《Zawgyi》
အပိုင္း - ၁၉၅
["သူ႔ကို အျမဲအလိုလိုက္တယ္" - ၁]
စက္တင္ဘာလကုန္တြင္ ခ်န္းစီႏ်န္ဟာ ကတိျပဳထားတဲ့အတိုင္း ေက်ာင္းသို႔ျပန္လာေပးသည္။ မေရတြက္ႏိုင္ေအာင္ ေျမာက္မ်ားစြာေသာ ေက်ာင္းသားေတြဟာ ခန္းမႀကီး၌ စုျပံဳေနၾကေတာ့၏။
ခ်န္းစီႏ်န္က အနက္ေရာင္အေနာက္တိုင္းဝတ္စံုကို ဆင္ျမန္းထားသည္။ ဤသည္က ခ်င္းစုယြဲ႕က ေတာင္းပန္သည့္အေနျဖင့္ ဂရုတစိုက္ ေရြးခ်ယ္ေပးထားျခင္းျဖစ္သည္။
သူ႔အဝတ္အစားဟာ ဂုဏ္သေရရွိ အထက္တန္းလႊာ အရွိန္အဝါနဲ႔ ေပါင္းစပ္လိုက္တဲ့အခါမွာေတာ့ ခန္းမက်ယ္ႀကီး တစ္ခုလံုးမွာရွိတဲ့ မိန္းကေလးေတြအားလံုးကို ရင္ခုန္ေစႏိုင္စြမ္း၏။ သူမတို႔ရဲ႕ ေအာ္ဟစ္သံေတြနဲ႔ ခန္းမႀကီးတစ္ခုလံုး ျပည့္လႊမ္းသြားအၿပီးမွာေတာ့ ခ်န္းစီႏ်န္က စကားစေျပာေလသည္။
လူေတြအား အလုပ္ႀကိဳးစားၿပီး အေကာင္းဆံုးစြမ္းေဆာင္ဖို႔ တိုက္တြန္းတယ္ဆိုတာက ခ်န္းစီႏ်န္ရဲ႕ ပင္ကိုယ္စရိုက္မဟုတ္ေခ်။ ထိုအစား သူ႔အေတြ႕အၾကံဳအခ်ိဳ႕ကို ျမင္သာေအာင္ေျပာျပေပးၿပီး လူ႔ပတ္ဝန္းက်င္ရဲ႕ ရက္စက္မႈအေၾကာင္းကို သတိေပးေလသည္။ မိမိသာ လံုလံုေလာက္ေလာက္ မသန္မာလၽွင္ တစ္ပါးသူေတြရဲ႕ ႏွိမ္ခ်ဆက္ဆံျခင္းခံရမည္။ ေစာဒကတက္ခြင့္မရွိ။ ကိုယ္စိုက္တာကို ကိုယ္ျပန္ရိတ္သိမ္းရမည္ပင္။
သူ႔ေဟာေျပာေပးမႈ တစ္ခုလံုးအား မိန္းကေလးပရိသတ္ေတြထဲက တစ္ေယာက္က စကားတစ္ခြန္းျဖင့္သာ အက်ဥ္းခ်ဳပ္လိုက္သည္။ အဆိပ္ရွိတဲ့ ၾကက္စြပ္ျပဳတ္ဟူ၍ ျဖစ္ေလ၏။
အဆိုပါ မိန္းကေလးက ေမးလာသည္။
"စီနီယာခ်န္းရွင့္ ... ဒီၾကက္စြပ္ျပဳတ္က အဆိပ္ျပင္းလွပါတယ္ ... အဲ့ေလာက္မရက္စက္လို႔ မရဘူးလား? အဲဒီအစား ကၽြန္မတို႔ကို ပိုေကာင္းတဲ့နည္းေလး ေပးပါလားဟင္!"
