Fall in Love 🖤

By thawxin

220K 12.2K 722

(Unicode ) မြန်မာနိုင်ငံ ပြည်ထောင်စုဝန်ကြီးရဲ့သမီးလေးနဲ့ ပြင်သစ်စကားပြန်မလေးတို့ရဲ့ မတူညီတဲ့အခြေနေနှစ်ခုကြားထ... More

1 - Fall in Love 🖤
2 - Fall in Love 🖤
3 - Fall in Love 🖤
4 - Fall in Love 🖤
5 - Fall in Love 🖤
6 - Fall in Love 🖤
7 - Fall in Love 🖤
8 - Fall in Love 🖤
9 - Fall in Love 🖤
10 - Fall in Love 🖤
11 - Fall in Love 🖤
12 - Fall in Love 🖤
13 - Fall in Love 🖤
14 - Fall in Love 🖤
15 - Fall in Love 🖤
16 - Fall in Love 🖤
17 - Fall in Love 🖤
18 - Fall in Love 🖤
19 - Fall in Love 🖤
20 - Fall in Love 🖤
21 - Fall in Love 🖤
22 - Fall in Love 🖤
24 - Fall in Love 🖤
25 - Fall in Love 🖤
26 - Fall in Love 🖤
Final Part - (unicode)
Final Part- (Zawgyi)
Book Creation

23 - Fall in Love 🖤

5.6K 343 13
By thawxin

(Unicode)

ရိုးတစ်ယောက် ဧည့်သည်လေးယောက်ကို မန္တလေးမြို့တွင်း ခရီးစဥ် လိုက်ပို့ပေးနေရသည်မှာ သိပ်စိတ်မပါလှပေ... အကြောင်းကတော့ ရှင်းနဲ့ စကားမပြောဖြစ်တာ လေးရက်မြောက်ထိ ရှိသွားလို့ပင်... အရင်က တစ်ရက်လေး စကားမပြောရရင်တောင် ကမ္ဘာပျက်မတက် ဖြစ်နေသူနှစ်ယောက်က အခုဆိုရင် မာနကိုယ်စီထားကာ ပစ်ထားနေမိကြသည်...

'ကလေးရယ်... နေနိုင်လိုက်တာနော်... ကလေး အခုချိန်ထိ မ,ရဲ့ စေတနာကို နားမလည်သေးဘူးလား..' စိတ်ထဲမှာပဲ ရိုး ရေရွတ်ကာ သက်ပြင်းချလိုက်မိသည်... ရိုးတစ်ယောက် အချစ်နာကျနေသည်မို့ မိမိဝါသနာပါတဲ့ အလုပ်ကိုတောင် ညည်းညူမိသည်အထိပင် ဖြစ်နေတော့သည်... လမ်းခရီးတစ်လျှောက်မှာလည်း ဧည့်သည်များကို ရှင်းပြနေရသည်များကို စိတ်မပါလှပေ... သို့ပေမယ့် Company မျက်နှာမပျက်ရလေအောင် အားတင်းပြုံးထားပြီး ဆက်ဆံပေးနေရတော့သည်...
ရိုးပဲ ကံကောင်းတယ်လို့ ဆိုရမလားပင်.. ဧည့်သည်တစ်ယောက် နေပူရှိန်ကြောင့် ခေါင်းကိုက်လာသဖြင့် ခရီးဆက်မသွားတော့ဘဲ Hotelသို့ ပြန်ဖို့ရာ အကြောင်းဖန်လာတော့သည်... ရိုးလည်း အလုပ်လုပ်ရတာ စိတ်မပါလှသည်မို့ အခြေနေက သူ့အတွက်အရမ်းအဆင်ပြေသွားရသည်... ထို့နောက်တော့ အင်းဝမြို့ဟောင်းကနေ ပြန်လာကာ သက်ဆိုင်ရာ Hotel ဆီသို့ အရောက်ပို့ပေးပြီး Company သို့ ဝင်ခဲ့တော့သည်.....

Company အတွင်းသို့ ဝင်ဝင်ချင်းမှာပဲ အောက်ထပ်တွင် MD နဲ့ တည့်တည့်တိုးတော့သည်...

"ဟာ... သမီးရိုး.. ပြန်လာပြီလား..
အခုမှ ၂နာရီပဲ ရှိသေးတာလေ.."

"ဟုတ်တယ် MD.. စစ်ကိုင်းဘက်​တောင်မရောက်ခဲ့ဘူး.. အင်းဝကနေ လှည့်ပြန်လာတာ.. ဧည့်သည်တစ်ယောက်က ခေါင်းမူးလာလို့ ပြန်နားချင်တယ်ဆိုလို့လေ.."

"ဟုတ်လား... ဒါဆို မနက်ဖြန်မှ ခရီးဆက်တော့မယ်ထင်တယ်.. သမီးလည်း နားချိန်ရတာပေါ့ကွယ်.. အေးဆေး အိမ်ပြန် နားလိုက်ဦး..."

