Simplicity of love √Complete...

By Zante7

203K 18K 915

အချစ်ဆိုတဲ့အရာကိုထူးဆန်းတယ်ဆိုပြီးထူးဆန်းစွာဖြစ်ပေါ်လာမယ့်အချစ်မျိုးကိုစိတ်ကူးထဲပုံဖော်နေမိတာ...... တကယ်လက်တွ... More

ep 1
ep 2
ep 3
ep 4
ep 5
ep 6
ep 8
ep 9
ep 10
ep 11
ep 12
ep 13
ep 14
ep 15
ep 16
ep 17
ep 17(zawgyi)
ep 18
Final
Special Thanks
Extra
Extra
Christmas🎄

ep 7

7.8K 848 37
By Zante7

#Unicode
ထယ်ယောင်းတစ်ယောက်ထဲညနေရောက်တော့ယောင်ချာချာဖြစ်နေတော့သည်။ထမင်းစားဖို့ပြင်ဆင်နေရင်းမှာသွားတဲ့စကားတွေကနားထဲမှာတစ်ခုချင်းကြားယောင်လာသည်။နေ့ခင်းကအဒေါ်ကြီးလာပို့သွားသောဟင်းဘူးတွေကိုကြည့်ကာကိုယ်စားချင်တဲ့ဘူးလေးတွေကိုထုတ်လိုက်သည်။ဝက်သားအစပ်ကြော်ကိုပန်းကန်လုံးထဲနဲနဲခွဲထည့်ကာဘူးကိုသေချာပြန်ပိတ်ပြီးရေခဲသေတ္တာထဲကိုပြန်ထည့်လိုက်သည်။ကျန်တဲ့အရွက်ကြော်နဲ့အရံဟင်းတစ်မျိုးကိုလည်းအနည်းငယ်ခွဲထည့်ပြီးပြန်ထားလိုက်သည်။ဟင်းတွေကိုအများကြီးနွှေးပြီးမှ မကုန်ပဲပြန်ထည့်ရင်ဟင်းကျန်တွေဖြစ်သွားပြီးသိုးကုန်လိမ့်မယ်လို့မှာသွားသည်။ထမင်းကတော့အကိုနဲ့အမကညနေကချက်ပေးသွားသည်။ဖုန်းတောင်မဆက်ဘူးဂျပန်ရောက်နေပြီကို ဆက်ပြန်ရင်လည်းအထင်သေးသွားမှာစိုးရိမ်သည်။
အချစ်မှာအထင်သေးတာတွေဘာတွေစိုးရိမ်စရာလိုလဲ ကိုယ့်ချစ်သူကိုယ်ဖုန်းဆက်တာပဲလေ အမျိုးမျိုးတွေးနေရင်းနဲ့ဖုန်းဆက်ဖို့ပြင်လိုက်သည်။

"အာ...ဖုန်းလည်းမဆက် ဖုန်းလည်းမကိုင်နဲ့ဒီလူကြီးကတော့"

ဖုန်းဝင်နေတာမကိုင်လို့သုံးခေါက်ဆက်တိုက်ခေါ်တဲ့အထိမကိုင်။ဖုန်းကိုပစ်ချလိုက်တော့ဖုန်းသံထမြည်လာသည်။အပြေးအလွှားကောက်ယူကာကြည့်လိုက်တော့ ချန်းလေးဆီကဖုန်းဖြစ်နေသည်။

"ပြော..."

"မင်းအသံကြီးကလည်းဘာဖြစ်နေတာလည်းကွာ"

"ဟိုလူကြီးလေ ဂျပန်ရောက်သွားပြီလေ ငါဖုန်းဆက်တာမကိုင်ဘူး"

"အလုပ်မအားလို့နေမှာပါကွာ မင်းဘိုးတော်မရှိတော့ပိုပျော်ရမှာလေ"

အောင်မယ်အခုမှအသက်ငယ်ငယ်လေးရှိသေးတဲ့ငါ့ရဲ့ ဂျွန် ကိုများဟိုဘိုးတော်တဲ့။အနားရှိရင်ထိပ်ကိုနာနာခေါက်ပစ်လိုက်ချင်တာ။

"ဒီမှာ အကိုကြီးချန်း ကျွန်တော်ရဲ့ဂျွန်ကိုဘိုးတော်လို့မပြောနဲ့ မကြိုက်ဘူး"

"အမလေး ကင်မ်ထယ်ယောင်းတို့များနော် တော်ပါပြီ မင်းရဲ့ဂျွန်ဆိုတာကြီးနဲ့ရန်ဖြစ်ရင် ငါ့လာမပြောနဲ့နားထောင်မပေးဘူး"

"အာ...ချန်းလေးကလည်းငါ့အချစ်ဆုံးသူငယ်ချင်းကမင်းပဲရှိတာလေ...အခုဘာပြောမလို့ဖုန်းဆက်တာလဲ"

"အော်အေးဟုတ်သားပဲ ငါတို့ sundayညကြရင် ဘိုမီ မွေးနေ့ကသူ့အကိုသူငယ်ချင်းclubမှာတဲ့ မင်းdjတီးမှာဆို"

ဂျွန်ကို dj တီးမယ့်အကြောင်းမပြောလိုက်ရ ပြောရင်လည်းလွှတ်မှာမဟုတ်တော့ဘူး။ဘယ်သူမှသိမှာမှမဟုတ်တာတစ်ခါတစ်လေ ခိုးလုပ်ရမှာပဲ။

"အေး ဘိုမီက မွေးနေ့လက်ဆောင်အဲ့ဒါပဲလိုချင်တာတဲ့ သူ့သူငယ်ချင်းတော်တော်များများကိုပြောပြီးဖိတ်ထားလို့တဲ့ကွာ"

"မင်းလာလို့အဆင်ပြေတယ်မလား"

"ပြေတယ်လေ ဒါပေမယ့် ဂျွန်ကငါ့ကိုသူတို့အိမ်က ကားမောင်းတဲ့အကိုနဲ့သွားခိုင်းတာ ၉နာရီဆိုပြန်ရမယ်တဲ့"

"ဟာ....ထယ်ရာ ၉နာရီဆိုတာအစောကြီးလေးကွာ၁၀နာရီလောက်မှငါတို့ကစမြူးမှာလေ မင်းdj beatတွေကအဲ့အချိန်လောက်မှလန်းတာကို တစ်ခုခုကြံပါအုံး"

ဂျွန်ပြောတဲ့၉နာရီက စောမှန်းသိသည်။ဆက်ပြောနေရင်မသွားရမှာဆိုးလို့အလွယ်လက်ခံလိုက်တာ။သူသိတာမှမဟုတ်တာ သူပြန်လာမှာmondayညနေလောက်မှလို့ပြောသွားတာပဲလေ။

"ငါစဉ်းစားထားပါတယ် ဟိုအကို ကိုလိုက်မပို့ခိုင်းဘဲ ငါ့ပါငါကားမောင်းလာမယ်ကွာ ပွဲပြီးမှပြန်မယ် ဂျွန်ကနောက်နေ့ညနေလောက်မှရောက်မှာ"

"အဲ့အကိုက လက်ခံပါ့မလား မင်းရဲ့
ဂျွန် ကိုဖုန်းဆက်ပြောနေရင်ဘယ်လိုလုပ်မလဲ"

"မပြောလောက်ပါဘူး အဲ့အကိုနဲ့အမကငါ့ကိုချစ်ကြတယ် ရလောက်ပါတယ်
ဒါပဲလေကွာ ငါ့ဂျွန်ဖုန်းကိုစောင့်ရအုံးမယ် bye Faလေးရေ.."