ခ်န္းစီႏ်န္ကရယ္သည္။
"လူ႔အသိုင္းအဝိုင္းႀကီးက မင္းတို႔ရဲ႕ခံစားခ်က္ေတြကို ထည့္တြက္ေနမွာမဟုတ္ဘူး"
မိန္းကေလးက မ်က္ႏွာနီရဲသြား၏။
တကယ္ႀကီးကို.... အဆိပ္ျပင္းတာပဲ!
လက္မခံႏိုင္ေသးဟန္ျဖင့္ ပမာမခန္႔စြာ သူမက ဆက္ေမးလာသည္။
"ကၽြန္မၾကားတာေတာ့ စီနီယာခ်န္းက လက္ထပ္ၿပီးၿပီဆို? ... ရွင္စကားေျပာတာ အရမ္းပြင့္လင္းၿပီး တဲ့တိုးဆန္ေတာ့ ရွင့္လက္တြဲေဖာ္ေတာ့ ဘယ္လိုမ်ား သည္းခံေနပါလိမ့္?"
"ငါက သူ႔ကို အျမဲ အလိုလိုက္အေလွ်ာ့ေပးတယ္"
"ဝိုး......!"
ေက်ာင္းသားအုပ္စုႀကီးရဲ႕ ေအာ္ဟစ္သံေတြ ဟိန္းထြက္လာ၏။ ဒါက အခ်စ္ရဲ႕ျပဳယုဂ္ပဲ!
"စီနီယာခ်န္းခင္ဗ် .... စီနီယာရဲ႕အမ်ိဳးသမီးနဲ႔ ဘယ္လိုမ်ား တြဲျဖစ္သြားၾကတာလဲ? လူတစ္ေယာက္ကိုလိုက္ဖို႔ ေဆာင္ရန္ေရွာင္ရန္ေလးေတြေရာ မၽွေဝေပးႏိုင္မလားခင္ဗ်?"
ခ်န္းစီႏ်န္က ထိုေမးခြန္းကိုေမးလိုက္တဲ့ ေက်ာင္းသားေလးကိုၾကည့္ကာ ေခတၱမၽွ အေတြးနက္သြား၏။ နည္းနည္းရွက္ရြံ႕သလို ခံစားမိသြားၿပီးမွ ရင္းရင္းႏွီးႏွီးပဲ ျပန္ေျဖ၏။
"ႏွစ္မ်ိဳးပဲရွိတယ္ ...
မ်က္ႏွာေျပာင္သင့္သေလာက္ေျပာင္ၿပီး
စိတ္ရွည္သင့္သေလာက္စိတ္ရွည္ရမယ္"
"ဝိုး!"
ထိုေကာင္ေလးကပဲ ဆက္ေျပာ၏။
"စီနီယာခ်န္းရဲ႕ဇနီးက စီနီယာ့ကိုအရင္လိုက္ၿပီးမွ စီနီယာက သူ႔ကိုျပန္လိုက္တာလားခင္ဗ်?"
ခ်န္းစီႏ်န္က အမွန္အတိုင္းျပန္ေျဖသည္။
"ဟုတ္တယ္ ... အမွန္အတိုင္းေျပာရရင္ ဒီေန႔စကားေျပာဖို႔ ေျဖာင္းျဖေပးတဲ့သူက သူပဲ ... သူလာေစခ်င္လို႔ ကိုယ္လာခဲ့တာ ... ကိုယ့္ဇနီးကေျပာတယ္ ... 'ကၽြန္မတို႔ေတြ ေကာလိပ္မွာ အခ်ိန္အတူတူ အၾကာႀကီး မကုန္ဆံုးခဲ့ရဘူး ... တစ္ေန႔မွာ ကၽြန္မက ပရိသတ္ထဲမွာထိုင္ေနၿပီး ရွင္ေျပာတာကို ရယ္ေမာရင္းနဲ႔ နားေထာင္ခ်င္တဲ့ဆႏၵက အျမဲတမ္းရွိခဲ့တယ္'တဲ့"
ေက်ာင္းသားေတြက မထိန္းႏိုင္ေတာ့ေပ။ စီးပြားေရးမွာတင္ ေအာင္ျမင္တာမဟုတ္ဘူး။ အိမ္ေထာင္ေရးကလည္း ခ်ိဳၿမိန္လိုက္တာ... မခံခ်င္စရာပဲ!
