"မင်း ကျောင်းရောက်ရင် Roll_callထိုးထားပေးအုံးနော်"

"အေး၊ မနက်စာ ငါချန်ထားတယ်၊ စားပြီးမှ လာခဲ့"

"ကျေးဇူးပဲ၊ အာရှသားရေ"

သူငယ်ချင်းဖြစ်သူကို ဂရုတစိုက်လုပ်ပေးနေသည်က Gunချစ်ရတဲ့ အကိုOffပါ။

"Gunချစ်သူက ချစ်ဖို့ကောင်းလိုက်တာ"

"_____"

Offမှာ ပြောစရာစကား ပျောက်ရလေသည်။ ချစ်သူဖြစ်ခဲ့သမျှ ကာလပတ်လုံး ထိုကဲ့သို့ တစ်ခွန်းတဝါဒမှ မဆိုဘူးသူလေးက ယခုကဲ့သို့ ပြောလိုက်လေသည်မို့ Offသည် ဘလင်းဘလင်းထနေသော မျက်လုံးတို့ဖြင့်သာ Gunကို ကြည့်နေခဲ့လေသည်။

Gunက ပါးချိုင့်လေးတွေ ခွက်ဝင်သွားတဲ့အထိ ပြုံးနေရင်း ပြောလေသည်။

"သူငယ်ချင်းကိုတောင် စောင့်ရှောက်နေပြီလေ"

"ဟီး ဟီး....ဒါက အသေးလေး ကျေးဇူးကြောင့်ပါ"

ရေချိုးခန်းထဲက ထွက်လာသော Williamက Bathrobe ကြီးဝတ်ကာ ရေစိုနေသော ခေါင်းကိုသုတ်ကာ ပြုံးပြုံးကြီး ပြောလေသည်။

"အဟင်း"

Offက ဘာစကားမှမဆို၊ ပြုံးရုံသာ ပြုံးလိုက်သည်။

"ရောက်ခါစက အသည်းကွဲနေတာ မြင်မကောင်းဘူးလေ၊ စားချိန် သောက်ချိန်ဆိုတာ ဘာမှန်းမသိ၊ ဂုတ်ကနေ ဆွဲခေါ်ပြီး ကျွေးမွေးစောင့်ရှောက်ထားရတာလေ၊ ခုက ကျေးဇူးဆပ်တာတဲ့၊ ဟဲ ဟဲ"

ကျွန်တော် ဒီရောက်ခါစက အကြောင်းရာကို ခဏတိုင်း ပြောပြီး သူ့ကိုကျေးဇူးတင်စေချင်သည်ကလည်း Williamပင်ဖြစ်သည်။

"ကလေးလည်း တာ့တာနော်၊ မွမွ"

တစ်ဖက်မှ ကလေးကလည်း နှုတ်ခမ်းလေး ထော်ပြလေသည်။ လေထဲက အနမ်းပေမဲ့ မြတ်နိုးရပါသည်။ မနက်နိုးကတည်းက ကျန်းမာရေး ကောင်းခြင်း ၊ မကောင်းခြင်းကို စစ်ဆေးရသည်။ Sunကတော့ ပြောပါသည်။ "သဲသဲ ကဲကဲကောင်ကို ကျောင်းတက်ခိုင်းလိုက်ရတာ မှားတာပဲ၊ ဒါမှန်းသိ ငါပဲသွားပါတယ်"လို့ ဆိုသေးသည်။ ကလေးက ဒီရက်ပိုင်း နေကောင်းနေလေသည်မို့ စိတ်အနည်းငယ် အေးရပါသည်။ အချိန်ရတိုင်း အရင်ကထက် ဘုရားတရားလေး လုပ်ဖြစ်သည်။ တောင်းဆုက တစ်ခုတည်း၊""အရှင်ဘုရား တပည့်တော်ကို မျက်နှာသာပေးပါ ဘုရား"" ဟု တောင်းဆိုဖြစ်ပါသည်။

Mine (Completed) Where stories live. Discover now