Note ; Please tell me what I have done to deserve you in my life.
I just want to be sure that I keep on doing it.
💛>💛
မတော်တဆ
"Seok Jin hyg
လက်စားပြန်ချေပေး "
ပြသနာ ထင်ပါတယ်ကွာ "
Hyg မလုပ်ပေးရင်
" လုပ်ပေးပါ့မယ် ကွာ
မင်းတော့မသွားပါနဲ့
...........................
...........
ရှာတောင် မရှာလိုက်ရ
ဂုတ်ကနေ ဆွဲကာ
"ဟုတ်... ဟုတ်ပါတယ်
ကျနော့်ကို မသတ်ပါနဲ့ "
"Justin... Justin "
"Justin ဘာလည်း!
"အာ..မအော်ပါနဲ့ဗျာ
ပြောလေ! ! "
Justin!
"အီး...ဟီး....ဟီး....
ကယ်ကြပါ.... ကယ်ကြပါဦး "
......................
...........
"Jus.... Justin
ငါ့ ကို... ငါ့ကို ကယ်ပါဦး "
စောင့်ကန်လိုက်တယ်
"Jung Kook!
Min Jung Kook! တော်တော့ "
ထိုလူက ခေါ်သည်
့အံ့ သြရပြန်သည်
"Seok Jin Hyg!"
"ထယ်ယောင်း !!!!!"
ဂျောင်ကု၏ ဖြစ်တည်ရာ
"Hyg အဆင်ပြေရဲ့လား "
"Justin အီး... ဟီး...ဟီး...
ချိန်သွားတယ်ပေါ့
ကျနော်ရှိတယ် "
အခုထိ ရှိုက်ငိုနေသေးတဲ့ အကောင်ငယ်လေးဟာ
" justin
ပတ်သက်နေပြန်တာလား
"Justin....."
"ရော့.. hyg ယူထား
"ဘယ်မှမသွားပါဘူး
"...ဟူး... justin
ဘယ်လောက်ကောင်းမလည်း "
.....................
..............
💛💛💛💛
💛💛
"Baby သေးသေးလေး
"အိမ်ပြန်မလို့ပေါ့
တစ်နည်းပဲ ရှိတော့မည်
"ကောင်းပြီလေ
" မင်! ယွန်း! ဂီ! "
" ဗျာ!
baby အသေးလေး "
အပြင်ရောက်တော့
"နေဦး Yoongi
မင်းယုံမှာ မဟုတ်ဘူး "
ပြောစရာရှိတာသာ ပြော "
"Jung Kook
TBC > 💛💜
_MEOW _
.....................
..........
💜_ Uni Code _💜
💛>💛
ဆေးနံ ့ ခပ်ပြင်းပြင်းရယ်
အလင်းရောင်အနည်းငယ်သာ ရှိတဲ့ အခန်းငယ်လေးထဲ
ဝတ်စုံအဖြူလေးနဲ့ ငြိမ်သက်စွာ လှဲလျောင်းနေတဲ့
တစ်ဦးထဲသော ကျနော့်မြတ်နိုးရာလေး
အပြစ်ကင်းတဲ့ ကောင်ပေါက်လေးနဲ့ မလိုက်ဖက်စွာဘဲ
ပတ်တီးဖြူဖြူတစ်ခုက ခေါင်းပေါ်မှာ နေရာယူထားပြန်တယ်
စိတ်ဆိုးရင် တွန့်ချိုးထားနေကြ မျက်ခုံးလေးတွေဟာလည်း
အခုအချိန်မှာတော့ ဖြောင့်တန်းနေပြန်တယ်
စူးစူးရဲရဲပြန်စိုက်ကြည့်တတ်တဲ့ ခပ်ကျဉ်းကျဉ်းမျက်လုံးတွေကလည်း မှိတ်လို့
ဖြစ်တဲ့ဒဏ်ရာက သိပ်မကြီးဘူးဆိုပေမယ့်
မတော်တဆ
သူသာ ကျနော့်ဘဝထဲက ထွက်သွားမယ် ဆိုရင်........
