Part-1

1.4K 104 26
                                        

Zawgyi

.
.
.
.

ငွေမျှင်ရောင်ဆံနွယ်ရှည်တွေကို အနက်ရောင်ဖဲကြိုးနှင့် တစ်ဝက်စီးထားပြီး ရွှေရောင်ကြိုးချည်ပါတဲ့ ရွှေရောင်ကိုင်းမျက်မှန်အဝိုင်းလေးကို တပ်ဆင်ထားသူ။

တောင့်တင်းသောကိုယ်ထည်နှင့် ခြေတံရှည်ရှည်တို့ ပေါ်လွင်အောင် ခန္ဓာကိုယ်နှင့်ကွက်တိကျနေတဲ့ အနက်ရောင်အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားသည်။

လက်ထဲ၌ ​ရွှေရောင်စာအုပ်အထူကြီးကို ကိုင်ဆောင်ထားကာ စာဖတ်နေဟန်ဖြင့် လမ်းတစ်လျှောက်လုံး ဘေးဘီဝဲယာမကြည့်ဘဲ စာအုပ်အပေါ်၌သာ အပြည့်အဝအာရုံထား၍ ပုံမှန်ခြေလှမ်းများဖြင့် လမ်းလျှောက်နေပေမယ့် သူ့အားဝင်တိုက်သွားမယ့်သူမရှိ။ တွေ့သမျှကျောင်းသားကျောင်းသူတိုင်းက ဘေးကပ်ကာလမ်းရှင်းပေးခြင်းကိုခံရသူမှာ Superb Academyရဲ့ ကျောင်းသားဥက္ကဌ ပတ်ခ်ချန်းယောလ်။

Superb Academyကျောင်းရဲ့ စည်းမျဉ်းအရ ကျောင်းကောင်စီမှာပါရှိတဲ့ စီနီယာကျောင်းသားကျောင်းသူများကို ဒီကျောင်းမှာရှိတဲ့ကျောင်းသားအားလုံးက လေးစားကြရသည်။ ကြောက်ရွံ့ကြရသည်။

Superb Academyတွင် ဆရာ၊ဆရာမများက စာသင်ပေးသူများဖြစ်ပေမယ့် ကျောင်းသား၊ကျောင်းသူများအား စည်းကမ်းတကျဖြစ်အောင် ထိန်းသိမ်းအုပ်ချုပ်ရသူများကတော့ ကျောင်းကောင်စီမှ စီနီယာများသာဖြစ်လေသည်။

"ခေါင်းဆောင်...ဒစ်ကန်တွေဝင်လာပါပြီ။ တည်နေရာပို့ပေးထားပါတယ်..."

နားထဲရှိ အသားထဲဖောက်ထွင်းကာတပ်ဆင်ထားသည့် 4mmလောက်သာကြီးသောနားကြားကိရိယာမှ အသံတစ်သံထွက်ပေါ်လာသည်ကြောင့် လက်ကောက်ဝတ်တွင်ဝတ်ဆင်ထားသော အဆင့်မြင့်လက်ပတ်နာရီကို တစ်ချက်စစ်ကြည့်လိုက်သည်။

ဒစ်ကန်ရောက်ရှိနေသည့် တည်နေရာကို အနီရောင်အမှတ်အသားဖြင့် ပြသထားသည်ဖြစ်ရာ ထိုနေရာသို့အမြန်ရောက်ရှိဖို့အတွက် ခြေထောက်တွင်ဝတ်ဆင်ထားသည့်ဖိနပ်ဖြင့် ခပ်မြန်မြန်ပြေးလိုက်သည်။

ပြေးနှုန်းမြန်လာလေ ဖိနပ်တွင်ထည့်ထားသည့်စက်၏အရှိန်လည်း မြန်လာသည်ဖြစ်တာကြောင့် ငါးမိနစ်လောက်အဆက်မပြတ်ပြေးပြီးသည့်နောက်တွင်တော့ ဖိနပ်၏စက်လည်ပတ်မှုသည် အားကောင်းလာသည်ဖြစ်ရာ အားစိုက်​ပြေးစရာမလိုတော့ဘဲ စက်၏အကူအညီဖြစ်သာ လိုရာအရပ်သို့အမြန်ရောက်သွားနိုင်လေသည်။

My Little Thief: Mood Maker (HIATUS)Những tác phẩm khiến độc giả say mê. Hãy khám phá bây giờ