Arc 6.10

5.8K 763 39
                                    

ဦးလေးဖြစ်သူက အလုပ်အတွက် အပြင်သွားတာမို့ အိမ်မှာ ပိစိလေးနဲ့ နှစ်ယောက်တည်းရယ် ခွင်ပဲ ဆိုပြီး ခေါင်းထဲအစီအရီ ကြံစည်ထားသမျှဟာ
ဖုန်းတစ်လုံးကို မျက်နှာအပ်ပြီး ဘာတွေရှာနေမှန်းမသိတဲ့ ပိစိကြောင့် ပျက်စီးရသည်
Peterခမျာ ဖုန်းဝယ်ပေးလိုက်တဲ့ ဦးငယ်ကို အပြစ်တင်ရမည်လော
ရှာချင်ရာ ရှာလို့ရတယ်ဆိုပြီး fb acc ဖွင့်ပေးမိသည့် ကိုယ့်ကိုယ်ပဲ ပြန်ပြီးရိုက်သတ်ရမည်လော မစဥ်းစားတတ်သေးပါ
သေချာတာကတော့ ပိစိ လက်ထဲက ဖုန်းကို ယူပြီး အမှိုက်ပုံးထဲ ပို့ချင်နေမိပြီ

"ပိစိရေ.."

"ပိစိလေး....."

"pay attention to me "

"Please~~~~~~"

"ဟောဒီက ကိုကြီးကို အဖက်လေးတောင် မလုပ်တော့ဘူးလား "

ဘယ်လိုပင် တဆာဆာပြောနေပါစေ
ခေါင်းလေးတောင်စောင်းမလာတဲ့ ပိစိလေးက သူ့အာရုံအလုံးစုံကို ဖုန်းအပေါ်တွင်သာ
ပေးအပ်ထားသည်ထင်
ဘေးပတ်ဝန်းကျင်အား လုံးဝ မေ့ထားသည်
နတ်ဘုရားမှ အစ သိကြားမင်းပါမကျန်
ကြားတဲ့ ပုဂ္ဂိုလ်များ ကယ်တင်ပေးကြပါ
အပင်လူသားလေးပိစိရဲ့ အာရုံတွေ
Peterဆိုတဲ့လူသားအပေါ် ကျရောက်ဖို့
ဘယ်လိုအကြံအဉာဏ်တွေကို အသုံးပြုမှာလိမ့် ခေါင်းထဲ အ​ကြံကောင်းလေးတွေပေါ်လာဖို့  အစွမ်းရှိပုဂ္ဂိုလ်များအားလုံး မစပေးကြပါ
Peterဆိုတဲ့ ကလေးပေါက်လေးကို ပစ်မထားကြပါနဲ့
ဉာဏ်နီဉာဏ်နက် ဉာဏ်ပြာဉာဏ်ဝါ ဉာဏ်ရောင်စုံလေးတွေ မသုံးတတ်သေးတဲ့အရွယ်မို့ တစ်ယောက်ယောက်တော့ ကယ်တင်ပေးကြပါ
Peterရဲ့စိတ်အားထက်သန်စွာတောင်းဆိုနေမှုဟာ အတွေးထဲမှာတင်မဟုတ် လက်တွေ့တွင်လည်း လက်သေးသေးနှစ်ဖက်ကို ခေါင်းပေါ်တင်ထားပြီး လက်ဖဝါးချင်းပူးကပ်ကာ
ဆုတောင်းနေဟန်လည်း ပြုလုပ်ထားသေးသည်

"ဟဲ့ကလေးပေါက် အဲ့တာ ဘာဖြစ်နေတာလဲ"

Peter​ရဲ့ ပူဆာသံကို နတ်ဘုရားတွေ ကြားသွားသည်ထင်
ပိစိလေးက သူ့ကို တရေးတယူ မေးလာပြီ

"ဟီးဟီးးး ဒီလိုပါပဲ ပျင်းလို့
ပိစိလေးကမှ ကိုကြီးနဲ့ အတူမကစားပေးတာ
ပျင်းတာပေါ့ ဟွန့် "

ဆန်းဆန်းကြီး systemWhere stories live. Discover now