ခ်စ္ျခင္းေမတၱာေတြအေၾကာင္း သီဖြဲ႔ထားသည္ ဆိုေပမယ့္
ဘယ္သူက ဘယ္လိုအခ်စ္မ်ိဳးနဲ႔ ဆက္ခ်စ္သြားႏိုင္မွာလည္း
တစ္ေယာက္နဲ႔ တစ္ေယာက္နားလည္မႈ ေပးလိုက္ႏိုင္တာနဲ႔
သာယာေျဖာင့္ျဖဴးသြားမယ္လို႔ ထင္လား.. ?
No ပါ
Title က CRIMINAL - s
အင္း...ျပစ္မႈေတြ အမ်ားႀကီး....
အခုထက္ထိ ျပစ္မႈေတြက ေပၚမလာေသးဘူးဆိုေတာ့
ဇာတ္လမ္းကို အခုဘဲ စတင္လိုက္ၾကရေအာင္
◾◾◾◾◾◾
CRIMINAL - s
◾◾◾◾◾◾
"Min Jung Kook
မေတြ႔တာ ေတာင္ ၾကာၿပီ "
"ဟက္... စိတ္မပါလိုက္တာ "
မင္ယြန္းဂီ၏အေျပာကို ေျခေထာက္တစ္ဖက္ ခ်ိတ္ထိုင္႐င္း
ဘုဆတ္ဆတ္ ျပန္ေျပာေနသည္က
Justin တစ္ျဖစ္လဲ Min Jung Kook
"OK ေလ
မင္းေစာက္ခ်ိဳးေတြက နည္းနည္းေလးမွ မေျပာင္းလဲေသးဘူး
ငါ ဒဲ့ ပဲ ေျပာေတာ့မယ္
Jimin ရဲ႕ ေခါင္းကို ႐ိုက္တာ မင္းလား "
"ကင္မ္ထယ္ေယာင္းကို ထိရင္ေတာ့
ဘယ္ေကာင္မဆို သတ္ပစ္မွာပဲ
ဒါက Warning အဆင့္ပဲ ႐ွိေသးတာ "
လူတစ္ေယာက္ေၾကာင့္ ေၾကာက္လန္႔ဖို႔ေကာင္းတဲ့အထိ ေျပာင္းလဲသြားတဲ့ ညီျဖစ္သူကို အံ ျသ မိသည္
ဒီေကာင္ေလးဆိုးသြမ္းသြားသည္က သူ႔ပေရာဂ မကင္းေပမယ့္ အခုခ်ိန္မွာေတာ့ မင္ယြန္းဂီဟာ ေဂ်ာင္ကုအတြက္
ဘာအကူအညီမွ ေပးႏိုင္မည့္ ပံု မေပၚေပ
ေဂ်ာင္ကုဟာ
ဖြာလန္ေနတဲ့ ဆံပင္ေတြကို တစ္ခ်က္ တစ္ခ်က္ လွန္တင္ရင္း
အေမးစကားကို ဆိုျပန္တယ္
" ဂ်ီမင္ဆိုတဲ့ေကာင္က
ခင္ဗ်ားနဲ႔ "
" မင္းထက္ႀကီးတယ္ စကားေျပာဆင္ျခင္ပါ
Jimin hyg လို႔ျပန္ျပင္ေျပာ "
"..က်စ္...ထားဗ်ာ
အဲ့..လူ... "
"Ji ! Min! hyg! "
မင္ယြန္းဂီဟာ ေဂ်ာင္ကုအား သူ၏ အမည္နာမကိုသာ
ေျပာခ်င္သလိုေျပာခြင့္ ေပးထားေပမယ့္
ကေလးငယ္နဲ႔ ပတ္သက္လာရင္ အမည္နာမက အစ
နည္းနည္းေလးမွ စကားအမွားမခံတာက
ေစာက္ျမင္ကတ္စရာ အတိ
ေပကပ္ကပ္ႏိုင္လြန္းတဲ့ ေဂ်ာင္ကုက ပင္ အ႐ွံုးေပးလိုက္ရင္း
"Jimin hyg နဲ႔
ခင္ဗ်ားနဲ႔ က ဘယ္လိုပတ္သက္တာလည္း "
"မၾကာခင္မွာ ငါလက္ထပ္ယူမယ့္ ေကာင္ေလး
အဲ့တာေၾကာင့္ မင္းထပ္မ႐ႈပ္ရင္ေကာင္းမယ္ "
အခုဆိုရင္ ကင္ထယ္ေယာင္း တစ္ပါတ္႐ိုက္သြားမွန္း ေကာင္းေကာင္းႀကီး သေဘာေပါက္သြားၿပီမို႔
"ေကာင္းၿပီ ဒါဆို က်ေနာ္လည္း ေတာင္းဆိုမယ္ "
💛💛💛💛
💛💛
"က်ေနာ္က ေသေတာ့မယ့္လူလား "
ေဆးရံုကပင္ဆင္းလို႔ အိမ္ျပန္ေရာက္တာပင္
တစ္ပါတ္ေက်ာ္ေနၿပီ
အခုထိ ကေလးတစ္ေယာက္လိုဆက္ဆံခံေနရတုန္း
အခုလည္း ၾကည့္ ထမင္းကို ခြံ ့ေကြၽးေနတာ
ဒီအတိုင္းထားခဲ့ရင္ က်ေနာ္က နည္းနည္းေလးေတာင္
မထိေပ
ဘာေၾကာင့္လည္းဆိုေတာ့ ေခါင္းက အနာျပန္က်က္သြားတာေတာင္ တစ္ပါတ္ တိတိ အခန္းထဲမွ ေပးမထြက္ေသာေၾကာင့္ ပင္ ျဖစ္သည္
"ေဘဘီရာ ကိုယ့္လက္ေတြ
ေညာင္းလာၿပီလို႔ "
ထမင္းပန္းကန္ႀကီး ကိုင္ကာ အနားကေန ဆူဆူညံညံ နဲ႔ အပိုအလုပ္ေတြ လုပ္ေနတဲ့ လူႀကီးကို တကယ္ပင္မုန္းမိပါသည္
...........................
...............
ဒီရက္ပိုင္း တစ္ခုခုကို လြမ္းမိေနသလိုလို
တစ္စံုတစ္ခုကပဲ လစ္ဟာသြားသလိုလိုနဲ႔
ဧကႏၱ ေသြးစုတ္ဖုတ္ေကာင္လို အျမဲလိုက္ကပ္ေနတတ္တဲ့
Justin ကို သတိ ရ မိေနတာ
ဟာ..မျဖစ္ႏိုင္ပါဘူး သူေၾကာင့္နဲ႔ဆို
အျမဲ စိတ္ညစ္ရတာႀကီး
အင္းေလ မေကာငိးတဲ့အေတြးအေနနဲ႔ ၾကည့္ရင္
အခုလိုက်ေတာ့လည္း လစ္ဟာမႈျဖစ္ေနတာေပါ့
တိုက္တိုက္ဆိုင္ဆိုင္ တစ္ဦးထဲ ႐ွိသည့္ သူငယ္ခ်င္း ဂ်ီမင္ကလည္း ဒဏ္ရာေၾကာင့္ထင္ရဲ႕ ေပၚမလာတာ တစ္ပါတ္ေတာင္ ႐ွိၿပီ
သူ႔ကို အားနာမိပါသည္
ကုိယ့္အ႐ႈပ္ထုတ္ေတြၾကားေခၚသြင္းမိခဲ့လို႔
အဆက္အသြယ္ေတာင္မလုပ္တဲ့ ေသြးေအးလြန္းတဲ့ ပုလံုးေကာင္ကို
ေနေကာင္းရဲ႕လား သတင္းေမးခ်င္ေပမယ့္
ဟိုးတစ္ေန႔က အမည္းေရာင္ဝတ္စံုနဲ့လူေၾကာင့္
ေၾကာက္လန္႔ေနမိျပန္သည္
ပ်င္းရိေလးလံစြာနဲ႔ ကားဂိတ္သို႔ ေလ်ွာက္လွမ္းလာရင္း
ထိုေကာင္ေလး အျမဲလိုလို ရပ္ေစာင့္ေနက် ထိုင္ခံုေနာက္ဖက္ေလးကိုေတာင္ မသိစိတ္က ေငးၾကည့္မိေသးတာ
သက္ျပင္း႐ွည္ႀကီး ခ်ရင္း
အဆင္သင့္ထိုးရပ္လာတဲ့ bus ကားေပၚကို သာ တက္လာခဲ့တယ္
တစ္ခါတစ္ေလ ဆို ကားေပၚေရာက္မွ ကိုယ္ေယာင္ျပေလ့႐ွိတဲ့ ေကာင္ေလး
အျမဲလိုလို တြယ္ကပ္ေနတတ္ေပမယ့္ အခုလိူ ရက္သတၱပါတ္ ၾကာတဲ့အထိ
အစအန ႐ွာ မရဘူးဆိုေတာ့ စိတ္ထဲ မတင္မက် ျဖစ္ေနျပန္တယ္
နဂိုက ခပ္ဆိုးဆိုးေတေလဂ်ပိုးေလးဆိုေတာ့
