မနက္ေရာက္ေတာ့ ကားဆရာက 7နာရီေလာက္ ရွင္းအိမ္ေရွ႕လာေခၚသည္။ ရွင္းအိမ္ကို ေနာက္ဆုံးလာေခၚတာမို႔ ကားေပၚမွာ အကုန္လုံးေရာက္ႏွင့္ၿပီျဖစ္သည္။
ကားေခၚထဲမွာ ေကာင္ေလးႏွစ္ေယာက္ႏွင့္ ပန္းရီေဘးမွာ အတန္းထဲက သူငယ္ခ်င္းႏွစ္ေယာက္ပါလာပုံေထာက္ရင္ ပန္းဂီေခၚထားပုံရသည္။ကားေပၚေရာက္ေတာ့ နက္ရွိုင္းနဲ႕စုလင္းၾကားထဲဝင္ထိုင္လိုက္သည္။
ရွင္း -ဒါၿပီးရင္ အျမန္လမ္း တန္းတက္မွာမလား။
ပန္းရီ- အင္း လူစုံၿပီေလ။ကားဆရာဦးေလးႀကီးက 60000ကို ထပ္မေလ်ာ့နိုင္ဘူးတဲ့။ ငါထပ္စစ္လို႔မရေတာ့ဘူး။
ကားခေဈးႀကီးလို႔ လူပိုထပ္ေခၚခဲ့တာျဖစ္ေၾကာင္း ရွင္းနားလည္ေအာင္ ပန္းရီတမင္ထည့္ေျပာျခင္းျဖစ္သည္။
ရွင္း- ေအာ္ေအး ကားခ ဘယ္ေလာက္က်လဲ။
ပန္းရီ- နင့္အတြက္ကို နက္ရွိုင္းေပးပီသြားၿပီ
ရွင္း နက္ရွိုင္းကိုၾကည့္လိုက္ေတာ့ လက္ထဲမွာ ဓာတ္ဗူးေလးတစ္ဗူးႏွင့္။
ရွင္း- ဘာလို႔ ေပးလိုက္တာလဲ ။
နက္ရွိုင္း- မပန္းတစ္ခါတည္းၿပီးသြားေအာင္လို႔ေလ။ ဟိုမွာ ကြၽန္ေတာ္ပိုက္ဆံမေလာက္လည္း မ ျပန္ေပးလို႔ရတာေပါ့
ရွင္းတို႔အိမ္ကေန ဘုရားလမ္းကိုခ်ိဳး ။ၿပီးေနာက္ အျမန္လမ္းကိုတတ္မည့္ ကြန္ကရစ္လမ္းကိုေရာက္သည္။
ေက်ာင္းသြားေနၾက လမ္းေလးကလည္း ကားနဲ႕ဆိုေတာ့ အရသာမတူသလို
ကြန္ကရစ္လမ္းေပၚေရာက္ေတာ့ နက္ရွိုင္းက လက္ထဲမွာကိုင္ထားတဲ့ ဓာတ္ဘူးကို ရွင္းကိုေပးၿပီး လြယ္အိတ္ထဲက ၾကက္သားလိပ္ကို ထပ္ေပးသည္။
ရွင္း အနည္းငယ္မွ ေၾကာင္သြားသည္။
ရွင္း - ရွိုင္း ဘာလုပ္ဖို႔လဲ
နက္ရွိုင္း - မနက္စာ ဘာမွ မစားခဲ့ဘူးမလား။ ေကာ္ဖီနဲ႕ ၾကက္သားလိပ္စား။ Sun Dateက ဝယ္ထားေပးတာ။
ခရီးေဝးသြားရင္ ဘာမွ စားမဝင္တတ္ေသာ ရွင္းအေၾကာင္း ဟိုတစ္ခါတည္းက သူသိေနၿပီျဖစ္သည္။
ဓာတ္ဗူးထဲမွာထည့္ထားလို႔ျဖစ္မည္။ ေကာ္ဖီက ပူေနေသးသည္။
ၾကက္သားလိပ္ကလည္း အိအိေလး။
စားလို႔အလြန္ေကာင္းသည္။
စုလင္း- ရွင္းမနက္စာမစားလာဘူးလား။
ရွင္း - အြန္း စားမဝင္လို႔။
ပန္းရီ - အခ်ိဳ႕ေတြမ်ားကံေကာင္းလိုက္တာရွင္ မနက္စာထည့္ေပးမယ့္ ေကာင္ေလးရွိတာ အားက်လိဳက္တာေနာ္။
ရွင္း -စားဦးေလ။
ပန္းရီ - အမေလး စားစား က်မ အရိုေတြအခ်ိဳေတြမစားနိုင္ဘူး။
နက္ရွိုင္းက နားၾကပ္ တစ္ဖက္ကို ရွင္းနားမွာ တပ္ေပးလိုက္သည္။
လာေနသည့္သီခ်င္းက Ed sheeranရဲ႕ Perfect။
ေအာက္မွခ်ထားတဲ့ ဘယ္လက္ကေလးကို နက္ရွိုင္းက မသိမသာခိုးကိုင္ထားသည္။
ေက်ာ္ရွိန္းကေတာ့ စုလင္းေရွ႕မွာထိုင္ၿပီး စုလင္းကို မ်က္စိေဒါက္ေထာက္ၾကည့္ရတာေမာ။
စုလင္းက ေတာ့ မေနတတ္ျဖစ္ေနသည္။
တစ္လမ္းလုံး နက္ရွိုင္းအိတ္ထဲကထုတ္ေပးလာေသာ ေနၾကာစိ ဇီးထုတ္ မုန႔္မ်ားကို သူငယ္ခ်င္းေတြလဲ ေဝစားရင္ စကားတေျပာေျပာနဲ႕ ေနျပည္ေတာ္ေရာက္လာသည္။
အကုန္လုံးက သြားဖူးေသာသူမ်ားမို႔တစ္ေနရာေရာက္ရင္ ေအးေအးေဆးေဆးသြားၿပီး ကားဆီလူျပန္စု ေနာက္တစ္ေနရာ ဆက္သြားသည္။
