိုရှာနေရင်းမှ မလှမ်းမကမ်းမှ သူမတို့ရှိရာသို့ မျက်မှောင်ကုပ်ကြည့်နေသည့် ကျွမ်ကျူးအား တွေ့လိုက်ရသည်။
လျှင်မြန်သွက်လက်စွာဖြင့် သူမအကြည့်က ကျွမ်ကျူးကိုကျော်ကာ သူ့ဘေးမှာရပ်နေသည့် မလုံ့တလုံ ဝတ်ဆင်ထားသည့် အမျိုးသမီးထံ ရောက်သွားသည်။
ချင်းစုယွဲ့အကြည့်က နည်းနည်းတော့ မကြည်မသာဖြစ်သွားသည်။ ဒါပေမယ့် သူမရဲ့မကျေနပ်မှုကိုတောင် ထုတ်မပြရသေးခင်မှာ ထိုအမျိုးသမီးရဲ့ မထီတရီအကြည့်ကိုခံလိုက်ရကာ ကျွမ်ကျူးနားကို တိုးကပ်သွားသည်မှာ ချင်းစုယွဲ့အား မျက်မှောင်တွန့်သွားစေလေ၏။ ထိုအမျိုးသားလေးရဲ့ အကူအညီတောင်းတဲ့အကြည့်အား လျစ်လျူရှုလိုက်တော့သည်။
"ဟွန့်!"
"ဘာတွေ မကျေမနပ်ဖြစ်နေရတာလဲ?"
ကျုံချင်းကတော့ နားမလည်စွာ မေးလာသည်။
"ဘာမှမဟုတ်ပါဘူး"
ချင်းစုယွဲ့က သူမသူငယ်ချင်းကို ဆွဲခေါ်တဲ့အချိန်မှာပဲ သူငယ်ချင်းမက ကျွမ်ကျူးဘက်သို့ ကြည့်နေလေပြီ။
ချင်းစုယွဲ့က သူမလက်ကို ဆွဲလိုက်သည်။
"သွားစို့"
"အင်း"
ကျုံချင်းရဲ့သဘောတူမှုက သူ့ကိုယ်သူ လှောင်လိုက်တာကတစ်ဝက်.. အထင်သေးတဲ့အပြုံးက တစ်ဝက်နှင့်ဖြစ်သည်။
ရုပ်ရှင်ရုံထဲကထွက်လာတော့ ချင်းစုယွဲ့ဟာ ညဘက်ကောင်းကင်ကြီးကို မော့ကြည့်သည်။ ကျယ်ပြောလှတဲ့ ကောင်းကင်ကြီးဟာ သူတို့ရဲ့အထက်မှာရှိတဲ့ အဆောက်အဦအမြင့်ကြောင့် လေးဘက်လေးတန်မှဘောင်ခတ်ထားသည်နှင့် ဆင်တူသည်။ ကြယ်တွေနဲ့ ငွေသော်တာလမင်းကြီးကို မမြင်ရပေ။
ကျုံချင်းက နှုတ်ဆိတ်နေသဖြင့် ချင်းစုယွဲ့က လွှတ်ခနဲပြောမိသွားသည်။
"နင်စိတ်ပြေသွားအောင်လို့ ငါတို့တွေ အထဲဝင်ပြီး အဲ့ဟာတွေကို သွားရိုက်ကြမလား? ကျွမ်ကျူးကိုရော အဲသည်မိန်းမကိုရောလေ... တစ်ခုခုဖြစ်ရင် ချန်းစီနျန်ကို ရှင်းခိုင်းလိုက်မယ်ဟာ"
"ဖွီး"
ကျုံချင်းက ရယ်လာ၏။
"အခု နင့်ကြည့်ရတာ တကယ်ကြီး အာဏာကိုအလွဲသုံးစားလုပ်မယ့်သူနဲ့ တူနေတယ်"
"ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းအတွက် မလုပ်ပေးရဘူးလား?"
ကျုံချင်းက သက်ပြင်းချလိုက်ရင်းမှ ငြင်းလေသည်။
"ထားလိုက်ပါဟာ! ငါနဲ့မှမဆိုင်တာ"
ချင်းစုယွဲ့ကတော့ မယုံ။
"တကယ်လား"
"အဟက် .. ဘာမှမခံစားရပါဘူး"
ဒါဟာ ကောင်လေးကိုလား ထိုမိန်းမကို ရည်ညွှန်းတာလားဆိုတာတော့ ချင်းစုယွဲ့က မပြောတတ်ပေ။
အတော်ကြာမှ သူမကပြောလိုက်သည်။
"အဲ့လိုအရှုပ်ကောင်ကို မေ့လိုက်သင့်တယ်"
*******
ကဲ book1 ပြီးသွားပြီပေါ့နော်။ ဒီဝတ္ထုက စုစုပေါင်း ၃၀၂ပိုင်းရှိပါတယ်။ အပိုင်း၂၀၀ book2 ကို အိုင့်wall ထဲမှာ လာဖတ်ပေးပါရှင်။ ဒီနေရာထိရောက်အောင် ဖတ်ရှုပေးခဲ့ကြလို့ ပိစိက ကျေးဇူးအများကြီး တင်ပါတယ်။🙆🙇♀️🤎
31.12.2020
**********