"ဒါေပမယ့္ ကံမေကာင္းခ်င္ေတာ့ သူကအလုပ္မ်ားေနၿပီး ကိုယ္တို႔ေတြ အတူမလာႏိုင္ခဲ့ဘူး ... ေဟာေျပာတာကို အခု ဒီေနရာမွာပဲ နိဂံုးခ်ဳပ္လိုက္ၿပီ"
ေက်ာင္းသားေတြက ဒီရွားရွားပါးပါး အခြင့္အေရးကို လက္မလႊတ္ခ်င္ေပမယ့္ လက္ေထာက္ဝမ္က သူ႔ေဘာ့စ္ကို ေခၚထုတ္သြား၏။ ဆူပူလႈပ္ရွားေနတဲ့ ေက်ာင္းသားေတြအား ဆရာေတြက ႏွစ္သိမ့္ေပးရသည္။
ခ်န္းစီႏ်န္က ထြက္လာၿပီး ခ်င္းစုယြဲ႕ထံ ဖုန္းေခၚေတာ့မယ့္အခ်ိန္မွာပဲ သူ႔ေနာက္ပါးမွ ၾကည္လင္တဲ့ မိန္းကေလးအသံကို ၾကားလိုက္ရသည္။
"အားႏ်န္"
ခ်န္းစီႏ်န္က မ်က္ေမွာင္ကုပ္ကာ လွည့္ၾကည့္လိုက္သည္။ အျဖဴေရာင္အက်ႌနဲ႔ အနက္ေရာင္ေဘာင္းဘီတို႔ကို ဝတ္ဆင္ထားသည့္ ရွန္ဝမ္းယန္႔က သူ႔ထံ ေလၽွာက္လွမ္းလာေန၏။
သူ ျပန္မေျပာရေသးခင္မွာ ရွန္ဝမ္းယန္႔က ဆံပင္ကိုနားရြက္ေနာက္ထဲ သပ္တင္လိုက္ရင္း အျပံဳးေရးေရးႏွင့္ေျပာလာသည္။
"တိုက္ဆိုင္လိုက္တာ ... ရွင္လာမယ္လို႔ မထင္ထားဘူး"
"အင္း"
ခ်န္းစီႏ်န္က အၾကည့္လႊဲကာ ေလသံကို နည္းနည္းေပ်ာ့လ်က္ ေမးလိုက္သည္။
"ဘာလိုလို႔လဲ?"
ရွန္ဝမ္းယန္႔က နည္းနည္းတန္႔သြားၿပီးမွ ေနာက္ထပ္ အျပံဳးတစ္ခုကို ဖ်စ္ညႇစ္ျပံဳးလာ၏၊။
"ဟင့္အင္း"
"ကိုယ့္မွာအလုပ္ရွိလို႔ အရင္သြားႏွင့္ၿပီ"
သူမနဲ႔ ဆက္စကားေျပာဖို႔ သူ႔ထံတြင္ ရည္ရြယ္ခ်က္မရွိေခ်။
ရွန္ဝမ္းယန္႔က ေရွ႕သို႔တစ္လွမ္းတက္ၿပီးမွ စိတ္ေျပာင္းလိုက္သည္။ ေနာက္ျပန္ဆုတ္လိုက္ၿပီး ထြက္ခြာသြားတဲ့ေက်ာျပင္ကို ၾကည့္ကာ အသာအယာရယ္လ်က္ ဆန္႔က်င္ဘက္သို႔ ထြက္လာ၏။
သူမ ထြက္သြားတာကို ေတြ႕လိုက္ရတဲ့အခါ လက္ေထာက္ဝမ္က သက္ျပင္းခ်သည္။ လက္ေထာက္ဝမ္ရဲ႕ ပိုကဲေနတဲ့ အျပဳအမူကို ေဘးရွိခ်န္းစီႏ်န္ကေတာ့ သတိျပဳမိသည္ပင္။
"ဘာကိုသက္ျပင္းခ်တာလဲ?"
