Unicode
ကလေးရယ်ကိုယ့်ကိုစောင့်ပါကလေးဆီကိုယ်အမြန်နှုန်းတင်လာနေပါပြီ.....
ကလေးကိုမထားသွားသလိုကလေးလဲကိုယ့်ကိုထားမသွားရဘူး..
.ကိုယ်လေ...ကလေးကိုသိပ်ချစ်တယ်ကိုယ့်ခံစားချက်တွေကိုလျစ်လျူရှူခဲ့တာဆိုပေမယ့်
ကိုယ်ကလေးကိုသိပ်ချစ်တာပေါ့အရင်ကတည်းကဟိုးအရင်ကတည်းက
...အခုတော့ပိုပြီးသေချာလာခဲ့ပြီ
ကိုယ်ကလေမင်းကိုစတွေ့ကတည်းကကိုချစ်မိနေခဲ့တာ..မင်းရဲ့မြတ်နိုးရတဲ့အပြုံးတွေထဲမှာနစ်မွန်းသွားခဲ့တာ
ဒီတစ်ခါတော့ဒီစကားလုံးတွေကိုမင်းနားမှာငြီးငွေ့အောင်တဖွဖွပြောချင်တာမို့
မင်းကိုကိုယ်ထွက်သွားခွင့်မပေးနိုင်ဝူး"
ရှောင်ကျန့်ဆိုတဲ့လူသားကဝမ်ရိပေါ်ဆိုတဲ့ကိုယ်တစ်ယောက်ထဲအတွက်ဖြစ်တည်လာတာမို့ကိုယ့်ဘေးမှာအမြဲရှိပေးရမယ်..
ဆောင်းရဲ့အေးမြမှုကလည်းတစ်စတစ်စတိုးပွားလာပြီးနှင်းပွင့်လေးတွေကလည်းတဖွဖွကျဆင်းလာတယ်..
ဒီလူသားရဲ့ရင်ထဲမှာတော့နွေးထွေးတဲ့ပိုင်ရှင်လေးရှိနေတာမို့ အေးမြမှုကလည်းတိုးမဝင်နှိင်ပေ..အခုလည်းပိုင်ရှင်ရှိရာအရပ်သို့နှလုံးသားနှင့်ရင်းကာခရီးဆက်တော့မည်..
__________________________________
နှင်းပွင့်လေးတွေကြွေဆင်းနေတာကိုကြည့်ရင်း
အကြောင်းအရင်းမရှိပါပဲနဲ့မေ့မရသောသူအားတမ်းတမိပြန်သည်.
သူ့ကိုယ်သူလည်းစိတ်ကုန်ပါသည်.စိတ်ပိုင်းဖြတ်လိုက်ပြီဆိုပြီးထွက်လာခဲ့ပြီးသော်လည်းထိုသူ့ကိုမမေနိုင်..ပြန်တမ်းတဖို့ပျော်ရွှင်စရာအမှတ်တရအချို့ကိုတောင်မပေးခဲ့သောထိုသူအားဘာကြောင့်ဒီလောက်တောင်ရင်တွေဆူးနင့်နေအောင်ထိချစ်မိခဲ့တာလဲ..
"အကိုလေး ကျန်းမာရေးအတွက်မကောင်းပါဝူးအထဲဝင်နားပါတော့"
"ဟုတ်ပါတယ်သခင်လေးအအေးဓာတ်ကများနေတာမို့အထဲဝင်ပါတော့အအေးမိပါအုန်းမယ်"
ဝရန်တာတွင်ပန်းချီဆဲွနေရင်းဆေးရောင်များကလည်းပန်းရောင်သန်းနေသောထိုသူ့လက်ဖဝါးပေါ်တွင်စွန်းထင်းနေသည်..
နှင်းကျနေပါလျက်နှင့်လည်း နှင်းကျနေပုံကိုပန်းချီကားချပ်ပေါ်တွေမဆဲွထား...
ဆဲွနေလက်စ စုတ်တံတစ်ချောင်းကိုဘေးနားကခုံပေါ်တွင်ချလိုက်ရင်း
သူ့ကိုပြောသောထိုစကားများကိုခွန်းတုံ့မပြန်မိပဲနှင့်..
"ကြီးကြီး ကျနော့်ရဲ့ပန်းချီကတခုလိုနေသလိုပဲနော်"
"မလိုပါဝူးသခင်လေးတော်တော်ကိုအသက်ဝင်ပြီးလှတာပါ"
"အသက်ဝင်တယ်?"
"ဟုတ်"
"ကျနော်တောင်သတိမထားမိဝူး..ဒါမဲ့တစ်ခုလိုနေသလိုပဲ...အဟွတ် အဟွတ်"
ဘေးနားကလက်ကိုင်ပဝါအဖြူကိုအမြန်ယူပြီး
ချောင်းဆိုးလိုက်တော့
နီရဲနေသောသွေးစများ..
