22

3.4K 287 2
                                    

jeonminက သူရှေ့မှာရှိနေတဲ့ သားအမိ၂ယောက်
ကို မဲ့ပြုံးတပွင့်နဲ့ကြည့်နေသည်။ မိန့်ယွဲ့ကလဲ သူမသားကို အနောက်ပို့ပြီး jeonmin ရှေ့ကနေ
ကာကွယ်ပေးလိုက်သည်။ထိုအပြုအမှု
ကြောင့် jeonmin စိတ်ထဲ ထစ်ခနဲပေ။
သူများမိဘတွေများ သူတို့သားသမီးကို အရှေ့ကနေ
ကာကွယ်တယ် ငါ့အဖေက ငါ့ကိုတော့ သေတွင်းထဲ
ခဏ ခဏ ပို့တယ်!! jeonminစဉ်စားနေ
ရင် ဒေါသထွက်လာကာကြောင့်
အသက်ပြင်းပြင်းရူးလိုက်သည်။  ဘာမဟုတ်တာ
တွေ စဉ်စားမနေနဲ မင်းလုပ်စရာရှိတာလုပ်!!!

"ငါ့အပိုမပြောချင်ဘူး ၀မ်ရိပေါ်ဘ၀ကိုဖျက်စီးဖို့
မင်းတို့ သားအမိအကူအညီလိုတယ်"

"ငါ့တို့ မကူညီနိုင်ဘူး "

မိန့်ယွဲက ပျက်ပျက်သားသားကိုငြင်းလိုက်သည်။
ကောင်ငယ်လေးတယောက်ရဲ့ ဘ၀ကို သူမဖျက်စီး
ပြီးသွားပြီး နောက်တယောက်ကိုတော့ မလုပ်နိုင်ဘူး
ဘာပေးပေး သူမမလုပ်နိုင်ဘူး  ရိပေါ်ဆိုတာ
သူမနဲ ငယ်ငယ်ကတည်းက အတူတူရှိနေတဲ့
မောင်ငယ်လေး တယောက်လိုဘဲ   မိန့်ယွဲက
သူမ ရှေ့မှာရှိနေတဲ့ လူငယ်လေးကို နာမလည်း
နိုင်ဘူး ဘာကြောင့်  ရိပေါ်ဘ၀လေးကို
ဖျက်စီးပေးရမှာလဲ ဒါက အရမ်းကိုမိုက်မဲလွန်
တယ် သူမ ဦးနှောက်မရှိတဲ့ လူတယောက်
ဖြစ်သွားမယ်

"ငြင်းတာ စောလှကြီးလား အန်တီရဲ့ "

jeonminက ဒီလို အငြင်းခံရမယ်ဆိုတာ
သိပင်မဲ့ ဒေါသမထွက်ပေ။

"မင်း ဘာပြောပြော ငါ့လက်မခံနိုင်ဘူး
လာသွားမယ် သားလေး"

ကျင်းအော်လက်ကိုဆွဲပြီး ထွက်သွားမယ် မိန့်ယွဲက
jeonmin စကားကြောင့် ခြေလှမ်းများရပ်
သွားသည်။

"ခင်ဗျား ကားနဲ ရှောင်းကျန့်အမေကို တိုက်ခဲ့တဲ့
CCtcv recoard ငါမှာရှိနေတယ်  "

မိန့်ယွဲ သူမအပြစ်ကြီးကြီး လုပ်မိသွားတဲ့
နေ့ကို ပြန်သတိရလိုက်မိတယ်။

အဲ့နေ့ သူမကြောင့် သူဌေးကတော်နဲ သူဌေးကြီး
ရန်အကြီးအကျယ်ဖြစ်နေတဲ့ သတင်းကိုကြားပြီး
စိတ်အလောကြီးစွာ ကားမောင်းလာခဲ့သည်။
သူမ သူဌေးကတော်အိမ်ကိုသွားပြီး သူမတို့ချစ်ခြင်းကိုမခွဲပါရန် တောင်ဆိုဖို့ သူမ
နည်းလမ်မျိုးစုံကို စဉ်စားရင် စိတ်တွေ
ယောင်ယက်ခပ်နေသည်။ ဗိုက်ထဲမှာ ကလေးလေး
ရှိနေတော့  သူဌေးကြီးကို သူမဘယ်လိုမှ
လက်မလွတ်နိုင်ဘူး ။ကားကိုလည်း လီဗာတဆုံးနင်းပြီးရှောင်းအိမ်တော်ကို ရောက်အောင် အမြန်မောင်းလာခဲ့သည်။
သူဌေးရပ်ကွက်မှာ ကားလမ်းတွေရှင်းပင်မဲ့
အကွေးအကောက်ကများလွန်တယ်။
သူမရှေ့မှာ ရှိနေတဲ့ ကားတစီးကို
ကျော်တက်ပြီး ရှောင်းအိမ်တော်လမ်း၏
အကွေးထဲ  ၀င်ချမောင်းသွားတော့ မထင်မှတ်
ထားတဲ့ တစုံတရာဖြစ်လာတယ်။

𝙐𝙣𝙚𝙭𝙥𝙚𝙘𝙩𝙚𝙙 𝙇𝙤𝙫𝙚🐷🐰Where stories live. Discover now