လက္ေထာက္ဝမ္က ခ်က္ခ်င္းပင္ ေနာက္ေက်ာမတ္သြားသည္။
"ဘာမွမဟုတ္ပါဘူး ဥကၠဌခ်န္း"
ခ်န္းစီႏ်န္ရဲ႕ အဓိပၸါယ္ပါပါအၾကည့္ေၾကာင့္ လက္ေထာက္ဝမ္က နဖူးကေခၽြးေစးကို သုတ္ဖို႔ေတာင္ တုန္႔ဆိုင္းသြား၏။ လက္ေထာက္ဝမ္ဟာ သူ႔ေဘာ့စ္က သူမ်ားျဖားေယာင္းတာခံရၿပီး ေဖာက္ျပန္သြားမွာ ေၾကာက္ေနတာပင္။ ကံေကာင္းစြာနဲ႔ ဆက္ဆံေရးက ေအးတိေအးစက္ျဖစ္ေနသည္။
ခ်န္းစီႏ်န္က ရွန္ဝမ္းယန္႔နဲ႔ေတြ႕ခဲ့တာကို စိတ္ထဲေတာင္မရွိေတာ့ေပ။ ဒါေပမယ့္ သူ ေက်ာင္းသို႔သြားၿပီး ေနာက္ရက္အနည္းငယ္ထိ ေက်ာင္းရဲ႕ဖိုရမ္ေတြ၌ သူ႔အေၾကာင္းပို႔စ္ေတြျဖင့္ ျပည့္ေနမွာကိုေတာ့ ေရးေတးေတးမၽွ သိေနသည္။
ေက်ာင္းသားေတြအားလံုးက ခ်န္းစီႏ်န္ရဲ႕ ပါရမီ၊ ေအာင္ျမင္မႈေတြနဲ႔ ႀကီးျမတ္လွတဲ့ေနာက္ခံအင္အားေတြ အေၾကာင္းကို ေျပာဆိုၾကၿပီး အခ်ိဳ႕လူေတြက်ေတာ့ သူ႔ဘဝအေၾကာင္းကို စိတ္ဝင္စားၾကေလသည္။
လူေတာ္ေတာ္မ်ားမ်ားက သူ႔ရဲ႕ အတိတ္ကအခ်စ္ေရး အေၾကာင္းေတြကို ရွာေဖြတူးဆြၾကၿပီး ခ်န္းစီႏ်န္နဲ႔ခ်င္းစုယြဲ႕တို႔ရဲ႕ ခမ္းနားလွတဲ့ မဂၤလာပြဲက ဓာတ္ပံုေတြပင္ပါ၏။ ေအာင္ျမင္လွတဲ့ ဘဝေပးကုသိုလ္ကံကိုၾကည့္ကာ ယူၾကံဳးမရ ျဖစ္ေနၾကသည္။
ရွန္ဝမ္းယန္႔အေၾကာင္းကို ဆြဲေျပာလာသူေတြလည္း ရွိ၏။ ခ်င္းစုယြဲ႕က ခ်န္းစီႏ်န္အား ရွန္ဝမ္းယန္႔ထံမွ ခိုးထားသည္ဟု ေျပာၾကေလသည္။ ရွန္ဝမ္းယန္႔ ႏိုင္ငံျခားသြားၿပီး ဒီမွာမရွိတာကို အခြင့္ေကာင္းယူသည့္ စႏိုက္ေက်ာ္ဟု ေျပာၾက၏။
လူတိုင္းက သက္ျပင္းတခ်ခ် ျဖစ္ေနၾကသည္။
ေသခ်ာမသိရပဲနဲ႔ အေၾကာင္းအရာေတြက အတင္းအဖ်င္းေခါင္းစဥ္ေတြ ျဖစ္လာၾကသည္။ ေကာလိပ္ရဲ႕ ေက်ာင္းသူအသစ္ေလးျဖစ္တဲ့ က်ံဳခ်င္းရဲ႕ဝမ္းကြဲျဖစ္သူက ခ်န္းစီႏ်န္အား ထိုေန႔တြင္ ေတြ႕လိုက္ရကာ က်ံဳခ်င္းကိုဖုန္းဆက္ၿပီး ခ်န္းစီႏ်န္ရဲ႕ ၾကည့္ေကာင္းေခ်ာေမာမႈအား ေျပာျပလာေလသည္။ က်ံဳခ်င္းကေတာ့ ဝတ္ေက်တန္းေက်သာ ျပန္ေျဖေနလိုက္သည္။
