Unicode
~~~~~~~
အိမ်မက်ဆိုးတွေပြီးဆုံးသွားတဲ့အခါ နှင်းမိုးကြီးလဲဆဲသွားလေပြီ … ခရစ္စမတ်နေ့လေးရဲ့ နံနက်ခင်းက ရောင်ခြည်ဖြာနေတဲ့နေမင်းကြီးနဲ့အတူ စတင်လာခဲ့တယ် …
ဖန်းဂူညကအကြောင်းအရာတွေအားလုံးကို အိမ်မက်ဆိုးတွေအလား မေ့ပျောက်သွားချင်ပေမဲ့မေ့မရခဲ့ဘူး … ပူလောင်မှုတွေနဲ့အတူ နိုးထလာခဲ့တယ် … သူ့ရဲ့မျက်ဝန်းတွေဖွင့်လိုက်တော့ ခရစ္စမတ်နေ့မှာ ရရှိတဲ့လက်ဆောင်လေးက သူ့ရင်ခွင်ထဲမှာ ရှိနေခဲ့ပြီ … နှင်းသမျှဖြူစွတ်နေတဲ့ကိုယ်လေးက သူ့ရဲ့လက်မောင်းတွေကိုဖက်သွယ်ထားပြီး နှစ်ခြိုက်စွာအိပ်မောကျနေတဲ့ သူ့ရဲ့အိုမီဂါလေး … ဒီလက်ဆောင်က သူ့ဘဝမှာ အပျော်ရွှင်ဆုံးပဲ …
မင်းယွီရဲ့မျက်နှာလေးကို တစိမ့်စိမ့်ငေးကြည့်နေရင်း ညက လူစားထိုးခံလိုက်ရသလို သူ့အားအတင်းမြှူဆွယ်ပြီး ချစ်ရည်လူးခဲ့တဲ့အချိန်တွေကို ပြန်မြင်ရောင်လာကာ ဖန်းဂူပျော်ရွှင်နေမိတယ် … သူ့ရဲ့မျက်နှာမှာ အပြုံးတွေဝေဆာနေပြီး ညကလိုအင်ဆန္ဒတွေပြည့်ဝပြီး ဒီလိုမျိုးအားအင်အပြည့်နဲ့ နိုးထခွင့်မရတာကြာပြီမို့ ဖန်းဂူမထချင်သေးပေ … သူကမင်းယွီမျက်နှာလေးကို ဖွဖွလေးထိကိုင်လိုက်ပြီး Morning Kiss ပေးလိုက်တယ် …
သူ့နှုတ်ခမ်းတွေဖယ်ခွာလိုက်ချိန်မှာပဲ မင်းယွီကိုယ်လေး လှုပ်ရှားလာပြီး မျက်ဝန်းလေးတွေက ဖြေးညှင်းစွာဖြင့် ပွင့်ဟလာခဲ့တယ် … နံနက်ခင်းတစ်ခုရဲ့အစပိုင်းမှာ ကိုယ်ချစ်မြတ်နိုးရတဲ့သူရဲ့မျက်နှာလေးကစီးကြိုနေတဲ့ ကြည်နူးစရာခံစားချက်မျိုးကို ဘယ်လိုပျော်ရွှင်မှုမျိုးနဲ့မှမလဲနိုင်ဘူး …
မင်းယွီ ယခင်နေ့တွေက နံနက်ခင်းအမြဲလိုလိုနိုးထချိန်တိုင်း ဖန်းဂူမရှိတော့ဘူး … သူကအလုပ်များသလို အဲ့ဒိကြားက သူတို့သားအဖအတွက် အချိန်ပေးလေ့ရှိတယ် … သို့ပေမဲ့ ထွက်ခွာဖို့ဆုံးဖြတ်ထားတဲ့သူက အမြဲလေးလံနေတဲ့ဝန်တစ်ခုကိုထမ်းထားရသလို ပျော်ရွှင်မှုဆိုတာမရှိခဲ့ဘူး … ခုတော့ သူထမ်းထားတဲ့လေးလဲတဲ့ဝန်ကြီးလဲမရှိတော့သလို ဖန်းဂူကလဲသူ့ကိုမုန်းမသွားခဲ့ဘူး … မင်းယွီရဲ့ဒီနံနက်ခင်းလေးက ပေါ့ပါးလန်းဆန်းနေပြီး ခါတိုင်းတွေထပ်ပင် ကြည်နူးစရာကောင်းလွန်းနေခဲ့တယ် …
မင်းယွီ သူ့မျက်ဝန်းရှေ့တည့်တည့်က ဖန်းဂူ မျက်နှာလေးအား ငေးကြည့်နေရင်း အတော်ကြာ အကြည့်ချင်းစုံစေလိုက်တယ် …
" Good Morning လုယီပါပါး "
ဖန်းဂူရဲ့နှုတ်ဆက်စကားကြောင့် မင်းယွီပြုံးလိုက်ရင်း …
" Good Morning လုယီဒယ်ဒီ "
၂ ယောက်သား သဘောကျစွာ ပြုံးလိုက်ကြရင်း မင်းယွီကိုယ်လေးအား ဖန်းဂူ ပွေ့ဖက်လိုက်တယ် …
" အ့ "
ထိုအခါ မင်းယွီရဲ့ ညည်းညူးသံကြောင့် ဖန်းဂူ စိုးရိမ်တကြီးဖြင့်မေးလိုက်တယ် …
" ဘယ်နားကနာနေလို့လဲ … ကိုယ်ကြည့်ပေးမယ် "
မင်းယွီက စိတ်ဆိုးကာ နှုတ်ခမ်းလေးဆူလျှက် ဖန်းဂူအား တွန်းထုတ်လိုက်ပြီး ရင်ဘက်တွေကို လက်ဖြင့်အုပ်ကာ ဆိုလိုက်တယ် …
" ညကမကိုက်နဲ့ပြောတာကို နားမထောင်တာဘယ်သူလဲ … လုယီလေးငယ်ငယ်ကတောင် အဲ့လောက်ပြောလို့မဆိုးဘူး … ခု ကျွန်တော့ရင်ဘက်တွေ ယောင်နေပြီ "
ထိုအခါမှ ဖန်းဂူ သူ့အပြစ်သူသိသွားလေတယ် …
" ကိုယ်လဲမတတ်နိုင်လို့ပါကွာ … ကို့အိုမီဂါလေးရဲ့ချိုလုံးလေးက ကိုယ်စားဖူးသမျှတွေထဲမှာ အကောင်းဆုံးမို့ "
ဖန်းဂူက ထိုသို့ပြောလာတော့ မင်းယွီပါးတွေနီရဲလာပြီး ဖန်းဂူအရှေ့ကနေထသွားဖို့ကြံပေမဲ့ သူ့ခြေထောက်တွေကြမ်းပြင်ပေါ်သို့ရောက်သွားချိန် ခန္ဓာကိုယ်တစ်ခုလုံးနာကျင်လာပြီး လဲကြမလိုဖြစ်သွားလေတော့တယ် …
" သတိထား … ယွီလေး "
ဖန်းဂူက လျှင်မြန်စွာပင် မင်းယွီအနောက်ကနေခါးလေးကိုဖက်ကာ ထိန်းပေးထားလိုက်တယ် … ညကမရပ်မနားဆက်ဆံမိသွားတဲ့အကြိုးရလဒ်တွေကတော့ မင်းယွီခြေထောက်တွေမထောက်နိုင်လောက်အောင် နာကျင်သွားခြင်းပင် … မင်းယွီက ငိုမဲ့မဲ့လေးဖြင့် …
" ခြေထောက်တွေအားမရှိတော့ဘူး … ကျွန်တော့အောက်ပိုင်း သေသွားပြီလားမသိဘူး "
ထိုအခါ ဖန်းဂူက မင်းယွီကိုယ်လေးအား စွေ့ကနဲကောက်ချီလိုက်ပြီး …
" မင်းအောက်ပိုင်းသေသွားရင်တောင် ကိုယ်တစ်ယောက်လုံး မင်းကိုပြုစုပေးဖို့ရှိနေတာပဲ … မပူနဲ့ "
" ဟွန့် ကျွန်တော့ကိုစိတ်မပူတဲ့အပြင် အောက်ပိုင်းပါသေစေချင်နေတယ်ပေါ့ "
" မင်းနောက်ထပ် ကိုယ့်ရင်ခွင်ထဲကနေ ထွက်ပြေးဖို့ကြိုးစားရင်တော့ မပြောတတ်ဘူး … အဲ့လိုဖြစ်ရင်ဖြစ်သွားမှာ "
ထိုအခါ မင်းယွီက ဖန်းဂူလည်ပင်းအား တိုင်းဖက်လိုက်ပြီး …
" ကျွန်တော် ဒီကအယ်ဖာကြီးရဲ့လက်ကနေထွက်ပြေးဖို့မကြိုးစားတော့ပါဘူး "
" ကိုယ့်ရဲ့အိုမီဂါလေးက လိမ်မာတယ် "
ပြောပြီးနောက် ဖန်းဂူမင်းယွီအား ကိုယ်လက်သန့်စင်ပေးဖို့ ရေချိုးခန်းထဲခေါ်ဆောင်သွားလေတယ် … သူတို့တစ်ချိန်လုံးမေ့လျော့နေခဲ့တဲ့အရာလေးက လုယီကိုပင် …
" ဒယ်ဒီ … ဒယ်ဒီ "
" သခင်လေး "
အစောင့်တွေက လုယီလေးကိုထိန်းဖို့ကြိုးစားပေမဲ့ အတတ်လေးက မခံပဲပတ်ပြေးနေလေတယ် … သူက သူ့ဒယ်ဒီကိုတွေ့ပြီး သူ့ပါပါးနဲ့တွေ့ခဲ့လားဆိုတာကို အလွန်အမင်းသိချင်နေမိတယ် … ထိုစဉ်အစောင့်တွေထဲကတစ်ယောက်က သူ့မှာလဲ သားလေးရှိတော့ လုယီလေးကိုထိန်းဖို့ နည်းလမ်းရှာရင်း အကြံတစ်ခုရသွားလေတယ် …
" သခင်လေး ရပ်ပါဦး … ဒီလိုမျိုးဆူညံရင် သခင်လေးဒယ်ဒီစိတ်ဆိုးလိမ့်မယ် "
ထိုအခါမှ လုယီလေးက ရပ်တန့်လိုက်ပြီး …
" ဦးရေးကြီး … YiYi ဒယ်ဒီက ဘာလို့စိတ်ဆိုးမှာလဲ "
" ဟို ဟိုလေ ဒယ်ဒီတွေက လိမ်မာတဲ့ကလေးလေးတွေကို ပိုချစ်ကြတာ … ကျွန်တော့သားလေးဆိုရင် မနက်ခင်းဆိုမဆူညံပဲ အခန်းထဲကိုလာပြီး အိပ်ယာနှိုးပေးတယ် "
ထိုအခါ လုယီလေးက …
" YiYiလဲပါပါးကို နှိုးပေးပါတယ်နော် … အ့ကြောင့် YiYi ပါပါးက YiYiကိုတအားချစ်တာ "
" ဟုတ်တာပေါ့သခင်လေး … ခုဒယ်ဒီကိုလဲ အဲ့လိုပဲသွားနှိုးလေ "
အစောင့်ခများ လုယီကိုထိန်းနိုင်ဖို့ စကားလုံးတွေနဲ့ချော့ရင်း နောက်ဆုံး အခန်းတစ်ခုရှေ့သို့ ရောက်လာခဲ့တယ် … သူတို့ကို ချူးရှန့်အမိန့်ပေးထားသည့်အတိုင်း ၈ နာရီထိုးလျှင် Boss ကိုနှိုးဖို့တာဝန်ရှိ၍ လုယီလေးကိုပါ တစ်ပါတည်း ခေါ်လာခြင်းပင် …
' ဒေါက် ဒေါက် '
" Boss "
" ဒယ်ဒီ "
ခနအကြာမှာတော့ အခန်းတံခါးပွင့်လာပြီး အထဲမှထွက်လာသူကတော့ မင်းယွီပင် …
" …… "
လုယီလေးခမျာ အံ့အားသင့်လျှက် မယုံကြည်နိုင်စွာဖြင့် မျက်ဝန်းလေးတွေကိုပွတ်သပ်လိုက်ပြီး သူ့အရှေ့ကလူသားအား စူးစူးရဲရဲမော့ကြည့်နေရှာတယ် … မင်းယွီလဲ သားလေးကိုတွေ့လိုက်ရတော့ ကြမ်းပြင်ပေါ်ထိုင်ချလိုက်ပြီး လုယီလေးအားပွေ့ဖက်လိုက်တယ် … လုယီလေးခမျာအပျော်လွန်ပြီး ဘာမှမပြောနိုင်ပဲ မင်းယွီရင်ခွင်ထဲမှာ ခုန်ပေါက်ရင်း သူ့ပါပါးရဲ့လည်ပင်းအားတင်းနေအောင်ဖက်ထားလေတော့တယ် …