ရွင္းကေတာ့ စုလင္းလက္ကိုတြဲၿပီးေလွ်ာက္သြား ေနာက္က နက္ရွိုင္းနဲ႕ ေက်ာ္ႀကီးကလိုက္။
ေက်ာ္ႀကီး - ေဟ်ာင့္ေရ မင္းငါနဲ႕ ဒိတ္ဖို႔လိုက္လာတာၾကေနေရာ။
ေနာက္ဆုံးေနရာ ေရပန္းဥယ်ာဥ္ကိုေရာက္မွ နက္ရွိုင္း ရွင္းနားကပ္နိုင္ေတာ့သည္။
နက္ရွိုင္းက ရွင္းလက္ေလးကို တြဲလိုက္ၿပီး
နက္ရွိုင္း - ကြၽန္ေတာ့အနားလဲ တစ္ေနကုန္မကပ္ဘူး။
ရွင္း - ကားေပၚမွာလည္းေမာင့္နားမွာပဲကို။ ေနာက္ၿပီးသူတို႔နဲ႕က ခနခြဲရမွာ ေမာင္က ေတြ႕ေနရမွာပဲ။
နက္ရွိုင္း - ဘာပဲျဖစ္ျဖစ္ေလဗ်ာ။ ကြၽန္ေတာ္က မ ပါလို႔လိုက္တာကို မ ကပစ္ထားတာ။
ရွင္း - ငခြၽဲေလး
နက္ရွိုင္း - ခ်စ္လို႔ခြၽဲတာမႀကိဳက္ဘူးလား
ရွင္း - မႀကိဳက္ဘူးလို႔ မေျပာမိပါဘူးေနာ္။
ႀကိဳးတံတားေပၚ ေလွ်ာက္ေနခ်ိန္ ညပိုင္းေရာက္လာၿပီမို႔လူလည္းေတာ္ေတာ္စီေနသည္။ အရက္မူးသမားေတြလည္း ရွိေနသည္မို႔ ယိမ္းထိုးေနေသာတံတားေပၚ ရွင္းအတြဲရွိေနေတာ့ တမင္ပိုခါေအာင္ ခုန္ၾကသည္။ တံတားအလယ္ေလာက္ေရာက္ေတာ့ ရွင္းေၾကာက္ၿပီး ဒူးပါမခိုင္ျဖစ္လာသည္။
နက္ရွိုင္း - ေၾကာက္ေနရင္ ျပန္လွည့္မယ္ ကြၽန္ေတာ္နဲ႕ကပ္ေန တစ္ခုခုဆို ကြၽန္ေတာ့္ကိုေျပာ
ႏွစ္ဦးသားေနာက္ျပန္လွည့္ၿပီးနက္ရွိုင္း ရွင္းအေနာက္ကေန ရွင္းပုခုံးကိုကိုင္ၿပီး ရွင္းခႏၶာကိုယ္ကို နက္ရွိုင္းနဲ႕အတတ္နိုင္ဆုံးနီးကပ္ေစသည္။
လူတိုးသည့္အခါ ရွင္း နက္ရွိုင္း ရင္ခြင္ေရာက္ေရာက္သြာသည္။
ခက္ခက္ခဲခဲျပန္ထြက္ၿပီးေနာက္ ရွင္းဒူးမ်ားမခိုင္ေတာ့။ ထိုင္ခ်ပစ္ခ်င္လာသည္။
နက္ရွိုင္းက ရွင္းကို တြဲၿပီးကားေပၚထိေခၚလာသည္။
က်န္တဲ့သူမ်ားမေရာက္ေသး ကားထားသည့္ေနရာက အနည္းငယ္ေမွာင္ေနသည္
လြယ္အိတ္ထဲမွာပါလာတဲ့ ဂြမ္းေစာင္အပါးေလးတစ္ထည္ကို ထုတ္ၿခဳံကေလးလိုဂ႐ုတစိုက္ ၿခဳံေပးလိုက္ၿပီး
"လာ မ ကြၽန္ေတာ့္ကို ေခါင္းအုံးၿပီး ခနေလာက္အိပ္လိုက္"
လွဲအိပ္ရမွာ အေနက်ပ္သည္မို႔ နက္ရွိုင္းပုခုံးကိုသာမွီၿပီးေနလိုက္သည္။
ပင္ပန္းတာမို႔ တခန ၾကာေသာ္ ရွင္းမ်က္လုံးမ်ားစင္းလာသည္။
ေနာက္ဆုံးသိလိုက္ရတာက ရွင္းႏႈတ္ခမ္းေပၚက်ေရာက္လာတဲ့ အနမ္းဖြဖြတခု
လႈပ္စိလႈပ္စိနဲ႕ အသံေတြၾကားမွ ရွင္းျပန္နိုးလာၿပီျဖစ္သည္ ေဘးနားမွာ ဘယ္ခ်ိန္က ေရာက္ေနမွန္းမသိေသာ ေက်ာ္ႀကီးႏွင့္စုလင္း
ရွင္းခုခ်ိန္ထိ အိပ္မႈန္စုံဝါးပင္
ရွင္း- အိပ္ေပ်ာ္သြားတာ ၾကာသြားလား
နက္ရွိုင္း - ခနေလးပါ
ရွင္း - စုလင္းေရာ ေရာက္ေနတာၾကာၿပီလား
စုလင္း - နာရီဝက္ေလာက္ပဲ ရွိေသးတယ္
ဒါဆို ရွင္းအိပ္ေပ်ာ္ေနတာ နာရီဝက္မကဘူးေပါ့
နက္ရွိုင္း - အိပ္ခ်င္ေသးတယ္မလား ျပန္အိပ္ဦးေလ
ရွင္း - ဟင့္အင္း မအိပ္ေတာ့ဘူး။
အကုန္လုံးျပန္ေရာက္လာေသာအခါ ျပန္ထြက္လာခဲ့သည္ ေလတိုးတာမို႔ နက္ရွိုင္း ရွင္းကို အကၤ်ီလက္ရွည္ခိုင္းၿပီးေစာင္ကို တူတူၿခဳံထားလိုက္ထားလိုက္သည္။