25.12.2020
**********
《Unicode》
အပိုင်း - ၁၉၅
["သူ့ကို အမြဲအလိုလိုက်တယ်" - ၁]
စက်တင်ဘာလကုန်တွင် ချန်းစီနျန်ဟာ ကတိပြုထားတဲ့အတိုင်း ကျောင်းသို့ပြန်လာပေးသည်။ မရေတွက်နိုင်အောင် မြောက်များစွာသော ကျောင်းသားတွေဟာ ခန်းမကြီး၌ စုပြုံနေကြတော့၏။
ချန်းစီနျန်က အနက်ရောင်အနောက်တိုင်းဝတ်စုံကို ဆင်မြန်းထားသည်။ ဤသည်က ချင်းစုယွဲ့က တောင်းပန်သည့်အနေဖြင့် ဂရုတစိုက် ရွေးချယ်ပေးထားခြင်းဖြစ်သည်။
သူ့အဝတ်အစားဟာ ဂုဏ်သရေရှိ အထက်တန်းလွှာ အရှိန်အဝါနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ခန်းမကျယ်ကြီး တစ်ခုလုံးမှာရှိတဲ့ မိန်းကလေးတွေအားလုံးကို ရင်ခုန်စေနိုင်စွမ်း၏။ သူမတို့ရဲ့ အော်ဟစ်သံတွေနဲ့ ခန်းမကြီးတစ်ခုလုံး ပြည့်လွှမ်းသွားအပြီးမှာတော့ ချန်းစီနျန်က စကားစပြောလေသည်။
လူတွေအား အလုပ်ကြိုးစားပြီး အကောင်းဆုံးစွမ်းဆောင်ဖို့ တိုက်တွန်းတယ်ဆိုတာက ချန်းစီနျန်ရဲ့ ပင်ကိုယ်စရိုက်မဟုတ်ချေ။ ထိုအစား သူ့အတွေ့အကြုံအချို့ကို မြင်သာအောင်ပြောပြပေးပြီး လူ့ပတ်ဝန်းကျင်ရဲ့ ရက်စက်မှုအကြောင်းကို သတိပေးလေသည်။ မိမိသာ လုံလုံလောက်လောက် မသန်မာလျှင် တစ်ပါးသူတွေရဲ့ နှိမ်ချဆက်ဆံခြင်းခံရမည်။ စောဒကတက်ခွင့်မရှိ။ ကိုယ်စိုက်တာကို ကိုယ်ပြန်ရိတ်သိမ်းရမည်ပင်။
သူ့ဟောပြောပေးမှု တစ်ခုလုံးအား မိန်းကလေးပရိသတ်တွေထဲက တစ်ယောက်က စကားတစ်ခွန်းဖြင့်သာ အကျဉ်းချုပ်လိုက်သည်။ အဆိပ်ရှိတဲ့ ကြက်စွပ်ပြုတ်ဟူ၍ ဖြစ်လေ၏။
အဆိုပါ မိန်းကလေးက မေးလာသည်။
"စီနီယာချန်းရှင့် ... ဒီကြက်စွပ်ပြုတ်က အဆိပ်ပြင်းလှပါတယ် ... အဲ့လောက်မရက်စက်လို့ မရဘူးလား? အဲဒီအစား ကျွန်မတို့ကို ပိုကောင်းတဲ့နည်းလေး ပေးပါလားဟင်!"