" ပါပါး … YiYiပါပါးပြန်လာပြီ … မုန့်မုန့်ဝယ်ကပြန်လာပြီ … ရေး… "
ဒီတစ်ခေါက်လုယီလေးရဲ့တုန့်ပြန်မှုက ယခင်သူအလုပ်ပြန်လာချိန်နဲ့မတူနေခဲ့ … အဲ့ဒိအချိန်တုန်းက သူ့အနားမှာ အဖွာရှိနေပြီး ညဘက်တွေလဲအဖွားနဲ့အတူအိပ်ရတာမို့ ထိုမျှလောက်အထီးမကျန်ခဲ့ဘူး … ဒီတစ်ခေါက်က သူ့အနားမှာ ဒယ်ဒီရော ပါပါးရောမရှိနေ၍ ဘယ်လောက်တောင် အထီးကျန်ဆန်နေရှာမလဲ … အစောင့်အရှောက်တွေလဲ သားအဖ ၂ ယောက်ရဲ့အလွမ်းသယ်နေပုံကိုကြည့်ပြီး တိတ်ဆိတ်နေကြတယ် … ဖန်းဂူရောက်လာတော့ အစောင့်တွေအားလုံးဦးညွှတ်ကာ ထွက်ခွာသွားကြတယ် … ဖန်းဂူက ကြမ်းပြင်ပေါ်မှာထိုင်နေတဲ့သားအဖ ၂ ယောက်အနားမှာ ဒူး ၂ ဖက်ထောက်ကာ ထိုင်လိုက်တယ် … ထိုအခါလုယီလေးက သူတို့အနားရောက်လာတဲ့ ဖန်းဂူမျက်နှာလေးအား ကုန်းကာနမ်းလိုက်ပြီး …
" ဒယ်ဒီ … YiYi ပါပါးကိုခေါ်လာပေးလို့ချစ်တယ် "
ဖန်းဂူ မင်းယွီပခုံးပေါ်လက်တင်ကာ လုယီခေါင်းလေးကိုအသဲယားစွာဖွပြီး ပြုံလိုက်မိတယ် … သူပြန်လာလို့ ပျော်ရွှင်နေတဲ့ သားအဖ ၂ ယောက်လုံးရဲ့အပြုံးတွေကိုကြည့်ပြီး မင်းယွီ ဒီအချိန်အခါလေးကို ပြန်ရရှိလို့ ဝမ်းသားနေမိတယ် …
*
*
*
*
ချူးရှန့်ဟာ ဒီနေ့ရဲ့အထူးပွဲကိုသွားဖို့ ပြင်ဆင်နေခဲ့တယ် … ဒီလိုပွဲကြီးမျိုးက တစ်နှစ်မှတစ်ခါပဲ ကြုံဆုံရသလို လာမည့်သူတွေအားလုံးဟာလဲ အရေးကြီးပုဂ္ဂိုလ်များဖြစ်ကြတယ် … ချူးရှန့်ဆိုးရိမ်မိတာတစ်ခုက ထိုပွဲမှာ ပြဿနာတစ်စုံတစ်ရာပေါ်လာမည်ကိုပင် … ယခုနိုင်ငံရေးအခြေအနေက ယခင်ကလောက်တည်ငြိမ်မှုမရှိဘူး … ဖန်ဂူပျောက်ဆုံးနေတဲ့နှစ်တွေက ပုန်းအောင်းနေတဲ့မိစ္ဆာကောင်တွေရဲ့ စည်းကမ်းမရှိ ချယ်လှယ်ဖို့အကောင်းဆုံးအချိန်အခါ ဖြစ်လာခဲ့တယ် …
ယခု ရှန်ဟွှာဟာ လွန်ခဲ့သောနှစ်တွေတုန်းက ဖျောက်ဖျက်ခဲ့တဲ့ ပိုင်မိသားစုနဲ့ပတ်သပ်တဲ့ အပြစ်ကြွေးတွေရဲ့ သဲလွန်စပြန်ပေါ်လာပြီး အရာရှိတွေရဲ့နောက်ရောင်ခံလိုက်မှုကိုခံနေရသလို အဓိကအရေးထားရမည့်သူတွေက ကျန်းအရာရှိမိသားစုနဲ့ Kမြို့က မင်းယွီရဲ့ဖခင်အရင်း အရာရှိ ပတ်ဒိုမင်းကိုပင် … ယာရှာက ပတ်ဆုန်းချူနဲ့အဆက်အသွယ်ရှိပြီး သူတို့လှုပ်ရှားမှုတွေကို ချူးရှန့်သိရှိနိုင်၍မှာတော်သေးတယ် … မဟုတ်လျှင် ရှန်ဟွှာကို သူတို့နောက်ယောင်ခံနေတဲ့အကြောင်းမသိပဲ ပေါ်နေလောက်ပြီ …
နောက်တစ်ခုက အမှောင်က Lion ကိုဖမ်းပြီး နာမည်ပျက်တွေကို ပယ်ဖျက်ရန်ပင် … ဒီတစ်ခုက ပို၍ပင် အရေးကြီးနေသေးတယ် … ရှန်ဖန်းဂူသာ အမှောင်ကိုပြန်လာမယ်ဆိုထိန်းချုပ်နိုင်ပေမဲ့ ခုတော့ ချူးရှန့်တစ်ယောက်ထည်း အလင်းအမှောင်ထဲမှာ ဗျာများနေလေတော့တယ် …
" အကို "
ရှန်ဝေက ခေါ်လိုက်တော့မှ ချူးရှန့် အတွေးတွေကိုရပ်လိုက်ပြီး အနောက်ကို လှည့်ကြည့်လိုက်တော့ ရှန်ဝေလက်ထဲမှာ အနီရောင်ပုံးလေးတစ်ခု ကိုင်ဆောင်ထားသည်ကို တွေ့လိုက်ရတယ် … ရှန်ဝေက ပုံးလေးကို ချူးရှန့်ထံ ကမ်းပေးလိုက်ပြီး …
" ဒါက အကို့အတွက် ခရစ္စမတ်လက်ဆောင် … တန်ဖိုးအရမ်းမကြီးပေမဲ့ အကိုနဲ့ လိုက်မယ်ထင်လို့ "
ချူးရှန့် သူ့အရှေ့က ပုံးအနီလေးကိုယူပြီး ဖွင့်ကြည့်လိုက်တော့ အထဲမှာ အနီရောင်မာဖလာလေးနဲ့ အောက်ဆုံးမှာတော့ ပုံးငယ်လေးတစ်ခု ထပ်ရှိနေသေးတယ် …
" ဘယ် ၂ မျိုးတောင်လဲ … အကုန်အကျများအောင် "
ရှန်ဝေက အနီရောင်မာဖလာလေးကို ချူးရှန့်လည်ပင်း၌ ပတ်ပေးလိုက်ရင်း …
" ညက အကိုချမ်းပြီးတုန်နေတာတွေ့လို့ … ပြီးတော့ ခုဟာကမှ ကျွန်တော့လက်ဆောင် "
သူက ချူးရှန့်ကိုင်ထားတဲ့ပုံးလေးကိုညွှန်ပြရင်းပြောလိုက်ချင်းပင် … ထိုပုံးလေးက အနက်ရောင်လေးဖြစ်ပြီး တန်ဖိုးကြီးသည့်ပစ္စည်းတစ်ခုခုထည့်ထားပုံပင် … ချူးရှန့် ထိုပုံလေးကို ဖွင့်ကြည့်လိုက်တော့ အထဲကအလင်းရောင်ဟာ မျက်လုံးများပင်စူးသွားသယောင်လင်းလပ်နေပြီး ချစ်စရာကောင်းလှတဲ့ လည်ဆွဲလေးတစ်ခုပေါ်လာခဲ့တယ် … ငွေရောင်တောက်နေတဲ့ လည်ဆွဲလေးမှာ အကြည်ရောင်ကျောက်လေးက လော့ကပ်သီးပုံစံအပြားလေးရဲ့အလည်မှာရှိနေပြီး ထိုအပြားလေးက လခြမ်းက
လေးလိုတစ်ခြမ်းပျောက်ကာ စိန်ပွင့်လေးဟာလဲ တစ်ခြမ်းပဲ့နေတယ် …
ချူးရှန့်က တအံ့တဩနဲ့ကြည့်ရင်း …
" ဒါက ဈေးအရမ်းကြီးတဲ့ လော့ကပ်သီးလေး … ဒါပေမဲ့ ပုံစံလေးကဆန်းတယ် … မင်းဘယ်လိုရအောင်ဝယ်လာတာလဲ … တခြမ်းထည်းဆိုရင်တောင် ဈေးကမနည်းဘူးပေးရမှာ "
ထိုအခါ ရှန်ဝေက သူ့အင်္ကျိအတွင်းမှာဖွက်ထားတဲ့ လည်ဆွဲလေးကို အပြင်သို့ထုတ်လိုက်တယ် …
" တစ်ခြမ်းတည်းလို့ဘယ်သူကပြောလဲ "
ထိုအခါ ချူးရှန့်က သူ့လက်ထဲကဆွဲသီးနဲ့ ရှန်ဝေလည်ပင်းက ဆွဲတီးကို ပေါင်းစပ်လိုက်တဲ့အခါ လပြည့်ဝင်းလေးလိုအပြည့်ဖြစ်သွားပြီး အလည်က ကျောက်လေးဟာလဲ အရောင်တွေလဲ့လာကာ တောက်ပတဲ့ကြယ်လေးပမာလင်းလပ်လာသည်ကိုကြည့်ရင်း …
" ဝါး … ဒါကိုပြီးပြည့်စုံတယ်လို့ခေါ်တာလား … ဒါမျိုးက အဆင့်မြင့်မိတ်ဖက်အတွဲတွေကြားမှာ အရမ်းရေဗန်းစားတဲ့အရာလေး … ဒါက သူတို့မိတ်ဖက်ခြင်း ပိုင်ဆိုင်တဲ့သဘောကိုဆောင်တာ … အရမ်းလဲလှတယ် "
သူက ပြောနေရင်း တစ်စုံတစ်ရာတော့လွဲမှားနေသည်ကို သိလိုက်ရတယ် … အမှန်ဆို ဒါက ရှန်ဝေသူ့ကောင်မလေးကို ပေးသင့်တာမဟုတ်ဘူးလား … ဘာကြောင့် သူ့အတွက်ဖြစ်ရတာလဲ … သူ့အရှေ့မှာရပ်နေတဲ့ကောင်လေးကိုမော့ကြည့်လိုက်တော့ သူ့အားပြုံးကာကြည့်နေသည်ကို တွေ့ပြီး ချူးရှန့် လန့်ပင်သွားမိတယ် … ပြီးနောက် သူက မနေနိုင်စွာဖြင့် မေးကြည့်လိုက်တယ် …
" ရှန်ဝေ မင်း ပုံးချင်းများလွဲလာတာလား "
" မလွဲပါဘူး "
" ဒါပေမဲ့ ဒါက ဟိုမိန်းကလေး ယုယွမ်အတွက် ဖြစ်သင့်သာလေ "
" ဟမ် "
ချူးရှန့်စကားကြောင့် ရှန်ဝေ ကြောင်အမ်းသွားလေတယ် … သူက နားမလည်သည့်နယ် ပြန်မေးလိုက်တယ် …
" အကို ဘယ်သူ့ကိုပြောလိုက်တာလဲ "
" ယုယွမ်လေ … သူကမိန်းကလေးဆိုတော့ ဒါမျိုးတွေကိုငါ့ထက်ပိုကြိုက်မှာ "
ချူးရှန့် သူ့အပြောကထဲ့ဒိုးဆန်သွား၍ ပြင်ကာပြောလိုက်ရတယ် … သူက သူ့မိန်းကလေးကို ဒိထပ်ကောင်းတဲ့အရာပဲပေးမှာပေါ့ … ဘာလို့ဒီလိုကလေးဆန်တာတွေပေးလိမ့်မလဲ … မဟုတ်လဲပဲ ပေးပြီးသားလဲဖြစ်နိုင်တာပဲ …
ရှန်ဝေကတော့ ဘာအတွေးပေါက်သွားလဲမသိ ကြိတ်ခါရယ်နေတော့တယ် … ပြီးနောက် လည်ဆွဲလေးအား ချူးရှန့်လည်ပင်း၌ ဆွဲပေးလိုက်တယ် …