"ဟုတ်ကဲ့.. MD "

"ဒါဆိုရင် MDလည်း ကိစ္စရှိလို့ အပြင်သွားလိုက်ဦးမယ်..."

"ဟုတ်ကဲ့ MD "

MD အပြင်ထွက်သွားပြီးချိန်မှာတော့ ရိုးလည်း ရုံးအတွင်းရှိ Water cooler မှ ရေတစ်ခွက် အဝသောက်ကာ အိမ်သို့ပြန်ရန် ဆိုင်ကယ်ထားထားသည့် နေရာသို့ ထွက်လာတော့သည်... ဆိုင်ကယ်နားသို့ မရောက်ခင်မှာပဲ လူတစ်ယောက်ရဲ့ ခေါ်သံ ကြားလိုက်ရတော့သည်...

"ရိုးတံ...."

အသံလာရာဆီသို့ လှည့်ကြည့်လိုက်ချိန်မှာတော့ ရိုးတစ်ယောက် ကြောက်စိတ်နဲ့ စိုးရိမ်စိတ်တို့ဝင်လာကာ တစ်ကိုယ်လုံးအားနည်းသွားသလို ဖြစ်သွားရတော့သည်...

"ရိုးတံ... ဘာကြောင် ကြည့်နေတာလဲ..
ကိုယ်ပါ.. စည်သူမင်းထွေးလေ..."

"ဟုတ်.. ဟုတ်ကဲ့ ကိုစည်သူ..
သိ သိပါတယ်..."

"ရိုးတံ နေကောင်းရဲ့လား..
အသံတွေလည်း တုန်ပြီး နဖူးမှာလည်း ချွေးတွေကြည့်ပဲ... မှန်းစမ်း..🤔"

စည်သူမင်းထွေးတစ်ယောက် စကားပြောနေရင်းနဲ့မှ ပိုင်းစိုးပိုင်နင်းဖြင့် ရိုးနဖူးကို လက်ဖြင့် လာစမ်းတော့သည်... ရိုးလည်း နဂိုကထဲကမှ ကြောက်လန့်နေပါတယ်ဆို ရုတ်တရက်ကြီး ကိုယ့်နဖူးကိုလာစမ်းတော့ ခြေလှမ်းတို့ အလိုလို နောက်ဆုတ်သွားကာ...

"ရိုး နေကောင်းပါတယ်..
အခုက ခရီးပန်းလာတာနဲ့ နေအရမ်းပူတာရယ်ကြောင့် ချွေးထွက်နေတာပါ..."

"ဟုတ်ရဲ့လား..? နေမကောင်းဘူးထင်တာပါပဲ.. ကိုယ် ကားပါလာတယ်.. အိမ်ထိ လိုက်ပို့ပေးမယ်လေ..."

"ရပါတယ်... ကိုစည်သူ...
ရိုးအတွက် အလုပ်ရှုပ်မခံပါနဲ့
ကိုယ့်ဘာသာ ပြန်နိုင်ပါတယ်... ရိုးကိုခွင့်ပြုပါဦးနော်..."

"နေပါဦး ရိုးတံ ရဲ့...
ကိုယ်တို့ အေးဆေးစကားပြောရအောင်ပါ.."

"နောက်မှပဲ ပြောပါ့လား ကိုစည်သူ..
အခု ရိုး ​ပြန်နားချင်နေပြီမို့လို့..."

"ခဏပဲ ပြောမှာပါ ရိုးတံရဲ့..
ဒီနားမှာ Coffee ဆိုင်ကောင်းကောင်းလေး ရှိတယ်.. သွားရအောင်ပါ..."

"ရိုး Coffee မကြိုက်ဘူး...
သောက်ချင်စိတ်လည်း မရှိဘူး..
ခွင့်ပြုပါဦးနော်..."

ရိုး စည်သူမင်းထွေးရဲ့ရှေ့မှ ထွက်လာပြီး သူ့ရဲ့ဆိုင်ကယ်ဆီသို့ အမြန်လျှောက်လာခဲ့သည်.. စည်သူမင်းထွေးသည်လည်း အနောက်ကနေ အမြန်လိုက်ကာ ရိုး ရှေ့မှ ပိတ်ရပ်လိုက်ပြီး...

"ဒီမယ် ရိုးတံ...
မင်းက ကိုယ်ကလိုက်ကပ်နေလို့ တမင်တကာ ရှောင်နေတာလား...
ကိုယ် မင်းကို ချစ်နေတယ်ဆိုတာတော့ ကောင်းကောင်း သိပါတယ်နော်..."

"သိပါတယ်... ဒါ့ကြောင့်လည်း အရင်ကထဲက ပြတ်ပြတ်သားသား ငြင်းခဲ့တာပါ..."