ဘေးနားကကြီးကြီးတို့ကလည်းမြင်သည်နှင့်ချက်ချင်း
"သခင်လေးအထဲဝင်ပါတော့နော် ကျန်းမာရေးအတွက်မကောင်းပါဝူး"
"ရပါတယ်ကျန်းမာရေးလည်းအသုံးမှမဝင်တော့ပဲကို"
"ကြီးကြီးတို့နားတော့ကျနော်တစ်ယောက်တည်းနေချင်လို့"
"ဒါမဲ့ "
"နော် ကြီးကြီး"
ပြောမရအဆုံးကြီးကြီးလည်း
"ဟုတ်ကဲ့သခင်လေး"
နှစ်ယောက်လုံးထွက်သွားမှပန်းချီကားကိုကြည့်ရင်းလိုအပ်ချက်ကိုစဥ်းစားနေမိတယ်..
ရေစက်တွေအကုန်ခမ်းသွားတဲ့အခါကျရင်တော့
ဒီခံစားချက်တွေနဲ့အတူ တမ်းတခြင်းတွေလည်းပျောက်ကွယ်သွားမှာပါ ကျနော်ကိုယ်တိုင်လည်းအပါအဝင်ပေါ့
.
.
.
.
.
//////////////////////////////////
ချုံချင်မြို့ကိုရောက်တာနဲ့ယွီပင်းပေးတဲ့လိပ်စာအတိုင်း သွားရင်း...
ကလေးရဲ့ငယ်ငယ်ကနေခဲ့တဲ့အိမ်ဆိုသောနေရာကိုရောက်လာခဲ့သည်
မြတ်နိုးရသူရဲ့အိမ်လေးကိုအရင်ကစုံစမ်းခွင့်ရခဲ့ပါရက်နဲ့ တမင်ကိုမသိချင်ယောင်ဆောင်ခဲ့ပါသည်
အခုတော့မသိချင်ပါဝူးလို့ပြောခဲ့တဲ့သူကိုယ်တိုင်ဒီနေရာကိုရောက်ရှိလာခဲ့ပြီ
ခြံရှေ့ရောက်သည်နှင့်ကားဟွန်းတီးတော့မမေးမြန်းပါဘဲသူ့ကိုဝင်ခွင့်ပြုသည်ဘာလို့ပါလိမ့်
တံခါးဖွင့်ပြီးသူကားဝင်တော့လည်း
"ကြိုဆိုပါတယ်ဝမ်သခင်လေး"
"အော်ဟုတ် အဘဒီအိမ်က "
သူမေးတာမပြီးလိုက်သေးခင်
"ဟုတ်ပါတယ်ရှောင်းသခင်မကြီးအိမ်ပါ"
သူနေရာလည်းမှန်တယ်ဆိုတာသေချာသည်နှင့်ကားဝင်လိုက်သည်နှင့်စိတ်ကိုလည်းပြင်ဆင်လိုက်သည်" ကလေးမတွေ့ရတဲ့ရက်တွေအတွင်း ဘယ်လိုဖြစ်နေမလဲ..."
ရိပေါ်အိမ်တွင်းသို့ဝင်တာနဲ့
"အကိုလေးအပေါ်ထပ်ကဝရန်းတာမှာပါ"
နေရာသိသည်နှင့်အပေါ်ထပ်ကိုတခါတည်းတက်လာလိုက်တယ် လှေကားထစ်ကိုတက်လာတဲ့တလှမ်းချင်း ရင်တွေတုန်ယင်လာသည်...
ကလေးသူ့ကိုခွင့်လွတ်ပါ့မလား
သူ့မျက်နှာတွေ့ချင်ပါ့မလား..
ကိုယ်ကတော့သူ့မျက်နှာကိုမမြင်ရတာကြာပြီမို့ လွမ်းတယ်ဆိုတာထက်ကိုပိုပါသည်..
အပေါ်ထပ်ရောက်တော့မြင်လိုက်ရတဲ့မြင်ကွင်းကဝန်းရံတာမှာ ဝှီးချဲလေးပေါ်တွင်ထိုင်ပြီးနှင်းတွေကျနေတာကိုငေးနေသူလေးကိုတွေ့လိုက်ရသည်...
မမြင်ရတဲ့နေ့တွေအတွင်းအတော်လေးကိုပိန်သွားသည်..အစကတည်းကပိန်နေသူဖြစ်တာမို့ပိုပြီးရင်နာရပါသည်..
ကျနော့်ရဲ့နှလုံးသားကိုဆူးနှင့်ချည်နှောင်ထားသလိုပဲကလေးနာကျင်ရတာအရာအားလုံးဒီဝမ်ရိပေါ်ရဲ့အပြစ်တွေချည်း
ထိုသူလေးဤသို့ဖြစ်ရသည်မှာလည်းသူ့ကြောင့်သာ.......
သူသာသေချာစုံစမ်းခဲ့ရင်
သူသာမနှိပ်စက်ခဲ့ရင်
သူသာစောစောချစ်မြတ်နိုးပေးခဲ့ရင်
သူသာ.............
