Episode 4

440 60 6
                                    

Gun လည်းဒေါသထွက်သွားပါတယ်။

Gun:ခွန် လိုက်လည်း ရမှာမဟုတ်ဘူး။ခွန် ထင်နေသလို P'panက ပေါ့လေပေါ့စား မိန်းမမဟုတ်ဘူး။နောက်ပြီး ကျွန်တော်ကလည်း ခွန့် လိုလူကို ဘယ်တော့မှပြန်ကြိုက်မှာမဟုတ်ဘူး။

Gunလည်းစိတ်တိုတို နဲ့ အိမ်ထဲပြန်မ၀င်မလို့လုပ်နေတုန်း OFF က Gunရဲ့လက်ကိုဆွဲလိုက်ပါတယ်။

OFF:ပြန်ပြောစမ်းပါ။ငါ့ကို မင်းအမက ပြန်မကြိုက်ဘူး ဟုတ်လား။

Gun:ဟုတ်တယ်လေ။ခွန် က ထင်နေတာလား။P'panက လွယ်လွယ်နဲ့ပြန်ကြိုက်မယ်လို့။

နောက်ပြီး အခုလိုတွေလုပ်နေတာက P'pan
ကို ခွန်က ချစ်လို့လိုက်နေတာမှ မဟုတ်ဘဲ။

အနိုင်လိုချင်ပြီး ကလဲ့စားချေ ချင်လို့မလား။

OFF:ငါ့ဟာငါ ကလဲ့စားချေလည်း မင်းနဲ့ ဘာဆိုင်လဲ။ ဒါက မင်းအမနဲ့ ငါနဲ့ကြားက အရာ။

Gun:ဆိုင်တယ်။အဲ့ဒါ ကျွန်တော့်အမ။မဆိုင်တာက ခွန်။

OFFလည်း သူ့ကို တစ်ခွန်းမကျန်ပြန်ပြောနေတဲ့ gun ကြောင့် စိတ်တိုသွားပြီး Gun ကို နမ်းလိုက်တော့တယ်။

Gun လည်းအစကတော့ ရုန်းပါတယ်။ဒါမဲ့ OFF ရဲ့ ကိုယ်က သူ့ကို အတင်းဖက်ပြီး နမ်းနေတာကြောင့် gun လည်း မျက်ရည်ကျလာပါတော့တယ်။

OFF:ဟင် ငိုနေတာလား။မင်းသာ ၀င်မရှုပ်ရင်ဘားမှမဖြစ်ဘူး။

Gun လည်း Off ကို တွန်းထုတ်လိုက်ပါတယ်။
ပြီးတော့ စကားတစ်ခုပြောလိုက်ပါတယ်။
အဲ့စကားက Offနှလုံးသား ကိုကြွေမွသွားစေပါတယ်။

Gun:ခွန် မှတ်ထား။ကျွန်တော်ကလည်း ခွန့်ကို
၀င်ရှုပ်ချင်တယ်လို့ ထင်နေတာလား။ခွန်၀င်မခံချင်ပေမဲ့ ခွန်က P'off ဆိုတာ ကျွန်တော့်အမ သိအောင်လုပ်ပြမယ်။

P'pan သိရင် ခွန့် ကို သူက ပတ်သတ်ချင်မှာမဟုတ်ဘူး။

နောက်ပြီး ကျွန်တော် ခွန့်ကို အရမ်းမုန်းတယ်။

Gunလည်း အိမ်ထဲကို ငိုရင်း၀င်လာခဲ့ပါတော့တယ်။

OFF ကတော့ ထွက်သွားတဲ့ သူ့Gun လေးရဲ့ နောက်ကျောလေးကို ကြည့်ပြီး စကားတစ်ခွန်းဆိုလိုက်ပါတယ်။

Heart Of Stone(My Heart Is Yours)Where stories live. Discover now