မလုပ္သင့္တာေတြ လုပ္မိရင္း သူတစ္ပါးရဲ႕ မေကာင္းၾကံခံေနရတာေတာ့ မျဖစ္ႏိုင္ပါဘူးေနာ္
ဦးေႏွာက္ကသာ ေကာင္္ငယ္ေလးကို စိတ္ပ်က္မိေၾကာင္းျငင္းဆန္ေနေပမယ့္
ရင္ထဲက ဗေလာင္ဆူေနမႈေၾကာင့္
ထိုင္ေနရာက ထရပ္မိသည္အထိ
ကားေပၚက လူေတြက ကြက္ၾကည့္ကြက္ၾကည့္နဲ႔မို႔
႐ွက္လာရတာေၾကာင့္
မွတ္တိုင္မေရာက္ခင္ တစ္မွတ္တိုင္ေစာ၍ ဆင္းလာခဲ့သည္
ေျဖးေျဖးခ်င္း လမ္းေလ်ွာက္လာရင္း ေကာင္ငယ္ေလး
တစ္ခုခုျဖစ္ေနၿပီလားဟူသည့္ အေတြးတို႔က အျပည့္ ႀကီးစိုးထားျပန္သည္
ေဘးဘီကို ၾကည့္မိေတာ့
စာတိုက္ပံုးနားက ခပ္႐ွည္႐ွည္ အရိပ္တစ္ခု
"Justin ! မင္းလား "
ဘယ္ေလာက္ပဲ အျမင္ကတ္မိပါသည္ေျပာေျပာ စိုးရိမ္စိတ္ေၾကာင့္ ႏႈတ္က ေရရြတ္မိသည္အထိ
သို့ေသာ္ ထယ္ေယာင္းအား ထင္ေယာင္ထင္မွားျဖစ္ေစသည့္
ထိုအရိပ္ကား သစ္ပင္တစ္ပင္သာ ျဖစ္ေလသည္
သက္ျပင္းကိုသာ ထပ္မံခ်ရင္း တုန္ခါသြားတဲ့ ဖုန္းေၾကာင့္
အိတ္ကပ္ထဲမွ ထုတ္ကာ ၾကည့္ေနစဥ္
က်ေနာ့္အေပၚ ယိုင္ထိုးကာ ၿပိဳက်လာတဲ့ ခႏၶာကိုယ္ တစ္ခု
႐ုတ္တရပ္လန္႔သြားေၾကာင့္ အေျခအေနမဟန္တဲ့ ထိုလူ႔ကို
ေပြ႔ဖက္ထားရင္း ႏွစ္ေယာက္လံုးလဲက်မသြားေအာင္ ဟန္ခ်က္တို႔ကို ထိန္းထားမိေတာ့
က်ေနာ့္ေက်ာေပၚကို ျပန္လည္ ဖက္တြယ္လာတဲ့ ထိုသူ႔ရဲ႕လက္ေတြ
တုန္ရီေအးစက္ေနတဲ့ ခႏၶာကိုယ္ႏွင့္အတူ
အသက္႐ႈသံ ခပ္ယဲ့ယဲ့ေလးကိုသာ ၾကားရသည္
"Hyg...က်ေနာ့္ကို...
ဖြက္ ....ဖြက္ထားေပးပါ "
တိုးညႇင္းလြန္းတဲ့ အသံရဲ႕အဆံုးမွာ ထိူလူဟာ ထယ္ေယာင္းလက္ထဲမွ ေဘးဘက္သို႔ ျပဳတ္က်သြားခဲ့တယ္
"Justin!
Justin သတိထားပါဦး "
သတိေတာင္ မလည္ေတာ့တဲ့ Justin ကို လမ္းမေပၚမွာ
ဒီတိုင္းပစ္ထားခဲ့ရသည္အထိ ေတာ့ ထယ္ေယာင္း မရက္စက္ႏိုင္ပါ
႐ွိသမ်ွ အင္အားသံုးကာ သူ႔ကိုယ္လံုးႀကီးကို တြဲထူရင္း
စာေမးပြဲ ကာလအတြင္း ေအာင္းေနက် တိုက္ခန္းေလးသို႔ တြဲေခၚလာခဲ့သည္
ထိုျမင္ကြင္းကို အက်အန ေစာင့္ၾကည့္ေနသူ တစ္ေယာက္မွ
ဖုန္းကို ထုတ္ကာ
"Yoongi! သူ႔ကို ေကာင္ေလး ေခၚသြားၿပီ "
" OKay ဟိုေကာင္ေတြကို
သတ္ပစ္လိုက္ေတာ့ "
💛💛💛💛💛
💛💛
မနက္ပိုင္း jung kook ျပန္သြားၿပီးကထဲက
ကင္မ္ထယ္ေယာင္း ဟူသည့္ ေကာင္ငယ္ေလးအေၾကာင္း ထိုင္စဥ္းစားျဖစ္ျပန္သည္
" ကင္မ္ထယ္ေယာင္း...ကင္မ္ထယ္ေယာင္း
သူက တကယ္ပဲ ေဂ်ာင္ကုကို ေျပာင္းလဲေပးႏိုင္မယ္လို႔
ထင္လား "
ေအးတိေအးစက္ႏိုင္လြန္းေပမယ့္ ေန႔လည္ကမွ ေတြ႔ထားတဲ့ ေဂ်ာင္ကုပံုစံက မင္ယြန္းဂီကို စိတ္ပူေစျပန္တယ္
ေခါင္းမာလြန္းတဲ့ ညီအကိုႏွစ္ေယာက္ဟာ ထိပ္တိုက္လည္း
မေျဖ႐ွင္းၾကသလို ျပသနာအခ်ိဳ႕ကို လည္း ႏွစ္ခ်ိဳ႕ေအာင္ သိမ္းထားၾကဦးမည္ ထင္ရဲ႕
"Hyg ထယ္ေယာင္းဆိုတဲ့ ေကာင္ေလးကို
ဘယ္မွာ ႐ွာ ရမလည္း ဆိုတာ သိတယ္
လိုက္ပို႔ေပးရမလား "
........................
ေဆာ့ဂ်င္ရဲ႕ အကူအညီနဲ႔ အတူ
ထယ္ေယာင္းဆိုတဲ့ ေကာင္ေလးနဲ႔ ေကာ္ဖီဆိုင္ေလးမွာ ေတြ႔ဖို႔ ျဖစ္လာခဲ့တယ္
"မင္းက ထယ္ေယာင္းေပါ့ "
"ဟုတ္.. ဟုတ္ကဲ့
က်ေနာ္က ကင္မ္ထယ္ေယာင္းပါ "
အသံျသျသေလးနဲ႔ ျပန္ေျဖလာတဲ့ အေကာင္ေပါက္ေလး ဟာ
မင္ယြန္းဂီေ႐ွ႕မွာ မလႈပ္မ႐ွားနဲ႔ ၿငိမ္ၿငိမ္ေလးထိုင္ေနျပန္တယ္
"သူ ့ကို ဂ႐ုစိုက္ေပးပါ
ဒါ ငါ မင္းကို ေတာင္းဆိုေနတာပါ
ဘယ္သူ႔ကိုမွ ဒီလိုစကားမ်ိဳးေျပာဖူးတာ မဟုတ္ေပမယ့္
ေဂ်ာင္ကု ဆိုတဲ့ ေကာင္ေလးကို
ေက်းဇူးျပဳၿပီး ေစာင့္ေ႐ွာက္ေပးပါ "
"ေဂ်ာင္ဂု.. ?"
နားမလည္သလို အၾကည့္ေတြနဲ႔ ျပန္လည္ေမးခြန္းထုတ္လာတဲ့ ထယ္ေယာင္း
အာ...ဟုတ္သား ဒီေကာင္ေလး ဘာမွ မသိေသးဘူးကို
" ေဂ်ာင္ဂု မင္ေဂ်ာင္ဂု "
"ဗ်ာ! ... ဘယ္လို
သူက ခင္ဗ်ားနဲ႔ အာ.. CEO Min ရဲ႕ ညီ ေပါ့ "
" အင္း ဟုတ္တယ္ ငါ့ရဲ႕ တစ္ဦးထဲေသာ ညီေလးပဲ
သူ႔ဘက္က ဘာမွ ဖြင့္မေျပာမခ်င္း မင္းသူ႔ကို
Justin အျဖစ္သာ သိထားေပးပါ
ငါ့ရဲ႕ညီဆိုတာ မင္းကို
သိေစခ်င္ပံု မေပၚဘူး "
ေဂ်ာင္ကုကို ေပးထားတဲ့ ကတိကို အလြယ္တကူပဲ ခ်ိဳးဖ်က္ခဲ့ျပန္တယ္
ထားလိုက္ပါ အခုလည္း သူ က်ေနာ့္ကို စိတ္ဆိုးေနတာပဲ
ေလာေလာဆယ္ သူ႔ကို ကာကြယ္ႏိုင္ဖို႔က ပိုအေရးႀကီးသည္မလား
စကားထိုင္ေျပာလာတဲ့ တစ္ေလ်ာက္ ႐ုပ္တည္ႀကီးနဲ႔ ထိုင္ေနတဲ့ မင္ယြန္းဂီဟာ
ျပန္ခါနီးက် ထယ္ေယာင္းကို ေမးခြန္းတစ္ခု ထပ္ေမးခဲ့ျပန္တယ္
"ကင္မ္ထယ္ေယာင္း.. ငါက ေၾကာက္စရာေကာင္းလား "
"ဗ်ာ.. !
