Happy House(U+Z)
Autorstwa maylapyaepyae
22K 1.7K 199
bl x bl Uni " ချစ်ခြင်းရဲ့ယဥ်ကျေးမှု " Fic ရဲ့ season 2 ပါ။ Chan နဲ့ KS တို့ရဲ့ ပြသာနာလေးတွေ။ သူတို့ရဲ့ baby... Więcej
Intro
Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Hawaii's Album
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-23
Ch-22
Ch-24
Ch-25
Ch-26
🌺🌺🌺
Ch-27
Ch-28
Ch-29
🌺🌺🌺
Ch-30
Ch-31
Ch-32
Ch-33
ကျေးဇူးတင်လွှာ
ဈေးဗန်း(ေဈးဗန္း)
Ch-34(Final)
780 36 2
Autorstwa maylapyaepyae
Uni
***အဆင့်များပြီးခက်တဲ့ပုစ္ဆာတွေက အမှတ်များများရတက်တယ်တဲ့.. ဒါပေမဲ့အဖြေမှန်ဖို့တော့လိုတာပေါ့...
ကိုယ်လည်း မင်းနဲ့ပက်သက်ပြီးတွက်ခဲ့တဲ့ပုစ္ဆာရဲ့အဖြေဟာ မှန်ကန်မယ်လို့မျှော်လင့်ရင်း......
____________________________
" မင်း အကုန်သိသွားပြီဆိုတော့ ဘာများပြောခဲ့ချင်လဲ ငါကမင်းကို အဆုံးသတ်ပေးတော့မှာဆိုတော့..ဟက် "
" အဲ့စကားကို ကျွန်တော်ကပြောသင့်တာမလား Do Minyoon "
" ဟက် မင်းက ငါ့ကိုဖမ်းနိုင်မယ်ထင်လား "
" ခင်ဗျားကရော ကျွန်တော့်ကို နိုင်မယ်ထင်လို့လား "
Chanyeol ရဲ့ခပ်ရွဲ့ရွဲ့စကားအဆုံးမှာ ပစ်ဆိုတဲ့အသံနဲ့အတူ သေနတ်ပစ်ခတ်သံတွေဟာ ထွက်ပေါ်လာခဲ့သည်။
Chanyeol ဟာ သေနတ်သံထွက်ပေါ်လာတာနဲ့တစ်ပြိုက်တည်း ကားပေါ်ပြေးတက်ခဲ့တာကြောင့် လုံခြုံသေးတယ်ပြောရမည်။ ဒါပေမဲ့ ကျည်ဆန်တွေဟာ မိုးရွာသလို နေရာအနှံ့ပြန့်နေတာကြောင့် အကုန်လုံးအကွယ်မှာသာနေနေရသည်။
" မဖြစ်တော့ဘူး ငါသူတို့ဘက်ကိုသွားမယ် "
" မဖြစ်ဘူး!! "
Chanyeol ရဲ့စကားကြောင့် Chanyeol ရဲ့အတွင်းရေးမှူး တားလေသည်။
" မတားနဲ့ ငါသွားမှရမှာ "
" ဒါပေမဲ့ Boss!! Boss!! "
အတွင်းရေးမှူးလေးရဲ့စကားမဆုံးခင်မှာပဲ Chanyeol ကထွက်သွားခဲ့လေသည်။
" အခုချက်ချင်းရပ်လိုက်တော့ Boss က ဟိုဘက်ကားပေါ်ရောက်သွားပြီ "
ဟုတ်ပါတယ် မျက်စိတစ်မှိတ်အတွင်းရောက်သွားတဲ့ Chanyeol ကြောင့် Chanyeol ဘက်ကလူတွေ ပစ်ခတ်နေတာကို ရပ်လိုက်ရလေသည်။
အဲ့အချိန်မှာပဲ Lay နဲ့ Suho ‌တို့ရဲ့အကူတွေရောက်လာလေသည်။
