Simplicity of love √Complete...

Zante7 által

203K 18K 915

အချစ်ဆိုတဲ့အရာကိုထူးဆန်းတယ်ဆိုပြီးထူးဆန်းစွာဖြစ်ပေါ်လာမယ့်အချစ်မျိုးကိုစိတ်ကူးထဲပုံဖော်နေမိတာ...... တကယ်လက်တွ... Több

ep 1
ep 2
ep 3
ep 4
ep 5
ep 6
ep 7
ep 9
ep 10
ep 11
ep 12
ep 13
ep 14
ep 15
ep 16
ep 17
ep 17(zawgyi)
ep 18
Final
Special Thanks
Extra
Extra
Christmas🎄

ep 8

8K 839 44
Zante7 által

#Unicode
ဧည့်ခန်းထဲမှာတိတ်ဆိတ်နေတာလူရှိနေတယ်လို့ မထင်ရတဲ့အခြေအနေ။
ဖုန်းယူသွားလို့အဆက်အသွယ်ရရင်တောင်ဒီလောက်ဒေါသထွက်စရာအကြောင်းမရှိ။အခုကဖုန်းလည်းဆက်မရ သူ့သူငယ်ချင်းတွေဖုန်းလည်းမသိပေးထားတဲ့cardထဲကသာငွေထုတ်သွားတဲ့message တွေဝင်လာတယ်။ဘယ်လိုက်ရမှန်းမသိဘာဖြစ်နေမှန်းမသိတဲ့အခြေအနေမှာထိုင်စောင့်နေရတာအလွန်ကိုစိတ်ပူနေရတယ်ဆိုတာမသိတာလား။

"ပြောစမ်းပါအုံး မင်းကိုမှာခဲ့တာတွေနဲ့တလွဲတွေလုပ်သွားတဲ့အကြောင်း ငါဘယ်လိုစိတ်ချရမှာလဲ မင်းတစ်ခုခုဖြစ်သွားရင်အခုချိန်မှာငါ့ခေါင်းပေါ်အကုန်ကျလာမှာ မင်းမိဘတွေကဘာပြောမယ်များထင်နေလဲ မင်းအဘိုးကလည်းငါ့ကိုစိတ်ချလို့ထားတာလေ ဘာမှမစဉ်းစားဘဲလျှောက်လုပ်နေတာတွေကတော်ယုံဘဲကောင်းတယ်
ထယ်ယောင်း"

"ဟိုကလေးမလေးကဘယ်သူလဲ ဘာလို့ ဒယ်ဒီလို့ခေါ်တာလဲ"

"စကားလမ်းကြောင်းမလွှဲနဲ့ မင်းငါမေးတာသာဖြေ"

"အခုချိန်မှာဘာမှမဖြေနိုင်ဘူး ကြိုက်သလိုလုပ် ဘာပြောပြောယုံပေးမှာမှမဟုတ်တာ အဲ့ကောင်မလေးကဘယ်သူလဲဂျွန်"

ထယ်ယောင်းကို လိမ်နေတာလို့လည်းပြောထားသည်။သူ့ကိုချစ်တဲ့အချစ်တွေကိုလည်းမထီမဲ့မြင်ပြုပြီးပြောဆိုထားသည်။အခုဘယ်ကမှန်းမသိတဲ့ကလေးနဲ့အိမ်ပြန်ရောက်နေသည်။
အဲ့တော့ဘာဖြေရှင်းချက်မှမပေးဘူးကြိုက်သလိုလုပ်ပါစေတော့ ကျွန်တော်စိတ်ကုန်ရင်သူများနဲ့မတူဘူးဂျွန်။

"ငါ့သမီး သူဒယ်ဒီလို့ခေါ်တာမင်းမကြားလိုက်ဘူးလား"

"ကြားလိုက်တယ် အဲ့လိုကလေးရှိနေရဲ့သားနဲ့...ဘာလို့.. တော်ပါပြီမနက်ကျမှရှင်းပြပေးမယ်အခုကျွန်တော်ပြောပြလည်း ပိုဒေါသထွက်ဖို့ပဲရှိတယ်"

သူ့ရှေ့ကနေထွက်လာဖို့ပြင်တော့လက်ကိုစောင့်ဆွဲပြီးခေါ်လာကာ
ထယ်ယောင်းနေတဲ့အခန်းထဲတွန်းလွှတ်ရင်းသူပါဝင်လာသည်။

"ငါ့ကိုအဲ့လိုလုပ်လို့မရဘူး မင်းအကုန်ဖြစ်လာတာပြောပြ ကလေးဟိုဘက်အခန်းမှာအိပ်နေတယ် အသံမကျယ်နဲ့"

အံကြိတ်ပြီးထယ်ယောင်းကိုပြောနေပုံကဒေါသထွက်နေတယ်ဆိုတာမျက်ဝန်းတွေကသက်သေပြနေသည်။

"မနက်မှ.... မနက်မှအကုန်ပြောပြမယ် အခုကျွန်တော့်ကိုလွှတ်ထားပေးပါ ကျေးဇူးပြု၍ တောင်းပန်ပါတယ်"

"မင်းလုပ်ချင်တာကြလုပ်ပြီး ရှင်းပြဖို့ကြတော့ မနက်တွေ နေ့တွေ ညတွေနဲ့မရဘူး အခုပြော"

ဂျောင်ဂုကိုကျောခိုင်းပြီးသူ့ရဲ့ပိုက်ဆံအိတ်ထဲက cardကိုထုတ်လာတာတွေ့ရသည်။

"ကျွန်တော်တို့မွေးနေ့ပွဲလုပ်တဲ့ clubမှာရန်ဖြစ်ခဲ့တယ် အဲ့ဒါပျက်စီးသွားတာတွေအတွက်ဂျွန်ရဲ့ ပိုက်ဆံကိုသုံးလိုက်မိတာ ဒီထဲမှာစုထားတာတွေရှိတယ် လိုအပ်ရင်သုံးဖို့ဆိုပြီး အခုအဲ့လောက်အတိတော့မဟုတ်ပေမယ့် တစ်ဝက်တော့ပြည့်မှာပါ နောက်ကျန်တဲ့ဟာကိုပြန်ဆပ်ပါ့မယ်"

"ဖုန်းယူမသွားတဲ့ကိစ္စ တစ်ယောက်ထဲသွားတာ လူတွေပြန်ချိန်မဟုတ်ဘဲပြန်ရောက်လာတာ ငါ့စကားတွေကိုအရေးမလုပ်တာ အခုသုံးခဲ့တဲ့ငွေတွေကိုလည်း မင်းကပေါ့ပျက်ပျက်ပဲပြောသွားတာပဲ မင်းအကုန် အစအဆုံးဘာကြောင့်လဲဆိုတာပြောပြလေ"

ထယ်ယောင်းဘယ်လိုမှထိန်းချုပ်လို့မရတော့ပေ။သည်းခံစိတ်ဟာကုန်ဆုံးနေပြီ။စိတ်ရှိလက်ရှိအော်ချလိုက်တော့သည်။

"တော်ပါတော့ ဘာမှမပြောချင်ဘူးလို့ပြောထားတယ်လေ လူလိမ်လို့ပြောထားရင်တော်ရောပေါ့ ကျွန်တော့်အချစ်တွေကိုစော်ကားထားရင် တော်ရောပေါ့ ခင်ဗျားနဲ့နောက်ဘယ်တော့မှမပတ်သတ်ချင်တော့ဘူး ကျွန်တော့်ပါအေးအေးဆေးဆေးနေထိုင်နေတဲ့
ကျွန်တော့်ဘဝထဲကို ခင်ဗျားရောက်လာတာလေ အခုထွက်သွားတော့မှာ ဒီအိမ်မှာမနေဘူး"

