မြတင့်

By Lwin_Sue_Taungoo

1.8M 206K 36K

Unicode ၁၉၄၀ခုနှစ်လောက်က ဇာတ်လမ်းတစ်ပုဒ်။ မိန်းမအဝတ်အစား၊ မျက်နှာချေမှုန့်၊ နှုတ်ခမ်းနီရဲရဲတို့ကို နှစ်ခြိုက်... More

မြတင့်
(၁)[Unicode]
(၂)
(၃)
(၄)
(၅)
(၆)
(၇)
(၈)
(၉)
(၁၀)
(၁၁)
(၁၂)
(၁၃)
(၁၄)
(၁၅)
မနှင်းဆီ
(၁၆)
(၁၇)
(၁၈)
(၁၉)
(၂၀)
(၂၁)
(၂၂)
(၂၃)
(၂၄)
❣️Beautiful❣️
(၂၅)
(၂၆)
(၂၇)
(၂၈)
(၂၉)
(၃၁)
(၃၂)
(၃၃)
(၃၄)
(၃၅)Final
(၁) [Zawgyi]
(၂)
(၃)
(၄)
(၅)
(၆)
(၇)
(၈)
(၉)
(၁၀)
(၁၁)
(၁၂)
(၁၃)
(၁၄)
(၁၅)
မနှင်းဆီ
(၁၆)
(၁၇)
(၁၈)
(၁၉)
(၂၀)
(၂၁)
(၂၂)
(၂၃)
(၂၄)
(၂၅)
(၂၆)
(၂၇)
(၂၈)
(၂၉)
(၃၀)
(၃၁)
(၃၂)
(၃၃)
(၃၄)
(၃၅)(Final)

(၃၀)

29.5K 3.8K 399
By Lwin_Sue_Taungoo

မြတင့်...မြတင့်...မြတင့်။

မြတင့်၏ စိတ်အစဥ်တို့သည် ဘာကိုများ ရည်သန်နေရပါသနည်း။

အကယ်၍ မြတင့်သာ ပန်းကလေးတစ်ပွင့်ဆိုလျှင် နီနီရဲရဲနှင်းဆီသာ ဖြစ်ပါလိမ့်မည်။ ထိုနှင်းဆီနီလေးသည် သူ့မှာ ရှိသမျှသော အင်အားတို့ကို အကုန်သုံးကာ လူတို့အား သင်းပျံ့မွှေးကြိုင်မှုကို ပေးစွမ်းနေပါ၏။

သို့မူကား ထိုနှင်းဆီကလေးထံတွင် အနာတရများရှိသည်။ ပိုးကိုက်ရာများ ရှိနေသည်။ နှင်းဆီနီလေးသည် ပွင့်ချိန်တန်၍ ပွင့်လာရသော်လည်း လေဒဏ်၊ မိုးဒဏ်နှင့် ပိုးမွှားတို့၏ နှိပ်စက်မှုဒဏ်များကြောင့် နာကျင်နေသည်။

သို့ရာတွင်မူ သူ့အား လာရောက်နမ်းရှိုက်သူတို့အတွက် အမွှေးရနံ့များ ထုတ်လွှတ်ပေးနေမြဲ။ သို့ရာတွင် သူ့အား ခူးစွတ်ကာ ပန်ဆင်ပစ်လိုက်မည်ကိုတော့ ကြောက်ရွံ့နေသည်။ ထိုနှင်းဆီနီလေးသည် သူ၏ အညတရဘဝနှင့်သာ နေသားတကျဖြစ်နေခဲ့ဟန်။

တစ်ပါးသူ၏ အထွဋ်အထိပ်ဖြစ်သော ခေါင်းပေါ်၌ နေရာမယူဝံ့ဟန် သို့တည်းမဟုတ် သူ့အား ခူးစွတ်ပြီး လုံးချေကာ စွန့်ပစ်လိုက်မည်ကို ကြောက်ရွံ့နေဟန် ရှိသောကြောင့် အထပ်ထပ်သော ဆူးချွန်ချွန်များဖြင့် သူ့ကိုယ်သူ ကာကွယ်ထားနေမိသည်။

