[Unicode]
"သူ့မုန့်ဖိုးက ဒီလောက်ရှိပါ့မလားကွယ်။မင်းစဉ်းစားကြည့်ပါလား....အန်တီက ကိုယ့်သားသမီး ဂုဏ်သိက္ခာကိုသာ မငဲ့ရင် ဒါဟာ ခိုးရာပါပစ္စည်းလိုပဲ အိမ်ကငွေကိုခိုးပီး မင်းကိုအရင်းအနှီးထုတ်ပေးထားတာ သူက..."
"ဦးကတော့မင်းကို ကတိဖျက်ရတော့မယ် ချေးထားတဲ့ငွေတွေကိုနှစ်လလောက်စောပီးပြန်ဆပ်ပါ ဦးတို့မှာမိသားစုပြသနာလေးတွေရှိလို့.."
"ဒီမြေကွက်က ရောင်းထားပီးသား ဒါပေမယ့် မင်းကို ပြန်ရောင်းတဲ့သူက ငွေအကျေမချေပဲ တဆင့်ပြန်ပေးနဲ့ပြန်ရောင်းသွားတယ်။ဒါလူယုံသတ်တာပဲ မင်းကြားညုပ်ပီ Jungkook ..အလိမ်ခံရလောက်တဲ့အထိမညံ့ဘူးဆိုတာပြဖို့ အစအဆုံးငါတို့လိုက်မှာပါ.."
-ပြသနာတွေက တစ်ပတ်မခြား ရောက်လာခဲ့သည်။ပြီးတော့နေ့စဉ်တမျိုးပြီးတမျိုး။
Jungkookကသွေးကြောင်တဲ့သူမဟုတ်ပါ။ဒါပေမယ့်ပြောထားတဲ့အတိုင်းကွက်တိဖြစ်လာခဲ့သည်မို့ Jijiဦးလေးကိုတော့ ပြေးသတိရမိသည်။
-သူတွေးထားတဲ့အတိုင်းပြောသွားခဲ့သလို အားလုံးဖြစ်လာသည်။ဒါပေမယ့် ဦးလေးမဟုတ်မှန်း သူနားလည်သည်။
-မိဘစေတနာစော်ကားခဲ့မိလို့ဒီလိုဖြစ်လာခဲ့တာလား ဒါဆို မာန်မာနနဲ့ကြိုးစားခြင်းတွေရဲ့ အောင်မြင်ခြင်းဆိုတဲ့အဓိပ္ပာယ်ကဘာလဲ။
စိမ်းမြသာယာနေတဲ့ဥယျာဉ်ငယ်လေးနဲ့ စားသောက်ဆိုင်ကို ထိုင်ကြည့်ရင်းရင်ထဲ တနုံ့နုံ့ဖြစ်လာသည်။
-ဘယ်အရာဟာ ဘာကြောင့်ဖြစ်လာခဲ့မှန်း တွေးလေဝေးလေ နဲ့ စိတ်တို့သည် ဘယ်သူစကားကောင်းကောင်းလာပြောပြော ကောင်းမွန်စွာလက်ခံနိုင်ခြင်းမရှိလောက်အောင် ရူပ်ထွေးနေခဲ့သည်။
"ငါတောင်းပန်ပါတယ် jungkookရာ မေမေတို့က...."
"တော်တော့ ကွာ ငါမင်းဆီက တောင်းပန်စကားကြားရတာ ငါ့အခက်အခဲတွေမပျောက်တဲ့အပြင် မီးခဲပေါ်မှာအမှိုက်စတင်ပြီးယပ်ခပ်ပေးနေသလိုပဲ မင်းတို့အားလုံးတော်တယ် ငါညံ့တာ ...."
"Jungkookရာ ငါမင်းကိုဒီလိုဖြစ်အောင် တမင်..."
"ငါဘာမှမသိချင်တော့ဘူး ဟေ့ကောင်...မင်းငွေတွေကိုမင်းအမေလိုချင်တဲ့အချိန် အတိအကျပြန်ဆပ်ပေးမယ် မင်းသွားတော့..."
YOU ARE READING
💕Think about it💕
Romance[Unicode] ဘောလုံးအားကစားအသင်းမှာတိုက်စစ်မှူး သူ့နမည်က"Jeon Jungkook"သူငယ်ချင်းတွေက"ဂျေကု"လို့ခေါ်ကြတယ်။ အကြောင်းက ကျောင်းမှာဖျော်ဖြေပွဲတွေကျင်းပတိုင်း ဒီဂျေဝင်လုပ်လိုက် သီချင်းဆိုလိုက်.. ထိုကဲ့သို့ထူးခြားနေတဲ့Jungkookကိုစိတ်ဝင်စားနေတဲ့ "park jimi...
