Chapter_33

2.8K 419 54
                                    

A little surprise?

_________U.N.I.C.O.D.E.______________

ခင်ပွန်းသည်ကြီးက ပုခုံးသားလေးကို ငုံပြီးကိုက်နေတာကြောင့် ကြင်ယာတော်လေးက စစ်သူကြီးရဲ့ ပုခုံးပေါ်မှီချလိုက်ပြီး
ခါးမှာ ဖက်ထားတဲ့ သွေးကြောတွေထင်းနေတဲ့ လက်တွေကို ပြန်ကိုင်ထားလိုက်သည်။

တစ်နေရာတည်းကိုပဲ အကြာကြီးကိုက်နေပြီး
သွားလေးနှင့် ကြိတ်နေတာကြောင့်
သခင်လေးက နည်းနည်းတော့ နာတာကြောင့်
ခပ်တိုးတိုးလေးငြီးငြူလိုက်သည်။

"အား~~~ ယောင်းက ဒီမှာလေ~~"

ေယာင်းက စစ်သူကြီး ဘာမှမပြောပေမယ့်
ဝမ်းနည်းနေတယ်ဆိုတာကို ခံစားမိသည်။
ဆယ်ရက်လုံး သေမလား၊ရှင်မလားမသိတဲ့ ယောင်းကို စောင့်နေရတာ ဘယ်လောက်များ ပင်ပန်းလိုက်မလဲ!
ခင်ပွန်းသည်ကြီး ရှေ့တန်းထွက်တဲ့အခါကြရင်ရော
ကြင်ယာတော်လေးက စစ်သူကြီးလိုမျိုး
မပြိုလဲသွားဘဲ ေစာင့်ဖို့ဆိုတာ တော်တော်လေးခက်ခဲတာဖြစ်သည်။

စစ်သူကြီးရဲ့ စစ်ရေးကျွမ်းကျင်မှုနှင့် သန်မာမှုကို ထည့်တွက်ရင် ကြင်ယာတော်လေးက စိတ်မပူဘဲ နေလို့ရတဲ့ အခြေအနေဆိုလျင်တောင်
ခင်ပွန်းသည်ကြီးက အိပ်ယာထက်မှာ အသိမရှိတော့တဲ့ ေယာင်းကို သေမင်းနှင့်အပြိုင် လုခဲ့ရတာ။

ကြင်ယာတော်လေးက စစ်သူကြီးကို ကြည့်ဖို့ အဆင်သင့်မဖြစ်သေးပေမယ့် ဘေးကို စောင်းငဲ့ကြည့်လိုက်ပြီး ကလေးလေးတစ်ယောက်လို ပုခုံးပေါ်ပါးအပ်ထားတဲ့ စစ်သူကြီးကို တွေ့လိုက်ရတဲ့အခါမှာ
ထိုနှုတ်ခမ်းရဲရဲလေးတွေကို ဆွဲငုံကြည့်မိခဲ့သည်။

အနက်ရောင်ထဲမှာ တလက်လက်တောက်ပနေတဲ့ ရွှေရောင်သန်းနေသည့် မျက်ဝန်းတွေက စစ်သူကြီးရဲ့ ရီဝေနေမှုကို ပြသလို့​နေသည်။
ကြင်ယာတော်လေး မျက်နှာတိုးကပ်လာတဲ့အခါ မျက်လုံးလေးစုံမှိတ်လိုက်တဲ့ စစ်သူကြီးရဲ့ မျက်ခွံတွေပေါ်ကို ဖိကပ်နမ်းလိုက်ပြီးမှ ခပ်ဟဟဖွင့်ပေးထားသည့် နှုတ်ခမ်းရဲရဲလေးတွေကို ငုံထွေးလိုက်သည်။

ခင်ပွန်းသည်ကြီးက ဒီလောက်ကြည့်ကောင်းတယ်ဆိုတာ ဘယ်သူမှမပြောခဲ့ဘူး။
မရီးဖြစ်သူနှင့် သခင်မကြီး ပြောပြထားတဲ့

GRIEF//Mpreg//Where stories live. Discover now