"ဒါပေမယ့် အရင်တုန်းကရှိခဲ့တဲ့ မင်းရဲ့ ချစ်သူက သေပြီလေ... အခု သူမှ မရှိတော့တာ.. ဒီတော့ မင်း ကိုယ့်ကို ပြန်ချစ်ရမယ်..."

"ဟင့်အင်း... ရိုး ကိုစည်သူကို မချစ်နိုင်ဘူး..."

"ဘာလဲ.. နောက်ထပ် ချစ်သူအသစ် ထပ်ရနေလို့လား..?"

ထိုစကားကြောင့် ရိုးရင်ထဲ မီးတောင်ပေါက်ကွဲသလို တုန်ခါပြီးပူလောင်သွားရသည်... ရိုးနဲ့ရှင်းအကြောင်းကို ကိုစည်သူ သိနေတာလား..? ဒါဆိုရင် ရှေ့လျှောက် ပြသနာတွေက ဖြစ်လာဦးမှာလား..?
ဟင့်အင်း.. အဲ့လိုဆိုရင် မဖြစ်ဘူး.. ရှင်းကို ထိခိုက်လာလိမ့်မယ်...

"ကိုယ်မေးတာ ဖြေဦးလေ ရိုးတံရဲ့.."

"ဟို.. မရှိ မရှိပါဘူး..."

"ဟုတ်ရဲ့လား...
ကိုယ် သိနေတယ်ဆိုရင်ရော်..."

"မ..မရှိပါဘူး..
ရိုး ခေါင်းကိုက်လာလို့ ပြန်လိုက်ပါဦးမယ်.."

ရိုးတစ်ယောက် ချီတုံချတုံဖြစ်တဲ့ ကိုယ့်ကိုကိုယ် ပြန်ထိန်းရင်း စည်သူမင်းထွေးရှေ့မှ အမြန်ထွက်ခဲ့လိုက်သည်... မဟုတ်ရင် သူ့ရှေ့မှာ တော်တော်လေးကို အမူယာပျက်နေတော့မည်... ဒါတောင် စိတ်လှုပ်ရှားပြီး စကားတွေထစ်အ သွားခဲ့သေးသည်မဟုတ်လား....

ရိုး ထွက်သွားသည်ကို စည်သူမင်းထွေးတစ်ယောက် မျက်စိတစ်ဆုံးလိုက်ကြည့်ပြီး ခနဲ့သည့်အပြုံး ပြုံးလိုက်သည်...
'ရိုးတံ.. မင်းက ကိုယ်ဘယ်လောက်ပဲ ကြိုးစား ကြိုးစား မင်းအတွက်တော့အချည်းနှီးပါပဲလား..? ငါ့ရဲ့ ကြိုးစားမူတွေ အလဟသတ် အဖြစ်မခံနိုင်ဘူး... မင်းကို မပိုင်ဆိုင်ရမယ့်အတူတူ တစ်ခြား ဘယ်သူမှလည်း မပိုင်ဆိုင်စေရဘူးကွာ... ဒါက ငါ့ရဲ့သစ္စာစကားပဲ... ' စိတ်ထဲမှာသာ စည်သူမင်းထွေး ကြိမ်းနေမိသည်... လူတစ်ယောက်ကို ပိုင်ဆိုင်ချင်လွန်းလို့ တစ်ခြားတစ်ယောက်ကို သတ်ပြီး သူ့နေရာမှာ ကိုယ်ဝင်မယ် ဆိုပါမှ ကြားထဲက မိန်းကလေးတစ်ဦးက ဖြတ်ခုတ်သွားသတဲ့လား..? မသိရင် ကိုယ်ကပဲ သူတို့အတွက် လမ်းဖောက်ပေးလိုက်သလိုပင်... ဒီကြားထဲမှာ အဲ့ဒီလူက မိန်းကလေးဖြစ်နေ​တော့ စည်သူမင်းထွေးတို့ အဖြစ်မရှိသလို ရှုံးနိမ့်သွားသလို ခံစားရစေသည်... ဒါတွေကြောင့်လဲ ပိုပြီး ခံပြင်းမိစေခဲ့ပြီ မဟုတ်လား....?

