"အဆင်ပြေရဲ့လားအရှင် ကျွန်တော်က ခုမှ သူများကို လုပ်ပေးဖူးတာမို့ "

မပြောလို့လည်းမရဘူးလေ လက်နည်းနည်းလွန်သွားတာ ရေတွေက အတွင်းဝတ်အကျီအဖြူလေးအပေါ် တစ်စက်စက်ကျလို့ ရွှဲစိုသွားရရှာပြီ

ဒါကို တမင်လုပ်နေမှန်းသိတဲ့အရှင်က
"ရတယ် မလိုဘူး နောက်တော့ကျွမ်းသွားလိမ့်​မယ် "တဲ့

နောက်လည်း ဒီလိုအစောကြီး ထလာရမယ်ဆိုတဲ့ သဘောလား
ဒီဘုရင်တော့
ရေစိုနေတဲ့မျက်နှာကို ဘေးက သဘတ်လေးယူပြီး ခပ်ကြမ်းကြမ်းသုတ်ပေးလိုက်တယ်

ပြီးတော့ သိနေတယ်ဆိုတဲ့အကြည့်နဲ့ ကြည့်လာတဲ့ အရှင်ရဲ့ ပါးကို လက်ဝါးနဲ့ အားပါပါလေး နှစ်ချက်ပုတ်လိုက်ပြီး
"အဆင်ပြေသွားပြီ အရှင် မျက်နှာလေး တင်းပြီး ကြည့်ကောင်းသွားပြီ 😁"
ရှောင်းကျန့်ပါ လာကြောချင်လို့ရမလား
ဟွန့် အရည်ကြိုသောက်ပစ်မှာ

ရိပေါ်ကတော့ သူခန္ဓာကိုယ်ကို လက်ချင်တိုင်းလုပ်နေတဲ့ ကောင်လေးကိ​ု ထူးထူးဆန်းဆန်းဒေါသမထွက်မိ
တခြားသူသာဆိုရင် တစ်ခါတည်း ကွပ်မျက်လိုက်မှာဆိုပေမယ့် ဒီကြင်ယာလေးကိုတော့ အပြစ်လေးတောင်မမြင်မိ ကိုယ့်ကိုယ် တမင်ရွဲ့ပြီး လုပ်နေမှန်းသိတာတောင် သဘောကျနေမိတယ် ခက်တော့ခက်သား
ဒီကောင်လေးသာ ရန်သူရဲ့ သားမဟုတ်ရင် သိပ်ကောင်းမှာပဲ ဆိုတဲ့ ထူးဆန်းတဲ့ အတွေးကြီးလည်းဝင်လာမိတယ်

ရိပေါ်​လည်းလုပ်ချင်ရာလုပ်ပြီး မျက်နှာချိုလာသွေးနေတဲ့ကောင်လေးကို တမင်ညစ်ချင်တာမို့

"ဒီရေစိုနေတဲ့ အဝတ်တွေကို ပြန်လဲပေး"

"ဗျာ"
ရှောင်းကျန့်တို့ ပြူးပြီလေ မျက်လုံးပြောပါတယ်
မပြူးပဲ နေမလား သူလဲခိုင်းနေတာ အတွင်းဝတ်တွေလေ မမြင်သင့်တာတွေ မြင်ကုန်မှာပေါ့ systemရေ ကယ်ပါအုံး

*hostတို့များအရေးကြုံတော့ အဖက်လုပ်ပြီ ခက်တာက ဒါမျိုးက systemလဲဝင်ကယ်လို့မရဘူးလေ နှာခေါင်းသွေးလျှံကုန်မှာပေါ့ *

*ဒီ system နှာဘူးက တစ်မျိုး ကယ်မှာဖြင့်မကယ်ဘူး *

*တကယ်လုပ်ပေးလို့မရလို့ပါ host
ကိုယ့်ကိစ္စကိုယ် ရှင်း *

ဆန်းဆန်းကြီး systemWhere stories live. Discover now