(Unicode)
နေသာနေသည့်အတွက်သူနှင့်လူကြီးဟန်မြစ်ဘက်ကိုလမ်းလျှောက်ရန်ထွက်လာခဲ့သည်။
"ငါ့လက်ကိုလွှတ်အုံး ချွေးတွေတောင်ထွက်နေပြီ ပူရတဲ့ကြားထဲ"
ထွက်လာကတည်းကသူ့၏လက်ကိုမလွှတ်တန်းကိုင်လာသူ တစ်ခုခု
ကိုလည်းကြောက်နေသလိုပင် ဒါကြောင့်မို့သူ့လက်ကိုသာတင်းကျပ်
နေအောင်ကိုင်ထားသောကောင်လေး။"ရောက်ပြီ ဒီမှာထိုင်မယ်"
"ဟုတ်"
အရှေ့နားကခုံတန်းရှည်လေးတစ်ခုတွင်ထိုင်ရန်ကောင်လေးကိုသူပြောလိုက်သည်။
ထိုင်ပြန်တော့လည်းသူ့အနားကိုအတင်းကပ်ကာထိုင်နေသူ
"မင်းဘာဖြစ်နေတာလဲ ဟိုဘက်ရွေ့ထိုင်စမ်းပါ နွေရာသီရောက်လာ
ပြီပူတယ် ငါ့အနားပဲကပ်မနေနဲ့"အနည်းငယ်ဟောက်လိုက်တော့ ကောင်လေးကသူ့ကိုမျက်နှာငယ်
လေးဖြင့်ကြည့်လာသည်။"ကျွန်တော်ကြောက်လို့ပါ"
"မင်းကဘာလို့ကြောက်တာလဲ ဘယ်သူကမင်းကိုကိုက်စားနေလို့လဲ"
"ဒီနေရာကိုကျွန်တော်မှမသိတာ စစ်ဖြစ်နေလား ဗုံးခွဲနေကြလားမသိ
နိုင်ဘူး အ့ကြောင့်ကြောက်တာ""မင်းကဂျပန်ခေတ်ကလာတာလား"
"ဟမ် မဟုတ်ပါဘူး ကျွန်တော်ကချယ်ရီပန်းတွေဆီကလာတာ"
ကောင်လေးပြောနေတဲ့စကားတွေကိုသူနားမလည်ပါ အမှန်တွေလား
အမှားတွေလားဆိုတာမသိနိုင်တာမို့သူမယုံကြည်ရဲ ဘာလို့ဆိုဒီကောင်လေးကခေါင်းတာမှမဟုတ်တာ။"ဘာလို့စာအုပ်ပဲဖတ်နေရတာလဲ ဟင်"
"ပျင်းလို့ပေါ့"
"ပျင်းရင်စာအုပ်ဖတ်ရတာလား"
"အင်း"
"စာအုပ်ဖတ်တော့ ပိုပျင်းတာပေါ့"
"ငါမပျင်းဘူး"
"ဟွန့် ကျွန်တော်ကိုခေါ်လာပြီး ဘာမှမကျွေးဘူးလား စာအုပ်ချည်းပဲ
ဖတ်နေတော့တာပဲ"နှုတ်ခမ်းဆူကာပြောနေတဲ့ကောင်လေး တကယ့်အဆိုးအဆာလေး
"မင်းကဘာစားချင်လို့လဲ"
YOU ARE READING
ကြွေလွင့်ခဲ့ရသောချယ်ရီပွင့်
Fanfictionအချိန်ကာလတစ်ခုမှာပျော်ခဲ့ကြပြီး အချိန်ကာလတစ်ခုမှာနာကျင်ခဲ့ရတယ်💔 Uni & Zawgyi အချိန်ကာလတစ်ခုမှာပျော်ခဲ့ကြပြီး အချိန်ကာလတစ်ခုမှာနာကျင်ခဲ့ရတယ်💔 Uni & Zawgyi