ထိုနှင်းဆီကလေးသည် သူကြုံဆုံခဲ့ရသော လောကဓံများအား ကြောက်ရွံ့နေပါသောကြောင့် သူ့အား ယုယမည့်သူများကိုပင် ဆူးများဖြင့် ထိခိုက်စေမိခဲ့သည်။

ထိုနှင်းဆီနီလေးသည် သူ၏ဆူးချွန်များကြောင့် နာကျင်သွားခဲ့ရလေသောသူတို့အား အားနာနေမိသည်။ စာနာနေမိသည်။ သို့ဖြစ်၍ ထိုနှင်းဆီနီလေးသည် ပွင့်ဖက်များ ညှိုးလျကာ ကြွေကျသွားမည့်အချိန်ကိုသာ ငံ့လင့်နေခဲ့လေသည်။

နှင်းဆီနီလေးသည် နှင်းဆီအဖြစ်မှ လွတ်မြောက်ချင်နေခဲ့သည်။

ထို့အတူပင် မြတင့်သည်လည်း မြတင့်ဘဝမှ လွတ်မြောက်ချင်နေမိတော့သည်။

သို့ပါသော်ငြား အခြားသောသူတို့သည် မြတင့်အား နားမလည်ခဲ့ကြ၊ နားမလည်ပေးနိုင်ကြ၊ နားလည်အောင်လည်း မကြိုးစားကြ။

ဘာကြောင့်များ သူတို့အား နာကျင်အောင် လုပ်ရပါသနည်းဟူသည်ကိုပဲ ထပ်ကာ ထပ်ကာ ပြောကြ ဆိုကြကာ မြတင့်အား ရိုးမယ်ဖွဲ့နေကြပါသနည်း။

ထိုသူများထဲတွင် လွန်းမောင်လည်း ပါဝင်နေပေသည်။

လွန်းမောင်သည် လူကုံထံအသိုင်းအဝိုင်းများသာ လာရောက်ရန် တတ်နိုင်ကြသော အထက်တန်းစား ကလက်တစ်ခုတွင် ရောက်နေပါ၏။

ထိုကလက်ထဲတွင် မျက်နှာဖြူလူမျိုးများ၊ အထက်လွှာမှ သားပျို၊ သမီးပျိုများ၊ အပျော်မယ်များ၊ အိမ်ထောင်သည် အမျိုးသား၊ အမျိုးသမီးများနှင့် စည်ကားသယောင်ရှိနေသည်။

စီးကရက်အနံ့များ၊ ဝီစကီအနံ့များ၊ ဘရန်ဒီအနံ့များ၊ ပြင်းရှလှသော ရေမွှေးရနံ့များနှင့် ညစ်ညူးဖွယ်ကောင်းလှ၏။

အထက်လွှာမိသားစုမှ လူအပေါင်းသည် သူတို့ပိုက်ဆံများကို ဤနေရာတွင်သာ လာရောက်သုံးဖြုန်းနေကြဟန် ရှိသည်။

လွန်းမောင်သည် လူအထွေထွေကိုလိုက်ကြည့်ရင်းဖြင့် ရှေ့မှ ဘရန်ဒီတစ်ခွက်ကို မော့သောက်လိုက်လေသည်။

ပါးစပ်မှလည်း "မြရေ..."ဟူ၍ တနေမိသည်။ လွန်းမောင်၏ စိတ်တို့သည် ရီဝေနေသည်။ မြတင့် ရှို့ရက်လေသော မီးကြောင့် လောင်မြိုက်နေသည်။