ကျနော့်အနားမှာ သူ မရှိတော့ဘူးဆိုရင်..............
မကောင်းတဲ့ အတွေးတွေကို ဖျောက်ပစ်လိုက်ကာ
အခန်းအပြင်ပြန်ထွက်လာခဲ့သည်
"Seok Jin hyg
ကောင်ငယ်လေးကို ဒီလိုဖြစ်အောင်လုပ်တဲ့ ကောင်ကို
လက်စားပြန်ချေပေး "
" ကျောင်းသားအချင်းအချင်းဖြစ်တဲ့
ပြသနာ ထင်ပါတယ်ကွာ "
"ဟာဗျာ ဘာကြီး ဖြစ်နေဖြစ်နေ
အဲ့ကောင်ကို တစ်ခုခုလုပ်ရမှ ကျေနပ်နိုင်မယ်
Hyg မလုပ်ပေးရင်
ကျနော် ကိုယ်တိုင်သွားမယ် "
တန်ဖိုးထားရတဲ့ အရာတွေနဲ့ ပတ်သက်လာရင် ထိန်းမရ တဲ့
ယွန်းဂီ ၏ ဒေါသကို Seokjin အသိဆုံးမို့ အမြန်ပင် တားလိုက်သည်
" လုပ်ပေးပါ့မယ် ကွာ
မင်းတော့မသွားပါနဲ့
ဂျီမင်အနားမှာ နေပေးရမယ်လေ နော် "
အကိုတစ်ယောက်လို ဖြစ်နေတဲ့ seokjin စကားကိုခေါင်းငြိမ့်ပြကာ ဂျီမင်လေး ရှိရာ ဆေးရုံခန်းထဲ ပြန်ဝင်သွားပြန်တယ်
...........................
...........
မနက်မိုးလင်းတာနဲ့ မနေ့က ဖုန်းဆက်အကြောင်းကြားပေးသည်ဆိုတဲ့
ကောင်လေးကို အရင်ရှာရမည် မဟုတ်လား
သူက ထိုနေရာမှာ ရှိတဲ့ တစ်ဦးထဲသော သူဖြစ်ရင်
ဘယ်သူ က ဂျီမင်ကို ရိုက်သွားလည်း ဆိုတာ သိရမည်
ကျောင်းပိတ်ရက်ဖြစ်တာကြောင့် အချိန်ယူ ရှာရမည် ထင်ထားတာ
ရှာတောင် မရှာလိုက်ရ
စတိုးဆိုင်လေးမှ ထိုကောင်လေးထွက်လာသည်ကို
အူကြောင်ကြောင်ပုံစံလေးကတစ်ဆင့် မှတ်မိလိုက်သည်
Seokjin တစ်ယောက် ထိုကောင်လေးကို
ဂုတ်ကနေ ဆွဲကာ
ဘေးလမ်းကြားထဲ ခေါ်သွားလေသည်
"မနေ့က ဖုန်းဆက်အကြောင်းကြားတာ မင်းမလား "
ဂုတ်ကနေ ဆွဲမြှောက်ကာ နံရံ မှာ ချောင်ပိတ်ထားသောကြောင့်
ကောင်ငယ်လေးဟာ မျက်စိစုံမှိတ်ရင်း တုန်တုန်ရီရီဖြင့်
"ဟုတ်... ဟုတ်ပါတယ်
ကျနော့်ကို မသတ်ပါနဲ့ "
"မနေ့က ကောင် နာမည်ကို ပြော "
"Justin... Justin "
နာမည်တစ်ခုကို ပြောလိုက်တော့ တွေတွေဝေဝေ ဖြစ်သွားတဲ့ Seokjin
"Justin ဘာလည်း!
အနောက်မှာ ထပ်မရှိတော့ဘူးလား နာမည်က !!"