ရိုး ဆိုင်ကယ်မောင်းနေရင်းနဲ့ စည်သူမင်းထွေးပြောသည့် စကားများကိုသာ အထပ်ထပ်အခါခါ ပြန်ကြားယောင်နေမိသည်... ရှင်းနဲ့ချစ်သူတွေဆိုတာ တကယ်ပဲ သေချာတပ်အပ်သိနေတာလားဟု တွေးမိရင်း ပိုပြီး ခေါင်းနပန်းကြီးနေရသည်... ပြီးတော့ စိုင်းခန့်နောင််မရှိတော့တာကိုလည်း စကားထဲ ထည့်ပြောသွားသေးသည်... သေချာစုံစမ်းနေခဲ့လို့ သိတာလား..? ဒါမှမဟုတ် သူ့ပယောဂမကင်းတာကြောင့်ပဲ တစ်ထစ်ချ ပြောနိုင်တာလား...?
ရိုး အတွေးပေါင်းစုံနဲ့ ဆိုင်ကယ်မောင်းလာရင်း အိမ်ကို ဘယ်လိုရောက်လို့ ရောက်သွားမှန်းမသိ ရောက်လာခဲ့သည်... ခြံတံခါးဖွင့်ထားတာကြောင့် တစ်ခါထဲတန်းဝင်လိုက်ပြီး ဆိုင်ကယ်ကို ထားနေကြနေရာတွင် ရပ်ထားလိုက်ပြီး ခြံတံခါးပိတ်ရန် တံခါးဆီသို့ ပြန်လျှောက်လာခဲ့သည်... ခြံတံခါး ပိတ်နေတုန်းမှာပဲ အိမ်ထဲမှ ရင်းနှီးတဲ့အသံဖြင့် လှမ်းခေါ်တာကို ကြားလိုက်ရသည်...

"ရိုးရိုး..."

ရိုးရိုး လို့ခေါ်သည်မှာ ရိုးရဲ့အမေတစ်ယောက်သာ ရှိသည်... အခုကတော့ အမေမဟုတ်ဘဲ သူမ ဆိုတာ အသံကြားတာနဲ့တင်ကို ရိုး သိလိုက်ပါသည်... ထို့နောက် ခြံတံခါးပိတ်နေတာကို ရပ်လိုက်ပြီး နောက်သို့ လှည့်ကြည့်လိုက်ချိန်မှာတော့ ဂစ်တာလေးကို အပြီပင်လွယ်ထားတဲ့ သူ့ရဲ့ ကလေး....

🎸🎼🎸🎼🎸🎼🎸🎼

ရိုးရိုးလေးသာ ဝတ်ခဲ့ပါလေ အေးမြလို့..
ကျင်လည်ရာ လူ့လောကမှာ...
အပူမီးနဲ့အတူ လှုပ်ရှားရုန်းကန်...
ဟန်လုပ် ပြုံးရခြင်းတွေ × × ×

စွန့်ပစ်ခဲ့တယ် သွားကြမယ်လေ ဘုရားဖူးစို့
မောင်မယ်အတူ တောင်ဘက်မုခ်က...
လှေကားထစ်တွေ တက်ရင်းနဲ့လေ...
ရေကြည့်ကြတာပေါ့...
ရိုးရိုးလေးသာ ဝတ်ခဲ့ပါလေ အေးမြလို့...
ပန်းတန်းနဲ့ စောင်းတန်းသွယ်စီ မရောက်ခင်
ပန်းဝယ်မယ်ဆို နှင်းဆီကိုသာ
ရွေးချယ်နော် × × ×

တမ်းတတဲ့ လမ်းဆုံးခေမာကမ်းဆီ
ဆုပန်ရွယ်သူ နှစ်ဦးပြိုင်တူသာ
ရောက်စေသော်......
အာရုံခံတန်စောင်းအောက်ဆိုရင်
မေရယ် အနောက်ခြမ်းကနေစဥ်
မြင်သာမယ့်အပိုင်း ထိုင်ကွယ်.....
ရိုးရိုးလေးသာ ဝတ်ခဲ့ပါလေ အေးမြလို့

🎼🎸🎼🎸🎼🎸🎼🎸× × × × ×

သီချင်းအဆုံးမှာတော့....

"Happy Birthday🎉 ပါ မ
မ,ရဲ့ ၂၅နှစ်ပြည့် မွေးနေ့မှာ ပျော်ရွှင်ပါစေနော်..."

ရိုးတစ်ယောက် မထင်မှတ်ထားတဲ့ Surprise ကြောင့် အပျော်လွန်ပြီး ထိုနေရာမှာတင် မလှုပ်မယှက် ရပ်နေမိသည်... အပျော်လွန်ပြီး ကျတဲ့မျက်ရည်တွေကလည်း ​ပါးထက်မှာ တင်ကျန်နေပြီဖြစ်သည်...

"သမီး.. အဲ့မှာ ဘာရပ်လုပ်နေတာလဲ...
လာလေ.. အထဲဝင်ခဲ့..."

အဒေါ်ဖြစ်သူပြောလိုက်သော်လည်း ရိုးတို့ နားထဲမဝင်သည့်အလား ရပ်နေမိသေးသည်... ဒါနဲ့ပဲ ရှင်းတစ်ယောက် ရိုးဆီကို အပြေးလေးသွားရင်း...

"မ, ဘာလို့ ငိုနေတာလဲ..?
မွေးနေ့ကြီးမှာ မငိုရဘူးလေ...
လာ အထဲသွားရအောင်..."

