-(ကုကုကတော့ကျောင်းတက်နေတုန်း ဂျီဂျီကိုသိပ်ဂရုမစိုက်...သင်တန်းတွေတက် ကြတဲ့အထိခင်မင်ရင်းနှီးရုံထက်မပိုခဲ့ပဲ လူကြီးချင်းလက်ထပ်ဖို့သဘောတူခဲ့တာတောင် ငြင်းစိုခဲ့သည်)

-(ဒါတွေကိုဂျီဂျီအမှတ်တရရှိခဲ့သည်)

"သူငါ့ကို သည်းခံခွင့်လွှတ်ခဲ့တာ ချစ်လို့မဟုတ်ဘူးထယ်....မချစ်လို့ခွင့်လွှတ်နိုင်တာ..အခုခွင့်မလွှတ်ဘူးဆိုတာက ချစ်လို့ပဲ"

-(ဂျီဂျီ‌ပြောတော့ ထယ်ကလှည့်ကြည့်သည်)

"ခုချိန်ထိ နင် သူ့ကိုအကောင်းမ မြင်သေးဘဲ ဟိုလိုက်သွားတာ ဘာလဲဂျီဂျီ....ရန်ဆက်ဖစ်ကြမလို့လား"

"ဂျီဂျီသားရေသောက်ချင်တယ်"

"ဟင်...အေး..အေး"

-(ဂျီဂျီနဲ့ထယ်တို့စကားဆက်မ‌ပြောကြတော့ပဲ ဂျီဂျီကရေဘူးထုတ်ဖို့ ကားရပ်ကာ ထယ်ကရေဗူးကိုဖွင့်ရေနောက်ခန်းက‌ ကလေးကိုသွားတိုက်သည်)

"သားလေးအိပ်ပါလား သားရဲ့.....နောက်မှာအကျယ်ကြီးဂို...ဘာလဲသား အနောက်ခန်းကို Airconမရောက်ဘူးလား"

"မဟုတ်ဘူး သားမအိပ်ချင်လို့...."

"နေပါစေ ထယ် ရယ်....သူအိပ်ချင်မှအိပ်ပါစေ...ထူထူထောင်ထောင်လေးမြင်ရတော့ ပိုကောင်းတာပေါ့...မဟုတ်ရင်ကလေးပင်ပန်းနေလားဆိုပီးစိတ်ပူနေမှာ"

"မပင်ပန်းပဲတော့နေမလားဂျီဂျီရယ်...အခုခရီးက အစပဲရှိသေးတာ..."

-(ကလေးက ကုကုဘက်ကညီမဝမ်းကွဲတစ်ယောက်ရဲ့ကလေးပါ မိခင်ကဆုံးသွားကာ အဖေဖစ်သူက နိုင်ငံခြားမှာစီးပွားရှာနေလို့ ဂျီဂျီ တို့ခေါ်မွေးစားထားတာဖစ်သည်)

-(ထို ပြသနာက ဂျီဂျီကလေးမယူချင်တာက စသည် ဂျီဂျီကားမောင်းရင်းကိုယ့်အတိတ်ကိုစဉ်းစားနေမိသည်)

"ဂျီဂျီ နင်လဲစိတ်ညစ်နေတဲ့သူဆိုတော့ ခနလောက်နားလေ ငါတလှည့်မောင်းမယ်"

"နေပါစေထယ်...အိပ်ချင်စိတ်လဲမရှိပါဘူး..ငါ့ကိုယ့်အ‌ကြောင်းကိုတွေးရင်း ရင်လေးလို့ပါ မောင်နဲ့ငါနဲ့အိပ်ထောင်ရေးရေရှည်မြဲပါ့မလားထယ်..."

💕Think about it💕Onde histórias criam vida. Descubra agora