နက္ရွိုင္း - မ မ ထဦး ေရာက္ခါနီးၿပီ အိမ္ကိုဖုန္းဆက္ထားဦး
ရွင္း - အင္ အင္း မ အိပ္ေပ်ာ္သြားတာလား။
နက္ရွိုင္း - အိပ္တာမွ ကြၽန္ေတာ့္အေပၚကို သြားရည္ေတြပါက်လိဳ႕။
ရွင္း - တကယ္လား။
နက္ရွိုင္း - စတာ
အျပန္လည္း ကားစရာက ရွင္းကို အရင္ဆုံးဝင္ပို႔ေပးသည္။ အိမ္ျပန္ေရာက္ေတာ့ ည ၁၁နာရီေက်ာ္ၿပီျဖစ္သည္။ ရွင္းလည္းပင္ပန္းတာမို႔ အဝတ္စားလဲၿပီး အိပ္ယာထဲ ထိုးအိပ္လိုက္သည္။ အိမ္မက္ထဲမွာ နက္ရွိုင္းက သူ႕ကို ခိုးနမ္းေနတယ္တဲ့။
ေလးႏွစ္ၾကာေသာ္
ရွင္း - နင္ ရည္းစားေလးဘာေလးထားသင့္တယ္။
ပန္းရီ - ငါက အျပင္ေတာင္မထြက္ျဖစ္တာ ဘယ္နားက ရည္းစားရမလဲ ေျပာ။ၿပီးေတာ့ ဒီမွာက အကုန္မိန္းမေတြနဲ႕ ကေလးေတြၾကည့္ပဲ
ေျပာေနရင္း မလုံတာေၾကာင့္ပန္းရီေဘးကိုလဲ လွမ္းၾကည့္ရေသးသည္။
ရွင္း- ႏွင္းသက္လဲ ေနျပည္ေတာ္ေရာက္ေနတယ္ဆို
ပန္းရီ - ဟုတ္လိုလား။ ငါ့ကိုေျပာသံမၾကားဘူး။
(ဒီကေလးမ ပန္းရီကိုမေျပာပဲထားျပန္ၿပီ။ ဟိုက စိတ္ေကာက္ဦးမယ္)
ပန္းရီ- ေအးပါ ဒါပဲ။ လုပ္စရယေပၚလာလို႔ တာ့တာ
အခုဆို ပန္းရီ ဗိုလ္ႀကီးျဖစ္ေနၿပီ။ ႏွင္းသက္ကလည္း အရင္အလုပ္ကိုထြက္ၿပီးေနျပည္ေတာ္မွာ အလုပ္ေလွ်ာက္ဖို႔ စာက်က္ေနေလသည္။
စုလင္းကေတာ့ ရန္ကုန္က ေဘာ္ဒါတစ္ခုမွာ ဆယ္တန္း guideလုပ္ေနၿပီ။
ေက်ာ္ရွိန္း- အကိုရွင္းပဲ ေျပာၾကည့္ဗ်ာ
ကြၽန္ေတာ့္မွာ သူ႕ကိုေတြ႕ခ်င္လို႔ ရတဲ့ခြင့္ရက္ေလး ရန္ကုန္လာမယ္ေျပာတာကို သူက အိမ္က မထြက္ရဲလို႔ မေတြ႕ဘူးတဲ့။ တစ္ခါတစ္ေလ မစုကေလ ေက်ာက္တုံးႀကီးလိုပဲ။ ကြၽန္ေတာ့္ကို တကယ္ေရာ ခ်စ္ရဲ႕လားပဲ။
ရွင္း - အဲ့ေက်ာက္တုံးႀကီးကိုပဲ နင္ တစ္ႏွစ္ခြဲေလာက္ အသဲသန္လိုက္ယူလိုက္ရတယ္မလား။ ငါ့သူငယ္ခ်င္းကိုမ်ား ေက်ာက္တုံးလို႔ေျပာေသးတယ္။ အဲ့ေလာက္ျဖစ္ေနရင္ သူ႕အေဖဆီသြားေတာင္းၿပီး တခါတည္းယူလိုက္ေတာ့။ တစ္ေန႕တစ္ေန႕ ငါ့ဆိုင္ပဲလာၿပီး နားပူေနတာ။ အလကားမေျပာနဲ႕ ေရာင္းေနတဲ့ cosmeticေလးအားေပးရင္းေျပာ။
ရွင္းလည္း အခုဆို ေဈးနားမွာ cosmeticဆိုင္ေလးတစ္ဆိုင္ဖြင့္ထားၿပီျဖစ္သည္။ ဆိုင္ႀကီးမဟုတ္ပင္မယ့္ onlineေပၚမွာေရာ တြဲေရာင္းတာမို႔အဆင္ေျပသည့္အေနထားတစ္ခုမွာရွိေနသည္။
ေက်ာ္ရွိန္း - ဪ ဒါနဲ႕ ငရွိုင္း ဒီေန႕ flightေနာ္ ဘယ္ခ်ိန္ ဒီေရာက္မယ္တဲ့လဲ
ရွင္း - ေန႕လယ္ သုံးနာရီေလာက္ေပါ့
နက္ရွိုင္း ဒုတိယႏွစ္ေရာက္ေတာ့ အေဝးသင္ေျပာင္းၿပီး နိုင္ငံရပ္ျခားကို သြားၿပီး
သူ႕အေဒၚအလုပ္လုပ္ေနတဲ့ ေဆး႐ုံမွာဝင္အလုပ္လုပ္ေနသည္။
ေက်ာ္ရွိန္း - အကိုရွင္းသြားႀကိဳမယ္မလား။
ရွင္း - အင္းေပါ့ ။
ရွင္း ဒီေန႕ ဆိုင္ေစာေစာပိတ္ၿပီး အိမ္ျပန္ေရမိုးခ်ိဳးျပင္ဆင္ကာ ကားဂိတ္ကိုသြားေစာင့္သည္။
ကားဂိတ္မွာ လူရႈပ္မွာမို႔ နည္းနည္းေဝးေဝးမွာ အေအးဆိုင္ေလးမွာ ဆိုင္ကယ္ထားၿပီးေစာင့္ေနသည္။