ထယ်ယောင်းမှာချန်းလေးမဆဲခင်ဖုန်းကိုချပစ်လိုက်သည်။မချပါကဆဲနည်းအဟောင်းတွေရော အသစ်တွေပါဝေဆာသွားမှာမလွဲ။ထမင်းစားနေတုန်းဖုန်းဝင်လာသည်။အခုမှvideo callတွေခေါ်နေတာအမြင်ကပ်စရာကောင်းပေမယ့်လည်း တွေ့ချင်နေတော့စိတ်ဆိုးနေစွာနဲ့ကိုင်ရပေအုံးမည်။

"babeလေး ဘာတွေလုပ်နေ"

"မမြင်ဘူးလား"

ကျွန်တော့်ကောင်လေးပြန်ဖြေပုံက ကောင်မလေးတွေလိုနူးညံ့မနေ။ဘောက်ဆက်ဆက်နဲ့မကြည်ကြည့်
ကြည့်ကာပြောနေတာကိုက အသည်းယားနေရတာအမှန်ပင်။

"babe ကထမင်းစားနေတာပဲ ကိုယ်ကအလုပ်တွေတန်းလုပ်နေတာနဲ့ဖုန်းမခေါ်ဖြစ်တာပါ babeဖုန်းဆက်တော့ကိုယ်က ဒယ်ဒီတို့နဲ့ညစာစားနေတော့ဖုန်းကဧည့်ခန်းထဲထားခဲ့မိလို့"

"ဂျွန်က အဲ့ဒါကျွန်တော့်ကိုအရေးမပါဘူးဆိုတာပြတာမလား ကျွန်တော့်မှာတော့ မေမေဖုန်းခေါ်တာတောင်မကိုင်ဘူး ဂျွန်ဖုန်းဆက်ရင်လွဲသွားမှာစိုးလို့လေ ပြီးမှပြန်ခေါ်မယ်ဆိုပြီးစောင့်နေရတာ"

ဒီလိုတွေကလည်းချွဲတက်သေး။ထမင်းစားလိုက်ပြောလိုက်နဲ့အခုလိုဆိုတော့လည်းကိုယ့်ကလေးလေးထမင်းစားတဲ့အချိန်ယောင်ချာချာမဖြစ်တော့ဘူးပေါ့လေ။

"မဟုတ်ပါဘူး babeရာ ကိုယ့်အတွက်ဘယ်အရာမှ babeလောက်အရေးမကြီးဘူး ကိုယ့်အသက်ထက်တောင်အရေးပါတယ်ကလေးလေးရ"

"ယုံပေးလိုက်ပါမယ်လေ အခုကhotelမှာနေတာလား ဂျွန်ရဲ့အမေအိမ်မှာလား"

"hotel မှာပဲနေတာ ဒီကသွားရလာရတာအဆင်ပြေတယ်မြန်တယ်လေ ကိုယ်အလုပ်မြန်မြန်ပြီးတော့ကလေးလေးဆီမြန်မြန်ပြန်လာလို့ရတာပေါ့"

ထယ်ယောင်းမှာအဲ့စကားလေးကြားလိုက်တာနဲ့မျက်နှာကပြုံးသွားကာပြေးဖက်ချင်စိတ်တွေကသာကြီးစိုးနေတော့သည်။

"အင်း...မြန်မြန်ပြန်လာခဲ့ လွမ်းနေပြီ အရမ်းလည်းဖက်ထားချင်နေတာမလို့"

"ပြန်လာခဲ့မယ် babe လိမ္မာအောင်နေနော် ကိုယ့်ကိုစိတ်ပူရအောင်မလုပ်နဲ့ကိုယ်ပြောထားတာရောမှတ်မိသေးလား"

"မှတ်မိတာပေါ့ ဂျွန်ရဲ့နှလုံးသားပေါ်မှာလမ်းလျှောက်ပြေးလွှားနေထိုင်နေတာကျွန်တော်ပါဆို ဂျွန်နှလုံးသားလေးနာကျင်ရအောင်မလုပ်ဘူး စိတ်ချပါ"

"အဲ့ဒါဆို goodnight babe ချစ်တယ်"

"အင်း...အများကြီးချစ်တယ် ဂျွန်"

ပြုံးကြည့်နေရင်းနဲ့ဂျောင်ဂုမှာဖုန်းကိုပိတ်လိုက်ရသည်။ဒါလေးကိုဘာလို့ချစ်တာလဲဘာကြောင့်ချစ်နေလည်းဆိုတဲ့အဖြေမရှိ။ချစ်စရာကောင်းလို့ကိုချစ်နေတာ။အမြဲသာရင်ခွင်ထဲထည့်ဖက်ထားချင်တာ။သူကအရမ်းချစ်ရကြောင်း အလေးထားရကြောင်းကိုလည်းအမြဲတမ်းချပြတက်သေး ပြောပြတက်သေးသည်။တစ်ခါတစ်လေတော့လည်းအလွန်ဆိုးတဲ့လူဆိုးလေးဖြစ်နေပြန်သည်။ဂျောင်ဂုလည်းသူ့ကိုနူးညံ့ဖို့ဆုံးမနေတာမဟုတ် လူရည်မွန်လေးတော့ဖြစ်စေချင်သည်။သူဌေးသားပဲဆိုးတာဆန်းသလားဆိုတဲ့အသိုင်းအဝန်းထဲမပါစေချင်။သူလက်ထပ်ယူမယ့်သူ့ကလေးလေးကိုသူများအပြောမခံရစေချင်ပါ။ကောင်လေးတစ်ယောက်ကိုချစ်ရတာလွယ်မနေပါလား။

ထယ်ယောင်းမှာမွေးနေ့ပွဲသွားဖို့ကိုအသည်းအသန်ပြောလိုက်ရသည်။ဒါတောင်အကိုရောအမရောကချစ်လွန်းလို့သာလက်ခံလိုက်ပေမယ့်သူ့ကိုအကြိမ်ကြိမ်ကတိတောင်းနေသည်။တက်နိုင်သ၍စောစောပြန်ခဲ့ပေးပါ။မျက်နှာကအစတစ်ကိုယ်လုံးဒဏ်ရာသေးသေးလေးတောင်ရလာလို့မဖြစ်ဘူးနော်ဆိုတာကပါသေးသည်။တစ်နာရီခွဲလောက်အာပေါက်မတက်ပြောပြီးမှသဘောတူညီမှု့ကိုရယူနိုင်ခဲ့သည်။လွယ်မနေဘူးအပြင်လေးတစ်ခါသွားရဖို့ကို။ညနေရောက်တော့ပြင်ဆင်ပြီးဆင်းလာလိုက်သည်။

"ချောလိုက်တာ ထယ်လေးက အနွေးထည်ကိုတစ်ခါထဲဝတ်ထားပါလားအေးနေမယ်"

"ရတယ်အမ ဟိုရောက်ရင်ပူနေမှာအေးမှဝတ်လိုက်မယ်နော်"

"ထယ်လေး အကိုမှာတာတွေမမေ့နဲ့နော် တစ်ခုခုဆိုဖုန်းဆက် လွှတ်သာလွှတ်ရတယ် စိတ်မချဘူး တစ်ခုခုဖြစ်ရင် အကိုလေးကပြောမှာ ယုံကြည်မှုကိုအလွဲသုံးစားလုပ်နေမိသလိုပဲ"

ထယ်ယောင်းမှာ အကိုနဲ့အမကိုကြည့်ကာအားနာနေရသည်။သူတို့အကိုလေးကိုတစ်ခါမှအပြစ်မလုပ်ထားတဲ့ပုံစံဆိုတာအခုလိုဖြစ်နေတာနဲ့တန်းသိနိုင်သည်။