လွန်းမောင်သည် သူ၏ စိတ်ထဲတွင် တွေးနေမိသည်။ "မြဟာ ကြောက်စရာပါလား"ဟူ၍။

မဟုတ်သေး။ မြဟာ ကြောက်စရာမဟုတ်သေး။ မြပေးတဲ့ အပြစ်ဒဏ်ကသာ ကြောက်စရာပါ။

မြဟာ မောင့်ကြောင့် ပျက်စီသွားခဲ့ရတဲ့ အရှက်တရားနဲ့ သိက္ခာ၊ မောင့်ကြောင့် ကျခဲ့ရတဲ့ မျက်ရည်တွေ၊ မောင့်ကြောင့် နာကျင်ခဲ့ရတဲ့ မြရဲ့ နှလုံးသား၊ အဲ့တာတွေအတွက် မောင့်ကို ပြန်ပေးဆပ်ခိုင်းတာဟာ ဒါတဲ့လား။

ချစ်ရသူနဲ့ ကွေကွင်းရတဲ့ ဒုက္ခ၊ မချစ်မနှစ်သက်သူနှင့် ပေါင်းဖက်ရတဲ့ ဆင်းရဲခြင်း ဒုက္ခကို အပြစ်ဒဏ်အနေနဲ့ မောင့်ကို ပေးခဲ့တာပဲ။

မောင့်ကို တစ်သက်လုံး စိတ်ဆင်းရဲသွားစေချင်တဲ့ မြ၊ မောင့်ကို ရက်စက်ရက်လေတဲ့ မြ၊ မောင့်ကို မချစ်ဘဲ မနေနိုင်အောင် ပြုစားနိုင်တဲ့ မြ၊ မြဟာ ကြောက်စရာပါလား။

မောင်ဟာ မြအပေါ်မှာ အပြစ်တွေ အများကြီး၊ တကယ်ကို အများကြီး ကျူးလွန်းခဲ့တဲ့ သူ၊  မြကို နာကျင်စေခဲ့တဲ့ သူ၊ အဲ့ဒီလို အမိုက်ကောင်က မြပေးတဲ့ အပြစ်ဒဏ်ကို ရှောင်ဖယ်ဖို့ရာ အခွင့်အရေးရှိပါရဲ့လား။

ထို့နောက် လွန်းမောင်သည် နောက်ထပ် ဘရန်ဒီတစ်ခွက် ဆက်သောက်လိုက်ပြန်သည်။ ပူရှိန်းခါးသက်သော အရသာကပင် ချိုမြိန်နေသယောင်။

မြဟာ မောင့်ကို မချစ်တော့ပါဘူးတဲ့လား။

ခါးသက်လိုက်လေသော စကား။

မြဟာ စကားလေးတစ်ခွန်းနဲ့တင် လူသတ်နိုင်ပါလား။

လွန်းမောင်သည် ဘရန်ဒီတစ်ခွက်ပြီး တစ်ခွက်၊ တစ်ခွက်ပြီး တစ်ခွက် ဆင့်သောက်နေမိသည်။ ဘာကြောင့်များ အသိစိတ်လွတ်ကာ မရူးသွားရပါသနည်း။ ဤမျှအထိ သောက်နေတာတောင် နှလုံးသားက ဘာကြောင့်များ "မြ...မြ...မြ..."ဟူ၍ တနေရပါသနည်း။

"ဒီညတော့ မောင် ရူးအောင်သောက်ပစ်မှာ၊ ဒီည..ဒီညပြီးရင် မောင်လေ..မောင် နှင်းဆီတွေကို သိပ်ကြိုက်တတ်တဲ့ မြကို မေ့ပစ်တော့မှာ၊ မောင် မြကို မေ့ပစ်လိုက်တော့မှာ"

မလှမ်းမကမ်းမှ အရေးပိုင်မင်း ကိုလှသောင်သည် ရေချိန်ကိုက်နေသော လွန်းမောင်အား မြင်သွားလေသည့်အတွက် ဝီစကီခွက်လေးကို ကိုင်ကာ လွန်းမောင်ထံ လာခဲ့လေသည်။

ကိုလှသောင်သည် လွန်းမောင်အားကြည့်လိုက်သည့်အခါ လွန်းမောင်မျက်နှာမှာ မျက်ရည်တွေနှင့်။