"သွားပါ... လာမခေါ်နဲ့...လူဆိုကြီး
လူကိုပစ်ထားတုန်းက ပစ်ထားပြီးတော့.. အခုမှ လာပြီး... ဟီး..ဟီး..😭😭 "

"ဟောဗျာ... မငိုနဲ့ပြောမှ ကလေးလို အာဗြဲကြီးနဲ့ အော်ငိုနေတယ်... ဟိုမှာ ဒေါ်ဒေါ်ကြည့်နေတယ်နော်... တိတ်တော့.. "

"ဟုတ်... တိတ်ပြီ.."

ကလေးတစ်ယောက်လို ပြောလိုက်တာကြောင့် ရှင်းလည်း အူယားပြီး ပါးနှစ်ဖက်ကို ဆွဲကာ.. မျက်ရည်တွေပါ တစ်ခါထဲ သုတ်ပေးလိုက်သည်... ပြီးတာနဲ့ ရိုးလက်ကိုတွဲကာ အိမ်ထဲသို့ ဝင်ခဲ့ကြသည်... အိမ်ထဲသို့ ဝင်ဝင်ချင်းမှာပဲ....

"Happy Birthday...🎂"

ဆုနဲ့စန္ဒာတို့ မွေးနေ့ကိတ်ကြီးကို ကိုင်ထားပြီး ပြိုင်တူအော်လိုက်ကြသည်...

"ဟာ.. နင်တို့လည်း ရောက်နေတာလား.."

"အေးပေါ့ဟ.. ရောက်လို့ နင်မြင်ရတာပေါ့.."

"ဟင်.. ဦးလေးကရော် ရုံးမသွားဘူးလား.."

"နေ့တစ်ပိုင်း ပြန်လာတာလေ သမီးရဲ့...
သမီးကိုတောင် ညနေမှ ပြန်လာမယ်ထင်နေတာ.. သမီးကဒီနေ့မှ စောနေတယ်.."

"ဟုတ်တယ် ဦးလေး..
ဒီနေ့ ခရီးသည်တစ်ယောက် နေမကောင်းတာနဲ့ စောပြန်လာရတာ..."

"ကဲကဲ.. ကြာတယ်...
BD cake ခွဲမယ်ဟေ့..."

ဆုပြောပြီးတာနဲ့ ကိတ်ကို စားပွဲပေါ်ချလိုက်သည်.. ထို့နောက် အားလုံးလည်း ရိုးအတွက် BD song ဆိုကာ ဖယောင်းတိုင်အတူ ဝိုင်းမှုတ်လိုက်ကြတော့သည်... ထို့နောက် မုန့်ခွန့်ကျွေးဖို့အတွက် ကိတ်ခွဲလိုက်ချိန်မှာတော့ ကိတ်မုန့်ထဲကမှ I phone 12 pro ကြီးကို အခန့်သား တွေ့လိုက်ရသည်....

"ဟင်... ဒီဖုန်းက..?"

"ရှင်းရဲ့ BD present ပါ မ,..."

"ဟိုနေ့ကမှ အသစ်ထွက်ထားတာမလား... ဘာလို့ ဒီလောက်စျေးကြီးတာကြီးကို..."

"ဟိုး..ဟိုး.. တော်လိုက်တော့..
ဘာမှမပြောဘဲ လက်ဆောင်ကို လက်ခံလိုက်ပါနော်.. ပြီးတော့ ဒီမှာ ရှင်းနဲ့ Couple လေး..ဟီး..😁 "

ရှင်း ပြောရင်းပင် အိတ်ထောင်ထဲမှ သူရဲ့ဖုန်းအသစ်လေးကို ထုတ်ပြလိုက်သည်... ဒီတော့မှ ရိုးလည်း ပြုံးလိုက်မိပြီး ရှင်းရဲ့ စေတနာကို မငြင်းဆန်တော့ပဲ လက်ခံလိုက်တော့သည်... ထို့နောက်တော့ တစ်ယောက်ချင်းစီ ကိတ် လိုက်ခွန့်ကျွေးရင်း ပျော်ပျော်ပါးပါး မွေးနေ့ကို ဆင်နွှဲလိုက်ကြသည်....

"မ, ရေချိုးပြီး အဝတ်စား လဲလိုက်တော့..
ရှင်းနဲ့ အော်တော်မူ ဘုရားသွားရအောင်..."

"အင်းအင်း.. သွားမယ်လေ...
ဒါနဲ့ နေပါဦး... ခုနက သီချင်းက ဘာလဲ..?
BD သီချင်းလည်းမဟုတ်ဘဲနဲ့..."

"ဒီတိုင်း.. မ,နာမည်လေးပါလို့ ဆိုလိုက်တာ.. ပြီးတော့ အခုဘုရားသွားမှာနဲ့ဆိုတော့ လိုက်ဖက်တယ်လေ..😁 ဘာပဲဖြစ်ဖြစ် ခုနက ရှင်းဆိုတာ ကြွေသွားတယ်မလား..?"