ဟိုဘက်က အခြေနေမဟန်တာကြောင့် အကုန်လုံးနောက်ဆုတ်ပြေးလေတော့သည်။ Chanyeol ပါ ပါသွားတာကြောင့် Lay နဲ့ Suho ဟာ ကားပေါ်ပြေးတက်ကာ ထိုကားတွေနောက်လိုက်လေတော့သည်။
Chanyeol ကားပေါ်ရောက်တုန်းရှိသေးတယ် တစ်ဖက်က‌ဓားထုတ်ကာတိုက်ခိုက်လာတာကြောင့် ထိုလူနဲ့တိုက်ခိုက်နေရသည်။ ထိုအချိန်မှာပဲ ကားပေါ်လူတစ်ယောက်တက်လာကာ မောင်းထွက်သွားလေသည်။ သို့သော်လည်း Chanyeol နဲ့ ထိုလူကတော့ တိုက်ခိုက်၍မပြီးနိုင်သေး။
Lay နဲ့ Suho တို့ကလည်း နောက်ကနေလိုက်လာကာ Chanyeol တို့ကားကိုမှီလာသည်။
Lay က Chanyeol တို့ရဲ့ကားကိုဘေးကနေဝင်တိုက်ဖို့ကြိုးစားသည်။ သူတို့ရည်ရွယ်တာက Chanyeol ရဲ့ကားကို ရပ်စေရန်သာ။ သို့သော်....
" ဝုန်း ဒုန်း "
ကားက ကားလမ်းမကြီစထက်၌တစ်ပက်လိမ့်ကာ မှောက်သွားတော့သည်။
" တောက် သောက်ကြောက်ပဲ ကားကဘေးကနေဝင်တိုက်တာ တစ်ခါပဲရှိသေးတယ် လူမိုက်လုပ်နေပြီး -ျီးပဲ "
Lay စိတ်တိုတိုနဲ့ကားရပ်ကာ ကားပေါ်က ဆင်းကာ ထိုကားမှောက်တဲ့နေရာသို့သွားလေသည်။
ထိုစဉ်မှာပဲ ကားထဲကထွက်လာတဲ့ Chanyeol ။ Suho ကလည်း အပြေးသွားလေသည်။
" အုန်း!!! "
" Myeon လေး!!! Chan!! "
Lay ရဲ့အော်သံအဆုံးမှောက်သွားတဲ့ကားက မီးလောင်သွားသလို Suho သည်လည်းလဲကျသွားလေသည် ။ ထို့အတူ Chanyeol သည်လည်း........
_____________________________
Kyungsoo သမီးလေးကို သိပ်ပြီး ချောင်ထဲရေသောက်ဖို့ရေခွက်ကိုယူလိုက်တဲ့အချိန်မှာပဲ....
" ခွမ်း! "
ဖန်ခွက်ဟာ ရုတ်တရက်ကြကွဲသွားလေသည်။
" ဘာဖြစ်တာလဲ Kyungsoo "
" ဖန်.. ဖန်ခွက်! Chan တစ်ခုခုဖြစ်နေပြီထင်တယ် "
" အဆင်ပြေမှာပါ Kyungsoo ရာ "
Baek Kyungsoo ကိုချော့နေသော်လည်း သူကိုယ်တိုင်စိတ်ပူနေမိသည်။
ဟူး ...အ‌ဆင်ပြေမှာပါ...
___________________________
Lay အပြေးသွားခဲ့ပေမဲ့ Myeon လေးက ကားလမ်းမထက် လဲကျနေပြီး ကားကတော့ မီးလောင်နေတာက တစ်ဝက်ကျော်နေခဲ့ပြီ။ Chan ကိုတော့ မတွေ့တော့ပေ။
" Boss!!! "
Chan ရဲ့အတွင်းရေးမှူးကတော့ ကားပေါ်ကနေ ဆင်းကာ Chan ကိုအော်ရှာတော့သည်။
Lay ကတော့ Chan ကိုပဲပြေးရှာရမလား ။ Myeon လေးကိုပဲပြေးပွေ့ရမလား လမ်းပျောက်နေတော့သည်။ သူ့မှာ ကျောက်ရုပ်တစ်ရုပ်လိုသာ...
