ep_8

549 60 6
                                    

"Hey...Gun...ငါတို့လာတယ်"

အခန်းထဲကို ဝုန်းဒိုင်းကြဲ ဝင်ရောက်လာတဲ့ ဆယ်ကျော်သက်အရွယ် ကလေး(၃)ယောက်က ဒီနေ့လည်း လူစုံတက်စုံ စောစီးစွာ ရောက်ချလာပါသည်။ ညီ ကျန်းမာရေးကြောင့် ဒီစာသင်နှစ်ကို နားလိုက်ပြီဟု ကျောင်းကို အကြောင်းကြားလိုက်ကတည်းက ညီ သူငယ်ချင်းတွေ အိမ်ကို ကျောင်းဆင်းချိန်တိုင်း လာလည်တက်လေသည်။ အခုလည်း ကျောင်းပိတ်ရက်မို့ အိမ်မှာ အုပ်စုလိုက် ဆူညံကြပါအုံးမည်။ ဘာပဲပြောပြော ဒီကလေးတွေကြောင့်လည်း ညီ ပြုံးပျော်နေသည်မှာ ငြင်းမရချေ။

"ညီ....."

"ဟင်!!! ဗျာ...."

သူ့သူငယ်ချင်းတွေဆီ အကြည့်ရောက်နေတဲ့ ညီက ထူးလေသည်။

"အကို အန်တီတို့ဆီသွားလိုက်အုံးမယ်... ဆေးကုန်ခါနီး အကိုပြန်လာခဲ့မယ်"

"ဟုတ်"

မဆိုးပါဘူးလို့ ဆိုရမည်။ ဆေးရုံဆင်းပြီးကတည်းက ညီတို့အိမ် ရောက်နေခဲ့သည့် ကျွန်တော်နဲ့ညီရဲ့ ဆက်ဆံရေးက အရင်လို တစောင်းနဲ့မျက်ချေး မဟုတ်တော့။

"အကို မင်္ဂလာပါဗျ/ ရှင်"

"မင်္ဂလာပါ... မင်္ဂလာပါ"

ကလေးတွေက သူ့ကို နှုတ်ဆက်တော့ Offကလည်း နှုန်ဆက်စကားပြောရင်း အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။

"Gun...ဒီနေ့ရော ဘယ်လိုလဲ၊ နေလို့ကောင်းလား"

ပန်းရောင်ကွက်စိပ် ဒူးတိစကပ်နှင့် ပန်းရောင်ကုတ်ကို ဝတ်ဆင်ထားပြီး တစ်ကိုယ်လုံး Accessoriesများပါ ပန်းရောင်ပြေးနေတဲ့ Beautyက Gunကို အလှဆုံးပြုံးပြရင်း ပြောလေသည်။

"အင်း... နေကောင်းပါ့၊ ဒီဆေးကုန်မှ ဂိမ်း ဆော့မယ်နော်"

ဂိမ်းဆော့မယ့်အကြောင်း ပြောလိုက်တော့ ပြာပြာသလဲလဲနှင့် Pencialက ဝင်ပြောသည်။

"အမလေး မလုပ်ပါနဲ့ Gunလေးရယ်၊ ဂိမ်းခလုတ် နှိပ်ပါများရင် နင့်လက်အဆစ်တွေ နာကုန်မှာပေါ့၊ ပြီးတော့ ....ဟီး..."

Pencialက ကြောက်သလိုလေးပြောရင်း ပုခုံးတို့ကို တုန်ကာ ပြောလေသည်။ အမှန်အကန်ကို ကြောက်ရမယ်။ မဟုတ်ရင် လွန်ခဲ့တဲ့ရက်ကလို အကိုOffကြီး ဆူတာ မခံနိုင်ဘူးရယ်။

Mine (Completed) Where stories live. Discover now