" အကိုဘာမှပူမနေနဲ့ … ယုက ဒါမျိုးတွေမကြိုက်ဘူး … သူစိတ်ဝင်စားတာ အစားအသောက်ပဲ "
ချူးရှန့်ဘာမှဆက်မပြောတော့ပေ … သူသွားဖို့ ကိစစတစ်ခုရှိသည်ကိုရှန်ဝေကိုပြောမည်ကြံတော့ ရှန်ဝေကစပြီးနှုတ်ဆက်လိုက်တယ် …
" ဒါဆို ကျွန်တော်သွားတော့မယ် "
" အင်း … ဒါနဲ့ မင်းအိမ်မှာပဲနေမှာလား "
ရှန်ဝေက ခနမျှတိတ်ဆိတ်သွားပြီးမှပြန်ဖြေလိုက်တယ် …
" ကျွန်တော်နေချင်ပေမဲ့သွားစရာလေးတစ်ခုရှိနေသေးတယ် "
ဟုတ်သားပဲ သူ့ကောင်မလေးနဲ့အတူတူသွားလည်ကြမှာပေါ့ … ငါဘာတွေတွေးပူနေမိတာလဲ …
" အကို ဖြစ်နိုင်ရင် ကျွန်တော်နဲ့ … "
" ငါလဲသွားစရာရှိတယ် … မင်းစိတ်ပူစရာမလိုဘူး … သူမနဲ့ပျော်ခဲ့ပေါ့ "
" .…… "
အခန်းတံခါးပိတ်သံနဲ့အတူ ရှန်ဝေ ချူးရှန့်အခန်းအပြင်မှာ တိတ်ဆိတ်စွာရပ်နေမိတယ် … သူဒီနေ့ပွဲတစ်ခုကိုသွားစရာရှိပြီး ဒီပွဲကအရေးကြီးသလို သူ့ရဲ့ဖြစ်တည်မှုကို လူတွေအရှေ့မှာချပြခွင့်ရမဲ့နေ့တစ်နေ့ … အဲ့ဒိနေ့မှာ သူ့ရဲ့ဖြစ်တည်မှုကို အမြင်စေချင်မိဆုံးသူက ချူးရှန့်ပင် … သူအကြောက်မိဆုံးအရာကလဲ ချူးရှန့်သိသွားမှာကိုပဲ …
" အကိုဝေ … သွားမယ် "
" အင်း "
ရှန်ဝေ ယုယွမ်နဲ့အတူ အခန်းလေးထဲကနေ ထွက်သွားလေတော့တယ် … တစ်ခနအကြာမှာပဲ ချူးရှန့်ပါထွက်လာပြီး အနောက်ကနေလိုက်သွားခဲ့တယ် …
ချူးရှန့် ပွဲကိုသွားဖို့အချိန်လိုသေးတာမို့ အိမ်မှာနေရတာလဲပျင်းတာကြောင့် ရှန်ဝေတို့အနောက် လိုက်လာခဲ့ခြင်းပင် … သူသိချင်တာက ဒီနေ့မှာ ရှန်ဝေတို့အတွဲ ဘယ်လိုနေရာတွေမှာသွား ပျော်နေမလဲ … ပြီးတော့ သူတို့အိမ်မှာလာနေတဲ့ ဒီမိန်းကလေးရဲ့အကြောင်းတွေကိုလဲ မသိတာမို့ လိုက်၍စပ်စုနေခြင်းပင် …
ရှန်ဝေတို့ကားက ကြီးမားတဲ့အဆောက်အဦးရှေ့မှာရပ်တန့်သွားပြီး သူတို့ ၂ ယောက် ကားပေါ်မှဆင်းကာ အထဲသို့ဝင်သွားလေတယ် … ဒီလိုနေရာတွေက အဆင့်မြင့်တွေသွားလာတတ်ပြီး ထိုမိန်းကလေးရဲ့ပုံစံဟာလဲ ရဲရင့်ကာ အဆင့်အတန်းမြင့်ကလို့ထင်မိပေမဲ့ ဒီနေရာမှာပိုပြီးထူးဆန်းတာက ဝန်ထမ်းမလေးတွေရဲ့အကြည့်တွေက သူမထံရောက်နေပြီး အသဲလက်နတ်တွေနဲ့ပြစ်နေသလိုပင် … ရှန်ဝေကတော့ အနောက်ကနေအသာလေးလိုက်ပါသွားလေတယ် …
" သူမကဘယ်သူလဲ … မိန်းကလေးတွေက ရှန်ဝေကိုငေးကြည့်ရမှာမဟုတ်ဘူးလား … အမြင်မရှိလိုက်တာ "
ချူးရှန့်တိုးတိုးလေးရေရွတ်ရင်း အထဲသို့တိတ်တိတ်လေးလိုက်ဝင်လာခဲ့တယ် … အထဲရောက်မှသိလိုက်ရတာက ဒီနေရာဟာ အလွန်ကြီးမားသည့် အလှပြင်ဆိုင်တစ်ခုဖြစ်နေခြင်းပင် …
" ဘုရားရေ … သွား Date မှာလေးကို ဒီလိုနေရာထိလာပြင်ရလား … အသုံးကြမ်းတဲ့ကလေးတွေ "
သူက စိတ်ထဲကနေဆူပူရင်း ရှန်ဝေတို့အနောက်ကိုလိုက်နေပေမဲ့ အဆောက်အဦးကကြီးလွန်းပြီး အခန်းပေါင်းများစွာရှိနေ၍ မျက်ခြေပျက်သွားလေတော့တယ် … နာရီဝက်ခန့်ရှာပြီးနောက် လက်လျော့ကာ ထဲအဆောက်အဦးထဲကနေ ထွက်ခွာလာခဲ့တယ် …
တစ်ဖက်တွင်တော့ ဖန်းဂူ အခန်းအနားပွဲအတွက် ပြင်ဆင်ပြီးသွားပြီ … မင်းယွီက ဖန်းဂူ အင်္ကျီတွေကို ကြည့်ကောင်းအောင်ပြင်ပေးနေတယ် … ဖန်းဂူက သူ့အရှေ့က မင်းယွီခါးလေးကို ဖက်လိုက်ပြီး …
" ကိုယ်က ဒီလိုပွဲမျိုးမှာ မင်းနဲ့သားလေးလက်ကိုဆွဲပြီးသွားချင်တာ … ဘာကြောင့် ပုန်းကွယ်နေမှာလဲ "
" ဒါပေမဲ့ ခုကအချိန်ကောင်းမဟုတ်သေးဘူး … ကျွန်တော်နဲ့သားလေးကိုချပြလို့ရတဲ့အချိန်ကြရင် ကျွန်တော်ကိုယ်တိုင်ခများလက်ကိုဆွဲပြီးလိုက်လာမှာ "
" ခုလဲရနေတာပဲ … ချမပြချင်ရင်တောင် မင်းက ကိုယ့်လက်ထောက်ဖြစ်နေတုန်းပဲ "
" သားလေးတစ်ယောက်ထည်းကျန်နေမှာပေါ့ "
" ကိုယ့်အမေတစ်ယောက်လုံးရှိနေတာပဲ … မင်းပဲသူကိုအပ်ထားတာမဟုတ်ဘူးလား "
မင်းယွီဘာမှမပြောနိုင်တော့ခြေ … ခုဖန်းဂူအခြေအနေက မင်းယွီကို သူ့မျက်စိအောက်ကနေ လုံးဝအပျောက်မခံဖြစ်နေတယ် … သူသွားနေတုန် အနောက်ကနေ ထွက်ပြေးသွားမှာကြောက်နေပုံပင် … နောက်ဆုံးမင်းယွီ ဖန်းဂူသူ့အား ပြန်ပြီးယုံကြည်လာဖို့ ဒီပွဲကို အတူတူတက်ရောက်ဖို့ ဆုံးဖြတ်လိုက်တယ် … သူတို့အဝတ်အစားတွေလဲပြီးသွားတော့ လုယီလေးကို မိခင်ထဲအပ်ပြီး မြို့လည်မှာရှိတဲ့အခန်းအနားပွဲထံ ထွက်လာခဲ့ကြလေတယ် …
လမ်းတစ်ဝက်မှာ ချူးရှန့်နဲ့ချိန်ထား၍ အခန်းအနားပွဲအပြင်၍ သူတို့ ၃ ယောက်စုံနေကြပြီ … လက်မှတ်ကူပွန်ကိုပြပြီး သူတို့ အခန်းအနားပွဲလေးထဲ ဝင်လာခဲ့ကြတယ် … ပွဲက ဟိုးအရင်ကလိုမဟုတ်တော့ပဲ လူတွေပိုများကာ ပိုပြီးစည်ကားလာတယ် … ရှန်ဖန်းဂူနဲ့သူ့ရဲ့နောက်လိုက်တွေ အခန်းအနားထဲဝင်လာတော့ လူတွေအားလုံးရဲ့အကြည့်တွေကသူ့ထံရောက်လာကြပြီး အရာအားလုံး တစ်ခနမျှတိတ်ဆိတ်သွားလေတယ် … တချို့ကအံ့ဩတဲ့အကြည့်တွေနဲ့ မိတ်ဆွေတွေကတော့ ပျော်ရွှင်တဲ့အကြည့်တွေနဲ့ အရာရှိတွေကတော့ မယုံကြည်နိုတဲ့အကြည့်တွေနဲ့သတိထားစွာကြည့်နေကြတယ် …
" CEO ရှန်ဖန်းဂူ … ခများတကယ်ပဲပြန်လာပြီပေါ့ "
" ခများမရှိတဲ့အချိန်တွေ ဘယ်လောက်ခက်ခဲသလဲမပြောပါနဲ့တော့ဗျာ "
" ဟုတ်တာပေါ့ … SH Clubက ခများရှိနေမှဖြစ်မှာ "
ဒါကတော့ အတူလက်တွဲနေတဲ့ ဖန်းဂူကိုယုံကြည်ကြသူများ …
" ရှန်ဖန်းဂူဆိုတဲ့လူ ဒီပွဲမျိုးကိုလာရဲတယ် … သူအပြစ်တွေဒီလောက်အများကြီးလုပ်ထားပြီး ရဲတွေကိုပမာမခန့်တာလား "
" မင်းစကားကိုထိန်းပြော … အရာရှိဆိုတာ စည်းစောင့်ရတယ် … သက်သေမရှိပဲ ဘယ်အရာမှမစွတ်ဆွဲရဘူး "
" ဒါပေမဲ့ သူဆိုတာအသိသာကြီးလေ … အမှောင်မှာ သူလိုရဲရင့်တဲ့ Lion ဘယ်နှယောက်ရှိလို့လဲ "
ဒါကတော့ ရှန်ဟွှာရဲ့အမှုကိုစိတ်ဝင်စားနေတဲ့ အရာရှိငယ်များပင် …
" ဟေး အဲ့ဒိရှန်ဖန်းဂူက အစွယ်ကျိုးနေတဲ့ ခင်္သြေ့ကြီးပါကွာ … လူတွေဘာကြောင့် သူ့ကိုပဲ ကြည့်နေကြတာလဲ "
" မင်းကတော့ ခေါင်းဖြတ်ခံချင်နေပြီလား … အဲ့လောက်သတ္တိရှိနေရင် သူ့ရှေ့သွားပြော "
" ဟာ မင်းကလဲ … သူ့ရှေ့သွားပြော အသတ်ခံရမှာပေါ့ကွ "
" ဒါဆိုလဲ ပါးစပ်မသရမ်းပဲ ပွဲကိုအာရုံစိုက်စမ်းကွာ "
ဒါကတော့ အမှောင်ဂိုဏ်ငယ်ကလူတွေဖြစ်ပြီး ခင်္သြေ့မရှိမှထွက်လာရဲတဲ့ မြေခွေးပေါက်များပင် …
အခန်းအနားက အပြင်မှာတော့ ရောင်စုံမီးလုံး ခရစ္စမတ်သစ်ပင်တွေနဲ့လှပနေပြီး အထဲမှာတော့ ဆူညံပွက်လောရိုက်ကာ ပျော်ရွှင်စရာ ပွဲများ ရှိနေတယ် … ရောက်ရောက်ချင်း ဖန်းဂူ သူ့ရဲ့အသိမိတ်ဆွေတွေရဲ့ဝိုင်းမှာထိုင်လိုက်ရပြီး သူ့အကြည့်တွေကတော့ အဝေးတစ်နေရာမှာ ချူးရှန့်နဲ့အတူရပ်နေတဲ့ မင်းယွီထံကနေမခွာနိုင်ပေ …