"စိတ်ချပါ အကိုနဲ့အမရယ် ကျွန်တော့်ကြောင့်စိတ်ပူရတာဒီတစ်ခါနောက်ဆုံးပါပဲ ဒီအိမ်ကိုမလာခင်ထဲကအခုပွဲကသူငယ်ချင်းအတွက်စီစဉ်ထားကြတာဖြစ်နေလို့ စိတ်မပူနဲ့နော် ကျွန်တော်အိမ်စောစောရောက်အောင်ပြန်ခဲ့မယ်"

"ဟုတ်ပါပြီ ထယ်လေးရယ် အမတို့စောင့်နေမယ်နော် သွားမှတော့ပျော်ပျော်သာသွားပါ"

အကိုနဲ့အမကိုနှုတ်ဆက်ပြီးကားမောင်းကာထွက်လာလိုက်သည်။လမ်းရောက်မှသတိရတာက ရန်တွေဘာတွေဖြစ်မလားကိုယ့်ကိုကိုယ်တောင်မယုံကြည်လို့
ဂျွန်ဝယ်ပေးတဲ့ဖုန်းကိုအိမ်မှာသာထားခဲ့လိုက်သည်။ဖုန်းမပါလာတဲ့အကြောင်းကိုပြောဖို့မေ့သွားခဲ့သည်။ဘဝမှာပထမဆုံးအပြင်ခိုးထွက်ဖူးတာမဟုတ်ဘဲနဲ့
အခုကျမှအပြင်ထွက်လာပြီးကောင်းကောင်းမပျော်ဘဲစိတ်ထဲထင့်နေရသည်။အချစ်ဟာချုပ်ချယ်မှု
မမည်သောချုပ်ချယ်မှုတစ်မျိုးလည်းရောယှက်ပါနေလေရဲ့။clubရောက်တော့ကားပါကင်မှာကားရပ်ပြီးဆင်းလိုက်သည်နှင့်မွေးနေ့ရှင်ကြီးအပါအဝင်စောင့်ကြိုနေသောချစ်စရာသူငယ်ချင်းများ။

"အိုးးးးmy Tae အမြဲတမ်းမိုက်နေရော"

"အရူးမ နင်လုပ်လို့ငါဟိုအကိုတွေကိုထားခဲ့ရတာ သူတို့စိတ်ပူနေတော့မှာ သူတို့အကိုလေးအပြစ်ပြောမှာစိုးရိမ်နေကြတယ်"

"နင်ကလည်းဟာ နင့်သူငယ်ချင်းမွေးနေ့ပွဲမှာ djတီးပေးရတာပဲကို"

"အေးလေ ကင်မ်ထယ်တို့များ ဘာလေးညာလေးနဲ့ချက်ချင်းကြီးအချိုးတွေပြင်နေပုံများ"

"သွားမပြောနဲ့ အဲ့ကောင်ကငါတို့ကို FAဆိုပြီးနှိမ်သွားတာ"

တစ်ယောက်တစ်ပေါက်ဝိုင်းအော်ပြီးထုရိုက်ကာclubထဲသို့တက်ကြွတဲ့ခြေလှမ်းတွေနဲ့ဝင်လာခဲ့ကြတော့သည်။

"ငါ့အကိုသူငယ်ချင်းclubဆိုတော့ဟာ သူ့ဆိုင်လာနေကြတဲ့သူတွေပါလာကြတယ် ထယ်နဲ့ချန်း ဟိုတစ်ခါငါတို့နဲ့ရန်ဖြစ်တဲ့ကောင်တွေအဖွဲ့ရောက်နေတယ် သူတို့မစရင်ဘာမှငါတို့ကလည်းမလှုပ်ရှားနဲ့နော်"

"ဟုတ်တယ်ဟ သူ့အဖေကတော်တော်အရှိန်အဝါရှိတယ်တဲ့ ငါတို့ရှောင်မှရမယ်"

သူငယ်ချင်းမလေးတွေပြောနေတဲ့စကားကို ချန်းလေးကလက်မခံ။

"ဘယ်လောက်အရှိန်အဝါကြီးကြီးဟာ ကိုယ့်လာကြောရင်ပြန်ချဲပစ်မှာ ငြိမ်နေရင်ရာဇဝင်ရိုင်းတယ် ဟုတ်တယ်မလားထယ်ထယ်"

"ဒါပေါ့ ငါတို့လာစရင်ပြန်ချဲမယ် နင်တို့မပါလည်းနေ"

ထယ်ယောင်းပြောလိုက်တော့ဒါဟယ်ကဆံပင်ကိုသပ်တင်ပြီးလေပူမှုတ်ထုတ်ကာပြောသည်။

"မပါစရာလား အပြတ်ချဲပြီး ဟိုတစ်ခါလိုအတူတူဂျေအောင်းကြတာပေါ့ "

အတူတူရယ်ကာစားပွဲဝိုင်းမှာဝင်ထိုင်လိုက်ကြသည်။ရည၉နာရီမှာထယ်ယောင်းdjစလိုက်တော့သည်။အရမ်းကြီးမဟုတ်ပေမယ့်ဝါသနာအရသင်ထားတာဖြစ်သောကြောင့်ကောင်းစွာသံစဉ်တွေဖန်တီးနိုင်သည်။
ထယ်ယောင်းမျက်လုံးတွေမှိတ်ကာသံစဉ်တွေထဲစီးမျောနေတုန်းသူငယ်ချင်းတွေကိုမျက်လုံးဖွင့်ကြည့်လိုက်တော့ စင်အောက်မှာရန်ပွဲဖြစ်နေကြသည်။ထယ်ယောင်းလည်းလူအုပ်ကြားထဲတိုးဝင်ရင်းအနားရောက်အောင်သွားလိုက်ရသည်။အကိုတွေဝင်ဖြန်ဖြေနေကာပျက်စီးသွားတဲ့ပစ္စည်းဖိုးတွေကိုတစ်ဝက်စီခွဲပြီးလျော်ရင်အဆင်ပြေမယ်လို့ပြောလာသည်။

"ဘယ်လိုလုပ်မလဲ အခုတလောငါတို့ကိုအိမ်က cardတွေပိတ်ထားတာလေ"

"ငါ့မှာလည်းအဲ့လောက်အများကြီးမရှိဘူး"

ဒိုရာကလည်းသူစုထားတဲ့ပိုက်ဆံကိုတွက်ကြည့်ပြီးဝင်ပြောလေသည်။ပြသနာဖြစ်တိုင်း ဒိုရာကဘယ်တော့မှမပါခဲ့။ရှင်းရမယ့်ငွေတွေကိုသာအမြဲမျှပေးခဲ့တဲ့သူငယ်ချင်းလေး။

"မပူပါနဲ့ ငါ့မှာရှိတယ် ငါ့ဟာတော့မဟုတ်ဘူး ဂျွန်ကသူမရှိတုန်းလိုအပ်ရင်သုံးဖို့ပေးခဲ့တာ အဲ့ဒါနဲ့ပေးလိုက် ဘိုမီ"

"ထယ် မင်းအဆင်ပြေပါ့မလား နောက်ကျငါတို့ပြန်စုပြီးထည့်ပေးမယ်နော်"