"ဘာလို့အော်နေတာလည်းမင်း
သွားချင်သပဆိုငါ့ပိုက်ဆံတွေကျေမှသွား မင်းသုံးခဲ့တာတွေကငါ့ရဲ့ရာထူးကြီးတဲ့ဝန်ထမ်းတွေလခအတိုင်းဆိုရင်တောင် ၁၀လစာလောက်ရှိတယ်မင်းလိုအဆင့်နဲ့ဆို နှစ်ပေါက်အောင်လုပ်ဆပ်ရမှာ မင်းမသိပါဘူး သူများတွေအဲ့လောက်ပိုက်ဆံရဖို့ ထမင်းစားရဖို့ဘယ်လောက်ကြိုးစားရုန်းကန်နေရလည်းဆိုတာ မင်းမသိဘူး သူဌေးသားဆိုတဲ့အရှိန်သာဖယ်လိုက်ရင် မင်းကလမ်းဘေးရောက်မှာ ဘာမှသုံးစားမရတဲ့လမ်းဘေးကလူဖြစ်နေမှာ"

"ဒယ်ဒီ သူကဘယ်သူလည်းဟင် တစ်ခါမှမတွေ့ဖူးဘူး ဆူညံနေတာပဲ အိပ်ကြမယ်လေ"

ထယ်ယောင်းအော်သံကြောင့် အန်နာလေးနိုးလာတာဖြစ်လိမ့်မည်။
ဂျွန်အန်နာ ဆိုတာဂျောင်ဂုအမဝမ်းကွဲရဲ့သမီးလေးဖြစ်သည်။အသက်က ၁၀နှစ်ရှိပြီး သူ့အမေရဲ့သွန်သင်မှုတွေနဲ့အတူအရိပ်အကဲသိတက်နားလည်သော
ကလေးတစ်ယောက်ဖြစ်သည်။

"အန်နာ သွားနှင့်နော် ဒယ်ဒီလိုက်ခဲ့မယ်"

"ဟုတ်ကဲ့"

ညဝတ်ဂါဝန်လှလှလေးဝတ်ကာထယ်ယောင်းကိုတစ်ချက်ကြည့်ပြီးချာခနဲလှည့်ထွက်သွားသည်။

"မင်းမနက်ကြအကုန်ရှင်းပြဖို့မျှော်လင့်တယ် အိပ်လိုက်တော့"

"ခင်ဗျားကြတော့ဘာရှင်းပြလို့လည်း သူကဘယ်သူလဲ ဘာလို့ဒယ်ဒီခေါ်နေတာလည်း အခုရှင်းပြအကုန်ရှင်းပြ မဟုတ်ရင် အဲ့ကောင်မလေးဆီမသွားရဘူးမှတ်"

ဂျောင်ဂုကိုမသွားရဘူးဆိုတဲ့ပုံစံနဲ့အခန်းတံခါးကိုကျောမှီရပ်ထားရင်း အကုန်ပြောဆိုတဲ့အနေအထားနဲ့ရပ်နေသည်။ဂျောင်ဂုတိုးသွားလိုက်ကာမျက်နှာမှာဒဏ်ရာတွေရှိလားလို့တစ်ချက်စစ်ကြည့်နေလိုက်သည်။

"ပြောလို့ ဘယ်လိုပါလာတာလဲ"

"ငါ့သမီးလို့ပြောပြီးပြီလေ ငါ့ကလေးမလို့ငါခေါ်လာတာ"

"အဲ့ဒါဆို ဘာလို့ချစ်ခဲ့သေးလဲ "

တံခါးရှေ့ကဖယ်ပေးကာအဝတ်စားလဲဖို့ထွက်လာခဲ့လိုက်သည်။နောက်ကျောကကြားလိုက်ရတဲ့စကားတစ်ခွန်းကြောင့်ခြေလှမ်းတွေရပ်ကာပြန်လှည့်ကြည့်မိသွားသည်။

"ဂျွန်အန်နာတဲ့ အမဝမ်းကွဲရဲ့သမီးလေး သူ့အမေဆေးသွားကုတိုင်း ဒီလိုလာနေဖြစ်တယ် မနက်ကြမှမင်းနဲ့ဆက်ရှင်းမယ် ငါ့အခန်းကိုဝင်မလာနဲ့"

အခန်းတံခါးပိတ်ပြီးထွက်သွားသော ဂျောင်ဂုနောက်ကိုထယ်ယောင်းအပြေးလိုက်တော့သူ့အခန်းရှေ့ရောက်တော့မည်ဖြစ်သည်။

"ဂျွန်ခဏ ခဏ....ဟီး"

တက်လည်းတက်နိုင်တယ်ကိုယ်တော်ကခုနကရုပ်နဲ့လားလားမှမဆိုင်။

"ချော်လဲအုံးမယ် ဘာလဲ.."

"ကျွန်တော့်ကိုကြည့်ပါအုံး ဘာဒဏ်ရာမှမရလာဘူးတွေ့လား ရန်ဖြစ်ခဲ့တာတော့မှန်တယ် ငွေတွေသုံးမိတာလည်းတောင်းပန်ပါတယ်နောက်မဖြစ်စေရဘူး ပြီးတော့ဂျွန်ပြန်လာမယ်သာသိရင်တကယ်သွားဖြစ်မှာမဟုတ်ဘူး"

ဂျောင်ဂုရှေ့မှာရှင်းပြနေသော
ထယ်ယောင်းကိုကြည့်ပြီးစိတ်ပြေနေပြီဖြစ်သည်။ဒါပေမယ့်ချက်ခြင်းကြီးလျှော့လိုက်လို့မဖြစ် ဖုန်းပါယူမသွားဘဲညဉ့်နက်တဲ့အထိနေတာတော့ အတော်ဆိုးသွားပြီမလို့မှတ်သွားအောင်ထားရအုံးမည်။

"ငါဖုန်းဆက်မှာစိုးလို့ယူမသွားတာမလား"

"မဟုတ်ဘူး ဖုန်းကွဲသွားမှာစိုးရိမ်လို့ထားခဲ့တာပါ"

"သွားတော့ အိပ်တော့နောက်ကျနေပြီ "

မျက်နှာခပ်တင်းတင်းနဲ့ကျောခိုင်းကာအခန်းထဲဝင်သွားပြီဖြစ်သောဂျောင်ဂုကိုကြည့်ရင်းနဲ့သာပြန်လှည့်လာခဲ့လိုက်သည်။သူ့စကားနားမထောင်ရင်ဒီလိုပဲပြောမှာထင်တယ်။အတက်နိုင်ဆုံးညဘက်အပြင်သွားတာရယ် ရန်ဖြစ်တာရတွေရောမလုပ်မှရမယ်ဟုဆုံးဖြတ်ကာအိပ်ဖို့ပြင်လိုက်တော့သည်။

"ဒယ်ဒီ ဟိုကိုကိုက မနိုးသေးဘူးလားသူကဘယ်သူလဲ"

"သူက ဒယ်ဒီ့ရဲ့ကောင်လေး ချစ်စရာကောင်းတယ်မလား"

"Oh! ဒယ်ဒီရဲ့ကောင်လေးဆိုတာ
boyfriendကိုပြောတာလား"