မင်းယွီ ပွဲထဲသို့ဝင်ဝင်ချင်း ပြင်ထန်လှတဲ့ဟော်မုန်းနံ့တွေကြောင့် ခေါင်းများပင်မူးချင်လာသလို … ဒါပေမဲ့ ဖန်းဂူသူ့ကိုအရိပ်တကြည့်ကြည့် ကြည့်နေတာမြင်ရတော့ ရင်ထဲမှာအေးချမ်းသွားမိတယ် … ပြီးနောက် မင်းယွီချူးရှန့်အနားကိုသွားပြီး ဝိုင်ခွက်ကိုကမ်းပေးရင်း မေးလိုက်တယ် …
" အကို ခုတလောနေရတာအဆင်ပြေလား "
" အကိုကပြေပါတယ် … မင်ရော သခင်လေးကိုရှန်ဟွှာကိုပြန်ပို့နိုင်တာဝမ်းသာပေမဲ့ မင်းလဲခံစားရမှာပဲ "
" နည်းနည်းပါ … ကျွန်တော်ပျော်ပါတယ် "
သူကအအေးခွက်ကိုမော့သောက်လိုက်ရင်း ဆက်ပြောလာတယ် …
" အဖေက အကို့ကို သတိရတယ်လို့ပြောခိုင်းလိုက်တယ် … တစ်နေ့လောက်အဖေ့ကိုသွားတွေ့ပါလား … သူလဲအထီးကျန်နေရှာမှာ "
" အကိုသွားတွေ့လိုက်မယ် … စိတ်ပူပေးလို့ကျေးဇူးပါမင်းယွီ ”
မင်းယွီက ပြုံး၍ ပြန်ပြောလိုက်တယ် …
" ရပါတယ် "
ဒီပွဲက အဆင့်မြင့်တွေများတာကြောင့် ဖန်းဂူအကြာကြီးသူတို့လေပြစ်နေတာကို နားမထောင်ချင်၍ ခနကြာတော့ နှုတ်ဆက်ပြီး ထွက်လာခဲ့တယ် …
" ပျင်းနေပြီလား "
မင်းယွီက ဖန်းဂူသူ့အနားရောက်လာတာကိုမြင်တော့ ပျော်ရွှင်သွားပြီး ခေါင်းရမ်းကာပြန်ဖြေလိုက်တယ် …
" နည်းနည်းပါ … ဒါနဲ့ဘာလို့စောစောထွက်လာတာလဲ "
" ကိုယ်က ဘာကြောင့်သူတို့အတွက် အချိန်အများကြီးပေးနေရမှာလဲ … ကိုယ်ကမင်းအနားမှာပဲနေချင်တာ "
မင်းယွီဘာမှမပြောတတ်တော့၍ ပြုံး၍သာနေနေမိတယ် …
" ပါတီက ညမှစမှာဆိုတော့ ခုကိုယ်တို့ လျှောက်ကြည့်ရအောင် "
အဆောက်အဦးထဲက ပျော်ရွှင်စရာကစားပွဲလေးတွေကိုကြည့်ဖို့ ဖန်းဂူ မင်းယွီအားခေါ်သွားလေတယ် … ဒီနေ့က အတားအစီးမဲ့ပျော်ရွှင်စေလို၍ အရုပ်လေးတွေနဲ့ လက်ဆောင်ပစ္စည်းလေးတွေ အမှတ်တရပေးဖို့ ကစားပွဲလေးတွေဖန်တီးပေးထားချင်းပင် … ရှန်ဖန်းဂူက မင်းယွီအတွက် ကစားပေးချင်ပေမဲ့ လူတွေအမြင်မှာ ထူးဆန်းနေမည်ဆို၍ မင်းယွီမနည်းတားထားလိုက်ရတယ် … မင်းယွီတို့ထွက်သွားတော့မှ ချူးရှန့် သူ့တာဝန်အတိုင်း စုံစမ်းဖို့ထွက်ခွာလာခဲ့တယ် …
" ဟေး ဒီပွဲမှာ အရာရှိတွေအများကြီးလာမယ်ပြောတယ် "
" ငါတော့ရင်ခုန်နေပြီကွ … ခု ရှန်ဟွှာက ရဲတွေမျက်စိကျနေတဲ့အရာပဲလေ … ဟိုအရင်ကသမိုင်းဝင်လောက်တဲ့ပြစ်မှုကြီးကိုလိုက်နေတာဆိုလား "
ထိုစကားသံကိုကြားတော့ ချူးရှန့်ရှေ့ဆက်မသွားတော့ပဲ ခုပြောနေတဲ့လူတွေရဲ့အနီးနားကစားပွဲဝိုင်းမှာ ဝင်ထိုင်ကာ နားထောင်နေလိုက်တယ် …
" ဆေးသိပ္ပံပညာရှင်ကြီးရဲ့ တစ်မိသားစုလုံးအသတ်ခံရမှုရဲ့နောက်ကွယ်မှာ ရှန်ဟွှာပါဝင်နေတယ်ဆိုလားပဲ … အမှုကိုင်တဲ့ရဲတွေကလဲ လုံးဝအကြီးဆုံးအရာရှိတွေ "
" ဒါနဲ့ အရာရှိရှုယွမ်က အဲ့အမှုကိုဦးဆောင်ဖို့ တာဝန်ပေးတာကို လက်မခံပဲငြင်းပယ်လိုက်တယ်ဆို "
ချူးရှန့် ထိုအခါမှ ရှုယွမ်က သဘောထားပြည့်ဝပြီး သူငယ်ချင်းအပေါ်မှာ သစ္စာမဖောက်တဲ့ အသိစိတ်ရှိတဲ့လူတစ်ယောက်ဆိုတာ လုံးဝယုံကြည်သွားခဲ့တယ် …
" ဟုတ်တယ် … အဲ့တလောက မိသားစုပြဿနာတောင်ဖြစ်သွားသေး … အဲ့ဒါကြောင့် အရာရှိယွမ်ကို A မြို့ကနေထွက်သွားခိုင်းခဲ့တာ "
" ခုကိုင်နေတဲ့အရာရှိကလဲ သူတို့ထဲကပဲတဲ့ … သူကလဲ အရာရှိယွမ်နည်းပါတော်တဲ့သူ … ဒါပေမဲ့ထူးဆန်းတာက သူ့ကိုဘယ်သူမှသိပ်မတွေ့ဖူးကြဘူး … သူကထောက်လှမ်းတဲ့နေရာမှာ ဘုရင်လို့တောင်ပြောကြတယ် … ရှန်ဟွှာလဲသူ့လက်ထဲရောက်ရင် ဘူးပေါ်သလိုပေါ်တော့မှာ "
" သူက ဘယ်သူမို့လို့လဲ "
ချူးရှန့် အတော်လေးစိတ်ဝင်စားသွားမိတယ် … ဒါတွေကိုသူမကြားမိသေးဘူး … အဲ့ဒိလူအကြောင်းလဲ သူမသိဘူး … သူလိုလူတောင်မသိရအောင် ပုန်းကွယ်နိုင်တဲ့သူက ဘယ်သူများလဲ … ပြီးနောက် စကားသံတွေကို ဆက်နားထောင်နေလိုက်တယ် …
" သူကအရာရှိယွမ်ရဲ့ညီ … ငါကြားဖူးတာတော့ သူကအမှောင်မှာကြင်လည်ဖူးတယ်တဲ့ … သူမသိတာဘာမှမရှိဘူး … ကြွက်တစ်ကောင်လိုမျိုး သူ့ကို ဘယ်သူမှမမိအောင်ပုန်းနိုင်တယ် … ဒါကြောင့်လဲ သူကိုဘယ်သူမှမသိကြတာ … သူနာမည်ကိုတော့အားလုံသိတယ် … သူက အရာရှိ ကျန်းရှန် … "
ထိုလူစကားပင်မဆုံးသေး ဘေးကလူက ဝင်ပြောလိုက်တယ် …
" မင်းပြောတဲ့အရာရှိငါသိပြီ … သူက ဒီပွဲကိုလာမှာတဲ့ကွ "
" ဟုတ်လား … ငယ်ရွယ်ပြီးချောတယ်လို့လဲကြားတယ် "
" ခုတောင်ရောက်နေပြီလားမသိဘူး "
ထိုလူတွေက ခန်းမအဝင်ဝထံအကြည့်ပို့လိုက်ပြီး တသဲသဲဝင်နေတဲ့လူတွေကြားက ထိုအရာရှိအား လိုက်ရှာရင်း နောက်ဆုံး၌ သူ့တို့အကြည့်တွေက ရပ်တန့်သွားလေတယ် … ချူးရှန့်လဲ ဘယ်သူများလဲ သိချင်စိတ်နဲ့ သူတို့ကြည့်နေတဲ့ဘက်ကို အကြည့်ပို့မိချိန်တွင် သူတို့အားကျောပေးကာ ရပ်နေတဲ့ လူငယ်လေးကိုတွေ့လိုက်ရလေတယ် …
" သေချာတာပေါ့ … အဲ့ဒါသူပဲ "
" ထင်ထားတာထက်ပိုခန့်တာပဲ … သူက ဘီတာဖြစ်နေတာ နှမြောစရာပဲ "
ချူးရှန့် ရင်းနီးနေတဲ့ကျောပြင်အားငေးကြည့်နေရင်း ထိုလူမျက်နှာကို ပို၍ မြင်ချင်လာမိတယ် … သူက ဖြေးဖြေးချင်း အနားသို့ တိုးကပ်သွားပြီး မရိပ်မိလောက်အောင် အနည်းငယ်လှမ်းတဲ့အကွာအဝေးမှာရပ်လိုပ်ပြီး ထိုကောင်လေးရဲ့မျက်နှာကို မြင်ရဖို့ ကြိုးစားနေမိတယ် …
ထိုစဉ် ကျောပေးထားတဲ့ထိုကောင်လေးက တဖြေးဖြေးအနောက်သို့လှည့်လာပြီး သူ့ရဲ့လှပခန့်ညားလှတဲ့ မျက်နှာလေးကို တွေ့လိုက်ရတဲ့အခါ ချူးရှန့် နှလုံးရပ်မတတ် လန့်သွားပြီး အနောက်သို့ ခြေလှမ်းများပင် ဆုတ်ခွားသွားမိလေတော့တယ် …
' ခွပ် '
အတိမဲ့စွာ လျှောက်နေမိတဲ့သူ့ခြေလှမ်းတွေကြောင့် အနောက်က ဝိုင်ဗန်းကိုကိုင်ဆောင်ထားသည့် ဧည့်ကြိုနဲ့တိုက်မိကာ ဝိုင်ခွက်တစ်လုံးသူ့အားဖိတ်စင်ကာ ပြုတ်ကျပြီးကွဲသွားလေတော့တယ် … ထိုအသံကြောင့် ပွဲထဲကလူတစ်ချို့ရဲ့အကြည့်တွေက ချူးရှန့်ထံရောက်လာပြီး ထိုကောင်လေးရဲ့အကြည့်ပါပါဝင်ကာ သူ့ကိုမြင်သွားတဲ့ ထိုကောင်လေးအကြည့်တွေထဲမှာ အံ့ဩမှုတို့က အထင်းသားပေါ်လာခဲ့တယ် … ထိုကောင်လေး စိတ်ပူပန်သွားပြီး ကိုယ်ပေါ်မှာ ဝိုင်တွေပေကျန်သွားတဲ့ ချူးရှန့်ထံလျှောက်လာပြီး သူ့အိပ်ထဲက လက်ကိုင်ပဝါလေးကို ထုတ်ကာ စိုနေတဲ့ ဝိုင်တွေကိုသုတ်ပေးလိုက်တယ် … သူက တအံ့တဩကြည့်နေတဲ့ ချူးရှန့်မျက်နှာလေးကိုကြည့်ရင်း တိုးတိုးလေး မေးလိုက်တယ် …
" အကို … နာသွားသေးလား "
ချူးရှန့်ကြင်နာမှုတွေကိုမမြင်နိုင်တော့ပဲ သူ့ရင်ထဲမှာ လှည့်စားခံရမှုကြောင့် ဒေါသတွေပေါက်ကွဲထွက်ကာ အေးဆက်သည့်အသံဖြင့် မေးလိုက်တယ် …
" ကျန်းရှန်ဝေဆိုတာ မင်းလား ? "
.
.
.
.