"ရပါတယ်ကွာ ငါပြန်ဖြည့်ပေးလိုက်မယ်စုထားတာနဲနဲရှိတယ် လောလောဆယ်ငါတို့ကိုကြည့်နေတဲ့အဲ့ကောင်တွေမျက်နှာကိုသာခပ်ထေ့ထေ့အပြုံးနဲ့ကြည့်ပြီးသွားမယ် သူ့အဖေအရှိန်အဝါကို ဂုဏ်ယူပြီးမသေသွားခင်"

သူငယ်ချင်းတွေအကုန်လုံးclubမှထွက်လာပြီးဆိုင်တစ်ဆိုင်မှာဝင်စားသောက်ပြီးလမ်းခွဲကာပြန်လာခဲ့တော့သည်။နာရီကြည့်လိုက်တော့ ၁နာရီနဲ့မိနစ်၄၀ရှိခဲ့ပြီ။ဖုန်းလည်းမယူခဲ့တော့ ဂျွန်များဖုန်းဆက်ထားလားမသိ။အကိုနဲ့အမလည်းစိတ်ပူနေတော့မှာဟုတွေးရင်းကားကိုဂရုတစိုက်နဲ့မြန်မြန်လေးမောင်းလာခဲ့တော့သည်။ခြံရှေ့ရောက်တော့ကားမီးရောင်မြင်တာနဲ့အကိုကတံခါးတန်းဖွင့်ပေးသည်။

"Sorry အကိုကျွန်တော်ဖုန်းမယူသွားလိုက်မိဘူး ပြောဖို့မေ့သွားလို့"

"ထယ်လေးရေ အကိုလေးပြန်ရောက်လာတယ် ၁၀နာရီလောက်က"

ထယ်ယောင်းမှာပါးစပ်ဟပြီးမျက်လုံးများဝိုင်းစက်နေကာဘာမှပြန်မပြောနိုင်တော့ပါ။

"ရောက်ရောက်ချင်း စိတ်တွေတိုပြီးအကို့ကိုလည်းဆူတာမဟုတ်ပေမယ့်ပြောတာပေါ့ ဖုန်းဆက်တော့လည်းအခန်းထဲမှာကျန်နေမှန်းသိတော့ ပိုပြီးဒေါသတွေထွက်နေရော မြန်မြန်ဝင်သွားလိုက်နော်"

ထယ်ယောင်းလည်းခေါင်းငြိမ့်ပြပြီးကားကိုဂိုဒေါင်မှာရပ်ပြီးအိမ်ထဲဝင်လိုက်တော့သည်။ညဝတ်အင်္ကျီလဲထားပြီးသူ့ကိုခြေချိတ်ပြီးဧည့်ခန်းမှာထိုင်စောင့်နေတာတွေ့လိုက်ရသည်။

"ဂျွန် ပြန်ရောက်မှာကြိုမပြောဘူး သိခဲ့ရင်အခုညမသွားပဲနေမှာပေါ့"

"တော်စမ်းပါ ငါ့ရှေ့မှာအယုံသွင်းပြီးလိမ္မာပြ ချစ်ပြ နောက်ကွယ်ကြတော့ငါ့ကိုလှောင်နေတာလား ငတုံးငါလှိမ့်သမျှခံဆိုပြီးနေ,နေတာမလား"

ဒေါသထွက်ကာအော်လိုက်တဲ့အသံကြောင့်ထယ်ယောင်းမှာလန့်သွားရသည်။သူနဲ့စသိထဲကအခုလိုဒေါသထွက်ပြီးအော်တာမတွေ့ဘူးခဲ့။

"မဟုတ်ပါဘူး ကျွန်တော် ဂျွန့်ကိုဘယ်တုန်းကမှအဲ့လိုအတွေးမျိုးမရှိခဲ့ပါဘူး"

"မင်းဘာပြောပြော ဘယ်လိုယုံရမှာလဲ အလိမ်အညာတွေကြီးပဲ အခုလည်းသုံးခဲ့တဲ့ပိုက်ဆံကနည်းတာမဟုတ်ဘူး ငါ့ဖုန်းထဲမှာမင်းထုတ်သုံးတာတွေ message တွေဝင်လာတယ် ဘာအတွက်သုံးခဲ့တာလဲ ပြော!"

သူအော်လို့လန့်နေရတဲ့အချိန်မှာ အပေါ်ထပ်လှေကားထိပ်ကအော်သံကြားတဲ့အဆုံးမှာတော့ထယ်ယောင်းလက်ထဲက ကားသော့လေးလွတ်ကြသွားတော့သည်။

"ဒယ်ဒီ ဘာဖြစ်လို့လည်း သမီးအိပ်နေရင်းဆူသံတွေကြားလို့"

"ဘာမှမဖြစ်ဘူးသမီး အခန်းထဲမှာအိပ်နေ ဒယ်ဒီခဏနေလာခဲ့မယ်"

ဘာလဲ...ဘယ်သူလဲ အဲ့ကလေးမလေးက။ဂျောင်ဂုကအဲ့ကလေးမလေးကိုသမီးလို့ခေါ်ပြီးပြောနေတာက သူ့ကိုဆူနေတာနဲ့များကွာပ။ချိုသာနေရောကလေးမလေးကလည်း ok ဒယ်ဒီတဲ့။
ဒီအကြောင်းမှမဟုတ်ဂျောင်ဂုနဲ့ပတ်သတ်ရင်ထယ်ယောင်းမှာဘာမှသေချာမသိ။တွေ့တာဘယ်လောက်မှမကြာသေးတော့ဘာမှမသိ။
ဘာမှမသိခဲ့ပါပဲ ချစ်ခဲ့မိတာချစ်နေတာကိုလိမ်နေတယ်တဲ့လား.....။

Simplicity🏝
Zante💜

Taeရဲ့မွေးနေ့အကြို updateလေးပါ😍
မနက်ဖြန်ညကိုလည်းupပေးပါမယ်😘

ဖတ်ပေးသူသဲလေးတစ်ယောက်ချင်းစီတိုင်းကိုချစ်ခင်လေးစားလျှက်......

#Zawgyi
ထယ္ေယာင္းတစ္ေယာက္ထဲညေနေရာက္ေတာ့ေယာင္ခ်ာခ်ာျဖစ္ေနေတာ့သည္။ထမင္းစားဖို႔ျပင္ဆင္ေနရင္းမွာသြားတဲ့စကားေတြကနားထဲမွာတစ္ခုခ်င္းၾကားေယာင္လာသည္။ေန႔ခင္းကအေဒၚႀကီးလာပို႔သြားေသာဟင္းဘူးေတြကိုၾကည့္ကာကိုယ္စားခ်င္တဲ့ဘူးေလးေတြကိုထုတ္လိုက္သည္။ဝက္သားအစပ္ေၾကာ္ကိုပန္းကန္လုံးထဲနဲနဲခြဲထည့္ကာဘူးကိုေသခ်ာျပန္ပိတ္ၿပီးေရခဲေသတၱာထဲကိုျပန္ထည့္လိုက္သည္။က်န္တဲ့အ႐ြက္ေၾကာ္နဲ႔အရံဟင္းတစ္မ်ိဳးကိုလည္းအနည္းငယ္ခြဲထည့္ၿပီးျပန္ထားလိုက္သည္။ဟင္းေတြကိုအမ်ားႀကီးေႏႊးၿပီးမွ မကုန္ပဲျပန္ထည့္ရင္ဟင္းက်န္ေတြျဖစ္သြားၿပီးသိုးကုန္လိမ့္မယ္လို႔မွာသြားသည္။ထမင္းကေတာ့အကိုနဲ႔အမကညေနကခ်က္ေပးသြားသည္။ဖုန္းေတာင္မဆက္ဘူးဂ်ပန္ေရာက္ေနၿပီကို ဆက္ျပန္ရင္လည္းအထင္ေသးသြားမွာစိုးရိမ္သည္။
အခ်စ္မွာအထင္ေသးတာေတြဘာေတြစိုးရိမ္စရာလိုလဲ ကိုယ့္ခ်စ္သူကိုယ္ဖုန္းဆက္တာပဲေလ အမ်ိဳးမ်ိဳးေတြးေနရင္းနဲ႔ဖုန္းဆက္ဖို႔ျပင္လိုက္သည္။

"အာ...ဖုန္းလည္းမဆက္ ဖုန္းလည္းမကိုင္နဲ႔ဒီလူႀကီးကေတာ့"

ဖုန္းဝင္ေနတာမကိုင္လို႔သုံးေခါက္ဆက္တိုက္ေခၚတဲ့အထိမကိုင္။ဖုန္းကိုပစ္ခ်လိုက္ေတာ့ဖုန္းသံထျမည္လာသည္။အေျပးအလႊားေကာက္ယူကာၾကည့္လိုက္ေတာ့ ခ်န္းေလးဆီကဖုန္းျဖစ္ေနသည္။

"ေျပာ..."