တစ္ျဖည္းျဖည္း ေ႐ြ႕လာေသာ ကားႀကီးကိုၾကည့္ၿပီး ရွင္းလက္ဖ်ားမ်ားေအးစက္လာသည္။ ႏွလုံးခုန္ႏႈန္းတို႔သည္လည္း ကေမာက္ကမျဖစ္ေနသည္။တစ္ႏွစ္ တစ္ႏွစ္ရွိၿပီ ၾကားထဲမွာ စာေမးပြဲအတြက္ သုံးေခါက္ျပန္လာေသာ္လည္း ဒီအေခါက္ ဘြဲ႕ယူရန္ တစ္ႏွစ္ေက်ာ္ၾကာမွ သူျပန္လာသည္။
ဂိတ္ထိုးလိုက္ေသာအခါ ကယ္ရီသမားမ်ားအလုယက္ဝိုင္းအုံလာတာမို႔ ရွင္းအခုထိ နက္ရွိုင္းကို မျမင္ရေသး။
ခနၾကာမွ တီရွပ္ျဖဴ ဂ်င္းေဘာင္းဘီ ဆံပင္ဘုတ္သိုက္နဲ႕ေကာင္ေလး ကားဗိုက္ထဲမွ luggageကိုထုတ္ကာ ရွင္းနားသို႔ေရာက္လာသည္။
"အမ ကယ္ရီလိုက္လား"
" အႀကီးကို လာစေနျပန္ၿပီ"
နက္ရွိုင္း ရွင္းပုခုံးေလးကို ဖက္လိုက္ၿပီး ပါးကို လွစ္ခနဲ လွမ္းနမ္းလိုက္သည္။
"လြမ္းေနတာ "
" မ ေရာ "
" ဘယ္အရင္သြားမလဲ "
" အရင္ဆုံး ဆံပင္သြားညွပ္မယ္ "
" ဟုတ္ပါၿပီ ကပ္စီးကုတ္ရယ္"
" မကလည္း ဟိုမွာဆို ၆က်ပ္ ၇က်ပ္က်မွ ဒီမွာ ၂၀၀၀ပဲ"
" အဲ့တာၿပီးရင္ေရာ "
"မ တို႔အိမ္သြားမယ္ေလ ဦးနဲ႕ အန္တီအတြက္ လက္ေဆာင္ပါတယ္ တစ္ခါတည္းဝင္ေပးၿပီး တင္ေတာင္းဖို႔ကိစၥပါေျပာလိုက္ေတာ့မို႔"
" ေပါက္ကရေတြစ ေနျပန္ၿပီ"
" ကြၽန္ေတာ္အတည္ေျပာတာ အကုန္စီစဥ္ၿပီးၿပီ ဘာလဲ ကြၽန္ေတာ့ကို မယူခ်င္ဘူးလား"
" မဟုတ္ပါဘူး ႐ုတ္တရတ္ႀကီးဆိုေတာ့"
နက္ရွိုင္း ေဘာင္းဘီအိတ္ကပ္ထဲမွ လက္စြပ္ကေလးကို ထုတ္ၿပီး
" မ ကြၽန္ေတာ့ကို လက္ထပ္ပါ ကြၽန္ေတာ္ ဒီမွာ တလေလာက္ေနမယ္ ၿပီးရင္ တစ္ႏွစ္ေလာက္ျပန္သြားရဦးမယ္ ေနာက္အၿပီးျပန္လာမယ္ ဒီမွာ ဆိုင္ေလးတစ္ဆိုင္ဖြင့္မယ္ မ ရွိတဲ့ေနရာမွာပဲ အေျခခ်မယ္ ကြၽန္ေတာ္အကုန္လုံးစဥ္းစားၿပီးသြားၿပီ မ ေခါင္းညိမ့္ဖို႔ပဲလိုေတာ့တယ္ "
ရွင္း ၾကည္းႏူးလြမ္း၍ မ်က္ရည္မ်ားက်လာသည္။
ၿပီးမွ ေခါင္းညိမ့္လိုက္သည္။
နက္ရွိုင္း လက္စြပ္ေလးကိုျငင္သာစြာစြပ္ေပးလိုက္ၿပီး ရွင္းလက္ဖမိုးကိုဖြဖြေလးနမ္းလိုက္သည္။
"အေတာ္ပဲ"
"ေမာင္ ဘယ္ကတည္းက လုပ္ထားတာလဲ"
"ဟိုမွာကတည္းက ဒီက အကိုတစ္ေယာက္ကို အကူညီေတာင္းၿပီးလုပ္ခိုင္းထားတာ "
ရွင္းလက္ေပၚမွ စိန္လက္စြပ္ေလးကို ၾကည့္ၿပီး
"မ နဲ႕လိုက္သားပဲ ေနာက္ဆို ဒီထပ္ႀကီးတဲ့စိန္နဲ႕ လက္စြပ္ထပ္လုပ္ေပးမယ္"
" ဒီေလာက္ေလးပဲေကာင္းပါတယ္ မ လက္က ပုပုေလး"
" ဟုတ္သားပဲ ေမာင္းကြင္းလုပ္ရမွာကိုေနာ္"
အေအးဆိုင္ေလးရဲ႕ တစ္ေနရာမွာေတာ့ေကာင္ေလးနဲ႕ေကာင္မေလးတစ္ေယာက္ ခ်စ္ျခင္းေတြနဲ႕ လႊမ္းၿခဳံေနပါတယ္။
သံသရာဟာဘယ္ေလာက္ေဝးမယ္ ဘယ္ေလာက္နီးမယ္ဆိုတာ မသိဘူး တစ္ေန႕က်ရင္ေတာ့ မ ရွိတဲ့ အိမ္ေလးဆီပဲ ကြၽန္ေတာ္ျပန္လာမွာပါ။
အရမ္းခ်စ္တယ္။
ၿပီးပါၿပီ။
ဇာတ္သိမ္းၿပီဆိုေတာ့ က်န္တဲ့သူေတာ့မသိဘူး သာသာေတာ့လြမ္းၿပီးက်န္ေနခဲ့ၿပီ။ တူတူျဖတ္သန္းခဲ့ၾကတဲ့ စာဖတ္သူေလးေတြလည္း သာသာ့ကို ထင္ျမင္ခ်က္ေလးေတြ အားေပးစကားေလးေတြေျပာေပးပါဦးေနာ္။
အားေပးၾကတဲ့အတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။
