Notification or Song 2

Start from the beginning
                                    

"သောင်ယံ မြန်မြန် ကျောင်းပြန်တက်ပါစေ ဆုတောင်းရမယ်ဟေ့။ ကြာရင် မလွယ်ဘူး"

တစ်ကွဲတစ်ပြားဖြစ်နေသည့် စာအုပ်တွေကို လိုက်ကောက်ရင်းမှ ၀ဏ္ဏက ညည်းညူရှာသည်။

"မင်းကလည်းကွာ တို့နှစ်ယောက်တောင် နိုင်အောင် မနင်းနိုင်ဘူးလား။ ဒါနဲ့များ အိမ်မှာ လေကျယ်နေသေးတယ်"

ကျော်ထင်ပြောသည်ကို ၀ဏ္ဏက မခံ။

"အောင်မာ မင်း လာနင်းကြည့်ပါလားကွ။ မင်းတို့နှစ်‌ကောင်က ပြီးတော့ အငြိမ်နေတာ မဟုတ်ဘူး"

"ကဲပါကွာ လာစမ်းပါ။ မင်းတို့ညီအစ်ကို ရန်ဖြစ်ချင် အိမ်ကျမှဖြစ်"

လွမ်းလတ်နောင် ပြောလိုက်မှ နှစ်ယောက်သား ငြိမ်သွားကြသည်။ ဤသို့ဖြင့် အိမ်ဘက်သို့ ဆက်လက်ချီတက်လာကြ၏။

"ကျွီ..."

"ကျေးဇူးပဲ ငါ့ကောင်တွေရေ။ ဟိုကိစ္စတော့ နောက်မှ ကြုတ်ကျက်လိတာပေါ့ကွာ"

ဘရိတ်သံကြား၍ မေမေက ထွက်လာကြည့်သည်။ ကံကောင်းထောက်မစွာဖြင့် အိမ်ရှေ့သို့ ရောက်လာကြသည်ကို မြင်ပြီးနောက်တွင်တော့

"နောက်နေ့ ကိုမြတ်နောက်က လိုက်"

ဟု ဆိုရှာ၏။

"သား သောင်ယံ့ဆီ သွားလိုက်ဦးမယ်"

လွယ်အိတ်ကို အိမ်အဆင့်ပေါ် ပစ်တင်ကာ ပြောလိုက်လျှင် မေမေက သူ့အင်္ကျီကုပ်စအား ဆွဲထား၏။

"နေဦး နေဦး။ ငါးဆန်ပြုတ်လေး ယူသွားဦး သား။ နွှေးပြီးသားလို့ ချက်ချင်းသောက်လို့ နော်"

"ဟုတ်"

သွားချင်ဇောဖြင့် ဟုတ်လိုက်သည်။ တကယ်က သေချာမကြား။ ဆန်ပြုတ်ချိုင့် ကိုင်ကာ မြောက်ကြွမြောက်ကြွဖြင့် အိမ်ထဲ ရောက်သွားချိန်တွင်တော့ သောင်ယံက အိပ်ရာပေါ်မှာ ပက်လက်လှဲကာ မျက်လုံးအစုံကို မှိတ်ထားသည်။

"ဘယ်လိုလဲ သောင်ယံ။ သက်သာလား။ ပြန်နာနေတာလား"

ချိုင့်ကို တစ်နေရာတင်ကာ ခုတင်နား ပြေးထိုင်ပြီး မေးလိုက်တော့ သောင်ယံက မျက်လုံးဖွင့်ကြည့်ပြီး ပြုံးပြသည်။

အစိမ်းရင့်ရောင် စာမျက်နှာ { Completed }Where stories live. Discover now