"မင္းအသံႀကီးကလည္းဘာျဖစ္ေနတာလည္းကြာ"

"ဟိုလူႀကီးေလ ဂ်ပန္ေရာက္သြားၿပီေလ ငါဖုန္းဆက္တာမကိုင္ဘူး"

"အလုပ္မအားလို႔ေနမွာပါကြာ မင္းဘိုးေတာ္မရွိေတာ့ပိုေပ်ာ္ရမွာေလ"

ေအာင္မယ္အခုမွအသက္ငယ္ငယ္ေလးရွိေသးတဲ့ငါ့ရဲ႕ ဂြၽန္ ကိုမ်ားဟိုဘိုးေတာ္တဲ့။အနားရွိရင္ထိပ္ကိုနာနာေခါက္ပစ္လိုက္ခ်င္တာ။

"ဒီမွာ အကိုႀကီးခ်န္း ကြၽန္ေတာ္ရဲ႕ဂြၽန္ကိုဘိုးေတာ္လို႔မေျပာနဲ႔ မႀကိဳက္ဘူး"

"အမေလး ကင္မ္ထယ္ေယာင္းတို႔မ်ားေနာ္ ေတာ္ပါၿပီ မင္းရဲ႕ဂြၽန္ဆိုတာႀကီးနဲ႔ရန္ျဖစ္ရင္ ငါ့လာမေျပာနဲ႔နားေထာင္မေပးဘူး"

"အာ...ခ်န္းေလးကလည္းငါ့အခ်စ္ဆုံးသူငယ္ခ်င္းကမင္းပဲရွိတာေလ...အခုဘာေျပာမလို႔ဖုန္းဆက္တာလဲ"

"ေအာ္ေအးဟုတ္သားပဲ ငါတို႔ sundayညၾကရင္ ဘိုမီ ေမြးေန႔ကသူ႔အကိုသူငယ္ခ်င္းclubမွာတဲ့ မင္းdjတီးမွာဆို"

ဂြၽန္ကို dj တီးမယ့္အေၾကာင္းမေျပာလိုက္ရ ေျပာရင္လည္းလႊတ္မွာမဟုတ္ေတာ့ဘူး။ဘယ္သူမွသိမွာမွမဟုတ္တာတစ္ခါတစ္ေလ ခိုးလုပ္ရမွာပဲ။

"ေအး ဘိုမီက ေမြးေန႔လက္ေဆာင္အဲ့ဒါပဲလိုခ်င္တာတဲ့ သူ႔သူငယ္ခ်င္းေတာ္ေတာ္မ်ားမ်ားကိုေျပာၿပီးဖိတ္ထားလို႔တဲ့ကြာ"

"မင္းလာလို႔အဆင္ေျပတယ္မလား"

"ေျပတယ္ေလ ဒါေပမယ့္ ဂြၽန္ကငါ့ကိုသူတို႔အိမ္က ကားေမာင္းတဲ့အကိုနဲ႔သြားခိုင္းတာ ၉နာရီဆိုျပန္ရမယ္တဲ့"

"ဟာ....ထယ္ရာ ၉နာရီဆိုတာအေစာႀကီးေလးကြာ၁၀နာရီေလာက္မွငါတို႔ကစျမဴးမွာေလ မင္းdj beatေတြကအဲ့အခ်ိန္ေလာက္မွလန္းတာကို တစ္ခုခုႀကံပါအုံး"

ဂြၽန္ေျပာတဲ့၉နာရီက ေစာမွန္းသိသည္။ဆက္ေျပာေနရင္မသြားရမွာဆိုးလို႔အလြယ္လက္ခံလိုက္တာ။သူသိတာမွမဟုတ္တာ သူျပန္လာမွာmondayညေနေလာက္မွလို႔ေျပာသြားတာပဲေလ။

"ငါစဥ္းစားထားပါတယ္ ဟိုအကို ကိုလိုက္မပို႔ခိုင္းဘဲ ငါ့ပါငါကားေမာင္းလာမယ္ကြာ ပြဲၿပီးမွျပန္မယ္ ဂြၽန္ကေနာက္ေန႔ညေနေလာက္မွေရာက္မွာ"

"အဲ့အကိုက လက္ခံပါ့မလား မင္းရဲ႕
ဂြၽန္ ကိုဖုန္းဆက္ေျပာေနရင္ဘယ္လိုလုပ္မလဲ"

"မေျပာေလာက္ပါဘူး အဲ့အကိုနဲ႔အမကငါ့ကိုခ်စ္ၾကတယ္ ရေလာက္ပါတယ္
ဒါပဲေလကြာ ငါ့ဂြၽန္ဖုန္းကိုေစာင့္ရအုံးမယ္ bye Faေလးေရ.."

ထယ္ေယာင္းမွာခ်န္းေလးမဆဲခင္ဖုန္းကိုခ်ပစ္လိုက္သည္။မခ်ပါကဆဲနည္းအေဟာင္းေတြေရာ အသစ္ေတြပါေဝဆာသြားမွာမလြဲ။ထမင္းစားေနတုန္းဖုန္းဝင္လာသည္။အခုမွvideo callေတြေခၚေနတာအျမင္ကပ္စရာေကာင္းေပမယ့္လည္း ေတြ႕ခ်င္ေနေတာ့စိတ္ဆိုးေနစြာနဲ႔ကိုင္ရေပအုံးမည္။

"babeေလး ဘာေတြလုပ္ေန"

"မျမင္ဘူးလား"

ကြၽန္ေတာ့္ေကာင္ေလးျပန္ေျဖပုံက ေကာင္မေလးေတြလိုႏူးညံ့မေန။ေဘာက္ဆက္ဆက္နဲ႔မၾကည္ၾကည့္
ၾကည့္ကာေျပာေနတာကိုက အသည္းယားေနရတာအမွန္ပင္။

"babe ကထမင္းစားေနတာပဲ ကိုယ္ကအလုပ္ေတြတန္းလုပ္ေနတာနဲ႔ဖုန္းမေခၚျဖစ္တာပါ babeဖုန္းဆက္ေတာ့ကိုယ္က ဒယ္ဒီတို႔နဲ႔ညစာစားေနေတာ့ဖုန္းကဧည့္ခန္းထဲထားခဲ့မိလို႔"

