Notification or Song 3

Start from the beginning
                                    

"အိမ်မှာ မြက်ရှပ်ခိုင်းတာကို သူကဘယ်နေရာကနေ ကြားသွားတယ် မသိဘူး။ အလုပ်မပြီးရင် ပြောမပြနိုင်ဘူးတဲ့။ တော်တော် ဈေးကိုင်တဲ့ကောင်"

မြက်ပင်တွေအား ရန်သူနှိမ်နင်းသလို နှိမ်နင်းနေသော ကိုလတ်အား ကြည့်ကာ လွမ်းမြတ်အောင် မထိန်းနိုင်ဘဲ အော်ရယ်လိုက်မိတော့သည်။ အဘိုးကိုဗန်းပြပြီး ညာညာစားနေသော ကောင်လေး...။ အခုတော့ အပိုးကျိုးစွာဖြင့် အလုပ်လုပ်နေရလေပြီ။ သောင်ယံက တည်တည်ကြည်ကြည်သမားဖြစ်၍ သူမပြောဘူးဆို ဘယ်တော့မှ ပြောမှာမဟုတ်မှန်း သူရော၊ ကိုလတ်ရော သိကြ၏။

"ကဲ ဒါဆိုလည်း အလုပ် မြန်မြန်ပြီးအောင် လုပ်လိုက်ပေါ့ ကိုလတ်ရာ။ စိတ်ကောက်မနေပါနဲ့တော့"

အိမ်ရှေ့အဖီအောက်တွင် ချထားသော ညောင်စောင်းပေါ်၌ ထိုင်ရင်း ဟိုဘက်အိမ်က အသံတွေကို သောင်ယံ နားစွင့်နေမိသည်။ ကိုမြတ်၏ ရယ်မောသံကြားလိုက်သဖြင့် ကိုလတ်တစ်ယောက် စိတ်ကောက်နေပြီမှန်း အတတ်သိလိုက်၏။

ဘေးနားမှာ ချထားသော Essay စာအုပ်ကို ပြန်ယူဖတ်လိုက်ရင်းမှ ကိုလတ်ရုပ်ကို ပုံဖော်ကြည့်ကာ ကျေနပ်စွာ ပြုံးလိုက်မိသည်။

"ဟိုးရှေးရှေးတုန်းက ရွာ‌တွေမှာဆိုရင် ကလေးတွေ အရမ်းငိုတဲ့အခါ လူကြီးတွေက ဒေဝေါဆိုတဲ့ အကောင်ကြီးနဲ့ ခြိမ်းခြောက်ကြတယ်တဲ့။

တစ်နေ့ကျတော့ အဲ့လိုပဲ။ ညနက်တဲ့အထိ ကလေး‌လေးတစ်‌ယောက်က မအိပ်ဘဲ တအားငိုတာတော့ သူ့အဖေက 'ဒေဝေါကြီး လာလိမ့်မယ်။ သားရေ အိပ်ရအောင်' ဆိုပြီး ပြောလိုက်ရတယ်တဲ့။ အဲ့ကျမှ ကြောက်ပြီး ကလေးက အိပ်သွားရောတဲ့"

"အဲ့ဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ။ သူတို့အိမ်ရဲ့ နွားတင်းကုတ်ထဲမှာ သူခိုးကြီးတစ်ယောက်က ရောက်နေတယ်တဲ့။ သူက စကားကြားတော့ ဒေဝေါဆိုတာ ဘယ်လိုဟာကြီးများလဲ ဆိုပြီးစဉ်းစားတယ်တဲ့။ တင်းကုတ်ထဲမှာက သူခိုးကြီးတင် မကဘဲ နောက်ထပ် ကျားကြီးတစ်ကောင်လည်း ရောက်နေပြန်တယ်တဲ့။ သူကလည်း ဒေဝေါဆိုတာ ဘာကောင်လဲဆိုပြီး စဉ်းစားနေပြန်သတဲ့"

"သောင်ယံ သောင်ယံ ! ဘာတွေ တွေးနေတာလဲ။ မနေ့ကဟာ ဆက်ပြောလေ"

မျက်နှာရှေ့ လက်ကာပြရင်း သူ့အာရုံကို လာလှုပ်နှိုးသည်။ ညောင်စောင်းပေါ်သို့ လှဲချလိုက်လျှင် ရေချိုးလာကာစမို့ ဆပ်ပြာနံ့သင်းသင်းက ရနေ၏။

အစိမ်းရင့်ရောင် စာမျက်နှာ { Completed }Where stories live. Discover now