မနက်ရောက်တော့ ကားဆရာက 7နာရီလောက် ရှင်းအိမ်ရှေ့လာခေါ်သည်။ ရှင်းအိမ်ကို နောက်ဆုံးလာခေါ်တာမို့ ကားပေါ်မှာ အကုန်လုံးရောက်နှင့်ပြီဖြစ်သည်။
ကားခေါ်ထဲမှာ ကောင်လေးနှစ်ယောက်နှင့် ပန်းရီဘေးမှာ အတန်းထဲက သူငယ်ချင်းနှစ်ယောက်ပါလာပုံထောက်ရင် ပန်းဂီခေါ်ထားပုံရသည်။ကားပေါ်ရောက်တော့ နက်ရှိုင်းနဲ့စုလင်းကြားထဲဝင်ထိုင်လိုက်သည်။
ရှင်း -ဒါပြီးရင် အမြန်လမ်း တန်းတက်မှာမလား။
ပန်းရီ- အင်း လူစုံပြီလေ။ကားဆရာဦးေလးကြီးက 60000ကို ထပ်မလျော့နိုင်ဘူးတဲ့။ ငါထပ်စစ်လို့မရတော့ဘူး။
ကားခဈေးကြီးလို့ လူပိုထပ်ခေါ်ခဲ့တာဖြစ်ကြောင်း ရှင်းနားလည်အောင် ပန်းရီတမင်ထည့်ပြောခြင်းဖြစ်သည်။
ရှင်း- အော်အေး ကားခ ဘယ်လောက်ကျလဲ။
ပန်းရီ- နင့်အတွက်ကို နက်ရှိုင်းပေးပီသွားပြီ
ရှင်း နက်ရှိုင်းကိုကြည့်လိုက်တော့ လက်ထဲမှာ ဓာတ်ဗူးလေးတစ်ဗူးနှင့်။
ရှင်း- ဘာလို့ ပေးလိုက်တာလဲ ။
နက်ရှိုင်း- မပန်းတစ်ခါတည်းပြီးသွားအောင်လို့လေ။ ဟိုမှာ ကျွန်တော်ပိုက်ဆံမလောက်လည်း မ ပြန်ပေးလို့ရတာပေါ့
ရှင်းတို့အိမ်ကနေ ဘုရားလမ်းကိုချိုး ။ပြီးနောက် အမြန်လမ်းကိုတတ်မည့် ကွန်ကရစ်လမ်းကိုရောက်သည်။
ကျောင်းသွားနေကြ လမ်းလေးကလည်း ကားနဲ့ဆိုတော့ အရသာမတူသလို
ကွန်ကရစ်လမ်းပေါ်ရောက်တော့ နက်ရှိုင်းက လက်ထဲမှာကိုင်ထားတဲ့ ဓာတ်ဘူးကို ရှင်းကိုပေးပြီး လွယ်အိတ်ထဲက ကြက်သားလိပ်ကို ထပ်ပေးသည်။
ရှင်း အနည်းငယ်မှ ကြောင်သွားသည်။
ရှင်း - ရှိုင်း ဘာလုပ်ဖို့လဲ
နက်ရှိုင်း - မနက်စာ ဘာမှ မစားခဲ့ဘူးမလား။ ကော်ဖီနဲ့ ကြက်သားလိပ်စား။ Sun Dateက ဝယ်ထားေပးတာ။
ခရီးဝေးသွားရင် ဘာမှ စားမဝင်တတ်သော ရှင်းအကြောင်း ဟိုတစ်ခါတည်းက သူသိနေပြီဖြစ်သည်။
ဓာတ်ဗူးထဲမှာထည့်ထားလို့ဖြစ်မည်။ ကော်ဖီက ပူနေသေးသည်။
ကြက်သားလိပ်ကလည်း အိအိလေး။
စားလို့အလွန်ကောင်းသည်။
စုလင်း- ရှင်းမနက်စာမစားလာဘူးလား။
ရှင်း - အွန်း စားမဝင်လို့။
ပန်းရီ - အချို့တွေများကံကောင်းလိုက်တာရှင် မနက်စာထည့်ပေးမယ့် ကောင်လေးရှိတာ အားကျလိုက်တာနော်။
ရှင်း -စားဦးလေ။
ပန်းရီ - အမလေး စားစား ကျမ အရိုတွေအချိုတွေမစားနိုင်ဘူး။
နက်ရှိုင်းက နားကြပ် တစ်ဖက်ကို ရှင်းနားမှာ တပ်ပေးလိုက်သည်။
လာနေသည့်သီချင်းက Ed sheeranရဲ့ Perfect။
အောက်မှချထားတဲ့ ဘယ်လက်ကလေးကို နက်ရှိုင်းက မသိမသာခိုးကိုင်ထားသည်။
ကျော်ရှိန်းကတော့ စုလင်းရှေ့မှာထိုင်ပြီး စုလင်းကို မျက်စိဒေါက်ထောက်ကြည့်ရတာမော။
စုလင်းက တော့ မနေတတ်ဖြစ်နေသည်။
တစ်လမ်းလုံး နက်ရှိုင်းအိတ်ထဲကထုတ်ပေးလာသော နေကြာစိ ဇီးထုတ် မုန့်များကို သူငယ်ချင်းတွေလဲ ဝေစားရင် စကားတပြောပြောနဲ့ နေပြည်တော်ရောက်လာသည်။
အကုန်လုံးက သွားဖူးသောသူများမို့တစ်ေနရာရောက်ရင် အေးအေးဆေးဆေးသွားပြီး ကားဆီလူပြန်စု နောက်တစ်နေရာ ဆက်သွားသည်။