ဘေးက Chan အတွင်းရေးမှူးက Myeon လေးကိုဆွဲထူမှ အသိဝင်ကာ ပြေးပွေ့ရတော့သည်။
နောက်တော့ လူအင်အား အပြင် ရဲအင်အားတွေပါသုံးကာ ရှာဝော့ာသည်။ Do Minyoon နဲ့ လီဂျွန်ထယ် ကို US နယ်မြို့တစ်ခုမှာ US ရဲတပ်ဖွဲ့က ဖမ်းမိလေသည်။ Chan ကိုတော့ ဘယ်မှာမှရှာမတွေ့တော့ပေ။
___________________________
" 3 နှစ်ကြာပြီနောက် "
" သမီးလေးရေ "
Kyungsoo အလုပ်ကပြန်လာပြီး သမီးလေးကိုခေါ်ကာ အိမ်ထဲသို့ဝင်လာလိုက်သည်။
သမီးလေးနဲ့အတူဆော့နေတဲ့ hyun လေးကိုတွေ့လိုက်ရလေသည်။
ဒီနှစ်ပိုင်းအတွင်းမှာ Chan မရှိတော့တဲ့နောက်ပိုင်း Kyungsoo က သူကိုယ်တိုင်ဦးစီးကာ Chan ရဲ့လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့လေသည်။ တစ်ဖက်ကလည်း Chan ကိုရှာတာမရပ်ခဲ့ပေ။ သမီးလေးကိုတော့ Baek က ‌ကူထိန်းပေးခဲ့သည်။ Kai က‌ သူရဲ့ဦးလေးနဲ့လီဂျွန်ထယ်တို့ရဲ့အမှုကို သူကိုယ်တိုင်စီရင်ခဲ့သည်။ Lay ကတော့ Suho ရဲ့ထိခိုက်မှုကြောင့် တရုတ်မှာသာဆေးကုနေခဲ့သည်။ တစ်ဖက်ကလည်း Chan ကိုကူရှာပေးနေကြသည်။
Chan ပျောက်သွားတယ်ဟုဆိုလာတဲ့အချိန် Kyungsoo သူ့ရဲ့စိတ်အစုံကို လွတ်ထွက်မသွားအောင် မနည်းကြိုးစားခဲ့ကာ သမီးလေးကြောင့် သူအားတင်းခဲ့သည်။ နောက်ပြီး သူယုံကြည်တယ် တစ်နေ့ Chan ပြန်လာလိမ့်မယ်ဆိုတာကို‌ပေါ့ ။
" ပါး "
ဆိုတဲ့အသံကြားမှ သူတွေးနေရာက အသိပြန်ဝင်လာသည်။
" ဟား သမီးလေးကတော့ကွာ "
သူ့နားကို လုံးတုံးလုံးတုံးလျှောက်လာတဲ့ သမီးလေးကိုကြည့်ပြီးအသဲယားတာကြောင့် ချီလိုက်ကာ မျက်နှာသေးသေးလေးအပေါ် နမ်းချလိုက်သည်။
" ခစ်ခစ် "
တခစ်ခစ်ရယ်နေတဲ့ သမီးလေးက သူ့ရဲ့အမောဖြေဆေးလေးပင်။
" သားသား နဲ့ မီးမီးလေးရေ "
မီးဖိုချောင်ကနေထွက်လာတဲ့ Baek ရဲ့အသံကြောင့် ဆော့နေတဲ့ Hyun လေးနဲ့သူ့လက်ပေါ်က သမီးလေးက ခေါင်းထောင်သွားကြသည်။ ဟုတ်မှာပေါ့ ။ အဲ့လိုခေါ်ရင် မုန့်စားရတော့မယ်ဆိုတာ သိတာကြောင့်ပင်။ တကယ့် အလည်လေးတွေ။