"မကြွေပါဘူး...
ရှင့်ကို မကျေနပ်တဲ့အကြောင်းတွေ အများကြီး ပြောချင်သေးတယ်.. လူကို ရက်ရက်စက်စက် ပစ်ထားခဲ့ပြီးတော့..."

"ရေအရင်ချိုးလိုက်ပါ မ,ရယ်...
ပြီးမှ ဘုရားသွားရင်း မကျေနပ်ချက်တွေ ထုတ်ပြော.. ဟုတ်ပြီလား... ရိုးရိုးလေးပဲ ဝတ်ခဲ့နော်.. 😉 "

" 😒😒 "

ရိုးတစ်ယောက် မျက်စောင်းလေးထိုးရင်း အပေါ်ထပ်သို့ တက်သွားတော့သည်... ထို့နောက်တော့ ရိုးရေချိုးနေတုန်း အားလုံးဝိုင်းဖွဲ့ပြီး စားသောက်လိုက်ကြတော့သည်.... ရိုးပြင်ဆင်ပြီးချိန်မှာတော့ အားလုံးကိုထားရစ်ကာ နှစ်ယောက်သား မြန်မာဝတ်စုံလေးဖြင့် ဘုရားသို့ ထွက်လာခဲ့တော့သည်... မိနစ်အနည်းငယ်လောက် ကားမောင်းပြီးချိန်မှာတော့ အော်တော်မူဘုရား တည်ရှိရာသို့ ရောက်လာခဲ့ပြီဖြစ်သည်... နေရာလွတ်တွင် ကားရပ်ထားပြီးတာနဲ့ နှစ်ယောက်သား လက်ချိတ်ကာ ဘုရားဝင်းအတွင်းသို့ လျှောက်လာခဲ့ကြသည်....

"ကျွန်မ... ရှင့်ကို မေးဦးမယ်..."

"မေးပါဗျာ... ဖြေပေးပါ့မယ်..."

"ဘာလို့ လူကို လေးရက်ကြီးများတောင် ပစ်ထားရတာလဲ... ဟမ်..
နေနိုင်နေပြီလား...? အဲ့လောက်အကြာကြီးကို စကားမပြောဘဲ နေနိုင်နေပြီလား...?"

"ဘယ်နေနိုင်ပါ့မလဲ အချစ်ကလေးရယ်..
ရှင်းလည်း မ,မွေးနေ့မှာ Surprise တိုက်ချင်တာနဲ့ အဆက်သွယ်မလုပ်ဘဲ အောင့်အီးပြီး နေရတာပေါ့...
သူများသာ ပြောတာ.. သူကျတော့ ဖုန်းတစ်ချက်တောင် မဆက်ဘဲနဲ့..."

"ဒါကတော့ ရှင်မှားတာလေ...
ဒီက စေတနာနဲ့ ပြောတာကို နားမလည်ဘဲ အကြီးကို ပြန်အော်နေတာ... အဲ့တော့ ရှင့်ဘက်ကပဲ အရင်စ,လာခေါ်သင့်တယ်မဟုတ်ဘူးလား.."

"ဟုတ်ပါပြီ... အခုလည်း လာခေါ်နေပါပြီနော်..."

"အယ်.. အယ်.. နေပါဦး
အဲ့နေ့ကပြောတဲ့ လက်စားချေဦးမယ် ဆိုတာကရော်..? ထပ်ပြီး ပြသနာဖြစ်သေးလား.."

"ဟို.... အဲ့ဒါကလေ..."

"အဲ့ဒါက ဘာဖြစ်လဲ.. ?
အမှန်တိုင်း ဖြေနော်..."

"အမှန်တိုင်း ဖြေမယ်..
ဒါမဲ့ ရှင်းကို စိတ်မဆိုးရဘူးနော်.."

"စိတ်ဆိုးသင့်ရင်တော့ စိတ်ဆိုးမှာပဲ.."

"တော်ပြီ.. အာ့ဆို မပြောတော့ဘူး.."

"ရှင်း မြင့် မိုရ်.. 😒 "

"မ,ရယ်.. မျက်စောင်းကြီး မထိုးပါနဲ့..
​ကြောက်လို့ပါ.. ပြောပြပါ့မယ်..."

"အာ့ဆို ပြောတော့..."

"ဟုတ်..🙁
ရှင်းလေ.. မ,စကားကို နားမထောင်မိလိုက်ဘူး... မနေ့ကပဲ အဲ့ဒီ ရဲရင့်သွေးဆိုတဲ့ကောင်ကို ကားပေါ်ကနေ ပိတ်ရိုက်ခဲ့တယ်."

"ဘယ်လို.. ဘယ်လို..."