"ဟားဟား ငါ့သမီးကတော့ yes
ဒယ်ဒီလက်ထပ်မယ့်သူလေ"

ဂျောင်ဂု ဂျပန်ကနေစောပြန်လာတာဖြစ်သည်။ထယ်ယောင်းမွေးနေ့ရှိတာကြောင့်ရယ် အန်နာလေးကိုအိမ်ခေါ်ထားဖို့ကလည်းရှိတော့ပြန်လာလိုက်တာဖြစ်သည်။အန်နာအမေကအစာအိမ်ကင်ဆာဖြစ်နေသောကြောင့်နိုင်ငံခြားကိုဆေးသွားကုတိုင်းအန်နာလေးကိုဂျောင်ဂုတို့အိမ်မှာထားခဲ့တာဖြစ်သည်။အိမ်ပြန်ရောက်တော့လူဆိုးလေးကထင်တိုင်းကြဲနေသည်။မွေးနေ့ဆိုတာကိုမသိချင်ယောင်ဆောင်ကာတစ်နေကုန်ထားပစ်ရအုံးမယ်အဆိုးလေးကို။

"သမီးစားနေနော် ဒယ်ဒီသူ့ကိုသွားနှိုးလိုက်အုံးမယ်"

"ဟုတ် ဒယ်ဒီ"

အခန်းထဲရောက်တော့အိပ်ရာပေါ်မှာစောင်ခြုံပြီးအိပ်နေတုန်းဖြစ်သည်။ဖုန်းကိုယူကြည့်တော့မွေးနေ့ဆုတောင်းစာတွေအများကြီးပို့ထားတာတွေ့ရသည်။သူ့သူငယ်ချင်းတွေက ဒီညမွေးနေ့ပွဲလုပ်ပေးမယ်လို့လည်းစာပို့ထားကြသည်။သွားမသွားမင်းဆုံးဖြတ်ကြည့်လေကိုယ်စောင့်ကြည့်မယ်။

"ထတော့ အခုဘယ်အချိန်ရှိနေပြီလဲ"

"အာ...၅မိနစ်ပဲဂျွန်"

"ထတော့ဆို ပြီးရင်အောက်ဆင်းလာခဲ့"

ဘာဖြစ်နေတာလည်းမသိစကားလည်းကောင်းကောင်းမပြောဘူး။သူကငါ့ထက်ပိုစိတ်ဆိုးပြနေတယ် ဆိုးထားစမ်း ဆိုးထားပါ ငါ့အလှည့်ကြမလွယ်ဘူးမှတ်။မျက်နှာသစ်ကာအောက်ဆင်းလာတော့ထမင်းစားခန်းမှာအိမ်မှာအလုပ်လုပ်တဲ့အကိုနဲ့အမရော ဂျွန်ရောဟိုကောင်မလေးစကားကိုနားထောင်ကာရယ်နေကြသည်။အမြင်ကပ်စရာကောင်းလိုက်တာအဲ့ကောင်မလေးကို။သူအိမ်စရောက်ထဲက ဂျွန်ကသဲသဲလှုပ်နေတော့တာ။

"ထယ်လေးနိုးပြီလား"

"ဟုတ်အမ ညကအတွက်တောင်းပန်ပါတယ်အကိုနဲ့အမကို"

"ရပါတယ်ထယ်လေးရယ် မနက်စာဘာစားမလဲ"

"အင်း.. ပေါင်မုန့်ကြက်ဥကြော်အမ"

"အမသွားနားတော့ သူ့ဘာသူလုပ်စားလိမ့်မယ်"

"အကိုလေးကလည်း ကလေးဘယ်လုပ်တက်မလည်း"

"အမရယ် ဒီအရွယ်ကညဘက်တောင်တစ်ယောက်ထဲအပြင်ထွက်နေကြလေ ပေါင်မုန့်ကြက်ဥကြော်ကကလေးတောင်လုပ်တက်တယ် ဟုတ်တယ်မလားအန်နာ"

"ဒါပေါ့ ဒယ်ဒီ လွယ်လွယ်လေး"

ထယ်ယောင်းမှာဂျောင်ဂုနဲ့အန်နာကိုကြည့်ပြီးစိတ်ထဲကလိကလိဖြစ်နေတော့သည်။

"သွားနားလိုက်ပါအမ ကျွန်တော်အဆင်ပြေပါတယ်"

"သမီး ပန်းကန်တွေပေးဒယ်ဒီဆေးလိုက်မယ်"

ထယ်ယောင်းလည်းအဲ့ပန်းကန်တွေအကုန်လုံးကိုစားပွဲပေါ်ကနေတွန်းချပစ်လိုက်သည်။စိတ်ထဲမှာအခုမှနေသာထိုင်သာရှိတော့တယ်။အဲ့လိုမှမလုပ်ရရင်ရူးတော့မယ်လို့ထင်နေရသည်။

"အန်နာ ထိသွားသေးလားသမီး"

"ဘာမှမဖြစ်ဘူးဒယ်ဒီ"

"babeဘယ်လိုလုပ်လိုက်တာလည်းကလေးလန့်သွားအုံးမယ် ဘာလို့အဲ့လိုတွေဆိုးနေတာလဲ"

"သူ့ကိုအမြင်ကပ်လို့လေ ဂျွန်ကသူ့ကိုဘာလို့ခေါ်လာတာလည်း ကျွန်တော့်ကိုမမြင်ဘူးလား ဘာမှမစားရသေးတဲ့လူကို"

"မင်းလုပ်ရပ်တွေကြောင့်အဲ့လိုဖြစ်နေတာလေ မင်းကိုချစ်နေတဲ့ငါကသူများကိုပိုချစ်ပေးတော့မနာလိုတက်လား လျစ်လျူရှုခံရတော့ နေရခက်နေတယ်မလား နောက်ကိုညကလိုအချိုးမျိုးဘယ်တော့မှမချိုးနဲ့ အခုလိုအခြေအနေတွေဖြစ်လာဖို့ကမင်းလုပ်တဲ့လုပ်ရပ်တွေပေါ်မှာမူတည်တယ် သေလောက်အောင်ချစ်နေပါစေမရဘူး ငါ့ရဲ့ထိန်းချုပ်မှု့ကိုမင်းဆန့်ကျင်ရင် ဒါကိုရင်ဆိုင်နိုင်ရမယ်"

"အဲ့ကောင်မလေးကိုလည်းမုန်းတယ်
ခင်ဗျားကိုလည်းမုန်းတယ် မေမေ့ကိုလာခါ်ခိုင်းတော့မှာ မနေဘူးပြန်မှာ"

ထယ်ယောင်းမှာအခန်းထဲကိုပြသနာဖြစ်ထဲကဝင်နေတာည၇နာရီထိုးနေပြီမထွက်ဖြစ်။ညနေကပြတင်းပေါက်နားမှာရပ်နေတုန်း အန်နာနဲ့ဂျွန်က ကားပေါ်တက်ကာအပြင်သွားကြတာတွေ့ရသည်။သူများမွေးနေ့ကြမေ့နေပြီးအဲ့ကောင်မလေးကိုတော့ချစ်နေလိုက်တာများ။တကယ်တော့ကလေးမလေးကချစ်စရာကောင်းသည်။ဂျွန်ကိုစိတ်ဆိုးနေလို့သာ ကလေးလေးကိုမုန်းတယ်ပြောတာခံစားသွားရမှာလည်းထယ်ယောင်းမှာစိုးရိမ်နေပြန်သည်။သူငယ်ချင်းတွေကမွေးနေ့ပွဲလုပ်ပေးမယ်ပြောသော်လည်းထယ်ယောင်းကရတယ်မလာတော့ဘူးလို့သာပြောလိုက်တော့သည်။အခုညထပ်သွားရင်
သူနဲ့ဂျွန်ကပြေလည်ဖို့ပိုခက်နေမှာဖြစ်သည်။