ရိပေါ်အရဲစွန့်ကာ
"ကလေး......"
ရှောင်ကျန့်ပန်းချီကားကိုငေးနေတုန်းအနောက်မှခေါ်သံကြောင့်အတွေးများရပ်တန့်ကာချက်ချင်းမျက်ရည်များဝေ့ဝဲလာသည်
ဒီအသံ..သူသိပ်ကြားချင်ခဲ့တဲ့ဒီနာမ်စား
သူမေ့ချင်ပေမယ့် မမေ့နိုင်တဲ့ထိုလူသား...
နာကျင်မှုတွေပဲပေးခဲ့တဲ့သူ
သူ့အချစ်ကိုစော်ကားခဲ့သူ..
အခုမှလာပြီး"ကလေး"တဲ့လား
ဝေ့ဝဲနေသောမျက်ရည်စများကိုလက်ခမိုးနဲ့ပွတ်လိုက်ကာခံစားချက်မရှိသောမျက်နှာနှင့်နောက်လှည့်ရင်း
"အော်အကိုပါလား"
ကျနော်ခေါ်လို့ကျနော့်ကိုပြန်စကားပြောတဲ့ကလေးကအရမ်းအေးစက်လွန်းတယ်
အရင်ကနွေးထွေးပြီးအရောင်လဲ့နေတဲ့တွေနဲ့ကျနော့်ကိုကြည့်ခဲ့တဲ့သူ့မျက်ဝန်းတွေကအခုတော့ဘာခံစားချက်မှမရှိတဲ့မျက်ဝန်းတွေနဲ့ကျနော့်ကိုစိုက်ကြည့်လာတယ်
နာကျင်ပြီးမုန်းတီးတဲ့မျက်ဝန်းတွေနဲ့သူ့ကိုစိုက်ကြည့်လာမယ်လို့ထင်ခဲ့တာ
အခုတော့အသက်မဝင်တဲ့အေးစက်တဲ့မျက်ဝန်းတွေကြောင့်ရင်ထဲပူလောင်မှုတွေကအလိပ်လှိုက်တက်လာတယ်..
ကလေးသူ့ကိုစိတ်ကုန်သွားပြီပေါ့
ဟင့်အင်းမုန်းရင်တောင်မခံနိုင်ဝူးထင်ထားတာစိတ်ကုန်သွားတဲ့မျက်ဝန်းတွေနဲ့တော့မကြည့်ပါနဲ့
ကိုယ်လုံးဝမခံနိုင်လို့ပါ
သူမြတ်နိုးရာသူ့မျက်ဝန်းမှအကြည့်တစ်ချက်သည်မြားတစ်ချောင်းစိုက်ကဲ့သို့နက်ရှိုင်းလှပါသည်
#sungdayune
##############################
ကဲတို့ပြန်လာပြန်ပြီ😙❤️
ဘာတွေများဆက်ဖြစ်မလဲ...
gn ပါရှင် ကျန်းမာရေးလည်းဂရုစိုက်ကြပါ❤️
အပိုင်း၂၀ထိတောင်ရောက်လာခဲ့ပြီ တို့ficကိုအခုထိ ဖတ်ပြီးအားပေးကြတဲ့ဒါဒါလေးတွေကိုကျေးဇူးတင်ပါတယ် အသစ်လေးတွေလည်းကြိုက်မယ်မျှော်လင့်ပါတယ်
ခါတိုင်းလိုပဲ70ကျော်ရင်လာခဲ့ပါမယ်
updateမြန်တာကယူတို့အပေါ်ပဲမူတည်တယ်နော်😙
Zawgyi code
__________________________________
နှင်းပွင့်လေးတွေကြွဆေင်းနေတာကိုကြည့်ရင်း
ဝရန်တာတွင်ပန်းချီဆွဲနေရင်းဆေးရောင်များကလည်းပန်းရောင်သန်းနေသောထိုသူ့လက်ဖဝါးပေါ်တွင်စွန်းထင်းနေသည်..
နှင်းကျနေပါလျက်နှင့်လည်း နှင်းကျနေပုံကိုပန်းချီကားချပ်ပေါ်တွေမဆွဲထား...
ဆွဲနေလက်စ စုတ်တံတစ်ချောင်းကိုဘေးနားကခုံပေါ်တွင်ချလိုက်ရင်း
"အသက်ဝင်တယ်?"
"ဟုတ်"
နီရဲနေသောသွေးစများ..
"ဒါမဲ့ "
"နော် ကြီးကြီး"
"ဟုတ်ကဲ့သခင်လေး"
.
.
.
.
.
//////////////////////////////////
"အော်ဟုတ် အဘဒီအိမ်က "
သူသာမနှိပ်စက်ခဲ့ရင်
သူသာ.............
ရိပေါ်အရဲစွန့်ကာ
"ကလေး......"
"အော်အကိုပါလား"
#sungdayune
##############################
ကဲတို့ပြန်လာပြန်ပြီ😙❤️
ဘာတွေများဆက်ဖြစ်မလဲ...