Episode 9

421 55 10
                                    

Off:ငါ့ဆီလာပြီး အချိန်လာမဖြုန်းနဲ့။
မင်းသွားတော့။

Gun:ရတယ် ကျွန်တော်သွားမယ်။ဒါမဲ့ ခွန်ပိုက်ဆံတွေက ညစ်ပတ်တယ်။ကျွန်တော့်မိသားစုကို ခွန်ဆီကဘားမှမယူစေချင်ဘူး။

နောက်ပြီးဘာလို့ ကျွန်တော်အမနဲ့ပတ်သက်နေတာလဲ။

Off:ဟုတ်တယ်။

Offက gun လက်ကို ချုပ်ပြီးနံရံနားကပ်လိုက်ပါတယ်။ပြီးတော့ သူ့မျက်နှာနားတိုးသွားပြီး

Off:ငါမင်းအမနဲ့ဘာလို့ပတ်သက်နေတာလဲ။ဟုတ်လား။အဲ့ဒါငါတို့နှစ်ယောက်ကြားက
ကိစ္စ မင်းနဲ့မဆိုင်ဘူး။သွားတော့မင်း။

Offလည်း gun ကို ထွက်သွားခိုင်းပြီး ရေကူးကန်ဘက်ကို ထွက်သွားပါတယ်။

Gun:ဟေး ခွန်။ကျွန်တော့်အမဆီကနေဘာလိုချင်နေတာလဲ။ကျွန်တော်တို့ကို ဘာလို့လာရှုပ်နေတာလဲ။ဟေး ခွန်။ ခွန် ရပ်အုံး။ကျွန်တော့်အမဆီကနေ ဘာလိုချင်နေတာလဲလို့။

Off:ဘာလို့ သိချင်နေတာလဲ။ရတယ် မင်းသိချင်ရင်ပြောပြမယ်။ဘယ်ကစပြောရမလဲ။

သူ့နှလုံးသား ဒါမှမဟုတ် သူ့ခန္ဓာကိုယ်လား။

ခုစိတ်ကျေနပ်ပြီလား။ကျေနပ်ရင် သွားလို့ရပြီ။

‌Gun:ဟေး နေဦး။

Off က gun ကို တွန်းလိုက်တာ ရေကန်ထဲပြုတ်ကျသွားမလိုဖြစ်တုန်း gun ကို လှမ်းဆွဲတာ အရှိန်လွန်သွားတော့ off ပါရေကန်ထဲပြုတ်ကျသွားပါတယ်။

Gun:ဟေး ခွန် ဘာလို့ကျွန်တော့်ခါးကို ဖက်ထားတာလဲ။ခွန် လွှတ်။

Off:ဘာလို့လဲ။

Gun က off ကို တွန်းထုတ်လိုက်ပြီး

Gun:ကျွန်တော် သိသားပဲ။ခွန်လိုလူက ကျွန်တော့်အမဆီကတောင်မဟုတ်ဘူး။ကျွန်တော့်ဆီကပါ လိုချင်နေတာလား။

Off:ဘာကိုလဲ။ဟမ်

gun လည်း off ကို ရေနဲ့ပက်လိုက်ပြီး

Gun:ဘာလဲဆိုတာ ခွန် ကောင်းကောင်းသိပါတယ်။
ခွန်က လူတွေကို ဘယ်တော့မှ တန်ဖိုးမထားဘူး။P'pan ကို ဘယ်တော့မှ ခွန်အရုပ်အဖြစ်မခံဘူး။

Heart Of Stone(My Heart Is Yours)Where stories live. Discover now