"အောက်ခဏဆင်းခဲ့အုံး အခုနော်"

ဂျောင်ဂုကလာခေါ်ကာပြန်ဆင်းသွားသည်။အိမ်ထဲမှာတိတ်ဆိတ်နေကာထယ်ယောင်း အန်နာကိုရှာသော်လည်းမတွေ့။လှေကားအောက်ရောက်သည်နှင့်မီးကပြတ်သွားသည်။

"ဂျွန် မီးပြတ်သွားပြီ ဘယ်မှာလည်း"

"Happy Birthday babe"

နောက်ကနေခါးကိုဖက်ပြီးပါးကိုနမ်းကာမွေးနေ့ဆုတောင်းလုပ်ပေးနေသောဂျွန်။သူထင်ထားတာက မွေးနေ့မှန်းမသိဘဲသူ့ကိုစိတ်ဆိုးနေတုန်းလို့သာထင်ထားတာဖြစ်သည်။

"ဧည့်ခန်းထဲမှာကိတ်ရှိတယ် သွားမယ်လာ"

မွေးနေ့ကိတ်လေးပေါ်မှာရေးထားတာက Happy Birthday Baby Bearလေးသာဖြစ်သည်။

"ကျေးဇူးပါဂျွန် ကျွန်တော်ကမွေးနေ့ကိုမသိဘူးထင်နေတာ ပြီးတော့လည်းစိတ်ဆိုးတုန်းထင်နေတာ နောက်တစ်ခါအဲ့လိုမသွားတော့ပါဘူး တောင်းပန်တယ်နော်"

"နောက်ကိုအဲ့လိုမဆိုးတော့နဲ့နော်
ကိုယ်စိတ်ပူနေရတယ်babeရဲ့ ဂျပန်ကစောပြန်လာတာ babeမွေးနေ့ရှိလို့လေ"

"ဂျွန်... အန်နာလေးရော သူ့ကိုမနက်ကပြောမိတာစိတ်မကောင်းဖြစ်နေမှာစိုးလို့"

"အဖွားတို့အိမ်မှာပို့ခဲ့တယ် မနက်မှသွားခေါ်ကြမယ်လေ အန်နာလေးကဘာမှမဖြစ်ပါဘူး သူကပြောတယ် ကိုကိုက
ဒယ်ဒီ့ကိုချစ်လို့သဝန်တိုနေတာတဲ့ ဟုတ်လား"

"ဟုတ်တယ် ကလေးတောင်သိတယ် ဒါကိုများဘာလို့ကျွန်တော့်အချစ်ကိုအထင်လွဲရတာလည်း အဲ့ဒါကိုမကျေနပ်ဘူးနော်"

ဂျောင်ဂုမှာထယ်ယောင်းကိုရင်ခွင်ထဲထည့်ပြီးရှင်းပြရသည်။

"အဲ့လိုပြောမှ babeနောက်ကိုမလုပ်ရဲမှာပေါ့ မှတ်သွားမှာပေါ့ ကိုယ့်ရဲ့စည်းကမ်းတွေက babeကိုချုပ်ချယ်နေသလိုဖြစ်နေလိမ့်မယ် ဒါတွေကbabeကိုချစ်လို့ဘာမှမဖြစ်အောင်ကာကွယ်ပေးထားတယ်ဆိုတာယုံ ကဲမွေးနေ့လက်ဆောင်ဘာလိုချင်လဲပြော"

"အင်း....နမ်းပါအုံး အခုလိုချင်နေတာအဲ့ဒါပဲ ကျွန်တော်အရမ်းလွမ်းနေတာ ပြန်ပြန်လာရင်းပြသနာဖြစ်ရလို့တောင်းပန်..."

ထယ်ယောင်းစကားတောင်ဆုံးခွင့်မရလိုက်ဂျောင်ဂုရဲ့အနမ်းများကိုလက်ခံလိုက်ရပြီဖြစ်သည်။မွေးနေ့လက်ဆောင်birthday kissကဒီလိုရင်ခုန်စရာကောင်းခဲ့မှန်းကိုအခုမှသိရသည်။ရင်ခွင်ထဲထွေးပွေ့ရင်းနဲ့နှုတ်ခမ်းများကိုနမ်းနေကာခါးကိုသိုင်းဖက်ထားပြီးတဖြေးဖြေးနဲ့ထယ်ယောင်းရဲ့ခြေထောက်တွေဟာကြမ်းခင်းနဲ့လွတ်သွားတော့သည်။
ဂျောင်ဂုရဲ့ထွေးပွေ့မှု့တွေကြားမှာမျောပါနေရင်းစိတ်နဲ့ခန္ဓာကိုယ်အား သူ့ရဲ့ရင်ခွင်ထဲမှာသာပုံအပ်ထားလိုက်သည်။
ဒီလိုထိန်းချုပ်မှု့မျိုးကိုကျွန်တော်ကလည်းထာဝရမလွတ်မြောက်ချင်ဘူး
ဂျွန်ရာ.........

simplicity 🏝
Zante💜

ဒါလေးကလေ အစထဲကမပါတဲ့အပိုင်းလေးပါ အကြမ်းစရေးထားထဲကမပါခဲ့ပါဘူး birthdayအတွက်ရေးချင်လို့ထည့်လိုက်မိတာ အဲ့ဒါကြောင့်နဲနဲလေးများအမှားရှိခဲ့ရင်ခွင့်လွှတ်ပါရှင်💜
Happy Taeday😘☃💜

ဖတ်ပေးသူသဲလေးတစ်ယောက်ချင်းစီတိုင်းကိုချစ်ခင်လေးစားလျှက်......


#Zawgyi
ဧည့္ခန္းထဲမွာတိတ္ဆိတ္ေနတာလူရွိေနတယ္လို႔ မထင္ရတဲ့အေျခအေန။
ဖုန္းယူသြားလို႔အဆက္အသြယ္ရရင္ေတာင္ဒီေလာက္ေဒါသထြက္စရာအေၾကာင္းမရွိ။အခုကဖုန္းလည္းဆက္မရ သူ႔သူငယ္ခ်င္းေတြဖုန္းလည္းမသိေပးထားတဲ့cardထဲကသာေငြထုတ္သြားတဲ့message ေတြဝင္လာတယ္။ဘယ္လိုက္ရမွန္းမသိဘာျဖစ္ေနမွန္းမသိတဲ့အေျခအေနမွာထိုင္ေစာင့္ေနရတာအလြန္ကိုစိတ္ပူေနရတယ္ဆိုတာမသိတာလား။

"ေျပာစမ္းပါအုံး မင္းကိုမွာခဲ့တာေတြနဲ႔တလြဲေတြလုပ္သြားတဲ့အေၾကာင္း ငါဘယ္လိုစိတ္ခ်ရမွာလဲ မင္းတစ္ခုခုျဖစ္သြားရင္အခုခ်ိန္မွာငါ့ေခါင္းေပၚအကုန္က်လာမွာ မင္းမိဘေတြကဘာေျပာမယ္မ်ားထင္ေနလဲ မင္းအဘိုးကလည္းငါ့ကိုစိတ္ခ်လို႔ထားတာေလ ဘာမွမစဥ္းစားဘဲေလွ်ာက္လုပ္ေနတာေတြကေတာ္ယုံဘဲေကာင္းတယ္
ထယ္ေယာင္း"