ေၾကာက္စရာေကာင္းတာထက္
CEO Min က ဟိတ္ဟန္ျကီးတဲ့ ပံုပါ "
ထယ္ေယာင္း ၏ အေျဖမွာ မင္ယြန္းဂီဟာ
တစ္ျခားသူတစ္ေယာက္လို ျပံဳးရီရင္း ေျမာက္ႂကြေျမာက္ႂကြ
ျပန္ထြက္သြားေလၿပီ
"ဟူး..... သူတိူ႔က တကယ့္ညီအကိုအရင္းေတြပါလား "
💛💛💛💛💛💛
💛💛💛
တိုက္တိုက္ဆိုင္ဆိုင္ ေန႔လည္ခင္းက justin တစ္ျဖစ္လဲ Jung Kook ၏ အကို ျဖစ္သူမွ သူ႔ညီေလးအား
မိမိထံတြင္ လာအပ္သြားသည္
အခုညေန ေက်ာင္းမွ ျပန္လာေတာ့ သူ႔ညီက အလဲအလဲ အကြဲကြဲ ျဖင့္
မိမိအိပ္ရာ ေပၚမွာ အခန္႔သား
မီးအလင္းေရာင္နဲ႔ မွ ေသခ်ာ ၾကည့္မိေတာ့
မ်က္ႏွာေပၚမွာ ပါ ဒဏ္ရာဒဏ္ခ်က္ေတြက ျမင္မေကာင္း
ဒဏ္ရာအ႐ွိန္ေၾကာင့္လည္း ခႏၶာကိုယ္က ပူက်စ္လို႔ေနေလသည္
ဘာလုပ္ရမွန္း မသိဘဲ
စမ္းတဝါးဝါးျဖစ္ေနသည့္ ထယ္ေယာင္းတစ္ေယာက္
ေန႔လည္က မင္ယြန္းဂီ ၏ စကားမ်ားအား ျပန္ၾကားေယာင္လိုက္
က်ေနာ့္ကို ဖြက္ထားေပးပါ ဟူေသာ ေဂ်ာင္ကု၏ စကားကို ၾကားလိုက္ႏွင့္ ႐ူးခ်င္လာသည္
ဒီေကာင္ေလး မဟုတ္တာေတြ လုပ္ထားလို႔
တစ္ေယာက္ေယာက္က လိုက္သတ္ေနတာလား
အဲ့ဒါေၾကာင့္ သူ႔ အကိုက လိုက္ကာကြယ္ေပးေနတာ
သူ႔အေတြးႏွင့္သူ အစိုးရိမ္လြန္ကာ ေဂ်ာင္ကု အနားယူေနတဲ့
ကုတင္ေဘးတြင္ ငုတ္တုပ္ထိုင္ခ်ရင္း အသံမထြက္ေအာင္
႐ိႈက္ငိုေနမိသည္
လက္႐ွိျပသနာကို ဘယ္လို ေျဖ႐ွင္းရမလည္း မသိတာေရာ
ကုတင္ေပၚက ကိုယ္ေတြ ပူက်စ္ေနတဲ့ ေကာင္ငယ္ေလးကိုေရာ
စိတ္ပူေနတာေၾကာင့္ ျဖစ္မည္ ထင္ရဲ႕
ထယ္ေယာင္းငိုေနတာေၾကာင့္ အိပ္ရာထက္မွ လူးလြန္႔လာတဲ့ ေဂ်ာင္ကု
"အဟြတ္.. အဟြတ္
Hyg.. ငို...ငိုေနတာလား... "
Justin၏ တိုးညႇင္းတဲ့ အသံၾကားမွ မ်က္ရည္ေတြကို ဖိသုတ္လိုက္ရင္း
"ငါက ရီေနရမွာလား
မင္းကလည္း အခု ဒဏ္ရာေတြနဲ႔ ကို
ငါမွ ဘာမွ မလုပ္တတ္တာ "
ကေလးဆန္တဲ့ hyg ရဲ႕ စကားသံေတြထဲ သူ႔ကို စိုးရိမ္ေနေၾကာင္းအေငြ႔အသက္ေတြ ျမင္မိေတာ့
စိတ္ခ်မ္းသာမိပါသည္
"မငိုနဲ႔.. က်ေနာ္ ...
ေျပာျပမယ္
ေဆးဆိုင္ကိုသြားၿပီး ကိ္ုယ္ပူက်ေဆးရယ္
အကိုက္အခဲေပ်ာက္ေဆးရယ္
ဝယ္လာေပး ၿပီး႐င္က်ေနာ့္ကို တိုက္ "
ေအာ္ ကင္မ္ထယ္ေယာင္းရယ္ ဒုကၡပါပဲ
လူမမာက ျပန္ၿပီး ဂ႐ုစိုက္ေပးပါလို႔ ေတာင္းပန္ေနရသလို
Justin၏ စကားၾကားမွ အေပၚအက်ႌ ေလး ဆြဲဝတ္ကာ
ေကာက္ကာ ငင္ကာနဲ႔ ထသြားကာ ေဆးသြားဝယ္ျပန္သည္
ထြက္မသြားခင္ အမွာစကားေႁခြသြားေသးသည္က
"Justin ငါ့.. ငါ့ကို ေစာင့္ေနဦးေနာ္ "
....................................
...............
ျပန္လာေတာ့ ေဆးေသာက္ဖို႔အတြက္ မုန္႔ေလးေတြပါ ဝယ္လာေပမယ့္
ေဆးလံုးေတြကိုသာ ေရနဲ႔ ေမ်ာခ်ရင္း ကုတင္ေပၚမွာ ၿငိမ္ၿငိမ္ေလး အနားယူေနေသာ Justin ကို ထပ္မေႏွာင့္ယွက္ခ်င္ေတာ့ေပ
ပံုမွန္ လူလတ္တန္းစားေတြ ေနတဲ့ တိုက္ခန္းျဖစ္တာေၾကာင့္ အခန္းက က်ဥ္းလြန္းလွသည္
Justin အိပ္ေနသည့္ ကုတင္ေဘးတြင္ ဂြမ္းေစာင္ေလးခင္းရင္း ထိုေနရာမွာသာ အိပ္ဖို႔ စိတ္ပိုင္းျဖတ္ရျပန္တယ္
"ေသာက္ေကာင္ႀကီး justin
ငါ့ကို အခုထိ လိုက္ေႏွာင့္ယွက္ေနတုန္း
ဘာတဲ့ သူ႔အကိုကလည္း
ေဂ်ာင္ဂု ေလးကို ေစာင့္ေ႐ွာက္ေပးပါနဲ႔
သူ႔ညီ အေကာင္က ေသးေသးေလးဆိုေတာ့
ဘာေတြ စိတ္မခ် ျဖစ္ေနလည္း မသိ "
ၾကမ္းျပင္မွာ အိပ္ရေသာေၾကာင့္ မေက်မနပ္ျဖစ္ရင္း ပြစိပြစိလုပ္ေနတဲ့ ထယ္ေယာင္းေလး
ထိုစဥ္ ကုတင္ေပၚမွ ဘုန္း ခနဲ ျပဳတ္က်လာတဲ့ ေဂ်ာင္ဂုရဲ႕ ဖိနပ္ႀကီး တစ္ဖက္
ေသာက္ေကာင္ႀကီး မင္ယြန္းဂီ !
"အမယ္ေလးဗ်ာ CEO မင္ေရ ေတာင္းပန္ပါတယ္
က်ေနာ္ မရည္ရြယ္ပါဘူး "
သူဒီတိုင္း ပစ္တင္ထားတဲ့ justin ဆီမွ ဖိနပ္ကြၽတ္က် လာျခင္း ျဖစ္သည္
အိပ္ေမာက်ေနတဲ့ justin အနားသြားကာ ဖိနပ္တို႔အား ေသခ်ာ ခြၽတ္ရင္း ဝမ္းဗိုက္အလယ္ထိ ေလ်ွာက်ေနတဲ့ ေစာင္ေလးကိုေတာင္ ေသခ်ာ ဖံုးဖိေပးခဲ့ပါေသးသည္
💛💛💛💛💛
💛💛💛
"Baby ေလးေရ "
အိမ္ထဲေတာင္ မေရာက္ေသးပဲ ခုႏွစ္ခ်ီအသံႀကီးနဲ႔ ေအာ္ေနတာ
ေစာန ဟိတ္ဟန္အျပည့္နဲ႔ CEO Min မွ ဟုတ္ပါ စ ေလ
"Baby ေလးေရ လို႔ "
"ဗ်ာ လို႔ "
တံခါးမႀကီးကို ဖြင့္လိုက္သည္ႏွင့္ ျမင္လိုက္ရတဲ့ ကေလးေလးရဲ႕ မ်က္ႏွာေၾကာင့္ တအံ တျသ ျဖစ္ရျပန္သည္
ခါတိုင္းဆို က်ေနာ္ကို ဘယ္လို စိတ္ပ်က္ေၾကာင္း ဘယ္လို မုန္းေၾကာင္းေျပာေနတဲ့ ကေလးေလးက အလုပ္က ျပန္လာတာကို ထြက္ႀကိဳေနတယ္ဆိုေတာ့ မင္ယြန္းဂီတို႔မ်ား
အိမ္မက္ မက္ ေနသလား..... ?
