5(A)

485 52 5
                                    

ထိုယောကျာ်းဟာ ရှည်လျားတဲ့ သစ်ပင်မှ ထိခိုက်နာကျင်ခြင်းမရှိ ခုန်ဆင်းလာခဲ့၏၊ပတ်ဝန်းကျင်မှ လူတွေကို ကြည့်ရှုရန် ထိုသို့ တက်နေခြင်း ဖြစ်လေသည်။

ဝေ့လော်ဆီ တန်းတန်းမတ်မတ်လာနေသော သူ့ကို သူနာပြုရီက မြင်သွားပြီး မသိစိတ်က ဝေ့လော်ကို သူမအနားသို့ ဆွဲကိုင်ထားကာ "ရှင်က ဘယ်သူလဲ?"

အစောတုန်းက မျက်နှာဖုံးတစ်ခု ဝယ်တဲ့အကြောင်းကို ဝေ့လော်က သူမကို မပြောပြထားမိဘူး။ဟုတ်တာပေါ့ ဝေ့လော် ကျောင်ကျဲရဲ့လက်ကို ကိုက်ခဲ့တဲ့ ကိစ္စကိုလည်း သူနာပြုရီ သိမှာမဟုတ်ဘူး။

ဒါပေမယ့် ကျူကန်းကတော့ ဒါကိုသိတယ်လေ။သူက ဟူကော်ဘုရားကျောင်း သွားတဲ့ လမ်းတစ်လျှောက်လုံး သူတို့ရဲ့ ရထားလုံးနောက်က လိုက်ခဲ့၏ အကြောင်းအရင်းကတော့ ထိုမိန်းမငယ်လေးကို သင်ခန်းစာ တစ်ခုလောက် သင်ပေးရန် အခွင့်အရေးတစ်ခုလောက် ရှာရန်ဖြစ်သည်။သူက သဘောထား ကျဥ်းမြောင်းပုံရတာလား ဒါမှမဟုတ် အားနည်းချက်ကို ရှာပြီး အနိုင်ကျင့်တဲ့ လူတစ်ယောက်နဲ့ တူတာလား ဒါတွေကို သူ ဂရုမစိုက်။ဒီကိစ္စမှာတော့ ဒီလူဆိုးမလေးကို သူ မလွှတ်ပေးနိုင်ပေ။သူ့ မင်းသားရဲ့ ခန္ဓာကိုယ်က တန်ဖိုးကြီးတဲ့ အရာဆိုတာ ဖော်ပြစရာကို မလို၊ဒါဆို သူက ဘာလို့ အလကားသက်သက် အနိုင်ကျင့်ခံလိုက်ရတာလဲ?သူ လိုက်လာခဲ့တဲ့ သက်တမ်းတစ်လျှောက် ဒီလို အ့ံအားသင့်စရာ ဖြစ်ရပ်တစ်ခု ဖြစ်လာမယ်လို့ သူ တကယ့်ကို မမျှော်လင့်ခဲ့ဘူး။

တဲအိမ်နောက်ကနေ မဒမ်ဒူနဲ့ ထိုစုံတွဲပြောနေကြတာကို သူ အကုန်ကြားခဲ့ပြီးသားပင်။ ဒီကောင်မလေးကို ကြည့်ရတာ အထူးတလည်တော့မဟုတ်လောက်ပေမယ့် ဒီနေရာမှာတော့ ရက်စက်တဲ့ မိထွေးက သူမကို အကောင်းဆုံး ရောင်းချရန် ကျွန်ကုန်သည်တွေနဲ့ ပြုလုပ်နေ၏။

လက်ထပ်ထားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ နှလုံးသားက ယုတ်မာလွန်းလှတယ်။ထိုသို့ပြောရခြင်းက ကျိန်းသေ အမှားမဟုတ်။

သူ ဒီမိန်းကလေးအတွက် အနည်းငယ် စိတ်မကောင်းဖြစ်သည် ဒါပေမယ့်လည်း လက်တစ်ဖက်ငှားပေးဖို့တော့ မစီစဥ်ထားခဲ့ပေ။သူက ဘေးကနေ ပွဲကြည့်ဖို့သာ စဥ်းစားထားလေတယ်။သို့ပေမယ့် ဒီသေးငယ်တဲ့ မိန်းကလေးက လူတိုင်းကို တုန်လှုပ်သွားဖို့အတွက် အမှန်တကယ်ကို တာဝန်ယူခဲ့သည်။

You've reached the end of published parts.

⏰ Last updated: Dec 18, 2020 ⏰

Add this story to your Library to get notified about new parts!

Chongfei Manual(Myanmar Translation)Where stories live. Discover now