"ဟိုကေလးမေလးကဘယ္သူလဲ ဘာလို႔ ဒယ္ဒီလို႔ေခၚတာလဲ"

"စကားလမ္းေၾကာင္းမလႊဲနဲ႔ မင္းငါေမးတာသာေျဖ"

"အခုခ်ိန္မွာဘာမွမေျဖႏိုင္ဘူး ႀကိဳက္သလိုလုပ္ ဘာေျပာေျပာယုံေပးမွာမွမဟုတ္တာ အဲ့ေကာင္မေလးကဘယ္သူလဲဂြၽန္"

ထယ္ေယာင္းကို လိမ္ေနတာလို႔လည္းေျပာထားသည္။သူ႔ကိုခ်စ္တဲ့အခ်စ္ေတြကိုလည္းမထီမဲ့ျမင္ျပဳၿပီးေျပာဆိုထားသည္။အခုဘယ္ကမွန္းမသိတဲ့ကေလးနဲ႔အိမ္ျပန္ေရာက္ေနသည္။
အဲ့ေတာ့ဘာေျဖရွင္းခ်က္မွမေပးဘူးႀကိဳက္သလိုလုပ္ပါေစေတာ့ ကြၽန္ေတာ္စိတ္ကုန္ရင္သူမ်ားနဲ႔မတူဘူးဂြၽန္။

"ငါ့သမီး သူဒယ္ဒီလို႔ေခၚတာမင္းမၾကားလိုက္ဘူးလား"

"ၾကားလိုက္တယ္ အဲ့လိုကေလးရွိေနရဲ႕သားနဲ႔...ဘာလို႔.. ေတာ္ပါၿပီမနက္က်မွရွင္းျပေပးမယ္အခုကြၽန္ေတာ္ေျပာျပလည္း ပိုေဒါသထြက္ဖို႔ပဲရွိတယ္"

သူ႔ေရွ႕ကေနထြက္လာဖို႔ျပင္ေတာ့လက္ကိုေစာင့္ဆြဲၿပီးေခၚလာကာ
ထယ္ေယာင္းေနတဲ့အခန္းထဲတြန္းလႊတ္ရင္းသူပါဝင္လာသည္။

"ငါ့ကိုအဲ့လိုလုပ္လို႔မရဘူး မင္းအကုန္ျဖစ္လာတာေျပာျပ ကေလးဟိုဘက္အခန္းမွာအိပ္ေနတယ္ အသံမက်ယ္နဲ႔"

အံႀကိတ္ၿပီးထယ္ေယာင္းကိုေျပာေနပုံကေဒါသထြက္ေနတယ္ဆိုတာမ်က္ဝန္းေတြကသက္ေသျပေနသည္။

"မနက္မွ.... မနက္မွအကုန္ေျပာျပမယ္ အခုကြၽန္ေတာ့္ကိုလႊတ္ထားေပးပါ ေက်းဇူးျပဳ၍ ေတာင္းပန္ပါတယ္"

"မင္းလုပ္ခ်င္တာၾကလုပ္ၿပီး ရွင္းျပဖို႔ၾကေတာ့ မနက္ေတြ ေန႔ေတြ ညေတြနဲ႔မရဘူး အခုေျပာ"

ေဂ်ာင္ဂုကိုေက်ာခိုင္းၿပီးသူ႔ရဲ႕ပိုက္ဆံအိတ္ထဲက cardကိုထုတ္လာတာေတြ႕ရသည္။

"ကြၽန္ေတာ္တို႔ေမြးေန႔ပြဲလုပ္တဲ့ clubမွာရန္ျဖစ္ခဲ့တယ္ အဲ့ဒါပ်က္စီးသြားတာေတြအတြက္ဂြၽန္ရဲ႕ ပိုက္ဆံကိုသုံးလိုက္မိတာ ဒီထဲမွာစုထားတာေတြရွိတယ္ လိုအပ္ရင္သုံးဖို႔ဆိုၿပီး အခုအဲ့ေလာက္အတိေတာ့မဟုတ္ေပမယ့္ တစ္ဝက္ေတာ့ျပည့္မွာပါ ေနာက္က်န္တဲ့ဟာကိုျပန္ဆပ္ပါ့မယ္"

"ဖုန္းယူမသြားတဲ့ကိစၥ တစ္ေယာက္ထဲသြားတာ လူေတြျပန္ခ်ိန္မဟုတ္ဘဲျပန္ေရာက္လာတာ ငါ့စကားေတြကိုအေရးမလုပ္တာ အခုသုံးခဲ့တဲ့ေငြေတြကိုလည္း မင္းကေပါ့ပ်က္ပ်က္ပဲေျပာသြားတာပဲ မင္းအကုန္ အစအဆုံးဘာေၾကာင့္လဲဆိုတာေျပာျပေလ"

ထယ္ေယာင္းဘယ္လိုမွထိန္းခ်ဳပ္လို႔မရေတာ့ေပ။သည္းခံစိတ္ဟာကုန္ဆုံးေနၿပီ။စိတ္ရွိလက္ရွိေအာ္ခ်လိုက္ေတာ့သည္။

"ေတာ္ပါေတာ့ ဘာမွမေျပာခ်င္ဘူးလို႔ေျပာထားတယ္ေလ လူလိမ္လို႔ေျပာထားရင္ေတာ္ေရာေပါ့ ကြၽန္ေတာ့္အခ်စ္ေတြကိုေစာ္ကားထားရင္ ေတာ္ေရာေပါ့ ခင္ဗ်ားနဲ႔ေနာက္ဘယ္ေတာ့မွမပတ္သတ္ခ်င္ေတာ့ဘူး ကြၽန္ေတာ့္ပါေအးေအးေဆးေဆးေနထိုင္ေနတဲ့
ကြၽန္ေတာ့္ဘဝထဲကို ခင္ဗ်ားေရာက္လာတာေလ အခုထြက္သြားေတာ့မွာ ဒီအိမ္မွာမေနဘူး"

"ဘာလို႔ေအာ္ေနတာလည္းမင္း
သြားခ်င္သပဆိုငါ့ပိုက္ဆံေတြေက်မွသြား မင္းသုံးခဲ့တာေတြကငါ့ရဲ႕ရာထူးႀကီးတဲ့ဝန္ထမ္းေတြလခအတိုင္းဆိုရင္ေတာင္ ၁၀လစာေလာက္ရွိတယ္မင္းလိုအဆင့္နဲ႔ဆို ႏွစ္ေပါက္ေအာင္လုပ္ဆပ္ရမွာ မင္းမသိပါဘူး သူမ်ားေတြအဲ့ေလာက္ပိုက္ဆံရဖို႔ ထမင္းစားရဖို႔ဘယ္ေလာက္ႀကိဳးစား႐ုန္းကန္ေနရလည္းဆိုတာ မင္းမသိဘူး သူေဌးသားဆိုတဲ့အရွိန္သာဖယ္လိုက္ရင္ မင္းကလမ္းေဘးေရာက္မွာ ဘာမွသုံးစားမရတဲ့လမ္းေဘးကလူျဖစ္ေနမွာ"