To Be Continued
( ကဲ ကိုကိုသိသွားပြီ … ဘာတွေဆက်ဖြစ်မလဲမျှော်နေပေ … အပျိုကြီးရဲ့ HD ဖတ်ချင်တဲ့အမျိုးတွေ Baby ရှန်ဝေ က ဘယ်လိုသိမ်းပိုက်မလဲ တွေ့ရတော့မှာပါ … နောက်တစ်ပိုင်း ဆက်ဖတ်ချင်ရင် အားဆေးတွေများကြီးကြွေးသွားကြပါ 🤗😁 )
Zawgyi
~~~~~~
အိမ္မက္ဆိုးေတြၿပီးဆုံးသြားတဲ့အခါ ႏွင္းမိုးႀကီးလဲဆဲသြားေလၿပီ … ခရစၥမတ္ေန႕ေလးရဲ႕ နံနက္ခင္းက ေရာင္ျခည္ျဖာေနတဲ့ေနမင္းႀကီးနဲ႕အတူ စတင္လာခဲ့တယ္ …
ဖန္းဂူညကအေၾကာင္းအရာေတြအားလုံးကို အိမ္မက္ဆိုးေတြအလား ေမ့ေပ်ာက္သြားခ်င္ေပမဲ့ေမ့မရခဲ့ဘူး … ပူေလာင္မႈေတြနဲ႕အတူ နိုးထလာခဲ့တယ္ … သူ႕ရဲ႕မ်က္ဝန္းေတြဖြင့္လိုက္ေတာ့ ခရစၥမတ္ေန႕မွာ ရရွိတဲ့လက္ေဆာင္ေလးက သူ႕ရင္ခြင္ထဲမွာ ရွိေနခဲ့ၿပီ … ႏွင္းသမွ်ျဖဴစြတ္ေနတဲ့ကိုယ္ေလးက သူ႕ရဲ႕လက္ေမာင္းေတြကိုဖက္သြယ္ထားၿပီး ႏွစ္ၿခိဳက္စြာအိပ္ေမာက်ေနတဲ့ သူ႕ရဲ႕အိုမီဂါေလး … ဒီလက္ေဆာင္က သူ႕ဘဝမွာ အေပ်ာ္႐ႊင္ဆုံးပဲ …
မင္းယြီရဲ႕မ်က္ႏွာေလးကို တစိမ့္စိမ့္ေငးၾကည့္ေနရင္း ညက လူစားထိုးခံလိုက္ရသလို သူ႕အားအတင္းျမႇူဆြယ္ၿပီး ခ်စ္ရည္လူးခဲ့တဲ့အခ်ိန္ေတြကို ျပန္ျမင္ေရာင္လာကာ ဖန္းဂူေပ်ာ္႐ႊင္ေနမိတယ္ … သူ႕ရဲ႕မ်က္ႏွာမွာ အၿပဳံးေတြေဝဆာေနၿပီး ညကလိုအင္ဆႏၵေတြျပည့္ဝၿပီး ဒီလိုမ်ိဳးအားအင္အျပည့္နဲ႕ နိုးထခြင့္မရတာၾကာၿပီမို႔ ဖန္းဂူမထခ်င္ေသးေပ … သူကမင္းယြီမ်က္ႏွာေလးကို ဖြဖြေလးထိကိုင္လိုက္ၿပီး Morning Kiss ေပးလိုက္တယ္ …
သူ႕ႏႈတ္ခမ္းေတြဖယ္ခြာလိုက္ခ်ိန္မွာပဲ မင္းယြီကိုယ္ေလး လႈပ္ရွားလာၿပီး မ်က္ဝန္းေလးေတြက ေျဖးညွင္းစြာျဖင့္ ပြင့္ဟလာခဲ့တယ္ … နံနက္ခင္းတစ္ခုရဲ႕အစပိုင္းမွာ ကိုယ္ခ်စ္ျမတ္နိုးရတဲ့သူရဲ႕မ်က္ႏွာေလးကစီးႀကိဳေနတဲ့ ၾကည္ႏူးစရာခံစားခ်က္မ်ိဳးကို ဘယ္လိုေပ်ာ္႐ႊင္မႈမ်ိဳးနဲ႕မွမလဲနိုင္ဘူး …
မင္းယြီ ယခင္ေန႕ေတြက နံနက္ခင္းအၿမဲလိုလိုနိုးထခ်ိန္တိုင္း ဖန္းဂူမရွိေတာ့ဘူး … သူကအလုပ္မ်ားသလို အဲ့ဒိၾကားက သူတို႔သားအဖအတြက္ အခ်ိန္ေပးေလ့ရွိတယ္ … သို႔ေပမဲ့ ထြက္ခြာဖို႔ဆုံးျဖတ္ထားတဲ့သူက အၿမဲေလးလံေနတဲ့ဝန္တစ္ခုကိုထမ္းထားရသလို ေပ်ာ္႐ႊင္မႈဆိုတာမရွိခဲ့ဘူး … ခုေတာ့ သူထမ္းထားတဲ့ေလးလဲတဲ့ဝန္ႀကီးလဲမရွိေတာ့သလို ဖန္းဂူကလဲသူ႕ကိုမုန္းမသြားခဲ့ဘူး … မင္းယြီရဲ႕ဒီနံနက္ခင္းေလးက ေပါ့ပါးလန္းဆန္းေနၿပီး ခါတိုင္းေတြထပ္ပင္ ၾကည္ႏူးစရာေကာင္းလြန္းေနခဲ့တယ္ …
မင္းယြီ သူ႕မ်က္ဝန္းေရွ႕တည့္တည့္က ဖန္းဂူ မ်က္ႏွာေလးအား ေငးၾကည့္ေနရင္း အေတာ္ၾကာ အၾကည့္ခ်င္းစုံေစလိုက္တယ္ …
" Good Morning လုယီပါပါး "
ဖန္းဂူရဲ႕ႏႈတ္ဆက္စကားေၾကာင့္ မင္းယြီၿပဳံးလိုက္ရင္း …
" Good Morning လုယီဒယ္ဒီ "
၂ ေယာက္သား သေဘာက်စြာ ၿပဳံးလိုက္ၾကရင္း မင္းယြီကိုယ္ေလးအား ဖန္းဂူ ေပြ႕ဖက္လိုက္တယ္ …
" အ့ "
ထိုအခါ မင္းယြီရဲ႕ ညည္းၫူးသံေၾကာင့္ ဖန္းဂူ စိုးရိမ္တႀကီးျဖင့္ေမးလိုက္တယ္ …
" ဘယ္နားကနာေနလို႔လဲ … ကိုယ္ၾကည့္ေပးမယ္ "
မင္းယြီက စိတ္ဆိုးကာ ႏႈတ္ခမ္းေလးဆူလွ်က္ ဖန္းဂူအား တြန္းထုတ္လိုက္ၿပီး ရင္ဘက္ေတြကို လက္ျဖင့္အုပ္ကာ ဆိုလိုက္တယ္ …
" ညကမကိုက္နဲ႕ေျပာတာကို နားမေထာင္တာဘယ္သူလဲ … လုယီေလးငယ္ငယ္ကေတာင္ အဲ့ေလာက္ေျပာလို႔မဆိုးဘူး … ခု ကြၽန္ေတာ့ရင္ဘက္ေတြ ေယာင္ေနၿပီ "
ထိုအခါမွ ဖန္းဂူ သူ႕အျပစ္သူသိသြားေလတယ္ …
" ကိုယ္လဲမတတ္နိုင္လို႔ပါကြာ … ကို႔အိုမီဂါေလးရဲ႕ခ်ိဳလုံးေလးက ကိုယ္စားဖူးသမွ်ေတြထဲမွာ အေကာင္းဆုံးမို႔ "
ဖန္းဂူက ထိုသို႔ေျပာလာေတာ့ မင္းယြီပါးေတြနီရဲလာၿပီး ဖန္းဂူအေရွ႕ကေနထသြားဖို႔ႀကံေပမဲ့ သူ႕ေျခေထာက္ေတြၾကမ္းျပင္ေပၚသို႔ေရာက္သြားခ်ိန္ ခႏၶာကိုယ္တစ္ခုလုံးနာက်င္လာၿပီး လဲၾကမလိုျဖစ္သြားေလေတာ့တယ္ …
" သတိထား … ယြီေလး "
ဖန္းဂူက လွ်င္ျမန္စြာပင္ မင္းယြီအေနာက္ကေနခါးေလးကိုဖက္ကာ ထိန္းေပးထားလိုက္တယ္ … ညကမရပ္မနားဆက္ဆံမိသြားတဲ့အႀကိဳးရလဒ္ေတြကေတာ့ မင္းယြီေျခေထာက္ေတြမေထာက္နိုင္ေလာက္ေအာင္ နာက်င္သြားျခင္းပင္ … မင္းယြီက ငိုမဲ့မဲ့ေလးျဖင့္ …
" ေျခေထာက္ေတြအားမရွိေတာ့ဘူး … ကြၽန္ေတာ့ေအာက္ပိုင္း ေသသြားၿပီလားမသိဘူး "
ထိုအခါ ဖန္းဂူက မင္းယြီကိုယ္ေလးအား ေစြ႕ကနဲေကာက္ခ်ီလိုက္ၿပီး …
" မင္းေအာက္ပိုင္းေသသြားရင္ေတာင္ ကိုယ္တစ္ေယာက္လုံး မင္းကိုျပဳစုေပးဖို႔ရွိေနတာပဲ … မပူနဲ႕ "
" ဟြန႔္ ကြၽန္ေတာ့ကိုစိတ္မပူတဲ့အျပင္ ေအာက္ပိုင္းပါေသေစခ်င္ေနတယ္ေပါ့ "
" မင္းေနာက္ထပ္ ကိုယ့္ရင္ခြင္ထဲကေန ထြက္ေျပးဖို႔ႀကိဳးစားရင္ေတာ့ မေျပာတတ္ဘူး … အဲ့လိုျဖစ္ရင္ျဖစ္သြားမွာ "
ထိုအခါ မင္းယြီက ဖန္းဂူလည္ပင္းအား တိုင္းဖက္လိုက္ၿပီး …
" ကြၽန္ေတာ္ ဒီကအယ္ဖာႀကီးရဲ႕လက္ကေနထြက္ေျပးဖို႔မႀကိဳးစားေတာ့ပါဘူး "
" ကိုယ့္ရဲ႕အိုမီဂါေလးက လိမ္မာတယ္ "
ေျပာၿပီးေနာက္ ဖန္းဂူမင္းယြီအား ကိုယ္လက္သန႔္စင္ေပးဖို႔ ေရခ်ိဳးခန္းထဲေခၚေဆာင္သြားေလတယ္ … သူတို႔တစ္ခ်ိန္လုံးေမ့ေလ်ာ့ေနခဲ့တဲ့အရာေလးက လုယီကိုပင္ …
" ဒယ္ဒီ … ဒယ္ဒီ "
" သခင္ေလး "
အေစာင့္ေတြက လုယီေလးကိုထိန္းဖို႔ႀကိဳးစားေပမဲ့ အတတ္ေလးက မခံပဲပတ္ေျပးေနေလတယ္ … သူက သူ႕ဒယ္ဒီကိုေတြ႕ၿပီး သူ႕ပါပါးနဲ႕ေတြ႕ခဲ့လားဆိုတာကို အလြန္အမင္းသိခ်င္ေနမိတယ္ … ထိုစဥ္အေစာင့္ေတြထဲကတစ္ေယာက္က သူ႕မွာလဲ သားေလးရွိေတာ့ လုယီေလးကိုထိန္းဖို႔ နည္းလမ္းရွာရင္း အႀကံတစ္ခုရသြားေလတယ္ …
" သခင္ေလး ရပ္ပါဦး … ဒီလိုမ်ိဳးဆူညံရင္ သခင္ေလးဒယ္ဒီစိတ္ဆိုးလိမ့္မယ္ "
ထိုအခါမွ လုယီေလးက ရပ္တန႔္လိုက္ၿပီး …
" ဦးေရးႀကီး … YiYi ဒယ္ဒီက ဘာလို႔စိတ္ဆိုးမွာလဲ "
" ဟို ဟိုေလ ဒယ္ဒီေတြက လိမ္မာတဲ့ကေလးေလးေတြကို ပိုခ်စ္ၾကတာ … ကြၽန္ေတာ့သားေလးဆိုရင္ မနက္ခင္းဆိုမဆူညံပဲ အခန္းထဲကိုလာၿပီး အိပ္ယာႏွိုးေပးတယ္ "
ထိုအခါ လုယီေလးက …
" YiYiလဲပါပါးကို ႏွိုးေပးပါတယ္ေနာ္ … အ့ေၾကာင့္ YiYi ပါပါးက YiYiကိုတအားခ်စ္တာ "
" ဟုတ္တာေပါ့သခင္ေလး … ခုဒယ္ဒီကိုလဲ အဲ့လိုပဲသြားႏွိုးေလ "
အေစာင့္ခမ်ား လုယီကိုထိန္းနိုင္ဖို႔ စကားလုံးေတြနဲ႕ေခ်ာ့ရင္း ေနာက္ဆုံး အခန္းတစ္ခုေရွ႕သို႔ ေရာက္လာခဲ့တယ္ … သူတို႔ကို ခ်ဴးရွန႔္အမိန႔္ေပးထားသည့္အတိုင္း ၈ နာရီထိုးလွ်င္ Boss ကိုႏွိုးဖို႔တာဝန္ရွိ၍ လုယီေလးကိုပါ တစ္ပါတည္း ေခၚလာျခင္းပင္ …
' ေဒါက္ ေဒါက္ '
" Boss "
" ဒယ္ဒီ "
ခနအၾကာမွာေတာ့ အခန္းတံခါးပြင့္လာၿပီး အထဲမွထြက္လာသူကေတာ့ မင္းယြီပင္ …
" …… "
