𝖤𝗉𝗂𝗌𝗈𝖽𝖾 [𝟤]

577 77 3
                                    

ရိပေါ် 𝖡𝖾𝗂𝗃𝗂𝗇𝗀 ကို ပြောင်းသွားပြီးတဲ့နောက်ပိုင်း ရှောင်းကျန့်ဘေးမှာ အရင်လို ကိုကို..မင်းကဘယ်လို၊ ငါကဘယ်လို ဆိုပြီး စကားနိုင်လုပြောတတ်တဲ့ ကောင်လေးမရှိတော့ဘူး။

စက်ဘီးစီးတဲ့အခါ နောက်က 𝖼𝖺𝗋𝗋𝗂𝖾𝗋 ခုံလေးမှာ
ငြိမ်ငြိမ်လေးထိုင်မလိုက်ဘဲ ရှောင်းကျန့်ပုခုံးကိုကိုင်ရင်း ခြေနင်းပေါ်မတ်တပ်ရပ်လျက်ကြီး လိုက်တတ်လို့ အမြဲဆူပွက်နေရတဲ့ ကောင်လေးလည်းမရှိတော့ဘူး။

ရှောင်းကျန့်ဆီက တုတ်ထိုးသကြားလုံးလေးတွေကို ညာတာပါတေးနဲ့ တောင်းစားတတ်တဲ့ ကောင်လေးလည်းမရှိတော့ဘူး။

တစ်ချိန်လုံး ရှောင်းကျန့်ဘေးနားကပ်ကာ ကိုကို, ကိုကိုနဲ့တစာစာခေါ်ရင်း ကလေးပေါက်စလေးတစ်ယောက်လို ဂျီကျတတ်တဲ့ ကောင်လေးလည်းမရှိတော့ဘူး။

အဲ့ဒီအစား "ရှောင်ရှောင်းကျန့်သို့" ဆိုပြီးလိပ်မူထားတဲ့ ရောင်စုံစာအိတ်လေးတွေပဲ တစ်လတစ်စောင် အချိန်မှန် ရောက်, ရောက်လာတယ်။

ရောင်စုံစာအိတ်လေးတွေနဲ့ ထည့်ပြီးပို့လာတဲ့ ဖြူလွလွစာရွက်လေးတွေက ဝါးနံ့ခပ်သင်းသင်း။ မှင်စိုအနက်ရောင်နဲ့ရေးထားတဲ့ လက်ရေးလေးတွေကတော့ ချွန်ချွန်စောင်းစောင်းလေး။

အဲ့ဒီစာလုံးလေးတွေမြင်တဲ့အခါ စာရေးရင် အံလေးကြိတ်ပြီး ဘောပင်ကိုလက်သီးဆုပ်ပုံစံနဲ့ကိုင်ရေးတတ်တဲ့ ကောင်လေးကို သတိရမိတော့ပြုံးမိပြန်တယ်။ ဝမ်ရိပေါ်လေးက တကယ်ကို မှုန်တေတေနဲ့ ချစ်စရာကောင်လေး။

တစ်လတစ်ခါပဲ စာပို့ဖြစ်တယ်ဆိုပေမယ့် ရှောင်းကျန့်က ရိပေါ့်ဆီပေးဖို့ စာလေးတွေကို နေ့တိုင်း နည်းနည်းစီ ဖဲ့ပြီး ရေး, ရေးထားတတ်တယ်။ ဘာရေးကြီးခွင်ကျယ်အကြောင်းအရာမှတော့ မပါပေမယ့် အဲ့လိုစာလေးတွေစီပြီးရေးရတာကိုက ကြည်နူးဖို့ကောင်းနေသလိုပါပဲ။

ရှောင်းကျန့်က များသောအားဖြင့် 𝖲𝗁𝖺𝗇𝗀𝗁𝖺𝗂 ရဲ့ရာသီဥတုအကြောင်း၊ ကျောင်းဝန်းထဲက မေပယ်ပင်ကြီးရဲ့အရွက်လေးတွေ အရောင်ပြောင်းလာတဲ့အကြောင်းကစလို့ ဘာသီချင်းတွေနားထောင်ဖြစ်တယ်ဆိုတာအဆုံး စတဲ့, စတဲ့ အသေးအဖွဲကိစ္စလေးတွေကို ရေးဖြစ်တယ်။ ရိပေါ်ကလည်း လတိုင်းစာပြန်တာပါပဲ။

𝟧𝖼𝗆 𝗉𝖾𝗋 𝗌𝖾𝖼𝗈𝗇𝖽 [𝖤𝖽𝗂𝗍𝖾𝖽]Where stories live. Discover now