"ကိုလွန်းမောင် ဘာတွေများ ပူပန်စရာရှိတုန်းဗျ"

လွန်းမောင်မှာ ကိုလှသောင်အား မြင်လိုက်သည်နှင့် ချက်ချင်းပင် ဒေါသမီးဟုန်းဟုန်းတောက်သွားရသည်။ ဤပြဿနာတို့၏ မူလဇစ်မြစ်သည် ဤကိုလှသောင်ပင် ဖြစ်နေခဲ့သောကြောင့် ဖြစ်၏။

သို့ဖြစ်၍ လွန်းမောင်မှာ ကိုလှသောင်အား ရွံမုန်းနေခြင်းမှာ ဖြစ်သင့်ပေသည်။ 

"ခင်ဗျားနဲ့ ဘာပတ်သက်သလဲ အရေးပိုင်မင်း"

ကိုလှသောင်က ခပ်ရွဲ့ရွဲ့ရယ်လေသည်။ ထို့နောက် ဝီစကီခွက်ကို လှုပ်ခါကာ လွန်းမောင်၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်သည်။

လွန်းမောင်မှာလည်း ကိုယ့်အပူနှင့်ကိုယ်မို့ ကိုလှသောင်အား မထိုင်ပါရန် မတားမြစ်ချင်တော့ပေ။

"ကျုပ်နဲ့ မပတ်သက်ပေမယ်လို့ မြတင့်နဲ့တော့ ပတ်သက်နေကောင်းပါရဲ့"

လွန်းမောင်သည် အက်ကွဲစွာရယ်လေသည်။

"မြကို ဘာတွေနဲ့များ ဖြားယောင်းထားတာလဲ"

လွန်းမောင်ဘက်မှ အမေးရှိလာသော်လည်း ကိုလှသောင်ထံတွင် အဖြေမရှိ။ သူသည် မြတင့်အား ဘယ်လိုအခွင့်အရေးမျိုးနှင့်များ ဖြားယောင်းနိုင်ပါမည်နည်း။ ဖြားယောင်းရက်ပါမည်နည်း။

မြတင့်၏ စိတ်တို့သည် အနှီလွန်းမောင်ထံ၌သာ ရှိနေခဲ့သည်ကို သိပ်ကိုသိနေမို့။

ကိုလှသောင်သည် နှုတ်ဆိတ်နေခဲ့သည်။ ထို့နောက် လွန်းမောင်ကပင် ဆက်ပြောလာခဲ့သည်။

"မြက ကျွန်တော့်ကို မချစ်ပါဘူးလို့ ပြောထွက်လာနိုင်တဲ့အထိ ဘာတွေနဲ့များ..ဖြားယောင်းထားတာလဲ"

ကိုလှသောင်မှာ အင်မတန်ပင် အံ့သြကာ ကြောင်အသွားရ၏။ မြတင့်က လွန်းမောင်အား မချစ်ပါဘူးဟု ဆိုပါသတဲ့လား။

သေချာသည်မှာ မြတင့်လိမ်နေခြင်းသာ။ မြတင့် ရက်ရက်စက်စက်ကို လိမ်နေခဲ့ခြင်း။ မြတင့် ဘာတွေ လျှောက်လုပ်နေပါသနည်း။

မြတင့်လျှောက်နေသောလမ်းသည် နာကျင်ရမည့်လမ်းကြမ်းကြီးဖြစ်သည်။

"မြကို ဖြားယောင်းလို့ ရမတဲ့လား ကိုလွန်းမောင်"

ကိုလှသောင်သည် ဤစကားတစ်ခွန်းကိုသာ ဆွေးဆွေးကလေး ပြောရှာပါ၏။ ထို့နောက် လွန်းမောင်အား ထားခဲ့လိုက်ကာ မြတင့်ရှိရာသို့ ကားမောင်းထွက်လာပါ၏။