ရှင်းကတော့ စုလင်းလက်ကိုတွဲပြီးလျှောက်သွား နောက်က နက်ရှိုင်းနဲ့ ကျော်ကြီးကလိုက်။
ကျော်ကြီး - ဟျောင့်ရေ မင်းငါနဲ့ ဒိတ်ဖို့လိုက်လာတာကြနေရော။
နောက်ဆုံးနေရာ ရေပန်းဥယျာဉ်ကိုရောက်မှ နက်ရှိုင်း ရှင်းနားကပ်နိုင်တော့သည်။
နက်ရှိုင်းက ရှင်းလက်လေးကို တွဲလိုက်ပြီး
နက်ရှိုင်း - ကျွန်တော့အနားလဲ တစ်နေကုန်မကပ်ဘူး။
ရှင်း - ကားပေါ်မှာလည်းမောင့်နားမှာပဲကို။ နောက်ပြီးသူတို့နဲ့က ခနခွဲရမှာ မောင်က တွေ့နေရမှာပဲ။
နက်ရှိုင်း - ဘာပဲဖြစ်ဖြစ်လေဗျာ။ ကျွန်တော်က မ ပါလို့လိုက်တာကို မ ကပစ်ထားတာ။
ရှင်း - ငချွဲလေး
နက်ရှိုင်း - ချစ်လို့ချွဲတာမကြိုက်ဘူးလား
ရှင်း - မကြိုက်ဘူးလို့ မပြောမိပါဘူးနော်။
ကြိုးတံတားပေါ် လျှောက်နေချိန် ညပိုင်းရောက်လာပြီမို့လူလည်းတော်တော်စီနေသည်။ အရက်မူးသမားတွေလည်း ရှိနေသည်မို့ ယိမ်းထိုးနေသောတံတားပေါ် ရှင်းအတွဲရှိနေတော့ တမင်ပိုခါအောင် ခုန်ကြသည်။ တံတားအလယ်လောက်ရောက်တော့ ရှင်းကြောက်ပြီး ဒူးပါမခိုင်ဖြစ်လာသည်။
နက်ရှိုင်း - ကြောက်နေရင် ပြန်လှည့်မယ် ကျွန်တော်နဲ့ကပ်နေ တစ်ခုခုဆို ကျွန်တော့်ကိုပြော
နှစ်ဦးသားနောက်ပြန်လှည့်ပြီးနက်ရှိုင်း ရှင်းအနောက်ကနေ ရှင်းပုခုံးကိုကိုင်ပြီး ရှင်းခန္ဓာကိုယ်ကို နက်ရှိုင်းနဲ့အတတ်နိုင်ဆုံးနီးကပ်စေသည်။
လူတိုးသည့်အခါ ရှင်း နက်ရှိုင်း ရင်ခွင်ရောက်ရောက်သွာသည်။
ခက်ခက်ခဲခဲပြန်ထွက်ပြီးနောက် ရှင်းဒူးများမခိုင်တော့။ ထိုင်ချပစ်ချင်လာသည်။
နက်ရှိုင်းက ရှင်းကို တွဲပြီးကားပေါ်ထိခေါ်လာသည်။
ကျန်တဲ့သူများမရောက်သေး ကားထားသည့်နေရာက အနည်းငယ်မှောင်နေသည်
လွယ်အိတ်ထဲမှာပါလာတဲ့ ဂွမ်းစောင်အပါးေလးတစ်ထည်ကို ထုတ်ခြုံကလေးလိုဂရုတစိုက် ခြုံပေးလိုက်ပြီး
"လာ မ ကျွန်တော့်ကို ခေါင်းအုံးပြီး ခနလောက်အိပ်လိုက်"
လှဲအိပ်ရမှာ အနေကျပ်သည်မို့ နက်ရှိုင်းပုခုံးကိုသာမှီပြီးနေလိုက်သည်။
ပင်ပန်းတာမို့ တခန ကြာသော် ရှင်းမျက်လုံးများစင်းလာသည်။
နောက်ဆုံးသိလိုက်ရတာက ရှင်းနှုတ်ခမ်းပေါ်ကျရောက်လာတဲ့ အနမ်းဖွဖွတခု
လှုပ်စိလှုပ်စိနဲ့ အသံတွေကြားမှ ရှင်းပြန်နိုးလာပြီဖြစ်သည် ဘေးနားမှာ ဘယ်ချိန်က ရောက်နေမှန်းမသိသော ကျော်ကြီးနှင့်စုလင်း
ရှင်းခုချိန်ထိ အိပ်မှုန်စုံဝါးပင်
ရှင်း- အိပ်ပျော်သွားတာ ကြာသွားလား
နက်ရှိုင်း - ခနလေးပါ
ရှင်း - စုလင်းရော ရောက်နေတာကြာပြီလား
စုလင်း - နာရီဝက်လောက်ပဲ ရှိသေးတယ်
ဒါဆို ရှင်းအိပ်ပျော်နေတာ နာရီဝက်မကဘူးပေါ့
နက်ရှိုင်း - အိပ်ချင်သေးတယ်မလား ပြန်အိပ်ဦးလေ
ရှင်း - ဟင့်အင်း မအိပ်တော့ဘူး။
အကုန်လုံးပြန်ရောက်လာသောအခါ ပြန်ထွက်လာခဲ့သည် လေတိုးတာမို့ နက်ရှိုင်း ရှင်းကို အင်္ကျီလက်ရှည်ခိုင်းပြီးစောင်ကို တူတူခြုံထားလိုက်ထားလိုက်သည်။
