အပိုင်း-၃၂ (ငါ...သူတို့မိဘတွေနဲ့တွေ့ချင်တယ်)

1.8K 291 10
                                    

Unicode

ဆွေးနွေးပြီးတဲ့နောက်မှာတော့ မိုးကြိုးသစ်တောအရှင်ကြီးက သူ့မျိုးနွယ်စုနဲ့အတူ ပြန်သွားပါတော့တယ်။ ချွီကျဲ့က သွက်သွက်ခါအောင်ရူးနေတာဆိုပေမယ့် သူတို့တစ်မျိုးနွယ်လုံးကို မျိုးသုဉ်းသွားအောင်လုပ်ဖို့အထိတော့ စိတ်ကူးရှိပုံမရဘူး။ ယောင်စစ်ကိုသူပေးလိုက်တဲ့ ခရမ်းရောင်အလုံးလေးက မျိုးစေ့ရဲ့အခွံသက်သက်ပဲ။ တော်ဝင်မျိုးစေ့က အပင်ပေါက်ကလေးတောင်ဖြစ်နေပြီ။ အဲ့တော့ ချွီကျဲ့ရဲ့ရည်ရွယ်ချက်ကရှင်းပါတယ်...ယောင်စစ်ကိုဒုက္ခရောက်စေချင်ရုံသက်သက်ပါပဲ

အစတုန်းကတော့ ဒုတိယသခင်ကြီးက ချွီကျဲ့ကို မိုးကြိုးသစ်တောမျိုးနွယ်နဲ့အတူ လိုက်သွားခိုင်းမလို့ပဲ။ တော်ဝင်မျိုးစေ့က မိုးကြိုးသစ်တောအရှင်ကြီးရဲ့လက်ထဲမှာ မျိုးစေ့ပေါက်လာတာမဟုတ်လို့ မမျှော်လင့်ထားတဲ့ပြဿနာတွေ ဖြစ်လာနိုင်တယ်လေ။ ချွီကျဲ့က ကျပ်မပြည့်ပေမယ့် အရာရာတိုင်းမှာတကယ်ထူးချွန်တဲ့သူမို့ တစ်ခုခုဆို ကူညီပေးနိုင်မလားဆိုပြီးတော့ပေါ့။ ဒါပေမယ့်လည်း ဒီအဆိုကို မိုးကြိုးသစ်တောအရှင်ကြီးက၂ခါတောင်အပြောမခံပဲ အပြတ်ငြင်းသွားပါတော့တယ်

လက်ထဲမှာအပင်ပေါက်သေးသေးလေးကို ထွေးပွေ့ထားရင်းနဲ့ မိုးကြိုးသစ်တောအရှင်ကြီးက အစိမ်းရောင်သစ်ပင်အကြီးကြီးအဖြစ်ပြန်ပြောင်းသွားတယ်။ ပြီးတော့ သူ့ရဲ့အစိမ်းရောင်ဂြိုဟ်ကြီးနဲ့အတူတူ ပျံသန်းထွက်ခွာသွားပြီး တစ်မိနစ်တောင်မကြာလိုက်တဲ့အချိန်အတွင်းမှာပဲ မှေးမှိန်ပျောက်ကွယ်သွားတော့တယ်။ ပျံသွားတဲ့အရှိန်က မြန်လိုက်တာများ မသိရင်ချွီကျဲ့လိုက်လာမှာ ကြောက်နေတဲ့အတိုင်းပဲ။

ရက်အနည်းငယ်အတွင်းမှာပဲ အနီရောင်ဂြိုဟ်မှာနေထိုင်တဲ့လူအားလုံး မိုးကြိုးသစ်တောအရှင်ကြီးဆီကနေ ပျက်စီးသွားတာတွေအတွက် လျော်ကြေးတွေရကြတယ်
'ဟင်းးးး နောက်ဆုံးတော့ ပြဿနာကြီးက အေးအေးချမ်းချမ်းနဲ့ပြီးသွားပြီပဲ' ယောင်စစ်တွေးမိလိုက်တယ်

ဒါပေမယ့် မျိုးနွယ်နှစ်ခုအကြားက တိုက်ပွဲကြီးပြီးသွားတဲ့အခါ သွေးစုပ်ဖုတ်ကောင်တွေအကုန် သူတို့ရဲ့ပျက်စီးသွားတဲ့အိမ်တွေကို ပြုပြင်နေရလို့ အလုပ်ရှုပ်နေကြတယ်။

ငါ့ဖေဖေကစကြဝဠာတစ်ခုလုံးရဲ့မင်းသားချောလေးပဲ ( မြန်မာဘာသာပြန် )Where stories live. Discover now