အချိန်မှာ ည ၉နာရီခန့်ပင် ရှိနေပြီဖြစ်သည်။ ကိုလှသောင်မှာ ကားမောင်းနေစဥ်တစ်လျှောက်လုံး တွေးလာခဲ့မိသည်။

"မြတင့် ခင်ဗျား ဘာတွေလျှောက်လုပ်နေတာလဲ"

ကိုလှသောင်သည် အော်စတင်ကားလေးကို မြတင့်၏ ခြံဝတွင် ရပ်လိုက်သည်။ ခြံတံခါးမှာ စေ့ရုံသာစေ့ထားလေသည်။

ထို့ကြောင့် ကိုလှသောင်မှာ မြတင့်၏ ပေါ့လျော့နေမှုအတွက် ရင်လေးမိသည်။ မြတင့် တစ်စုံတစ်ခုဖြစ်သွားမည်ကို စိုးရိမ်နေမိသည်။

ကိုလှသောင်မှာ ယခင်က များစွာသောမိန်းမပျိုတို့၏ ဘဝညှာတံကို ဖျက်ဆီးပစ်ခဲ့ဖူးသည်။ ဆိုးလှပါသည်ဟူသော အလုပ်များကိုသာ လုပ်ခဲ့သည်။ သူ့ကြောင့် ဘဝပျက်သွားခဲ့ရရှာသော မိန်းမပျိုများ၊ မိသားစုများ များစွာ များစွာရှိခဲ့သည်။

ကိုလှသောင်သည် တစ်ပါးသူများ၏ ဘဝများကို ကုန်းကောက်စရာမရှိသည်အထိ ဖျက်ဆီးပစ်ခဲ့ဖူးလေသောကြောင့် သူ သိပ်ချစ်ရသော မြတင့်၏ ဘဝလေးအား တစ်ပါးသူက လာရောက်ဖျက်ဆီးပစ်လိုက်မည်ကို သိပ်ကိုပူပန်လွန်းလှသည်။

သူ ပြုပြုသမျှသော အကုသိုလ်ကံတို့ ပြန်၍ အကျိုးပေးလာခဲ့သည်ရှိသော် သူတစ်ယောက်တည်းကသာ ခံယူပစ်လိုက်ချင်သည်။ သူ ချစ်သော သူ မြတ်နိုးသော မြတင့်လေးအား စိုးစဥ်းမျှ မထိခိုက်စေလိုပါချေ။

ဤသည်မှာ ကိုလှသောင် မြတင့်အပေါ်ထားသော စိတ်ဖြစ်သည်။ မြတင့်အား မထိခိုက်စေလိုခြင်း။

အမှန်စင်စစ်တွင်မူ ယခင်က မြတင့်မှာ ခြံတံခါးအား သော့ခတ်နေကျမဟုတ်ပေ။ ဤအလုပ်အား မြတ်သိန်းကသာ တာဝန်ယူနေကျဖြစ်သည်။ သို့ဖြစ်၍ ခြံတံခါးသော့ခတ်ခြင်းအမှုသည် မြတင့်နှင့် စိမ်းသက်နေသည်။

သို့တည်းမဟုတ် သူ့စိတ်ထဲတွင် မြတ်သိန်းရှိနေဆဲဟု ထင်မှတ်နေပုံရသည်။

သို့နှင့် ကိုလှသောင်သည် ခြံတံခါးဖွင့်ကာ ဝင်လာခဲ့လေသည်။

အိမ်ထဲတွင် မီးအိမ်များထွန်းညှိထားသောကြောင့် ဝါကြင့်ကြင့် လင်းနေသည်။

မြတင့်သည် ဧည့်ခန်းထဲတွင် ထိုင်ကာ ဝီစကီသောက်နေလေသည်။ မြတင့်မှာ အိမ်ထဲတွင် သူတစ်ယောက်တည်းရှိ၍ ထင်တိုင်းကျဲနေပုံရသည်။ လက်ထဲ၌လည်း မီးညှိထားသော စီးကရက်တစ်လိပ်ရှိသေးသည်။