" Kyungsoo ရောက်နေပြီမလား သားနဲ့သမီးလေးကို ခေါ်ခဲ့လိုက်လေ ပြီးတော့ မင်းအတွက်လည်း အဆာပြေပြင်ထားတယ် "
" အေး အေး ခနအဝတ်စားလဲပြီးလာခဲ့မယ် "
" သမီးလေးရေ ဒီမှာကိုကိုနဲ့ခနနေခဲ့အုံးနော် ပါး အဝတ်သွားလဲလိုက်အုံးမယ် "
သမီးလေးကို ခနထားခဲ့ကာ အဝတ်အစားအမြန်လဲပြီးပြန်ဆင်းလာခဲ့လိုက်သည်။
" ပါးတို့ ပါးပါး Baek ရဲ့ မုန့်တွေသွားစားကြမယ် "
Kyungsoo သားသားနဲ့မီးမီးလေးကို တစ်ပြိုက်နက်ပွေ့ချီပြီး ထမင်းစားခန်းထဲသို့ဝင်လိုက်သည်။
ထမင်းစားခန်းထဲမှာ Baek က သားသားနဲ့မီးမီးအတွက် ချစ်ရာအရုပ်လေးတွေနဲ့ပြင်ဆင်ပေးထားပြီး သူ့အတွက်ကတော့ အဆာပြေမုန့်တစ်မျိုးပြင်ပေးထားသည်။
" အဲ့တာကုန်အောင်စား မင်းအတွက်ငါကိုယ်တိုင်မနည်းကြိုးစားလုပ်ထားရတာ "
Baek ကပြောလည်းပြော သူလည်းကလေးတွေကို မုန့်တွေ‌ခွံ့ကျွေးလေသည်။ Kyungsoo အစားအသောက်ပျက်ခဲ့တဲ့နေတွေကမနည်းတာကြောင့် Baek က အလိုက်တသိပြင်ပေးထားသည်။ သူကဒီနေ့မှ အိမ်စောစောပြန်လာနိုင်သည်မလား။
သူလည်း Baek ပြင်ပေးသမျှကို ကလေးတွေနဲ့အပြိုင်စားလိုက်တော့သည်။ Baek ကတော့ အကုန်စားသွားလို့ ကျေနပ်နေသည့်ပုံ။
Kyungsoo နဲ့ Baek သမီးလေးနဲ့သား နဲ့အတူ တစ်ညနေလုံးအဖော်ပြုပေးနေခဲ့သည်။ သမီးလေးနဲ့သားကို အတူသိပ်လိုက်ပြီး Baek ကတော့ တစ်နေကုန်ကလေးထိန်းရတာကြောင့် ပင်ပန်းကာအိပ်ပျော်သွားလေတော့သည်။ Kyungsoo အိပ်မပျော်တာကြောင့် ထကာ ခြံထဲသို့ဆင်းလိုက်သည်။
ပန်းပင်တွေမြင်းတိုင်း ပန်း‌စိုက်တက်တဲ့ Chan ကိုသတိရသည်။ ပန်းလေးတွေက အကြမ်းမခံပေမဲ့ သူတို့ဘာသာသူတို့ရှင်သန်အောင်ကြိုးစားနေထိုင်တာကြောင့် သဘောကျသည်ဟုလည်းပြောခဲ့ဖူးတာကိုလည်းသတိရသည်။ ခြံတစ်ခုလုံး Chan ကိုသတိရတိုင်းပန်းတွေစိုက်ဖြစ်တာကြောင့် ပန်းတွေနဲ့ပြည့်နှက်နေသည်။ လရောင်အောက်က ပန်းတွေက လေညင်းနဲ့အတူ ယိမ်းနွဲ့နေသည်က ပို၍လွမ်းမောဖွယ်ကောင်းနေခဲ့သည်။
" လွမ်းလိုက်တာ Chan ရာ....