ချန်းစီနျန်ကရယ်သည်။
"လူ့အသိုင်းအဝိုင်းကြီးက မင်းတို့ရဲ့ခံစားချက်တွေကို ထည့်တွက်နေမှာမဟုတ်ဘူး"
မိန်းကလေးက မျက်နှာနီရဲသွား၏။
တကယ်ကြီးကို.... အဆိပ်ပြင်းတာပဲ!
လက်မခံနိုင်သေးဟန်ဖြင့် ပမာမခန့်စွာ သူမက ဆက်မေးလာသည်။
"ကျွန်မကြားတာတော့ စီနီယာချန်းက လက်ထပ်ပြီးပြီဆို? ... ရှင်စကားပြောတာ အရမ်းပွင့်လင်းပြီး တဲ့တိုးဆန်တော့ ရှင့်လက်တွဲဖော်တော့ ဘယ်လိုများ သည်းခံနေပါလိမ့်?"
"ငါက သူ့ကို အမြဲ အလိုလိုက်အလျှော့ပေးတယ်"
"ဝိုး......!"
ကျောင်းသားအုပ်စုကြီးရဲ့ အော်ဟစ်သံတွေ ဟိန်းထွက်လာ၏။ ဒါက အချစ်ရဲ့ပြုယုဂ်ပဲ!
"စီနီယာချန်းခင်ဗျ .... စီနီယာရဲ့အမျိုးသမီးနဲ့ ဘယ်လိုများ တွဲဖြစ်သွားကြတာလဲ? လူတစ်ယောက်ကိုလိုက်ဖို့ ဆောင်ရန်ရှောင်ရန်လေးတွေရော မျှဝေပေးနိုင်မလားခင်ဗျ?"
ချန်းစီနျန်က ထိုမေးခွန်းကိုမေးလိုက်တဲ့ ကျောင်းသားလေးကိုကြည့်ကာ ခေတ္တမျှ အတွေးနက်သွား၏။ နည်းနည်းရှက်ရွံ့သလို ခံစားမိသွားပြီးမှ ရင်းရင်းနှီးနှီးပဲ ပြန်ဖြေ၏။
"နှစ်မျိုးပဲရှိတယ် ...
မျက်နှာပြောင်သင့်သလောက်ပြောင်ပြီး
စိတ်ရှည်သင့်သလောက်စိတ်ရှည်ရမယ်"
"ဝိုး!"
ထိုကောင်လေးကပဲ ဆက်ပြော၏။
"စီနီယာချန်းရဲ့ဇနီးက စီနီယာ့ကိုအရင်လိုက်ပြီးမှ စီနီယာက သူ့ကိုပြန်လိုက်တာလားခင်ဗျ?"
ချန်းစီနျန်က အမှန်အတိုင်းပြန်ဖြေသည်။
"ဟုတ်တယ် ... အမှန်အတိုင်းပြောရရင် ဒီနေ့စကားပြောဖို့ ဖြောင်းဖြပေးတဲ့သူက သူပဲ ... သူလာစေချင်လို့ ကိုယ်လာခဲ့တာ ... ကိုယ့်ဇနီးကပြောတယ် ... 'ကျွန်မတို့တွေ ကောလိပ်မှာ အချိန်အတူတူ အကြာကြီး မကုန်ဆုံးခဲ့ရဘူး ... တစ်နေ့မှာ ကျွန်မက ပရိသတ်ထဲမှာထိုင်နေပြီး ရှင်ပြောတာကို ရယ်မောရင်းနဲ့ နားထောင်ချင်တဲ့ဆန္ဒက အမြဲတမ်းရှိခဲ့တယ်'တဲ့"
ကျောင်းသားတွေက မထိန်းနိုင်တော့ပေ။ စီးပွားရေးမှာတင် အောင်မြင်တာမဟုတ်ဘူး။ အိမ်ထောင်ရေးကလည်း ချိုမြိန်လိုက်တာ... မခံချင်စရာပဲ!