"အာ..မအော်ပါနဲ့ဗျာ
ကျနော်သိတာက Justin လို့ပဲ သိတာ "
"သူ့ကို ဘယ်လိုရှာရမလည်း ပြော
ပြောလေ! ! "
ဆိုင်ကယ်တစ်စီးနဲ့ အတူ ဂျာကင် အမည်းနဲ့
ထိုသူဟာ ကောင်းတဲ့သူလား မကောင်းတဲ့သူလား
မျက်နှာကို ကြည့်ရင်း ခန့်မှန်းဖို့ကျ
ထိုသူက mask တပ်ထားပြန်သည်
ခပ်မိုက်မိုက်အရပ်ကြီးကိုမှ နှစ်ခါပြန်ငေးလောက်ရသည်အထိ မိမိုက်နေတဲ့ စတိုင်ကြောင့်
ဂျီမင်ရဲ့ အကိုတော့ မဖြစ်နိုင်
တစ်ဖက်ကလည်း မကောင်းတဲ့သူဖြစ်နေရင်
Justin!
သူ့ကို ဒီလူကြီးက သတ်ပစ်လိုက်ရင် ဘယ်လို လုပ်မလဲ
ဒီတစ်ခေါက်ကိစ္စမှာ justin ၏ အပြစ်ဟာ မသေးပေ
Justin ဘယ်လောက်ဆိုးလည်း ဆိုတာ သူသိသည်
သူ့ကို ဘယ်လောက်အထိ စိတ်အနှောင့်အယှက် ပေးလည်း ဆိုတာကိုလည်း သူခံစားမိသည်
သို့သော် အမည်မသိတဲ့ ခံစားချက်ကြီးက
စိုးမိုးနေသောကြောင့် သေစေချင်တဲ့ အထိ မတွေးဖူးပါ
"အီး...ဟီး....ဟီး....
ခင်ဗျား က လူသတ်သမား မလား
ကယ်ကြပါ.... ကယ်ကြပါဦး "
ဘာမှန်းမသိတဲ့အခြေအနေကနေ ရှောင်ထွက်ဖို့
အကျွမ်းကျင်ဆုံးဖြစ်တဲ့ မျက်ရည်ခံထိုးခြင်းနှင့်
အသံ ပြဲ နှင့် အော်ဟစ်အကူအညီ တောင်းခြင်း
ထိုနှစ်ခုကို တစ်ပြိုင်ထဲ ပြုလုပ်လိုက်သည်
ထိုအခါ ဂျာကင်နဲ့ လူက ပါးစပ်ကို အတင်းပိတ်ရင်း
ခါးကြားထဲမှာ တစ်စုံတစ်ရာကို ကို ထုတ်ကာ
ထယ်ယောင်းရဲ့ ဗိုက်မှာ ထောက်ရင်း
"မအော်နဲ့.. ငါမင်းကို သတ်ပစ်လိုက်မယ် "
......................
...........
မနက်မိုးလင်းတာနဲ့ အကို့ အိမ်ရှေ့ မယောင်မလည်သွားရင်း
အကို ဒီနေ့ ဘယ်သွားတယ် ဘာလုပ်တယ် ဆိုတာကို
ခိုးကြောင်ခိုးဝှက် လိုက်ကြည့်ကာ
တစ်ယောက်ထဲ ပြုံးရီရတာကို သဘောကျသည်
အကို boxy smile လေးနဲ့ အလှဆုံး ပြုံးရီနေရင်
ကျနော်လည်း ထပ်တူ ပျော်ရွှင်မိသည်
ဒီနေ့ တော့ အိပ်ရာ ထ နောက်ကျသွားသည်
အကို့ကို မမြင်လိုက်ရမည် စိုးသောကြောင့်
ဖြတ်လမ်းဖြစ်တဲ့ လမ်းကြားတွေမှ တစ်ဆင့် အတင်းပြေးသွားမိတယ်
သို့ပေမယ့် အကို့အိမ်နားမရောက်ခင် မြင်လိုက်ရတဲ့ မြင်ကွင်းက Justin ကိုယ်တွင်းမှ