ကိုလှသောင်မှာ မြတင့်ရှိရာသို့ ခပ်မြန်မြန်သွားလိုက်ပြီး လက်ထဲမှာ စီးကရက်ကို လုယူလိုက်ကာ ဆေးလိပ်ပြာခွက်ထဲသို့ ထိုးချေပစ်လိုက်လေသည်။

မြတင့်သည် အနှီလူအား မော့ကြည့်လိုက်လေသည်။ ကိုလှသောင်မှာ သူမြင်တာ မမှားဘူးဆိုလျှင် မြတင့် ငိုနေခဲ့သည်။

"ဆေးလိပ်တွေ မသောက်ပါတော့နဲ့လို့ ကျုပ် ပြောထားရက်နဲ့ မြတင့်ရယ်"

မြတင့်သည် မဲ့ပြုံး ပြုံးသည်။

"မြက ဘာကြောင့်များ ကိုလှသောင်ရဲ့ စကားကို နားထောင်ရမှာလဲ၊ မြဘဝနဲ့မြ လုပ်ချင်တာလုပ်မယ်၊ ကိုလှသောင် ဝင်ဝင်မပါစမ်းနဲ့"

"မြတင့်ရယ်...မမိုက်စမ်းနဲ့"

မြတင့်က ဝီစကီကိုသာ ဆက်သောက်နေလေသည်။ ဤတစ်ကြိမ်တွင်တော့ ကိုလှသောင်လည်း မတားနိုင်တော့ပေ။ မြတင့်လိုလူမျိုးအား ဗုဒ္ဓမြတ်စွာဘုရားကိုယ်တိုင်က တရားချလျှင်တောင် ကျွတ်မည်မဟုတ်ပေ။

မြတင့်မှာ သိသိရက်နှင့် ဇွတ်မိုက်နေသည့် ခပ်ကြောင်ကြောင် လူစားမျိုးနှင့် သာ၍မခြားပါချေ။

"လွန်းမောင်ကို ဘာတွေများ ပြောလိုက်တာလဲ"

မြတင့်သည် လက်ထဲမှ ဝီစကီခွက်ကို လှုပ်ရမ်းကာ ခပ်အက်အက်ရယ်လေသည်။

"မောင်နဲ့ တွေ့လာတယ်ထင်တယ်၊ ဟုတ်တယ် မြ မောင့်ကို မချစ်ဘူးလို့ ပြောလိုက်တယ်"

မြတင့်က ကိုလှသောင်ကို တစ်ချက်ကြည့်လိုက်သည်။

"ဒါ့အပြင် အဆန်းနဲ့တောင် ယူခိုင်းလိုက်သေးတယ်"

ဤစကားတွင် မြတင့်၏ အသံလေးသည် တိုးလျသွားတော့သည်။ နာကျင်မှုကို ဖုံးဖိနေဟန်။

"ခင်ဗျားဟာလေ..."

ကိုလှသောင်မှာ ဆက်မပြောနိုင်တော့ပေ။ မြတင့်အား လွှတ်ထားပေးလိုက်သည့်နှယ်။

"မောင် ထွက်သွားတော့ မြ ငိုလိုက်ရတာလေ ပြောမပြတတ်အောင်ပါပဲ"

ကိုလှသောင်မှာ မြတင့်၏ လက်ထဲမှ ဝီစကီခွက်ကို ယူ၍ စားပွဲပေါ်တွင် တင်ထားလိုက်သည်။ ထို့နောက် မြတင့်၏ လက်ကလေးအား ဆုပ်ကိုင်လိုက်လေသည်။

"နာကျင်ရတယ်မလား၊ လွန်းမောင်ကို မေ့ပစ်လိုက်ပြီး ကျုပ်ကို ချစ်ပစ်လိုက်စမ်းပါ မြတင့်ရာ"