"ဒယ္ဒီ သူကဘယ္သူလည္းဟင္ တစ္ခါမွမေတြ႕ဖူးဘူး ဆူညံေနတာပဲ အိပ္ၾကမယ္ေလ"

ထယ္ေယာင္းေအာ္သံေၾကာင့္ အန္နာေလးႏိုးလာတာျဖစ္လိမ့္မည္။
ဂြၽန္အန္နာ ဆိုတာေဂ်ာင္ဂုအမဝမ္းကြဲရဲ႕သမီးေလးျဖစ္သည္။အသက္က ၁၀ႏွစ္ရွိၿပီး သူ႔အေမရဲ႕သြန္သင္မႈေတြနဲ႔အတူအရိပ္အကဲသိတက္နားလည္ေသာ
ကေလးတစ္ေယာက္ျဖစ္သည္။

"အန္နာ သြားႏွင့္ေနာ္ ဒယ္ဒီလိုက္ခဲ့မယ္"

"ဟုတ္ကဲ့"

ညဝတ္ဂါဝန္လွလွေလးဝတ္ကာထယ္ေယာင္းကိုတစ္ခ်က္ၾကည့္ၿပီးခ်ာခနဲလွည့္ထြက္သြားသည္။

"မင္းမနက္ၾကအကုန္ရွင္းျပဖို႔ေမွ်ာ္လင့္တယ္ အိပ္လိုက္ေတာ့"

"ခင္ဗ်ားၾကေတာ့ဘာရွင္းျပလို႔လည္း သူကဘယ္သူလဲ ဘာလို႔ဒယ္ဒီေခၚေနတာလည္း အခုရွင္းျပအကုန္ရွင္းျပ မဟုတ္ရင္ အဲ့ေကာင္မေလးဆီမသြားရဘူးမွတ္"

ေဂ်ာင္ဂုကိုမသြားရဘူးဆိုတဲ့ပုံစံနဲ႔အခန္းတံခါးကိုေက်ာမွီရပ္ထားရင္း အကုန္ေျပာဆိုတဲ့အေနအထားနဲ႔ရပ္ေနသည္။ေဂ်ာင္ဂုတိုးသြားလိုက္ကာမ်က္ႏွာမွာဒဏ္ရာေတြရွိလားလို႔တစ္ခ်က္စစ္ၾကည့္ေနလိုက္သည္။

"ေျပာလို႔ ဘယ္လိုပါလာတာလဲ"

"ငါ့သမီးလို႔ေျပာၿပီးၿပီေလ ငါ့ကေလးမလို႔ငါေခၚလာတာ"

"အဲ့ဒါဆို ဘာလို႔ခ်စ္ခဲ့ေသးလဲ "

တံခါးေရွ႕ကဖယ္ေပးကာအဝတ္စားလဲဖို႔ထြက္လာခဲ့လိုက္သည္။ေနာက္ေက်ာကၾကားလိုက္ရတဲ့စကားတစ္ခြန္းေၾကာင့္ေျခလွမ္းေတြရပ္ကာျပန္လွည့္ၾကည့္မိသြားသည္။

"ဂြၽန္အန္နာတဲ့ အမဝမ္းကြဲရဲ႕သမီးေလး သူ႔အေမေဆးသြားကုတိုင္း ဒီလိုလာေနျဖစ္တယ္ မနက္ၾကမွမင္းနဲ႔ဆက္ရွင္းမယ္ ငါ့အခန္းကိုဝင္မလာနဲ႔"

အခန္းတံခါးပိတ္ၿပီးထြက္သြားေသာ ေဂ်ာင္ဂုေနာက္ကိုထယ္ေယာင္းအေျပးလိုက္ေတာ့သူ႔အခန္းေရွ႕ေရာက္ေတာ့မည္ျဖစ္သည္။

"ဂြၽန္ခဏ ခဏ....ဟီး"

တက္လည္းတက္ႏိုင္တယ္ကိုယ္ေတာ္ကခုနက႐ုပ္နဲ႔လားလားမွမဆိုင္။

"ေခ်ာ္လဲအုံးမယ္ ဘာလဲ.."

"ကြၽန္ေတာ့္ကိုၾကည့္ပါအုံး ဘာဒဏ္ရာမွမရလာဘူးေတြ႕လား ရန္ျဖစ္ခဲ့တာေတာ့မွန္တယ္ ေငြေတြသုံးမိတာလည္းေတာင္းပန္ပါတယ္ေနာက္မျဖစ္ေစရဘူး ၿပီးေတာ့ဂြၽန္ျပန္လာမယ္သာသိရင္တကယ္သြားျဖစ္မွာမဟုတ္ဘူး"

ေဂ်ာင္ဂုေရွ႕မွာရွင္းျပေနေသာ
ထယ္ေယာင္းကိုၾကည့္ၿပီးစိတ္ေျပေနၿပီျဖစ္သည္။ဒါေပမယ့္ခ်က္ျခင္းႀကီးေလွ်ာ့လိုက္လို႔မျဖစ္ ဖုန္းပါယူမသြားဘဲညဥ့္နက္တဲ့အထိေနတာေတာ့ အေတာ္ဆိုးသြားၿပီမလို႔မွတ္သြားေအာင္ထားရအုံးမည္။

"ငါဖုန္းဆက္မွာစိုးလို႔ယူမသြားတာမလား"

"မဟုတ္ဘူး ဖုန္းကြဲသြားမွာစိုးရိမ္လို႔ထားခဲ့တာပါ"

"သြားေတာ့ အိပ္ေတာ့ေနာက္က်ေနၿပီ "

မ်က္ႏွာခပ္တင္းတင္းနဲ႔ေက်ာခိုင္းကာအခန္းထဲဝင္သြားၿပီျဖစ္ေသာေဂ်ာင္ဂုကိုၾကည့္ရင္းနဲ႔သာျပန္လွည့္လာခဲ့လိုက္သည္။သူ႔စကားနားမေထာင္ရင္ဒီလိုပဲေျပာမွာထင္တယ္။အတက္ႏိုင္ဆုံးညဘက္အျပင္သြားတာရယ္ ရန္ျဖစ္တာရေတြေရာမလုပ္မွရမယ္ဟုဆုံးျဖတ္ကာအိပ္ဖို႔ျပင္လိုက္ေတာ့သည္။

"ဒယ္ဒီ ဟိုကိုကိုက မႏိုးေသးဘူးလားသူကဘယ္သူလဲ"

"သူက ဒယ္ဒီ့ရဲ႕ေကာင္ေလး ခ်စ္စရာေကာင္းတယ္မလား"

"Oh! ဒယ္ဒီရဲ႕ေကာင္ေလးဆိုတာ
boyfriendကိုေျပာတာလား"

"ဟားဟား ငါ့သမီးကေတာ့ yes
ဒယ္ဒီလက္ထပ္မယ့္သူေလ"

ေဂ်ာင္ဂု ဂ်ပန္ကေနေစာျပန္လာတာျဖစ္သည္။ထယ္ေယာင္းေမြးေန႔ရွိတာေၾကာင့္ရယ္ အန္နာေလးကိုအိမ္ေခၚထားဖို႔ကလည္းရွိေတာ့ျပန္လာလိုက္တာျဖစ္သည္။အန္နာအေမကအစာအိမ္ကင္ဆာျဖစ္ေနေသာေၾကာင့္ႏိုင္ငံျခားကိုေဆးသြားကုတိုင္းအန္နာေလးကိုေဂ်ာင္ဂုတို႔အိမ္မွာထားခဲ့တာျဖစ္သည္။အိမ္ျပန္ေရာက္ေတာ့လူဆိုးေလးကထင္တိုင္းႀကဲေနသည္။ေမြးေန႔ဆိုတာကိုမသိခ်င္ေယာင္ေဆာင္ကာတစ္ေနကုန္ထားပစ္ရအုံးမယ္အဆိုးေလးကို။