အမြန်ပြန်လာပါတော့.... "
တီးတိုးရွက်ဆိုသံတစ်ခုက ခြံဝန်းအတွင်းပျံ့နှံ့သွားလေသည်။
" ကိုယ်ပြန်လာပြီ ငယ် "
" ဟင် "
Kyungsoo အသံကြားရာကြည့်မိဆော့ဘာမှမရှိ။ သူနားကြားမှားလေသလား ။ ညဉ့်နက်လာတာကြောင့် သူအိမ်ထဲဝင်ဖို့ပြင်လိုက်သည်။
" ကိုယ်ပြန်လာပြီ ငယ် "
" ဟင် "
သူထပ်ကြားပြန်သည်။ နေရာအနှံ့ကြည့်သော်လည်းမတွေ့တာမို့ စိတ်ရှုပ်ကာဝမ်းနည်းလာရသည်။ နောက်တော့ထိုနေရာကမရွေ့ဘဲ မျက်ရည်တွေကျမိတော့သည်။
ရုတ်တရတ်အနောက်ကနေသိုင်းဖက်လာတဲ့လက်တစ်စုံကြောင့် လူကထိပ်ကနေဖြစ်သွားသည်။ ဒါပေမဲ့ရင်နှီးတဲ့အငွေ့အသက်ကြောင့် မဖယ်ရှားမိ။ မျက်ဝန်းထဲကမျက်ရည်တွေက အဆုံးမသတ်နိုင်ခဲ့။
" ကိုယ်တောင်းပန်ပါတယ် ငယ် "
Chanyeol ရင်ထဲကစကားတစ်ခွန်းသာ။ သူတို့နှစ်ယောက်ကြားမှာ စကားတွေမလိုဘဲ နားလည်မှုတွေဘဲရှိသည်လေ။ ဒီနေ့ည ဝအောင်ငိုပါငယ်။ နောက်နေ့တွေကစပြီး ငိုစရာတွေမရှိအောင် ကိုယ်ကြိုးစားမှာမို့။ ဒီနေ့တစ်ညထဲ ငိုပေးပါ။ သူလွန်ခဲ့တဲ့ 3 နှစ်က ဘာတွေကြုံခဲ့လဲ ဘာတွေဖြစ်ခဲ့လဲဆိုတာ သူပြန်ပြောမှာမဟုတ်ပေ။ သူပြန်မရောက်လာနိုင်တဲ့အပေါ် သူနောင်တရမှာလည်း မဟုတ်တာကြောင့် ။ ပစ္စပ္ပုန်နဲ့အနာဂတ်မှာ ငယ်တို့သားအဖ‌အပေါ် အတိတ်ကထက်ပိုတိုးပြီချစ်သွားပေးမည်။ သူနဲ့ငယ်ရဲ့ ခံစားခဲ့ရတဲ့နာကျင်မှုအတိတ်တွေကို ခဝါချရင်း အနာဂတ်မှာ လူတကာအားကျရတဲ့ မိသားစုလေးအဖြစ်ဖန်တီးပေးမည်။ ကောင်းတဲ့မိသားစုလေးအဖြစ်ဖန်တီးဖို့အစီအစဉ်တွေချရင်း...........
10 နှစ်....
နှစ် 20....
နှစ် 30....
..................
..................
ရတုဆက်ပေါင်းများစွာတိုင်အောင် Chan က Kyungsoo နဲ့သူ့ရဲ့သမီးလေးကို အချစ်တွေတိုးကာ ပျော်ရွင်ဖွယ်မိသားစုလေးဖြစ်အောင်ဖန်တီးပေးခဲ့သည်။ Kai Baek တို့မိသားစု Lay နဲ့ Suho ၊ Luhan နဲ့ Sehun , Kris နဲ့ Tao , Xuimin နဲ့ Chen တို့သည်လည်း Chanyeol က Kyungsoo အတွက်ဖန်တီးပေးခဲ့တဲ့ခြံဝန်းကြီးမှာ သူတို့လည်းအိမ်ဆောက်ကာလာနေခဲ့ကြသည်။ တစ်စုတစ်စည်းထဲဖြစ်သွားတဲ့ သူတို့12ယောက်ဟာ သာယာအေးချမ်းတဲ့မိသားစုဘဝတွေကိုဖြတ်သန်းခဲ့ကြသည်။ မီးမီးလေးနဲ့သားသားတို့ဟာလည်း အဖေ 12 နှစ်ယောက်ရဲ့မေတ္တာဓာတ်တွေနဲ့ပျော်ရွင်စွာ ဘဝကိုဖြတ်သန်းခဲ့ကြသည်။
ရှုတ်ထွေးမှုတွေ ၊ ဝမ်းနည်းမှုတွေ ၊ နာကျင်မှုတွေ တွေမရှိတဲ့ Happy House စံအိမ်မှာရှိတဲ့ ပါးပါး12 နှစ်ယောက်နဲ့ သားသားနဲ့မီးမီးလေးကို တိုက်ဆိုင်မှုတွေရှိတိုင်း အမှတ်ရလိမ့်မည်ဟု မျှော်လင့်ရင်း.........