နက်ရှိုင်း - မ မ ထဦး ရောက်ခါနီးပြီ အိမ်ကိုဖုန်းဆက်ထားဦး
ရှင်း - အင် အင်း မ အိပ်ပျော်သွားတာလား။
နက်ရှိုင်း - အိပ်တာမှ ကျွန်တော့်အပေါ်ကို သွားရည်တွေပါကျလို့။
ရှင်း - တကယ်လား။
နက်ရှိုင်း - စတာ
အပြန်လည်း ကားစရာက ရှင်းကို အရင်ဆုံးဝင်ပို့ေပးသည်။ အိမ်ပြန်ရောက်တော့ ည ၁၁နာရီကျော်ပြီဖြစ်သည်။ ရှင်းလည်းပင်ပန်းတာမို့ အဝတ်စားလဲပြီး အိပ်ယာထဲ ထိုးအိပ်လိုက်သည်။ အိမ်မက်ထဲမှာ နက်ရှိုင်းက သူ့ကို ခိုးနမ်းနေတယ်တဲ့။
လေးနှစ်ကြာသော်
ရှင်း - နင် ရည်းစားလေးဘာလေးထားသင့်တယ်။
ပန်းရီ - ငါက အပြင်တောင်မထွက်ဖြစ်တာ ဘယ်နားက ရည်းစားရမလဲ ပြော။ပြီးတော့ ဒီမှာက အကုန်မိန်းမတွေနဲ့ ကလေးတွေကြည့်ပဲ
ပြောနေရင်း မလုံတာကြောင့်ပန်းရီဘေးကိုလဲ လှမ်းကြည့်ရသေးသည်။
ရှင်း- နှင်းသက်လဲ နေပြည်တော်ရောက်နေတယ်ဆို
ပန်းရီ - ဟုတ်လိုလား။ ငါ့ကိုပြောသံမကြားဘူး။
(ဒီကလေးမ ပန်းရီကိုမပြောပဲထားပြန်ပြီ။ ဟိုက စိတ်ကောက်ဦးမယ်)
ပန်းရီ- အေးပါ ဒါပဲ။ လုပ်စရယပေါ်လာလို့ တာ့တာ
အခုဆို ပန်းရီ ဗိုလ်ကြီးဖြစ်နေပြီ။ နှင်းသက်ကလည်း အရင်အလုပ်ကိုထွက်ပြီးနေပြည်တော်မှာ အလုပ်လျှောက်ဖို့ စာကျက်နေလေသည်။
စုလင်းကတော့ ရန်ကုန်က ဘော်ဒါတစ်ခုမှာ ဆယ်တန်း guideလုပ်နေပြီ။
ကျော်ရှိန်း- အကိုရှင်းပဲ ပြောကြည့်ဗျာ
ကျွန်တော့်မှာ သူ့ကိုတွေ့ချင်လို့ ရတဲ့ခွင့်ရက်လေး ရန်ကုန်လာမယ်ပြောတာကို သူက အိမ်က မထွက်ရဲလို့ မတွေ့ဘူးတဲ့။ တစ်ခါတစ်လေ မစုကလေ ကျောက်တုံးကြီးလိုပဲ။ ကျွန်တော့်ကို တကယ်ရော ချစ်ရဲ့လားပဲ။
ရှင်း - အဲ့ကျောက်တုံးကြီးကိုပဲ နင် တစ်နှစ်ခွဲလောက် အသဲသန်လိုက်ယူလိုက်ရတယ်မလား။ ငါ့သူငယ်ချင်းကိုများ ကျောက်တုံးလို့ပြောသေးတယ်။ အဲ့လောက်ဖြစ်နေရင် သူ့အဖေဆီသွားတောင်းပြီး တခါတည်းယူလိုက်တော့။ တစ်နေ့တစ်နေ့ ငါ့ဆိုင်ပဲလာပြီး နားပူနေတာ။ အလကားမပြောနဲ့ ရောင်းနေတဲ့ cosmeticလေးအားပေးရင်းပြော။
ရှင်းလည်း အခုဆို ဈေးနားမှာ cosmeticဆိုင်လေးတစ်ဆိုင်ဖွင့်ထားပြီဖြစ်သည်။ ဆိုင်ကြီးမဟုတ်ပင်မယ့် onlineပေါ်မှာရော တွဲရောင်းတာမို့အဆင်ပြေသည့်အနေထားတစ်ခုမှာရှိနေသည်။
ကျော်ရှိန်း - ဪ ဒါနဲ့ ငရှိုင်း ဒီနေ့ flightနော် ဘယ်ချိန် ဒီရောက်မယ်တဲ့လဲ
ရှင်း - နေ့လယ် သုံးနာရီလောက်ပေါ့
နက်ရှိုင်း ဒုတိယနှစ်ရောက်တော့ အဝေးသင်ပြောင်းပြီး နိုင်ငံရပ်ခြားကို သွားပြီး
သူ့အဒေါ်အလုပ်လုပ်နေတဲ့ ဆေးရုံမှာဝင်အလုပ်လုပ်နေသည်။
ကျော်ရှိန်း - အကိုရှင်းသွားကြိုမယ်မလား။
ရှင်း - အင်းပေါ့ ။
ရှင်း ဒီနေ့ ဆိုင်စောစောပိတ်ပြီး အိမ်ပြန်ရေမိုးချိုးပြင်ဆင်ကာ ကားဂိတ်ကိုသွားစောင့်သည်။
ကားဂိတ်မှာ လူရှုပ်မှာမို့ နည်းနည်းဝေးဝေးမှာ အအေးဆိုင်လေးမှာ ဆိုင်ကယ်ထားပြီးစောင့်နေသည်။