Demon ဆိုတဲ့ကောင် ကို နှိုးဆွပေးလိုက်သလို
အကို့ကို all black ဝတ်ဆင်ထားတဲ့ အမည်မသိ လူတစ်ဦးက ဂုတ်ကနေ ဆွဲမ ထားကာ ပါးစပ်ကို ပိတ်ထားသေးသည်
မလှမ်းမကမ်းမှာ ရပ်ကြည့်နေတဲ့ ကျနော့်ကို မြင်တော့
ထိုလူ့လက်ထဲမှ အကိုဟာ အတင်းရုန်းကန်ရင်း
"Jus.... Justin
ငါ့ ကို... ငါ့ကို ကယ်ပါဦး "
တုန်ရီနေတဲ့ အသံရယ် ပါးပြင်ပေါ်မှာ စိုရွှဲနေတဲ့ မျက်ရည် တွေကို မြင်တော့ ဒေါသတွေကို ထိန်းလို့မရတော့ပဲ
ထိုလူဆီကို တစ်ရှိန်ထိုး ပြေးဝင်လိုက်တယ်
ကြောင်တောင်တောင်ဖြစ်နေတဲ့ ထိုလူ
ပက်လက်လန်ကျသွားတော့ အတင်းတက်ဖိရင်း
လက်သီးဖြင့် နှစ်ချက်လောက်ဆင့်ထိုးလိုက်သည်
ထိုအခါမှ သတိပြန်ဝင်လာတဲ့ လူက
ကျနော့်လက်တွေကို အတင်းပြန်ချုပ်ရင်း ကျနော့်ဗိုက်ကို
စောင့်ကန်လိုက်တယ်
ကျနော် ဟန်ချက်ပျက်သွားတော့
ထိုလူက အတင်းကုန်းထကာ ထပ်မထိုးဖို့ လက်နဲ့ ကာရင်း
"Jung Kook!
Min Jung Kook! တော်တော့ "
အနှစ်နှစ်အလလ လက်စလက်န ဖျောက်ပစ်ခဲ့တဲ့ နာမည်ကို
ထိုလူက ခေါ်သည်
နားမလည်သလို ကြည့်တော့
ထိုလူက တပ်ထားတဲ့ Mask ကို ဖြုတ်လိုက်သည်
ပေါ်ထွက်လာတဲ့ ရင်းနီးတာထက်ပိုနေတဲ့ မျက်နှာကြောင့်
့အံ ့သြရပြန်သည်
"Seok Jin Hyg!"
"Arr..shit တကယ်ပဲ မင်းဖြစ်နေတာလား "
Justin တစ်ဖြစ်လဲ Jung Kook တစ်ယောက် ယောင်လည်လည် ဖြစ်နေတုန်း သတိရသွားသည်
"ထယ်ယောင်း !!!!!"
ထယ်ယောင်းကို ကြည့်မိတော့ ဘယ်အချိန်ထဲက မေ့လဲ သွားလည်း မသိ
လမ်းဘေးမှာ အပုံလိုက်လေးလဲကျနေတဲ့ အကို ထယ်ယောင်းကို
ကုန်းပိုးရင်း ကျနော်နေတဲ့ နေရာကို ခြေကျင်ပြန်ပြေးရသည်
စကားပြောစရာများကျန်နေသေးတဲ့
ဆော့ဂျင် ကိုလည်း စောင့်နေဖို့မှာခဲ့ရသေးသည်
ဆေးရုံကို ဘာကြောင့်မသွားလည်းဆိုတော့
ဆရာဝန်တွေ ကျနော့် အကိုပေါက်စလေးရဲ့ အသားကို ထိကြကိုင်ကြမယ်ကို မနှစ်သက်ပါ
ဒီလောက်ထိ ကို jung kook ဟာ မကောင်းတဲ့ ချစ်ခြင်း တွေနဲ့ ရူးနေရတဲ့သူ တစ်ယောက်ပင်
ဒါကြောင့်လည်း ထယ်ယောင်း အကြောင်းအစအဆုံးသူလော့လာထားသည်
Min Jung Kook တို့ အကဲပိုသည်က ထယ်ယောင်းအမေထက်ပင် ပိုလိမ့်မည်