"ဒါပေမယ့် ကံမကောင်းချင်တော့ သူကအလုပ်များနေပြီး ကိုယ်တို့တွေ အတူမလာနိုင်ခဲ့ဘူး ... ဟောပြောတာကို အခု ဒီနေရာမှာပဲ နိဂုံးချုပ်လိုက်ပြီ"
ကျောင်းသားတွေက ဒီရှားရှားပါးပါး အခွင့်အရေးကို လက်မလွှတ်ချင်ပေမယ့် လက်ထောက်ဝမ်က သူ့ဘော့စ်ကို ခေါ်ထုတ်သွား၏။ ဆူပူလှုပ်ရှားနေတဲ့ ကျောင်းသားတွေအား ဆရာတွေက နှစ်သိမ့်ပေးရသည်။
ချန်းစီနျန်က ထွက်လာပြီး ချင်းစုယွဲ့ထံ ဖုန်းခေါ်တော့မယ့်အချိန်မှာပဲ သူ့နောက်ပါးမှ ကြည်လင်တဲ့ မိန်းကလေးအသံကို ကြားလိုက်ရသည်။
"အားနျန်"
ချန်းစီနျန်က မျက်မှောင်ကုပ်ကာ လှည့်ကြည့်လိုက်သည်။ အဖြူရောင်အင်္ကျီနဲ့ အနက်ရောင်ဘောင်းဘီတို့ကို ဝတ်ဆင်ထားသည့် ရှန်ဝမ်းယန့်က သူ့ထံ လျှောက်လှမ်းလာနေ၏။
သူ ပြန်မပြောရသေးခင်မှာ ရှန်ဝမ်းယန့်က ဆံပင်ကိုနားရွက်နောက်ထဲ သပ်တင်လိုက်ရင်း အပြုံးရေးရေးနှင့်ပြောလာသည်။
"တိုက်ဆိုင်လိုက်တာ ... ရှင်လာမယ်လို့ မထင်ထားဘူး"
"အင်း"
ချန်းစီနျန်က အကြည့်လွှဲကာ လေသံကို နည်းနည်းပျော့လျက် မေးလိုက်သည်။
"ဘာလိုလို့လဲ?"
ရှန်ဝမ်းယန့်က နည်းနည်းတန့်သွားပြီးမှ နောက်ထပ် အပြုံးတစ်ခုကို ဖျစ်ညှစ်ပြုံးလာ၏၊။
"ဟင့်အင်း"
"ကိုယ့်မှာအလုပ်ရှိလို့ အရင်သွားနှင့်ပြီ"
သူမနဲ့ ဆက်စကားပြောဖို့ သူ့ထံတွင် ရည်ရွယ်ချက်မရှိချေ။
ရှန်ဝမ်းယန့်က ရှေ့သို့တစ်လှမ်းတက်ပြီးမှ စိတ်ပြောင်းလိုက်သည်။ နောက်ပြန်ဆုတ်လိုက်ပြီး ထွက်ခွာသွားတဲ့ကျောပြင်ကို ကြည့်ကာ အသာအယာရယ်လျက် ဆန့်ကျင်ဘက်သို့ ထွက်လာ၏။
သူမ ထွက်သွားတာကို တွေ့လိုက်ရတဲ့အခါ လက်ထောက်ဝမ်က သက်ပြင်းချသည်။ လက်ထောက်ဝမ်ရဲ့ ပိုကဲနေတဲ့ အပြုအမူကို ဘေးရှိချန်းစီနျန်ကတော့ သတိပြုမိသည်ပင်။
"ဘာကိုသက်ပြင်းချတာလဲ?"