ဒီဇာတ်လမ်းလေးကို ဒီမှာတင်တစ်ခန်းရပ်ပါရစေ။
သာယာပျော်ရွင်တဲ့မိသားစုဘဝလေး‌တွေကို ပိုင်ဆိုင်နိုင်ကြပါစေ။
နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ဘဝကိုပျော်ပျော်ကြီးစတင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ စာဖတ်သူအကုန်လုံး ကျန်းမာရွှင်လန်းကြပါစေ။
Good bye.......
***အတွေ့အကြုံနဲ့ရင်းပြီးရခဲ့တဲ့ ခက်ခဲတဲ့ပုစ္ဆာတစ်ပုဒ်ဟာ ရလဒ်အနေနဲ့အခုချိန်မှာတော့ မှန်ကန်နေခဲ့သည်
<<<<<<<<<<<<<<<<<<<<<
Zawgyi
____________________________
" မဖြစ်ဘူး!! "
" မတားနဲ့ ငါသွားမှရမှာ "
" ဒါပေမဲ့ Boss!! Boss!! "
" ဝုန်း ဒုန်း "
" အုန်း!!! "
" Myeon လေး!!! Chan!! "
_____________________________
" ခွမ်း! "
" ဘာဖြစ်တာလဲ Kyungsoo "
ဟူး ...အ‌ဆင်ပြေမှာပါ...
___________________________
" Boss!!! "
___________________________
" 3 နှစ်ကြာပြီနောက် "
" သမီးလေးရေ "
" ပါး "
" ဟား သမီးလေးကတော့ကွာ "
" ခစ်ခစ် "
" လွမ်းလိုက်တာ Chan ရာ....
အမြန်ပြန်လာပါတော့.... "
" ကိုယ်ပြန်လာပြီ ငယ် "
" ဟင် "
" ကိုယ်ပြန်လာပြီ ငယ် "
" ဟင် "
10 နှစ်....
နှစ် 20....
နှစ် 30....
..................
..................
Good bye.......
Czytaj Dalej
To Też Polubisz
305K 52.3K 64
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
157K 9.8K 20
ကမ္ဘာပေါ်မှာ လူပေါင်း billion ချီပြီးရှိနေလည်း ကျွန်မအကြည့်တွေက ရှင့်တ​ယောက်အတွက်သာ။
11.8K 1.1K 14
Update secedule - February restart ပါဗျ။ ငါ့အတွက် ရွေးချယ်ခွင့်တွေနောက်ထပ်ရှိလာမယ်ဆိုရင်တောင် ငါ့ရွေးချယ်မှုက မင်းတစ်ယောက်ပဲ ဖြစ်နေအုံးမှာပါ.........
12K 1K 19
" ပိစိလေး စကားကိုကြည့်ပြော မင်းလိုကိုယ်ကငုတ်တိုမဟုတ်ဘူး " " ဘာ! ခင်များ လူယုတ်မာ သူတောင်းစားကြီး ရုပ်နဲ့လိုက်ပါ့ ညစ်ပတ်လိုက်တာ " Cover ပုံကArtist ကိ...