Start with Name 2

Start from the beginning
                                    

"အေး ဟုတ်တယ်။ မင်းလူတွေ စုထားလိုက်ဦး"

"Ok"

"ကျော်ထင်နော်ရထာ ! မင်းတို့ ပါမှာမလား။ မင်းတို့အခြမ်းဘက်က ကိုစိုးမင်းတို့ကို ပြောလိုက်ဦး"

ကျော်ထင်နော်ရထာမည်‌သော ၀ဏ္ဏနှင့်ကျော်ထင်တို့ နှစ်ယောက်က လက်မထောင်ပြသည်။ ဆယ်တန်းမှ ကိုစိုးမင်းတို့ ခြောက်ယောက်၊ ကျော်ထင်နော်ရထာတို့ နှစ်ယောက်။ ထိုအထဲ မျိုးညီရယ်၊ သူရယ်၊ သောင်ယံရယ်ပါ ပေါင်းမိလျှင် ဒီကောင်တွေ အီပြီး ပြန်သွားရမှာ အသေအချာ။

"မုန့်စားသွားကြမယ်။ မြန်မြန်လုပ်ကွ"

သောင်ယံက ထမင်းချိုင့်ကို ညီမညီ သေချာကြည့်ကာ ထပ်လိုက်ပြီးမှ အေးအေးဆေးဆေး သူ့ထံသို့ လျှောက်လာသည်။

"ဘာ‌တွေ လောနေတာလဲ။ မုန့်သည်တွေ ဘယ်မှ ထွက်မပြေးဘူး"

"မုန့်သည်‌တွေကတော့ ရှိတာပေါ့။ အရေးကြီး ဧည့်သည်လေးတွေ ပြန်သွားမှာ စိုးရတာ"

ပြောရင်း လွမ်းလတ်နောင်သည် ပုဆိုးကို သေချာပြင်၀တ်၍ အင်္ကျီကို ဆန့်ဆန့်ရန့်ရန့် ပြင်လိုက်သည်။ ထို့နောက် မိမိကိုယ်ကိုယ် အရောင်အဝါတွေ ထွန်းလင်းနေသည့် နတ်တစ်ပါးအထင်ဖြင့် မုန့်ဈေးတန်းရှိရာသို့ ထွက်လာခဲ့လိုက်၏။

မုန့်ဈေးတန်း အလယ်အရောက်မှာပင် ချစ်စရာကောင်းသော ကလေးမလေးနှစ်ယောက်က သူတို့ကိုမြင်သောအခါ ၀မ်းသာအားရ ပြုံးပြလာကြသည်။

"ကိုကြီးတို့ ဟိုနေ့က မုန့်၀ယ်ကျွေးမယ်လို့ ပြောထားတာလေ။ မေ့သွားပြီလား"

သူ့ကိုကြည့်ကာ ပြောလာသည်မို့ သောင်ယံ ကြောင်သွားရသည်။

"အမ်...ဟို..."

"ကိုကြီးသောင်ယံနော်။ ယောကျ်ားလေးဖြစ်ပြီး စကားလည်း မတည်ဘူး။ အတန်းပိုင်ဆရာမကို စာလိုက်‌‌ပေးတယ်ဆိုပြီး သွားတိုင်လိုက်မှာ"

ဘယ်လောက်တောင် မဆီလျော်တဲ့ စကားလဲ။ ဘယ်လိုဖြစ်လို့ သူက အတိုင်ခံရမှာတုန်း။ မနေ့က ကောင်မလေးတွေ အိတ်ထဲ စာလိုက်ထည့်တာက ကိုလတ်ရယ်လေ။ ဒါပေမဲ့ ကိုယ်မဟုတ်သော်လည်း သောင်ယံဦးက အားနာတတ်သည်။

အစိမ်းရင့်ရောင် စာမျက်နှာ { Completed }Where stories live. Discover now