လက်ထောက်ဝမ်က ချက်ချင်းပင် နောက်ကျောမတ်သွားသည်။
"ဘာမှမဟုတ်ပါဘူး ဥက္ကဌချန်း"
ချန်းစီနျန်ရဲ့ အဓိပ္ပါယ်ပါပါအကြည့်ကြောင့် လက်ထောက်ဝမ်က နဖူးကချွေးစေးကို သုတ်ဖို့တောင် တုန့်ဆိုင်းသွား၏။ လက်ထောက်ဝမ်ဟာ သူ့ဘော့စ်က သူများဖြားယောင်းတာခံရပြီး ဖောက်ပြန်သွားမှာ ကြောက်နေတာပင်။ ကံကောင်းစွာနဲ့ ဆက်ဆံရေးက အေးတိအေးစက်ဖြစ်နေသည်။
ချန်းစီနျန်က ရှန်ဝမ်းယန့်နဲ့တွေ့ခဲ့တာကို စိတ်ထဲတောင်မရှိတော့ပေ။ ဒါပေမယ့် သူ ကျောင်းသို့သွားပြီး နောက်ရက်အနည်းငယ်ထိ ကျောင်းရဲ့ဖိုရမ်တွေ၌ သူ့အကြောင်းပို့စ်တွေဖြင့် ပြည့်နေမှာကိုတော့ ရေးတေးတေးမျှ သိနေသည်။
ကျောင်းသားတွေအားလုံးက ချန်းစီနျန်ရဲ့ ပါရမီ၊ အောင်မြင်မှုတွေနဲ့ ကြီးမြတ်လှတဲ့နောက်ခံအင်အားတွေ အကြောင်းကို ပြောဆိုကြပြီး အချို့လူတွေကျတော့ သူ့ဘဝအကြောင်းကို စိတ်ဝင်စားကြလေသည်။
လူတော်တော်များများက သူ့ရဲ့ အတိတ်ကအချစ်ရေး အကြောင်းတွေကို ရှာဖွေတူးဆွကြပြီး ချန်းစီနျန်နဲ့ချင်းစုယွဲ့တို့ရဲ့ ခမ်းနားလှတဲ့ မင်္ဂလာပွဲက ဓာတ်ပုံတွေပင်ပါ၏။ အောင်မြင်လှတဲ့ ဘဝပေးကုသိုလ်ကံကိုကြည့်ကာ ယူကြုံးမရ ဖြစ်နေကြသည်။
ရှန်ဝမ်းယန့်အကြောင်းကို ဆွဲပြောလာသူတွေလည်း ရှိ၏။ ချင်းစုယွဲ့က ချန်းစီနျန်အား ရှန်ဝမ်းယန့်ထံမှ ခိုးထားသည်ဟု ပြောကြလေသည်။ ရှန်ဝမ်းယန့် နိုင်ငံခြားသွားပြီး ဒီမှာမရှိတာကို အခွင့်ကောင်းယူသည့် စနိုက်ကျော်ဟု ပြောကြ၏။
လူတိုင်းက သက်ပြင်းတချချ ဖြစ်နေကြသည်။
သေချာမသိရပဲနဲ့ အကြောင်းအရာတွေက အတင်းအဖျင်းခေါင်းစဉ်တွေ ဖြစ်လာကြသည်။ ကောလိပ်ရဲ့ ကျောင်းသူအသစ်လေးဖြစ်တဲ့ ကျုံချင်းရဲ့ဝမ်းကွဲဖြစ်သူက ချန်းစီနျန်အား ထိုနေ့တွင် တွေ့လိုက်ရကာ ကျုံချင်းကိုဖုန်းဆက်ပြီး ချန်းစီနျန်ရဲ့ ကြည့်ကောင်းချောမောမှုအား ပြောပြလာလေသည်။ ကျုံချင်းကတော့ ဝတ်ကျေတန်းကျေသာ ပြန်ဖြေနေလိုက်သည်။
25.12.2020
**********