"ဂြၽန္က အဲ့ဒါကြၽန္ေတာ့္ကိုအေရးမပါဘူးဆိုတာျပတာမလား ကြၽန္ေတာ့္မွာေတာ့ ေမေမဖုန္းေခၚတာေတာင္မကိုင္ဘူး ဂြၽန္ဖုန္းဆက္ရင္လြဲသြားမွာစိုးလို႔ေလ ၿပီးမွျပန္ေခၚမယ္ဆိုၿပီးေစာင့္ေနရတာ"

ဒီလိုေတြကလည္းခြၽဲတက္ေသး။ထမင္းစားလိုက္ေျပာလိုက္နဲ႔အခုလိုဆိုေတာ့လည္းကိုယ့္ကေလးေလးထမင္းစားတဲ့အခ်ိန္ေယာင္ခ်ာခ်ာမျဖစ္ေတာ့ဘူးေပါ့ေလ။

"မဟုတ္ပါဘူး babeရာ ကိုယ့္အတြက္ဘယ္အရာမွ babeေလာက္အေရးမႀကီးဘူး ကိုယ့္အသက္ထက္ေတာင္အေရးပါတယ္ကေလးေလးရ"

"ယုံေပးလိုက္ပါမယ္ေလ အခုကhotelမွာေနတာလား ဂြၽန္ရဲ႕အေမအိမ္မွာလား"

"hotel မွာပဲေနတာ ဒီကသြားရလာရတာအဆင္ေျပတယ္ျမန္တယ္ေလ ကိုယ္အလုပ္ျမန္ျမန္ၿပီးေတာ့ကေလးေလးဆီျမန္ျမန္ျပန္လာလို႔ရတာေပါ့"

ထယ္ေယာင္းမွာအဲ့စကားေလးၾကားလိုက္တာနဲ႔မ်က္ႏွာကၿပဳံးသြားကာေျပးဖက္ခ်င္စိတ္ေတြကသာႀကီးစိုးေနေတာ့သည္။

"အင္း...ျမန္ျမန္ျပန္လာခဲ့ လြမ္းေနၿပီ အရမ္းလည္းဖက္ထားခ်င္ေနတာမလို႔"

"ျပန္လာခဲ့မယ္ babe လိမၼာေအာင္ေနေနာ္ ကိုယ့္ကိုစိတ္ပူရေအာင္မလုပ္နဲ႔ကိုယ္ေျပာထားတာေရာမွတ္မိေသးလား"

"မွတ္မိတာေပါ့ ဂြၽန္ရဲ႕ႏွလုံးသားေပၚမွာလမ္းေလွ်ာက္ေျပးလႊားေနထိုင္ေနတာကြၽန္ေတာ္ပါဆို ဂြၽန္ႏွလုံးသားေလးနာက်င္ရေအာင္မလုပ္ဘူး စိတ္ခ်ပါ"

"အဲ့ဒါဆို goodnight babe ခ်စ္တယ္"

"အင္း...အမ်ားႀကီးခ်စ္တယ္ ဂြၽန္"

ၿပဳံးၾကည့္ေနရင္းနဲ႔ေဂ်ာင္ဂုမွာဖုန္းကိုပိတ္လိုက္ရသည္။ဒါေလးကိုဘာလို႔ခ်စ္တာလဲဘာေၾကာင့္ခ်စ္ေနလည္းဆိုတဲ့အေျဖမရွိ။ခ်စ္စရာေကာင္းလို႔ကိုခ်စ္ေနတာ။အၿမဲသာရင္ခြင္ထဲထည့္ဖက္ထားခ်င္တာ။သူကအရမ္းခ်စ္ရေၾကာင္း အေလးထားရေၾကာင္းကိုလည္းအၿမဲတမ္းခ်ျပတက္ေသး ေျပာျပတက္ေသးသည္။တစ္ခါတစ္ေလေတာ့လည္းအလြန္ဆိုးတဲ့လူဆိုးေလးျဖစ္ေနျပန္သည္။ေဂ်ာင္ဂုလည္းသူ႔ကိုႏူးညံ့ဖို႔ဆုံးမေနတာမဟုတ္ လူရည္မြန္ေလးေတာ့ျဖစ္ေစခ်င္သည္။သူေဌးသားပဲဆိုးတာဆန္းသလားဆိုတဲ့အသိုင္းအဝန္းထဲမပါေစခ်င္။သူလက္ထပ္ယူမယ့္သူ႔ကေလးေလးကိုသူမ်ားအေျပာမခံရေစခ်င္ပါ။ေကာင္ေလးတစ္ေယာက္ကိုခ်စ္ရတာလြယ္မေနပါလား။

ထယ္ေယာင္းမွာေမြးေန႔ပြဲသြားဖို႔ကိုအသည္းအသန္ေျပာလိုက္ရသည္။ဒါေတာင္အကိုေရာအမေရာကခ်စ္လြန္းလို႔သာလက္ခံလိုက္ေပမယ့္သူ႔ကိုအႀကိမ္ႀကိမ္ကတိေတာင္းေနသည္။တက္ႏိုင္သ၍ေစာေစာျပန္ခဲ့ေပးပါ။မ်က္ႏွာကအစတစ္ကိုယ္လုံးဒဏ္ရာေသးေသးေလးေတာင္ရလာလို႔မျဖစ္ဘူးေနာ္ဆိုတာကပါေသးသည္။တစ္နာရီခြဲေလာက္အာေပါက္မတက္ေျပာၿပီးမွသေဘာတူညီမႈ႕ကိုရယူႏိုင္ခဲ့သည္။လြယ္မေနဘူးအျပင္ေလးတစ္ခါသြားရဖို႔ကို။ညေနေရာက္ေတာ့ျပင္ဆင္ၿပီးဆင္းလာလိုက္သည္။

"ေခ်ာလိုက္တာ ထယ္ေလးက အေႏြးထည္ကိုတစ္ခါထဲဝတ္ထားပါလားေအးေနမယ္"

"ရတယ္အမ ဟိုေရာက္ရင္ပူေနမွာေအးမွဝတ္လိုက္မယ္ေနာ္"

"ထယ္ေလး အကိုမွာတာေတြမေမ့နဲ႔ေနာ္ တစ္ခုခုဆိုဖုန္းဆက္ လႊတ္သာလႊတ္ရတယ္ စိတ္မခ်ဘူး တစ္ခုခုျဖစ္ရင္ အကိုေလးကေျပာမွာ ယုံၾကည္မႈကိုအလြဲသုံးစားလုပ္ေနမိသလိုပဲ"

ထယ္ေယာင္းမွာ အကိုနဲ႔အမကိုၾကည့္ကာအားနာေနရသည္။သူတို႔အကိုေလးကိုတစ္ခါမွအျပစ္မလုပ္ထားတဲ့ပုံစံဆိုတာအခုလိုျဖစ္ေနတာနဲ႔တန္းသိႏိုင္သည္။

"စိတ္ခ်ပါ အကိုနဲ႔အမရယ္ ကြၽန္ေတာ့္ေၾကာင့္စိတ္ပူရတာဒီတစ္ခါေနာက္ဆုံးပါပဲ ဒီအိမ္ကိုမလာခင္ထဲကအခုပြဲကသူငယ္ခ်င္းအတြက္စီစဥ္ထားၾကတာျဖစ္ေနလို႔ စိတ္မပူနဲ႔ေနာ္ ကြၽန္ေတာ္အိမ္ေစာေစာေရာက္ေအာင္ျပန္ခဲ့မယ္"

"ဟုတ္ပါၿပီ ထယ္ေလးရယ္ အမတို႔ေစာင့္ေနမယ္ေနာ္ သြားမွေတာ့ေပ်ာ္ေပ်ာ္သာသြားပါ"