Jung Kook ၏ မကျဉ်းမကျယ် တိုက်ခန်းလေးရောက်တော့
ထယ်ယောင်းကို ကုတင်ပေါ် အသာချကာ
လက်ဖဝါးလေးကို သူ့လက်နှစ်ဖက်နဲ့ ဖိပွတ်ရင်း
သတိပြန်လည်လာအောင် လုပ်နေပြန်တယ်
တစ်ချက်ကလေး မလှုပ်လာတဲ့ ထယ်ယောင်းကြောင့်
ဂျောင်ကုတစ်ယောက်ပျာယာခတ်သွားကာ
ထယ်ယောင်း၏ဝဲဘက်ရင်အုံလေးကို ကပ်ကြည့်တော့
တော်သေးတယ် နှလုံးခုန်နေသေးတယ်
ထယ်ယောင်းမှာ Heart Attack ရှိ၏
ဒါကြောင့်လည်း ဂျောင်ကုမှာ ရူးမတတ်
သည်းသည်းလှုပ်ဖြစ်နေခြင်း
တော်တော်နဲ့ သတိပြန်လည်မလာနဲ့
ထယ်ယောင်းလက်ဖဝါးလေးအား ဆက်တိုက်ဆိုသလို ပွတ်နေရင်း
မျက်ရည်တွေမကျအောင် အတင်းထိန်းထားရသည်
ထိုအချိန် ကံကောင်းစွာနဲ့ မျက်စိလေးတွေ ပြန်ပွင့်လာတဲ့
ဂျောင်ကု၏ ဖြစ်တည်ရာ
"Hyg အဆင်ပြေရဲ့လား "
"Justin အီး... ဟီး...ဟီး...
ဟိုလူကြီးမှာ သေနတ်ကြီးနဲ့ "
ဘုရား ရေ ...ကင်မ်ဆော့ဂျင်က
ကျနော့် အကိုပေါက်စလေးကို သေနတ်နဲ့တောင်
ချိန်သွားတယ်ပေါ့
ကျနော်သာ အချိန်မှီရောက်မသွားခဲ့ရင် ...ဟူး.......
ဘယ်လောက်တောင် စိတ်ပျက်စရာကောင်းလိုက်သလဲ
ဒါပေမယ့်လည်း တစ်ချို့တစ်ဝက်က ကောင်းပြန်သည်
အခု အကိုပေါက်စလေးက ကြောက်ကြောက်လန့်လန့်နဲ့
ကျနော့်ကို ပွေ့ဖက်ထားသည်
ပြုံးဖြီးဖြီးနဲ့ သဘောအကြီးကြီးကျနေတဲ့ ဂျောင်ကုတစ်ယောက် ကလေးတစ်ယောက်လို ငိုယိုနေတဲ့ ထယ်ယောင်း ကျောပြင်လေးကို အသာ ပွတ်ပေးရင်း
"ဘာမှ မဖြစ်တော့ဘူးနော် hyg
ကျနော်ရှိတယ် "
ကိုယ်တန်ဖိုးထားရတဲ့ သူတစ်ယောက် အလိုအပ်ဆုံးအချိန်မှာ ရှိနေပေးလိုက်ရခြင်းဟာလည်း ကြီးမြတ်တဲ့ ဆုလာဒ်လိုပင်
အခုထိ ရှိိုက်ငိုနေသေးတဲ့ အကောင်ငယ်လေးဟာ
ရင်ခွင်ထဲမှ ပြန်တိုးထွက်ရင်း
" justin
မင်း...မင်းကို အဲ့လူက လိုက်ရှာနေတာ
ဂျီမင်ကိစ္စကြောင့်ထင်တယ် "
ဟမ်......ဂျီမင်ဆိုတဲ့ ကောင်က seokjin တို့နဲ့
ပတ်သက်နေပြန်တာလား
"ဘာမှ မဖြစ်တော့ဘူး hyg ရဲ့
အခုဆို ကျနော့်လက်ချက်ကြောင့်
ကြောက်ပြီး နောက်တစ်ခါ ပြန်လာမှာ မဟုတ်တော့ဘူး
အခု hyg အနားယူလိုက်ဦးလေ "
"Justin....."