လုယီေလးခမ်ာ အံ့အားသင့္လွ်က္ မယုံၾကည္နိုင္စြာျဖင့္ မ်က္ဝန္းေလးေတြကိုပြတ္သပ္လိုက္ၿပီး သူ႕အေရွ႕ကလူသားအား စူးစူးရဲရဲေမာ့ၾကည့္ေနရွာတယ္ … မင္းယြီလဲ သားေလးကိုေတြ႕လိုက္ရေတာ့ ၾကမ္းျပင္ေပၚထိုင္ခ်လိဳက္ၿပီး လုယီေလးအားေပြ႕ဖက္လိုက္တယ္ … လုယီေလးခမ်ာအေပ်ာ္လြန္ၿပီး ဘာမွမေျပာနိုင္ပဲ မင္းယြီရင္ခြင္ထဲမွာ ခုန္ေပါက္ရင္း သူ႕ပါပါးရဲ႕လည္ပင္းအားတင္းေနေအာင္ဖက္ထားေလေတာ့တယ္ …
" ပါပါး … YiYiပါပါးျပန္လာၿပီ … မုန႔္မုန႔္ဝယ္ကျပန္လာၿပီ … ေရး… "
ဒီတစ္ေခါက္လုယီေလးရဲ႕တုန႔္ျပန္မႈက ယခင္သူအလုပ္ျပန္လာခ်ိန္နဲ႕မတူေနခဲ့ … အဲ့ဒိအခ်ိန္တုန္းက သူ႕အနားမွာ အဖြာရွိေနၿပီး ညဘက္ေတြလဲအဖြားနဲ႕အတူအိပ္ရတာမို႔ ထိုမွ်ေလာက္အထီးမက်န္ခဲ့ဘူး … ဒီတစ္ေခါက္က သူ႕အနားမွာ ဒယ္ဒီေရာ ပါပါးေရာမရွိေန၍ ဘယ္ေလာက္ေတာင္ အထီးက်န္ဆန္ေနရွာမလဲ … အေစာင့္အေရွာက္ေတြလဲ သားအဖ ၂ ေယာက္ရဲ႕အလြမ္းသယ္ေနပုံကိုၾကည့္ၿပီး တိတ္ဆိတ္ေနၾကတယ္ … ဖန္းဂူေရာက္လာေတာ့ အေစာင့္ေတြအားလုံးဦးၫႊတ္ကာ ထြက္ခြာသြားၾကတယ္ … ဖန္းဂူက ၾကမ္းျပင္ေပၚမွာထိုင္ေနတဲ့သားအဖ ၂ ေယာက္အနားမွာ ဒူး ၂ ဖက္ေထာက္ကာ ထိုင္လိုက္တယ္ … ထိုအခါလုယီေလးက သူတို႔အနားေရာက္လာတဲ့ ဖန္းဂူမ်က္ႏွာေလးအား ကုန္းကာနမ္းလိုက္ၿပီး …
" ဒယ္ဒီ … YiYi ပါပါးကိုေခၚလာေပးလို႔ခ်စ္တယ္ "
ဖန္းဂူ မင္းယြီပခုံးေပၚလက္တင္ကာ လုယီေခါင္းေလးကိုအသဲယားစြာဖြၿပီး ၿပဳံလိုက္မိတယ္ … သူျပန္လာလို႔ ေပ်ာ္႐ႊင္ေနတဲ့ သားအဖ ၂ ေယာက္လုံးရဲ႕အၿပဳံးေတြကိုၾကည့္ၿပီး မင္းယြီ ဒီအခ်ိန္အခါေလးကို ျပန္ရရွိလို႔ ဝမ္းသားေနမိတယ္ …
*
*
*
*
ခ်ဴးရွန႔္ဟာ ဒီေန႕ရဲ႕အထူးပြဲကိုသြားဖို႔ ျပင္ဆင္ေနခဲ့တယ္ … ဒီလိုပြဲႀကီးမ်ိဳးက တစ္ႏွစ္မွတစ္ခါပဲ ႀကဳံဆုံရသလို လာမည့္သူေတြအားလုံးဟာလဲ အေရးႀကီးပုဂၢိဳလ္မ်ားျဖစ္ၾကတယ္ … ခ်ဴးရွန႔္ဆိုးရိမ္မိတာတစ္ခုက ထိုပြဲမွာ ျပႆနာတစ္စုံတစ္ရာေပၚလာမည္ကိုပင္ … ယခုနိုင္ငံေရးအေျခအေနက ယခင္ကေလာက္တည္ၿငိမ္မႈမရွိဘူး … ဖန္ဂူေပ်ာက္ဆုံးေနတဲ့ႏွစ္ေတြက ပုန္းေအာင္းေနတဲ့မိစာၦေကာင္ေတြရဲ႕ စည္းကမ္းမရွိ ခ်ယ္လွယ္ဖို႔အေကာင္းဆုံးအခ်ိန္အခါ ျဖစ္လာခဲ့တယ္ …
ယခု ရွန္ဟႊာဟာ လြန္ခဲ့ေသာႏွစ္ေတြတုန္းက ေဖ်ာက္ဖ်က္ခဲ့တဲ့ ပိုင္မိသားစုနဲ႕ပတ္သပ္တဲ့ အျပစ္ေႂကြးေတြရဲ႕ သဲလြန္စျပန္ေပၚလာၿပီး အရာရွိေတြရဲ႕ေနာက္ေရာင္ခံလိုက္မႈကိုခံေနရသလို အဓိကအေရးထားရမည့္သူေတြက က်န္းအရာရွိမိသားစုနဲ႕ Kၿမိဳ႕က မင္းယြီရဲ႕ဖခင္အရင္း အရာရွိ ပတ္ဒိုမင္းကိုပင္ … ယာရွာက ပတ္ဆုန္းခ်ဴနဲ႕အဆက္အသြယ္ရွိၿပီး သူတို႔လႈပ္ရွားမႈေတြကို ခ်ဴးရွန႔္သိရွိနိုင္၍မွာေတာ္ေသးတယ္ … မဟုတ္လွ်င္ ရွန္ဟႊာကို သူတို႔ေနာက္ေယာင္ခံေနတဲ့အေၾကာင္းမသိပဲ ေပၚေနေလာက္ၿပီ …
ေနာက္တစ္ခုက အေမွာင္က Lion ကိုဖမ္းၿပီး နာမည္ပ်က္ေတြကို ပယ္ဖ်က္ရန္ပင္ … ဒီတစ္ခုက ပို၍ပင္ အေရးႀကီးေနေသးတယ္ … ရွန္ဖန္းဂူသာ အေမွာင္ကိုျပန္လာမယ္ဆိုထိန္းခ်ဳပ္နိုင္ေပမဲ့ ခုေတာ့ ခ်ဴးရွန႔္တစ္ေယာက္ထည္း အလင္းအေမွာင္ထဲမွာ ဗ်ာမ်ားေနေလေတာ့တယ္ …
" အကို "
ရွန္ေဝက ေခၚလိုက္ေတာ့မွ ခ်ဴးရွန႔္ အေတြးေတြကိုရပ္လိုက္ၿပီး အေနာက္ကို လွည့္ၾကည့္လိုက္ေတာ့ ရွန္ေဝလက္ထဲမွာ အနီေရာင္ပုံးေလးတစ္ခု ကိုင္ေဆာင္ထားသည္ကို ေတြ႕လိုက္ရတယ္ … ရွန္ေဝက ပုံးေလးကို ခ်ဴးရွန႔္ထံ ကမ္းေပးလိုက္ၿပီး …
" ဒါက အကို႔အတြက္ ခရစၥမတ္လက္ေဆာင္ … တန္ဖိုးအရမ္းမႀကီးေပမဲ့ အကိုနဲ႕ လိုက္မယ္ထင္လို႔ "
ခ်ဴးရွန႔္ သူ႕အေရွ႕က ပုံးအနီေလးကိုယူၿပီး ဖြင့္ၾကည့္လိုက္ေတာ့ အထဲမွာ အနီေရာင္မာဖလာေလးနဲ႕ ေအာက္ဆုံးမွာေတာ့ ပုံးငယ္ေလးတစ္ခု ထပ္ရွိေနေသးတယ္ …
" ဘယ္ ၂ မ်ိဳးေတာင္လဲ … အကုန္အက်မ်ားေအာင္ "
ရွန္ေဝက အနီေရာင္မာဖလာေလးကို ခ်ဴးရွန႔္လည္ပင္း၌ ပတ္ေပးလိုက္ရင္း …
" ညက အကိုခ်မ္းၿပီးတုန္ေနတာေတြ႕လို႔ … ၿပီးေတာ့ ခုဟာကမွ ကြၽန္ေတာ့လက္ေဆာင္ "
သူက ခ်ဴးရွန႔္ကိုင္ထားတဲ့ပုံးေလးကိုၫႊန္ျပရင္းေျပာလိုက္ခ်င္းပင္ … ထိုပုံးေလးက အနက္ေရာင္ေလးျဖစ္ၿပီး တန္ဖိုးႀကီးသည့္ပစၥည္းတစ္ခုခုထည့္ထားပုံပင္ … ခ်ဴးရွန႔္ ထိုပုံေလးကို ဖြင့္ၾကည့္လိုက္ေတာ့ အထဲကအလင္းေရာင္ဟာ မ်က္လုံးမ်ားပင္စူးသြားသေယာင္လင္းလပ္ေနၿပီး ခ်စ္စရာေကာင္းလွတဲ့ လည္ဆြဲေလးတစ္ခုေပၚလာခဲ့တယ္ … ေငြေရာင္ေတာက္ေနတဲ့ လည္ဆြဲေလးမွာ အၾကည္ေရာင္ေက်ာက္ေလးက ေလာ့ကပ္သီးပုံစံအျပားေလးရဲ႕အလည္မွာရွိေနၿပီး ထိုအျပားေလးက လျခမ္းက
ေလးလိုတစ္ျခမ္းေပ်ာက္ကာ စိန္ပြင့္ေလးဟာလဲ တစ္ျခမ္းပဲ့ေနတယ္ …
ခ်ဴးရွန႔္က တအံ့တဩနဲ႕ၾကည့္ရင္း …
" ဒါက ေဈးအရမ္းႀကီးတဲ့ ေလာ့ကပ္သီးေလး … ဒါေပမဲ့ ပုံစံေလးကဆန္းတယ္ … မင္းဘယ္လိုရေအာင္ဝယ္လာတာလဲ … တျခမ္းထည္းဆိုရင္ေတာင္ ေဈးကမနည္းဘူးေပးရမွာ "
ထိုအခါ ရွန္ေဝက သူ႕အကၤ်ိအတြင္းမွာဖြက္ထားတဲ့ လည္ဆြဲေလးကို အျပင္သို႔ထုတ္လိုက္တယ္ …
" တစ္ျခမ္းတည္းလို႔ဘယ္သူကေျပာလဲ "
ထိုအခါ ခ်ဴးရွန႔္က သူ႕လက္ထဲကဆြဲသီးနဲ႕ ရွန္ေဝလည္ပင္းက ဆြဲတီးကို ေပါင္းစပ္လိုက္တဲ့အခါ လျပည့္ဝင္းေလးလိုအျပည့္ျဖစ္သြားၿပီး အလည္က ေက်ာက္ေလးဟာလဲ အေရာင္ေတြလဲ့လာကာ ေတာက္ပတဲ့ၾကယ္ေလးပမာလင္းလပ္လာသည္ကိုၾကည့္ရင္း …
" ဝါး … ဒါကိုၿပီးျပည့္စုံတယ္လို႔ေခၚတာလား … ဒါမ်ိဳးက အဆင့္ျမင့္မိတ္ဖက္အတြဲေတြၾကားမွာ အရမ္းေရဗန္းစားတဲ့အရာေလး … ဒါက သူတို႔မိတ္ဖက္ျခင္း ပိုင္ဆိုင္တဲ့သေဘာကိုေဆာင္တာ … အရမ္းလဲလွတယ္ "
သူက ေျပာေနရင္း တစ္စုံတစ္ရာေတာ့လြဲမွားေနသည္ကို သိလိုက္ရတယ္ … အမွန္ဆို ဒါက ရွန္ေဝသူ႕ေကာင္မေလးကို ေပးသင့္တာမဟုတ္ဘူးလား … ဘာေၾကာင့္ သူ႕အတြက္ျဖစ္ရတာလဲ … သူ႕အေရွ႕မွာရပ္ေနတဲ့ေကာင္ေလးကိုေမာ့ၾကည့္လိုက္ေတာ့ သူ႕အားၿပဳံးကာၾကည့္ေနသည္ကို ေတြ႕ၿပီး ခ်ဴးရွန႔္ လန႔္ပင္သြားမိတယ္ … ၿပီးေနာက္ သူက မေနနိုင္စြာျဖင့္ ေမးၾကည့္လိုက္တယ္ …
" ရွန္ေဝ မင္း ပုံးခ်င္းမ်ားလြဲလာတာလား "
" မလြဲပါဘူး "
" ဒါေပမဲ့ ဒါက ဟိုမိန္းကေလး ယုယြမ္အတြက္ ျဖစ္သင့္သာေလ "
" ဟမ္ "
ခ်ဴးရွန႔္စကားေၾကာင့္ ရွန္ေဝ ေၾကာင္အမ္းသြားေလတယ္ … သူက နားမလည္သည့္နယ္ ျပန္ေမးလိုက္တယ္ …
" အကို ဘယ္သူ႕ကိုေျပာလိုက္တာလဲ "
" ယုယြမ္ေလ … သူကမိန္းကေလးဆိုေတာ့ ဒါမ်ိဳးေတြကိုငါ့ထက္ပိုႀကိဳက္မွာ "
ခ်ဴးရွန႔္ သူ႕အေျပာကထဲ့ဒိုးဆန္သြား၍ ျပင္ကာေျပာလိုက္ရတယ္ … သူက သူ႕မိန္းကေလးကို ဒိထပ္ေကာင္းတဲ့အရာပဲေပးမွာေပါ့ … ဘာလို႔ဒီလိုကေလးဆန္တာေတြေပးလိမ့္မလဲ … မဟုတ္လဲပဲ ေပးၿပီးသားလဲျဖစ္နိုင္တာပဲ …
ရွန္ေဝကေတာ့ ဘာအေတြးေပါက္သြားလဲမသိ ႀကိတ္ခါရယ္ေနေတာ့တယ္ … ၿပီးေနာက္ လည္ဆြဲေလးအား ခ်ဴးရွန႔္လည္ပင္း၌ ဆြဲေပးလိုက္တယ္ …