အကိုနဲ႔အမကိုႏႈတ္ဆက္ၿပီးကားေမာင္းကာထြက္လာလိုက္သည္။လမ္းေရာက္မွသတိရတာက ရန္ေတြဘာေတြျဖစ္မလားကိုယ့္ကိုကိုယ္ေတာင္မယုံၾကည္လို႔
ဂြၽန္ဝယ္ေပးတဲ့ဖုန္းကိုအိမ္မွာသာထားခဲ့လိုက္သည္။ဖုန္းမပါလာတဲ့အေၾကာင္းကိုေျပာဖို႔ေမ့သြားခဲ့သည္။ဘဝမွာပထမဆုံးအျပင္ခိုးထြက္ဖူးတာမဟုတ္ဘဲနဲ႔
အခုက်မွအျပင္ထြက္လာၿပီးေကာင္းေကာင္းမေပ်ာ္ဘဲစိတ္ထဲထင့္ေနရသည္။အခ်စ္ဟာခ်ဳပ္ခ်ယ္မႈ
မမည္ေသာခ်ဳပ္ခ်ယ္မႈတစ္မ်ိဳးလည္းေရာယွက္ပါေနေလရဲ႕။clubေရာက္ေတာ့ကားပါကင္မွာကားရပ္ၿပီးဆင္းလိုက္သည္ႏွင့္ေမြးေန႔ရွင္ႀကီးအပါအဝင္ေစာင့္ႀကိဳေနေသာခ်စ္စရာသူငယ္ခ်င္းမ်ား။

"အိုးးးးmy Tae အၿမဲတမ္းမိုက္ေနေရာ"

"အ႐ူးမ နင္လုပ္လို႔ငါဟိုအကိုေတြကိုထားခဲ့ရတာ သူတို႔စိတ္ပူေနေတာ့မွာ သူတို႔အကိုေလးအျပစ္ေျပာမွာစိုးရိမ္ေနၾကတယ္"

"နင္ကလည္းဟာ နင့္သူငယ္ခ်င္းေမြးေန႔ပြဲမွာ djတီးေပးရတာပဲကို"

"ေအးေလ ကင္မ္ထယ္တို႔မ်ား ဘာေလးညာေလးနဲ႔ခ်က္ခ်င္းႀကီးအခ်ိဳးေတြျပင္ေနပုံမ်ား"

"သြားမေျပာနဲ႔ အဲ့ေကာင္ကငါတို႔ကို FAဆိုၿပီးႏွိမ္သြားတာ"

တစ္ေယာက္တစ္ေပါက္ဝိုင္းေအာ္ၿပီးထု႐ိုက္ကာclubထဲသို႔တက္ႂကြတဲ့ေျခလွမ္းေတြနဲ႔ဝင္လာခဲ့ၾကေတာ့သည္။

"ငါ့အကိုသူငယ္ခ်င္းclubဆိုေတာ့ဟာ သူ႔ဆိုင္လာေနၾကတဲ့သူေတြပါလာၾကတယ္ ထယ္နဲ႔ခ်န္း ဟိုတစ္ခါငါတို႔နဲ႔ရန္ျဖစ္တဲ့ေကာင္ေတြအဖြဲ႕ေရာက္ေနတယ္ သူတို႔မစရင္ဘာမွငါတို႔ကလည္းမလႈပ္ရွားနဲ႔ေနာ္"

"ဟုတ္တယ္ဟ သူ႔အေဖကေတာ္ေတာ္အရွိန္အဝါရွိတယ္တဲ့ ငါတို႔ေရွာင္မွရမယ္"

သူငယ္ခ်င္းမေလးေတြေျပာေနတဲ့စကားကို ခ်န္းေလးကလက္မခံ။

"ဘယ္ေလာက္အရွိန္အဝါႀကီးႀကီးဟာ ကိုယ့္လာေၾကာရင္ျပန္ခ်ဲပစ္မွာ ၿငိမ္ေနရင္ရာဇဝင္႐ိုင္းတယ္ ဟုတ္တယ္မလားထယ္ထယ္"

"ဒါေပါ့ ငါတို႔လာစရင္ျပန္ခ်ဲမယ္ နင္တို႔မပါလည္းေန"

ထယ္ေယာင္းေျပာလိုက္ေတာ့ဒါဟယ္ကဆံပင္ကိုသပ္တင္ၿပီးေလပူမႈတ္ထုတ္ကာေျပာသည္။

"မပါစရာလား အျပတ္ခ်ဲၿပီး ဟိုတစ္ခါလိုအတူတူေဂ်ေအာင္းၾကတာေပါ့ "

အတူတူရယ္ကာစားပြဲဝိုင္းမွာဝင္ထိုင္လိုက္ၾကသည္။ရည၉နာရီမွာထယ္ေယာင္းdjစလိုက္ေတာ့သည္။အရမ္းႀကီးမဟုတ္ေပမယ့္ဝါသနာအရသင္ထားတာျဖစ္ေသာေၾကာင့္ေကာင္းစြာသံစဥ္ေတြဖန္တီးႏိုင္သည္။
ထယ္ေယာင္းမ်က္လုံးေတြမွိတ္ကာသံစဥ္ေတြထဲစီးေမ်ာေနတုန္းသူငယ္ခ်င္းေတြကိုမ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့ စင္ေအာက္မွာရန္ပြဲျဖစ္ေနၾကသည္။ထယ္ေယာင္းလည္းလူအုပ္ၾကားထဲတိုးဝင္ရင္းအနားေရာက္ေအာင္သြားလိုက္ရသည္။အကိုေတြဝင္ျဖန္ေျဖေနကာပ်က္စီးသြားတဲ့ပစၥည္းဖိုးေတြကိုတစ္ဝက္စီခြဲၿပီးေလ်ာ္ရင္အဆင္ေျပမယ္လို႔ေျပာလာသည္။

"ဘယ္လိုလုပ္မလဲ အခုတေလာငါတို႔ကိုအိမ္က cardေတြပိတ္ထားတာေလ"

"ငါ့မွာလည္းအဲ့ေလာက္အမ်ားႀကီးမရွိဘူး"

ဒိုရာကလည္းသူစုထားတဲ့ပိုက္ဆံကိုတြက္ၾကည့္ၿပီးဝင္ေျပာေလသည္။ျပသနာျဖစ္တိုင္း ဒိုရာကဘယ္ေတာ့မွမပါခဲ့။ရွင္းရမယ့္ေငြေတြကိုသာအၿမဲမွ်ေပးခဲ့တဲ့သူငယ္ခ်င္းေလး။

"မပူပါနဲ႔ ငါ့မွာရွိတယ္ ငါ့ဟာေတာ့မဟုတ္ဘူး ဂြၽန္ကသူမရွိတုန္းလိုအပ္ရင္သုံးဖို႔ေပးခဲ့တာ အဲ့ဒါနဲ႔ေပးလိုက္ ဘိုမီ"

"ထယ္ မင္းအဆင္ေျပပါ့မလား ေနာက္က်ငါတို႔ျပန္စုၿပီးထည့္ေပးမယ္ေနာ္"

"ရပါတယ္ကြာ ငါျပန္ျဖည့္ေပးလိုက္မယ္စုထားတာနဲနဲရွိတယ္ ေလာေလာဆယ္ငါတို႔ကိုၾကည့္ေနတဲ့အဲ့ေကာင္ေတြမ်က္ႏွာကိုသာခပ္ေထ့ေထ့အၿပဳံးနဲ႔ၾကည့္ၿပီးသြားမယ္ သူ႔အေဖအရွိန္အဝါကို ဂုဏ္ယူၿပီးမေသသြားခင္"