လေသံပျော့ပျော့လေးနဲ့ ကျနော့်နာမည်ကို ခေါ်လာတာကြောင့် အကိုပေါက်စလေး ဘာပြောချင်မှန်းသိသည်
ထို့ကြောင့် ကုတင်ခေါင်းရင်းမှာ ထောင်ထားတဲ့
Baseball Bat တစ်ချောင်းဆွဲကာ စိုးရိမ်နေတဲ့ အကိုပေါက်စလေးလက်ထဲ ထည့်ပေးလိုက်ရင်း
"ရော့.. hyg ယူထား
ကျနော် hyg မကြိုက်တာလုပ်မိရင်
ကျနော့်ကို အသေရိုက်လိုက် "
အနည်းငယ်ကျဉ်းနေတဲ့ အခန်းငယ်ထဲမှ အကိုပေါက်စလေး လွတ်လွတ်လပ်လပ်အနားယူလို့ရအောင်
ထွက်သွားပေးမယ် လုပ်တော့
"Justin မင်းဘယ်သွားမလို့လည်း "
"ဘယ်မှမသွားပါဘူး
Hyg ကောင်းကောင်းနားလို့ရအောင်
ကျနော် အပြင်မှာ ရှိနေမယ်
Hyg အဆင်ပြေပြီဆိုမှ အိမ်ပြန်ပေါ့ "
အခန်းငယ်ထဲတွင် bat ကြီးကိုင်လျက်
ကြောင်တောင်တောင်လေးကျန်နေခဲ့သူက ထယ်ယောင်းပင်
ဒီလိုကျတော့လည်း Justin ဟာ
လူစားလဲ ခံထားရသလိုပင်
စိတ်မထိန်းနိုင်တဲ့အချိန်တွေဆို ကျနော့်ကို ပြုမူပုံတွေက
ကြမ်းတမ်းနေတတ်လို့ ကျနော့် လက်ထဲ
Baseball Bat ကြီး ပေးသွားကာ
သူ့ကို ရိုက်ဖို့အထိပါ ပြောလာသည်
သူ့ကို ရိုက်ဖို့နေနေသာ တုတ်ကိုတောင်
ကောင်းကောင်း မ မ နိုင်ပေ.......
Justin ဟာ တစ်ခါတစ်လေမှာ ကြောက်ဖို့ကောင်းနေပြီး
တစ်ခါတစ်လေမှာတော့ နူးညံ ့နေပြန်တယ်
သက်ပြင်းရှည်တစ်ချက် ချ လိုက်ရင်း
"...ဟူး... justin
မင်း အခုလိုလေး အမြဲတမ်းဖြစ်နေရင်
ဘယ်လောက်ကောင်းမလည်း "
.....................
..............
ကျနော်တစ်ခုခု ထလုပ်မည်ကို စိတ်ပူနေတဲ့
hyg ရဲ့ မျက်ဝန်းလေးတွေ နှုတ်က ထုတ်မပြောလည်း သိတာမို့
လွတ်လွတ်လပ်လပ်နေလို့ရအောင် အပြင်ထွက်နေပေးလိုက်သည်
သို့သော် ဖြတ်ခနဲ သတိရမိသည် က
စောစောက လမ်းကြားမှာ seokjin ကို စောင့်ခိုင်းထားသည်ကို ပင်
အကိုပေါက်စလေး အခြေအနေကို ချောင်းကြည့်ရင်း
စိတ်ချရမှ seok jin ဆီ ပြေးရပြန်သည်
💛💛💛💛
💛💛
"Baby ခေါင်းအရမ်း ကိုက်နေလား "
"Baby သေးသေးလေး
ဒဏ်ရာက အခုထိ နာနေသေးလား "
ဂျီမင် ၏ မျက်လုံးနှစ်လုံး စပွင့်သည့်အချိန်မှ စ၍