မြတင့်သည် လက်ကို ရုန်းလိုက်ပြီးနောက် အစောက ကိုလှသောင် တင်ထားသော ဝီစကီခွက်ကို မော့သောက်လိုက်သည်။

"တစ်နေ့က မြ ဝီစကီအစား ဘီယာပြောင်းသောက်ကြည့်တယ်၊ ဘီယာကို တစ်ခွက်ပြီး တစ်ခွက် သောက်လာလိုက်တာ နောက်ဆုံးဘီယာက မခါးတော့တဲ့အထိပဲ၊ မြဟာလေ ခက်သားလား၊ မခါးတဲ့ ဘီယာကို မကြိုက်ဘူးတဲ့လေ၊ ဘယ်လောက်ပဲ ကြိုးစားကြိုးစား မြ ဝီစကီပဲ ကြိုက်တယ် ကိုလှသောင်၊ ဝီစကီက ခါးတယ်လေ"

မြတင့်သည် သဘောတကျရယ်ကာ ဝီစကီကို တစ်ငုံသောက်လိုက်သည်။

"မောင်က ဝီစကီတစ်ခွက်နဲ့တူတယ်၊ စွဲလည်းစွဲတယ်၊ ကောင်းကျိုးလည်း မပေးဘူး၊ မြလေ ဝီစကီကို မသောက်ဘဲ မနေနိုင်သလို မောင့်ကိုလည်း မချစ်ဘဲ မနေနိုင်ပြန်ဘူး၊ မခက်ပေဘူးလား"

မြတင့်သည် အညင်သာဆုံးသောစကားများဖြင့် ကိုလှသောင်အား ငြင်းပစ်လိုက်ခြင်းဖြစ်၏။

"ဒါထက် မြက ဘာကြောင့်များ ကိုလှသောင်ကို ချစ်ပစ်ရမှာတဲ့လဲ၊ မြနဲ့မောင် ဝေးသွားကြရတာဟာ ကိုလှသောင်ကြောင့်ပဲလေ"

ကိုလှသောင်မှာ မိမိကိုယ်မိမိ အပြစ်သားတစ်ဦးနှယ် ခံစားခဲ့ရပေသည်။ ယခင်က သူ ဖျက်ဆီးခဲ့လေသော မိန်းမပျိုလေးများ၏ နောက်ကွယ်တွင် ဤသို့သော ရင်ကွဲစရာကိစ္စများ ရှိခဲ့မည်ကို ဘာကြောင့်များ အစောကြီးကတည်းက မတွေးမိခဲ့ရပါသနည်း။

နောက်ကျမှ နောင်တတို့ ရခဲ့မိသည်။ သူ နောင်တရသည့်အခါဝယ် သူသည် တစ်စုံတစ်ယောက်အား စူးနင့်စွာ ချစ်ခဲ့မိလေပြီ။

"မြတော့လေ ကိုလှသောင်ကို သိပ်မုန်းတာပဲ"

______

Continue Reading

You'll Also Like

1.3K 102 31
စာတွေ ကဗျာတွေကို တခုတ်တရချမရေးဖြစ်တာအချိန်အတော်ကြာခဲ့ပြီ... ကိုယ်ကချမရေးမိပေမဲ့..ခေါင်းထဲ ပေါ်လာတာ​ တေ ွ၊ရင်ဘတ်ထဲကနေပလုံစီ ဆန်တက်လာတဲ့အတွေးတွေ၊စကားလု...
802K 66.9K 60
မောင်က မင်းကမ္ဘာတစ်ခုထဲကိုပဲ ဦးခိုက်နေမယ့်ကောင်ပါ စဝ်မင်းကမ္ဘာဦးခိုက် time travel (My Universe i...
119K 11.1K 82
ဘာသာပြန်သူ စွဲညို့အသင်း
252K 33.3K 123
Name - Fisherman Author - Island in the World Chapter - 82 parts main Mc /MC Gong ၊ Transmigration ၊ rag to rich ၊ Male prag ၊ sweet and warm ၊ no...