Epi 6 ❄️ Uni+Zaw

Start from the beginning
                                    

' တစ်မိနစ် အချိန် ပေးမယ် ငါမရှိတုန်း တခြား ဘာစည်းကမ်းတွေ ဖောက် ထားသေးလဲ
ဆေးလိပ် စွဲနေတာရော ဘယ်ကတည်း ကလဲ

သူ့ခေါင်းထဲမှာ ဘာမှ ထွက်မလာ ...အာခေါင်တွေ ခြောက်လာတာပဲ သိသည်

'မေးနေတာ ဖြေစမ်း... ရဲဆက်သွင်
အခုမှ ဘာလို့ မထုံတတ်တေး ပုံစံ လာလုပ်နေရတာလဲ
ယောကျာ်းပဲ လုပ်ရဲရင် ခံ ရဲ ရမယ် ...

သူ ဘယ်လို ဖြေရမလဲ ....စိတ်မရှည်တော့လို့ သူ့မေးစေ့ကို လက်နဲ့ ညစ်ပြီး မေးနေတာလေ
သူ့အလိုလို မျက်ရည်တွေ က အရင် ကျလာသည်

' မကျ နဲ့ မျက်ရည် ကျရဲ ကျကြည့်
မင်း ကို မရိုက်ရသေးဘူးနော် ..... ရဲဆက်သွင်

အချိန်က ညနေ 6 နာရီ နေဝင်ရီတရော .... အိမ်ထဲ မှာလည်း မဟုတ် ခြံ ထဲမှာ
အသက် 25 နှစ် အရွယ် ကျောင်း ဆရာ တစ်ယောက် ဖြစ်တဲ့ သူ က အခုတော့ အဖြူအစိမ်း နဲ့ အရိုက်ခံ ရတော့မည်
ခြံနောက်ဖက် မို့လို့ သာ တော်သေးသည်
ခြေရင်းအိမ် ခေါင်းရင်းအိမ် က သိပြီးသား မို့လို့ ကိစ္စ မရှိ
သူသာ ရုပ်ပျက် ဆင်းပျက် ဖြစ်အောင် မအော်ရင် ခြံရှေ့က ဖြတ်သွားသူတွေ သိစရာ အကြောင်းမရှိ
အိမ်ထဲမှာ ဆိုရင်တော့ လွတ်လွတ်လပ်လပ် အော်လို့ ရသည် တိုက်က လုံသည်လေ

' ဖေဖေမကြိုက်တဲ့ ဒီမကောင်းတဲ့ ဆေးလိပ် ကို ငါလည်း ဆုံးမနေတဲ့ကြားက ဒီလောက်တောင် စွဲနေတာ မင်းမှာ အပြစ်ရှိလား ရဲဆက်သွင်

'ရှိပါတယ် ကိုကို ....
သူ ဘာမှ ထပ်မပြောချင်တော့... ဘာပြောပြောအရိုက်ခံ ရမဲ့ အတူတူ ....
ကိုကို့ ဒေါသ တွေ အမြန်ပြေ ပြီး ဒီ အခြေအနေကနေမြန်မြန် လွတ်မြောက်ချင်ပြီ

ပုဆိုး ကို တင်းတင်း ပြင်ဝတ်ပြီး push up position နေ
ရိုက်လို့ မပြီးမချင်း အနေအထား မပျက်စေနဲ့
မင်းကို အချက် နှစ်ဆယ် တိတိ ရိုက်မယ်
အနေအထား ပျက်ရင် အစကနေ ပြန်ရိုက်မယ်'

သူ နားကြားမလွဲ ကိုကို ပြောလိုက်တာ အချက် 20 တဲ့ ... သူ့ကို ဖေဖေတောင် တစ်ခါမှ အ့လောက် မရိုက်ဖူးဘူးလေ .... ကိုကို ကတော့ ဖေဖေ့ဆီမှာ အ့ထက်မနည်း အရိုက်ခံခဲ့ ရဖူးသည် ....သူ့ကြောင့်

Sweet December ❄️Where stories live. Discover now