"သားတော် ရောက်လာတာကို ထိုင်ပါအုံး "

ရှောင်းကျန့်က မယ်မယ်ကို ခက်ထန် မောက်မာတတ်တဲ့ သူမျိုးလို့တွေးထားပေမယ့် တကယ့်တကယ်တမ်းကြတော့ မယ်မယ်က အေးချမ်းတည်ငြိမ်နေတတ်တဲ့ သူမျိုးသာ
အရင်မင်းဆက်ကို လုပ်ကြံတဲ့သူဆိုတာ ယုံရခက်ခက်ပဲ
အခုလို မနက်မိုးလင်းစ အချိန်မှာတောင် ပန်းချီ ရေးဆွဲနေတတ်တဲ့ မယ်မယ်ဟာ ပန်းချ​ီအပေါ်မှာ ဘယ်လောက်ဝါသနာပါလဲ
မှန်းဆနိုင်တယ်
ကိုယ်တိုင်ကလည်း ပန်းချီရေးဆွဲသူမို့
မယ်မယ် ပန်းချီနဲ့ ပတ်သက်ရင် ဘယ်လိုခံစားချက်ရှိလဲဆိုတာ ကြည့်ရုံနဲ့ သိနိုင်တယ်

ရှောင်းကျန့်လည်း အရှင်နဲ့ အတူ မယ်မယ်အရှေ့မှာထိုင်ရင်း

"နောင်တတရားနဲ့ ပြည့်နှက်နေတဲ့ မယ်မယ့်ရဲ့ ပန်းချီကားထဲက မိန်းမပျို အကြောင်း သိခွင့်ရှိမလားမယ်မယ် "

ကြင်ယာတော်ရှောင်းရဲ့ စကားကို ကြားပြီးတဲ့နောက် မယ်မယ့်ရဲ့ မျက်ဝန်းတွေလက်လာတာကို ရိပေါ်သတိထားမိတယ်
မယ်မယ့်ရဲ့ အခုလို ကျေနပ်သွားတဲ့ ပုံမျိုး တစ်ခါမှ မမြင်ဖူးဘူး
ကြင်ယာတော်လေးကပဲတော်တယ်လို့ပြောရမလား ကိုယ်တောင် မယ်မယ်ရဲ့ ပန်းချီကားကို ကြည့်နေတာ မိန်းမပျိုလေးကို ခုထိမမြင်​ရသေး တော်တော်ကြာကြည့်မိတော့မှာ
အဆောင်တစ်ခုကနေ နေဝန်းကြီးကို ငေးနေတဲ့ မိန်းမပျိုလေးကို တွေ့လိုက်ရတာ အရမ်းကို သေးငယ်လွန်းတဲ့ ပုံရိပ်လေး အကြမ်းဖျင်းကြည့်မယ်ဆို မယ်မယ့်ရဲ့ ပန်းချီကား နေဝန်းဆည်းဆာအလှကို ရေးဆွဲထားတယ်လို့ ထင်ကောင်းထင်မိလိမ့်မယ်

"ကြင်ယာတော်လေးက ပန်းချီနဲ့ ပတ်သက်ရင်နားလည်ပုံပဲ "
တစ်ယောက်ကို တစ်ယောက် နားလည်ရခက်တဲ့ အကြည့်တွေနဲ့ ကြည့်နေတဲ့ မယ်မယ်နဲ့ ကြင်ယာတော်လေးရဲ့ တိတ်ဆိတ်နေတဲ့ အခြေအနေကို အရှင်က ပဲ ဖြိုခွင်းပေးလိုက်တယ်

ရှောင်းကျန့်ကလည်း တမင်ကို မေးလိုက်တာ
system ရဲ့ပြောပြထားချက်တွေအရ မယ်မယ်က လုပ်ကြံခဲ့ကြောင်း သက်သေအားလုံးကို အရင်မင်းကြီးကိုတိုင်ဖျောက်ဖျက်ပေးခဲ့တာတဲ့
သက်သေလိုချင်ရင် မယ့်မယ့်ပါးစပ်က ဖွင့်ဟမှပဲ ရလိမ့်မယ်တဲ့
အစောက မယ်မယ့် အဆောင်ဝင်မယ်ဆိုကတည်းက systemကို တလျှောက်လုံးမေးလာတာ သက်သေရှိခဲ့မယ်ဆို ရောက်တုန်းလေ့လာထားလို့ရအောင်လေ
ဒီလောက်တောင်မယ့်မယ့်အပေါ်ကောင်းပေးတဲ့ အရင်​မင်းကြီးအတွက် မယ်မယ်က နောင်တမရဘူးဆိုတာ မဖြစ်နိုင်ဘူးမလား မယ်မယ်ကိုယ်တိုင်ကလည်း ယုတ်မာ ရက်စက်တဲ့ လူတစ်ယောက် မဟုတ်ဘူးဆိုတာ အကဲခတ်မိတယ်

ဆန်းဆန်းကြီး systemWhere stories live. Discover now