11

3.9K 371 7
                                    

ကျောင်းတွေလဲပြီး ဘွဲ့လည်းရတဲ့ ရှောင်းကျန့်က
ဘာအလုပ်မှမရှိဘဲ လက်ယား လက်ယားဖြစ်
နေသည်။ အိမ်ကြီးထဲရှိဆိုဖာပေါ်မှာ ထိုင်ပြီး ဘွဲ့ယူတဲ့နေတုန်းကဓာတ်ပုံကို ရှောင်းကျန့်က တစိမ့်စိမ့်ထိုင်ကြည့်နေသည်။ဧည်ခန်း၏နံရံမှာ
အကြီးကြီး ကပ်ထားတာဆိုတော့ မကြည့်လဲ့
မျက်လုံးထဲ လိုလိုရောက်လာသည်။

အခုဆိုရင် ဖန်ရှင်းက သူအဖေဆိမှာ အလုပ်ဝင်နေသလို ဖေးယွီကလဲ သူချစ်သူနဲ ကိုးရီးယားကို အလည်အပတ်နေနဲ လိုက်သွားတော့ ရှောင်းကျန့်က ပျင်းကျန်ခဲ့သည်။ Jeonmin hyungကလဲ ရှောင်းကျန့်ကိုလိုတာထက် ပိုကပ်နေတော့ jeonmin၏ စိတ်ထား
ဘယ်လိုလဲဆိုတာကိုရှောင်းကျန့် ရိပ်စားမိနေသည်။
စထရိန်ပါဆိုမှာ ဘာလိုငါ့ကိုယောကျာ်းလေတွေဘဲ
လာကြိုက်နေတာလဲ  မိန်ကလေးတယောက်က
လာကြိုက်တော့ သေသွားကြမှာမို့လိုလား။ စောက်ချောကြီး စိတ်ညစ်တယ်( •__• )

ဒီရက်ပိုင်အတွင်း ဦးငယ်နဲရန်ဖြစ်ဖို့မပြောနဲ
ဦးငယ်ရဲ့Companyတွေကြောင့် အိမ်ပြန်မလာ
တဲ့ ရက်က တော်တော်များနေသည်။ဝိုင်းကူးလုပ်
ပေးချင်ပင်မဲ့  ရှောင်းကျန့်ကသူနဲကီကိုက်တဲ့
အလုပ်မတွေ့သေးတာကြောင့်  ၀င်မကူညီပေ။

သူငယ်ချင်းတွေကလဲတယောက်မှမအားတော့
တာကြောင့် ဘယ်မှမသွားရဘဲ  ရှောင်းကျန့် တယောက်ထဲ အိမ်ကြီးမှာအပျင်းကြီးစွာ
နေနေရသည်။

"မတရားလိုက်ကျတာ အကုန်လုံးက သူအလုပ်သူ
ရှိနေပြီး ငါ့ကဘာလို အလုပ်တခုမှမရှိရတာလဲ "

ရှောင်းကျန့်က ညီးညီးညူးညူးပြောပြီး ဆိုင်ကယ်
သော့ဆွဲကာ အပြင်ထွက်သွားလေသည်။ ဆိုင်ကယ်၏ဦးတည်ရာကရှောင်းကျန့်ကိုယ်တိုင်
မသိဘဲ Wang Company၏
အဆောက်အဦးရှေ့သို့ရောက်လာသည်။

ဂျင်းအင်္ကျီအနက်ကို ဘောင်ဘီအပြဲနဲဝတ်ဆင်ထားပြီး နားရွက်၌
နားကပ်ကို တဖက်ထဲတပ်ထားကာ   ဆံပင်ကိုသပ်တင်ပြီး  အဆောက်အဦးထဲ ၀င်လာတဲ့ ရှောင်ကျန့်ကို ၀န်ထမ်းများကအထူအဆန်း
ကြည့်နေကျသည်။ ရိပေါ်၏ Companyက
သုံးခုခွဲထားသည်။  အခုရှောင်းကျန့်ရောက်လာတာ
ပင်မအဆောက်အဦးပင်။
ရှောင်းကျန့်ကလဲသူကိုကြည့်နေတာ သိတော့
စတိုင်ကျကျလမ်းလျောက်လာကာ မျက်နှာကို မော့ချီခဲပြီး  တလှမ်းချင်းဆိဝင်လာခဲ့သည်။

𝙐𝙣𝙚𝙭𝙥𝙚𝙘𝙩𝙚𝙙 𝙇𝙤𝙫𝙚🐷🐰Where stories live. Discover now