တစ်ဖြည်းဖြည်း ရွေ့လာသော ကားကြီးကိုကြည့်ပြီး ရှင်းလက်ဖျားများအေးစက်လာသည်။ နှလုံးခုန်နှုန်းတို့သည်လည်း ကမောက်ကမဖြစ်ေနသည်။တစ်နှစ် တစ်နှစ်ရှိပြီ ကြားထဲမှာ စာမေးပွဲအတွက် သုံးခေါက်ပြန်လာသော်လည်း ဒီအခေါက် ဘွဲ့ယူရန် တစ်နှစ်ကျော်ကြာမှ သူပြန်လာသည်။
ဂိတ်ထိုးလိုက်သောအခါ ကယ်ရီသမားများအလုယက်ဝိုင်းအုံလာတာမို့ ရှင်းအခုထိ နက်ရှိုင်းကို မမြင်ရသေး။
ခနကြာမှ တီရှပ်ဖြူ ဂျင်းဘောင်းဘီ ဆံပင်ဘုတ်သိုက်နဲ့ကောင်လေး ကားဗိုက်ထဲမှ luggageကိုထုတ်ကာ ရှင်းနားသို့ရောက်လာသည်။
"အမ ကယ်ရီလိုက်လား"
" အကြီးကို လာစနေပြန်ပြီ"
နက်ရှိုင်း ရှင်းပုခုံးလေးကို ဖက်လိုက်ပြီး ပါးကို လှစ်ခနဲ လှမ်းနမ်းလိုက်သည်။
"လွမ်းနေတာ "
" မ ရော "
" ဘယ်အရင်သွားမလဲ "
" အရင်ဆုံး ဆံပင်သွားညှပ်မယ် "
" ဟုတ်ပါပြီ ကပ်စီးကုတ်ရယ်"
" မကလည်း ဟိုမှာဆို ၆ကျပ် ၇ကျပ်ကျမှ ဒီမှာ ၂၀၀၀ပဲ"
" အဲ့တာပြီးရင်ရော "
"မ တို့အိမ်သွားမယ်လေ ဦးနဲ့ အန်တီအတွက် လက်ဆောင်ပါတယ် တစ်ခါတည်းဝင်ပေးပြီး တင်တောင်းဖို့ကိစ္စပါပြောလိုက်တော့မို့"
" ပေါက်ကရတွေစ နေပြန်ပြီ"
" ကျွန်တော်အတည်ပြောတာ အကုန်စီစဉ်ပြီးပြီ ဘာလဲ ကျွန်တော့ကို မယူချင်ဘူးလား"
" မဟုတ်ပါဘူး ရုတ်တရတ်ကြီးဆိုတော့"
နက်ရှိုင်း ဘောင်းဘီအိတ်ကပ်ထဲမှ လက်စွပ်ကလေးကို ထုတ်ပြီး
" မ ကျွန်တော့ကို လက်ထပ်ပါ ကျွန်တော် ဒီမှာ တလလောက်နေမယ် ပြီးရင် တစ်နှစ်လောက်ပြန်သွားရဦးမယ် နောက်အပြီးပြန်လာမယ် ဒီမှာ ဆိုင်လေးတစ်ဆိုင်ဖွင့်မယ် မ ရှိတဲ့နေရာမှာပဲ အခြေချမယ် ကျွန်တော်အကုန်လုံးစဉ်းစားပြီးသွားပြီ မ ခေါင်းညိမ့်ဖို့ပဲလိုတော့တယ် "
ရှင်း ကြည်းနူးလွမ်း၍ မျက်ရည်များကျလာသည်။
ပြီးမှ ခေါင်းညိမ့်လိုက်သည်။
နက်ရှိုင်း လက်စွပ်လေးကိုငြင်သာစွာစွပ်ပေးလိုက်ပြီး ရှင်းလက်ဖမိုးကိုဖွဖွလေးနမ်းလိုက်သည်။
"အတော်ပဲ"
"မောင် ဘယ်ကတည်းက လုပ်ထားတာလဲ"
"ဟိုမှာကတည်းက ဒီက အကိုတစ်ယောက်ကို အကူညီတောင်းပြီးလုပ်ခိုင်းထားတာ "
ရှင်းလက်ေပါ်မှ စိန်လက်စွပ်ေလးကို ကြည့်ပြီး
"မ နဲ့လိုက်သားပဲ နောက်ဆို ဒီထပ်ကြီးတဲ့စိန်နဲ့ လက်စွပ်ထပ်လုပ်ပေးမယ်"
" ဒီလောက်လေးပဲကောင်းပါတယ် မ လက်က ပုပုလေး"
" ဟုတ်သားပဲ မောင်းကွင်းလုပ်ရမှာကိုနော်"
အအေးဆိုင်လေးရဲ့ တစ်နေရာမှာတော့ကောင်လေးနဲ့ကောင်မလေးတစ်ယောက် ချစ်ခြင်းတွေနဲ့ လွှမ်းခြုံနေပါတယ်။
သံသရာဟာဘယ်လောက်ဝေးမယ် ဘယ်လောက်နီးမယ်ဆိုတာ မသိဘူး တစ်နေ့ကျရင်တော့ မ ရှိတဲ့ အိမ်လေးဆီပဲ ကျွန်တော်ပြန်လာမှာပါ။
အရမ်းချစ်တယ်။
ပြီးပါပြီ။
ဇာတ်သိမ်းပြီဆိုတော့ ကျန်တဲ့သူတော့မသိဘူး သာသာတော့လွမ်းပြီးကျန်နေခဲ့ပြီ။ တူတူဖြတ်သန်းခဲ့ကြတဲ့ စာဖတ်သူလေးတွေလည်း သာသာ့ကို ထင်မြင်ချက်လေးတွေ အားပေးစကားလေးတွေပြောပေးပါဦးနော်။
အားပေးကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။