" အကိုဘာမွပူမေနနဲ႕ … ယုက ဒါမ်ိဳးေတြမႀကိဳက္ဘူး … သူစိတ္ဝင္စားတာ အစားအေသာက္ပဲ "
ခ်ဴးရွန႔္ဘာမွဆက္မေျပာေတာ့ေပ … သူသြားဖို႔ ကိစစတစ္ခုရွိသည္ကိုရွန္ေဝကိုေျပာမည္ႀကံေတာ့ ရွန္ေဝကစၿပီးႏႈတ္ဆက္လိုက္တယ္ …
" ဒါဆို ကြၽန္ေတာ္သြားေတာ့မယ္ "
" အင္း … ဒါနဲ႕ မင္းအိမ္မွာပဲေနမွာလား "
ရွန္ေဝက ခနမွ်တိတ္ဆိတ္သြားၿပီးမွျပန္ေျဖလိုက္တယ္ …
" ကြၽန္ေတာ္ေနခ်င္ေပမဲ့သြားစရာေလးတစ္ခုရွိေနေသးတယ္ "
ဟုတ္သားပဲ သူ႕ေကာင္မေလးနဲ႕အတူတူသြားလည္ၾကမွာေပါ့ … ငါဘာေတြေတြးပူေနမိတာလဲ …
" အကို ျဖစ္နိုင္ရင္ ကြၽန္ေတာ္နဲ႕ … "
" ငါလဲသြားစရာရွိတယ္ … မင္းစိတ္ပူစရာမလိုဘူး … သူမနဲ႕ေပ်ာ္ခဲ့ေပါ့ "
" .…… "
အခန္းတံခါးပိတ္သံနဲ႕အတူ ရွန္ေဝ ခ်ဴးရွန႔္အခန္းအျပင္မွာ တိတ္ဆိတ္စြာရပ္ေနမိတယ္ … သူဒီေန႕ပြဲတစ္ခုကိုသြားစရာရွိၿပီး ဒီပြဲကအေရးႀကီးသလို သူ႕ရဲ႕ျဖစ္တည္မႈကို လူေတြအေရွ႕မွာခ်ျပခြင့္ရမဲ့ေန႕တစ္ေန႕ … အဲ့ဒိေန႕မွာ သူ႕ရဲ႕ျဖစ္တည္မႈကို အျမင္ေစခ်င္မိဆုံးသူက ခ်ဴးရွန႔္ပင္ … သူအေၾကာက္မိဆုံးအရာကလဲ ခ်ဴးရွန႔္သိသြားမွာကိုပဲ …
" အကိုေဝ … သြားမယ္ "
" အင္း "
ရွန္ေဝ ယုယြမ္နဲ႕အတူ အခန္းေလးထဲကေန ထြက္သြားေလေတာ့တယ္ … တစ္ခနအၾကာမွာပဲ ခ်ဴးရွန႔္ပါထြက္လာၿပီး အေနာက္ကေနလိုက္သြားခဲ့တယ္ …
ခ်ဴးရွန႔္ ပြဲကိုသြားဖို႔အခ်ိန္လိုေသးတာမို႔ အိမ္မွာေနရတာလဲပ်င္းတာေၾကာင့္ ရွန္ေဝတို႔အေနာက္ လိုက္လာခဲ့ျခင္းပင္ … သူသိခ်င္တာက ဒီေန႕မွာ ရွန္ေဝတို႔အတြဲ ဘယ္လိုေနရာေတြမွာသြား ေပ်ာ္ေနမလဲ … ၿပီးေတာ့ သူတို႔အိမ္မွာလာေနတဲ့ ဒီမိန္းကေလးရဲ႕အေၾကာင္းေတြကိုလဲ မသိတာမို႔ လိုက္၍စပ္စုေနျခင္းပင္ …
ရွန္ေဝတို႔ကားက ႀကီးမားတဲ့အေဆာက္အဦးေရွ႕မွာရပ္တန႔္သြားၿပီး သူတို႔ ၂ ေယာက္ ကားေပၚမွဆင္းကာ အထဲသို႔ဝင္သြားေလတယ္ … ဒီလိုေနရာေတြက အဆင့္ျမင့္ေတြသြားလာတတ္ၿပီး ထိုမိန္းကေလးရဲ႕ပုံစံဟာလဲ ရဲရင့္ကာ အဆင့္အတန္းျမင့္ကလို႔ထင္မိေပမဲ့ ဒီေနရာမွာပိုၿပီးထူးဆန္းတာက ဝန္ထမ္းမေလးေတြရဲ႕အၾကည့္ေတြက သူမထံေရာက္ေနၿပီး အသဲလက္နတ္ေတြနဲ႕ျပစ္ေနသလိုပင္ … ရွန္ေဝကေတာ့ အေနာက္ကေနအသာေလးလိုက္ပါသြားေလတယ္ …
" သူမကဘယ္သူလဲ … မိန္းကေလးေတြက ရွန္ေဝကိုေငးၾကည့္ရမွာမဟုတ္ဘူးလား … အျမင္မရွိလိုက္တာ "
ခ်ဴးရွန႔္တိုးတိုးေလးေရ႐ြတ္ရင္း အထဲသို႔တိတ္တိတ္ေလးလိုက္ဝင္လာခဲ့တယ္ … အထဲေရာက္မွသိလိုက္ရတာက ဒီေနရာဟာ အလြန္ႀကီးမားသည့္ အလွျပင္ဆိုင္တစ္ခုျဖစ္ေနျခင္းပင္ …
" ဘုရားေရ … သြား Date မွာေလးကို ဒီလိုေနရာထိလာျပင္ရလား … အသုံးၾကမ္းတဲ့ကေလးေတြ "
သူက စိတ္ထဲကေနဆူပူရင္း ရွန္ေဝတို႔အေနာက္ကိုလိုက္ေနေပမဲ့ အေဆာက္အဦးကႀကီးလြန္းၿပီး အခန္းေပါင္းမ်ားစြာရွိေန၍ မ်က္ေျခပ်က္သြားေလေတာ့တယ္ … နာရီဝက္ခန႔္ရွာၿပီးေနာက္ လက္ေလ်ာ့ကာ ထဲအေဆာက္အဦးထဲကေန ထြက္ခြာလာခဲ့တယ္ …
တစ္ဖက္တြင္ေတာ့ ဖန္းဂူ အခန္းအနားပြဲအတြက္ ျပင္ဆင္ၿပီးသြားၿပီ … မင္းယြီက ဖန္းဂူ အကၤ်ီေတြကို ၾကည့္ေကာင္းေအာင္ျပင္ေပးေနတယ္ … ဖန္းဂူက သူ႕အေရွ႕က မင္းယြီခါးေလးကို ဖက္လိုက္ၿပီး …
" ကိုယ္က ဒီလိုပြဲမ်ိဳးမွာ မင္းနဲ႕သားေလးလက္ကိုဆြဲၿပီးသြားခ်င္တာ … ဘာေၾကာင့္ ပုန္းကြယ္ေနမွာလဲ "
" ဒါေပမဲ့ ခုကအခ်ိန္ေကာင္းမဟုတ္ေသးဘူး … ကြၽန္ေတာ္နဲ႕သားေလးကိုခ်ျပလို႔ရတဲ့အခ်ိန္ၾကရင္ ကြၽန္ေတာ္ကိုယ္တိုင္ခမ်ားလက္ကိုဆြဲၿပီးလိုက္လာမွာ "
" ခုလဲရေနတာပဲ … ခ်မျပခ်င္ရင္ေတာင္ မင္းက ကိုယ့္လက္ေထာက္ျဖစ္ေနတုန္းပဲ "
" သားေလးတစ္ေယာက္ထည္းက်န္ေနမွာေပါ့ "
" ကိုယ့္အေမတစ္ေယာက္လုံးရွိေနတာပဲ … မင္းပဲသူကိုအပ္ထားတာမဟုတ္ဘူးလား "
မင္းယြီဘာမွမေျပာနိုင္ေတာ့ေျခ … ခုဖန္းဂူအေျခအေနက မင္းယြီကို သူ႕မ်က္စိေအာက္ကေန လုံးဝအေပ်ာက္မခံျဖစ္ေနတယ္ … သူသြားေနတုန္ အေနာက္ကေန ထြက္ေျပးသြားမွာေၾကာက္ေနပုံပင္ … ေနာက္ဆုံးမင္းယြီ ဖန္းဂူသူ႕အား ျပန္ၿပီးယုံၾကည္လာဖို႔ ဒီပြဲကို အတူတူတက္ေရာက္ဖို႔ ဆုံးျဖတ္လိုက္တယ္ … သူတို႔အဝတ္အစားေတြလဲၿပီးသြားေတာ့ လုယီေလးကို မိခင္ထဲအပ္ၿပီး ၿမိဳ႕လည္မွာရွိတဲ့အခန္းအနားပြဲထံ ထြက္လာခဲ့ၾကေလတယ္ …
လမ္းတစ္ဝက္မွာ ခ်ဴးရွန႔္နဲ႕ခ်ိန္ထား၍ အခန္းအနားပြဲအျပင္၍ သူတို႔ ၃ ေယာက္စုံေနၾကၿပီ … လက္မွတ္ကူပြန္ကိုျပၿပီး သူတို႔ အခန္းအနားပြဲေလးထဲ ဝင္လာခဲ့ၾကတယ္ … ပြဲက ဟိုးအရင္ကလိုမဟုတ္ေတာ့ပဲ လူေတြပိုမ်ားကာ ပိုၿပီးစည္ကားလာတယ္ … ရွန္ဖန္းဂူနဲ႕သူ႕ရဲ႕ေနာက္လိုက္ေတြ အခန္းအနားထဲဝင္လာေတာ့ လူေတြအားလုံးရဲ႕အၾကည့္ေတြကသူ႕ထံေရာက္လာၾကၿပီး အရာအားလုံး တစ္ခနမွ်တိတ္ဆိတ္သြားေလတယ္ … တခ်ိဳ႕ကအံ့ဩတဲ့အၾကည့္ေတြနဲ႕ မိတ္ေဆြေတြကေတာ့ ေပ်ာ္႐ႊင္တဲ့အၾကည့္ေတြနဲ႕ အရာရွိေတြကေတာ့ မယုံၾကည္နိုတဲ့အၾကည့္ေတြနဲ႕သတိထားစြာၾကည့္ေနၾကတယ္ …
" CEO ရွန္ဖန္းဂူ … ခမ်ားတကယ္ပဲျပန္လာၿပီေပါ့ "
" ခမ်ားမရွိတဲ့အခ်ိန္ေတြ ဘယ္ေလာက္ခက္ခဲသလဲမေျပာပါနဲ႕ေတာ့ဗ်ာ "
" ဟုတ္တာေပါ့ … SH Clubက ခမ်ားရွိေနမွျဖစ္မွာ "
ဒါကေတာ့ အတူလက္တြဲေနတဲ့ ဖန္းဂူကိုယုံၾကည္ၾကသူမ်ား …
" ရွန္ဖန္းဂူဆိုတဲ့လူ ဒီပြဲမ်ိဳးကိုလာရဲတယ္ … သူအျပစ္ေတြဒီေလာက္အမ်ားႀကီးလုပ္ထားၿပီး ရဲေတြကိုပမာမခန႔္တာလား "
" မင္းစကားကိုထိန္းေျပာ … အရာရွိဆိုတာ စည္းေစာင့္ရတယ္ … သက္ေသမရွိပဲ ဘယ္အရာမွမစြတ္ဆြဲရဘူး "
" ဒါေပမဲ့ သူဆိုတာအသိသာႀကီးေလ … အေမွာင္မွာ သူလိုရဲရင့္တဲ့ Lion ဘယ္ႏွေယာက္ရွိလို႔လဲ "
ဒါကေတာ့ ရွန္ဟႊာရဲ႕အမႈကိုစိတ္ဝင္စားေနတဲ့ အရာရွိငယ္မ်ားပင္ …
" ေဟး အဲ့ဒိရွန္ဖန္းဂူက အစြယ္က်ိဳးေနတဲ့ ျခေသၤ့ႀကီးပါကြာ … လူေတြဘာေၾကာင့္ သူ႕ကိုပဲ ၾကည့္ေနၾကတာလဲ "
" မင္းကေတာ့ ေခါင္းျဖတ္ခံခ်င္ေနၿပီလား … အဲ့ေလာက္သတၱိရွိေနရင္ သူ႕ေရွ႕သြားေျပာ "
" ဟာ မင္းကလဲ … သူ႕ေရွ႕သြားေျပာ အသတ္ခံရမွာေပါ့ကြ "
" ဒါဆိုလဲ ပါးစပ္မသရမ္းပဲ ပြဲကိုအာ႐ုံစိုက္စမ္းကြာ "
ဒါကေတာ့ အေမွာင္ဂိုဏ္ငယ္ကလူေတြျဖစ္ၿပီး ျခေသၤ့မရွိမွထြက္လာရဲတဲ့ ေျမေခြးေပါက္မ်ားပင္ …
အခန္းအနားက အျပင္မွာေတာ့ ေရာင္စုံမီးလုံး ခရစၥမတ္သစ္ပင္ေတြနဲ႕လွပေနၿပီး အထဲမွာေတာ့ ဆူညံပြက္ေလာရိုက္ကာ ေပ်ာ္႐ႊင္စရာ ပြဲမ်ား ရွိေနတယ္ … ေရာက္ေရာက္ခ်င္း ဖန္းဂူ သူ႕ရဲ႕အသိမိတ္ေဆြေတြရဲ႕ဝိုင္းမွာထိုင္လိုက္ရၿပီး သူ႕အၾကည့္ေတြကေတာ့ အေဝးတစ္ေနရာမွာ ခ်ဴးရွန႔္နဲ႕အတူရပ္ေနတဲ့ မင္းယြီထံကေနမခြာနိုင္ေပ …