"ယြန္းဂီ.. ဒီမွာပဲ ရပ္ေနေတာ့မွာလား "
"....."
ယြန္းဂီ ဘာမွ ျပန္မေျဖမိပဲ ႐ိုး႐ိုး႐ွင္း႐ွင္း ႐ွပ္အက်ႌ အမဲေလးနဲ႔ ေတာင္ လွခ်င္တိုင္းလွေနတဲ့ ကေလးေလးကို ေငးၾကည့္ေနျပန္တယ္
"အဲ့တာဆိုလည္း ေနလိုက္ေတာ့ "
လူနဲ႔လိုက္သည့္ စိတ္ေလးနဲ႔ ေျခေဆာင့္ကာ အိမ္ထဲကို ျပန္ဝင္သြားခဲ့သည့္ ကေလးငယ္
အိပ္မက္က မႏိုးထရေအာင္ ေကာင္ငယ္ေလးေနာက္ အေျပးေလးလိုက္သြားေတာ့ ဧည့္ခန္းထဲမွာ
သေကာင့္သားက ဇိမ္က်ေနျပန္တယ္
မုန္႔စားေနတဲ့ ေကာင္ငယ္ေလးရဲ႕ မ်က္ႏွာလွလွေလးကို ေငးၾကည့္ျပန္ေတာ့လည္း ေပ်ာက္ကြယ္မသြား
ကိုယ့္အသားကိုယ္ျပန္ စိပ္ ၾကည့္ေတာ့လည္း နာ သည္
ထို႔ေၾကာင့္ ဒါက အိပ္မက္ မဟုတ္
ေကာင္ငယ္ေလးကို အတင္းဆြဲရင္ မ်က္ႏွာတစ္ဝိုု္က္ အသာနမ္းၾကည့္ေတာ့
"ေဘဘီ အရက္လည္း မေသာက္ထားပါဘူး "
"ဟာဗ်ာ... ဘာလည္း
က်ေနာ့္ကို မယံုဘူးလား "
မူရင္းပံုစံေလးအတိုင္း မ်က္ခံုးႏွစ္ဖက္ကို တြန္႔ခ်ိဳးရင္းေျပာလာတာေၾကာင့္ မင္ယြန္းဂီဟာ ပ်ာပ်ာသလဲ ေတာင္းပန္ရျပန္တယ္
"မဟုတ္ပါဘူး... ယံုတယ္
မင္းကို အျပည့္အဝကို ယံုၾကည္ထားတယ္ "
ထိုအခါမွ တျဖည္းျဖည္းေျပေလ်ာ့လာတဲ့ မ်က္ခံုးသြယ္သြယ္ေလး
လစ္ခနဲ ျဖစ္သြားရတဲ့ အခိုက္အတန္႔နဲ႔အတူ ညာဘက္
ပါးျပင္ေပၚမွာလည္း ေႏြးခနဲ ခံစားမိလိုက္သည္
ေကာင္ငယ္ေလးဘက္မွ ပထမဦးဆံုးအႀကိမ္း အနမ္းေပးလုိုု္က္ျခင္းျဖစ္၏
ထို႔ေနာက္ လက္ႏွစ္ဖက္ကို ေဘးသို့ ဆန္႔တန္းရင္း
"ယြန္းဂီ! "
အေရာင္တလက္လက္ေတာက္ပေနတဲ့ မ်က္လံုးေလးေတြနဲ႔အတူ အနည္းငယ္ စူ ထားတဲ့ ႏႈတ္ခမ္းရဲရဲေလးနဲ႔ ရင္ခြင္ထဲ ဝင္ခဲ့ဖို႔ ဖိတ္ေခၚေနတာ
မေန႔ကအထိ ဂ်စ္ကန္ကန္လုပ္ခဲ့တဲ့ ေကာင္ေလးဂ်ီမင္က တစ္ေယာက္ထဲ ျဖစ္ေၾကာင္းမင္ယြန္းဂီ ပင္ မယံုႏိုင္
ႏွစ္ခါျပန္မရႏိုင္မယ့္ အခြင့္အေရးမို႔
အေ႐ွ႕ု အေကာင္ေပါက္ရင္ခြင္ထဲ တိုးဝင္မိသည္
" မလုပ္နဲ႔ ေတာ့
ဘာအကြက္မွ ထပ္ၿပီး မထုတ္နဲ႔ေတာ့
မဟုတ္ရင္ ကိုယ့္ရင္ဘတ္ႀကီးပါ ေပါက္ထြက္လာေတာ့မယ္ "
မင္ယြန္းဂီရဲ႕ စကားကို တခိခိျဖင္႔ သေဘာက်စြာ ရီေလသည္
"မရပါဘူး ထပ္လုပ္ဦးမွာ
ခင္ဗ်ားပဲ ေျပာၿပီးေတာ့
ခင္ဗ်ားရဲ့ေကာင္ေလး လုပ္ဆို "
ဒီေန႔မွ ထူးထူးဆန္းဆန္းေတြခ်ည္း လုပ္ေနတဲ့ ဂ်ီမင္ေၾကာင့္
စိတ္မသက္မသာ ျဖစ္မိသည္က အမွန္ပင္
"ေက်းဇူးတင္ပါတယ္
ကိုယ့္အေပၚ ဒီလိုေလးျပဳမူေပးလို႔ "
"မလိုပါဘူး
က်ေနာ္က က်ေနာ့္အလုပ္ကို ေက်ပြန္ေအာင္လုပ္ေနတာပါ
ခင္ဗ်ားရဲ႕ေကာင္ေလး အျဖစ္ေလ... ဟက္ "
ေပါ့ေပါ့ပါးပါး နဲ႔ ရီရီေမာေမာေျပာလာတဲ့ ေလယူေလသိမ္းမွာ
လက္႐ွိအေျခအေနကို သေဘာေပါက္သြားသလို
ေကာင္ငယ္ေလးက က်ေနာ့္ရဲ႕ အခ်စ္ေတြကိုေတာင္ အလုပ္သေဘာအရဆိုတဲ့ စကားတစ္ခြန္းနဲ႔ စည္းတား ထားသလို
သူ တကယ္ပဲ က်ေနာ့္ကို အလုပ္သေဘာအရဆိုၿပီး
ေတြးထင္ေနတာလား
တကယ္ပဲ ေကာင္ငယ္ေလး႐ုတ္တရပ္ ေျပာင္းလဲ သြားတာက ဘာေၾကာင့္မ်ားလဲ..... ?
💛💛💛💛💛💛💛
💛💛💛
"အေမွာင္ထဲမွာ ပိတ္မိေနခဲ့တာ
ထိုသူ႔ရဲ႕ နာမည္ကို ေအာ္ေခၚေနေပမယ့္ တစ္ခ်က္ေလးေတာင္ လွည့္မၾကည့္
ကူညီေပးဖို႔ ေတာင္းပန္ခဲ့ေပမယ့္ ထိုသူဟာ
တံခါးကို အတင္းဖိ ပိတ္ခဲ့တယ္
ေအာ္ဟစ္ အကူအညီေတာင္းေပမယ့္ ဘယ္သူ႔မွ ေရာက္မလာခဲ့ဘူး
ေမွာင္မိုက္လြန္းတယ္ အသက္႐ႈရၾကပ္လာတယ္
က်ေနာ္ ေၾကာက္လြန္းလို႔ ႏႈတ္ခမ္းေတြေတာင္ တုန္ရီေနၿပီ "
ထိတ္လန္႔စရာေကာင္းလြန္းတဲ့ အိပ္မက္ဆိုးေၾကာင့္
ထ ထိုင္မိေတာ့ ေန႔လည္က အကန္ခံ ထိုးႏွက္ခံရလာတဲ့ ဝမ္းဗိုက္ ဒဏ္ရာေတြ စူး ခနဲ
အထီးက်န္လြန္းတဲ့ အိပ္ရာေပၚမွာ ဆက္အိပ္ဖို႔ မျဖစ္ႏိုင္တာေၾကာင့္ ေဘးဘီကို ၾကည့္မိေတာ့
က်ေနာ့္ရဲ႕ ျမတ္ႏိုးရာေလးဟာ ၾကမ္းျပင္မွာ ဂြမ္းေစာင္အပါးေလးကို ခင္းကာ ေခါင္းအံုးမပါ ေစာင္မပါနဲ႔ ေကြးေကြးေလး အိပ္ေနျပန္တယ္
ေစာင္ကိုပါ တစ္ပါထဲ ဆြဲခ်ရင္း ကုတင္ေဘးကို ေျဖးေျဖး ခ်င္း လွိမ့္ဆင္းမိေတာ့ တစ္ကိုယ္လံုးမွာ ႐ွိသမ်ွ ဒဏ္ရာေတြက
မ်က္ရည္ က်ေလာက္ရသည္အထိ စူးနင့္ေနခဲ့ျပန္တယ္
ေအာက္ဘက္သို႔ ဘုတ္ခနဲ က် လာတဲ့ ့႐ွိန္ေၾကာင့္ ေအာ္ညည္း ခ်င္ေပမယ့္ အိပ္ေမာက်ေနတဲ့ hyg ႏိုးသြားမွာကို စိုးရိမ္လို႔ လက္ခံုကို သာ ဖိကိုက္ထားရျပန္တယ္
အခုထက္ထိ နည္းနည္းေလးမွ လႈပ္မလာတဲ့ hyg ရင္ခြင္ထဲ တိုးဝင္ရင္း သူ႔ မ်က္ႏွာေခ်ာေခ်ာေလးကိုသာ
အိပ္မေပ်ာ္ခင္အခ်ိန္ထိ တစ္ခ်ိန္လံုး ေငးၾကည့္ေနမိခဲ့သည္
"Hyg က က်ေနာ့္ အပိုင္ "
...........................
