အပိုင်း-၃၁ (ကယ်ပါဦး...ဘုရားသခင်ရေ)

Start from the beginning
                                    

"မူလဘိုးဘေးသွေး..?" အဲ့တာဘာကြီးလဲဟ "အဲ့တာဆို သူက..."

"ပထမမျိုးဆက်ပဲ!"

"...."

'ငါ ဘာမှမသိတဲ့စောက်တုံးတစ်ယောက်ကို လာမေးမိနေတာများလား။ အဲ့လိုဟာကတကယ်ရှိလို့လား'

____

"ဒီကိုလာ"

လူအုပ်ကြီးကိုဦးဆောင်ပြီး နန်းတော်ထဲဝင်လာတဲ့မူရွှမ်ကတော့ သူ့နောက်ကလူအုပ်ကြီးကို ကြိုဆိုဖို့နေနေသာသာ မြင်တယ်လို့တောင်ထင်ရဲ့လားမသိဘူး။ လူအုပ်ကြီးထဲက ယောင်စစ်ကိုပဲတန်းတန်းမတ်မတ်ကြည့်ပြီး လက်ယပ်ခေါ်လိုက်တယ်။ ယောင်စစ်လေးသူ့ဘေးကခုံမှာထိုင်ပြီးတာလည်းမြင်ရရော သူမအတွက်ခေါက်ဆွဲတစ်ပန်းကန်ယူလာပြီး လှမ်းပေးလိုက်တယ်

"ပူတုန်းလေးစား"

"အမ်.." ယောင်စစ်ပန်းကန်လုံးကိုလှမ်းယူလိုက်ပေမယ့် ဘယ်လိုလုပ်ဒီလိုအခြေအနေကြီးမှာစားနိုင်မှာလဲ
သူမရှေ့မှာ လူအုပ်လိုက်ကြီးက ညီညီညာညာစီတန်းပြီး မူရွှမ်ကိုအရိုအသေပေးရင်း ရပ်နေကြတယ်လေ။ ရှေ့ဆုံးမှာ ထင်းထွက်နေတဲ့လူကတော့ မိုးကြိုးသစ်တောအရှင်ကြီးဆိုတဲ့လူပဲ

သူရဲ့လူအသွင်က ရည်ရည်မွန်မွန်နဲ့အတော်ချောတယ်ဆိုရမယ်။ ဆံပင်တွေကတော့ သစ်ပင်ကြီးလို့မဆိုရဘူး စိမ်းတောက်နေတာပဲ။ မျက်နှာလေးကတော့ ဖြူဖွေးနုဖတ်နေတယ်။ သူ့ကြည့်ရတာ မျက်စိကိုအေးနေတာပဲ။

==!

မူရွှမ်ကတော့ သူတို့ရှိတယ်ဆိုတာ လုံးလုံးမေ့နေပုံရတယ်။ တစ်ချက်လေးတောင်လှမ်းမကြည့်ဘူး။ အဲ့တော့ တစ်ယောက်မှစကားမစရဲကြပဲ နေရာမှာတင်ကျောက်တိုင်ကြီးလိုရပ်ပြီး အပြစ်ဒဏ်ခံယူဖို့စောင့်နေကြသလို ခေါင်းတွေငုံ့ထားကြတယ်။ အဲ့ဒီတစ်ခဏမှာပဲ ယောင်စစ် ကျောင်းအုပ်ကြီးရုံးခန်းထဲမှားပြီးဝင်လာတာလားလို့တောင် တွေးမိသွားတယ်

"အမ်..."

မူရွှမ်ကသူမရဲ့ခေါင်းကို အသာအယာပွတ်ပေးလိုက်ရင်း နောက်တစ်ခေါက်သတိပေးလိုက်ပြန်တယ် "စားလေ ပူတုန်းလေးစားမှကောင်းတာ"

ငါ့ဖေဖေကစကြဝဠာတစ်ခုလုံးရဲ့မင်းသားချောလေးပဲ ( မြန်မာဘာသာပြန် )Where stories live. Discover now