မင္းယြီ ပြဲထဲသို႔ဝင္ဝင္ခ်င္း ျပင္ထန္လွတဲ့ေဟာ္မုန္းနံ႕ေတြေၾကာင့္ ေခါင္းမ်ားပင္မူးခ်င္လာသလို … ဒါေပမဲ့ ဖန္းဂူသူ႕ကိုအရိပ္တၾကည့္ၾကည့္ ၾကည့္ေနတာျမင္ရေတာ့ ရင္ထဲမွာေအးခ်မ္းသြားမိတယ္ … ၿပီးေနာက္ မင္းယြီခ်ဴးရွန႔္အနားကိုသြားၿပီး ဝိုင္ခြက္ကိုကမ္းေပးရင္း ေမးလိုက္တယ္ …
" အကို ခုတေလာေနရတာအဆင္ေျပလား "
" အကိုကေျပပါတယ္ … မင္ေရာ သခင္ေလးကိုရွန္ဟႊာကိုျပန္ပို႔နိုင္တာဝမ္းသာေပမဲ့ မင္းလဲခံစားရမွာပဲ "
" နည္းနည္းပါ … ကြၽန္ေတာ္ေပ်ာ္ပါတယ္ "
သူကအေအးခြက္ကိုေမာ့ေသာက္လိုက္ရင္း ဆက္ေျပာလာတယ္ …
" အေဖက အကို႔ကို သတိရတယ္လို႔ေျပာခိုင္းလိုက္တယ္ … တစ္ေန႕ေလာက္အေဖ့ကိုသြားေတြ႕ပါလား … သူလဲအထီးက်န္ေနရွာမွာ "
" အကိုသြားေတြ႕လိုက္မယ္ … စိတ္ပူေပးလို႔ေက်းဇူးပါမင္းယြီ ”
မင္းယြီက ၿပဳံး၍ ျပန္ေျပာလိုက္တယ္ …
" ရပါတယ္ "
ဒီပြဲက အဆင့္ျမင့္ေတြမ်ားတာေၾကာင့္ ဖန္းဂူအၾကာႀကီးသူတို႔ေလျပစ္ေနတာကို နားမေထာင္ခ်င္၍ ခနၾကာေတာ့ ႏႈတ္ဆက္ၿပီး ထြက္လာခဲ့တယ္ …
" ပ်င္းေနၿပီလား "
မင္းယြီက ဖန္းဂူသူ႕အနားေရာက္လာတာကိုျမင္ေတာ့ ေပ်ာ္႐ႊင္သြားၿပီး ေခါင္းရမ္းကာျပန္ေျဖလိုက္တယ္ …
" နည္းနည္းပါ … ဒါနဲ႕ဘာလို႔ေစာေစာထြက္လာတာလဲ "
" ကိုယ္က ဘာေၾကာင့္သူတို႔အတြက္ အခ်ိန္အမ်ားႀကီးေပးေနရမွာလဲ … ကိုယ္ကမင္းအနားမွာပဲေနခ်င္တာ "
မင္းယြီဘာမွမေျပာတတ္ေတာ့၍ ၿပဳံး၍သာေနေနမိတယ္ …
" ပါတီက ညမွစမွာဆိုေတာ့ ခုကိုယ္တို႔ ေလွ်ာက္ၾကည့္ရေအာင္ "
အေဆာက္အဦးထဲက ေပ်ာ္႐ႊင္စရာကစားပြဲေလးေတြကိုၾကည့္ဖို႔ ဖန္းဂူ မင္းယြီအားေခၚသြားေလတယ္ … ဒီေန႕က အတားအစီးမဲ့ေပ်ာ္႐ႊင္ေစလို၍ အ႐ုပ္ေလးေတြနဲ႕ လက္ေဆာင္ပစၥည္းေလးေတြ အမွတ္တရေပးဖို႔ ကစားပြဲေလးေတြဖန္တီးေပးထားခ်င္းပင္ … ရွန္ဖန္းဂူက မင္းယြီအတြက္ ကစားေပးခ်င္ေပမဲ့ လူေတြအျမင္မွာ ထူးဆန္းေနမည္ဆို၍ မင္းယြီမနည္းတားထားလိုက္ရတယ္ … မင္းယြီတို႔ထြက္သြားေတာ့မွ ခ်ဴးရွန႔္ သူ႕တာဝန္အတိုင္း စုံစမ္းဖို႔ထြက္ခြာလာခဲ့တယ္ …
" ေဟး ဒီပြဲမွာ အရာရွိေတြအမ်ားႀကီးလာမယ္ေျပာတယ္ "
" ငါေတာ့ရင္ခုန္ေနၿပီကြ … ခု ရွန္ဟႊာက ရဲေတြမ်က္စိက်ေနတဲ့အရာပဲေလ … ဟိုအရင္ကသမိုင္းဝင္ေလာက္တဲ့ျပစ္မႈႀကီးကိုလိုက္ေနတာဆိုလား "
ထိုစကားသံကိုၾကားေတာ့ ခ်ဴးရွန႔္ေရွ႕ဆက္မသြားေတာ့ပဲ ခုေျပာေနတဲ့လူေတြရဲ႕အနီးနားကစားပြဲဝိုင္းမွာ ဝင္ထိုင္ကာ နားေထာင္ေနလိုက္တယ္ …
" ေဆးသိပၸံပညာရွင္ႀကီးရဲ႕ တစ္မိသားစုလုံးအသတ္ခံရမႈရဲ႕ေနာက္ကြယ္မွာ ရွန္ဟႊာပါဝင္ေနတယ္ဆိုလားပဲ … အမႈကိုင္တဲ့ရဲေတြကလဲ လုံးဝအႀကီးဆုံးအရာရွိေတြ "
" ဒါနဲ႕ အရာရွိရႈယြမ္က အဲ့အမႈကိုဦးေဆာင္ဖို႔ တာဝန္ေပးတာကို လက္မခံပဲျငင္းပယ္လိုက္တယ္ဆို "
ခ်ဴးရွန႔္ ထိုအခါမွ ရႈယြမ္က သေဘာထားျပည့္ဝၿပီး သူငယ္ခ်င္းအေပၚမွာ သစၥာမေဖာက္တဲ့ အသိစိတ္ရွိတဲ့လူတစ္ေယာက္ဆိုတာ လုံးဝယုံၾကည္သြားခဲ့တယ္ …
" ဟုတ္တယ္ … အဲ့တေလာက မိသားစုျပႆနာေတာင္ျဖစ္သြားေသး … အဲ့ဒါေၾကာင့္ အရာရွိယြမ္ကို A ၿမိဳ႕ကေနထြက္သြားခိုင္းခဲ့တာ "
" ခုကိုင္ေနတဲ့အရာရွိကလဲ သူတို႔ထဲကပဲတဲ့ … သူကလဲ အရာရွိယြမ္နည္းပါေတာ္တဲ့သူ … ဒါေပမဲ့ထူးဆန္းတာက သူ႕ကိုဘယ္သူမွသိပ္မေတြ႕ဖူးၾကဘူး … သူကေထာက္လွမ္းတဲ့ေနရာမွာ ဘုရင္လို႔ေတာင္ေျပာၾကတယ္ … ရွန္ဟႊာလဲသူ႕လက္ထဲေရာက္ရင္ ဘူးေပၚသလိုေပၚေတာ့မွာ "
" သူက ဘယ္သူမို႔လို႔လဲ "
ခ်ဴးရွန႔္ အေတာ္ေလးစိတ္ဝင္စားသြားမိတယ္ … ဒါေတြကိုသူမၾကားမိေသးဘူး … အဲ့ဒိလူအေၾကာင္းလဲ သူမသိဘူး … သူလိုလူေတာင္မသိရေအာင္ ပုန္းကြယ္နိုင္တဲ့သူက ဘယ္သူမ်ားလဲ … ၿပီးေနာက္ စကားသံေတြကို ဆက္နားေထာင္ေနလိုက္တယ္ …
" သူကအရာရွိယြမ္ရဲ႕ညီ … ငါၾကားဖူးတာေတာ့ သူကအေမွာင္မွာၾကင္လည္ဖူးတယ္တဲ့ … သူမသိတာဘာမွမရွိဘူး … ႂကြက္တစ္ေကာင္လိုမ်ိဳး သူ႕ကို ဘယ္သူမွမမိေအာင္ပုန္းနိုင္တယ္ … ဒါေၾကာင့္လဲ သူကိုဘယ္သူမွမသိၾကတာ … သူနာမည္ကိုေတာ့အားလုံသိတယ္ … သူက အရာရွိ က်န္းရွန္ … "
ထိုလူစကားပင္မဆုံးေသး ေဘးကလူက ဝင္ေျပာလိုက္တယ္ …
" မင္းေျပာတဲ့အရာရွိငါသိၿပီ … သူက ဒီပြဲကိုလာမွာတဲ့ကြ "
" ဟုတ္လား … ငယ္႐ြယ္ၿပီးေခ်ာတယ္လို႔လဲၾကားတယ္ "
" ခုေတာင္ေရာက္ေနၿပီလားမသိဘူး "
ထိုလူေတြက ခန္းမအဝင္ဝထံအၾကည့္ပို႔လိုက္ၿပီး တသဲသဲဝင္ေနတဲ့လူေတြၾကားက ထိုအရာရွိအား လိုက္ရွာရင္း ေနာက္ဆုံး၌ သူ႕တို႔အၾကည့္ေတြက ရပ္တန႔္သြားေလတယ္ … ခ်ဴးရွန႔္လဲ ဘယ္သူမ်ားလဲ သိခ်င္စိတ္နဲ႕ သူတို႔ၾကည့္ေနတဲ့ဘက္ကို အၾကည့္ပို႔မိခ်ိန္တြင္ သူတို႔အားေက်ာေပးကာ ရပ္ေနတဲ့ လူငယ္ေလးကိုေတြ႕လိုက္ရေလတယ္ …
" ေသခ်ာတာေပါ့ … အဲ့ဒါသူပဲ "
" ထင္ထားတာထက္ပိုခန႔္တာပဲ … သူက ဘီတာျဖစ္ေနတာ ႏွေျမာစရာပဲ "
ခ်ဴးရွန႔္ ရင္းနီးေနတဲ့ေက်ာျပင္အားေငးၾကည့္ေနရင္း ထိုလူမ်က္ႏွာကို ပို၍ ျမင္ခ်င္လာမိတယ္ … သူက ေျဖးေျဖးခ်င္း အနားသို႔ တိုးကပ္သြားၿပီး မရိပ္မိေလာက္ေအာင္ အနည္းငယ္လွမ္းတဲ့အကြာအေဝးမွာရပ္လိုပ္ၿပီး ထိုေကာင္ေလးရဲ႕မ်က္ႏွာကို ျမင္ရဖို႔ ႀကိဳးစားေနမိတယ္ …
ထိုစဥ္ ေက်ာေပးထားတဲ့ထိုေကာင္ေလးက တေျဖးေျဖးအေနာက္သို႔လွည့္လာၿပီး သူ႕ရဲ႕လွပခန႔္ညားလွတဲ့ မ်က္ႏွာေလးကို ေတြ႕လိုက္ရတဲ့အခါ ခ်ဴးရွန႔္ ႏွလုံးရပ္မတတ္ လန႔္သြားၿပီး အေနာက္သို႔ ေျခလွမ္းမ်ားပင္ ဆုတ္ခြားသြားမိေလေတာ့တယ္ …
' ခြပ္ '
အတိမဲ့စြာ ေလွ်ာက္ေနမိတဲ့သူ႕ေျခလွမ္းေတြေၾကာင့္ အေနာက္က ဝိုင္ဗန္းကိုကိုင္ေဆာင္ထားသည့္ ဧည့္ႀကိဳနဲ႕တိုက္မိကာ ဝိုင္ခြက္တစ္လုံးသူ႕အားဖိတ္စင္ကာ ျပဳတ္က်ၿပီးကြဲသြားေလေတာ့တယ္ … ထိုအသံေၾကာင့္ ပြဲထဲကလူတစ္ခ်ိဳ႕ရဲ႕အၾကည့္ေတြက ခ်ဴးရွန႔္ထံေရာက္လာၿပီး ထိုေကာင္ေလးရဲ႕အၾကည့္ပါပါဝင္ကာ သူ႕ကိုျမင္သြားတဲ့ ထိုေကာင္ေလးအၾကည့္ေတြထဲမွာ အံ့ဩမႈတို႔က အထင္းသားေပၚလာခဲ့တယ္ … ထိုေကာင္ေလး စိတ္ပူပန္သြားၿပီး ကိုယ္ေပၚမွာ ဝိုင္ေတြေပက်န္သြားတဲ့ ခ်ဴးရွန႔္ထံေလွ်ာက္လာၿပီး သူ႕အိပ္ထဲက လက္ကိုင္ပဝါေလးကို ထုတ္ကာ စိုေနတဲ့ ဝိုင္ေတြကိုသုတ္ေပးလိုက္တယ္ … သူက တအံ့တဩၾကည့္ေနတဲ့ ခ်ဴးရွန႔္မ်က္ႏွာေလးကိုၾကည့္ရင္း တိုးတိုးေလး ေမးလိုက္တယ္ …
" အကို … နာသြားေသးလား "
ခ်ဴးရွန႔္ၾကင္နာမႈေတြကိုမျမင္နိုင္ေတာ့ပဲ သူ႕ရင္ထဲမွာ လွည့္စားခံရမႈေၾကာင့္ ေဒါသေတြေပါက္ကြဲထြက္ကာ ေအးဆက္သည့္အသံျဖင့္ ေမးလိုက္တယ္ …
" က်န္းရွန္ေဝဆိုတာ မင္းလား ? "
.
.
.
.
To Be Continued
( ကဲ ကိုကိုသိသြားၿပီ … ဘာေတြဆက္ျဖစ္မလဲေမွ်ာ္ေနေပ … အပ်ိဳႀကီးရဲ႕ HD ဖတ္ခ်င္တဲ့အမ်ိဳးေတြ Baby ရွန္ေဝ က ဘယ္လိုသိမ္းပိုက္မလဲ ေတြ႕ရေတာ့မွာပါ … ေနာက္တစ္ပိုင္း ဆက္ဖတ္ခ်င္ရင္ အားေဆးေတြမ်ားႀကီးေႂကြးသြားၾကပါ 🤗😁 )