.............
To Be Continued >>
MEOW
//မသိမသာေလး rest ေနတာကို cmt ေတြ အမ်ားႀကီးနဲ႔ အားတက္ေအာင္လုပ္ေပးသြားတဲ့ သဲငယ္ေလးေၾကာင့္
လာ up ျဖစ္သြားျပန္သည္ //
💛 Uni Code 💛
ချစ်ခြင်းမေတ္တာတွေအကြောင်း သီဖွဲ့ထားသည် ဆိုပေမယ့်
ဘယ်သူက ဘယ်လိုအချစ်မျိုးနဲ့ ဆက်ချစ်သွားနိုင်မှာလည်း
တစ်ယောက်နဲ့ တစ်ယောက်နားလည်မှု ပေးလိုက်နိုင်တာနဲ့
သာယာဖြောင့်ဖြူးသွားမယ်လို့ ထင်လား.. ?
No ပါ
Title က CRIMINAL - s
အင်း...ပြစ်မှုတွေ အများကြီး....
အခုထက်ထိ ပြစ်မှုတွေက ပေါ်မလာသေးဘူးဆိုတော့
ဇာတ်လမ်းကို အခုဘဲ စတင်လိုက်ကြရအောင်
◾◾◾◾◾◾
CRIMINAL - s
◾◾◾◾◾◾
"Min Jung Kook
မတွေ့တာ တောင် ကြာပြီ "
"ဟက်... စိတ်မပါလိုက်တာ "
မင်ယွန်းဂီ၏အပြောကို ခြေထောက်တစ်ဖက် ချိတ်ထိုင်ရင်း
ဘုဆတ်ဆတ် ပြန်ပြောနေသည်က
Justin တစ်ဖြစ်လဲ Min Jung Kook
"OK လေ
မင်းစောက်ချိုးတွေက နည်းနည်းလေးမှ မပြောင်းလဲသေးဘူး
ငါ ဒဲ့ ပဲ ပြောတော့မယ်
Jimin ရဲ့ ခေါင်းကို ရိုက်တာ မင်းလား "
"ကင်မ်ထယ်ယောင်းကို ထိရင်တော့
ဘယ်ကောင်မဆို သတ်ပစ်မှာပဲ
ဒါက Warning အဆင့်ပဲ ရှိသေးတာ "
လူတစ်ယောက်ကြောင့် ကြောက်လန့်ဖို့ကောင်းတဲ့အထိ ပြောင်းလဲသွားတဲ့ ညီဖြစ်သူကို အံ သြ မိသည်
ဒီကောင်လေးဆိုးသွမ်းသွားသည်က သူ့ပရောဂ မကင်းပေမယ့် အခုချိန်မှာတော့ မင်ယွန်းဂီဟာ ဂျောင်ကုအတွက်
ဘာအကူအညီမှ ပေးနိုင်မည့် ပုံ မပေါ်ပေ
ဂျောင်ကုဟာ
ဖွာလန်နေတဲ့ ဆံပင်တွေကို တစ်ချက် တစ်ချက် လှန်တင်ရင်း
အမေးစကားကို ဆိုပြန်တယ်
" ဂျီမင်ဆိုတဲ့ကောင်က
ခင်ဗျားနဲ့ "
" မင်းထက်ကြီးတယ် စကားပြောဆင်ခြင်ပါ
Jimin hyg လို့ပြန်ပြင်ပြော "
"..ကျစ်...ထားဗျာ
အဲ့..လူ... "
"Ji ! Min! hyg! "
မင်ယွန်းဂီဟာ ဂျောင်ကုအား သူ၏ အမည်နာမကိုသာ
ပြောချင်သလိုပြောခွင့် ပေးထားပေမယ့်
ကလေးငယ်နဲ့ ပတ်သက်လာရင် အမည်နာမက အစ
နည်းနည်းလေးမှ စကားအမှားမခံတာက
စောက်မြင်ကတ်စရာ အတိ
ပေကပ်ကပ်နိုင်လွန်းတဲ့ ဂျောင်ကုက ပင် အရှုံးပေးလိုက်ရင်း
"Jimin hyg နဲ့
ခင်ဗျားနဲ့ က ဘယ်လိုပတ်သက်တာလည်း "
"မကြာခင်မှာ ငါလက်ထပ်ယူမယ့် ကောင်လေး
အဲ့တာကြောင့် မင်းထပ်မရှုပ်ရင်ကောင်းမယ် "
အခုဆိုရင် ကင်ထယ်ယောင်း တစ်ပါတ်ရိုက်သွားမှန်း ကောင်းကောင်းကြီး သဘောပေါက်သွားပြီမို့
"ကောင်းပြီ ဒါဆို ကျနော်လည်း တောင်းဆိုမယ် "
💛💛💛💛
💛💛
"ကျနော်က သေတော့မယ့်လူလား "
ဆေးရုံကပင်ဆင်းလို့ အိမ်ပြန်ရောက်တာပင်
တစ်ပါတ်ကျော်နေပြီ
အခုထိ ကလေးတစ်ယောက်လိုဆက်ဆံခံနေရတုန်း
အခုလည်း ကြည့် ထမင်းကို ခွံ ့ကျွေးနေတာ
ဒီအတိုင်းထားခဲ့ရင် ကျနော်က နည်းနည်းလေးတောင်
မထိပေ
ဘာကြောင့်လည်းဆိုတော့ ခေါင်းက အနာပြန်ကျက်သွားတာတောင် တစ်ပါတ် တိတိ အခန်းထဲမှ ပေးမထွက်သောကြောင့် ပင် ဖြစ်သည်
"ဘေဘီရာ ကိုယ့်လက်တွေ
ညောင်းလာပြီလို့ "
ထမင်းပန်းကန်ကြီး ကိုင်ကာ အနားကနေ ဆူဆူညံညံ နဲ့ အပိုအလုပ်တွေ လုပ်နေတဲ့ လူကြီးကို တကယ်ပင်မုန်းမိပါသည်
...........................
...............