"ဟိုလေ.. မနေ့က ဖုန်းသွားဝယ်ရင်းနဲ့ လမ်းပေါ်မှာ အဲ့ကောင်ကို Harleyဆိုင်ကယ်နဲ့ ရှိုးထုတ်နေတာတွေ့လို့ အနောက်ကနေ အမှီလိုက်မောင်းရင်း 2' 1" နဲ့ ဆော်လိုက်တာ..."

"ဘုရားရေ... အဲ့ကောင်လေးဘာဖြစ်သွားသေးလဲ..."

"ဘာဖြစ်ရမှာလဲ မ,ရဲ့... လူကချာလပတ်ယမ်းပြီး ဆိုင်ကယ်မှောက်သွားတာပေါ့... အဲ့မှာနောက်က ကပ်ပါလာတဲ့ ဆိုင်ကယ်ကလည်း အရှိန်မသတ်နိုင်တော့ ထပ်တိုက်မိတာပေါ့... 😁အဟိ အားရစရာကြီး.. သိလား.."

"အမလေးတော်... အကြင်နာတရား မရှိလိုက်ပုံများ အားရစရာကြီးနဲ့တောင် တွေ့နေသေးတယ်... အဲ့ကောင်လေး သေတော့မသေပါဘူးနော်..."

"အဲ့ကောင်လည်း အဆိပ်ပြင်းတယ် မ,ရဲ့..
မသေသေးဘူး... ဒီတစ်ခါဖြစ်တာ ဒယ်ဒီတော့ သိသွားတယ်.. ရှင်းကို ကြိမ်းနေပြီ.. နေပြည်တော်ကိုလည်း ပြန်ခေါ်နေပြီလေ.. ရှင်းလည်း မရမကပြောပြီး ပေကပ်နေနေတာ 😁..."

"ပြောမနိုင်ဆိုမနိုင် ရှင်တစ်ယောက်နဲ့တော့ ခက်နေပြန်ပါပြီ... အတန်တန်မှာထားတဲ့ကြားကကို သွားပြီးပြသနာရှာသေးတာ... ရှင်သာ နေပြည်တော်ပြန်သွားရရင် မ,နဲ့ ဝေးမယ်ဆိုတာတော့ သိပါတယ်နော်.. နောက်ထပ် ရန်မဖြစ်ပါနဲ့တော့လား ကလေးရယ်... မ,လေ ကလေးကို စိတ်ပူရလွန်းအားကြီးလို့ သေတော့မယ်..."

"အဲ့လိုမ​ပြောပါနဲ မ,ရယ်...
နောက်ဆို ရှင်း တတ်နိုင်သလောက် ရှောင်ပါ့မယ်.."

"တကယ်လား..?
အဲ့ဒါဆိုရင် ဘုရားရှေ့မှာ သစ္စာဆိုပြ.."

"ဟာ... မ,ကလည်း...
အဲ့ဒါတွေ လိုလို့လား..?"

"လိုတယ်.. အခုသစ္စာဆိုပြ...."

"ကောင်းပါပြီရှင့်...
အချစ်ကလေး ရဲ့အလိုကျ ဆိုပြပါ့မယ်နော်...."

ရှင်းလည်းရိုးရဲ့ အလိုကျအတိုင်း ဘုရားရှေ့တွင် အတူ ပဆစ်တုတ်ထိုင်ကာ နောက် ရန်မဖြစ်တော့ကြောင်း သစ္စာဆိုလိုက်သည်... သစ္စာစကားရဲ့နောက်မှာတော့ နှစ်ယောက်အတူ သက်ဆုံးတိုင် ပေါင်းဖက်ပါရစေဆိုပြီးလည်း တိုးတိုးတိတ်တိတ်ဆုတောင်းလိုက်သေးသည်... ထို့နောက် နှစ်ယောက်အတူ ဘုရားဝတ်ပြုပြီးချိန်မှာတော့ ဘုရားလူကြီးထံသွားပြီး မွေ့နေ့အလှူအဖြစ် အလှူငွေများ လှူဒါန်းခဲ့ကြသည်... ထို့နောက်တော့ အေးအေးချမ်းချမ်းနှင့်သာ နှစ်ယောက်အတူ ဘုရားပရဝုဏ်အတွင်း၌ လက်ချင်းချိတ်ကာ စကားတပြောပြောနှင့် လျှောက်သွားနေမိကြသည်... ရိုးရဲ့ ၂၅နှစ်ပြည့် မွေးနေ့ကတော့ ထိုကဲ့သို့သာ ရိုးရိုးလေး ဖြတ်သန်းလိုက်ကြသည်... သိပ်ကို တန်ဖိုးရှိနဲ့ နေ့ရက်လေးတစ်ရက်ပင်... ရိုးတစ်ယောက် သူ့မွေးနေ့မှာ ရှင်းနဲ့အတူ ဖြတ်သန်းလိုက်ရတာကြောင့် ပီတိဖြစ်ကာ အရာအားလုံးကို မေ့လျော့နေတော့သည်... ထိုအထဲမှာမှ စည်သူမင်းထွေးနှင့် ​ပြောဆိုဆက်ဆံခဲ့သည့် အကြောင်းအရာများပါ ပါသွားခဲ့ပြီဖြစ်သည်.....