"သမီးစားေနေနာ္ ဒယ္ဒီသူ႔ကိုသြားႏႈိးလိုက္အုံးမယ္"

"ဟုတ္ ဒယ္ဒီ"

အခန္းထဲေရာက္ေတာ့အိပ္ရာေပၚမွာေစာင္ၿခဳံၿပီးအိပ္ေနတုန္းျဖစ္သည္။ဖုန္းကိုယူၾကည့္ေတာ့ေမြးေန႔ဆုေတာင္းစာေတြအမ်ားႀကီးပို႔ထားတာေတြ႕ရသည္။သူ႔သူငယ္ခ်င္းေတြက ဒီညေမြးေန႔ပြဲလုပ္ေပးမယ္လို႔လည္းစာပို႔ထားၾကသည္။သြားမသြားမင္းဆုံးျဖတ္ၾကည့္ေလကိုယ္ေစာင့္ၾကည့္မယ္။

"ထေတာ့ အခုဘယ္အခ်ိန္ရွိေနၿပီလဲ"

"အာ...၅မိနစ္ပဲဂြၽန္"

"ထေတာ့ဆို ၿပီးရင္ေအာက္ဆင္းလာခဲ့"

ဘာျဖစ္ေနတာလည္းမသိစကားလည္းေကာင္းေကာင္းမေျပာဘူး။သူကငါ့ထက္ပိုစိတ္ဆိုးျပေနတယ္ ဆိုးထားစမ္း ဆိုးထားပါ ငါ့အလွည့္ၾကမလြယ္ဘူးမွတ္။မ်က္ႏွာသစ္ကာေအာက္ဆင္းလာေတာ့ထမင္းစားခန္းမွာအိမ္မွာအလုပ္လုပ္တဲ့အကိုနဲ႔အမေရာ ဂြၽန္ေရာဟိုေကာင္မေလးစကားကိုနားေထာင္ကာရယ္ေနၾကသည္။အျမင္ကပ္စရာေကာင္းလိုက္တာအဲ့ေကာင္မေလးကို။သူအိမ္စေရာက္ထဲက ဂြၽန္ကသဲသဲလႈပ္ေနေတာ့တာ။

"ထယ္ေလးႏိုးၿပီလား"

"ဟုတ္အမ ညကအတြက္ေတာင္းပန္ပါတယ္အကိုနဲ႔အမကို"

"ရပါတယ္ထယ္ေလးရယ္ မနက္စာဘာစားမလဲ"

"အင္း.. ေပါင္မုန႔္ၾကက္ဥေၾကာ္အမ"

"အမသြားနားေတာ့ သူ႔ဘာသူလုပ္စားလိမ့္မယ္"

"အကိုေလးကလည္း ကေလးဘယ္လုပ္တက္မလည္း"

"အမရယ္ ဒီအ႐ြယ္ကညဘက္ေတာင္တစ္ေယာက္ထဲအျပင္ထြက္ေနၾကေလ ေပါင္မုန႔္ၾကက္ဥေၾကာ္ကကေလးေတာင္လုပ္တက္တယ္ ဟုတ္တယ္မလားအန္နာ"

"ဒါေပါ့ ဒယ္ဒီ လြယ္လြယ္ေလး"

ထယ္ေယာင္းမွာေဂ်ာင္ဂုနဲ႔အန္နာကိုၾကည့္ၿပီးစိတ္ထဲကလိကလိျဖစ္ေနေတာ့သည္။

"သြားနားလိုက္ပါအမ ကြၽန္ေတာ္အဆင္ေျပပါတယ္"

"သမီး ပန္းကန္ေတြေပးဒယ္ဒီေဆးလိုက္မယ္"

ထယ္ေယာင္းလည္းအဲ့ပန္းကန္ေတြအကုန္လုံးကိုစားပြဲေပၚကေနတြန္းခ်ပစ္လိုက္သည္။စိတ္ထဲမွာအခုမွေနသာထိုင္သာရွိေတာ့တယ္။အဲ့လိုမွမလုပ္ရရင္႐ူးေတာ့မယ္လို႔ထင္ေနရသည္။

"အန္နာ ထိသြားေသးလားသမီး"

"ဘာမွမျဖစ္ဘူးဒယ္ဒီ"

"babeဘယ္လိုလုပ္လိုက္တာလည္းကေလးလန႔္သြားအုံးမယ္ ဘာလို႔အဲ့လိုေတြဆိုးေနတာလဲ"

"သူ႔ကိုအျမင္ကပ္လို႔ေလ ဂြၽန္ကသူ႔ကိုဘာလို႔ေခၚလာတာလည္း ကြၽန္ေတာ့္ကိုမျမင္ဘူးလား ဘာမွမစားရေသးတဲ့လူကို"

"မင္းလုပ္ရပ္ေတြေၾကာင့္အဲ့လိုျဖစ္ေနတာေလ မင္းကိုခ်စ္ေနတဲ့ငါကသူမ်ားကိုပိုခ်စ္ေပးေတာ့မနာလိုတက္လား လ်စ္လ်ဴရႈခံရေတာ့ ေနရခက္ေနတယ္မလား ေနာက္ကိုညကလိုအခ်ိဳးမ်ိဳးဘယ္ေတာ့မွမခ်ိဳးနဲ႔ အခုလိုအေျခအေနေတြျဖစ္လာဖို႔ကမင္းလုပ္တဲ့လုပ္ရပ္ေတြေပၚမွာမူတည္တယ္ ေသေလာက္ေအာင္ခ်စ္ေနပါေစမရဘူး ငါ့ရဲ႕ထိန္းခ်ဳပ္မႈ႕ကိုမင္းဆန႔္က်င္ရင္ ဒါကိုရင္ဆိုင္ႏိုင္ရမယ္"

"အဲ့ေကာင္မေလးကိုလည္းမုန္းတယ္
ခင္ဗ်ားကိုလည္းမုန္းတယ္ ေမေမ့ကိုလာခၚခိုင္းေတာ့မွာ မေနဘူးျပန္မွာ"

ထယ္ေယာင္းမွာအခန္းထဲကိုျပသနာျဖစ္ထဲကဝင္ေနတာည၇နာရီထိုးေနၿပီမထြက္ျဖစ္။ညေနကျပတင္းေပါက္နားမွာရပ္ေနတုန္း အန္နာနဲ႔ဂြၽန္က ကားေပၚတက္ကာအျပင္သြားၾကတာေတြ႕ရသည္။သူမ်ားေမြးေန႔ၾကေမ့ေနၿပီးအဲ့ေကာင္မေလးကိုေတာ့ခ်စ္ေနလိုက္တာမ်ား။တကယ္ေတာ့ကေလးမေလးကခ်စ္စရာေကာင္းသည္။ဂြၽန္ကိုစိတ္ဆိုးေနလို႔သာ ကေလးေလးကိုမုန္းတယ္ေျပာတာခံစားသြားရမွာလည္းထယ္ေယာင္းမွာစိုးရိမ္ေနျပန္သည္။သူငယ္ခ်င္းေတြကေမြးေန႔ပြဲလုပ္ေပးမယ္ေျပာေသာ္လည္းထယ္ေယာင္းကရတယ္မလာေတာ့ဘူးလို႔သာေျပာလိုက္ေတာ့သည္။အခုညထပ္သြားရင္
သူနဲ႔ဂြၽန္ကေျပလည္ဖို႔ပိုခက္ေနမွာျဖစ္သည္။