ဒီရက်ပိုင်း တစ်ခုခုကို လွမ်းမိနေသလိုလို
တစ်စုံတစ်ခုကပဲ လစ်ဟာသွားသလိုလိုနဲ့
ဧကန္တ သွေးစုတ်ဖုတ်ကောင်လို အမြဲလိုက်ကပ်နေတတ်တဲ့
Justin ကို သတိ ရ မိနေတာ
ဟာ..မဖြစ်နိုင်ပါဘူး သူကြောင့်နဲ့ဆို
အမြဲ စိတ်ညစ်ရတာကြီး
အင်းလေ မကောငိးတဲ့အတွေးအနေနဲ့ ကြည့်ရင်
အခုလိုကျတော့လည်း လစ်ဟာမှုဖြစ်နေတာပေါ့
တိုက်တိုက်ဆိုင်ဆိုင် တစ်ဦးထဲ ရှိသည့် သူငယ်ချင်း ဂျီမင်ကလည်း ဒဏ်ရာကြောင့်ထင်ရဲ့ ပေါ်မလာတာ တစ်ပါတ်တောင် ရှိပြီ
သူ့ကို အားနာမိပါသည်
ကိုယ့်အရှုပ်ထုတ်တွေကြားခေါ်သွင်းမိခဲ့လို့
အဆက်အသွယ်တောင်မလုပ်တဲ့ သွေးအေးလွန်းတဲ့ ပုလုံးကောင်ကို
နေကောင်းရဲ့လား သတင်းမေးချင်ပေမယ့်
ဟိုးတစ်နေ့က အမည်းရောင်ဝတ်စုံနဲ့လူကြောင့်
ကြောက်လန့်နေမိပြန်သည်
ပျင်းရိလေးလံစွာနဲ့ ကားဂိတ်သို့ လျှောက်လှမ်းလာရင်း
ထိုကောင်လေး အမြဲလိုလို ရပ်စောင့်နေကျ ထိုင်ခုံနောက်ဖက်လေးကိုတောင် မသိစိတ်က ငေးကြည့်မိသေးတာ
သက်ပြင်းရှည်ကြီး ချရင်း
အဆင်သင့်ထိုးရပ်လာတဲ့ bus ကားပေါ်ကို သာ တက်လာခဲ့တယ်
တစ်ခါတစ်လေ ဆို ကားပေါ်ရောက်မှ ကိုယ်ယောင်ပြလေ့ရှိတဲ့ ကောင်လေး
အမြဲလိုလို တွယ်ကပ်နေတတ်ပေမယ့် အခုလိူ ရက်သတ္တပါတ် ကြာတဲ့အထိ
အစအန ရှာ မရဘူးဆိုတော့ စိတ်ထဲ မတင်မကျ ဖြစ်နေပြန်တယ်
နဂိုက ခပ်ဆိုးဆိုးတေလေဂျပိုးလေးဆိုတော့
မလုပ်သင့်တာတွေ လုပ်မိရင်း သူတစ်ပါးရဲ့ မကောင်းကြံခံနေရတာတော့ မဖြစ်နိုင်ပါဘူးနော်
ဦးနှောက်ကသာ ကောင််ငယ်လေးကို စိတ်ပျက်မိကြောင်းငြင်းဆန်နေပေမယ့်
ရင်ထဲက ဗလောင်ဆူနေမှုကြောင့်
ထိုင်နေရာက ထရပ်မိသည်အထိ
ကားပေါ်က လူတွေက ကွက်ကြည့်ကွက်ကြည့်နဲ့မို့
ရှက်လာရတာကြောင့်
မှတ်တိုင်မရောက်ခင် တစ်မှတ်တိုင်စော၍ ဆင်းလာခဲ့သည်
ဖြေးဖြေးချင်း လမ်းလျှောက်လာရင်း ကောင်ငယ်လေး
တစ်ခုခုဖြစ်နေပြီလားဟူသည့် အတွေးတို့က အပြည့် ကြီးစိုးထားပြန်သည်
ဘေးဘီကို ကြည့်မိတော့
စာတိုက်ပုံးနားက ခပ်ရှည်ရှည် အရိပ်တစ်ခု
"Justin ! မင်းလား "
ဘယ်လောက်ပဲ အမြင်ကတ်မိပါသည်ပြောပြော စိုးရိမ်စိတ်ကြောင့် နှုတ်က ရေရွတ်မိသည်အထိ
သို့သော် ထယ်ယောင်းအား ထင်ယောင်ထင်မှားဖြစ်စေသည့်
ထိုအရိပ်ကား သစ်ပင်တစ်ပင်သာ ဖြစ်လေသည်
သက်ပြင်းကိုသာ ထပ်မံချရင်း တုန်ခါသွားတဲ့ ဖုန်းကြောင့်
အိတ်ကပ်ထဲမှ ထုတ်ကာ ကြည့်နေစဉ်
ကျနော့်အပေါ် ယိုင်ထိုးကာ ပြိုကျလာတဲ့ ခန္ဓာကိုယ် တစ်ခု
ရုတ်တရပ်လန့်သွားကြောင့် အခြေအနေမဟန်တဲ့ ထိုလူ့ကို
ပွေ့ဖက်ထားရင်း နှစ်ယောက်လုံးလဲကျမသွားအောင် ဟန်ချက်တို့ကို ထိန်းထားမိတော့
ကျနော့်ကျောပေါ်ကို ပြန်လည် ဖက်တွယ်လာတဲ့ ထိုသူ့ရဲ့လက်တွေ
တုန်ရီအေးစက်နေတဲ့ ခန္ဓာကိုယ်နှင့်အတူ
အသက်ရှုသံ ခပ်ယဲ့ယဲ့လေးကိုသာ ကြားရသည်
"Hyg...ကျနော့်ကို...
ဖွက် ....ဖွက်ထားပေးပါ "
တိုးညှင်းလွန်းတဲ့ အသံရဲ့အဆုံးမှာ ထိူလူဟာ ထယ်ယောင်းလက်ထဲမှ ဘေးဘက်သို့ ပြုတ်ကျသွားခဲ့တယ်
"Justin!
Justin သတိထားပါဦး "
သတိတောင် မလည်တော့တဲ့ Justin ကို လမ်းမပေါ်မှာ
ဒီတိုင်းပစ်ထားခဲ့ရသည်အထိ တော့ ထယ်ယောင်း မရက်စက်နိုင်ပါ
ရှိသမျှ အင်အားသုံးကာ သူ့ကိုယ်လုံးကြီးကို တွဲထူရင်း
စာမေးပွဲ ကာလအတွင်း အောင်းနေကျ တိုက်ခန်းလေးသို့ တွဲခေါ်လာခဲ့သည်
ထိုမြင်ကွင်းကို အကျအန စောင့်ကြည့်နေသူ တစ်ယောက်မှ
ဖုန်းကို ထုတ်ကာ
"Yoongi! သူ့ကို ကောင်လေး ခေါ်သွားပြီ "
" OKay ဟိုကောင်တွေကို
သတ်ပစ်လိုက်တော့ "
💛💛💛💛💛
💛💛
မနက်ပိုင်း jung kook ပြန်သွားပြီးကထဲက
ကင်မ်ထယ်ယောင်း ဟူသည့် ကောင်ငယ်လေးအကြောင်း ထိုင်စဉ်းစားဖြစ်ပြန်သည်
" ကင်မ်ထယ်ယောင်း...ကင်မ်ထယ်ယောင်း
သူက တကယ်ပဲ ဂျောင်ကုကို ပြောင်းလဲပေးနိုင်မယ်လို့
ထင်လား "
အေးတိအေးစက်နိုင်လွန်းပေမယ့် နေ့လည်ကမှ တွေ့ထားတဲ့ ဂျောင်ကုပုံစံက မင်ယွန်းဂီကို စိတ်ပူစေပြန်တယ်
ခေါင်းမာလွန်းတဲ့ ညီအကိုနှစ်ယောက်ဟာ ထိပ်တိုက်လည်း
မဖြေရှင်းကြသလို ပြသနာအချို့ကို လည်း နှစ်ချို့အောင် သိမ်းထားကြဦးမည် ထင်ရဲ့
"Hyg ထယ်ယောင်းဆိုတဲ့ ကောင်လေးကို
ဘယ်မှာ ရှာ ရမလည်း ဆိုတာ သိတယ်
လိုက်ပို့ပေးရမလား "
........................
..............
ဆော့ဂျင်ရဲ့ အကူအညီနဲ့ အတူ
ထယ်ယောင်းဆိုတဲ့ ကောင်လေးနဲ့ ကော်ဖီဆိုင်လေးမှာ တွေ့ဖို့ ဖြစ်လာခဲ့တယ်
"မင်းက ထယ်ယောင်းပေါ့ "
"ဟုတ်.. ဟုတ်ကဲ့
ကျနော်က ကင်မ်ထယ်ယောင်းပါ "
အသံသြသြလေးနဲ့ ပြန်ဖြေလာတဲ့ အကောင်ပေါက်လေး ဟာ
မင်ယွန်းဂီရှေ့မှာ မလှုပ်မရှားနဲ့ ငြိမ်ငြိမ်လေးထိုင်နေပြန်တယ်
"သူ ့ကို ဂရုစိုက်ပေးပါ
ဒါ ငါ မင်းကို တောင်းဆိုနေတာပါ
ဘယ်သူ့ကိုမှ ဒီလိုစကားမျိုးပြောဖူးတာ မဟုတ်ပေမယ့်
ဂျောင်ကု ဆိုတဲ့ ကောင်လေးကို
ကျေးဇူးပြုပြီး စောင့်ရှောက်ပေးပါ "
"ဂျောင်ကု.. ?"
နားမလည်သလို အကြည့်တွေနဲ့ ပြန်လည်မေးခွန်းထုတ်လာတဲ့ ထယ်ယောင်း
အာ...ဟုတ်သား ဒီကောင်လေး ဘာမှ မသိသေးဘူးကို
" ဂျောင်ဂု မင်ဂျောင်ဂု "
"ဗျာ! ... ဘယ်လို
သူက ခင်ဗျားနဲ့ အာ.. CEO Min ရဲ့ ညီ ပေါ့ "
" အင်း ဟုတ်တယ် ငါ့ရဲ့ တစ်ဦးထဲသော ညီလေးပဲ
သူ့ဘက်က ဘာမှ ဖွင့်မပြောမချင်း မင်းသူ့ကို
Justin အဖြစ်သာ သိထားပေးပါ
ငါ့ရဲ့ညီဆိုတာ မင်းကို
သိစေချင်ပုံ မပေါ်ဘူး "
ဂျောင်ကုကို ပေးထားတဲ့ ကတိကို အလွယ်တကူပဲ ချိုးဖျက်ခဲ့ပြန်တယ်
ထားလိုက်ပါ အခုလည်း သူ ကျနော့်ကို စိတ်ဆိုးနေတာပဲ
လောလောဆယ် သူ့ကို ကာကွယ်နိုင်ဖို့က ပိုအရေးကြီးသည်မလား
စကားထိုင်ပြောလာတဲ့ တစ်လျောက် ရုပ်တည်ကြီးနဲ့ ထိုင်နေတဲ့ မင်ယွန်းဂီဟာ
ပြန်ခါနီးကျ ထယ်ယောင်းကို မေးခွန်းတစ်ခု ထပ်မေးခဲ့ပြန်တယ်
"ကင်မ်ထယ်ယောင်း.. ငါက ကြောက်စရာကောင်းလား "
"ဗျာ.. !