သူငယ္ခ်င္းေတြအကုန္လုံးclubမွထြက္လာၿပီးဆိုင္တစ္ဆိုင္မွာဝင္စားေသာက္ၿပီးလမ္းခြဲကာျပန္လာခဲ့ေတာ့သည္။နာရီၾကည့္လိုက္ေတာ့ ၁နာရီနဲ႔မိနစ္၄၀ရွိခဲ့ၿပီ။ဖုန္းလည္းမယူခဲ့ေတာ့ ဂြၽန္မ်ားဖုန္းဆက္ထားလားမသိ။အကိုနဲ႔အမလည္းစိတ္ပူေနေတာ့မွာဟုေတြးရင္းကားကိုဂ႐ုတစိုက္နဲ႔ျမန္ျမန္ေလးေမာင္းလာခဲ့ေတာ့သည္။ၿခံေရွ႕ေရာက္ေတာ့ကားမီးေရာင္ျမင္တာနဲ႔အကိုကတံခါးတန္းဖြင့္ေပးသည္။

"Sorry အကိုကြၽန္ေတာ္ဖုန္းမယူသြားလိုက္မိဘူး ေျပာဖို႔ေမ့သြားလို႔"

"ထယ္ေလးေရ အကိုေလးျပန္ေရာက္လာတယ္ ၁၀နာရီေလာက္က"

ထယ္ေယာင္းမွာပါးစပ္ဟၿပီးမ်က္လုံးမ်ားဝိုင္းစက္ေနကာဘာမွျပန္မေျပာႏိုင္ေတာ့ပါ။

"ေရာက္ေရာက္ခ်င္း စိတ္ေတြတိုၿပီးအကို႔ကိုလည္းဆူတာမဟုတ္ေပမယ့္ေျပာတာေပါ့ ဖုန္းဆက္ေတာ့လည္းအခန္းထဲမွာက်န္ေနမွန္းသိေတာ့ ပိုၿပီးေဒါသေတြထြက္ေနေရာ ျမန္ျမန္ဝင္သြားလိုက္ေနာ္"

ထယ္ေယာင္းလည္းေခါင္းၿငိမ့္ျပၿပီးကားကိုဂိုေဒါင္မွာရပ္ၿပီးအိမ္ထဲဝင္လိုက္ေတာ့သည္။ညဝတ္အက်ႌလဲထားၿပီးသူ႔ကိုေျခခ်ိတ္ၿပီးဧည့္ခန္းမွာထိုင္ေစာင့္ေနတာေတြ႕လိုက္ရသည္။

"ဂြၽန္ ျပန္ေရာက္မွာႀကိဳမေျပာဘူး သိခဲ့ရင္အခုညမသြားပဲေနမွာေပါ့"

"ေတာ္စမ္းပါ ငါ့ေရွ႕မွာအယုံသြင္းၿပီးလိမၼာျပ ခ်စ္ျပ ေနာက္ကြယ္ၾကေတာ့ငါ့ကိုေလွာင္ေနတာလား ငတုံးငါလွိမ့္သမွ်ခံဆိုၿပီးေန,ေနတာမလား"

ေဒါသထြက္ကာေအာ္လိုက္တဲ့အသံေၾကာင့္ထယ္ေယာင္းမွာလန႔္သြားရသည္။သူနဲ႔စသိထဲကအခုလိုေဒါသထြက္ၿပီးေအာ္တာမေတြ႕ဘူးခဲ့။

"မဟုတ္ပါဘူး ကြၽန္ေတာ္ ဂြၽန႔္ကိုဘယ္တုန္းကမွအဲ့လိုအေတြးမ်ိဳးမရွိခဲ့ပါဘူး"

"မင္းဘာေျပာေျပာ ဘယ္လိုယုံရမွာလဲ အလိမ္အညာေတြႀကီးပဲ အခုလည္းသုံးခဲ့တဲ့ပိုက္ဆံကနည္းတာမဟုတ္ဘူး ငါ့ဖုန္းထဲမွာမင္းထုတ္သုံးတာေတြ message ေတြဝင္လာတယ္ ဘာအတြက္သုံးခဲ့တာလဲ ေျပာ!"

သူေအာ္လို႔လန႔္ေနရတဲ့အခ်ိန္မွာ အေပၚထပ္ေလွကားထိပ္ကေအာ္သံၾကားတဲ့အဆုံးမွာေတာ့ထယ္ေယာင္းလက္ထဲက ကားေသာ့ေလးလြတ္ၾကသြားေတာ့သည္။

"ဒယ္ဒီ ဘာျဖစ္လို႔လည္း သမီးအိပ္ေနရင္းဆူသံေတြၾကားလို႔"

"ဘာမွမျဖစ္ဘူးသမီး အခန္းထဲမွာအိပ္ေန ဒယ္ဒီခဏေနလာခဲ့မယ္"

ဘာလဲ...ဘယ္သူလဲ အဲ့ကေလးမေလးက။ေဂ်ာင္ဂုကအဲ့ကေလးမေလးကိုသမီးလို႔ေခၚၿပီးေျပာေနတာက သူ႔ကိုဆူေနတာနဲ႔မ်ားကြာပ။ခ်ိဳသာေနေရာကေလးမေလးကလည္း ok ဒယ္ဒီတဲ့။
ဒီအေၾကာင္းမွမဟုတ္ေဂ်ာင္ဂုနဲ႔ပတ္သတ္ရင္ထယ္ေယာင္းမွာဘာမွေသခ်ာမသိ။ေတြ႕တာဘယ္ေလာက္မွမၾကာေသးေတာ့ဘာမွမသိ။
ဘာမွမသိခဲ့ပါပဲ ခ်စ္ခဲ့မိတာခ်စ္ေနတာကိုလိမ္ေနတယ္တဲ့လား.....။

Simplicity🏝
Zante💜

Taeရဲ႕ေမြးေန႔အႀကိဳ updateေလးပါ😍
မနက္ျဖန္ညကိုလည္းupေပးပါမယ္😘

ဖတ္ေပးသူသဲေလးတစ္ေယာက္ခ်င္းစီတိုင္းကိုခ်စ္ခင္ေလးစားလွ်က္......

Continue Reading

You'll Also Like

40.5K 2.5K 15
𝐍𝐨𝐭𝐡𝐢𝐧𝐠 𝐠𝐨𝐧𝐧𝐚 𝐜𝐡𝐠 𝐦𝐲 𝐥𝐨𝐯𝐞 𝐟𝐨𝐫 𝐲𝐨𝐮 𝐘𝐎𝐔 𝐨𝐮𝐠𝐡𝐭𝐚 𝐤𝐧𝐨𝐰 𝐡𝐨𝐰 𝐦𝐮𝐜𝐡 𝐢 𝐋𝐎𝐕𝐄 𝐲𝐨𝐮 𝐭𝐡𝐞 𝐰𝐨𝐫𝐥𝐝 𝐦𝐚𝐲...
238K 23.2K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
24K 1.3K 30
~Narcissusပန်းလေးရဲ့အဓိပ္ပါယ်က "မင်းကငါ့ရဲ့တစ်ယောက်သောသူ" တဲ့လေ~ [Both U & Z] Start date _ 19.4.2023 (Wed) End date _ 27.3.2024(Wed)
89.1K 6.4K 16
[Uni & Zawgyi] Completed "ကျွန်တော့်ကိုတစ်လပဲအချိန်ပေးပါ..တစ်လအတွင်းမှလူကြီးကျွန်တော့်ကိုပြန်မချစ်လာခဲ့ရင်..ကျွန်တော််လူကြီးအနားကနေ..အပြီးပိုင်ထွက်သွ...