"ေအာက္ခဏဆင္းခဲ့အုံး အခုေနာ္"

ေဂ်ာင္ဂုကလာေခၚကာျပန္ဆင္းသြားသည္။အိမ္ထဲမွာတိတ္ဆိတ္ေနကာထယ္ေယာင္း အန္နာကိုရွာေသာ္လည္းမေတြ႕။ေလွကားေအာက္ေရာက္သည္ႏွင့္မီးကျပတ္သြားသည္။

"ဂြၽန္ မီးျပတ္သြားၿပီ ဘယ္မွာလည္း"

"Happy Birthday babe"

ေနာက္ကေနခါးကိုဖက္ၿပီးပါးကိုနမ္းကာေမြးေန႔ဆုေတာင္းလုပ္ေပးေနေသာဂြၽန္။သူထင္ထားတာက ေမြးေန႔မွန္းမသိဘဲသူ႔ကိုစိတ္ဆိုးေနတုန္းလို႔သာထင္ထားတာျဖစ္သည္။

"ဧည့္ခန္းထဲမွာကိတ္ရွိတယ္ သြားမယ္လာ"

ေမြးေန႔ကိတ္ေလးေပၚမွာေရးထားတာက Happy Birthday Baby Bearေလးသာျဖစ္သည္။

"ေက်းဇူးပါဂြၽန္ ကြၽန္ေတာ္ကေမြးေန႔ကိုမသိဘူးထင္ေနတာ ၿပီးေတာ့လည္းစိတ္ဆိုးတုန္းထင္ေနတာ ေနာက္တစ္ခါအဲ့လိုမသြားေတာ့ပါဘူး ေတာင္းပန္တယ္ေနာ္"

"ေနာက္ကိုအဲ့လိုမဆိုးေတာ့နဲ႔ေနာ္
ကိုယ္စိတ္ပူေနရတယ္babeရဲ႕ ဂ်ပန္ကေစာျပန္လာတာ babeေမြးေန႔ရွိလို႔ေလ"

"ဂြၽန္... အန္နာေလးေရာ သူ႔ကိုမနက္ကေျပာမိတာစိတ္မေကာင္းျဖစ္ေနမွာစိုးလို႔"

"အဖြားတို႔အိမ္မွာပို႔ခဲ့တယ္ မနက္မွသြားေခၚၾကမယ္ေလ အန္နာေလးကဘာမွမျဖစ္ပါဘူး သူကေျပာတယ္ ကိုကိုက
ဒယ္ဒီ့ကိုခ်စ္လို႔သဝန္တိုေနတာတဲ့ ဟုတ္လား"

"ဟုတ္တယ္ ကေလးေတာင္သိတယ္ ဒါကိုမ်ားဘာလို႔ကြၽန္ေတာ့္အခ်စ္ကိုအထင္လြဲရတာလည္း အဲ့ဒါကိုမေက်နပ္ဘူးေနာ္"

ေဂ်ာင္ဂုမွာထယ္ေယာင္းကိုရင္ခြင္ထဲထည့္ၿပီးရွင္းျပရသည္။

"အဲ့လိုေျပာမွ babeေနာက္ကိုမလုပ္ရဲမွာေပါ့ မွတ္သြားမွာေပါ့ ကိုယ့္ရဲ႕စည္းကမ္းေတြက babeကိုခ်ဳပ္ခ်ယ္ေနသလိုျဖစ္ေနလိမ့္မယ္ ဒါေတြကbabeကိုခ်စ္လို႔ဘာမွမျဖစ္ေအာင္ကာကြယ္ေပးထားတယ္ဆိုတာယုံ ကဲေမြးေန႔လက္ေဆာင္ဘာလိုခ်င္လဲေျပာ"

"အင္း....နမ္းပါအုံး အခုလိုခ်င္ေနတာအဲ့ဒါပဲ ကြၽန္ေတာ္အရမ္းလြမ္းေနတာ ျပန္ျပန္လာရင္းျပသနာျဖစ္ရလို႔ေတာင္းပန္..."

ထယ္ေယာင္းစကားေတာင္ဆုံးခြင့္မရလိုက္ေဂ်ာင္ဂုရဲ႕အနမ္းမ်ားကိုလက္ခံလိုက္ရၿပီျဖစ္သည္။ေမြးေန႔လက္ေဆာင္birthday kissကဒီလိုရင္ခုန္စရာေကာင္းခဲ့မွန္းကိုအခုမွသိရသည္။ရင္ခြင္ထဲေထြးေပြ႕ရင္းနဲ႔ႏႈတ္ခမ္းမ်ားကိုနမ္းေနကာခါးကိုသိုင္းဖက္ထားၿပီးတေျဖးေျဖးနဲ႔ထယ္ေယာင္းရဲ႕ေျခေထာက္ေတြဟာၾကမ္းခင္းနဲ႔လြတ္သြားေတာ့သည္။
ေဂ်ာင္ဂုရဲ႕ေထြးေပြ႕မႈ႕ေတြၾကားမွာေမ်ာပါေနရင္းစိတ္နဲ႔ခႏၶာကိုယ္အား သူ႔ရဲ႕ရင္ခြင္ထဲမွာသာပုံအပ္ထားလိုက္သည္။
ဒီလိုထိန္းခ်ဳပ္မႈ႕မ်ိဳးကိုကြၽန္ေတာ္ကလည္းထာဝရမလြတ္ေျမာက္ခ်င္ဘူး
ဂြၽန္ရာ.........

simplicity 🏝
Zante💜

ဒါေလးကေလ အစထဲကမပါတဲ့အပိုင္းေလးပါ အၾကမ္းစေရးထားထဲကမပါခဲ့ပါဘူး birthdayအတြက္ေရးခ်င္လို႔ထည့္လိုက္မိတာ အဲ့ဒါေၾကာင့္နဲနဲေလးမ်ားအမွားရွိခဲ့ရင္ခြင့္လႊတ္ပါရွင္💜
Happy Taeday😘☃💜

ဖတ္ေပးသူသဲေလးတစ္ေယာက္ခ်င္းစီတိုင္းကိုခ်စ္ခင္ေလးစားလွ်က္......

Olvasás folytatása

You'll Also Like

100K 9.8K 22
ချစ်တဲ့သူတွေကို ပျော်ရွှင်စေချင်တယ် စိတ်ချမ်းသာစေချင်တယ် အဆင်ပြေစေချင်တာဟာ....... သိမ်မွေ့တဲ့အဖြူရောင်အတ္တလေးပါ..... နူးညံ့သောချစ်ခြင်းမေတ္တာတွေ အားပ...
255K 6.3K 73
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
239K 23.3K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
89.2K 6.4K 16
[Uni & Zawgyi] Completed "ကျွန်တော့်ကိုတစ်လပဲအချိန်ပေးပါ..တစ်လအတွင်းမှလူကြီးကျွန်တော့်ကိုပြန်မချစ်လာခဲ့ရင်..ကျွန်တော််လူကြီးအနားကနေ..အပြီးပိုင်ထွက်သွ...