ကြောက်စရာကောင်းတာထက်
CEO Min က ဟိတ်ဟန်ကြီးတဲ့ ပုံပါ "
ထယ်ယောင်း ၏ အဖြေမှာ မင်ယွန်းဂီဟာ
တစ်ခြားသူတစ်ယောက်လို ပြုံးရီရင်း မြောက်ကြွမြောက်ကြွ
ပြန်ထွက်သွားလေပြီ
"ဟူး..... သူတိူ့က တကယ့်ညီအကိုအရင်းတွေပါလား "
💛💛💛💛💛💛
💛💛💛
တိုက်တိုက်ဆိုင်ဆိုင် နေ့လည်ခင်းက justin တစ်ဖြစ်လဲ Jung Kook ၏ အကို ဖြစ်သူမှ သူ့ညီလေးအား
မိမိထံတွင် လာအပ်သွားသည်
အခုညနေ ကျောင်းမှ ပြန်လာတော့ သူ့ညီက အလဲအလဲ အကွဲကွဲ ဖြင့်
မိမိအိပ်ရာ ပေါ်မှာ အခန့်သား
မီးအလင်းရောင်နဲ့ မှ သေချာ ကြည့်မိတော့
မျက်နှာပေါ်မှာ ပါ ဒဏ်ရာဒဏ်ချက်တွေက မြင်မကောင်း
ဒဏ်ရာအရှိန်ကြောင့်လည်း ခန္ဓာကိုယ်က ပူကျစ်လို့နေလေသည်
ဘာလုပ်ရမှန်း မသိဘဲ
စမ်းတဝါးဝါးဖြစ်နေသည့် ထယ်ယောင်းတစ်ယောက်
နေ့လည်က မင်ယွန်းဂီ ၏ စကားများအား ပြန်ကြားယောင်လိုက်
ကျနော့်ကို ဖွက်ထားပေးပါ ဟူသော ဂျောင်ကု၏ စကားကို ကြားလိုက်နှင့် ရူးချင်လာသည်
ဒီကောင်လေး မဟုတ်တာတွေ လုပ်ထားလို့
တစ်ယောက်ယောက်က လိုက်သတ်နေတာလား
အဲ့ဒါကြောင့် သူ့ အကိုက လိုက်ကာကွယ်ပေးနေတာ
သူ့အတွေးနှင့်သူ အစိုးရိမ်လွန်ကာ ဂျောင်ကု အနားယူနေတဲ့
ကုတင်ဘေးတွင် ငုတ်တုပ်ထိုင်ချရင်း အသံမထွက်အောင်
ရှိုက်ငိုနေမိသည်
လက်ရှိပြသနာကို ဘယ်လို ဖြေရှင်းရမလည်း မသိတာရော
ကုတင်ပေါ်က ကိုယ်တွေ ပူကျစ်နေတဲ့ ကောင်ငယ်လေးကိုရော
စိတ်ပူနေတာကြောင့် ဖြစ်မည် ထင်ရဲ့
ထယ်ယောင်းငိုနေတာကြောင့် အိပ်ရာထက်မှ လူးလွန့်လာတဲ့ ဂျောင်ကု
"အဟွတ်.. အဟွတ်
Hyg.. ငို...ငိုနေတာလား... "
Justin၏ တိုးညှင်းတဲ့ အသံကြားမှ မျက်ရည်တွေကို ဖိသုတ်လိုက်ရင်း
"ငါက ရီနေရမှာလား
မင်းကလည်း အခု ဒဏ်ရာတွေနဲ့ ကို
ငါမှ ဘာမှ မလုပ်တတ်တာ "
ကလေးဆန်တဲ့ hyg ရဲ့ စကားသံတွေထဲ သူ့ကို စိုးရိမ်နေကြောင်းအငွေ့အသက်တွေ မြင်မိတော့
စိတ်ချမ်းသာမိပါသည်
"မငိုနဲ့.. ကျနော် ...
ပြောပြမယ်
ဆေးဆိုင်ကိုသွားပြီး ကိ်ုယ်ပူကျဆေးရယ်
အကိုက်အခဲပျောက်ဆေးရယ်
ဝယ်လာပေး ပြီးရင်ကျနော့်ကို တိုက် "
အော် ကင်မ်ထယ်ယောင်းရယ် ဒုက္ခပါပဲ
လူမမာက ပြန်ပြီး ဂရုစိုက်ပေးပါလို့ တောင်းပန်နေရသလို
Justin၏ စကားကြားမှ အပေါ်အကျႌ လေး ဆွဲဝတ်ကာ
ကောက်ကာ ငင်ကာနဲ့ ထသွားကာ ဆေးသွားဝယ်ပြန်သည်
ထွက်မသွားခင် အမှာစကားခြွေသွားသေးသည်က
"Justin ငါ့.. ငါ့ကို စောင့်နေဦးနော် "
....................................
...............
ပြန်လာတော့ ဆေးသောက်ဖို့အတွက် မုန့်လေးတွေပါ ဝယ်လာပေမယ့်
ဆေးလုံးတွေကိုသာ ရေနဲ့ မျောချရင်း ကုတင်ပေါ်မှာ ငြိမ်ငြိမ်လေး အနားယူနေသော Justin ကို ထပ်မနှောင့်ယှက်ချင်တော့ပေ
ပုံမှန် လူလတ်တန်းစားတွေ နေတဲ့ တိုက်ခန်းဖြစ်တာကြောင့် အခန်းက ကျဉ်းလွန်းလှသည်
Justin အိပ်နေသည့် ကုတင်ဘေးတွင် ဂွမ်းစောင်လေးခင်းရင်း ထိုနေရာမှာသာ အိပ်ဖို့ စိတ်ပိုင်းဖြတ်ရပြန်တယ်
"သောက်ကောင်ကြီး justin
ငါ့ကို အခုထိ လိုက်နှောင့်ယှက်နေတုန်း
ဘာတဲ့ သူ့အကိုကလည်း
ဂျောင်ဂု လေးကို စောင့်ရှောက်ပေးပါနဲ့
သူ့ညီ အကောင်က သေးသေးလေးဆိုတော့
ဘာတွေ စိတ်မချ ဖြစ်နေလည်း မသိ "
ကြမ်းပြင်မှာ အိပ်ရသောကြောင့် မကျေမနပ်ဖြစ်ရင်း ပွစိပွစိလုပ်နေတဲ့ ထယ်ယောင်းလေး
ထိုစဉ် ကုတင်ပေါ်မှ ဘုန်း ခနဲ ပြုတ်ကျလာတဲ့ ဂျောင်ဂုရဲ့ ဖိနပ်ကြီး တစ်ဖက်
သောက်ကောင်ကြီး မင်ယွန်းဂီ !
"အမယ်လေးဗျာ CEO မင်ရေ တောင်းပန်ပါတယ်
ကျနော် မရည်ရွယ်ပါဘူး "
သူဒီတိုင်း ပစ်တင်ထားတဲ့ justin ဆီမှ ဖိနပ်ကျွတ်ကျ လာခြင်း ဖြစ်သည်
အိပ်မောကျနေတဲ့ justin အနားသွားကာ ဖိနပ်တို့အား သေချာ ချွတ်ရင်း ဝမ်းဗိုက်အလယ်ထိ လျှောကျနေတဲ့ စောင်လေးကိုတောင် သေချာ ဖုံးဖိပေးခဲ့ပါသေးသည်
💛💛💛💛💛
💛💛💛
"Baby လေးရေ "
အိမ်ထဲတောင် မရောက်သေးပဲ ခုနှစ်ချီအသံကြီးနဲ့ အော်နေတာ
စောန ဟိတ်ဟန်အပြည့်နဲ့ CEO Min မှ ဟုတ်ပါ စ လေ
"Baby လေးရေ လို့ "
"ဗျာ လို့ "
တံခါးမကြီးကို ဖွင့်လိုက်သည်နှင့် မြင်လိုက်ရတဲ့ ကလေးလေးရဲ့ မျက်နှာကြောင့် တအံ တသြ ဖြစ်ရပြန်သည်
ခါတိုင်းဆို ကျနော်ကို ဘယ်လို စိတ်ပျက်ကြောင်း ဘယ်လို မုန်းကြောင်းပြောနေတဲ့ ကလေးလေးက အလုပ်က ပြန်လာတာကို ထွက်ကြိုနေတယ်ဆိုတော့ မင်ယွန်းဂီတို့များ
အိမ်မက် မက် နေသလား..... ?
