𝖤𝗉𝗂𝗌𝗈𝖽𝖾 [𝟪]

394 73 2
                                    

ရှောင်းကျန့်က အခု 𝖢𝗁𝗈𝗇𝗀𝗊𝗂𝗇𝗀 ပြည်သူ့ဆေးရုံကြီးမှာ အလုပ်စဝင်နေပြီ။ တရားဝင်ဆရာဝန်ဖြစ်သွားပြီဆိုပေ
မယ့် ဂျူနီယာအဆင့်ပဲရှိသေးတာမိို့ စီနီယာတွေအမြင်
ကြည်လင်အောင်၊ အမှားအယွင်းနည်းနိုင်သမျှနည်း
အောင်ဂရုတစိုက်လုပ်ရတယ်။

ဒါပေမယ့် စီနီယာတွေက အငယ်ဆိုပြီးနိုင့်ထက်စီးနင်းမလုပ်ဘဲ ဖေးဖေးမမ ရှိကြသလို လုပ်ဖော်ကိုင်ဖက်တွေကလည်း သူငယ်ချင်း အချင်းချင်းတွေပဲမို့ အရာအားလုံးကအဆင်ပြေပြေ၊ ချောချောမွေ့မွေ့ပါပဲ။

ပြီးတော့ အလုပ်သင်ဆရာဝန်ဘဝတုန်းကလို ဆေးရုံမှာပဲအမြဲတမ်းကပ်နေစရာမလိုတဲ့အတွက် 𝖽𝗎𝗍𝗒 𝗈𝖿𝖿 တဲ့ စနေနေ့တိုင်း ရိပေါ့်ဆီသွားတွေ့လို့ရတယ်။ ရှောင်းကျန့်အတွက်တော့တစ်ညဆိုတဲ့အချိန်ကလည်းတန်ဖိုးရှိတာမို့ညနေပိုင်း 𝖽𝗎𝗍𝗒 ပြီးတာနဲ့ အစောဆုံးရထားကိုစီးပြီး ရိပေါ့်ဆီတန်းထွက်လာလိုက်တာပဲ။

အဲ့တော့ သောကြာနေ့တစ်ညလုံးနဲ့ နောက်တစ်ရက် စနေနေ့ညနေအထိ ရိပေါ့်ကို အချိန်ပေးနိုင်သွားတယ်လေ။ ရောက်ရောက်ချင်းညမှာတော့ ရိပေါ်ချက်ကျွေးတဲ့ညစာလေးစားပြီး ရောက်တတ်ရာရာစကားစမြည်ပြောတာကလွဲလို့ ဘာမှထူးထူးခြားခြားမရှိပေမယ့် စနေနေ့ဆိုရင် တော့ အပြင်လေးဘာလေးထွက်ပြီး ဟိုဟိုဒီဒီ လျှောက်လည်ဖြစ်ကြတယ်။

နှစ်ယောက်သား တစ်နေကုန် လျှောက်သွားလျှောက်စားကြပြီး ညနေရောက်မှ ရှောင်းကျန့်က ညရထားနဲ့ 𝖢𝗁𝗈𝗇𝗀𝗊𝗂𝗇𝗀 ကိုပြန်လာတယ်။ သွားလိုက်ပြန်လိုက်မို့ ပင်ပန်းပေမယ့် ရှောင်းကျန့်ကတော့ပျော်နေတာပါပဲ။

အမှန်တော့ရှောင်းကျန့်ရဲ့ နားရက်က ကြာသပတေးနေ့။ ဒါပေမယ့် ရိပေါ်ကကျောင်းတက်နေရတာကြောင့် စနေနေ့ 𝖽𝗎𝗍𝗒 𝗈𝖿𝖿 တဲ့ယွီပင်းကိုအကူအညီတောင်းပြီး လဲထားတာရယ်။

ယွီပင်းက မျက်စိနောက်လိုက်တာ၊ ဇယားတွေကိုရှုပ်နေတာပဲ ဘာညာဘာညာနဲ့ မှိုချိုးမျှစ်ချိုးပြောပေမယ့်
ကြည်ကြည်ဖြူဖြူတော့ လဲပေးရှာပါတယ်။ ရိပေါ်
အလိုမကျရင် ချော့ရခက်မှန်း သူတို့လည်းသိနေတာကိုး။

𝟧𝖼𝗆 𝗉𝖾𝗋 𝗌𝖾𝖼𝗈𝗇𝖽 [𝖤𝖽𝗂𝗍𝖾𝖽]Waar verhalen tot leven komen. Ontdek het nu