🌀🌀🌀🌀🌀🌀🌀🌀🌀🌀🌀

(Zawgyi)







"ဟုတ်ကဲ့.. MD "


"ဟုတ်ကဲ့ MD "


"ရိုးတံ...."



"ဟုတ်.. ဟုတ်ကဲ့ ကိုစည်သူ..
သိ သိပါတယ်..."



"ရိုး နေကောင်းပါတယ်..


"ရပါတယ်... ကိုစည်သူ...

"နေပါဦး ရိုးတံ ရဲ့...



ခွင့်ပြုပါဦးနော်..."


"ဒီမယ် ရိုးတံ...







"ဟို.. မရှိ မရှိပါဘူး..."

"ဟုတ်ရဲ့လား...

"မ..မရှိပါဘူး..



ရိုး ဆိုင်ကယ်မောင်းနေရင်းနဲ့ စည်သူမင်းထွေးပြောသည့် စကားများကိုသာ အထပ်ထပ်အခါခါ ပြန်ကြားယောင်နေမိသည်... ရှင်းနဲ့ချစ်သူတွေဆိုတာ တကယ်ပဲ သေချာတပ်အပ်သိနေတာလားဟု တွေးမိရင်း ပိုပြီး ခေါင်းနပန်းကြီးနေရသည်... ပြီးတော့ စိုင်းခန့်နောင်မရှိတော့တာကိုလည်း စကားထဲ ထည့်ပြောသွားသေးသည်... သေချာစုံစမ်းနေခဲ့လို့ သိတာလား..? ဒါမှမဟုတ် သူ့ပယောဂမကင်းတာကြောင့်ပဲ တစ်ထစ်ချ ပြောနိုင်တာလား...?

"ရိုးရိုး..."


🎸🎼🎸🎼🎸🎼🎸🎼

ကျင်လည်ရာ လူ့လောကမှာ...

ရေကြည့်ကြတာပေါ့...
ရွေးချယ်နော် × × ×

ရောက်စေသော်......

🎼🎸🎼🎸🎼🎸🎼🎸× × × × ×

သီချင်းအဆုံးမှာတော့....

"Happy Birthday🎉 ပါ မ


လာလေ.. အထဲဝင်ခဲ့..."


"မ, ဘာလို့ ငိုနေတာလဲ..?
လာ အထဲသွားရအောင်..."



"ဟုတ်... တိတ်ပြီ.."


"Happy Birthday...🎂"






"ဟုတ်တယ် ဦးလေး..

"ကဲကဲ.. ကြာတယ်...
BD cake ခွဲမယ်ဟေ့..."


"ဟင်... ဒီဖုန်းက..?"


"ဟိုနေ့ကမှ အသစ်ထွက်ထားတာမလား... ဘာလို့ ဒီလောက်ဈေးကြီးတာကြီးကို..."




"အင်းအင်း.. သွားမယ်လေ...


"မကြွေပါဘူး...


" 😒😒 "






"ဒါကတော့ ရှင်မှားတာလေ...


"အယ်.. အယ်.. နေပါဦး

"ဟို.... အဲ့ဒါကလေ..."

"အဲ့ဒါက ဘာဖြစ်လဲ.. ?
အမှန်တိုင်း ဖြေနော်..."

"အမှန်တိုင်း ဖြေမယ်..



"ရှင်း မြင့် မိုရ်.. 😒 "


"အာ့ဆို ပြောတော့..."

"ဟုတ်..🙁

"ဘယ်လို.. ဘယ်လို..."







"အဲ့လိုမ​ပြောပါနဲ မ,ရယ်...

"တကယ်လား..?

"ဟာ... မ,ကလည်း...
အဲ့ဒါတွေ လိုလို့လား..?"

"လိုတယ်.. အခုသစ္စာဆိုပြ...."

"ကောင်းပါပြီရှင့်...


🌀🌀🌀🌀🌀🌀🌀🌀🌀🌀🌀

Continue Reading

You'll Also Like

319K 9.6K 78
(Fixed/Fan-TL) Top idol group Stardust, whose members disappear like dust. The group that used to have seven members ends with four members... "Is...
1.1M 36.4K 61
WATTYS WINNER When her fiancé ends up in a coma and his secret mistress, Halley, shows up, Mary feels like her world is falling apart. What she does...
411K 16.3K 48
Vikram, a senior officer, prioritizes his duty above all else, much like his father, ACP Rajendra. He has three siblings: one is an officer, and the...
5.2K 203 10
She's not his fiancée, but no one else needs to know.