"ယွန်းဂီ.. ဒီမှာပဲ ရပ်နေတော့မှာလား "
"....."
ယွန်းဂီ ဘာမှ ပြန်မဖြေမိပဲ ရိုးရိုးရှင်းရှင်း ရှပ်အကျႌ အမဲလေးနဲ့ တောင် လှချင်တိုင်းလှနေတဲ့ ကလေးလေးကို ငေးကြည့်နေပြန်တယ်
"အဲ့တာဆိုလည်း နေလိုက်တော့ "
လူနဲ့လိုက်သည့် စိတ်လေးနဲ့ ခြေဆောင့်ကာ အိမ်ထဲကို ပြန်ဝင်သွားခဲ့သည့် ကလေးငယ်
အိပ်မက်က မနိုးထရအောင် ကောင်ငယ်လေးနောက် အပြေးလေးလိုက်သွားတော့ ဧည့်ခန်းထဲမှာ
သကောင့်သားက ဇိမ်ကျနေပြန်တယ်
မုန့်စားနေတဲ့ ကောင်ငယ်လေးရဲ့ မျက်နှာလှလှလေးကို ငေးကြည့်ပြန်တော့လည်း ပျောက်ကွယ်မသွား
ကိုယ့်အသားကိုယ်ပြန် စိပ် ကြည့်တော့လည်း နာ သည်
ထို့ကြောင့် ဒါက အိပ်မက် မဟုတ်
ကောင်ငယ်လေးကို အတင်းဆွဲရင် မျက်နှာတစ်ဝို်က် အသာနမ်းကြည့်တော့
"ဘေဘီ အရက်လည်း မသောက်ထားပါဘူး "
"ဟာဗျာ... ဘာလည်း
ကျနော့်ကို မယုံဘူးလား "
မူရင်းပုံစံလေးအတိုင်း မျက်ခုံးနှစ်ဖက်ကို တွန့်ချိုးရင်းပြောလာတာကြောင့် မင်ယွန်းဂီဟာ ပျာပျာသလဲ တောင်းပန်ရပြန်တယ်
"မဟုတ်ပါဘူး... ယုံတယ်
မင်းကို အပြည့်အဝကို ယုံကြည်ထားတယ် "
ထိုအခါမှ တဖြည်းဖြည်းပြေလျော့လာတဲ့ မျက်ခုံးသွယ်သွယ်လေး
လစ်ခနဲ ဖြစ်သွားရတဲ့ အခိုက်အတန့်နဲ့အတူ ညာဘက်
ပါးပြင်ပေါ်မှာလည်း နွေးခနဲ ခံစားမိလိုက်သည်
ကောင်ငယ်လေးဘက်မှ ပထမဦးဆုံးအကြိမ်း အနမ်းပေးလိုု်က်ခြင်းဖြစ်၏
ထို့နောက် လက်နှစ်ဖက်ကို ဘေးသို့ ဆန့်တန်းရင်း
"ယွန်းဂီ! "
အရောင်တလက်လက်တောက်ပနေတဲ့ မျက်လုံးလေးတွေနဲ့အတူ အနည်းငယ် စူ ထားတဲ့ နှုတ်ခမ်းရဲရဲလေးနဲ့ ရင်ခွင်ထဲ ဝင်ခဲ့ဖို့ ဖိတ်ခေါ်နေတာ
မနေ့ကအထိ ဂျစ်ကန်ကန်လုပ်ခဲ့တဲ့ ကောင်လေးဂျီမင်က တစ်ယောက်ထဲ ဖြစ်ကြောင်းမင်ယွန်းဂီ ပင် မယုံနိုင်
နှစ်ခါပြန်မရနိုင်မယ့် အခွင့်အရေးမို့
အရှေ့ု အကောင်ပေါက်ရင်ခွင်ထဲ တိုးဝင်မိသည်
" မလုပ်နဲ့ တော့
ဘာအကွက်မှ ထပ်ပြီး မထုတ်နဲ့တော့
မဟုတ်ရင် ကိုယ့်ရင်ဘတ်ကြီးပါ ပေါက်ထွက်လာတော့မယ် "
မင်ယွန်းဂီရဲ့ စကားကို တခိခိဖြင့် သဘောကျစွာ ရီလေသည်
"မရပါဘူး ထပ်လုပ်ဦးမှာ
ခင်ဗျားပဲ ပြောပြီးတော့
ခင်ဗျားရဲ့ကောင်လေး လုပ်ဆို "
ဒီနေ့မှ ထူးထူးဆန်းဆန်းတွေချည်း လုပ်နေတဲ့ ဂျီမင်ကြောင့်
စိတ်မသက်မသာ ဖြစ်မိသည်က အမှန်ပင်
"ကျေးဇူးတင်ပါတယ်
ကိုယ့်အပေါ် ဒီလိုလေးပြုမူပေးလို့ "
"မလိုပါဘူး
ကျနော်က ကျနော့်အလုပ်ကို ကျေပွန်အောင်လုပ်နေတာပါ
ခင်ဗျားရဲ့ကောင်လေး အဖြစ်လေ... ဟက် "
ပေါ့ပေါ့ပါးပါး နဲ့ ရီရီမောမောပြောလာတဲ့ လေယူလေသိမ်းမှာ
လက်ရှိအခြေအနေကို သဘောပေါက်သွားသလို
ကောင်ငယ်လေးက ကျနော့်ရဲ့ အချစ်တွေကိုတောင် အလုပ်သဘောအရဆိုတဲ့ စကားတစ်ခွန်းနဲ့ စည်းတား ထားသလို
သူ တကယ်ပဲ ကျနော့်ကို အလုပ်သဘောအရဆိုပြီး
တွေးထင်နေတာလား
တကယ်ပဲ ကောင်ငယ်လေးရုတ်တရပ် ပြောင်းလဲ သွားတာက ဘာကြောင့်များလဲ..... ?
💛💛💛💛💛💛💛
💛💛💛
"အမှောင်ထဲမှာ ပိတ်မိနေခဲ့တာ
ထိုသူ့ရဲ့ နာမည်ကို အော်ခေါ်နေပေမယ့် တစ်ချက်လေးတောင် လှည့်မကြည့်
ကူညီပေးဖို့ တောင်းပန်ခဲ့ပေမယ့် ထိုသူဟာ
တံခါးကို အတင်းဖိ ပိတ်ခဲ့တယ်
အော်ဟစ် အကူအညီတောင်းပေမယ့် ဘယ်သူ့မှ ရောက်မလာခဲ့ဘူး
မှောင်မိုက်လွန်းတယ် အသက်ရှုရကြပ်လာတယ်
ကျနော် ကြောက်လွန်းလို့ နှုတ်ခမ်းတွေတောင် တုန်ရီနေပြီ "
ထိတ်လန့်စရာကောင်းလွန်းတဲ့ အိပ်မက်ဆိုးကြောင့်
ထ ထိုင်မိတော့ နေ့လည်က အကန်ခံ ထိုးနှက်ခံရလာတဲ့ ဝမ်းဗိုက် ဒဏ်ရာတွေ စူး ခနဲ
အထီးကျန်လွန်းတဲ့ အိပ်ရာပေါ်မှာ ဆက်အိပ်ဖို့ မဖြစ်နိုင်တာကြောင့် ဘေးဘီကို ကြည့်မိတော့
ကျနော့်ရဲ့ မြတ်နိုးရာလေးဟာ ကြမ်းပြင်မှာ ဂွမ်းစောင်အပါးလေးကို ခင်းကာ ခေါင်းအုံးမပါ စောင်မပါနဲ့ ကွေးကွေးလေး အိပ်နေပြန်တယ်
စောင်ကိုပါ တစ်ပါထဲ ဆွဲချရင်း ကုတင်ဘေးကို ဖြေးဖြေး ချင်း လှိမ့်ဆင်းမိတော့ တစ်ကိုယ်လုံးမှာ ရှိသမျှ ဒဏ်ရာတွေက
မျက်ရည် ကျလောက်ရသည်အထိ စူးနင့်နေခဲ့ပြန်တယ်
အောက်ဘက်သို့ ဘုတ်ခနဲ ကျ လာတဲ့ ့ရှိန်ကြောင့် အော်ညည်း ချင်ပေမယ့် အိပ်မောကျနေတဲ့ hyg နိုးသွားမှာကို စိုးရိမ်လို့ လက်ခုံကို သာ ဖိကိုက်ထားရပြန်တယ်
အခုထက်ထိ နည်းနည်းလေးမှ လှုပ်မလာတဲ့ hyg ရင်ခွင်ထဲ တိုးဝင်ရင်း သူ့ မျက်နှာချောချောလေးကိုသာ
အိပ်မပျော်ခင်အချိန်ထိ တစ်ချိန်လုံး ငေးကြည့်နေမိခဲ့သည်
"Hyg က ကျနော့် အပိုင် "
...........................
.............
To Be Continued >>
MEOW
//မသိမသာလေး rest နေတာကို cmt တွေ အများကြီးနဲ့ အားတက်အောင်လုပ်ပေးသွားတဲ့ သဲငယ်လေးကြောင့်
လာ up ဖြစ်သွားပြန်သည် //