ခွပ်*
"မင်းပါးစပ်ကိုပိတ်ထား!!! အဲ့မုန်းတယ်ဆိုတဲ့အသံမကြားချင်ဘူး နောက်တစ်ခေါက်အဲ့စကားထပ်ပြောရင် မင်းရဲ့လျှာကိုငါဖြတ်ပစ်မယ်"

Hyungwonဆီကမုန်းတယ်ဆိုတဲ့စကားလို့ကြားလိုက်ရတော့minhyukစိတ်မထိန်းနိုင်ပဲhyungwonမျက်နှာကိုထိုးလိုက္မိတယ်။နောက္မှအသိစိတ်ပြန်၀င်လာတော့မှသူလွန်သွားမှန်းသိလိုက်သည်

"ဟို...ငါ..ငါတောင်းပန်ပါတယ် အရမ်းနာသွားလားဟင် ငါ့ကိုကြည့်ပါဦး"

"ငါ့အသားကိုမထိနဲ့!!!"

"ငါတောင်းပန်ပါတယ်hyungwon ah~ ငါလွန်သွားတယ် ဆေးထည့်ပေးမယ်နော်"

သွေးစို့နေတဲ့hyungwonရဲ့နှုတ်ခမ်းထောင့်လေးကိုminhyukထိမလို့လုပ်တော့..

"ငါ့ကိုမထိနဲ့လို့ ပြောနေတယ်!!!"

"ဟုတ်ပါပြီး မင်းမထိနဲ့ဆိုလည်းငါမထိတော့ပါဘူး အခုဗိုက်ဆာနေပြ‌ီလားဟင် ဘာစားချင်လဲ"

"ဘာမှမစားချင်ဘူး ငါ့အမေဆီပဲငါသွားချင်တယ် ငါ့ကိုလွှတ်ပေး"

"မသွားရဘူး"

"Lee Minhyuk!!!"

"မင်းအမေရဲ့အခြေအနေကို ငါမင်းကိုပြောပြပေးနေမှာပါ ဒါပေမဲ့သွားခွင့်တော့မပေးဘူး မင်းကိုလွှတ်ပေးလိုက်ရင် ငါ့ဆီကနေမင်းကိုပြန်ယူသွားကြမှာ "

"မင်းတော်တော်တစ်ကိုယ်ကောင်းဆန်တာပဲ မင်းနဲ့ပတ်သက်ခဲ့မိတာငါ့အမှား"

"ဘာလို့အဲ့လိုတွေပြောရတာလဲhyungwonရယ် ငါကမင်းကိုအရမ်းချစ်တာလေ ငါမင်းကိုသူများလက်ထဲမထည့်ပေးနိုင်လို့ ငါအခုလိုလုပ်ရတာပါ ငါ့ကိုအဲ့လိုမပြောပါနဲ့ကွာ"

minhyukကအဲ့လိုမျိုးပြောလာတော့ hyungwonလည်းစိတ်မကောင်းဖြစ်သွားတယ်။အရင်ကတည်းကhyungwonကအားနာတက်ပြီး စိတ်ပျော့တဲ့သူ ပြီးတော့minhyukအပေါ်လဲသံယောဇဉ်ရှိ‌ေန‌ေသးတယ်ဆိုတော့...

"မင်းငါ့ကိုချစ်တာငါသိပါတယ်minhyuk ah...ဒါပေမဲ့အခုလိုလုပ်တာတော့မကောင်းဘူးလေ မင်းဒီလိုတွေလုပ်နေလို့ကိစ္စတွေကပြီးသွားမှာမှမဟုတ်တာ ပြဿနာတွေပိုဆိုးလာဖို့ပဲရှိတယ်"
"ငါ့ကိုလွှတ်ပေးပါနော် ငါတို့ပြဿနာတွေကိုအရင်ရှင်းရမယ်လေ နော် minhyuk"

You are Mine (Complete)Where stories live. Discover now