အဖြေပြန်မလာသော မေးခွန်းများအား ဆက်တိုက်မေးနေသူက ယွန်းဂီ
Drip သွင်းထားတဲ့ ဆေးပုလင်းကုန်တဲ့အခါ
Nurse တစ်ယောက်မှ ဆေးပိုက်များ လာဖြုတ်ပေးသွားလေသည်
ထိုအခါ ခြုံထားတဲ့ စောင်ကို ဆွဲလှပ်ရင်း
ကုတင်ပေါ်မှ ဆင်းတော့မည့် ဂျီမင်လေး
ဒါကို အလျင်အမြန်ပဲ ဂျီမင်ရဲ့ ခန္ဓာကိုယ်လေးကို လက်ဖြင့် ပြန်ဆွဲယူထားလိုက်တဲ့ ယွန်းဂီ
"ဂျီမင် ဒါက ဘာလုပ်မလို့လည်း "
ထိုအခါ အလိုမကျသည့်အခါ ပြုမူတတ်တဲ့ အမူအကျင့်လေးအတိုင်း မျက်ခုံးတွေကို ကျုံ့ လိုက်ရင်း
"အိမ်ပြန်မလို့ပေါ့
ကျနော် ဆေးဖိုးမတတ်နိုင်ဘူး
ဝမ်ဆယ်သိန်းတောင် ပေးစရာရှိနေတာ
ထပ်ပြီးအကြွေးမတက်ချင်တော့ဘူး "
ရန်ပြန်တွေ့နေကြလေသံနဲ့ ပြောလိုက်တဲ့ ဂျီမင်ရဲ့ စကားအား
ယွန်းဂီ က ခွီး ခနဲ ထရီသည်
"ကိုယ် တစ်ယောက်လုံးရှိနေတာကို "
"တော်ပါ ပိုက်ဆံနဲ့ ပတ်သက်ရင်
ခင်ဗျားကို ပိုကြောက်တယ် "
ပြောမရတဲ့ ကလေးဆိုးလေးအား ယွန်းဂီနိုင်သည်က
တစ်နည်းပဲ ရှိတော့မည်
"ကောင်းပြီလေ
မင်းအခု ဆေးရုံမှာ သုံးရက်တိတိ မနေဘူးဆိုရင်
ဝမ်နှစ်သိန်းထပ်ပေါင်းမယ်
အားလုံးဆယ့်နှစ်သိန်း ဘယ်လိုလည်း "
" မင်! ယွန်း! ဂီ! "
" ဗျာ!
baby အသေးလေး "
ဒီနေ့လည်း စလိုက်နောက်လိုက်ဖြင့် သာ အချိန်တွေကို ကုန်လွန်စေခဲ့ပြန်တယ်
အဆုံးမှာ မင်ယွန်းဂီ ၏ ဝမ်ဆယ်သိန်း ခြိမ်းခြောက်စာ ဟာ အတော်ကိုပင် အလုပ်ဖြစ်ခဲ့သည်
ကလေးငယ်နဲ့ စနောက်ရင်း တံခါးလာခေါက်တဲ့ ဆော့ဂျင်ကြောင့် အခန်းထဲမှ မထွက်ချင် ထွက်ချင်နဲ့ ထွက်လာရသေးသည်
အပြင်ရောက်တော့
မျက်နှာမှာ ဒဏ်ရာတွေနဲ့ အပြင် ဖုန်တွေပေရေ နေတဲ့ seokjin
"Seok Jin hyg ဘယ်လိုတွေ ဖြစ်လာတာလည်း "
"နေဦး Yoongi
ငါဘယ်သူနဲ့တွေ့လည်း ဆိုတာ
မင်းယုံမှာ မဟုတ်ဘူး "
"ပဟေဠိတွေ မလုပ်ပါနဲ့ hyg ရာ
ပြောစရာရှိတာသာ ပြော "
"Jung Kook
မင်းရဲ့ ညီ Min Jung Kook "
TBC > 💛💜
_MEOW _
// ဟီး...ဟီး.... အချစ်ရူး ညီအကိုနှစ်ယောက် 😆
Justin က ဂျောင်အုန်းသီးကြီးပါလို့...
... ဖြောင်း..ဖြောင်း...ဖြောင်း 🎉 //